စာဖတ်ကြမယ်
Open in Telegram
2 012
Subscribers
No data24 hours
No data7 days
+17930 days
Posts Archive
2 012
အရမ်းကောင်းလို့ မျှဝေပေးလိုက်ပါတယ်
================
လှေရယ်... မြင်းရယ်... လူရယ်...
လှေက ကမ်းမှာကပ်ထားရင် အန္တရာယ်အကင်းဆုံးပဲ
ဒါပေမယ့် အဲဒါက လှေတည်ဆောက်ခဲ့တဲ့
ရည်ရွယ်ချက် မဟုတ်ဘူး။
လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ရည်ရွယ်ချက်
မဟုတ်ဘူး။
တစ်နေ့ကို မိုင်တစ်ထောင်သွားနိုင်တဲ့
အာဇာနည်မြင်းပျိုလေးတစ်ကောင်ရှိတယ်၊
သူ့ရဲ့အရည်အချင်းကိုဖော်ထုတ်ပြသဖို့
အခွင့်အရေးကိုစောင့်နေတယ်။
ကုန်သည်ရောက်လာတယ်၊ မြင်းကိုမေးတယ်၊
''မင်းငါနဲ့လိုက်နိုင်မလား''
မြင်းကခေါင်းခါပြီးပြောတယ်၊
'ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့
အာဇာနည်မြင်းကွ... ဘယ်လိုဖြစ်လို့
ကုန်သည်နောက်လိုက်ပြီး ကုန်ထမ်းရမှာလဲ''
စစ်သားရောက်လာတယ်၊ မြင်းကိုမေးတယ်၊
''မင်းငါနဲ့လိုက်နိုင်မလား''
မြင်းကခေါင်းခါပြီးပြောတယ်။
''ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့
အာဇာနည်မြင်းကွ.. ဘယ်လိုဖြစ်လို့
သာမာန်စစ်သားတစ်ယောက်နောက်လိုက်ပြီး
တိုက်ပွဲဝင်ရမှာလဲကွ''
မုဆိုးရောက်လာတယ်၊ မြင်းကိုမေးတယ်၊
'မင်းငါနဲ့လိုက်နိုင်မလား''
မြင်းကခေါင်းခါပြီးပြောတယ်။
''ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့
အာဇာနည်မြင်းကွ...ဘယ်လိုဖြစ်လို
မုဆိုးနဲ့အတူတူ ပင်ပန်းဆင်းရဲမှုဒဏ် ခံရမှာလဲကွ''
ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးသွားခဲ့တယ်။
မြင်းဟာသူနဲ့တန်တဲ့အလုပ်ကို
ရှာမတွေ့သေးဘူး။
တစ်နေ့ ဘုရင်မင်းမြတ်အမိန့်ဖြင့်
စစ်သူကြီးတစ်ယောက် အာဇာနည်မြင်းကိုလိုအပ်ကြောင်း
နေရာအနှံ့ ကြော်ငြာစာများကပ်ကာ
လိုက်ရှာလေသည်၊
အာဇာနည်မြင်းက ....
စစ်သူကြီးဆီသွားတွေ့ပြီး ပြောတယ်၊
''ကျနော်က ခင်ဗျားတို့ရှာနေတဲ့ အာဇာနည်မြင်းပါ''
စစ်သူကြီးက မေးတယ်၊
''ဒါဆို မင်းငါတို့တိုင်းပြည်ရဲ့ တောတောင်ရေမြေနဲ့
လမ်းတွေကို နှံ့စပ်လား''
့ မြင်းက ခေါင်းခါတယ်၊
စစ်သူကြီးက ထပ်မေးတယ်၊
''ဒါဆို မင်းစစ်ပွဲဝင်ဖူးသလား..စစ်ပွဲအတွေ့အကြုံရှိသလား''
မြင်းက ခေါင်းထပ်ခါတယ်၊
စစ်သူကြီးက ထပ်မေးတယ်၊
''ဒါဆို မင်းတောထဲတောင်ထဲမှာ
သားကောင်တွေနဲ့တွေ့တဲ့အခါ သခင့်အတွက်
ရင်ဆိုင်တိုက်ခိုက်ပြီး ရုန်းထွက်ရဲသလား''
မြင်းက ခေါင်းထပ်ခါတယ်၊
စစ်သူကြီးကပြောတယ်။
''ဒါဆို မင်းဘာအသုံးကျသေးသလဲ''
မြင်းကပြောတယ်
''ကျနော်နေ့ဘက်ဆို မိုင်တစ်ထောင်သွားနိင်ပြီး
ညဘက်ဆို မိုင်ရှစ်ရာသွားနိုင်တယ်၊
လေအဆန်မှာ အစုန်ထက်တောင်မှ.
အပြေးမြန်သေးတယ်''
စစ်သူကြီးက မြင်းပေါ်ခွတက်စီးလိုက်တယ်၊
မြင်းကအားစိုက်ပြီး တစ်ဟုန်ထိုးပြေးလိုက်တယ်၊
ဒါပေမယ့် ၁၀လှမ်းလောက်ပဲပြေးရသေးတယ်၊
အမောဟိုက်ပြီး ကျောမှာချွေးတွေပြန်လာတယ်၊
''မင်းအိုသွားပြီ... မပြေးနိုင်တော့ဘူး'' ဟုဆိုကာ
စစ်သူကြီးပြန်လှည့်ထွက်သွားသည်၊
ဒီနေ့ သင်လုပ်တဲ့ကိစ္စတစ်ခုစီတိုင်းဟာ
သာမာန်ကြိုးစားနေတယ်ထင်ရပေမယ့်
နောင်တစ်ချိန်အတွက်....
အင်အားလေးတစ်ခုဆိုတာ သိထားပါ၊
ဒီနေ့သင်ဖြတ်ကျော်ရတဲ့ စိတ်ဆင်းရဲတဲ့
အတွေ့အကြုံတိုင်း၊ ငြင်းပယ်မှုတိုင်းဟာ
အနာဂတ်အတွက် အုတ်မြစ်ချပ်လေးတွေပါ၊
အိုသွားတဲ့အချိန် မပြေးနိုင်တော့မှ
မပြေးခဲ့ရပါလားလို့ နောင်တမရပါနဲ့
လှေက ကမ်းမှာကပ်ထားရင်
အန္တရာယ်အကင်းဆုံးပဲ၊ဒါပေမယ့် အဲဒါက
လှေတည်ဆောက်ခဲ့တဲ့ရည်ရွယ်ချက် မဟုတ်ဘူး။
လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့
ရည်ရွယ်ချက် မဟုတ်ဘူး။ ပညာက အရည်အချင်းကို ကိုယ်စားမပြုဘူး၊
စာပေက ယဉ်ကျေးမှုကို ကိုယ်စားမပြုဘူး၊
မနေ့ကကျော်ဇောခဲ့တဲ့အရာဟာ
ဒီနေ့မှာ အတိတ်နဲ့ မှတ်ဉာဏ်အချို့ဖြစ်သွားပြီ၊
ဒါ့ကြောင့် အရေးကြီးတာက
" မနေ့ကသင်ဘယ်သူလဲမဟုတ်ပါဘူး"
" ဒီနေ့သင်ဘယ်သူလဲဆိုတာပါ၊"
ပိုပြီးအရေးကြီးတာက...
