en
Feedback
Myanmar quotes sad🙆

Myanmar quotes sad🙆

Open in Telegram

“တခါတလေ စာသားတွေကတောင် စိတ်ကိုနားမလည်… ဒါပေမယ့် ဒီမှာရှိတဲ့စာတွေက မင်းနဲ့တူတူခံစားနေရတာပါ။” Date - 4/8/22

Show more
677
Subscribers
No data24 hours
-77 days
-2630 days
Posts Archive
တစ်ခါတစ်လေကျ ၊ လောကကြီးက စိတ်ဝင်စားစရာ ကောင်းတယ် ။ တန်ကြေးမြင့်တဲ့ ကစားပွဲတွေဖန်တီးတတ်တယ်။ ကျွန်တော်တို့မထင်မှတ်ထားတဲ့အချိန်မှာ၊ ကျွန်တော်တို့မထင်ထားမိတဲ့ ပုံစံနဲ့ အချစ်ဆိုတဲ့အရာတွေကို၊ ရုတ်တရပ်ကြီး ပေးအပ်ပြီး၊ ဒါတွေကို ဘဝတစ်ခုလုံးအပိုင်ရပြီလို့ ကျွန်တော်တို့က ရည်ရွယ်လိုက်မိရင်၊ ဒါဟာကျွန်တော်တို့အတွက် ဒီကစားပွဲမှာ အရှုံးကြီးကြီး ရှုံးရပြီပဲ။
#zane

လူတွေပြောတဲ့ချစ်ခြင်းမေတ္တာ ငါမရဖူးပေမဲ့ ငါကိုယ်တိုင် ခင့်ကိုပေးခဲ့ဖူးတယ်ကွ။ #jay

တစ်ကယ်လို့သာ မင်းကိုငါ့ထက်ပိုချစ်ပေးမဲ့သူတစ်ယောက်ရှိလာခဲ့ရင် စိတ်ချမင်းရှိတဲ့အရပ် ခြေဦးတောင်မလှည့်ဘူး။ #Jay

အချစ်တဲ့ ကျွန်တော့် ခေါင်းကို ငုံ့ပြီး သဘောတကျရီလိုက်တယ် အဆိပ်သင့် မဲ့အရာကို ကျွန်တော်တို့ နှလုံးသားလေး ခနတာ အစွမ်းရှိသမျှ ခုန်နိုင်ဖို့ ကျွန်တော်တို့အရူးခံပြီး ချစ်ကြတယ်။
#zane

ငှက်ဖြစ်ချင်သော တိမ်ဖြစ်ချင်သော လူငယ်များ နောက်ဆုံးတော့ ပြာဖြစ်ခဲ့ကြရ   ။   ။                                      - လင်းဝေ #kellylyraa

သူမ … ပြုံးနေတဲ့ နှုတ်လမ်းလေးရှိပေမယ့် ပျော်နေတဲ့ အရိပ်အယောင်တွေတော့ တွေ့မနေရတော့ဘူး ။ အဆင်ပြေပါတယ်ဆိုတဲ့ စကားလေး သုံးနေပေမယ့် မျက်လုံးတွေက အရင်လို တောက်မနေတော့ဘူး ။ တစ်နေ့ကျရင်တော့ သည်းခံခြင်းတွေ ကုန်ဆုံးသွားတဲ့အခါ သူနာကျင်သမျှကို သူ ထုတ်ပြောလာမယ် ထင်ပါတယ် ။ တစ်နေ့ကျရင် … ဘာကိုမှ မျှော်လင့်စရာရှိမနေတော့တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တတ်လာမယ် ထင်ပါတယ် ။ တစ်နေ့ပေါ့ … အဲ့ဒီကောင်မလေး လွတ်လွတ်လပ်လပ် ပြန်ရယ်မောနိုင်တဲ့ တစ်နေ့ပေါ့ ။ -ကျေးကို # j

​ကျေးဇူးရှင်ဆရာ မြတ်သောစေတနာ ၊ ရင်မှာထားကာ ပညာမီးတိုင် ၊ အခြေခိုင်အောင် သင်ကြားပြသ ၊ ဆရာမ။ စာမှန်လမ်းညွန် ၊ အလင်းရောင်ဖြင့် စဉ်းစားနည်းသင် ၊ အမှန်ပြင်ပေး ဆရာမေတ္တာ ၊ ပြောမကုန်ပါ။ လိမ္မာယဉ်ကျေး ၊ အစဉ်ရှေးရှု့၍ ချစ်ခြင်းမေတ္တာ ၊ အပြည့်ထားကာ လေးစားထိုက်တာ ၊ တို့ဆရာ။ တပည့်မလိမ္မာ ၊ အမုန်းခံကာ ပြောဆိုသင်ကြား ၊ ဆရာများ။ #redmoon

