en
Feedback
Saw Nay Thar Channel

Saw Nay Thar Channel

Open in Telegram

Facebookမှာ ခဏခဏ အပိတ်ခံရလို့ဖွင့်လိုက်တာဖြစ်ပါတယ်

Show more
2 105
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
photo content
+9

■ ၁၀၂၇ စစ်ဆင်ရေး ၄၈နာရီအတွင်း စစ်ကောင်စီ တပ်စခန်း ၄၀ နီးပါး၊ တင့်ကား ၂ စီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီသေဆုံး အောက်တို့ဘာ ၂၈ ရက်နေ့ ညနေပိုင်းအထိ မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ထုတ်ပြန်ချက်အရ ၁၀၂၇ စစ်ဆင်ရေး ၄၈နာရီအတွင်း စစ်ကောင်စီ တပ်စခန်း ၄၀ နီးပါး၊ တင့်ကား ၂ စီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ သေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။ ထို့အပြင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယနေ့တွင် စစ်သုံ့ပန်း ၁၀ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ပြီး ချင်းရွှေဟော်မြို့ ပတ်ဝန်းကျင် စစ်ကောင်စီ တပ်စခန်းအားလုံးကို သိမ်းပိုက်လိုက်ပြီး မြို့ကိုလည်း အပြည့်အ၀ ထိန်းချုပ်ထားပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးကို ဒုတိယနေ့အောက်တိုဘာလ ၂၈ ရက်နေ့အထိ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့၏ အကြီးအသေး စခန်းပေါင်း ၄၀ ကျော် သိမ်းပိုက်နိုင်ခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ က ထုတ်ပြန်ချက်က ဆိုသည်။ အောက်တိုဘာလ ၂၈ ရက်နေ့ နေ့လည် ၁၂ နာရီကျော်တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်ကိုးကန့် MNDAAက မုံးကိုးခရိုင် ၊ မုံးကိုးဒေသ ၊ ဖောင်းဆိုင်ကျေးရွာအုပ်စု၊ မန်ပင်တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့၏ သံချပ်ကာ ၂ စီးကို သိမ်းဆည်းခဲ့သည်။ အဆိုပါ ၁၀၂၇ စစ်ဆင်ရေး ဒုတိယနေ့ မှာလည်း မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်ကြသည့် AA, TNLA နှင့် MNDAA တို့အပါအဝင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်များနှင့် တပ်စခန်းများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယနေ့ အောက်တိုဘာ ၂၉ ရက်နေ့ နံနက်ပိုင်းတွင်လည်း ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နောင်ချိုမြို့နယ်နှင့် သိန္နီမြို့နယ်တို့တွင် တိုက်ပွဲများဆက်လက်ဖြစ် ပေါ်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ လားရှိုးဒေသပြည်သူတစ်ဦးက "အခုမနက် ၄ နာရီ ၄၀ မှာတော့ လားရှိုး ခမရ ၅၀၇ တပ်ဘက်မှာ ပစ်ခတ်မှု စဖြစ်တယ်။ ကုန်းညောင်နဲ့ ပန်ဟုန်ဘက်မှာ ဖြစ်တယ်။ နောက်တစ်ခါ ခလရ ၄၁ တပ်ဘက်မှာလည်း တိုက်ပွဲတွေဖြစ်တယ်။ မနက်အစောကြီးက နမ့်ကျန် ဘူတာဘက်မှာ ပစ်ခတ်မှုတွေဖြစ်တယ်။ ဟူးမွန်ရွာဘက်မှာလည်းဖြစ်တယ်။ လားရှိုး စစ်ဌာနချုပ်နဲ့ ဒကစထဲကနေ တစ်ညလုံးပဲ အတွဲလိုက်ဒုန်းတွေ ပစ်တယ်"ဟုပြောသည်။ အောက်တိုဘာ ၂၈ ရက်နေ့ TNLA နှင့် မန္တလေး PDF များပူးပေါင်း၍ ရှမ်းပြည်နယ်၊ မြောက်ပိုင်း နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာရှိ နတ်စင်ကုန်း စစ်တပ်စခန်းကို အပြီးအသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာအနီးတွင် ပစ်ခတ်မှုများဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ အသိမ်းခံလိုက်ရသော သံဘိုကျေးရွာ နတ်စင်ကုန်း စစ်ကောင်စီ စစ်စခန်းတွင် တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၉ နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ ၈၈ တို့ တပ်စွဲထားသော စစ်စခန်းဖြစ်ကြောင်း သိရသည်။

