en
Feedback
[TLT] Moelone MSub (5)

[TLT] Moelone MSub (5)

Open in Telegram

🚩 Channel was restricted by Telegram

Show more

📈 Analytical overview of Telegram channel [TLT] Moelone MSub (5)

Channel [TLT] Moelone MSub (5) (@moelonemsub5) in the English language segment is an active participant. Currently, the community unites 10 820 subscribers, ranking 38 759 in the Movies category and 8 261 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 820 subscribers.

According to the latest data from 08 September, 2024, the channel demonstrates stable activity. Although there has been a change in the number of participants by -135 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
🚩 Channel was restricted by Telegram

Thanks to the high frequency of updates (latest data received on 09 September, 2024), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Movies category.

10 820
Subscribers
No data24 hours
No data7 days
-13530 days
Posts Archive
Welcome to my Channel https://t.me/Moelone

Air Force One Down (2024) ********* Air Force One ဆိုတဲ့အမေရိကန်သမ္မတစီးတဲ့ လေယာဉ်ကြီးကို ပြန်ပေးဆွဲကြတဲ့ ဝင်စီးကြတဲ့ ဇာတ်ကားတွေလည်း ရှေ့မှာအများကြီးထွက်ခဲ့ပြီးပေမဲ့ တကယ်တမ်း အဲ့လိုလုပ်ဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။ ဒီတော့အဲ့ဒီလေယာဉ်နဲ့ပတ်သတ်ပြီး အခု ၂၀၂၄ မှာလည်း စိတ်ကူးယဉ် ဇာတ်ကားတစ်ကားထပ်ထွက်လာပြန်လာပြီ။ ဇာတ်လမ်းအစမှာတော့ မရိန်းတပ်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ အယ်လစ်ဆန်ကိုတွေ့ရမှာဖြစ်ပြီး ဦးလေးရဲ့ ကျေးဇူးနဲ့သမ္မတရဲ့ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ထဲ ဝင်ရောက်ခွင့်ရခဲ့ပါတယ်။အဲ့ဒီအချိန်မှာ အမေရိကန်သမ္မတက အက်စ်တိုဗီယန်နိုင်ငံနဲ့ ရေနံကိစ္စသဘောတူညီချက် ယူဖို့လုပ်နေ ခဲ့တာဖြစ်ပြီး သမိုင်းဝင်ဖြစ်လာမဲ့ စာချုပ်တစ်ခုကို အက်စ်တို ဗီယန်နိုင်ငံမှာ လက်မှတ်ရေးထိုးမယ်လို့ ကြေငြာခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကိုယ့်နိုင်ငံကရေနံကို အမေရိကန်ကို မပေးချင်တဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်က သမ္မတစီးနင်းလိုက်ပါလာမဲ့ Air Force One လေယာဉ်ကိုဝင်စီးပြီး စာချုပ်ကိုဖျက်သိမ်းခိုင်းဖို့ ကြိုးစားပုံတွေနဲ့ မနေ့တစ်နေ့ကမှရောက်လာတဲ့ အယ်လစ်ဆန်က သမ္မတကြီးကို ကာကွယ်ဖို့အစွမ်းကုန်ကြိုးစားပုံတွေကို တွေ့ရမှာပဲ ဖြစ်ပါတယ်..

Air Force One Down (2024)
Air Force One Down (2024)

