နိုင်ငံရေး(ဂျင်း)မမိစေရန်
Open in Telegram
ဦးမျိုးဝင်းရေးသားသောစာများအားလွယ်လင့်တကူဖတ်ရှုနိုင်ရန်ရည်ရွယ်ပါသည်
Show moreThe country is not specifiedThe category is not specified
1 877
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
'' မင်းကသာ ပြောင်းရမှာ တွင်တွင်ပြောနေတယ် အစိုးရ သတင်းစာရှင်းလင်းပွဲ နဲ့ သတင်းတင်ဆက်ပုံတွေကတော့ နောင်ဗိန် နောင် က ကို တက်မလာသေးဘူးဟေ့ ''
'' ကဲ ဒီတခါ ငပိကြော်နံ့က ခင်ဗျားဆီက ရနေပြီ ပြန်ကြစို့ဗျာ ''
ကိုရွှေမျိုးဝင်း
(တခါတခါ လောကကြီးမှာ အမှန်တကယ် သုံးစားမရတဲ့ အရာတွေက တန်ဖိုးကြီးနေတတ်တာလည်း တွေးစရာပဲ ဗျ)
Shwe Myo Win:
အတိတ် နမိတ် နဲ့ နောင်ဗိန်နောင်
===================
ကိုစိုးတယောက် မနက်အစောရောက်လာပြီး လေကန်ဖို့ လာခေါ်တော့ ဘရိတ်ဖက်ဝါးတီး ခိုင်ပြန်ပြီပေါ့ဗျာ ။ သူမေးသမျှ ပေါက်ကရပြန်ဖြေရင်း လေကန်ရတာတော့ ရှိတာပေါ့လေ....
'' ငမျိုးရေ အခု နာမည်ကြီးနေတဲ့ ဆင်ဖြူတော် အကြောင်း မင်းဘာသိထားလဲ ကွ ''
'' ဆင်ဖြူရဲ့ ကြန်အင်လက္ခဏာတွေက ရှိပြီးသားပါဗျာ ဆိုင်ရာပညာရှင်တွေ သိကြမှာပါ အချို့ လက္ခဏာတွေက အရွယ်ရောက်လာမှ အသိအမှတ်ပြုကြရတာလည်း ရှိတယ်ဗျ ''
'' အခုတွေ့ရသလောက် ညီညွတ်တဲ့ အချက်တွေ ပါတယ်ဆိုပဲကွ ''
'' ပါတော့လည်းကောင်းတာပေါ့ဗျာ ''
'' ပတ္တမြားတွေ့တာရယ် ၊ ဆင်ဖြူတော်မွေးလာတာရယ်ကြောင့် အတိတ်နမိတ်ကောင်းပြီလို့ ဝမ်းသာနေသူတွေ ရှိကြသလို ဘာမှမဆိုင်ပါဘူးကွာ ကုန်စျေးနှုံးကြီးတာပဲ အရင်ဖြေရှင်းပါဆိုပြီး ငေါ့ နေသူတွေလည်း တွေ့ရသကွ ''
'' ဝမ်းသာသူတွေက တိုင်းပြည်အနာဂါတ်အတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဖို့ မုဒိတာဆိုတဲ့စိတ်ကောင်းနဲ့ မျှဝေနေသလို ၊ ဘာမှမဆိုင်ပါဘူးကွာဆိုပြီး ပတ္တမြားတွေ့လည်း တို့ဘာမှမရ ဆင်ဖြူတွေ့လည်း ငါတို့ ကုန်စျေးနှုံးမှ မကျတာပဲ ဆိုတာတွေက စိတ်ဓာတ်ကျဆင်းနေတဲ့ လက္ခဏာတွေပေါ့ဗျာ ၊ ဘာခေတ်ရောက်ရောက် ငါတို့လုပ်မှ ငါတို့စားရမယ်ဆိုတဲ့ အသိထက် အစိုးရအပေါ် အရာရာမှီခိုလွန်းသူတွေ ဖြစ်တတ်တဲ့ရောဂါပါပဲ ''
'' ဒါဆို အစိုးရ နဲ့ မဆိုင်ဘူးပေါ့ ''
'' ယတိပြတ် အဲလိုမဆိုလိုဘူးဗျ အစိုးရရဲ့ မူဝါဒတွေ အရေးကြီးသလို လူတယောက်ချင်းစီရဲ့ အလုပ်အကိုင် ၊ အသုံးအဖြုံး ၊ နေထိုင်မှုပုံစံတွေကလည်း အရေးကြီးတာပဲ ဆိုတာ မေ့နေကြလို့လေ ''
'' ထူးထူးခြားခြား တွံ့တေးက ဘုရားစောင်းတန်းလှေကားပေါ်က ရေကျလာတာ ရေတံခွန်အလားအောက်မေ့ရတယ်ကွ ''
'' အင်း...အရင်က ကျဖူးသလား အခုမှ ကျလာတာလားဆိုတာမသိရပေမယ့် အခုမှ ကျလာတာဆိုရင်တော့ဖြင့် မြင့်မြတ်တဲ့နေရာကနေ အမှိုက်သရိုက်တွေ အသန့်စင်ခံရတော့မယ့် နမိတ်ပဲဗျ ''
'' ဟေ...ဒါဆိုရင်တော့ အခု အကြမ်းဖက်သမားတွေထဲက သေဒဏ်ကျခံထားရတဲ့သူတွေကို မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်ပေးနေပြီ ဆိုတော့ကား.....''