ဒီနေ့သင်ဘာလုပ်သလဲ..
မနက်ဖြန် သင်ဘာဖြစ်မလဲဆိုတာပါ။
# crd to owner
2 012
အကြီးဆုံးသမီး ဖြစ်လို့လား မသိဘူး
ပေးတဲ့ လက်ပဲ ဖြစ်ချင်တာ
တစ်ခုခုဆို ငါ့ဘက်က ဘာလုပ်ပေးနိုင်လဲ
ဆိုတဲ့ ရှု့ထောင့်ကနေပဲ ကြည့်တယ် ..
မိသားစုမှာပဲ ဖြစ်ဖြစ်
အလုပ်မှာပဲ ဖြစ်ဖြစ်
ငါ အကောင်းဆုံး လုပ်ပေးနိုင်တာ
ဘာရှိမလဲ လို့ အမြဲတွေးဖြစ်တယ် ..
စေတနာကို မမြင်တဲ့လူတွေနဲ့ဆုံရင်တော့
တခါတခါ ရင်နာရတာပေါ့
ဒါပေမယ့် အမြဲတစေ
ပေးရတဲ့ ဘက်မှာပဲ နေချင်တယ်
ပေးနိုင်တဲ့ အခြေအနေမျိုးဖြစ်အောင်လည်း
အမြဲကြိုးစားတယ် ..
ဘာရယူရမလဲ ဆိုတာထက်
ဘာပေးနိုင်သလဲ ဆိုတာကိုပဲ
ဦးစားပေးတယ် ..
အဲလို စဉ်းစားပေးလို့မှ
ကိုယ့် စိတ်စေတနာကို အသိအမှတ်မပြုရင်
ဘယ်သူပဲ ဖြစ်နေပါစေ ကျောခိုင်းပစ်လိုက်တယ် ..
တကယ်ပါ
ညောင်ပင်ကြီးလောက် အေးမြရိပ်မပေးနိုင်ရင်တောင်
ကိုယ့်မေတ္တာတွေကြောင့် ကိုယ့်ဘေးကလူတွေကိုတော့ အေးချမ်းစေချင်မိတယ် ..
ဒါပေမယ့် တချို့လူတွေက
အကောင်းမြင်စိတ်မရှိတဲ့အခါ
ဖြည့်တွေးလိုခြင်း မရှိတဲ့အခါ
မေတ္တာပေးလည်း မေတ္တာ မရနိုင်ကြဘူး
အဲလိုလူတွေကိုတော့
စိတ်မကောင်းစွာနဲ့ပဲ
ဥပက္ခာပြု လက်လွှတ်ခဲ့လိုက်တယ် ..။
🌹🌹🌹🌹🌹
#CRD
#လေးစားစွာဖြင့်
#သက်ထားခင်(THK)
2 012
ငှက်တွေ အသက်ရှင်နေတုန်း ပုရွက်ဆိတ်ကို အစာအဖြစ်စားတယ်
ငှက်တွေ သေသွားတော့ ပုရွက်ဆိတ်က အစာအဖြစ်စားတယ်
အခြေအနေ အချိန်အခါဆိုတာ တစ်ချိန်ချိန်မှာ ပြောင်းလဲနိုင်တာပဲ
တစ်စုံတစ်ယောက်ရဲ့ဘ၀ကို တန်ဖိုးမကျစေနဲ့။ နာကျင်အောင်မလုပ်နဲ့။
ဒီနေ့ ကိုယ်ကဘယ်လောက်ပဲအစွမ်းရှိနေပေမယ့်
အချိန်က ကိုယ့်ထက်စွမ်းအားကြီးတယ်ဆိုတာ မမေ့နဲ့
သစ်ပင်တစ်ပင်က မီးခြစ်ဆံပေါင်းများစွာဖြစ်အောင် လုပ်နိုင်ပေမယ့်
အချိန်ကာလတစ်ခုမှာပဲ
မီးခြစ်ဆံတစ်ချောင်းဟာ သစ်ပင်ပေါင်းများစွာကို လောင်ကျွမ်းစေနိုင်တယ်။
ကောင်းအောင်နေပြီး ကောင်းတာလေးတွေပဲလုပ်ရင်း
တစ်ယောက်ကိုတစ်ယောက် နာကျင်စရာတွေ မပေးဘဲ နေကြမယ်ဆို ဘယ်လောက်များ အေးချမ်းလိမ့်မလဲ.....
စဉ်းစားမိသမျှ..အတွေးလေးများ
2 012
ဒီစာလေးကို 🍁
စိတ်အရမ်းညစ်နေတဲ့ သူတွေ
လက်ရှိ အခြေအနေ တစ်ခုမှာ
အဆင်မပြေဖြစ်နေတဲ့ သူတွေအတွက်
ရည်ရွယ်ပြီး ရေးပေးထားလို့
ဖတ်ကြည့်စေချင်ပါတယ်။ ===========================
'' လောက '' မှာ...
ကိုယ့်ကို စိတ်ညစ် အောင်လုပ်တာလည်း
'' ကိုယ်ပါပဲ ''
ကိုယ် ကို ပျော်ရွှင်အောင် လုပ်ပေး နိုင်တာလည်း
'' ကိုယ်ပါပဲ ''
ကိုယ့် ကို အောင်မြင်အောင် လုပ်နေတာလည်း
'' ကိုယ်ပါပဲ ''
ကိုယ့် ကို ကျရှုံးအောင် ပြန်လုပ်တာလည်း
'' ကိုယ်ပါပဲ ''
'' အဓိက '' က ကိုယ့်ရဲ့ '' စိတ် '' ပါပဲ
စိတ် ဆိုတာ အရမ်းကြောက်ဖို့ကောင်းပါတယ်။
'' စိတ် ''ကောင်းထားတတ်ရင် တန်ဖိုးရှိတဲ့
'' ဆေးတစ်ခွက် '' ဖြစ်နိုင်ပြီး
မကောင်းတဲ့ '' စိတ် ''တွေ ထားမယ်ဆိုရင်တော့
ကြောက်စရာကောင်းတဲ့ '' ဘေး '' အန္တရာယ်
တစ်ခု ဖြစ်သွားနိုင်ပါတယ်
ကဲ့ အဲ့တော့ အရေးအကြီး ဆုံးက
မိမိကိုယ် မိမိ စိတ်ချမ်းသာအောင်ထားဖို့နဲ့
တန်ဖိုး ရှိအောင်နေထိုင်ဖို့ပဲ မဟုတ်လား
ဥပမာ - ရေနွေးပူ တစ်ခွက်ကို သင် ကြာကြာ ကိုင်ထားကြည့်လိုက်ပါ
သင်ကိုင်ထားသ၍ ကတော့ အဲ့ဒီ '' အပူဒဏ် ''ကို ကြိတ်မှိတ်ပြီး ခံစားနေရဦးမှာပဲ
သင် လွှတ်ချ နိုင်လိုက်မှသာ သင်အပူဒဏ်နဲ့ ဝေးသွားပြီး အဆင်ပြေသွားမှာဖြစ်တယ်
ဒီလိုပဲ သင်မှာရှိတဲ့ စိတ်ညစ်စရာတွေကို သင်တွေးနေသ၍ စိတ်ညစ်စရာတွေဟာ
ပိုကြီးထွားလာပြီး သင်ဆက်ပြီး စိတ်ဆင်းရဲနေရဦးမှာပါ
ဒါတွေကို မတွေးတော့ပဲ ဖြေရှင်းဖို့နည်းလမ်းရှာမှသာ အဆင်ပြေမှာပါ
တစ်ချို့က အိမ်အတွက် စိတ်ညစ်ကြတယ် တစ်ချို့က ချစ်သူရည်းစားအတွက် / တစ်ချို့က အလုပ်အတွက် / ငွေကြေးပြသနာအတွက်
