cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

လဝမ်*Main Two*

Adminလိပ်စာ @Hlawansingle Windstruck Admin wave or k pay 09957264481

Show more
Advertising posts
54 795
Subscribers
+1624 hours
+57 days
+11430 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Photo unavailableShow in Telegram
The Alamo (2004) IMDb rating – 6/10 Award – 1 nomination ဒီကားလေးကတော့ 1836ခုနှစ်မှာဖြစ်ခဲ့တဲ့ တက္ကဆက်ပြည်လွတ်လပ်ရေးမှာအရေးပါခဲ့တဲ့ အမေရိကန်သမိုင်း၀င်စစ်ပွဲတစ်ခုအကြောင်းရိုက်ထားတာပါ။ အမေရိကန်တက္ကဆက်ပြည်နဲ့ မက္ကဆီကန်နယ်ကြားက သာသနာပြုနေရာ ချာ့ခ်ျကျောင်းတစ်ခုဖြစ်တဲ့ အလာမိုခံတပ်‌ကို တက္ကဆက်သားတွေဖြစ်ကြတဲ့ ဂျင်မ်ဘိုဝီနဲ့ ဒေဗီခရော့ကတ် ကာနယ်ထရာဗစ်တို့ မက္ကဆီကန်အာဏာရှင်ဆန်တာအန်နာရဲ့သိမ်းပိုက်မှုကနေ ကာကွယ်တဲ့သမိုင်း၀င်ဖြစ်ရပ်ကို စိတ်၀င်စားစရာကြည့်ရမှာပါ။ reviewတွေအရတော့ သမိုင်းအချက်အလက်တွေကို မှန်မှန်ကန်ကန်‌ဖော်ပြထားတယ်လို့လဲဆိုပါတယ်။ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။ Credit CM
Show all...
9-1-1 (2018) S1 to 7 Complete https://t.me/hlawanseriesonlychannel/277?single အချိန်ကုန်မှန်းသိအောင်ကြည့်ကောင်းတဲ့ တီဗီဇတ်လမ်းတွဲ တစ်ခု နဲ့မိတ်ဆက်ပေးပါရစေ… 9-1-1 ပါတဲ့ ဟုတ်ပါတယ်… 9-1-1 ဟာ မြန်မာပြည်က ကူညီပါရစေ လိုပါပဲ ဆိုပေမယ့်ဒီက ကူညီပါရစေလိုမျိုးတော့ မဟုတ်ပါဘူး9-1-1 အုပ်စု မှာ အရေးပေါ် တယ်လီဖုန်းလိုင်းကအော်ပရေတာတွေ ကနေ တဆင့် အမှုအခင်း – သဘာဝဘေး စတဲ့ ပြသနာ ပေါင်းစုံကို ဆယ်သွယ်အကူအညီတောင်းတဲ့ အခါမီးသတ် – ရဲ – ဆေးဘက်အကူအညီ နှင့် အပြေးအလွှားကယ်ဆယ်ကြပါရတယ် ဒီ 9-1-1 ဇတ်လမ်းတွဲမှာတော့ ထူးထူးခြားခြား ဖြစ်စဉ်လေးတွေကို Episode တစ်ခုစီ အပြီးအစီး ပြထားတာမို့ ဆန့်ငင် ဆန့်ငင် မဖြစ်ပါဘူးဇတ်လမ်းတွဲထဲက သရုပ်ဆောင်တစ်ယောက်စီတိုင်းရဲ့ သဘာ၀ ကျတဲ့သရုပ်ဆောင်ချက်တွေ ကြောင့် ဇတ်လမ်းတွဲဟာ ပိုမိုပြီး အသက်ဝင်နေပါတယ်
Show all...