Welcome to my Channel https://t.me/Moelone

Two Brothers (2004) ============== နာမည်ကျော် Enemy At The Gates ဇာတ်ကားနဲ့ European Film Awards ဆုအပြင် အခြားဆုတွေအများကြီးသိမ်းပိုက်ထားတဲ့ ဒါရိုက်တာကြီး Jean-Jacques Annaud ကိုယ်တိုင်ရိုက်ကူးထားပြီး ရုပ်ရှင်ထူးချွန်ဆုတွေအများကြီးရထားတဲ့ မင်းသားကြီး Guy Edward Pearce နဲ့ August Rush မင်းသားလေး Freddie Highmore တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် Advanture/ Drama/Family ဇာတ်ကားလေးဖြစ်ပြီး ဆုတွေအများကြီးလည်းဆွတ်ခူးထားပါသေးတယ် ဇာတ်လမ်းလေးကတော့... နာမည်ကျော် မုဆိုးကြီးတစ်ယောက်ဖြစ်တဲ့ အီဒင်မက်ရိုရီ တစ်ယောက်ဟာ အမဲလိုက်တာထက် ပိုပြီးဝင်ငွေကောင်းတဲ့ တောထဲကဘုရားဆင်းတုတွေ လန်ဒန်လေလံဈေးကွက်ကိုခိုးသယ်ဖို့အတွက် အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဘက်ကို ခြေဆန့်လာခဲ့ရင်း အမျှော်လင့်ပဲ ကျားမိသားစုနဲ့တည့်တည့်တိုးခဲ့မိတယ်ကျားမိသားစုပြိုကွဲအောင်လုပ်ခဲ့မိပြီး လမ်းကွဲသွားတဲ့ ကျားညီကိုပေါက်လေးနှစ်ကောင်ဟာ တစ်ယောက်တစ်နေရာစီနဲ့ မတူညီတဲ့ဘဝတွေမှာ မွေးမြူလေ့ကျင့်ခံရပြီး တစ်ချိန်မှာ ပြန်ဆုံစည်းဖို့ ကံအကြောင်းဖန်လာတာကို ဇာတ်အိမ်လေးတည်ထားတာပါ ကျားတစ်ကောင်ရဲ့ လှုပ်ရှားမှုတွေ၊ တိုက်ခိုက်ပုံတွေကိုရိုက်ပြထားတာတွေကလည်း ပီပြင်လွန်းပါတယ် ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်

Two Brothers (2004)
Two Brothers (2004)