အစရှိတယ် စိတ်ညစ်မှု့မျိုးဆုံပေါ့။
ဒါတွေကို ထိုင်ပြီးတော့ စိတ်ဆင်းရဲနေတာ
ကိုယ် ကို ကိုယ်
'' ပြစ်ဒဏ် '' ပေး အကျဉ်းချနေတာပါ
'' အဓိက '' ဘာလုပ်ရမှာလည်း ဖြေရှင်းနိုင်မဲ့ နည်းလမ်းရှာဖို့ပါပဲ
'' အကျိုးရှိရင် အကြောင်းရှိသလို ''
အခက်အခဲ ရှိရင် ဖြေရှင်းလို့ရမဲ့ နည်းလမ်းဆိုတာရှိစမြဲပါ
သင်တို့လွန်ခဲ့တဲ့ ၂ / ၃ နှစ်တုန်းကလည်း စိတ်ညစ်ဖူးမှာပါ
ဒါတွေက ခုချိန်မှာ ရယ်စရာ တစ်ခုသာသာ ဖြစ်သွားတာပဲလေ
အတွေ့အကြုံ နဲ့ သင်ခန်းစာ ဖြစ်သွားတာပဲလေ။
အပျော်တွေနဲ့ပဲ နေပါ / အပျော်တွေကို ဖန်တီးပါ / စိတ်ကို တတ်နိုင်သလောက် ပျော်အောင်ထားပါ။
'' လောက '' ကြီးက '' စိန်ခေါ်မှု့'' တွေ အရမ်းများတယ် ဆုံးရှုံးမှု့ဒဏ်တွေ / ဝမ်းနည်းကြေကွဲမှု့ ဒဏ်တွေ / ကို သင်မခံနိုင် ရင် '' စိန်ခေါ်မှု့'' တွေ များတဲ့ '' လောက'' ကြီးကို ဘယ်လို ဆက်ပြီး ရင်ဆိုင်မလဲ
#crd
2 012
ဒီစာလေးကို 🍁
စိတ်အရမ်းညစ်နေတဲ့ သူတွေ
လက်ရှိ အခြေအနေ တစ်ခုမှာ
အဆင်မပြေဖြစ်နေတဲ့ သူတွေအတွက်
ရည်ရွယ်ပြီး ရေးပေးထားလို့
ဖတ်ကြည့်စေချင်ပါတယ်။ ===========================
'' လောက '' မှာ...
ကိုယ့်ကို စိတ်ညစ် အောင်လုပ်တာလည်း
'' ကိုယ်ပါပဲ ''
ကိုယ် ကို ပျော်ရွှင်အောင် လုပ်ပေး နိုင်တာလည်း
'' ကိုယ်ပါပဲ ''
ကိုယ့် ကို အောင်မြင်အောင် လုပ်နေတာလည်း
'' ကိုယ်ပါပဲ ''
ကိုယ့် ကို ကျရှုံးအောင် ပြန်လုပ်တာလည်း
'' ကိုယ်ပါပဲ ''
'' အဓိက '' က ကိုယ့်ရဲ့ '' စိတ် '' ပါပဲ
စိတ် ဆိုတာ အရမ်းကြောက်ဖို့ကောင်းပါတယ်။
'' စိတ် ''ကောင်းထားတတ်ရင် တန်ဖိုးရှိတဲ့
'' ဆေးတစ်ခွက် '' ဖြစ်နိုင်ပြီး
မကောင်းတဲ့ '' စိတ် ''တွေ ထားမယ်ဆိုရင်တော့
ကြောက်စရာကောင်းတဲ့ '' ဘေး '' အန္တရာယ်
တစ်ခု ဖြစ်သွားနိုင်ပါတယ်
ကဲ့ အဲ့တော့ အရေးအကြီး ဆုံးက
မိမိကိုယ် မိမိ စိတ်ချမ်းသာအောင်ထားဖို့နဲ့
တန်ဖိုး ရှိအောင်နေထိုင်ဖို့ပဲ မဟုတ်လား
ဥပမာ - ရေနွေးပူ တစ်ခွက်ကို သင် ကြာကြာ ကိုင်ထားကြည့်လိုက်ပါ
သင်ကိုင်ထားသ၍ ကတော့ အဲ့ဒီ '' အပူဒဏ် ''ကို ကြိတ်မှိတ်ပြီး ခံစားနေရဦးမှာပဲ
သင် လွှတ်ချ နိုင်လိုက်မှသာ သင်အပူဒဏ်နဲ့ ဝေးသွားပြီး အဆင်ပြေသွားမှာဖြစ်တယ်
ဒီလိုပဲ သင်မှာရှိတဲ့ စိတ်ညစ်စရာတွေကို သင်တွေးနေသ၍ စိတ်ညစ်စရာတွေဟာ
ပိုကြီးထွားလာပြီး သင်ဆက်ပြီး စိတ်ဆင်းရဲနေရဦးမှာပါ
ဒါတွေကို မတွေးတော့ပဲ ဖြေရှင်းဖို့နည်းလမ်းရှာမှသာ အဆင်ပြေမှာပါ
တစ်ချို့က အိမ်အတွက် စိတ်ညစ်ကြတယ် တစ်ချို့က ချစ်သူရည်းစားအတွက် / တစ်ချို့က အလုပ်အတွက် / ငွေကြေးပြသနာအတွက်
အစရှိတယ် စိတ်ညစ်မှု့မျိုးဆုံပေါ့။
ဒါတွေကို ထိုင်ပြီးတော့ စိတ်ဆင်းရဲနေတာ
ကိုယ် ကို ကိုယ်
'' ပြစ်ဒဏ် '' ပေး အကျဉ်းချနေတာပါ
'' အဓိက '' ဘာလုပ်ရမှာလည်း ဖြေရှင်းနိုင်မဲ့ နည်းလမ်းရှာဖို့ပါပဲ
'' အကျိုးရှိရင် အကြောင်းရှိသလို ''
အခက်အခဲ ရှိရင် ဖြေရှင်းလို့ရမဲ့ နည်းလမ်းဆိုတာရှိစမြဲပါ
သင်တို့လွန်ခဲ့တဲ့ ၂ / ၃ နှစ်တုန်းကလည်း စိတ်ညစ်ဖူးမှာပါ
ဒါတွေက ခုချိန်မှာ ရယ်စရာ တစ်ခုသာသာ ဖြစ်သွားတာပဲလေ
အတွေ့အကြုံ နဲ့ သင်ခန်းစာ ဖြစ်သွားတာပဲလေ။
အပျော်တွေနဲ့ပဲ နေပါ / အပျော်တွေကို ဖန်တီးပါ / စိတ်ကို တတ်နိုင်သလောက် ပျော်အောင်ထားပါ။
'' လောက '' ကြီးက '' စိန်ခေါ်မှု့'' တွေ အရမ်းများတယ် ဆုံးရှုံးမှု့ဒဏ်တွေ / ဝမ်းနည်းကြေကွဲမှု့ ဒဏ်တွေ / ကို သင်မခံနိုင် ရင် '' စိန်ခေါ်မှု့'' တွေ များတဲ့ '' လောက'' ကြီးကို ဘယ်လို ဆက်ပြီး ရင်ဆိုင်မလ
2 012
အဖေဆိုတာ…
-
“ နေဦး သား .. ဖယ်ဖယ် .. အဖေတက်မယ်”
“ ဘာလို့လဲအဖေရ.. သားတက်ပါမယ်..”
