en
Feedback
[TLT] Moelone MSub (5)

[TLT] Moelone MSub (5)

Open in Telegram

🚩 Channel was restricted by Telegram

Show more

📈 Analytical overview of Telegram channel [TLT] Moelone MSub (5)

Channel [TLT] Moelone MSub (5) (@moelonemsub5) in the English language segment is an active participant. Currently, the community unites 10 820 subscribers, ranking 38 759 in the Movies category and 8 261 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 820 subscribers.

According to the latest data from 08 September, 2024, the channel demonstrates stable activity. Although there has been a change in the number of participants by -135 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“🚩 Channel was restricted by Telegram”

Thanks to the high frequency of updates (latest data received on 09 September, 2024), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Movies category.

10 820
Subscribers
No data24 hours
No data7 days
-13530 days
Posts Archive
Secretly, Greatly(2013) မြောက်-ကို-ရီး-ယား-လျှို့ဝှ-က်စပိုင်အဖွဲ့အစည်းတစ်ခုကငယ်ရွယ်-တဲ့လူ-ငယ်တွေကို တို-က်ရည် ခိုက်ရည် ဥာဏ်ရည်-ပိုင်းတွေအထူး-လေ့ကျင့်-ပေးထား-တယ်ရည်ရွယ်ချက်-ကတော့ေ-တာ-င်ကို-ရီး-ယားကို-စပိုင်တွေအဖြစ် စေ-လွှတ်ပြီး အသီးသီး-ဇတ်-မြု-တ်နေစေပြီး လျှို့-ဝှက်တာဝန်-တွေအသီးသီး-ထမ်းဆောင်ဖို့ပဲ ဒီထဲမှာအတော်ဆုံး-လို့ခေါ်ရမဲ့ လူငယ်လေး-သုံးယောက်သူတို့က စ-ရိုက်တစ်မျိုးစီနဲ့တောင်-ကို-ရီး-ယားထဲမှာ ဇတ်-မြုတ်ပြီး-အထ-က်ကအမိန့်-တွေကိုစောင့်ရင်းစပိုင်-အဖြစ်နေကြတယ် တစ်နေ့တော့ အထ-က်ကသူတို့၅၄-၄၆တပ်ကတ-ပ်ဖွဲ့ဝင်တွေအားလုံးကို က်ိုယ့်ကိုကိုယ် tat tay ဖို့ လုပ်ခိုင်းတယ် အဲ့ဒီအမိ-န့်ဟာ သူတို့ ၃ယောက်-အတွက် ဘာမှ မခက်-ခဲ-ပေမယ့်မိသားစု-အရေးတွေပါဝင်လာတဲ့အခါမှာတော့

Secretly Greatly (2013)
Secretly Greatly (2013)

Welcome to my Channel https://t.me/Moelone

The Devil's Backbone (2001) IMDb - 7.4/10 Genre - Horror, Mystery မကောင်းဆိုးဝါးရဲ့ ကျောရိုးဆိုတာ ဘာလဲ သိကြလားဗျ။ မွေးမလာသင့်
The Devil's Backbone (2001) IMDb - 7.4/10 Genre - Horror, Mystery မကောင်းဆိုးဝါးရဲ့ ကျောရိုးဆိုတာ ဘာလဲ သိကြလားဗျ။ မွေးမလာသင့်တဲ့ကလေးတွေ၊ တစ်နည်း လူတွေစွန့်ပစ်လို့ အသက်ဆုံးရှုံးသွားရတဲ့ လူမမယ်ကလေးလေးတွေကို ခေါ်ပါသတဲ့။ စပိန်နိုင်ငံရဲ့ စစ်ကြီးအတွင်းမှာ အဲဒီကလေးတွေကို ‌ဆေးရည်စိမ်ပြီး ရောဂါပျောက်တယ်ဆိုပြီး သောက်ကြသတဲ့လေ။ မဟုတ်မှန်းသိသိရဲ့နဲ့ လုပ်မိလုပ်ရာတွေ လုပ်ကြတာပါပဲ။ ဇာတ်လမ်းအညွှန်းကတော့ တိုတိုလေးပါပဲ။ ၁၂ နှစ်သားကောင်လေးတစ်ယောက် စစ်ကြီးထဲမှာ အဖေဆုံးရှုံးသွားရလို့ စပိန်နိုင်ငံ မြို့စပ်လေးတစ်ခုက ကျောင်းတစ်ကျောင်းကို ရောက်လာတယ်။ သူမရောက်ခင်ကတည်းက ကျောင်းဝန်းအလယ်တည့်တည့်မှာ ဗုံးအကြီးကြီးစိုက်ဝင်နေတယ်။ ဗုံးကျဲခံရတဲ့ညမှာပဲ ရှန်တီဆို‌တဲ့ ကောင်လေးတစ်ယောက် ပျောက်သွားတယ်တဲ့။ကျောင်းသားတွေကြားက ကောလဟာလကတော့ သရဲလိုလို အသက်ရှင်နေသလိုလို...ဒီလိုနဲ့ ကောင်လေးကျောင်းရောက်ပြီး မကြာခင်မှာပဲ သရဲလိုလို ဘာလိုလိုဟာကို တွေ့လာတော့တယ်။ စုံစမ်းဖို့ကြိုးစားရင်း ကျောင်းကလူတွေရဲ့ နှစ်မြှုပ်ထားတဲ့လျှို့ဝှက်ချက်တွေထဲ ရောက်သွားပါတော့တယ်