Welcome to my Channel https://t.me/Moelone

Mind The Gap (2004) Mind The Gap ဆိုတဲ့စာသားလေးဟာ လန်ဒန်မြို့က ရထား‌ဘူတာက ပလက်ဖောင်း‌တွေပေါ်မှာ တွေ့ရတတ်တဲ့စာသားလေးတစ်ခုပါ။ ရထားနဲ့ ပလက်ဖောင်းကြားမှာ အဟတစ်ခုရှိတာကြောင့် ရထားကို အတက်အဆင်းလုပ်တဲ့နေရာမှာ ဂရုစိုက်ပါ၊ သတိထားပါလို့ သတိပေးတဲ့စာသားလေးဖြစ်တယ်။ ဒီစာသားလေးကို အစွဲပြုပြီး လန်ဒန်ကလူတွေက တစ်ဦးနဲ့တစ်ဦး ဂရုစိုက်ပါလို့ပြောကြတဲ့အခါမှာ Mind The Gap ဆိုပြီးပြောလေ့ရှိကြပါတယ်။ ဂရုစိုက်ပါဆိုတဲ့အတိုင်းပဲ ဒီရုပ်ရှင်လေးဟာ ကိုယ်ဂရုစိုက်တဲ့သူတွေ ကိုယ်ချစ်ရတဲ့သူတွေ ကိုယ့်အတွက်အရေးပါတဲ့သူတွေအကြောင်းကို ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်လေးထဲမှာ နေထိုင်ရာနေရာ၊ အသက်အရွယ်၊ အခြေအနေ လုံး၀ မတူညီတဲ့ တစ်ဦးနဲ့တစ်ဦး လားလားမှ မသက်ဆိုင်တဲ့ လူငါးယောက်ဟာ ပျော်ရွှင်မှုကိုရှာဖွေဖို့ သူတို့ဘ၀အတွက် အပြောင်းအလဲ ကြီးကြီးမားမားတွေကိုဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေကို အရဲစွန့်ပြီး ပြုလုပ်ကြရတဲ့အကြောင်းကို ကြည့်ရှုရမှာပါ။ ဒီလူငါးယောက်ထဲမှာ ပထမဆုံးမိတ်ဆက်ပေးချင်တဲ့သူက‌ နယူးယောက်မြို့ထဲမှာ နေရာတစ်ခုကိုရှာဖို့ စမ်းတဝါးဝါးနဲ့သွားနေတဲ့ အသက် ၈၀ ကျော်အရွယ် နှေးတိနှေးကွေး လူ့ဂွစာအဖိုးကြီးပါ။ ဒီ စိတ်ဆိုးမာန်ဆိုးနဲ့အဖိုးကြီးက ဘယ်လောက်ဂွကျလဲဆိုတော့ လမ်းမှာကူညီပေးရမလား မေးတဲ့သူကတောင် မေးမိတာမှားပါပြီဆိုပြီး လက်လန်သွားရတဲ့အထိပါပဲ။ ဒါပေမဲ့ ဒီအဖိုးကြီးမှာ သိပ်ကိုအဓိပ္ပာယ်ရှိလှတဲ့ ရည်ရွယ်ချက်နဲ့ ပန်းတိုင်တစ်ခုရှိနေတယ်။ ဒုတိယအနေနဲ့ကတော့ အရမ်းချစ်ကြတဲ့ အဖေတစ်ခု သားတစ်ခု သားအဖပါ။ ဒီသားအဖကတော့ နယူးယောက်မြို့အနီးက ကျေးလက်လေးတစ်ခုမှာနေထိုင်ကြတယ်။ အဖေဖြစ်သူဟာ မူလတန်းအရွယ်သားလေးကို အဖေနေရာရော အမေနေရာကပါ ချစ်ပေးရှာတယ်။ ဒါပေမဲ့ သားငယ်ဟာ တစ်သက်လုံးလစ်ဟာလာတဲ့ အမေဖြစ်သူကို တောင့်တလာတဲ့အခါမှာတော့ အဖေဖြစ်သူဟာ သူတို့မိသားစုလေးရဲ့ အနာဂတ်အတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခုကိုချဖို့ စဉ်းစားရတော့တယ်။ တတိယတစ်‌ယောက်ကတော့ မန်ဟက်တန်ရဲ့လမ်းမတွေပေါ်မှာ သီချင်းဆိုဖျော်‌ဖြေရင်း အသက်မွေးဝမ်းကြောင်းပြုနေတဲ့ နှလုံးရောဂါသည် အမျိုးသမီးလေးတစ်ဦး။ သူမဟာ အဆိုသိပ်တော်တယ်၊ သူမ စွန့်စားရင်စွန့်စားကြည့်သလို သူမအတွက် အခွင့်အလမ်းသစ်တွေက စောင့်မျှော်နေမှာ။ ဒါပေမဲ့ သူမဟာ တချို့သောအကြောင်းပြချက်တွေကြောင့် အတွေ့အကြုံ၊အပြောင်းအလဲအသစ်တွေကို လက်ခံဖို့ နှစ်ပေါင်းများစွာ ငြင်းဆန်လာခဲ့သူလေး။ တစ်ရက်မှာတော့ သူမဘ၀အတွက် အပြောင်းအလဲကြီးတစ်ခုဖြစ်ပေါ်လာမယ့် အခွင့်အရေးကို ဖမ်းဆုပ်ဖို့ရာ သတ္တိမွေးကြည့်လိုက်တဲ့အခါမှာတော့... လေးယောက်မြောက်နေရာမှာ အလှည့်ကျလာတဲ့သူကတော့ အတိတ်က တစ်ခုသောအကြောင်းကိစ္စကြောင့် ချစ်ရတဲ့ သားဖြစ်သူနဲ့ တစ်အိမ်စီခွဲနေနေရတဲ့ သက်လတ်အရွယ် လူမည်းအမျိုးသားတစ်ဦး။ သားဖြစ်သူနဲ့ တစ်နှစ်မှာ တစ်ခေါက် နှစ်ခေါက်သာ တွေ့ရတဲ့အဖေဖြစ်သူအဖို့တော့ သူ့ဘ၀ဟာ သေမထူးနေမထူးဖြစ်လာရတာ သားငယ်နဲ့ခွဲခွါခဲ့ရကတည်းကပါပဲ။ ဒီလွမ်းဆွတ်တမ်းတမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေကို ဒီအဖေဖြစ်သူဟာ မလွန်ဆန်နိုင်တော့တဲ့နောက်မှာတော့ မသိစိတ်က လက်ခံဖို့ငြင်းဆိုထားတဲ့အရာတွေကို ရင်ဆိုင်ဖို့ရာကြိုးစားရတော့တယ်။ နောက်ဆုံးဇာတ်လမ်းက‌တော့ ဘ၀မှာ ပျော်စရာဆိုလို့ စာတိုက်ကနေ စာပို့၊ တိပ်ခွေလေးတွေနားထောင်တာကလွဲလို့ များများစားစားမရှိရှာတဲ့ နာမကျန်းနေတဲ့အမေကြီးကို ပြုစုလုပ်ကျွေးနေတဲ့ သမီးလိမ္မာတစ်ဦးအကြောင်းပါ။ ဒီသမီးငယ်ဟာ မိခင်ကို မငြိုမငြင်နဲ့ လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ပေးပေမဲ့ မိခင်ဆီကပြန်ရတဲ့အရာက ချစ်ခြင်းမေတ္တာမဟုတ်ဘဲ အမုန်းတရားတွေ ဥပေက္ခာတွေသာ ဖြစ်နေတဲ့အခါမှာတော့ မေတ္တာငတ်လာခဲ့ရတဲ့ သူမခမျာ သူမနဲ့ထိုက်တန်တဲ့ ချစ်ခြင်းတွေ ပျော်‌ရွှင်မှုတွေကို ဒီတစ်သက် သူမ ရှာဖွေနိုင်ပါဦးမလား။ ဇာတ်လမ်းလေးငါးခုက ဇာတ်လမ်းတစ်ခုပြီးမှ နောက်တစ်ခုကိုပြတာမဟုတ်ဘဲ timeline တစ်ခုတည်းမှာပဲ တစ်ခုပြလိုက် နောက်တစ်ခုကိုပြလိုက်နဲ့ပြတာ ဆက်ပြသွားတာဖြစ်လို့ ဇာတ်လမ်းစစချင်းမှာ ဇာတ်ရည်မလည်သေးပေမဲ့ မိနစ် ၂၀ လောက်ကစလို့ စိတ်၀င်စားစရာကောင်းလာပြီး ဒီလူငါးယောက်ရဲ့ ဘ၀ဆုံးဖြတ်ချက်တွေ၊ လုပ်ရပ်တွေရဲ့ သက်ရောက်မှုတွေ၊ အဆုံးသတ်တွေ၊ သူတို့ရဲ့နောက်ကြောင်းတွေကို သိချင်စိတ်တွေ တဖွားဖွားပေါ်လာပြီး အဆုံးအထိ မထစတမ်းကြည့်ရှုဖြစ်သွားအောင် ဆွဲခေါ်ပေးသွားမှာပါ။ လက်တွေ့ဘ၀က အဖြစ်တွေအတိုင်း ထပ်တူကျအောင်ရိုက်ကူးထားပြီး သရုပ်ဆောင်ချက်တွေ ဒိုင်ယာလော့တွေကလည်း သိပ်ကိုအရည်အသွေး‌ကောင်းပြီး ၂၀၀‌၄ ခုနှစ်ရဲ့ လွမ်းဆွတ်ဖွယ်ရာ မြင်ကွင်းတွေကို သေချာပေါက် ခံစားကြည့်ရှုလိုက်ကြဖို့ အကြံပေးလိုက်ပါတယ်။

