en
Feedback
Saw Nay Thar Channel

Saw Nay Thar Channel

Open in Telegram

Facebookမှာ ခဏခဏ အပိတ်ခံရလို့ဖွင့်လိုက်တာဖြစ်ပါတယ်

Show more
2 105
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
စစ်ကောင်စီတပ်က လူတွေ ထွက်လာချင်ရင် ကျွန်တော်နဲ့ဆက်သွယ်လိုက်ပါ။ အသက်အာမခံပေးပါတယ်။ လက်နက်တော့ပါလာအောင်ယူခဲ့ပါ။ SNT. 14/11/23

တပ်မဟာ (6)တောင်ပိုင်းတိုင်း စုပေါင်းတပ်တွေ ဆော်ချက် ခွေးတွေ တသ်ကောင်တစ်ကောင် သေ

နေပြည်တော် အသိမ်းခံရရင်တောင် ဘောမတစ်စုက သူတို့နိုင်နေတုန်းလို့ လိုင်းပေါ် မှာအော် နေအုံးမယ်။ မင်းတို့ဦးနှောက်က မင်းတို့အဘနဲ့ လိုက်သားနော်။ Saw Nay Thar 13/11/23

အားလုံးက အိမ်ပြန်ရတော့မယ်ဆိုတဲ့စိတ်ပျော်နေကြတယ်မဟုတ်လား။. ပန်းဝင်ခါနီးနီးလေလေ ပိုအားစိုက်ဖို့လိုလေလေပဲနော် အားလုံးတွန်းမှရွေ့မဲ့အရာတွေပါ။ ငါမှာတာဝန်ရှိတယ်ဆိုတဲ့စိတ်ကလေးနဲ့ လူပီသစွာတစ်ထောင့်တစ်နေရာ ပါဝင်ကြဖို့ တိုက်တွန်းလိုပါတယ်။ တော်လှန်ရေး အောင်​တော့မည်။ Saw Nay Thar 13/11/23

Good News စစ်ကြောင်းတစ်ကြောင်းလုံး sold out တောင်ပိုင်းတိုင်း ဆော်ချက် စစ်ကြောင်း တစ်ကြောင်းလုံး ကရင်တာလပေါ့ ချက်လိုက်ပြီး ဘောမ ရပ်ကွက် ရင်စို့အောင်လို့ လာပြောပြတာ ဘောမ ရပ်ကွက် အတွက် 13/11/23 ဟာ တကယ့် unlucky Dayပဲ 😛😛 ဘောမတွေ မယုံလည်းပြသနာမရှိ မကြာခင် သက်သေပုံနဲ့တကွတက်လာတော့မယ်။ Saw Nay Thar 13/11/23

photo content

ဒီလကုန်ရင် ဆန်အိတ် ၅၀၀ campaign လည်းရပ်တော့မှာဖြစ်ပါတယ်။ အခုချိန်ထိတော့ ၅၀%ကျော်လေးရထားပြီးပါပြီ ပါဝင်မယ်ဆိုရင်မှီပါသေးတယ်။ ပါဝင်ပေးတဲ့အယောက်ချင်းစီတိုင်းနှင့်ပါဝင်လာမဲ့သူအယောက်စီတိုင်းကို အထူးကျေးဇူးတယ်။ အားလုံး ဘုရားသခင် ကောင်းကြီးပေးပါစေ စည်းလုံးခြင်းမှအောင်ခြင်းဆီသို့ ဒီ မှာ( Like,share, Love, Care,Suprise ) reaction တစ်ခုခုပေးထားခြင်းအားဖြင့် ကူညီရာရောက်ပါတယ်။ Saw Nay Thar 11.11.23