Dreamcatcher (2003) ============== https://t.me/hlawansinglemanchannel/70?single IMDb - 5.5 ဆရာကြီး Stephen King ရဲ့ Dreamcatcher စာအုပ်ကို ရုပ်ရှင်အဖြစ် အသက်သွင်းရိုက်ကူးထားတဲ့ သဘာဝလွန်သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားအမျိုးအစားပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျုံးစီ၊ ဘီဗာ၊ ပိပ်နဲ့ ဟင်နရီဆိုတဲ့ သူငယ်ချင်းလေးယောက်မှာ ငယ်ငယ်လေးကတည်းက ထိန်းသိမ်းလာခဲ့ကြတဲ့ လျို့ဝှက်ချက်တစ်ခုရှိပါတယ်။ သူတို့ အသက်ကြီးသွားပြီး ကိုယ့်အလုပ်နဲ့ကိုယ်ဖြစ်နေတောင်မှ တစ်နှစ်ကို တစ်ကြိမ်တော့ မိန်းပြည်နယ်မှာရှိတဲ့ တောအုပ်ထဲကိုစခန်းချသွားနေကျပါပဲ။ ဒီနှစ်မှာလည်း စခန်းချသွားကြရင်း နှင်းမုန်တိုင်းတိုက်တာနဲ့ ကြုံခဲ့ရပြီး သူတို့ရဲ့စခန်းချအိမ်ရှိတဲ့ တောအုပ်တဝိုက်မှာ ကူးစက်ရောဂါတမျိုးပြန့်နှံ့လာတဲ့အချိန်မှာတော့ ထူးခြားတဲ့ လက်ဆောင်မွန်တွေရရှိထားကြတဲ့ သူငယ်ချင်း‌ေလး‌ယောက် ဒီဖြစ်ရပ်ဆိုးကို ဘယ်လိုတားဆီးကြရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ R-rated ဖြစ်ပြီး သွေးထွက်သံယိုပြကွက်တွေအပြင် ကြမ်တမ်းတဲ့စကားလုံးတွေပါဝင်တာကြောင့် 18 နှစ်အောက် ကလေးတွေမကြည့်သင့်ပါဘူး။
Show all...
Photo unavailableShow in Telegram
Black Adam (2022) https://t.me/hlawansinglemanchannel/57 DC Fan တွေတင်မကပဲ Marvel Fan တွေပါသိပြီးသားဖြစ်တဲ့ Black Adam မင်းသားကတော့ The Rock ပဲဖြစ်ပါတယ်။ ပုံမှန် Shazam ကားတွေထဲကလိုပဲ သူလဲ Shazam လို့အော်ရင်စွမ်းအားရပေမဲ့သူတို့ကိုအစွမ်းတွေပေးတဲ့နတ်ဘုရားတွေကတော့မတူညီကြပါဘူး။ ကြားထားတဲ့အတိုင်းပဲဇာတ်ကားထွက်လာတဲ့အခါမှာလဲသူ့ရဲ့အစွမ်းတွေကြမ်းတမ်းလွန်းလှပါတယ်။ ဇာတ်လမ်းကတော့ ခန်းဒက်ဆိုတဲ့နိုင်ငံကဟိုးအရင်နှစ်ပေါင်း ၅၀၀၀ တည်းကရှေးနတ်ဆိုးတွေရဲ့အုပ်ချုပ်ချုပ်ချယ်မှုကိုခံနေရတာဖြစ်ပါတယ်။ တစ်နေ့မှာတော့သူတို့ကိုကယ်တင်မဲ့သူရဲကောင်းတစ်ယောက်ပေါ်ပေါက်လာခဲ့ပြီးနတ်ဆိုးတွေနဲ့တိုက်ခိုက်ကာပျောက်ကွယ်သွားပါတော့တယ်။ ဒါပေမယ့်နှစ်ပေါင်းငါးထောင်ထပ်ကြာတဲ့အခါမှာနောက်ထပ်နတ်ဆိုးထွက်ပေါ်လာခဲ့ပါတယ်။ ဒီအခါမှာတော့အမုန်းတရားတွေနဲ့ပြည့်နှက်နေတဲ့ Black Adam ကသူ့ရဲ့လက်စားချေချင်တဲ့စိတ်ကိုဦးစားပေးမလား ခန်းဒက်ရဲ့ပြည်သူတွေကိုပဲကယ်တင်မလားဆိုတာကိုကြည့်ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ တော်တော်လဲ Hype နေပြီး ဝင်ငွေတွေအများကြီးရထားတဲ့ဇာတ်ကားမလို့ဘယ် Fan ဖြစ်ဖြစ်ကြည့်ရှုသင့်တဲ့ DC ရဲ့နောက်ထပ်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
Show all...