Mind the Gap (2004)
Mind the Gap (2004)

Welcome to my Channel https://t.me/Moelone

Forever Strong (2008) =============== အားကစားရုပ်ရှင် ဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ဒီဇာတ်လမ်းက ဟိုက်လန်းရပ်ဂ်ဘီ အထက်တန်းကျောင်းအသင်းရဲ့အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။ ဇာတ်ကောင်တွေပြောသလိုဆို အမေရိကန်ဖွတ်ဘောဆိုတာ ဦးထုတ်တွေ အကာတွေထည့်ပြီး ကလေးတွေပဲကစားတာမျိုး ရပ်ဂ်ဘီကမှ တကယ့်ယောကျ်ားတွေကစားတဲ့ အားကစားတဲ့။ ဇာတ်လမ်းအကျဉ်းကတော့ ရစ်ခ်ဆိုတဲ့ ကောင်လေးက သောက်စားပျော်ပါးပြီး ဘာကိုမှအလေးမထားတဲ့ ဆယ်ကျော်သက် ရပ်ဂ်ဘီအားကစားသမားတစ်ယောက်ပေါ့။ အဖေဖြစ်သူနည်းပြနဲ့ မျက်နှာချင်းဆိုင်လို့မရဘဲ ကိုယ်မှန်တယ်ထင်တာလုပ်နေကြတဲ့သူတွေ။ ဒီလိုနဲ့တစ်ရက် ရပ်ဂ်ဘီပွဲတစ်ခုမှာရှုံးပြီး ပါတီကအပြန် ကားမှောက်ရာမှာ အတူလိုက်စီးတဲ့ ချစ်သူဒဏ်ရာအကြီးအကျယ်ရပြီး ရစ်ခ်တစ်ယောက် လူငယ်ထိန်းသိမ်းရေးစခန်းကို အပို့ခံလိုက်ရပါတယ်။ ဒီမှာပဲ စခန်းရဲ့အုပ်ချုပ်ရေးမှူးက သူ့ကို ဟိုက်လန်းရပ်ဂ်ဘီအသင်းဆီ ပါဝင်စေဖို့စည်းရုံးခဲ့ပါတယ်။ သူမရဘူးတဲ့ နည်းပြရဲ့ ဆုံးမမှုတွေ အသင်းထဲက ညီအစ်ကိုစိတ်ဓာတ်တွေကို ရပြီးတဲ့နောက်မှာတော့ ရစ်ခ်တစ်ယောက် ပြောင်းလဲသွားခဲ့ပါတော့တယ်။ အားကစားရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်းပါပဲ ရင်ထဲမှာ တစ်ခုခုတော့ကျန်နေစေခဲ့မှာမို့ ခံစားကြည့်ရှုကြပါဦးခင်ဗျ။

Forever Strong (2008)
Forever Strong (2008)

Welcome to my Channel https://t.me/Moelone

Wild Seas (2022) =========== ဒီဇာတ်လမ်းလေးကတော့ Wild Seas ဆိုတဲ့အတိုင်း Sailors တွေ ကြမ်းတမ်းတဲ့ ပင်လယ်ပြင်မှာ ဘယ်လိုခက်ခက်ခဲခဲကြိုးစားရင်ဆိုင်ကြလဲဆိုတာကို လှပတဲ့ရှူခင်းတွေအပြည့်နဲ့ အချစ်ဇာတ်လမ်းလေးတွေရောနှောပြီးကြည့်ရှူရမယ့်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့........ အမျိုးသမီးတစ်ယောက်နဲ့ သူ့ရဲ့ငါးဖမ်းသမားယောက်ျားနဲ့အတူ ပင်လယ်ပြင်တစ်ခွင်မှာကျင်လည်ကျက်စားရင်း ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပါတယ်။ တစ်နေ့မှာတော့သူတို့အဖွဲ့အတွက်လူလိုလို့ဆိုပြီး အဖွဲ့ဝင်အသစ်တစ်ယောက်ကိုရှာရာကနေ မက်ဆန့်စ်ဆိုတဲ့ခပ်ငယ်ငယ်ခပ်ချောချောကောင်လေးတစ်ယောက်က သူတို့ဘဝထဲကိုဝင်လာခဲ့ပါတယ်။ အမျိုးသမီးဖြစ်သူကတော့ ကောင်လေးကို ကလေးတစ်ယောက်လိုပဲဆက်ဆံခဲ့ပေမဲ့ အဲဒီကောင်လေးဘက်က အမျိုးသမီးအပေါ်ကိုထားတဲ့ လေးစားမှုတွေကချစ်ခြင်းတရားအဖြစ်ပြောင်းလဲသွားတဲ့အခါမှာတော့.... သူတို့လင်မယားနှစ်ယောက်ကြားထဲမှာ ဘယ်လိုပြဿနာတွေ သယ်ဆောင်လာမလဲဆိုတာကို ဇာတ်ရှိန်အနိမ့်အမြင့်နဲ့ ကြည့်ရှူရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