'' အကုသိုလ်နိဂုံးချုပ်တော့မယ့် အနေအထားပေါ့ ဗျာ ''
'' အေးကွ ဒါနဲ့ သတင်းစာရှင်းလင်းပွဲ အကြောင်း ရေးသူသိပ်မတွေ့ပါလားကွ ဘာတွေထူးသေးလဲ ''
'' ကျုပ်ဖြင့် အဲဒီ နောင်ဗိန်နောင် သတင်းစာရှင်းလင်းပွဲ မကြည့်တာ ကြာပေါ့ဗျာ ဘယ်နှယ့်ဗျာ နိုင်ငံတော်အဆင့်သတင်းစာရှင်းလင်းပွဲတဲ့ ငယ်ငယ်ကကြည့်ခဲ့ရတဲ့ လမ်းဘေးမျောက်ပွဲလောက်မှ စိတ်ဝင်စားစရာမရှိတာပဲ ဗျ ''
'' အေးကွ ဒါလည်းဟုတ်တာပဲ ငါမေ့တေ့တေ့ ဖြစ်နေလို့ နောင်ဗိန်နောင်လေး ပြန်ပြောစမ်းပါအုံး ကွ ''
'' ဒီလိုဗျ..... အင်္ဂလိပ်ခေတ်တုန်းက ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ ပွဲတော် ကျင်းပတော့ အဂ်လိပ်လူမျိုး အရေးပိုင်က လာပြီး ကြည့်တယ် ။
ရှမ်းရိုးရာ အိုးစည်သံ နဲ့ မောင်းသံမြိုင်မြိုင် နဲ့ နောင် ဗိန် နောင် ၊ နောင် ဗိန် နောင် နဲ့ ကခုန်နေတာကို အလွန်သဘောကျသွားပြီး ဆုငွေ တရာ ချီးမြှင့်သွားပါရော ။
နောက်နှစ်လည်း ထပ်လာတယ် နောင် ဗိန် နောင် နဲ့ ကနေတာကို ကြည့်ပြီး ဆုငွေ ၅၀ ချသွားတယ် ။
နောက် တိတယမြှောက်နှစ် ဘုရားပွဲ ထပ်လာတယ် ။ ရှမ်းတွေကလည်း ထုံးစံအတိုင်း နောင် ဗိန် နောင် နဲ့ ကတာပါပဲ ။ အရေးပိုင်မင်းက ကြည့်နေရင်း ပွဲပြီးရင် သူ့ကို လာတွေ့ပါ ဆိုပြီး ရှမ်းလူကြီးတွေကို ပြောသွားတယ် ။
ကပွဲပြီးတော့ သွားတွေ့ရတာပေါ့ ။ အရေးပိုင်က ပြောတယ်
"မင်းတို့ တူရိယာလည်း သုံးမျိုးနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကခုန်တာကို ငါသိပ်သဘောကျတယ် ဒါကြောင့် ပထမနှစ်မှာ ဆုငွေ တရာ ချီးမြှင့်ခဲ့တယ် မှတ်မိကြသလား ''
"မှတ်မိပါတယ် ကျေးဇူးလည်း တင်ပါတယ် ''
"အေး ဒုတိယနှစ်လာတယ် နောင် ဗိန် နောင် နဲ့ ပဲ ကကြတယ် ငါ ဆုငွေ ၅၀ ပဲ ချီးမြှင့်ခဲ့တယ် သိတယ်မဟုတ်လား ''
"သိပါတယ် အရေးပိုင်မင်း ''