အကူအညီတောင်းပါရစေ

photo content
+1

မယ်စဲ့မြို့နယ် ပန်တိန်းရွာရှိ စစ်ကောင်စီစခန်းသုံးခုကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက် ▪️စစ်ကောင်စီတပ်သား ၂၀ဦးထက်မနည်းသေ၊ ကရင်နီပြည်၌ '၁၀၂၇ စစ်ဆင်ရေး'စတင်ခြင်းဟု အသိပေး ရဲခေါင်/People’s Spring ကရင်နီ(ကယား)ပြည်နယ်၊ မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာရှိ စစ်ကောင်စီစခန်းသုံးခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ဦးထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိကြောင်း ကရင်နီတပ်ပေါင်းစုတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။ ယနေ့(နိုဝင်ဘာ ၇ ရက်)နံနက်ပိုင်းကစ၍ ပန်တိန်းကျေးရွာရှိ စစ်ကောင်စီတပ်စွဲထားသော ဆေးရုံ နှင့် ကျောင်း နေရာများကို ကရင်နီတပ်ပေါင်းစုက ပိတ်ဆို့ တိုက်ခိုက်နိုင်ခဲ့ခြင်းဟု ဆိုသည်။ "စခန်းကုန်းကြီးတော့ ကျန်သေးတယ်။ကျန်တာတွေကိုတော့ ဒီနေ့သိမ်းနိုင်တာဖြစ်တယ်။အ ခြားအသေးစိတ်ကိုတော့ သတင်းထုတ်ပြန်ပါ့မယ်"ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။ ပန်တိန်းရှိ စစ်ကောင်စီ၏ အဓိကစခန်းကုန်းမှာ ယခင်က နယ်ခြားစောင့်တပ် (BGF)နေရာဖြစ်ပြီး (၁၀၀၄)တပ်စခန်းနေရာဖြစ်ကာ အင်အား ၂၀၀ခန့်ရှိနိုင်ကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။ "တပ်မ(၅၅)က လေကြောင်းကနေ တပ်ရင်းသုံးခုစာလောက် ပို့ထားတာရှိတယ်။ဗျူဟာကုန်းပုံစံပေါ့။ ပတ်ပတ်လည် မိုင်းတွေထောင်ထားတယ်"ဟု ၎င်းက ပြောသည်။ မြောက်ပိုင်း မဟာမိတ်၏ '၁၀၂၇ စစ်ဆင်ရေး'ဝန်းရံသည့်အနေဖြင့် '၁၁၀၇ စစ်ဆင်ရေး'အဖြစ် ကရင်နီပြည်၌ စတင်ဖော်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။ (ကရင်နီပြည် မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီ၏ ပန်တိန်း စခန်းအပါအဝင် စခန်းကုန်း သုံးခုအား တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ခဲ့သည်။ ဓာတ်ပုံ - ဖက်ဒရယ်FM)

photo content
+2

လားရှိုးတွင် စစ်ကောင်စီ၏ လက်အောက်ခံ ဂျာယန် ပြည်သူ့စစ်စခန်းကို TNLA သိမ်းပိုက် Western News| နိုဝင်ဘာ ၄ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ရှိ စစ်တပ် လက်အောက်ခံ ဂျာယန် ပြည်သူ့စစ် စခန်းကို TNLA က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ပြည်သူ့စစ် အဖွဲ့ဝင် ၃၈ ဦး ဖမ်းဆီးရမိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။ ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် တအာင်းတပ်မတော် PSLF/TNLA က လာရှိုးမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ ဂျာယန် ပြည်သူစစ် စခန်းကို ဝင်ရောက် သိမ်းပိုက် ရှင်းလင်းခဲ့ကြောင်း ယနေ့ နိုဝင်ဘာ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။ စစ်ကောင်စီ လက်အောက်ခံ ဂျာယန် ပြည်သူစစ် စခန်းသည် စစ်ကောင်စီ၏ ထောက်ပို့ကြားစခန်းအဖြစ် အသုံးပြုထားသည့် စခန်းတစ်ခု ဖြစ်ပြီး စစ်ကောင်စီ၏ ကျောထောက်နောက်ခံ ထောက်ပို့လုပ်ငန်းများ မပြုလုပ်ရန် PSLF/TNLA မှ ပထမအကြိမ် သတိပေးခဲ့ကြောင်းဆိုသည်။ သို့သော် စစ်ကောင်စီနှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသည့် ကာလ၌ စစ်ကောင်စီ၏ နောက်ခံထောက်ပို့ လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေခဲ့သည့်အတွက် ဂျာယန်စခန်းကို ဝင်ရောက် ရှင်းလင်းရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ရေးသားသည်။ အဆိုပါ စခန်းကို ဝင်ရောက် ရှင်းလင်းစဥ်တွင် ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၃၈ ဦး ဖမ်းဆီးရမိပြီး စခန်းတာဝန်ရှိသူ ဖြစ်သည့် လက်ထောက်စခန်း ဗိုလ်မှူး ဦးခမ်းဆိုင်၊ ရုံးအဖွဲ့ ဗိုလ်မှူး ဦးတောင်ဆွဲ၊ ဒုလက်ထောက်စခန်း ဗိုလ်ကြီး ဦးထူးအောင်နှင့် ဆေးမှူးဗိုလ်ဦးတောင်ဂျုံတို့ ၄ ဦးအား ထိန်းသိမ်းထားပြီး ကျန်တပ်ဖွဲ့ဝင် ၃၄ ဦးကို လွှတ်ပေးခဲ့ကြောင်း သိရသည်။ PSLF/TNLA သိမ်းပိုက်မှုတွင် ယင်း စခန်းအတွင်း လက်နက်မျိုးစုံ ၇၈ လက်၊ ကျည်မျိုးစုံ ၄၃ ဖာ၊ ၂၁၈ ထောင့်၊ စကားပြောစက် ၂၁ လုံးနှင့် ယာမ ဆေးပြား ၃၉ ထုတ်ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ Western News-WN ပုံစာ-တအာင်းတပ်မတော် PSLF/TNLA က သိမ်းဆည်း ရရှိသည့် လက်နက်ခဲ့ယမ်းနှင့် မူးယစ် ဆေးဝါးများ/ဓါတ်ပုံ- PSLF/TNLA