“ နေပါကွာ.. ဒီအပင်ရဲ့အကြောင်းကို မင်းဘာမှသိတာမဟုတ်ဘူးရယ် ”
… ကျွန်တော့်စိတ်ထဲ ဇဝေဇဝါဖြစ်သွားသည်..
.. အဖေ ဘာကိုဆိုလိုတာလဲ ??? ဒီအပင်မှာ ကျွန်တော်မသိနိုင်တဲ့ ဘာအကြောင်းတွေများ ရှိနေလို့လဲ ???
ကျွန်တော် ဇဝေဇဝါနဲ့ တွေးနေတုန်းမှာပဲ အဖေက သရက်ပင်ကြီးပေါ်ကို လူငယ်လေးတစ်ယောက်လို တက်သွားခဲ့တယ်…
တကယ်တော့ ကျွန်တော့်အဖေရဲ့အသက်က ၆၈ နှစ်။
ဟုတ်တယ်.. တကယ်ဆို ဒီအသက်ဒီအရွယ်မှာ ဒီလိုမျိုးအပင်မြင့်မြင့်ပေါ်ကို မတက်သင့်တော့ဘူးလေ..
တစ်ခါတစ်ရံ သားအဖနှစ်ယောက် စကားပြောချိန်မှာ…
ရေနွေးကြမ်းငှဲ့တိုင်း အဖေ့ရဲ့လက်တွေ တုန်နေတတ်တာ ကျွန်တော်သိနေတာပဲ..
အပင်ပေါ်တက်သွားတဲ့အဖေကို အောက်ကနေ ကြည့်နေရင်းက ဖြစ်မှဖြစ်ပါ့မလားလို့ အတွေးတစ်စက ခေါင်းထဲဝင်လာမိတယ်..
“ အဖေ .. ဖြစ်ပါ့မလား ”
“ ရပါတယ်ကွ … မင်း အောက်ကနေပဲ လိုက်ကောက် ”
…
တကယ်တော့ မနက်ဖြန်ပြန်တော့မယ့် ကျွန်တော့်အတွက် လက်ဆောင်ထည့်ပေးဖို့ သူကိုယ်တိုင်စိုက်ထားတဲ့ သရက်ပင်တွေကနေ သရက်သီးတွေကို တက်ခူးနေတာပါ…
ကျွန်တော် ဘာမှ ပြောမနေတော့ပဲ အဖေခူးချလိုက်တဲ့ သရက်သီးတွေကို တစ်လုံးချင်း တစ်လုံးချင်း လိုက်ကောက်နေခဲ့လိုက်မိတယ်…
အလုံး ခြောက်ဆယ်ကျော် ခုနှစ်ဆယ်လောက်ရှိတော့
အဖေ့ကို အပင်ပေါ်ကဆင်းဖို့ မနဲပြောရတယ်…
“ တော်ပြီလားသားရ… မင်းတပည့်တွေက အများကြီးပဲဟာ… လောက်ပါ့မလား ”
“ လောက်ပါပြီအဖေရ… ဆင်းခဲ့တော့ ”
ဒီတော့မှ အဖေက အပင်ပေါ်ကနေ တဖြည်းဖြည်း ပြန်ဆင်းလာခဲ့တယ်..
တက်တုန်းက မြန်သလောက် ပြန်ဆင်းချိန်မှာ အရမ်းသတိထားပြီးဆင်းနေတာကို ကျွန်တော်သတိထားမိတယ်..
သြော်… ကျွန်တော့်အဖေ အတော်ကြီးကို အိုစာနေပီလေ…
“ ဖြေးဖြေးဆင်းနော် အဖေ ”
ကျွန်တော့်ကို စကားတောင် ကောင်းကောင်းပြန်မပြောနိုင်တော့
အောက်ရောက်တော့ အရမ်းကို မောနေပြီ…
အဖေမောနေတာကိုကြည့်ရင်း ဇဝေဇဝါဖြစ်နေတဲ့ ဒီအပင်ရဲ့အကြောင်းကို မေးကြည့်မိသည် ..
“ အဲဒါကြောင့်ပြောတာ … ကျွန်တော်တက်ပါမယ်ဆိုတာကို…
ဒါနဲ့အဖေ… ဒီအပင်မှာ ရုက္ခစိုးတွေ ဘာတွေ ရှိနေလို့လား… ???
ဘာထူးခြားတာရှိလို့ မတက်ခိုင်းတာလဲ ”
မောနေတဲ့ကြားက အဖေက ပြုံးပြီး ပြန်ဖြေတယ်…
“ ဘာမှ မရှိပါဘူးကွာ … သားက အလုပ်နဲ့အကိုင်နဲ့လေ…အဖေက ဘာအလုပ်မှ လုပ်တော့တာမဟုတ်ဘူးမို့လား”
“ အဲဒီတော့ ဘာဖြစ်လဲ အဖေရ ”
“ ဘာဖြစ်ရမှာလဲငါ့သားရ …
တကယ်လို့ အပင်ပေါ်က ပြုတ်ကျတာချင်းတူရင် အဖေက ဘာမှ အလုပ်ပျက်အကိုင်ပျက် ဖြစ်စရာမရှိဘူး…
ငါ့သားပြုတ်ကျခဲ့ရင် အလုပ်ပျက်အကိုင်ပျက်ဖြစ်မယ်…
မင်းဝင်ငွေမရှိတော့ရင် မင်းမိသားစုအခက်အခဲဖြစ်သွားမှာပေါ့…
ဒီထက်ပိုပြီး အရေးကြီးတာက တကယ်လို့ ပြုတ်ကျပြီး အသက်ဆုံးရှုံးတာချင်းတူရင်…
အဖေ့ရဲ့ သားတွေသမီးတွေအားလုံးက လူလားမြောက်ပြီးပြီ… အဖေစောင့်ရှောက်ပေးနေဖို့ မလိုတော့ဘူး…
အားလုံးက ကိုယ့်ဘဝကိုယ် ရပ်တည်နေနိုင်ကြပြီးပြီ…
ငါ့သားမှာက လူလားမမြောက်သေးတဲ့ သားနဲ့သမီးရှိသေးတယ်…
ဒီတော့ ငါ့သား အသက်ဆုံးရှုံးလို့ မဖြစ်သေးဘူး…
အဲဒါကြောင့် အဖေပဲတက်မယ်လို့ ပြောတာ ”
………………………………………………………
ဘာပြန်ပြောရမှန်း မသိအောင် ကျွန်တော်ဆွံ့အနေခဲ့မိတယ်..