"အေး အခု တတိယနှစ် ဆက်လာတယ် မင်းတို့ ရှမ်းတွေက တူရိယာ သုံးမျိုး နဲ့ ဒီ နောင် ဗိန် နောင် ပဲ ကနေကြပြန်တယ် ၊ ဘာတခုမှ တိုးတက်တီထွင်လာတာ မတွေ့ရဖူး ဒါကြောင့် မင်းတို့ကို ဒဏ်ငွေ တထောင် ရိုက်တယ် မနက်ဖြန် ငါ့ရုံးကို ဒဏ်ငွေလာဆောင်ကြ ဆိုပြီး ဒဏ်ရိုက်သွားတယ် ဗျ ''
'' အေးကွ သူပြောသွားတာလည်း ကျယ်ကျယ်ပြန့်ပြန့် စဥ်းစားရတော့မယ့်အချက်ပဲကွ ဟာသ သဘောနဲ့ ရီပြီး ပြီးသွားရမယ့် ကိစ္စမဟုတ်ဖူးနော ငမျိုး ''
'' သိပ်မှန်တာပေါ့ ရိုးရာအတိုင်းဆိုပြီး ဆင့်ပွားတီထွင်မှုမရှိပဲ မှေးနေလေ့ရှိတဲ့ မြန်မာ့အကျင့်ကို လှုပ်နိုးလိုက်တဲ့ အဖြစ်ပဲဗျ ''
'' ဒီတော့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြည်သူစိတ်မဝင်စားတော့ သတင်းစာရှင်းလင်းပွဲ ပုံစံအစား....''
'' ပြောင်းကို ပြောင်းရတော့မှာဗျာ ရူးကြောင်ကြောင်နဲ့ ကျနော်တို့ရဲ့ သတင်းတင်ဆက်ပုံ မူဝါဒက ဘာညာ ဘာညာ ဆင်ခြေပေးနေရမယ့် အချိန်မဟုတ်တော့ဘူးဗျ ၊ အစိုးရက ပေးချင်တဲ့ မက်ဆေ့ကို ပြည်သူတွေ နားစွင့်ချင်စိတ်ပေါက်လာအောင် ၊ ပြည်သူ့ရင်ထဲ ဟက်ထိ သွားအောင် အလုပ်မဖြစ်တော့တဲ့ ပုံစံတွေ ရဲရဲတင်းတင်းပြောင်းရမှာဗျ ''
Double standard
အကြောင်းအရာတစ်ခုတည်းအပေါ်မှာဆုံးဖြတ်ချက် ၂ မျိုးလုပ်ရင် double standard လို့ခေါ်တယ်။ ဥပမာအမှုတစ်ခုကျူးလွန်ထားတဲ့သူ ၂ ယောက်မှာ တစ်ယောက်ကိုဖိနှိပ်ပြီး၊နောက်တစ်ယောက်ကိုလျော့ပေါ့ပေးရင် double standard လို့ခေါ်တယ်။
Double standard ကနေရာတိုင်းမှာရှိတယ်။ ကမ္ဘာ့နိုင်ငံရေးမှာအမေရိကန်နဲ့အနောက်နိုင်ငံတွေကျင့်သုံးနေတာ double standard ပဲ။ အာဏာရှင်နိုင်ငံချင်းဖြစ်ပေမယ့်သူတို့လိုတဲ့နိုင်ငံဆိုရင်မိတ်ဆွေဖွဲ့ပြီး၊ သူတို့နဲ့မတည့်တဲ့နိုင်ငံဆိုရင်ဖိနှိပ်တာမျိုးပါ။
ဥပမာမြန်မာရဲ့စစ်အစိုးရကသူတို့နဲ့အကြောင်းမသင့်တော့မပြတ်တမ်းဖိနှိပ်နေတာမျိုး။ အခုအချိန်စစ်အစိုးရနဲ့အကြောင်းသင့်ရင်အဓိကရုဏ်းနှိမ်နင်းဖို့တောင်ထောက်ပံ့ပေးပြီးလေ့ကျင့်ပေးလိုက်တာမျိုးတောင်ဖြစ်လာနိုင်တယ်။
သူတို့လိုလားတဲ့ကွန်မြူနစ်နိုင်ငံစစ်စစ်ကြီးဗီယက်နမ်ကိုတော့အကြောင်းသင့်ပေါင်းဖက်ပါတယ်။ သူတို့အတွက်အရေးကြီးတဲ့ဆော်ဒီလိုနိုင်ငံဆိုရင်တော့မျက်နှာချိုသွေးပြန်တယ်။
အခုလိုရုရှားရဲ့စွမ်းအင်ရိုက်ချက်ကြောင့်အထိနာနေတဲ့အချိန်မှာအနောက်နိုင်ငံတွေရဲ့ဆော်ဒီအပေါ်ရိုကျိုးမှုကမျက်နှာမဆည်နိုင်လောက်အောင် double standard ဆန်ပါတယ်။
မကြာသေးမီကပဲအမေရိကန်သမ္မတဘိုင်ဒန်၊ဆော်ဒီအိမ်ရှေ့မင်းသားနဲ့မျက်နှာပြောင်တိုက်သွားတွေ့ခဲ့လို့လူ့အခွင့်အရေးအဖွဲ့တွေဝေဖန်တာခံရပါသေးတယ်။
အခုလဲ ၂၀၂၂ ဇူလိုင် ၂၈ (ကြာသပတေးနေ့) မှာ ပြင်သစ်သမ္မတ Emmanuel Macron ဟာ ဆော်ဒီအိမ်ရှေ့စံမင်းသား Mohammed bin Salman ကို ပါရီမြို့ရှိ Elysée နန်းတော်မှာတွေ့ဆုံဆွေးနွေးခဲ့လို့လူ့အခွင့်အရေးအဖွဲ့တွေရဲ့ဒေါသတကြီးတုံ့ပြန်မှုခံရပါတယ်။
ဝါရှင်တန်ပိုစ့်သတင်းထောက် Jamal Khashoggi ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့မှာဆော်ဒီကောင်စစ်ဝန်ရုံးအတွင်းလုပ်ကြံမှုဖြစ်ခဲ့တယ်။ အိမ်ရှေ့မင်းသားဟာအဓိကတရားခံမို့အဆက်အသွယ်မလုပ်တာကြာပါပြီ။ အခုကအဲ့ဒီကာလနောက်ပိုင်း Mohammed bin Salman ရဲ့ပထမဆုံးပြင်သစ်ခရီးစဥ်ပါပဲ။
သမ္မတနန်းတော်ကထုတ်ပြန်တာကတော့ မင်းသားနဲ့တွေ့တဲ့အခါမှာ-
(က) လူ့အခွင့်အရေးဆိုင်ရာကိစ္စများ
( ခ ) ရေနံထုတ်လုပ်မှုနှင့်
( ဂ ) အီရန်နျူကလီးယားသဘောတူညီချက်
တွေဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။
ဒီလိုဘာသာရေးဥပဒေနဲ့တင်းကြပ်စွာအုပ်ချုပ်တဲ့ဆော်ဒီ၊ သတင်းထောက်ကိုကောင်စစ်ဝန်ရုံးအတွင်းလုပ်ကြံတဲ့ဆော်ဒီနဲ့ဘယ်လိုမျက်နှာနဲ့လူ့အခွင့်အရေးအကြောင်းဆွေးနွေးခဲ့သလဲဆိုတာစဥ်းစားမိပါတယ်။
အဓိကတစ်ချက်က...
ရုရှားကိုပိတ်ရင်းကိုယ်တိုင်ပိတ်မိသွားတဲ့အနောက်နိုင်ငံတွေအနေနဲ့ကမ္ဘာ့အကြီးဆုံးရေနံထုတ်လုပ်တဲ့ဆော်ဒီဆီခယဝပ်တွားရတာပါ။ ရုရှားဆီကစွမ်းအင်ဝယ်လို့မရတော့ ဥရောပဆောင်းအတွက်ဆော်ဒီကရေနံပိုရောင်းပေးဖို့ပေါ့။
နောက်တစ်ချက်က...