photo content
+4

လားရှိုးမြို့နယ်မှ စစ်ကောင်စီတပ်၏ တိန်းတန်စခန်းကို TNLA သိမ်းပိုက် 28 October 2023 - Kachinwaves TNLA က လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ တိန်းတန်တပ်စခန်းကိုလည်း ယမန်နေ့ နံနက်ပိုင်း ၅ နာရီခွဲအချိန်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သိမ်းပိုက်နိုင်ခဲ့သည်ဟု ယနေ့ထပ်မံ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ အောက်တိုဘာ ၂၇ ရက်နေ့တွင် “နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း - နမ့်ဖတ်ကားလမ်း (၁၃) မိုင် တပ်စခန်း၊ (၁၂) မိုင် တပ်စခန်းနှင့် မန်မိုင်တပ်စခန်း(မိုက်ခရိုဝိတ် တာဝါတိုင်တပ်စခန်း) တို့ကို နံနက်ပိုင်း (၄)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။”ဟု TNLA က ယမန်နေ့ကပဲ သတင်းထုတ်ပြန်ခဲ့သည်။ TNLA ၏ သတင်းထုတ်ပြန်ချက်အရ ယမန်နေ့က စစ်ကောင်စီတပ်စခန်း ၅ ခုကို TNLA က တိုက်ခိုက်ခဲ့ရာ စခန်း ၄ ခုကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ === ဆက်စပ်သတင်းဖတ်ရန် link https://m.facebook.com/story.php?story_fbid=727964672700759&id=100064616984622&mibextid=Nif5oz === ပုံ - PSLF/TNLA (သတင်းနှင့် ပြန်ကြားရေး)

photo content

မန္တလေး တံတားဦးလေတပ်မှ ရဟတ်ယာဉ်နှင့် ဂျက်တိုက်လေယာဉ်များ ရှမ်းပြည်မြောက်ပိုင်းသို့ တောက်လျှောက်တက်နေ ရန်ကုန်၊ အောက်တိုဘာ ၂၇ မန္တလေး တံတားဦးလေတပ်မှ ရဟတ်ယာဉ်နှင့် ဂျက်တိုက်လေယာဉ်များ ရှမ်းပြည်မြောက်ပိုင်းသို့ တောက်လျှောက်တက်နေကြောင်း ဒေသပြည်သူများ နှင့် ကင်းထောက်အဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၂၇ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်ဝန်းကျင်မှစတင်၍ တိုက်ခိုက်ရေး ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များ တောက် လျှောက် ဆိုသလို တက်နေပြီး တိုက်ပွဲများဖြစ်ပွားနေသည့် ရှမ်းပြည်နယ်၊ မြောက်ပိုင်းသို့ ဦးတည် ပျံသန်းနေကြောင်း ၊ ဂျက်တိုက်လေယာဉ် အနည်းဆုံး ၃ စီးထက် မနည်း တက်သွားပြီး ရဟတ်ယာဉ် ၂ စီး၏ အသံလည်းကြားရကြောင်း ဒေသ ပြည်သူများက ဆိုသည်။ "ရဟတ်ယာဉ်သံလည်း ကြားရတယ်။ တိုက်လေယာဉ်သံတွေလည်း ကြားရ တယ်" ဟု မန္တလေးဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

photo content
+2

photo content
+1

ခွင့်ပြုချက်ရလို့ တင်ပါတယ်။ ရှမ်းမြောက်မှာ ညီနောင်သုံးဖွဲ့ရဲ့ ထိုးစစ် Update အခြေအနေကတော့ ချင်းရွှေဟော်ကို အတော်လေးစီးထားနိုင်ပြီးဖြစ်သလို လပ်တီးဘက် အကျအဆုံးများ။ (ပုံတွေကြည့်ချင်ရင် Telegram မှာရှိ) လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းမှာ တိုက်ပွဲတွေ ပြင်းထန်နေ။ လားရှိုးလေယာဉ်ကွင်း ပျက်စီးမှုရှိ၊ အတက်အဆင်းမရတော့တဲ့။ တော်လှန်ရေးဘက်ခြမ်းက အခုထိ ပွဲတိုင်းနိုင်နေတဲ့။ ကဲ…. 😊