photo content

စစ်ရေးအရ နယ်မြေကျော်လာပါက တိုက်ထုတ်မည်ဟု UWSA ထုတ်ပြန် ဧရာဝတီ၊ နိုဝင်ဘာ ၁၊ ၂၀၂၃ ကိုးကန့်ဒေသတိုက်ပွဲများနှင့်ပတ်သက်ပြီး လေကြောင်း၊ ကြည်းကြောင်းမှ စစ်ရေးဆိုင်ရာ နယ်မြေကျူးကျော်မှုများရှိလာပါက တုံ့ပြန်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) က ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။ UWSP အနေဖြင့် ဘက်မလိုက်ရေးမူကျင့်သုံးပြီး ကိုးကန့်ဒေသတိုက်ပွဲများတွင် မည်သည့်ဘက်ကမှ ပါမည်မဟုတ်ကြောင်းနှင့် ပဋိပက္ခအတွင်းပါဝင်နေသည့် အင်အားစုအသီးသီးအနေဖြင့် အပစ်အခတ်ရပ်စဲရေးအား အမြန်ဆုံးဆွေးနွေးလုပ်ဆောင်ကြရန် တိုက်တွန်းကြောင်းလည်း ၎င်းတို့က ပြောထားသည်။ UWSP သည် “ဝ”ပြည်နယ်အတွင်းရှိ နယ်မြေလုံခြုံရေး၊ ပြည်သူ့အသက်အိုးစည်းစိမ်နှင့် လုံခြုံရေးအား ခြွင်းချက်မရှိ ကာကွယ်ပေးသွားမည်ဖြစ်သည့်အပြင် “ဝ” ဒေသသို့ စစ်ဘေးရှောင် ဝင်ရောက်လာမည့် ပြည်သူများကိုလည်း လူသားချင်းစာနာထောက်ထားမှုအရ နေရာချထားရေးနှင့် ကူညီစောင့်ရှောက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။ ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး စတင်သည့် ပထမနေ့၌ပင် ချင်းရွှေဟော်မြို့အား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဒေသခံများ UWSP ထိန်းချုပ်နယ်မြေ နမ့်တစ်မြို့နယ်ထဲသို့ စစ်ဘေးရှောင်ရမှုများရှိခဲ့ပြီး “ဝ” ဒေသအတွင်း စစ်ဘေးရှောင်လာသူအရေအတွက် ၅ ထောင်ခန့် ရှိကြောင်း သိရသည်။ ပုံစာ - UWSA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ / ဧရာဝတီ) #WhatsHappeningInMyanmar #RejectMilitaryCoup