Photo unavailableShow in Telegram
🔥 1️⃣6️⃣ ရက်နေ့ 3️⃣🔠 ထိုင်းထီထွက်တဲ့နေ့ 🔥 တစ်ကွက်ထဲနဲ့ သန်းကြွယ်သူဌေးဖြစ်ဖို့ 💸 🔥 🔠 🔠🔠🔠🔠🔠🔠 မှာ 🔥 အကန့်သတ်မရှိထိုးသလောက် ပေါက်သလောက် လျော်တာမို့ 🔥 ခုပဲအောလိုက်ကြပါ ချစ်တို့ရေ 🥰 👇ဆက်သွယ်ရန် 👇 🌐Website :https://www.mmkrich.com/mk 📱Telegram : 09944288999 📱Telegram link : https://t.me/mmkrichoffical 📱Line : @mmkrich
Show all...
Photo unavailableShow in Telegram
I Spit on Your Grave: Deja Vu (2019) =========== I Spit on Your Grave: Deja Vu ကတော့ကြားထဲက remake တွေနဲ့မသက်ဆိုင်ပဲ မူလ ၁၉၇၈ ကားကိုပဲ တိုက်ရိုက်ချိတ်ဆက်ထားပြီး မူလဒါရိုက်တာနဲ့မူရင်းမင်းသမီးတို့ပဲပြန်လည်ပါဝင်ထားတာဖြစ်ပါတယ်။ ၁၉၇၈ အဖြစ်အပျက်တွေအပြီး နှစ် ၄၀ အကြာမှာ ဂျနီဖာဟာသူ့ရဲ့ခြောက်ခြားဖွယ်အတွေ့အကြုံတွေကိုစာအုပ်အဖြစ် ရေးသားထုတ်ဝေခဲ့ရာကနေအောင်မြင်မှုတွေရရှိနေပြီး မုဒိမ်းမှုသားကောင်တွေကိုပညာပေးဆွေးနွေးတာတွေ၊ ဟောပြောပွဲတွေ၊စာအုပ်မိတ်ဆက်ပွဲတွေနဲ့အလုပ်များနေပါတယ်။သူ့သမီးဖြစ်သူခရစ်စတီကတော့ထိပ်သီးမော်ဒယ် တစ်ဦးအဖြစ်ရပ်တည်နေပြီး မဆုံဖြစ်တာကြာတဲ့အတွက် သားအမိနှစ်ဦးတွေ့ဆုံစကားပြောပြီး စားသောက်ဆိုင်က အထွက်မှာ နှစ်ဦးလုံးလူတစ်စုရဲ့ပြန်ပေးဆွဲမှုကိုခံခဲ့ရပါတယ်။ အဲ့ဒီလူတွေကတော့ လွန်ခဲ့တဲ့နှစ် ၄၀ က ဂျနီဖာ သတ်ဖြတ်ခဲ့တဲ့ မုဒိမ်းကောင်တွေရဲ့မျိုးဆက်တွေဖြစ်ပြီး သူတို့ရဲ့အမုန်းအငြိုးတွေနဲ့ကလဲ့စားချေဖို့စောင့်ဆိုင်းနေခဲ့ကြတာပါ။ ဒီတစ်ကြိမ်မှာရော ဂျနီဖာထပ်ပြီးလွတ်မြောက်နိုင်ဦးမလား? သူ့သမီး ခရစ်စတီရော သူ့လိုကြမ္မာဆိုးကြုံတွေ့ရဦးမှာလား ဆိုတာ ဆက်လက်ရှုစားကြပါ။
Show all...