photo content
+5

■ ဂါဇာဆေးရုံတိုက်ခိုက်ခံရပြီး လူ ၅၀၀ ခန့်သေဆုံး၊ သမ္မတဂျိုးဘိုင်ဒင်နှင့်တွေ့ဆုံပွဲကို ဂျော်ဒန်ဖျက်သိမ်း Western News| အောက်တိုဘာ ၁၈ ဂါဇာအလယ်ပိုင်းရှိ အန်ဂလီယန် ခရစ်ယာန်အသင်းက ဖွင့်ထားသောဆေးရုံကို အစ္စရေးစစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၅၀၀ ခန့်သေဆုံးကြောင်း ဟားမတ်စ်အာဏာပိုင်များက ပြောသည်။ ဂါဇာအလယ်ပိုင်းရှိ Al-Ahli Arab ဆေးရုံတိုက်ခိုက်ခံရချိန်တွင် ဆေးရုံ၌ ဒဏ်ရာရလူနာများသာမက မြောက်ပိုင်းမှ ထွက်ပြေးတိမ်းရှောင်လာသော ပါလက်စတိုင်းများ ခိုလှုံနေခဲ့ကြသည်။ သေဆုံးသူအရေအတွက်ကို အတည်ပြုနိုင်ခဲ့ပါက ၂၀၀၈ နောက်ပိုင်း အစ္စရေးလေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် သေဆုံးမှု အများဆုံးဖြစ်လာနိုင်မည်ဖြစ်သည်။ ဆေးရုံတိုက်ခိုက်ခံရပြီးနောက် ဂျော်ဒန်နိုင်ငံက အမေရိကန်သမ္မတနှင့် တွေ့ဆုံပွဲကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီး စစ်ကို ရပ်တန့်ရေးကလွဲ၍ အခြားပြောဆိုရန် မရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ယနေ့ အောက်တိုဘာ ၁၈ ရက်နေ့တွင် အစ္စရေးနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ယင်းနောက် ဂျော်ဒန်သို့ ထပ်မံသွားရောက်ကာ ဂျော်ဒန်ဘုရင်၊ အီဂျစ်သမ္မတနှင့် ပါလက်စတိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ်ထားခြင်းဖြစ်သည်။ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ ၂ က ဆေးရုံတိုက်ခိုက်ခံရမှုကို လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အတွက် ရှက်စရာဖြစ်ကြောင်း ကြေညာခဲ့သည်။ ပါလက်စတိုင်းဒုက္ခသည်များကို ကူညီပေးနေသော ကုလသမဂ္ဂကလည်း ယခုဖြစ်ရပ်သည် အလွန်ရက်စက် ကြမ်းကြုတ်ပြီး ပြည်သူများ၏ အသက်ကို အလေးမထားဘဲ ပြောင်ပြောင်တင်းတင်း ကျူးလွန်မှုကို ပြသနေကြောင်း ဆိုထားသည်။ ဆေးရုံသည် နေမကောင်းသူများနှင့် ဒဏ်ရာရရှိသူများသာမက အိမ်စွန့်ခွာထွက်ပြေးလာရသော ပြည်သူများကို လက်ခံကူညီပေးထားကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးက ဆိုသည်။ ဟားမတ်စ်အဖွဲ့ကလည်း အစ္စရေးတို့ ဆေးရုံကို လေကြောင်းတိုက်ခိုက်မှုသည် လူမျိုးတုံးသတ်ဖြတ်မှုဟု အပြစ်တင်ထားသည်။ အစ္စရေးဘက်ကမူ ဆေးရုံတိုက်ခိုက်မှုသည် ၎င်းတို့ဘက်က တိုက်ခိုက်မှုမဟုတ်ဘဲ ပါလက်စတိုင်း အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့က ဒုံးကျည်ပစ်ခတ်မှုအတွင်း လမ်းကြောင်းလွဲကာ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ထားသည်။ ဂါဇာကမ်းမြောင်ဒေသ၏ ဒုတိယအကြီးဆုံးလက်နက်ကိုင်အဖွဲ့ဖြစ်သော ဂျီဟတ်အဖွဲ့ကလည်း ၎င်းတို့ ပစ်ခတ်မှု မဟုတ်ကြောင်း ငြင်းဆိုထားသည်။ ဂါဇာမြောက်ပိုင်းကနေ ပြည်သူများ စွန့်ခွာကြရန် အစ္စရေးစစ်တပ်က ကြိုတင်သတိပေးထားကတည်းက ပါလက်စတိုင်း ၆ သိန်းကျော်အထိ တောင်ပိုင်းကို ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရသည်။ ၁၁ ရက်ကြာ အစ္စရေး-ဟားမတ်စ်အရေးကြောင့် အစ္စရေးဘက်တွင် သေဆုံးသူ ၁၄၀၀ ကျော်ရှိခဲ့ပြီး ဂါဇာဘက်တွင် သေဆုံးသူ ၃၀၀၀ ခန့် ရှိလာပြီဖြစ်သည်။ Ref: Aljazeera, BBC, Reuters