Welcome to my Channel https://t.me/Moelone

Dog Years [2021] ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် အီတလီလူငယ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီတစ်ခါမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတ
Dog Years [2021] ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် အီတလီလူငယ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီတစ်ခါမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ တစ်မျိုးလေး ထူးဆန်းနေပါတယ် ခွေးတစ်ကောင်ရဲ့ အသက်တစ်နှစ်ဆိုတာ လူ့အသက်တစ်နှစ်ရဲ့ ၇ဆနဲ့ ညီမျှပါတယ် သူတို့အသက် ၁၁၂ နှစ်ရောက်တဲ့အချိန်ဆို လူတွေက ၁၆ နှစ်အရွယ်ပေါ့..အဲ့လို ခွေးအသက် ၁၁၂ နှစ်မှာ ခွေးတွေ သက်တမ်းကုန်ဆုံးကြတယ်လို့ ယူဆထားတဲ့ စတေလာဆိုတဲ့ ကောင်မလေးကလည်း သူမရဲ့အသက်ကို ခွေးတွေရဲ့အသက်တွက်နည်းအတိုင်း တွက်ချက်ပြီးနေထိုင်ပါတော့တယ် သူမကိုယ်သူမ အသက် ၁၆ နှစ်ပြည့်ရင် သေတော့မယ်လို့ထင်နေတဲ့ စတယ်လာတစ်ယောက် သူမသေခင် ၁လအလိုမှာ သူ့ဘဝမှာ မလုပ်ဖူးတဲ့အရာတွေကို စာရင်းလုပ်ပြီး စတင်လုပ်ဆောင်ပါတော့တယ် အပေါင်းအသင်းလည်းသိပ်မရှိ ရည်းစားလည်းမရှိ တစ်ယောက်တည်းပဲအချိန်ကုန်ဆုံးနေခဲ့တဲ့ စတယ်လာတစ်ယောက် သူမ လုပ်ချင်နေတဲ့စာရင်းကကောဘာဖြစ်မလဲ..ဘာလို့များ သူမရဲ့အသက်ကို အဲ့လိုတွက်ချက်ရတာလဲဆိုတာကိုတော့