ပြန်လာမဲ့သူကမသေချာပင်မဲ့စောင့်နေတဲ့သူကအစဉ်အမြဲပါပဲ။ # j

တစ်ချိန်မာပေါ့ ငါတို့ကသိပ်ချစ်ခဲ့တဲ့ သူငယ်ချင်းတွေဆိုတဲ့အကြောင်း မင်းအမျိုးသားကိုပြောပြလိုက်ပေါ့။#Jay

ပြတ်ကြပြီနော် နင်လည်းမုန်းနေပြီ ငါလည်းအရမ်းမုန်းနေပြီ ဒါပေမယ့် တစ်ခုပဲ ဖြေခဲ့ပေးပါ ။ ခဏလေး မျက်လုံးမှိတ်ပြီး တွေးကြည့်ပေး ငါ့ကြောင့် မပျော်ခဲ့ရဖူးဘူးလား ။ ငါရပ်နေသမျှ တစ်လျှောက်လုံး အတတ်နိုင်ဆုံးတော့ မင်းအတွက်တွေးပေးခဲ့ပါတယ် ။ အများကြီး မဖြည့်ဆည်းပေးနိုင်ခဲ့ဘူးဆိုရင်တောင် အတတ်နိုင်ဆုံးတော့ ကိုယ်ခက်ခဲနေလည်း မင်းအတွက်ဆိုပြီး ရှေ့တန်းတင်ခဲ့တာပါ ။ အဆင်ပြေပါတယ်ဆိုတဲ့ စကားတွေ တဖွဖွ ပြောခဲ့တဲ့ ကျွန်တော်ဟာ လက်တွေ့တွေမှာကျတော့ ဘာတစ်ခုမှ အဆင်ပြေနေတာတော့ မဟုတ်ဘူးပေါ့ ။ ဒါပေမယ့် နှစ်ယောက်အတူ စကားပြောနေခွင့်ရှိတဲ့အချိန်မှာ အနည်းဆုံးတော့ ပျော်စရာတွေချည်း ပေးချင်ခဲ့တာပါ ။ မင်းစာလေးပို့လာရင် ဘယ်လောက်မအားနေပါစေ အားပါတယ်ဆိုတဲ့ စကားလေးပဲ သုံးခဲ့တယ် ။ မင်းစိတ်လိုလက်ရပို့တဲ့တွေကို အလွတ်မပေးချင်ခဲ့တာလေ ။ ထမင်းစားနေရင် ထမင်းစားတာ ရပ်ထားတတ်တယ် ။ မီးအားသွင်းထားရင် အားသွင်းကြိုးတန်းလန်းနဲ့ စကားပြောနေတတ်တာ ပါ။ အများကြီးပေါ့ နေရာတကာမှာ မင်းပြီးမှပဲ ကိုယ့်ကိုယ်ကိုယ် အတွက်တွေးဖြစ်ခဲ့တာပါ ။ ဘယ်အရာမှာမဆို ဂရုတစိုက်ရှိပေးခဲ့သလို ဘယ်အရာကိုမဆို အလေးအနက်ထားခဲ့တာတော့ ယုံပါ ။ အများကြီး မဖြည့်ဆည်းပေးနိုင်ခဲ့ပေမယ့် ကိုယ်တတ်နိုင်တာထက် ပိုပြီးတော့ မင်းအတွက်ဆိုပြီး လုပ်ပေးခဲ့ဖူးတာကိုတော့ ယုံပါ ။ ငါဆိုအလိုက််သိ ပေးတယ် မင်းမကြိုက်တာတွေ ဆိုလဲမလုပ်မိအောင်ရှောင်တယ် ဒါမဲ့မင်းကကျ ငါမကြိုက်တာကိုလုပ်ရမှကျေနပ်တဲ့သူပါ ငါဆိုယောက်ကျားလေး တွေနဲ့အတတ်နိုင်ဆုံးရှောင်တယ် မင်းကကျငါ့အခင်ဆုံးသူငယ်ချင်းနဲ့တောင်ပြုံးဖြီးပြနေတာ ဘယ်သူကစိတ်မနာဘဲနေမလည်း ပြန်သုံးသပ်ကြည့်ပါ ထားပါတော့... အတိတ်ကို ပြန်ပြောလို့လည်း ပြန်ပြင်တော့မှာမှ မဟုတ်ပဲလေ ။ ငါလဲမင်းနဲ့တွဲခဲ့တဲ့တစ် လျှောက်လုံးအရမ်းပျော်ခဲ့ရပါတယ် ကိုယ့်ကြောင့် မပျော်ခဲ့ရဖူးဘူးဆိုရင်တော့ ကိုယ်က မချစ်တတ်ခဲ့တာလို့ပဲထားပါ ။ တကယ်တမ်းကျတော့ သိပ်ချစ်ပါတယ် ။ ပျော်ခဲ့ဖူးတယ်ဆိုရင်တော့ ကိုယ် လုပ်ပေးခဲ့တာတွေ အလဟသမဖြစ်တော့ဘူးပေါ့ ။ ကိုယ်မျိုသိပ်ခဲ့ရတာတွေ ကိုယ်ထိန်းချုပ်ခဲ့ရတာတွေ နောက်ဆုံး ကိုယ် ငိုခဲ့ရတာတွေ အလကား မဖြစ်တော့ဘူးပေါ့ ။ ဟုတ်တယ်မလား ။ တကယ်ပဲ အနားမှာ တစ်သက်လုံး ပျော်အောင် ထားချင်ခဲ့တာပါ ။ ဒါပေမယ့် ချန်ခဲ့လဲ ရပါတယ်။ -crd # j