အီရန်နဲ့ရုရှားမိတ်ဖက်ပေါင်းပြီးတော့ကမ္ဘာ့ရေနံနဲ့စွမ်းအင်ကိုချုပ်ကိုင်လာရင်၊ ဟော်မုတ်ရေလက်ကြားကိုနိုင်ကွက်ဖွင့်ကစားလာရင် ဆော်ဒီအနေနဲ့ သူတို့အနောက်အုပ်စုနဲ့မိတ်ဖက်ပြီးပြန်ကစားဖို့ပါ။
ဒီလိုတွေ့ဆုံမှုကြောင့် Amnesty International အဖွဲ့တို့လို လူ့အခွင့်အရေးကြွေးကြော်နေတဲ့အဖွဲ့တွေရဲ့ဝေဖန်မှုကိုအပြင်းအထန်ခံရပါတယ်။
ဘယ်လိုပဲဝေဖန်ဝေဖန်ဆော်ဒီအိမ်ရှေ့မင်းသားနဲ့အနောက်နိုင်ငံခေါင်းဆောင်တွေကြားခရီးစဥ်တွေ၊တွေ့ဆုံမှုတွေကတော့ရှေ့လျှောက်ထပ်တွေ့လာရဦးမှာသေချာပါတယ်။
၂၉.၇.၂၀၂၂
Geopolitics' Admin
သေဒဏ်ပေးတဲ့သူတွေကိုသူတို့ကိုဖမ်းမိချိန်ကလက်နက်၊ခဲယမ်းတွေ၊ သူတို့ကျူးလွန်ထားတဲ့လူမဆန်စွာtတ်ဖြတ်ထားတာတွေ၊ ကိုယ်တိုင်ဝန်ခံချက်တွေ၊တွဲပြီးတော့ပြန်ကြားရေး website တွေ၊ page တွေကနေသတင်းထုတ်ပြန်လို့မရဘူးလား။ အခုတော့သူခိုးကလူဟစ်လို့။ ကျူးလွန်တော့လူမဆန်တဲ့အမှုတွေ၊ ခေတ်သစ်တို့လိုမီဒီယာမှာတင်တော့ကြောင်သူတော်ရုပ်ကလေးတွေနဲ့ဒီမိုကရေစီလှုပ်ရှားသူတဲ့။ ရိုးရိုးတွေးဖြောင့်ဖြောင့်လုပ်တာတွေလျော့ပြီးဖောက်ထွက်စဥ်းစားကြဖို့လိုနေပြီ။
▫ ချုပ်ပြောရရင်အနောက်ကမ္ဘာဟာရုရှားစွမ်းအင်အပေါ်မှီခိုနေရမှုကရုန်းထွက်ဖို့အပြင်းအထန်ကြိုးစားနေရသလို၊ ရုရှား၊တရုတ်ပါတဲ့ BRICS နိုင်ငံတွေကလည်းဒေါ်လာအပေါ်မဏ္ဍိုင်ပြုထားရတဲ့ငွေကြေးစနစ်၊ Supply chain စနစ်ကနေရုန်းထွက်ဖို့ကြိုးစားနေရတဲ့လတ်တလောအခြေအနေပါပဲ။
▫ မြန်မာနိုင်ငံကရောဒီအခြေအနေကြားကနေဘာတွေအမြတ်ထုတ်နိုင်မလဲ။ ဘာတွေပြင်ဆင်ထားရမလဲ။
၂၈.၇.၂၀၂၂
Geopolitics' Admin
[ ပေါင်းစည်းခြင်း နဲ့ ပြိုကွဲခြင်း ]
[ Integration and Disintegration ]
°°°°°°°°°°°°°°°°°°°°°°°°°°°
ကမ္ဘာပေါ်မှာပေါင်းစည်းခြင်းဖြစ်စဥ်တွေ၊ပြိုကွဲခြင်းဖြစ်စဥ်တွေဖြစ်ခဲ့တယ်။ ကမ္ဘာ့ကံကြမ္မာချားရဟတ်ဟာအဆတ်မပြတ်လည်နေခဲ့တာမို့ အရင်တုန်းကလဲဖြစ်ခဲ့တယ်။ အခုလဲဖြစ်နေတယ်။ နောက်လဲဖြစ်နေဦးမှာပဲ။
🔹 အရင်ကဘာတွေဖြစ်ခဲ့လဲ
🔹 အခုရောဘာတွေဖြစ်နေလဲ
အောက်ပါဆောင်းပါးမှာဖတ်ရှုလေ့လာနိုင်ပါတယ်။