Welcome to my Channel https://t.me/Moelone

Sleep Call (2023) ****** ဒီရုပ်ရှင်လေးကတော့ Drama၊ Thrillerအမျိုးအစား အင်ဒိုရုပ်ရှင်ကားလေးဖြစ်တာမလို့ plotကောင်းကောင်းကို ခံစားချက်အပြည့်နဲ့ စီးမျှောကြည့်လို့ကောင်းဦးမှာပါ။ အင်ဒို မော်ဒယ်၊မင်းသမီးချော Laura Basukiရဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ချက်တွေကလည်း ဂရုဏာမသက်ဘဲ မနေနိုင်အောင် မြင်တွေ့ရဦးမှာပါ...။ ဇာတ်လမ်းအကျဥ်းကိုပြောပြရရင် ဒီနာဟာ အွန်းလိုင်းချေးငွေယူခဲ့မိပြီး အကြွေးသံသရာထဲက ရုန်းမထွက်နိုင်အောင်ဖြစ်နေသူပါ...။ အကြွေးတွေပြန်မဆပ်နိုင်တဲ့အဆုံး အွန်လိုင်းချေးငွေရုံးမှာပဲ အလုပ်ဝင်လုပ်ရင်း အကြွေးဆပ်ဖို့ကြံရရှာပါတယ်...။ အွန်လိုင်းချေးငွေဆိုတာ လိမ်လည်ကလိမ်ကကျစ်ကျတာနဲ့ ထူးမခြားနားပေမို့ ဒီနာတစ်ယောက် နေ့စဥ်နေ့တိုင်းအလုပ်လုပ် နေရပေမယ့် ဘဝအဓိပ္ပာယ်ပျောက်၊ ခံစားချက်တွေပျောက်ဆုံး နေခဲ့ရပါတယ်။ သူ့အတွက် စိတ်ဖြေစရာဆိုတာကလည်း ညညဆို မအိပ်ခင်ဖုန်းအတူပြောပေးတဲ့ အွန်လိုင်းချစ်သူလေးသာ ရှိပါတယ်...။ ဒီနာတစ်ယောက် အကြွေးသံသရာထဲရုန်းကန်နေရရင်း အမြတ်ထုတ်လိုသူတွေကြား ဘယ်လိုဆက်လက်ရှင်သန်ရမလဲ... သူ့ရဲ့အွန်လိုင်းချစ်သူလေးကရော ဒီနာ့ဘဝကို ဘယ်လိုကယ်တင်နိုင်မလဲ... စတာတွေကို မထင်ထားလောက်တဲ့ plotအစုံနဲ့မြင်တွေ့ရမှာမို့ အခုပဲ ကြည့်ရှုလိုက်ပါတော့ဗျာ။

Sleep Call (2023)
Sleep Call (2023)

Welcome to my Channel https://t.me/Moelone

Lights Out (2024) Boyka မင်းသား Scott Adkins နဲ့ MCU မှာ Crossbone အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Frank Grillo တို့လိုမျိုး ဝါရင့် အက်ရှင်မင်းသား ၂ ယောက် ပါဝင်ထားတဲ့ ၂၀၂၄ ခုနှစ် အသစ်ထွက်ရှိလာတဲ့ အက်ရှင်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ကြိုတင်ပြီး ပြောချင်တာက ဒီဇာတ်ကားဟာ B အဆင့်ပဲ ရှိတဲ့ low budget အက်ရှင်ကားမျိုးပါ။ Budget အများကြီးသုံးထားတဲ့ A အဆင့် ရုပ်ရှင်လိုမျိုးတော့ မျှော်လင့်ပြီးမကြည့်ပါနဲ့ စိတ်ပျက်သွားပါမယ်။ ဒါပေမယ့် နာမည်ကြီးမင်းသားမင်းသမီးတွေသုံးပြီး ပေါတောနေတဲ့ ရုပ်ရှင်တွေထက်တော့ အပုံကြီးသာပါတယ်။ တချို့ အားမရစရာအပိုင်းတွေ ရှိပေမယ့် ဇာတ်လမ်းပိုင်းကတော့ မဆိုးပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ဒက်ဖ်ဟာ တာဝန်ကနေ အနားယူထားတဲ့ စစ်သားဟောင်းတစ်ယောက်ပါ။ သူဟာ လျှောက်ပြီးလေလွှင့်နေရင်း ကြုံတဲ့ဘားတွေမှာ လောင်းကစားလိုက်လုပ်ပြီး ခရီးစရိတ်ရှာနေခဲ့ပါတယ်။ သူ့မှာ မပြီးဆုံးသေးတဲ့ ကိစ္စလေး တစ်ခုအတွက် အယ်လ်အေမြို့ကို ပြန်လာခဲ့တာပါ။ ဘားတစ်ခုမှာ ဖဲရိုက်ရင်း ဝိုင်းထဲက လူတွေနဲ့ ရန်ဖြစ်ကြလို့ ဒက်ဖ်က အကုန်လုံးကို အမှောက်သိပ်လိုက်ပါတယ်။ အဲဒါကို မက်စ်က အစအဆုံးမြင်လိုက်ပါတယ်။ မက်စ်က တရားမဝင်မြေအောက် ထိုးသတ်ပွဲတွေအတွက် လူလိုက်ရှာနေတာမို့ ဒက်ဖ်က ဝင်ထိုးဖို့ စည်းရုံးပါတယ်။ ဒီလိုနဲ့ ဒက်ဖ်တစ်ယောက် မြေအောက်လောကထဲဝင်ပြီး အကျင့်ပျက်ရဲတွေ၊ ရာဇဝတ်ဂိုဏ်းတွေနဲ့ ရင်ဆိုင်ဖို့ ဖြစ်လာတဲ့အချိန်မှာတော့.....