ကျွန်တော့်ရဲ့မျက်ဝန်းထဲမှာ ဘယ်အချိန်ကနေရာယူလိုက်မှန်းမသိတဲ့ မျက်ရည်အချို့ ဝေ့ဝဲလာရင်း အဖေကို ပြေးဖက်မိတယ်…
ကျွန်တော်သိလိုက်တယ်…
အဖေဟာ ကျွန်တော်တို့ သားသမီးတွေနဲ့ပတ်သက်လာရင်
သားသမီးတင်မဟုတ်ပဲ သားသမီးတွေရဲ့ မိသားစုအတွက်ကိုပါ ပေးဆပ်ရဲသူတစ်ယောက်ဆိုတာကိုလေ…
… အဖေတွေရဲ့ စေတနာ၊ မေတ္တာတရားများအား တန်ဖိုးထားလေးစားနိုင်ပါစေဟု…
crd
မူရင်းရေးသားသူအားရိုသေလေးစားဂရဝထားလျှက်🙏🏻🙏🏻🙏🏻
Crd. to Owner
2 012
"တန်ဖိုးရှိသော စာ"
💟💟💟💟💟❣
၁။ ဘဝဆိုတာ တိုက်ပွဲတစ်ခုလိုပါပဲ လဲနေရင် ပြန်ထနိုင်အောင် ကြိုးစားပါ
၂။ လူတိုင်းမှာ ကိုယ်စီကိုယ်စီ ဖြေရှင်းနေကြရတဲ့ ဘဝပုစ္ဆာတွေ ရှိပါတယ် ဘယ်လိုဖြေရှင်းမလဲဆိုတာ အဓိကကျပါတယ်။
၃။ တခါတလေ မဖြစ်ချင်တာတွေ ဖြစ်လာရတဲ့အခါ အကောင်းဆုံးရင်ဆိုင် ကျော်ဖြတ်လိုက်ပါ
၄။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလုပ်တာ ပိုကောင်းပါတယ်။
၅။ အမှားတစ်ခုလုပ်မိတဲ့အခါ ဝန်ခံတတ်ပါစေ။
၆။ ဘဝသီအိုရီတွက်ချက်ရတဲ့အခါ မှားမှာကို မကြောက်ပါနဲ့ အမှားဆိုတာ အတွေ့အကြုံရဲ့ ဆရာတစ်ဆူလိုပါပဲ။
၇။ ဘယ်အလုပ်ကိုပဲလုပ်ရသည်ဖြစ်စေ တန်ဖိုးထားတက်အောင် ကြိုးစားပါ။
၈။ ပညာရှာတဲ့အရွယ်ပညာရှာ ကြင်ရာရှာတဲ့အရွယ် ကြင်ရာရှာပါ
ပညာရှာတုန်း ကြင်ရာမရှာမိပါစေနဲ့
ချစ်တာတစ်ခုတည်းနဲ့ ဘဝတစ်ခုတည်ဆောက်ဖို့ဆိုတာ မလုံလောက်သေးဘူး။
၉။ အသိပညာအတွက် မရှက်ပါနဲ့ ပညာရှာပမာသူတောင်းစားတဲ့။
၁၀။ သင့်ပတ်ဝန်းကျင်ရှိ လူအချို့က သင်အောင်မြင်တာကို အသိအမှတ်ပြုဖို့ မေ့နေကြပြီး သင်ကျရှုံးတဲ့အချိန် လက်ညိုးထိုးဖို့ စောင့်ကြည့်နေကြလိမ့်မယ်
၁၁။ လူတိုင်းကို မယုံမိပါစေနဲ့။ သင်နဲ့ပတ်သက်သူတိုင်း လက်ထဲမှာ မမြင်နိုင်တဲ့ ဓားတစ်လက်ရှိနေတတ်တယ်
၁၂။ ကိုယ့်အပေါ်အမှားလုပ်မိတဲ့အခါ ခွင့်လွှတ်နိုင်ဖို့ ကြိုးစားလိုက်ပါ။
၁၃။ ငွေကြေးနဲ့ပတ်သက်ရင် လူတိုင်းအပေါ် အယုံမလွယ်ပါနဲ့။
၁၄။ အားနာရင် ခါးပါတတ်တယ်။
မဖြစ်နိုင်ရင် လိမ်မားပါးနပ်စွာ ရဲရဲငြင်းဆိုပါ ။
၁၅။ မဖြစ်နိုင်တာကို မမျှော်လင့်ပါနဲ့
မျှော်လင့်ချက်က တနေ့ ဒုက္ခပေးတတ်တယ်။
၁၆။ ချစ်တော့ ချစ်ပါ။ နှလုံးသားနဲ့ အရင်ခံစားပြီးမှ ဦးနှောက်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါ။
၁၇။ ပေးကမ်းပါ စွန့်ကျဲပါ တစုံတခုပြန်ရဖို့ မမျှော်လင့်ပါနဲ့။
၁၈။ လူတိုင်းကို မချစ်နိုင်ရင်တောင် မမုန်းမိအောင် ကြိုးစားပါ။
၁၉။ စေတနာနဲ့မထိုက်တန်ခဲ့ရင် ဥပေက္ခာနဲ့ ပေးဆပ်လိုက်ပါ စိတ်အေးချမ်းပါတယ်။
၂၀။ မဖြစ်နိုင်ဘူးဆိုတာတွေ လက်ခံပါများလာရင် ဖြစ်နိုင်တာတွေ ကွယ်ပျောက်သွားတတ်တယ်။
၂၁။ အပြောမကောင်းရင်တောင် နားထောင်ကောင်းသူဖြစ်အောင် ကြိုးစားပါ။
၂၂။ နည်းနည်းပြောပြီး များများနားထောင်ပါ။
၂၃။ မပေးကမ်းနိုင်ရင်တောင် တတ်နိုင်သလောက် ကူညီပေးလိုက်ပါ လက်တစ်စုံဟာ ယူဖို့အတွက်ဖြစ်သလို ပေးကမ်းတတ်ဖို့လည်း လိုပါတယ်။
၂၄။ ချွေတာသင့်တာ ချွေတာပြီ စုဆောင်းသင့်တာ စုဆောင်းပါ ။ ရေတစ်စက်တန်ဖိုး ရေငတ်မှသိသလို ငွေတစ်ကျပ်တန်ဖိုး ငွေပြတ်မှ သိလာလိမ့်မယ်။
၂၅။ မသိရင် သိသလိုမနေပါနဲ့ ။ မသိရင်မေးပါ ။ အမေးရှိရင် အဖြေတစ်ခုတော့ ရလာမှာပဲ။
၂၆။ တနေ့ စာဖတ်ချိန်သီးသန့်ထားပါ။ စာဖတ်ခြင်းဖြင့် ဦးနှောက်လေ့ကျင့်ပျိုးထောင်ပါ။