Photo unavailableShow in Telegram
🔥 1️⃣6️⃣ ရက်နေ့ 3️⃣🔠 ထိုင်းထီထွက်တဲ့နေ့ 🔥 တစ်ကွက်ထဲနဲ့ သန်းကြွယ်သူဌေးဖြစ်ဖို့ 💸 🔥 🔠 🔠🔠🔠🔠🔠🔠 မှာ 🔥 အကန့်သတ်မရှိထိုးသလောက် ပေါက်သလောက် လျော်တာမို့ 🔥 ခုပဲအောလိုက်ကြပါ ချစ်တို့ရေ 🥰 👇ဆက်သွယ်ရန် 👇 🌐Website :https://www.mmkrich.com/mk 📱Telegram : 09944288999 📱Telegram link : https://t.me/mmkrichoffical 📱Line : @mmkrich
Show all...
Photo unavailableShow in Telegram
A Family Affair (2024) https://t.me/hlawanhlawannewmovieschannel/311
ဇာရာဟာ ပရိုဂျူဆာတစ်ယောက်ဖြစ်လာဖို အိပ်မက်ရှိတဲ့ အသက်၂၄နှစ်အရွယ် ကောင်မလေးတစ်ယောက်ပါ ဒါပေမဲ့ လက်တွေ့မှာတော့ သူမဟာ နာမည်ကြီးရုပ်ရှင်မင်းသား ခရစ်ကိုးရဲ့ အရှုပ်‌ထုပ်တွေကို လိုက်ရှင်းပေးရတဲ့ လက်တိုလက်တောင်းကောင်မလေး ဖြစ်နေရပါတယ် ဒီလိုနဲ့ပဲ ခရစ်ကိုးရဲ့ ဒဏ်ကိုမခံနိုင်တဲ့ အဆုံးမှာတော့ ဇာရာက အလုပ်ထွက်ဖို ဆုံးဖြတ်လိုက်ပါတယ် အဲတော့မှ ခရစ်ကိုးလည်း လွတ်တဲ့ငါးကြီးပြီး ဇာရာကို ပြန်ခေါ်ဖို ဇာရာ့အိမ်ကိုသွားခဲ့ပါတယ် ဇာရာနဲ့မတိုးဘဲ ဇာရာ့အမေ ဘရုခ်နဲ့တိုးခဲ့လေတော့ သူတိုနှစ်ယောက်ကြား ချစ်ကြိုးသွယ်ခဲ့ပါတော့တယ် ဒီအကြောင်းကို ဇာရာသိသွားတဲ့အခါမှာတော့ ခရစ်ကိုးရဲ့ အမူအကျင့်တွေကို သိနေတဲ့ သူမအဖို အမေဖြစ်သူ အသည်းမကွဲရရေး နည်းမျိုးစုံနဲ့ ပိတ်ပင်ပါတော့တယ် ဘရုခ်ကလည်း ဆယ့်တစ်နှစ်ကြာမှ ခုန်လှုပ်လာတဲ့ သူမရဲ့နှလုံးသားအတွက် ခရစ်ကို လက်မလွှတ်ချင်ခဲ့ပါဘူး တစ်စထက်တစ်စ ကြီးလာတဲ့ပြဿနာတွေကြားမှာ ဇာရာ ခရစ်နဲ့ ဘရုခ်တိုသုံးယောက်သား ဘယ်လိုတွေ ရှေ့ဆက်ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုရမှာပါ
Show all...