Lights Out (2024)
Lights Out (2024)

Welcome to my Channel https://t.me/Moelone

Noryang: Deadly Sea(2023) ***** စစ်သူကြီး လီဆွန်းရှင်းဆိုတာ ကိုရီးယားသမိုင်းလေ့လာသူတွေရော စစ်ကားကြိုက်တဲ့ ကိုရီးယားပရိတ်သတ်တွေရော သူ့ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ ထူးချွန်တဲ့အရည်အချင်းများကြောင့် မသိတဲ့သူခပ်ရှားရှားပါပဲ.... ဒီကားကတော့ ဂျပန်တွေ ကိုရီးယားကို ကျူးကျော်စစ်ဆင်နွှဲတဲ့ ဒုတိယအကြိမ်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲကိုရိုက်ပြထားတာပါ...ဂျပန်တွေဟာ ကိုရီးယားကို ၁၅၉၂ မှ ၁၅၉၅ အထိတစ်ကြိမ် နှင့် ၁၅၉၆ မှ ၁၅၉၈ အထိ တစ်ကြိမ် စုစုပေါင်း ၂ကြိမ်ကျူးကျော်စစ်ဆင်နွှဲခဲ့တယ်.. ပထမကျူးကျော်စစ်မှာ စစ်သူကြီး လီဆွန်းရှင်းတို့ ရဲ့ ဟာဆန်းဒိုသမိုင်းဝင်တိုက်ပွဲဖြစ်တဲ့ Hansan : Rising Dragon(2022)ကတော့ ကျွန်တော်တို့ cmမှာလည်း တင်ဆင်ပြီးပါပြီ.. အခုတိုက်ပွဲကတော့ ဒုတိယ ကျူးကျော်စစ်မှာဖြစ်ပွားခဲ့တာပါ... အဲဒီကာလတုန်းက တရုတ်နဲ့ ကိုရီးယားဟာမဟာမိတ်ဖြစ်လေတော့ ပေါင်းညှပ်တိုက်ခိုက်မှုမှာ ဂျပန်ရေတပ်ဟာ အတော်အထိနာတယ်ပြောရမယ်..ဒါ့ကြောင့် ဂျပန်တပ်တွေဟာ လမ်းကြောင်းပိတ်ထားတဲ့ တရုတ်ကိုလမ်းဖွင့်ပေးဖို့ ညှိတယ်....ဒါကို လီဆွန်းရှင်းတို့က သဘောမတူဘူး.. သူတို့က ဂျပန်တပ်တွေကိုအပျောက်တိုက်ချင်နေတာ.. ဆိုတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး...Box Office မှာ ၃၄သန်းထိပြန်ဝင်ခဲ့တဲ့ကားဆိုတော့ ဒေါင်းကြည့်ရမှာတန်ပါတယ်ဗျို့...

Noryang: Deadly Sea (2023)
Noryang: Deadly Sea (2023)