ကျွန်တော် page အသစ်ဖြစ်ပါတယ် အပန်းမကြီးရင် follow လုပ်ထားနိုင်ပါတယ်

photo content

ဒီချိန်မှာ အားလုံးကြပ်တည်း၊ခက်ခဲ နေတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ အားနာနာနဲ့  Campaing တစ်ခု လုပ်ပါရစေ။ ဆန်အိတ်(500)campaing လေးပဲဖြစ်ပါတယ်။ တစ်ခါမှလည်း campaing မလုပ်ဖူးပါဘူး။ဒီတစ်ခါ တကယ်လိုအပ်လို့လုပ်တာဖြစ်ပါတယ်။ ဆန်(25)ပြည်တစ်အိတ် ၈၀၀၀၀ကျပ် ​ဖြစ်ပါတယ်။ တစ်ပြည်ကို ၃၂၀၀ ကျပ်ကျသင့်ပါတယ်။ တစ်အိတ်တတ်နိုင်တဲ့လူတွေက တစ်အိတ် အိတ်ဝက်တတ်နိုင်သူကအိတ်ဝက်ပေါ့ တစ်အိတ်ဖိုးမတတ်နိုင်သူတွေအတွက် တစ်ပြည်ဖိုးကူညီလည်းလက်ခံပါတယ်။ နည်းသည်ဖြစ်စေ၊များသည်ဖြစ်စေ အားလုံးလက်ခံပါတယ်။ တော်လှန်ရေး အမြန်ပြီးဖို့ အဓိက ပြည်သူတွေ ရဲ့ အားလိုအပ်ပါတယ်။ ပြည်သူတွေရဲ့ အားပေးထောက်ခံမှုမရှိရင် ကျွန်တော် တို့ဘာမှလုပ်လို့မရပါဘူး။ စည်းလုံးခြင်းမှအောင်ခြင်းဆီသို့ #SawNayThar #campaing #rice500

photo content

ဒါက အစ္စရေး-ပါလာစတိုင်း မှာမဟုတ်ပါဘူး အခုကျွန်တော်တို့တိုင်းရင်းသားတွေနေထိုင်တဲ့ ကချင် လိုင်ဇာက စစ်ရှောင်စခန်း ကပါ။

+1

photo content
+5

Breaking News- KIA/KIO ဌာနချုပ်ရှိရာ လိုင်ဇာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ကလေးငယ် ၁၃ ဦး အပါအဝင် ပြည်သူ ၃၂ ဦး သေဆုံး ရန်ကုန်၊ အောက်တိုဘာ ၁၀ ကချင်ပြည်နယ်၊ KIA/KIO ဌာနချုပ်ရှိရာ လိုင်ဇာသို့ စစ်ကောင်စီတပ်က လက် နက်ကြီးများဖြင့် ပစ်ခတ်ရာ ကလေးငယ် ၁၃ ဦး အပါအဝင် ပြည်သူ ၃၂ ဦး ထက် မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူလည်းများပြား ကြောင်း KIA သတင်း ရင်းမြစ်နှင့် လိုင်ဇာဒေသခံတချို့ထံမှ သိရှိရသည်။ အောက်တိုဘာလ ၉ ရက်နေ့ ည၁၁ နာရီကျော်အချိန် စစ်တပ်က လက်နက် ကြီးများဖြင့် တောက်လျှောက် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ယနေ့ နံနက် ၁ နာရီအချိန်တွင် လက်နက်ကြီးကျည်သည် လိုင်ဇာရှိ အရပ် သားပြည်သူများနှင့် စစ်ဘေးရှောင် ပြည်သူများ နေထိုင်ရာ မုန်လိုင်ချက် စစ်ဘေးရှောင်စခန်းသို့ ကျရောက်ပြီး ကလေးငယ် ၁၃ ဦး၊ အမျိုးသမီးများ အပါအဝင် ပြည်သူ ၃၂ ဦး သေဆုံးကြောင်း၊ ဒဏ်ရာရရှိသူလည်း များပြားကြောင်း သိရှိရသည်။ "မနေ့ည သန်းခေါင်ယံချိန်မှာ လက်နက်ကြီးတွေ တောက်လျှောက်ပစ်တာမှာ အရပ်သားပြည်သူတွေနေထိုင်တဲ့ စစ်ဘေးရှောင် Camp ဘက်ကို လက်နက် ကြီး ကျပြီး သေဆုံးသူများတယ်။ ကလေးတွေ ရော အမျိုးသမီးတွေရော အများ ကြီး သေတာ။ ၃၂ ဦး အတည်ပြုနိုင်ပြီ။ ကလေး ၁၃ ဦးပါတယ် " ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သော မုန်လိုင်ချက်စစ် ဘေးရှောင် စခန်းသည် လိုင်ဇာမြို့နှင့် ၂ မိုင်အကွာတွင် တည်ရှိကြောင်း သိရှိရသည်။ Oct 10,2023 သတင်း-ခေတ်သစ်