👍 4 1
Photo unavailableShow in Telegram
Vikings: Valhalla (2024) ================ Season 3 Epi - 1-4 နာမည်ကျော် ဗိုက်ကင်းစီးရီးကြီးကို အတော်များများ ကြည့်ဖူးကြားဖူးမှာပါ။ မကြည့်ဖူးသေးရင်လည်း CM မှာ ဒေါင်းကြည့်လို့ရပါတယ်။ ဒီစီးရီးကတော့ ဗိုက်ကင်းရဲ့အဆက်ပါပဲ။ ဒါပေမဲ့ ဗိုက်ကင်းအဟောင်းတွေကိုမကြည့်ဖူးလည်း ကြည့်လို့ရပါတယ်။ အရင်ခေတ်ရဲ့ နှစ် ၁၀၀ အကြာဇာတ်လမ်းကိုအခြေခံထား လို့ပါပဲ။ ဇာတ်လမ်းရော တိုက်ခိုက်ခန်းတွေရော အကုန် မိုက်ပါတယ်။ ဗိုက်ကင်း တွေဟာ မြောက်ပိုင်းဇာတိကို စွန့်ခွာလာပြီး ဥရောပတလွှားမှာ အခြေချခဲ့ပါပြီ။ အင်္ဂလန်မှာလည်း အများကြီးပါပဲ။ ဒါပေမဲ့ ဥရောပမှာ ဗိုက်ကင်းတွေ အင်အားကြီး လာတာကို မလိုလားတဲ့ အင်္ဂလိပ်ဘုရင် ဒုတိယမြောက် အက်သယ်ရတ်ဟာ အင်္ဂလန်မြေပေါ်က ဗိုက်ကင်းတွေအားလုံးကို မိန်းမကလေးပါမကျန် အလစ်အငိုက် သတ်ပစ်ခဲ့ပါတယ်။ ဒါကို လက်စားချေဖို့ ဒိန်းမတ်ဘုရင်ကနျူ့ဟာ နေရာပေါင်းစုံက ဗိုက်ကင်းတွေကို စုစည်းပြီး အင်္ဂလန်ကို တိုက်ခိုက်ဖို့ စစ်ပြင်ကြတဲ့အခါ.... (စုစုပေါင်း 8 ပိုင်းရှိတဲ့ ဒီစီးရီးကို cm မှဆက်တိုက်တင်ဆက်သွားပါမည်။)
Show all...
👍 6 1
Photo unavailableShow in Telegram
The Convert (2023) IMDB: 7.0/10 https://t.me/hlawanthebestcartoonchannel/380 https://t.me/hlawanhlawannewmovieschannel/295 မင်းသား နစ်ကလက်ကေ့ဂျ်ရဲ့ နာမည်ကျော် ရုပ်ရှင် Next ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Lee Tamahori ရဲ့ လက်ရာရုပ်ရှင်ကောင်းအသစ်ဖြစ်ပါတယ်။မင်းသားကတော့ Memento တို့ L.A. Confidential တို့ထဲက Guy Pearce ပါပဲ။ ဇာတ်လမ်းအမျိုးအစားကတော့သမိုင်းနောက်ခံ အက်ရှင် ဒရာမာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း သွေးဆာတဲ့ စစ်သားဘဝကနေ တရားရပြီး တရားဟောဆရာဖြစ်လာတဲ့ မွန်ရိုးဟာ ၁၈၃၀ ဗြိတိသျှ နယ်မြေသစ်တစ်ခုကို တရားဟောဆရာအဖြစ်ရောက်လာပါတယ်။အဲဒီမြေမှာ နေကြတဲ့ မော်ရီမျိုးနွယ်စုတွေက အချင်းချင်းတိုက်ခိုက်သတ်ဖြတ်နေကြပြီး လူသားစားတဲ့အဆင့်အထိပါကြမ်းကြုတ်ကြပါတယ်။ အဲဒီမျိုးနွယ်စုတွေကြားထဲမှာငြိမ်းချမ်းရေးရအောင် ကြိုးစားရတဲ့ တရားဟောဆရာအဖြစ်ပါဝင်ထားတာပါပဲ။ တရားဘယ်လိုမှ ချမရတဲ့ကောင်တွေကိုနားရင်းချမှရမယ်ဆိုတာ ပြသသွားတဲ့ကားလည်းဖြစ်ပါတယ်။ကြည့်လိုက်ကြပါဦး
Show all...
👍 3
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.