Welcome to my Channel https://t.me/Moelone

Infiltration (2022) ****** စစ်ကားတွေကိုကြိုက်တဲ့သူတွေအတွက် Infiltration လို့ခေါ်တဲ့ရှရှားစစ်ကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 5.2 ရရှိထားပြီး သူ့အနေအထားနဲ့သူ ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အီဗန်ဆိုတဲ့ ရှရှားစစ်ပြန်တစ်ယောက်က စစ်ပွဲကြီးပြီးသွားလို့ အိမ်ပြန်လာပေမဲ့ အမေရိကန်ပိုင်နက်မှာ ISIS တွေက သူ့ရဲ့ တပ်မှူးနဲ့ စစ်သားတွေကို စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးပြီး ပြန်ပေးငွေ တောင်းနေကြောင်းကို သိခဲ့ရပါတယ်။ပြန်ပေးငွေက ပြဿနာ မရှိပေမဲ့ အဖမ်းခံထားရတာက အမေရိကန်ပိုင်နက်မှာ ဖြစ်နေတဲ့ အတွက် အဲ့ဒီအချိန်ကလည်း ရှရှားနဲ့ အမေရိကန်တို့က စစ်တွေ ဖြစ်နေကြတဲ့အတွက် အဖမ်းခံထားရတဲ့ လူတွေကို ကယ်ထုတ်ဖို့က အခက်အခဲ ဖြစ်နေပါတော့တယ်။ဒီအခက်အခဲတွေကို သိတဲ့အီဗန်က ပြန်ပေးငွေစုဖို့ ကူညီပေးခဲ့တဲ့အပြင်ကိုမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကယ်တင်ဖို့ ဆီးရီးယားကို သွားခဲ့ပါတော့တယ်။ စစချင်းမှာတော့ ဂျာနယ်လစ်တစ်ယောက်အနေနဲ့ ရှရှားစစ်တပ်နဲ့ အတူလိုက်ပါခဲ့ပြီး အမေရိကန်ပိုင်နက်ထဲကို ဝင်ဖို့ကြိုးစားခဲ့ပါတယ်။ အဲ့ဒီကနေမှ တစ်ဆင့် အမေရိကန်စစ်တပ်နဲ့ တွေ့ပြီးနောက်ပိုင်းမှာ အဖမ်းခံရတဲ့ လူတွေကိုကယ်တင်နိုင်ပါ့မလား။ဒီစစ်ဆင်ရေးကြီးကို ကိုယ့်သဘောနဲ့ကိုယ် တစ်ယောက်တည်းလုပ်နေတဲ့ အီဗန်အတွက် လမ်းက ဖြောင့်ဖြူးပါ့မလားဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်...

Infiltration (2022)
Infiltration (2022)

Welcome to my Channel https://t.me/Moelone

This Is Me…Now (2024) ================ ဒီဇာတ်လမ်းကတော့ JLo တစ်ယောက် သူ့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ This is Me... Now album ကို ပရိုမိုရှင်းဆင်းဖို့ ရိုက်ကူးရင်း ပျိုမဒီလေးတွေကို ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ မီးမောင်းထိုးပြထားတဲ့ Musical ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်း အသွားအလာက စိတ်ကူးယဉ်ဆန်ပြီး ရှင်တို့ကျွန်မတို့ အကြိုက် Zodiac Sign တွေပါတဲ့အပြင် Zodiacal Council ဆိုပြီး လတ်တလောကမှ ဂရမ်မီမှာ MC လုပ်ထားသူ Trevor Noah, Kim Pertras, Post Malone, Keke Palmer, Jenifer Lewis တို့က ရာသီခွင် နတ်ဘုရားတွေအဖြစ်ပါ ပါဝင် အားဖြည့်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ JLo တစ်ယောက် ရည်းစားတွေ ထည်လဲတွဲလိုက် ယောင်္ကျားတွေ တစ်ယောက်ပြီးတစ်ယောက်ယူလိုက် အဆင်မပြေလို့ Therapy ဝင်လိုက်နဲ့ ဘဝကို ဖြတ်သန်းနေခဲ့ပါတယ်။ သူ့ရဲ့ မူလ ခံယူချက်ကတော့ လက်တွဲဖော်တစ်‌ယောက်နဲ့ ဘဝကို ဖြတ်သန်းချင်တာ ဘာများ မှားလို့လဲ ဆိုတာပါပဲ။ ဒီလိုနဲ့ JLo ဟာ သူများကို ချစ်ရင်း ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ မေ့နေခဲ့ပါတယ်။ ဒီလိုနဲ့ ဘယ် Sign ပို့ပေးပေး အဆင်မပြေတဲ့ မ JLo ကို ရာသီခွင်နတ်ဘုရားကြီးများက selflove lesson လေး ပို့ချပေးတဲ့အကြောင်းကို သူ့ရဲ့ album အသစ်ထဲက သီချင်းလေးတွေနဲ့ ရောကာယှက်ကာ တင်ဆက်ထားခြင်း ဖြစ်ပါတယ်။ ဇာတ်လမ်းလေးက တစ်မျိုးလေး entertaining ဖြစ်ပြီး စိတ်အပန်းပြေစေလို့ ကြည့်ရှုကြဖို့ တိုက်တွန်းပါတယ်။