ကွမ်းလုံမြို့နယ်၊ ကာမိုင်းဒေသရှိ စစ်ကောင်စီ ၏ ခလရ ၁၄၃ တပ်ရင်းတစ်ရင်းလုံး လက်နက်ချအလင်းဝင်သဖြင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ ■စစ်သား ၁ ဦးလျှင် လမ်းစရိတ် ၁၅ သိန်းဖြင့် စစ်သား ၄၁ ဦးကို ငွေကျပ် သိန်း ၇၀၀ ကျော်ပေး၍ လွတ်ငြိမ်းချမ်းသာခွင့်ပေး ရန်ကုန်၊ နိုဝင်ဘာ ၁ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်၊ ကာမိုင်းဒေသရှိ စစ်ကောင်စီ ၏ ခလရ ၁၄၃ တပ်ရင်းတစ်ရင်းလုံး လက်နက်ချအလင်းဝင်သဖြင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိကြောင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်သော MNDAA က တရားဝင် သတင်းထုတ်ပြန်သည်။ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကွမ်းလုံမြို့နယ်၏တောင်ပိုင်းရှိ ကာမိုင်းဒေသ တွင် အခြေချတပ်ထိုင်သော (ရမခ) လက် အောက်ခံတပ်ရင်း ခလရ ၁၄၃ မှ စစ်သား ၄၁ ဦးသည် ညီ‌နောင်မဟာမိတ် ၃ဖွဲ့ ထံသို့ လက်နက်ချပြီး အလင်းဝင်လာခဲ့ကြောင်း၊ စစ်သား ၄၁ ဦး အနက် ဒုတိယ တပ်ရင်းမှူး ၁ ဦး နှင့် တပ်ခွဲမှူး ၂ ဦးပါဝင်ကြောင်း သိရှိရပါသည်။ ကွမ်းလုံမြို့နယ်၊ ကာမိုင်းဒေသတွင် အခြေချတပ်ထိုင်ထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တပ်စခန်းအတွင်းတွင်သာ ခိုအောင်းခဲ့ကာ စစ်ကူများကိုစောင့်ဆိုင်းနေခဲ့ကြောင်း၊ အောက်တိုဘာလ (၂၈) ရက်နေ့ ညပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ က ၎င်းတပ်ရင်းကို လက်နက်ချအလင်းဝင်ရန် တောင်းဆိုခဲ့ကြောင်း၊ အောက်တိုဘာ ၂၉ ရက်နေ့တွင် MNDAA မှ “ မိမိတို့တပ်မတော်ဟာ MNTJP ပါတီ၏ဦးဆောင်ညွှန်ကြားချက်အတိုင်း နိုင်ငံရေးတာဝန်ကိုထမ်းဆောင်နေတဲ့တော်လှန်ရေး အဖွဲ့အစည်းဖြစ်ကြောင်း၊ သူတစ်ပါးအားသတ် ခြင်းဟာ မိမိတို့၏ရည်ရွယ်ချက်မဟုတ်ကြောင်း၊ မိမိတို့တပ်ဖွဲ့ဝင်များအနေဖြင့် စစ်သုံ့ပန်းမူဝါဒကို တစ်စိုက်မတ်မတ်လိုက်နာပြီး စစ်သုံ့ပန်းများကို သဘောထားကြီးစွာဖြင့် ပြုစုစောင့်ရှောက်ပါမည်”ဟု တပ်မတော်၏ ရပ်တည်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့ကြောင်း၊ ထို့နောက် နှစ်ဦးနှစ်ဘက်မှ တစ်နေ့လုံး ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး အောက်တိုဘာလ ၃၀ ရက်နေ့တွင် ခလရ (၁၄၃) ၏တပ်ဖွဲ့ဝင်များက လက်နက်ချပြီးအလင်းဝင်လာခဲ့ပါသည်။ စစ်ရေးပစ္စည်းများ၊ လက်နက်ခဲယမ်းများကိုလည်း တပ်စခန်းတွင် ထားရှိခဲ့ပြီး ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။ MNDAA က အလင်းဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးကို တစ်ဦးလျှင် လမ်းစရိတ် ၁၅သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၇၀၀ ကျော်ပေးပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း၊ လက်ရှိအချိန် စစ်ကောင်စီတပ်ဖွဲ့တွင် လူအင်အားအလွန်ချို့တဲ့နေပြီး တပ်ရင်း (၁) ရင်းလျှင် လူအင်အား (၁၀၀)ခန့်သာရှိတော့ကြောင်း ထို့ပြင် ထွက်ပြေးသူ၊ ကျဆုံးသူများလည်း နေ့စဥ်နှင့်အမျှ ဆက်တိုက်တိုးများနေကြောင်း သိရှိရသည်။ “ ကာမိုင်းဒေသမှာရှိတဲ့ စစ်ကောင်စီတပ်ဟာ ယခုကဲ့သို့ တပ်ရင်း(၁)ရင်းလုံး လက်နက်ချ အလင်းဝင်တဲ့ အခြေအနေမျိုး လုံးဝမရှိခဲ့ကြောင်း၊ ဒါကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီတပ်၏ အတွင်းပိုင်းဟာ လုံးဝပျက်စီးနေပြီး ပြိုကွဲမည့်အခြေအနေသို့ရောက်ရှိနေပြီ ”ဟု MNDAA၏ ရှေ့တန်းအရာရှိတစ်ဦးက ပြောဆိုထားသည်။ ခလရ ၁၄၃ မှ ရရှိခဲ့သောပစ္စည်းများမှာ ဆက်သွယ်ရေးစက် ၃ ခု၊ ရိုင်ဖယ်သေနတ် ၂၇ လက်၊ စက်လက်အငယ် ၅ လက်၊ RPG ၂ လက်၊ Sniper (၁) လက်၊ စက်လက်အကြီး (၂) လက်၊ Type -82 စိန်ပြောင်း (၁) လက်၊ ၆၀မမ စိန်ပြောင်း (၂) လက်၊ ၅.၅၆ ကျည် (၁၁) ဖာ၊ ၅.၅၆ Shot Gun ကျည် (၈၀၀၀)တောင့်၊ အီနာဂါ (၃) ဖာ၊ ရိုင်ဖယ်ကျည်ကပ် (၁၃၀) ခု၊ MA-4 ဗုံးသီး(၈၀) လုံး၊ ဗုံးသီးအမျိုးမျိုး (၂၄၇) လုံး၊ ၈၂မမ ဗုံးသီး (၉၁) လုံး၊ ၁၀၀မမ ဗုံးသီး (၄၆) လုံး ၊ MA-4 (၄)လက် ၊ လက်ကိုင်ဖုန်း (၂၈) လုံး၊ စကားပြောစက် (၇) ခု၊ ဆန် (၃၈) အိတ်၊ Readymade Food (၁၂) ဖာ၊ ကုလားပဲ (၃) ပုံး၊ ဆေး (၅) ဖာ၊ စားသုံးဆီ (၃) ပုံး၊ လောင်စာဆီ (၃) ပုံး၊ ဝက် (၁) ကောင် တို့ကို သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