၂၇။ သူဘယ်လိုလူလဲဆိုတာထက် ငါဘယ်လိုလူလဲဆိုတာ သုံးသပ်ပါ။
၂၈။ သူတပါးက လက်ညိုးမထိုးခင် ကိုယ်က လက်မထောင်နိုင်အောင် ကြိုးစားပါ။
၂၉။ အချိန်မီကျေးဇူးတင်စကားပြောဖို့ မမေ့သင့်သလို တောင်းပန်စကားပြောဖို့လည်း ဝန်မလေးမိပါစေနဲ့။
၃၀။ လူအချို့က ဝေဖန်လာရင် လက်ခံနိုင်ဖို့ ကြိုးစားပါ။
အောင်မြင်တဲ့လူတစ်ယောက်က ပတ်ဝန်းကျင်ရဲ့ ဝေဖန်ခြင်းဒဏ် ခံနိုင်ရည်ရှိကြရတယ် ။ ရဲရဲရင်ဆိုင်ဖြတ်ကျော်ပါ။
criedit
2 012
အမျိုးသမီးတွေ ရဲ့ ထင်ရှားစွာအကျိုးပေးတတ်သော မှဲ့ ၁၀ မျိုး
==========================
၁။ နဖူးပြင်၏ မျက်ခုံးအထက်နားတွင် မှဲ့မည်း
တစ်လုံးတည်းရှိလျှင် ဂုဏ်ဓနနှင့်ကျော်စောသော
လင်ယောက်ျားကို ရတတ်သည် ။ အိမ်ထောင်
ဆက်များတတ်သည် ။ သားယောက်ျားများ
ထွန်းကားသည့်မိခင် ဖြစ်ပါလိမ့်မည် ။
၂။ ညာဘက်နားထင် မျက်ခုံး၏ အနီးအနား
ပတ်ဝန်းကျင်တွင် မှဲ့ရှိလျှင် ငယ်ရွယ်စဉ်က ဆင်းရဲ၍ ကြီးသော် ချမ်းသာတတ်ပါသည် ။ အိုဇာတာ
ကံကောင်းမည် ။ မိမိသြဇာကို နာခံမည့်
လင်ယောက်ျားအား ရတတ်သည် ။ အလုပ်အကိုင်
မှန်သမျှကို ဦးစီးဦးဆောင် ပြုလုပ်တတ်သည် ။
သားယောက်ျားမွေးပြီး အကျိုးပေးတတ်သည် ။
၃။ အထက်နှုတ်ခမ်း (သို့) အောက်နှုတ်ခမ်း
အနီးတဝိုက်တွင် မှဲ့ရှိလျှင် မိမိကို ချစ်မြတ်နိုးသော ယောက်ျားများ ပေါများတတ်သည် ။ ယောက်ျားများ၏ နှစ်နှစ်ကာကာ ချစ်မြတ်နိုးခြင်းကို ခံရမည် ။
မိမိကိုယ်တိုင်လည်း အချစ်နှင့်ပတ်သက်လျှင် အစွဲအလမ်းစိတ် ကြီးတတ်သည် ။ အစားအသောက်ကောင်းများကို အထူးကြိုက်နှစ်သက်သူဖြစ်သည် ။
၄။ ဘယ်ဘက်ပါးပြင်မို့တွင် မှဲ့ရှိလျှင် စိတ်နု၍ အညှာလွယ်တတ်ပါသည် ။ တဖက်သားပြောလာသည့်စကားကိုမစဉ်းစားဘဲ အယုံလွယ်တတ်ပါသည် ။ ယောက်ျားများ၏ စိတ်ဝင်စားခြင်း ၊
အရေးပေခြင်းကို ခံရတတ်သည် ။
၅။ ညာဘက်ပါးပြင်မို့တွင် စံပယ်တင်မှဲ့ရှိလျှင်
လူချစ်လူခင်များတတ်သည် ။ စန်းအလွန်ပွင့်
တတ်သည် ။ လင်ယောကျာ်းအပေါ် သစ္စာရှိတတ်သည် ။ အလုပ်အကိုင် အဆင်ပြေ၍ အောင်မြင်
ကျော်ကြားမည် ။ ကံကောင်းသူ ဖြစ်တတ်ပါသည် ။
၆။ လည်ပင်းတွင် မှဲ့ရှိလျှင်
ချမ်းသာကြွယ်ဝတတ်ပါသည် ။
၇။ ဘယ် ညာ လက်မောင်း (သို့) ဘယ်လက်ဖျံ
ညာလက်ဖျံတွင် မှဲ့ရှိလျှင် ပင်ပင်ပန်းပန်း
လုပ်ကိုင်စားသောက်ခြင်း မပြုရဘဲ
အေးအေးချမ်းချမ်းနှင့် နေထိုင်ရတတ်ပါသည် ။
၈။ ညာဘက်သားမြတ် (သို့) ဘယ်ဘက်သားမြတ်
ပေါ်တွင် မှဲ့တလုံးထက်ပိုပြီး များစွာရှိလျှင် ငယ်စဉ်က မိဘတို့၏စွန့်ပစ်ခြင်းကို ခံရတတ်သည် ။ ပစ္စည်းချမ်းသာသော်လည်း စိတ်မချမ်းသာ ဖြစ်ရတတ်သည် ။လောဘရမ္မက် ကြီးတတ်သည်။ မုဆိုးမ
ဖြစ်တတ်ပါသည် ။ ကံဆိုးတတ်ပါသည် ။
၉။ ရင်၏အလယ်ဗဟိုတည့်တည့်တွင် မှဲ့ရှိလျှင် ပစ္စည်းဥစ္စာ ပြည့်စုံတတ်ပါသည် ။ မိမိအပေါ် အလိုလိုက် အကြိုက်ဆောင်မည့် လင်ယောက်ျားကို ရတတ်သည် ။သားကောင်း သမီးကောင်း ထွန်းကားတတ်သည် ။
၁၀။ မှဲ့စလွယ် ပါရှိလျှင် ငယ်စဉ်က ဆင်းရဲစေကာမူ ချမ်းသာကြွယ်ဝလာတတ်သည် ။ ကတော်မယား
ဖြစ်တတ်ပါသည် ။ လူသိများပြီး ထင်ရှား
ကျော်ကြားသော လင်ယောကျာ်းကို ရတတ်ပါသည် ။ မည်မျှဆိုးသွမ်းသော ယောကျာ်ား ဖြစ်စေကာမူ မိမိ၏သြဇာကို နာခံမည့်လင်ယောကျာ်းနှင့်
ပေါင်းဖက် နိုင်ပေတော့သတည်း ။crd
#Credit Orginal Uploader
by U Sai Tun Aye .