×××××××××××××××××××
▫ ပထမအဆင့်ပေါင်းစည်းမှု
ကမ္ဘာဦးကာလမှာလူတွေဟာကျောက်ခေတ်လူသားတွေအဖြစ်တကွဲတပြားစီနေခဲ့ကြတယ်။ နောက်တော့ဒေသနေလူတွေစုပေါင်းစားသောက်၊စုပေါင်းလုပ်ကိုင်၊စုပေါင်းကာကွယ်ကြတဲ့ "သမိုင်းဦးဘုံမြေခေတ်" primitive communal land system ရှိခဲ့တယ်။
▫ ဒုတိယအဆင့်ပေါင်းစည်းမှု
အင်ပါယာရှင်တွေကကမ္ဘာကြီးကိုစုစည်းဖို့၊ကမ္ဘာ့အရှင်သခင်အဖြစ်စုစည်းချုပ်ကိုင်ဖို့ကြိုးစားခဲ့ကြတယ်။
▫ တတိယအဆင့်ပေါင်းစည်းမှု
ဗြိတိန်နေမဝင်အင်ပါယာစနစ်အသက်သွင်းတဲ့ကာလပါ။ ဥရောပရဲ့ကမ္ဘာလှည့်ကိုလိုနီနယ်ချဲ့စနစ်ပါ။
▫ ပထမပြိုကွဲမှု
အထူးသဖြင့်ဒုတိယကမ္ဘာစစ်အလွန်မှာကမ္ဘာ့မြေပုံပြောင်းလဲမှုတွေဖြစ်လာတယ်။ ကိုလိုနီနိုင်ငံတွေအားလုံးဟာသီးခြားနိုင်ငံငယ်လေးတွေအဖြစ်နယ်နိမိတ်အသစ်တွေဖြစ်လာတယ်။ Border Demarcation လုပ်ခဲ့ကြတယ်။ ဝန်ကြီးချုပ်ဦးနုလက်ထက် ရွာ ၃ ရွာပေးပြီးနယ်နိမိတ်ဆွဲခဲ့တယ်လို့အရပ်ပြောပြောနေကြတဲ့သမိုင်းလိုပါ။
မြန်မာနိုင်ငံမှာဆိုရင်လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ "လွတ်လပ်ရေးသည်ပထမ၊လွတ်လပ်ရေးသည်ဒုတိယ၊လွတ်လပ်ရေးသည်တတိယ" ဆိုတဲ့ဦးတည်ချက်နဲ့ကြွေးကြော်ခဲ့ကြတယ်။ ကိုလိုနီတွေလွတ်လပ်ရေးရတယ်။ ဗြိတိသျှနေမဝင်အင်ပါယာစုစည်းမှုပြိုကွဲသွားတယ်။
▫ စတုတ္ထအဆင့်ပေါင်းစည်းမှု
ဒုတိယကမ္ဘာစစ်ကိုဦးဆောင်အောင်မြင်ခဲ့တဲ့အမေရိကန်ဟာ ကမ္ဘာ့ငွေကြေးကိုဦးဆောင်ခဲ့တယ်။ ကမ္ဘာ့ကုန်ထုတ်လုပ်မှုကိုဦးဆောင်ခဲ့တယ်။ ကမ္ဘာ့လူ့အခွင့်အရေး၊ဒီမိုကရေစီအရေးတွေဦးဆောင်ခဲ့တယ်။
ကမ္ဘာကြီးဟာအကောင်အထည်လိုက်မစုစည်းနိုင်ခဲ့ပေမယ့်၊ ဝါဒတစ်ခုအောက်မှာစုစည်းဖို့ကြိုးစားခဲ့တယ်။ နှစ် ၅၀ တိတိ။ ၁၉၉၀ ဝန်းကျင် ဆိုဗီယက်ပြိုကွဲ၊ဘာလင်တံတိုင်းပြိုကွဲသွားပြီးအယူဝါဒတစ်ခုက၊ကမ္ဘာကြီးကိုစုစည်းနိုင်လိုက်တယ်။
ကမ္ဘာကြီးဟာ Globalization ဖြစ်လာတယ်။ supply chain စနစ်ဖြစ်လာတယ်။ စုစည်းလာတဲ့နိုင်ငံတွေဟာတစ်ခုနဲ့တစ်ခုအပြန်အလှန် Relationship ဖြစ်လာတယ်။ အပြန်အလှန်မှီခိုလာတယ်။
သို့သော်.......