'၁၀၂၇စစ်ဆင်ရေး' ငါးရက်အတွင်း စစ်ကောင်စီတပ်စခန်း ၉၀နီးပါးကို မဟာမိတ်တပ်များ သိမ်းပိုက် ▪️ယမန်နေ့တိုက်ပွဲ၌ တင့်ကားလေးစီးနှင့် တပ်စခန်း ၁၃ခုသိမ်းယူနိုင်ဟု MNDAA ထုတ်ပြန် ▪️စစ်ဆင်ရေးအတွင်း သံချပ်ကာတပ်ရင်း(၇၄)မှ ဒုရင်းမှူးနှင့် တပ်စုမှူးနှစ်ယောက်ကိုလည်း ဖမ်းဆီးရမိ ရန်ရန်/People’s Spring ညီနောက်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇စစ်ဆင်ရေးကြီး ဖော်ဆောင်လာသော လေးရက်မြောက်နေ့ဖြစ်သည့် အောက်တိုဘာ ၃၀ရက် ယမန်နေ့တိုက်ပွဲတွင် WMA-301 လက်နက်ကြီးတပ်ဆင် ထားသော တင့်ကားလေးစီးနှင့် အခြားစစ်ရေးပစ္စည်းအမြောက်အများကို သိမ်းဆည်းရရှိခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ယနေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။ စစ်ဆင်ရေး စတင်ဖော်ဆောင်ချိန်မှ ယမန်နေ့ (အောက်တိုဘာ ၃၀ ရက်)အထိ စစ်ကောင်စီတပ်ဖွဲ့၏ တပ်စခန်းအကြီး၊အသေး၊ ယာယီတပ်စခန်းစုစုပေါင်း ၈၀ကျော်ကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ယနေ့တွင်လည်း ချင်းရွှေဟော်မြောက်ပိုင်း၌တပ်စခန်း နှစ်ခု၊သိန္နီ နှင့်လားရှိုးမြို့နယ်ကြား၌ တပ်စခန်းတစ်ခု အပါအဝင် စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်ဆင်ရေး ငါးရက်တာအတွင်း စစ်ကောင်စီတပ်စခန်း ၉၀ခန့်ကို မဟာမိတ်တပ်များကသိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။ ယမန်နေ့တွင် MNDAA နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် မုံးကိုး ၊ ကိုးကန့်နှင့် မူပန်(သိန္နီ)ဒေသရှိ စစ်ကောင်စီတပ်ဖွဲ့၏ တပ်စခန်းများကို သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း MNDAAက ထုတ်ပြန်သည်။ ယမန်နေ့ အပါအဝင် MNDAAနှင့် AAတို့၏ လေးရက်ကြာ စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဖောင်းဆိုင်နှင့် မန်ယန်ဒေသရှိ စစ်ကောင်စီ၏ တပ်စခန်းအားလုံးများကို အောင်မြင်စွာ ရှင်းလင်းသိမ်းယူနိုင်ခဲ့သည်ဟု အသိပေးသည်။ ယနေ့ (အောက်တိုဘာ ၃၁ရက်)တွင်လည်း MNDAAတပ်ဖွဲ့မှ စစ်မြေပြင်ရှင်းလင်းရေး ကို ဆက်တိုက်လုပ်ဆောင်နေသည်ဟု အသိပေးသည်။ အောက်တိုဘာ ၂၉ရက်တွင် MNDAAသည် စစ်ကောင်စီတပ်ဖွဲ့၏ WMA-301 လက်နက်ကြီးတပ်ဆင်ထားသော တင့်ကား တစ်စီးကိုသိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် ဖောင်းဆိုင်နှင့် လုံးဖိုင်ဒေသတွင် တင့်ကား နှစ်စီးကိုဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ချင်းရွှေဟော် မာကျတိပေါက်ပေါက်တောင်ကုန်း(ရာဘာကုန်း)တွင်လည်း သံချပ်ကာယာဥ်နှစ်စီး ဖျက်ဆီး သိမ်းဆည်းနိုင်ခဲ့ကြောင်း အသိပေးသည်။ ထို့ကြောင့် တင့်ကားနှင့် သံချပ်ကာ စုစုပေါင်း ငါးစီး သိမ်းဆည်းရရှိခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့မှ သံချပ်ကာတပ်ရင်း(၇၄)မှ ဒုရင်းမှူးနှင့် တပ်စုမှူးနှစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း အသိပေးထုတ်ပြန်သည်။ MNDAA၏ သတင်းထုတ်ပြန်ချက်များအရ စစ်ဆင်ရေး ငါးရက်တာအတွင်း တင့်ကားနှင့် သံချပ်ကာယာဉ် ငါးစီးကိုသိမ်းဆည်းနိုင်ပြီး လေးစီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါ အခြေအနေနှင့်ပတ်သက်ပြီးရှင်းလင်းစွာသိရှိနိုင်ရန် MNDAA ထံသို့ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။ သတင်းထုတ်ပြန်ချက်များအရ သံချပ်ကာယာဉ်နှင့် တင့်ကား ၉စီးအနက် ငါးစီးကိုသိမ်းနိုင်ပြီး လေးစီးဖျက်ဆီးထားကြောင်း ဖော်ပြထားခြင်းဖြစ်သည်။ ထို့ကြောင့် စစ်ကောင်စီထံမှရသည့် သံချပ်ကာနှင့်တင့်ကား အရေအတွက်စုစုပေါင်း ၉စီး သို့မဟုတ် ၅စီး မည်သည့်အရေအတွက် ဖြစ်သည်ကိုရှင်းလင်းစွာသိနိုင်ရန် မေးမြန်းထားခြင်းဖြစ်သည်။ ('၁၀၂၇စစ်ဆင်ရေး' ငါးရက်အတွင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့သော စစ်ကောင်စီစခန်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - The Kokang)