zaw-win-htut-jeaa-wng-th-tt-arnny-tt-ep-eaa-kun-p-ii-audio.m4a3.28 MB

ကဗျာရူးရယ်၊ စာရူးရယ်၊ အချစ်ရူးရယ် ငါအချစ်ဆုံးပဲ သူတို့က နှလုံးသားရှိလို့ ဥစ္စာရူးရယ်၊ အာဏာရူးရယ် ငါအမုန်းဆုံးပဲ သူတို့က နှလုံးသားမရှိလို့ ။ -အောင်သင်း # j

ကြင်စက်တို့အေးနေသည်။ လေပြည်ကလေးများ အဓိပ္ပါယ်မရှိစွာ ပြေးလွှားနေသည်။ မှိုင်းညို့အုပ်စိုင်းနေသော မိုးများ မရွာပေ။ နေထိန်ထိန်လင်းပူသော်ငြားလည်း အေးစက်ချမ်းစိမ့်နေသည်။ ထိုစဥ် ကောင်လေးတစ်ယောက် အသဲကွဲနေသည်။ -လင်းသစ် # j

ချစ်တယ်လို့ ပြောလိုက်တိုင်း ချစ်ခွင့်ပန်တဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး ပြန်ချစ်ပါလို့လည်း မဆိုလိုပါဘူး တစ်ခါတစ်ရံမှာ သိနေစေချင်ရုံ သက်သက်နဲ့လည်း ချစ်တယ်လို့ပြောခွင့်ရှိပါတယ် ။ # j