▫ Globalization to Regionalization ဆီသို့
ယူကရိန်းစစ်ပွဲဟာကမ္ဘာ့အပြောင်းအလဲကိုယူဆောင်လာခဲ့တယ်။ အနောက်နိုင်ငံတွေရဲ့ရုရှားအပေါ်ဖိနှိပ်မှု၊ ရုရှားရဲ့တန်ပြန်မှုတွေဟာစနစ်အပြောင်းအလဲကိုယူလာခဲ့တယ်။ ကမ္ဘာ့အဆင့်ပြိုကွဲစေတဲ့သော့ချက်ဟာ ၂ နေရာဖြစ်လာတယ်။
▫ ပထမသော့ချက် {လောင်စာ}
ရုရှားကအနောက်အုပ်စုကိုလောင်စာနိုင်ဖဲကိုင်ကစားလာခဲ့တယ်။ ဥရောပရဲ့ဆောင်း၊ရုရှားရဲ့လောင်စာဟာခွဲခြားကြည့်လို့မရပါဘူး။ ရုရှားရဲ့လောင်စာအပေါ်အီးယူရဲ့မှီခိုမှုကအရမ်းကြီးမားပါတယ်။ ကြီးမားသလောက်ရုရှားဘက်ကပိတ်ဆိုတဲ့အခါမှာအထိနာခဲ့ပါတယ်။
ဥရောပကိုဓာတ်ငွေ့ပေးလွှတ်မှုထပ်ပြီးလျှော့ချမယ့်အကြောင်းရုရှားရဲ့ Gazprom လုပ်ငန်းကြီးကပြောထားပါတယ်။ နောက်ပိုင်းမှာအီးယူဘက်က ၂၀၂၂ ဩဂုတ်ကနေ ၂၀၂၃ မတ်လအတွင်း၊သဘာ၀ဓာတ်ငွေ့အသုံးပြုမှုကို ၁၅ ရာခိုင်နှုန်းလျှော့ချရေးအစီအစဉ်ကိုဥရောပသမဂ္ဂစွမ်းအင်၀န်ကြီးတွေ ၂၆ ရက်နေ့မှာအတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ချက်သမ္မတ နိုင်ငံရဲ့ကုန်သွယ်ရေးနဲ့စက်မှုဆိုင်ရာ၀န်ကြီး Jozef Sikela ကပြောဆိုခဲ့တာပါ။
ဒါ့အပြင်အရှေ့အလယ်ပိုင်းကပင်လယ်ကွေ့လေးနိုင်ငံ Gulf countries တွေဆီကိုအမေရိကန်နိုင်ငံရေးရဲ့အဓိကတိုက်စစ်မှုးတွေချောင်းပေါက်မတတ်သွားပြီးမျက်နှာချိုသွေးကြပါတယ်။ သိသာတဲ့ရလဒ်တော့မထွက်သေးပါဘူး။
ဒါဟာရုရှားဆီမှာမှီခိုနေရတဲ့စွမ်းအင်ကဏ္ဍကနေရုန်းထွက်ဖို့ဖျော့တော့တော့အားလေးနဲ့ကြိုးစားနေရတဲ့အီးယူရဲ့ကြိုးစားမှုလေးဆိုတာသိသာပါတယ်။
တဘက်မှာတော့ရုရှားကလည်းကမ္ဘာ့ရေနံလည်မြိုဖြစ်တဲ့ ဟော်မုတ်တံခါးမှူးအီရန်နဲ့မိတ်ဖက်ဆက်ဆံထားပါတယ်။
ရုရှားသမ္မတ Vladimir Putin နဲ့အီရန်ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei ၊အီရန်နိုင်ငံမြို့တော် Tehran မှာအင်္ဂါနေ့က ဆွေးနွေးခဲ့ကြတယ်။ အီရန်ကလဲနျူကလီးယားအစီအစဥ်ကြောင့်အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေခံထားရပြီးတင်းမာနေတာကြောင့်ရုရှားအတွက်မိတ်ဖက်ဖို့အခက်အခဲမဟုတ်ခဲ့ပါဘူး။