ညီနောင် မဟာမိတ်(၃)ဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး” နဲ့အတူ “တောင်သမန် စစ်ဆင်ရေး”ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဆင်နွှဲလျက်ရှိရ
+2
ညီနောင် မဟာမိတ်(၃)ဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး” နဲ့အတူ “တောင်သမန် စစ်ဆင်ရေး”ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဆင်နွှဲလျက်ရှိရာ အောက်တိုဘာ ၂၆ ရက်မှ ၃၀ ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ဗိုလ်မှုးအဆင့်ရှိ နယ်ခြားစောင့် တပ်ဖွဲ့ဝင်(၁)ဦး ၊ ဗိုလ်ကြီးအဆင့် (၁)ဦး ၊ တစ်ပွင့်ဗိုလ်အဆင့် (၁)ဦး၊ တပ်ကြပ်ကြီးအဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦး နဲ့ ပြည်သူ့စစ်(၂)ဦးတို့ကို ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

ရဲစခန်း ၂ ခုအပါအဝင် စစ်ကောင်စီစခန်း ၅၇ ခုကို MNDAA တိုက်ခိုက်သိမ်းယူ _ အောက်တိုဘာ ၂၉ ၊ ၂၀၂၃ ၁၀၂၇ စစ်ဆင်ရေးအဖြစ် စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင်မှု စတင်ခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့မှစပြီး ယနေ့နံနက်အထိ လားရှိုး၊ မုံးကိုး၊ ကိုးကန့်ဒေသတစ်လျှောက် စစ်ကောင်စီခြေကုပ်စခန်း ၅၇ ခုထိကို မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ကိုးကန့် (MNDAA) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက သိမ်းယူထားနိုင်ထားပြီလို့ ထုတ်ပြန်ထားပါတယ်။ ယနေ့ (အောက်တိုဘာ ၂၉) နံနက် ၁၁ နာရီအထိ MNDAA နဲ့ မဟာမိတ်အဖွဲ့များက စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နေပြီး ကိုးကန့်၊ မုံးကိုး၊ လားရှိုး၊ မူပန်၊ နမ့်ဆလပ် ဒေသတွေမှာရှိတဲ့ စစ်ကောင်စီခြေကုပ်စခန်း ၁၁ ခုကို သိမ်းပိုက်ထားနိုင်တာကြောင့် စုစုပေါင်း ၅၇ ခုထိ သိမ်းယူနိုင်ခဲ့ပြီး စစ်သုံ့ပန်း ၁၀ ဦးအထိ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။ MNDAA နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့များက မုံးကိုးခရိုင် မန်ယန်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၆ ခုနဲ့ ကွမ်ထန်ပေါက်ပေါက်တောင်ကုန်း မျက်နှာချင်းဆိုင်ရှိ စစ်ကောင်စီစခန်းတစ်ခုကိုလည်း MNDAA က သိမ်းယူထားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လားရှိုးအရှေ့ဘက် ကွမ်ယုံပေါက်ပေါက်တောင်ကုန်းရှိ စစ်ကောင်စီစခန်း ၂ ခုကို ထပ်မံသိမ်းယူကာ ဒရုန်းဖျက်ဂျမ်ဘာ စက်ပစ္စည်းအချို့နဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းအချို့ကို သိမ်းယူနိုင်ခဲ့သလို စစ်သုံ့ပန်း ၄ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတွေ ပြန်လည်အခြေချတပ်စွဲထားတဲ့ မာချီနောတပ်စခန်းကို ဒုတိယအကြိမ် ပြန်လည်သိမ်းယူနိုင်ခဲ့သလို မူပန်ရဲစခန်းကိုလည်း သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် တုံရှမ်းဒေသ ရန်သက်ရှမ်းတောင်ကုန်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ၂ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းယူနိုင်ခဲ့သလို ရာခုတ်ကိုင်ရွာ အနောက်ဘက်တောင်ကုန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ တပ်စခန်းတစ်ခုကိုလည်း သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ရန်သက်ရှင်းတောင်ကုန်း တိုက်ပွဲတွင် စစ်ကောင်စီ စစ်သုံ့ပန်း ၈ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ကာ ၇ ဦး သေဆုံးပြီး အချို့မှာ ထွက်ပြေးသွားကြတယ်လို သိရပါတယ်။ နောက်ဆုံးအချက်အလက်များအရ စစ်ကောင်စီ အမှတ် ၁၆ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ရဲ့ စကခမှူးတစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပြီး MNDAA အနေနဲ့ ဆက်လက်စုံစမ်းနေတယ်လို့လည်း ဖော်ပြထားပါတယ်။