From - မင်းနဲ့တွေ့ရတဲ့အတွက် ဝမ်းသာတယ် To - မင်းနဲ့ဝေးရတဲ့အတွက်ဝမ်းသာတယ်

အချိန်တွေအကြာရီးချစ်ကြပီးမှ ဘာလို့လမ်းခွဲကြတာလဲ? ဒါဖစ်နေကျပုံစံပါပဲဆယ်ကျော်သက်တော်တော်များများရင်ဆိုင်ကြရတယ်။လူတစ်ယောက်ကိုချစ်ပီဆို နှစ်’’ကာ’’ချစ်ချင်ကြတယ့်လူတွေထဲမာကျနော်ပါတယ်။ကောင်မလေးတစ်ယောက်ကို၂နှစ်နီးပါးတွဲဖူးတယ်ပေါ့ဗျအဲ့အချိန်ကာလတစ်ခုက သိပ်ကြာတယ်နော် ဒါပေမဲ့ဘာလို့ပြတ်ခဲ့ကြတာလဲ?ဒါတော့နှစ်ဥ◌ီးလုံးနဲ့ဆိုင်တာပေါ့ဗျ။ ဆက်ဆံရေးတစ်ခုမာ အချစ်ဆိုတာထပ်တူမကျနိုင်ဘူး။အစပိုင်းမာနှစ်ဥ◌ီးလုံးသိပ်ချစ်ကျတာဗျ။ဒါပေမဲ့အချိန် ကြာလာတာနဲ့အမျှဘာလို့အချစ်တွေ့လျှော့လာတာလဲ။တစ်ကယ်တော့ ပြသနာသေးသေးလေးတွေကိုပုံကြီးချဲ့ လာတာကအစ ချစ်သူကိုဘာကြောင့်အချိန်မပေးနိုင်တော့တာလဲ ဆိုတဲ့အကြောင်းပြချက်တွေမပြောပဲပစ်ထားမိ တာအဆုံးပေါ့သေးသေးလေးတွေစုပီးအပစ်တွေဖစ်လာတယ်တစ်ယောက်နဲ့တစ်ယောက်အပစ်တွေမြင်လာတယ် ရန်ဖစ်လာရင်တောင်တစ်ယောက်’’ဘက်ကတောင်းပန်ဖို့ဝန်လေးလာရင်တေ့အဲ့ဆက်ဆံရေးကပျက်ကိုပျက်မာပဲ ဘယ်လောက်ပဲချစ်ပါတယ်ပြောပြော ကို့စိတ်တိုင်းကျမဖစ်တော့တဲ့အခါကျ သူ့လုပ်ရပ်တိုင်းက စိတ်ပျက်စရာဖစ်လာတယ်လို့ပဲထင်ကြတာ။အဲ့ချိန်ကျ ချစ်ခဲ့တဲ့အကြောင်းတွေလဲမသိတော့ဘူး ပေါ့ပျက်ပျက်ဆန်လာတယ် အဲ့တာတွေကထိခိုက်တာပဲ ဆက်ဆံရေးတစ်ခုမာ ကိစ္စသေးသေးလေးတွေကိုဂရုစိုက်တက်အောင်ကြိုးစားပါအဲ့တာလေးတွေက ဆက်ဆံရေးတစ်ခုမာသိပ်ကိုအ‌ေရးပါတာနော်ချစ်တယ်လို့ ခနခနပြောဖို့ဝန်မလေးပါနဲ့ တောင်းပန်ဖို့ဝန်မလေးပါနဲ့ လက်လေးတစ်စုံကိုအမြဲတမ်းဆုပ်ကိုင်ထားချင်ရင် အေးဆက်နေတဲ့အချိန်လဲ ဘေးမာရှိနေမဲ့အကြောင်းတစ်ဖွဖွပြောပါ အချစ်ဆိုတာလေ အသစ်တွေဖန်တီးဖို့ပါ။ မချစ်တော့ဘူးလို့ခံစားလာရရင်တောင်နားလည်မူနဲ့ယုံကြည်မူတွေကို မဖျောက်လိုက်ပါနဲ့။ အချစ်ဆိုတာ ချစ်တက်ရင် သိပ်ကိုလှပတာဗျ။ #Jay

ရန်လည်း ရှာစေချင်တယ် ပြန်လည်း လာစေချင်တယ် ဖြစ်နိုင်ရင် ဖြစ်နိုင်ရင်ပေါ့လေ... ~Crd #Ki

#Ki

အရာရာအဆင်မပြေနေတဲ့ခေတ်ကြီးမာ မင်းသာကိုယ့်ဘေးမာရှိနေရင်အကုန်လုံးကအဆင်ပြေနိုင်ပါတယ်။ #Jay

ပုံပြင်လေးရဲ့အဆုံးမှာ ရပ်တန့်သွားတဲ့ကို့ရဲ့ရီသံတွေ ထပ်မရှိနိုင်တော့တဲ့ အပြုံးတွေနဲ့ ကို့ရဲ့နားထဲကို တစ်ဖက်ကမ္ဘာကနေ ခပ်ပါးပါးလ
ပုံပြင်လေးရဲ့အဆုံးမှာ ရပ်တန့်သွားတဲ့ကို့ရဲ့ရီသံတွေ ထပ်မရှိနိုင်တော့တဲ့ အပြုံးတွေနဲ့ ကို့ရဲ့နားထဲကို တစ်ဖက်ကမ္ဘာကနေ ခပ်ပါးပါးလေးရိုက်ခတ်လာတဲ့ စကားလုံးတွေကို ကို့မှာ ခပ်နုံးနုံးလေးပဲ ပြုံးပြနိုင်မိတယ်… ‘ဆက်ဆံရေးတစ်ခုဟာ တစ်ဖက်တည်းကပေးနေရင်အချည်းနှီးသာဖြစ်ပြီး… မေတ္တာချင်းထပ်တူကျ မှသာ မြဲနိုင်ကြသတဲ့…’
#zane