#ThitSanYadanar
2 012
လောင်းကစားဆိုတာ နိုင်လျှင်စွဲ ရှုံးလျှင်မဲ
နောက်ဆုံးတော့ ဘဝ ပျက်တတ်တယ်
လောင်းကစား နွံနစ်နေရင်
လုပ်ရမှာ တစ်ခုတည်း ရှိတယ်။
ရောက်တဲ့ နေရာမှာ ရပ်လိုက်ဖို့ပဲ။
တစ်သိန်းလား နှစ်သိန်းလား။
ငါးသိန်းလား သိန်းနှစ်ဆယ်လား တစ်ရာလား။
ဘယ်လောက် ပမာဏပဲ ဖြစ်ဖြစ်
အဲ့ဒီနေရာမှာ ချက်ချင်း ရပ်လိုက်ဖို့ လိုပါတယ်။
ရှုံးထားတဲ့ ပိုက်ဆံတွေကို ပြန်ရအောင် ယူမယ်
ဆိုပြီး ဆက်ဆော့နေတာဟာ ကျားခံတွင်းထဲက
အစာကို မရ ရအောင် နှိုက်ထုတ်နေသလိုပဲ။
ပြန်ရဖို့ထက် ထပ်ဆုံးရှုံးဖို့ပဲ ရှိတယ်။
ရှုံးနေတဲ့ တစ်သိန်းကနေ နောက်ထပ် သိန်းတစ်ရာ၊
ငါးသိန်းကနေ ဘဝပျက်တဲ့ထိ
ကုန်းကောက်စရာ မရှိတဲ့ထိ
တခဏချင်းမှာ ဖြစ်ပျက်သွားနိုင်တယ်။
လောင်းကစား သဘာဝ စစချင်း နိုင်မယ်။
ကံကြောင့်ဖြစ်ဖြစ် လူက လှည့်စားလို့ ဖြစ်ဖြစ်
ငွေတစ်ရာနဲ့ လောင်းကစားလုပ်ရင်
တစ်ထောင် ဖြစ်ကောင်း ဖြစ်လာနိုင်လိမ့်မယ်။
ကိုယ်က ဒါကို မက်မောပြီး ငွေများများနဲ့
ဆက်ဆော့တဲ့အခါ နောက်ပိုင်း ရှုံးနေရင်းနဲ့
နိုင်ဖို့ မပြောနဲ့ အရင်း ပြန်ရဖို့သာ
ဦးတည်ပြီး ဆော့ရပါလိမ့်မယ်။
လောင်းကစားနဲ့ ပတ်သက်ရင် နွံနစ်တယ်ဆိုတဲ့
စကားလုံး သုံးတာက အသင့်တော်ဆုံးပဲ။
ရုန်းထွက်မရအောင် နစ်တာမို့ပါ။
ပြန်ရမလား ပြန်ရမလားနဲ့ လိုက်နေရင်းကနေ
စိတ်ကုန် လူပမ်းလာလိုက်
နည်းနည်းပါးပါး ပြန်နိုင်လာတဲ့အခါ ပြန်စိတ်ပါလိုက်။
နိုင်တာက မဆိုစလောက် ဖြစ်လာရင်
ဝက်ဝက်ကွဲ ရှုံးထားတာတွေ ပြန်ရဖို့
လမ်းစလေး ရလာပြီဆိုပြီး ဆက်ဆော့လိုက်နဲ့
သံသရာလည်နေတာ။
ကိုယ့်မှာရှိတာကုန်ရင်
သူများဆီက လိုက်ချေးရလား ဝန်မလေးတော့ဘူး။
ပုံမှန် အခက်အခဲ ဖြစ်သလို မဟုတ်ဘဲ
အရမ်းလိုနေတာမို့ ဇောတွေကပ် အိနြေ္ဒမရဖြစ်ပြီး
အရမ်းလည်း ရှက်ဖို့ကောင်းတာ
သွေးအေးတဲ့အချိန် သိလိမ့်မယ်။
အချိန်ပြည့် စိတ်တို စိတ်ဆတ် စိတ်ဓာတ်ကျပြီး
လူမှုပတ်ဝန်းကျင်နဲ့ မိသားစုကိုပါ
အနှောင့်အယှက် ဖြစ်လာတတ်တယ်။
လိမ်ဖို့ ဘတ်ဖို့ ဝန်မလေးတော့ဘူး။
စာရိတ္တတွေပါ ထိခိုက်လာတတ်တယ်။
လောင်းကစားဆိုတာ တခါတလေ ကံစမ်းရုံ
အပျင်းပြေရုံ ပျော်ရွှင်စရာလေး တစ်ခုခုကို
ငွေကြေးရင်းပြီး ဖန်တီးရုံလောက်ပဲ ကောင်းတယ်။
ချမ်းသာချင်လို့ လောင်းကစား သွားမလုပ်နဲ့
မရပါဘူး။
ရှိသမျှ အကုန် တက်တက်စင်အောင်
ပြောင်ဖို့ပဲ ရာခိုင်နှုန်း အရမ်းများပါတယ်။
ကိုယ့်ပိုက်ဆံနဲ့ အပျော်မှ ရှာချင်တယ် ဆိုရင်
Shopping အေးအေးဆေးဆေး ပတ်မလား။
သူငယ်ချင်းတွေကို ဘီယာ လိုက်တိုက်ဦးမလား။
စုချင်ရင် ရွှေဝယ်ထားမလား
မိဘကို ကန်တော့ဦးမလား
အများကြီး လုပ်လို့ရတယ်။
အခုက ကိုယ့်လုပ်အားခနဲ့
သူတပါးကို လုပ်ကျွေးမိနေတာ။
ပျော်သလားဆိုတော့ မပျော်ရဘူး။
အိပ်ရေးပျက် စိတ်ဖိစီး မျက်လုံးကိုက်
လူက မိုးလင်းလာလို့မှ ကျက်သရေမရှိ။
ကိုယ်ရည်ကိုယ်သွေးနဲ့ အချိန်တွေပါ ပေးဆပ်လိုက်ရတာ။
အကြံပေးချင်တာကတော့
လောင်းကစားကြောင့် အကြွေးပိနေလား။
ရပ်လိုက်ပါတော့။
အဲ့နေရာမှာတင် ရပ်လိုက်ပါ။
ပြန်လိုက်ယူဖို့ မကြိုးစားပါနဲ့တော့။
ဘယ်က ပိုက်ဆံနဲ့ ဆပ်ရမှာလဲလို့ မပြောခင်
ဘယ်က ပိုက်ဆံနဲ့ ဆက်ဆော့မှာလဲလို့ ပြန်မေးပါ။
ငွေတွေ ရှာရှာလာပြီး တွင်းနက်ကြီးထဲ
ပစ်ချနေတာတွေ တော်လိုက်ပါတော့။
အပိုဝင်ငွေလေး ရချင်လို့
ဆိုင်ကယ်လေး ဝယ်ချင်လို့
အမေ့ကို အိမ်ဆောက်ပေးချင်လို့
ဖုန်းလေး လဲချင်လို့
အကြောင်းမျိုးစုံနဲ့ လောင်းကစားနွံနစ်နေသူတွေ
တကယ်ပဲ ရည်မှန်းချက် ပြည့်ပြီလား။
ပြည့်ဖို့ရော အလားအလာ ရှိလား
ကိုယ့်အရင်းတောင် ကိုယ်ပြန်ရအောင်
စိတ်ရောလူပါ ပင်ပန်းဆင်းရဲစွာ ဆော့နေရတယ်မလား။
အရာရာတိုင်းမှာ ထွက်ပေါက်ရှိပါတယ်။
အကြွေးရှိနေရင် အလုပ် နှစ်ဆလုပ်။
ဂိမ်းတောင် တစ်ညလုံး မအိပ်ဘဲ ဆော့နိုင်သေးတာပဲ။
ကြွေးရှင်တွေကို ပြေရာပြေကြောင်း တောင်းပန်ပြီး
မရှောင်ပုန်းဘဲ ကောင်းကောင်းရင်ဆိုင်ပါ။
အချိန်တစ်ခုလောက် ရအောင် တောင်းပါ။
မိဘရှိရင် ကူညီပေးမယ့်သူရှိရင် အကူညီတောင်းပါ။
ကတိတည်ပါ။
အချိန်တစ်ခုအတွင်းမှာ
ပြသနာတွေ ဖြေရှင်းနိုင်သွားပါလိမ့်မယ်။
ဆက်မမိုက်မဲချင်ဖို့ပဲ လိုတာပါ။
ရုန်းထွက်နိုင်ပါစေ။
နောက်ဆုံး မှတ်ထားဖို့က လောင်းကစားဆိုတာ နိုင်လျှင်စွဲ ရှုံးလျှင်မဲ နောက်ဆုံးတော့ ဘဝ ပျက်တတ်တယ်။
Crd.