Wild Seas (2022)
Wild Seas (2022)

Welcome to my Channel https://t.me/Moelone

This Place (2022) ============ ယိုစသာ ဆိုတဲ့အင်ဒီးယန်းမျိုးနွယ်ကောင်မလေးဟာ ကျောင်းဆက်တက်ဖို့အကြောင်းပြချက်နဲ့မြို့တော်ကြီးကိုတက်လာခဲ့ပေမယ့် သူ့ရဲ့တကယ့်ရည်မှန်းချက်က မွေးကတည်းကမမြင်ဖူးခဲ့တဲ့ဖခင်ဖြစ်သူကိုရှာဖို့ဖြစ်ပါတယ်။ သူနဲ့သူ့ဖခင်ကိုကိုဝေးကွာစေခဲ့တဲ့ မိခင်ကိုအပြစ်မတင်နိုင်မတင်ရက်ပေမယ့် ခွင့်လွှတ်ဖို့လည်းသူ့အတွက်ခက်နေပါတယ်။ အဲ့ဒီအချိန်မှာ မာလယ်ဆိုတဲ့ သီရိလင်္ကာနိုင်ငံသူ တမီလ်လူမျိုးအမျိုးသမီးလေးနဲ့ဆုံတွေ့ခဲ့ပြီးချစ်ကျွမ်းဝင်သွားတဲ့နောက် နှစ်ဦးသားအပြန်အလှန်ရင်ဖွင့်ဖလှယ်ကြရင်း ဘ၀ရဲ့ပြဿနာတွေ ဒွိဟတွေကို ရင်ဆိုင်ဖြေရှင်းဖို့ကြိုးစားကြပါတော့တယ်။ This Place ဟာ ထူးခြားတဲ့ဇာတ်အလှည့်အပြောင်းမပါ၊ ရိုးရှင်းတဲ့တင်ဆက်ပုံနဲ့ ငြိမ့်ငြိမ့်ညောင်းညောင်းရှုစားရမယ့် coming of age drama ကားလေးတစ်ကားဖြစ်ပါတယ်။

This Place (2022)
This Place (2022)

Welcome to my Channel https://t.me/Moelone

Girl with a Gun"သေနတ်နှင့်မိန်းကလေး" *********** တစ်နေ့မှာတော့ တိုမီဆိုတဲ့ကောင်မလေးဆီကို ဖုန်းတစ်လုံးဝင်လာပါတယ်...။ ဖုန်းထဲကပြောစကားကြောင့် တိုမီရဲ့မိခင်ဖြစ်သူဟာ ဖခင်ဖြစ်သူကို သေနတ်နဲ့ပစ်ပြီးနောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားမှန်းသိလိုက်ရပါတယ်။ မိဘတွေနဲ့လည်းမတွေ့ရတာကြာလေတော့ ဖြစ်စဥ်ကိုမယုံ ကြည်နိုင်လောက်အောင်ဖြစ်နေတဲ့ တိုမီတစ်ယောက် မိဘတွေရှိရာ မွေးရပ်မြေမြိုလေးဆီပြန်ခဲ့ပါတော့တယ်။ သိုပေမယ့် တိုမီရဲ့မြိုလေးဟာ အရင်နဲ့မတူဘဲ ရာဇဝတ်မှုခင်းတွေ ဖြစ်ပျက်နေမှန်းသိလိုက်ရတဲ့အခါမှာတော့.... တိုမီတစ်ယောက် မိဘတွေရဲ့အမှုကို ဘယ်လိုအဖြေရှာမလဲ၊ ဘယ်လိုလက်စားချေမလဲဆိုတာကို ကြည့်ရှုရမယ့် အက်ရှင်ကားလေးပဲဖြစ်ပါတယ်...။