#ဘဝရဲ့ခရီးသည်
2 012
ပတ်ဝန်းကျင်ဆိုတာ........ 👇🏻👇🏻👇🏻
ယောင်္ကျားမရှိပဲ ကလေးမွေးတော့
" လင်ကောင်မဖော်နိုင်ပဲ မွေးတဲ့ကလေး ..."
ယောင်္ကျားယူပြီး ကလေးရပြန်တော့လဲ
မင်္ဂလာဆောင်တဲ့ အချိန်တွက်
" ဗိုက်ကြီးလို့ ယူလိုက်ရတာလေ "
ယောင်္ကျားရှိရက်နဲ့
အကြောင်းကြောင်းကြောင့် ကလေးမယူတဲ့သူက်
" မြုံနေတာလားမသိဘူး "
ကိုယ့်ယောင်္ကျားနဲ့ကိုယ် အဆင်ပြေလို့
ကလေးယူပြန်တော့လဲ (၃) ယောက်ထက်ပိုယူကြည့်
" အမလေး ကလေးမွေးတဲ့စက်ရုံကျနေတာပဲ "
အဲ ကလေးတစ်ယောက်ပဲ မွေးထားပြန်တော့လဲ
" ဟဲ့တစ်ယောက်ထဲမွေးမှာလား ထပ်မွေးလေ
ကလေးက တစ်ကောင်ကြွက်ဖြစ်နေမယ်"
လက်ထပ်ဖို့ အဆင်မပြေသေးလို့
အချိန်တွေကြာနေပြန်တော့လဲ
" ခိုးစားနေတာနဲ့ပဲ ကျေနပ်နေကြတာလေ "
အချိန်မဆွဲပဲ လက်ထပ်လိုက်ကြပြန်တော့လဲ
" အမလေး ဘယ်ချိန်ထဲက လင်လိုချင်နေတာလဲမသိဘူး"
ယူပြီး အဆင်မပြေကြလို့ ကွဲလိုက်ပြန်တော့
" တစ်ခုလပ်ဖြစ်ပြီ ကြည့်နေ ယွပြပါတော့မယ်"
အဆင်မပြေပေမယ့် သည်းခံပေါင်းနေပြန်တော့လဲ
" အရူးအမဲသား ကျွေးထားသလိုပဲ
ဒီလင်ကို ဘာစွဲလန်းနေမှန်းမသိဘူး "
အိမ်ထောင်ရေးစိတ်မဝင်စားလို့
အပျိုကြီးလုပ်နေပြန်တော့လဲ
" ဘယ်တော့ယူမှာလဲ တယောက်ထဲနေတော့မှာလား
မောင်တစ်ယောက်ပင်ရှိလင့်ကစား
လင်တစ်ယောက်မရှိရင် မတင့်တယ်ဘူးတဲ့ " ...
အဲ အပျိုကြီးကနေ အိမ်ကပေးစားလို့ဖြစ်ဖြစ်
ဖူးစားပါလို့ဖြစ်ဖြစ် ယောင်္ကျားသာရကြည့်
" ဒီအရွယ်ရောက်မှ လင်က ထယူရေသး "
ဒါကို ပတ်ဝန်းကျင် ဟု ခေါ်သည်...။
#CD
2 012
🔟 သူများပြောတိုင်း ခံစားမနေနဲ့
“မင်းဘာလုပ်လုပ် လူတွေကတော့ ပြောကြမှာပဲ” ဆိုတာတွေ ကြားဖူးကြတယ်မလား။ အမှန်ပဲလေ ချစ်တဲ့သူက အကောင်းပြောမယ် မကြိုက်တဲ့သူက အတင်းတုပ်မယ် ဘေးလူတွေက ဝေဖန်မယ် မုန်းတဲ့သူတွေက အပုပ်ချကြမှာပဲ။ အားလုံးနောကျေနေကြတဲ့ အမှန်တရားပဲကို ဘာများကြီးကြီးကျယ်ကျယ် ခံစားနေစရာ လိုလို့လဲ။ သူက မလှဘူး ပြောတိုင်း အဲလို အလှအပမခံစားတတ်တဲ့သူအတွက် ယုံကြည်ချက်ပျောက်နေစရာ မလိုပါဘူး အလှပျက်တယ်။ ဂရုမစိုက်နဲ့။ ပတ်၀န်းကျင်က ကိုယ့်ကို အမျိုးမျိုး အကောင်းရော အဆိုးရော နည်းလမ်းပေါင်းစုံ ပြောလိမ့်မယ်။ လူငယ်တွေကိုဆို ပိုတောင်ဆိုးသေးတယ် တစ်ကွက်မှ မကျန်အောင်ကို ပြောကြတာ။ ထားလိုက် ကြားရင်လည်း ယူသင့်တာယူ၊ ပြင်သင့်တာပြင်၊ မလိုတာတွေကိုတော့ ထုတ်ချလိုက်ပါ။ သူများပြောတိုင်း ခံစားပြီး ငယ်ရွယ်နေတုန်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်တွေ မပျောက်ပါစေနဲ့နော်။ အဲလိုပြောတဲ့ လူတွေရှေ့ဆို ခေါင်းသာမော့ထားလိုက်ပါ။
လူငယ်လေးတွေရဲ့ ဘ၀ဆိုတာ ဒီလိုအရသာအစုံလေး မြည်းစမ်းကြည့်ဖူးမှ ပျော်ဖို့ကောင်းတာနော်။ လုပ်ကြည့်သင့် တာလေးတွေရော၊ ရှောင်သင့်တာလေးတွေရော၊ ဆောင်သင့်တာလေးတွေရော ပြောပြပြီးပြီဆိုတော့ ဘယ်လို ဆက်လုပ်သင့်လဲ သိကြမယ် ထင်ပါတယ်။ ပြောခဲ့ပြီးသလိုပဲ လူငယ်ဘ၀ဆိုတာ တစ်သက်မှာ တစ်ခါပဲမို့ တန်ဖိုးရှိရှိ အကျိုးရှိရှိ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါနော်။ ဒါမှ မလုပ်ခဲ့မိတာတွေအတွက် နောင်တမရမှာပါ။
အားလုံးပဲ ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ လူငယ်ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ။
__________
#𝘾𝙧𝙚𝙙𝙞𝙩_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡 𝙒𝙧𝙞𝙩𝙚𝙧