▫ ဒုတိယသော့ချက် {ဒေါ်လာ}
ရုရှားကို SWIFT ငွေကြေးစနစ်ကထုတ်လိုက်တယ်။ ကမ္ဘာ့အရောင်းအဝယ်၊ငွေကြေးအလွှဲအပြောင်းမှာ နှစ် ၇၀ လောက်ကြားခံအဖြစ်ခိုင်မာလာတဲ့ဒေါ်လာဂယက်ကရုရှားကိုအစမှာထိခိုက်စေပါတယ်။ ဒီတော့တရုတ်နဲ့ရုရှားက ဒေါ်လာကြားခံငွေကြေးစနစ်ကနေခွဲထွက်ကြဖို့လိုလာကြောင်း Alert ဖြစ်ခဲ့တယ်။
ရုရှားကပေးချေမှုတွေကိုရူဘယ်နဲ့တိုက်ရိုက်လုပ်တဲ့စနစ်အသက်သွင်းတယ်။ တိုက်ရိုက်မဝယ်၊မသုံးရင် သူ့လောင်စာမရောင်းဘူးတဲ့။ နိုင်ဖဲကိုင်ထားတော့သူလိုသလိုအီးယူနိုင်ငံတွေလိုက်လုပ်ရပါတယ်။
BRICS အဖွဲ့တွေအချင်းချင်းကြားမှာလဲဒေါ်လာမလိုတဲ့ကုန်သွယ်မှုလုပ်ဖို့ဆောင်ရွက်လာကြတယ်။
< ဖြိုးဇေယျာသော်၊ဂျင်မီ အမှု နစကရှင်းချက်အတိုချုပ်....>
သူတို့ကဒီမိုကရေစီအရေးလှုပ်ရှားသူတွေလား၊အကြမ်းဖက်တွေလား....
မြန်မာနိုင်ငံအတွင်းမှာ ၄ ပုံ ၃ ပုံသောရွေးချယ်ခံကိုယ်စားလှယ်ဦမိုကရေစီအရေးဆောင်ရွက်သူတွေအေးချမ်းစွာရှိနေကြတယ်။ သူတို့ဟာအစွန်းရောက်အကြမ်းဖက်တွေပဲ။
ဖြိုးဇေယျာသော်အစွန်းရောက်အကြမ်းဖက်မှုများ...
၁။ အကြမ်းဖက်အစွန်းရောက်လုပ်ဆောင်မှုတွေအတွက်လက်နက်ခဲယမ်းထောက်ပံ့တယ်။
၂။ လုံခြုံရေးတပ်ဖွဲ့ဝင် ၉ ယောက်၊ပြည်သူ ၁၂ ယောက်သေခဲ့တယ်။ ဒဏ်ရာရသူ ၁၄ ဦးရှိတယ်။
၃။ အကြမ်းဖက်ဥပဒေ ပုဒ်မ ၄၉(က)၊ ၅၀ (ဈ၊ည) နဲ့တရားစွဲတယ်။
၄။ ဒါတွေအားလုံးသူကိုယ်တိုင်ထွက်ဆိုဝန်ခံထားတယ်။
ကျော်မင်းယု(ခ)ဂျင်မီအစွန်းရောက်အကြမ်းဖက်မှုများ...
၁။ ဖြိုးဇေယျာသော်နဲ့ပေါင်းပြီး Moon light operation လုပ်တယ်။ ရန်ကုန်မှာရှိတဲ့ကျောင်းဆရာဆရာမတွေလုပ်ကြံတယ်၊ အုပ်ချုပ်ရေးမှူးတွေသတ်တယ်၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေဖျက်တယ်၊ပုဂ္ဂလိကဘဏ်တွေတိုက်ခိုက်တယ်။
၂။ အကြမ်းဖက်ဥပဒေ ပုဒ်မ ၄၉(က)၊ ၅၀ (ဈ၊ည) နဲ့တရားစွဲတယ်။
ကျန်လူTတ်ကောင် ၂ ဦးအစွန်းရောက်အကြမ်းဖက်မှုများ...
၁။ လှိုင်သာယာကအပြစ်မဲ့သူအမျိုးသမီးကိုအိမ်ထဲပိတ်လှောင်တယ်၊ တွံတေးကိုကားနဲ့ခေါ်သွားတယ်။ ရွှေငွေတွေယူတယ်။ ဓားနဲ့အချက်ပေါင်းများစွာလူမဆန်စွာသတ်တယ်။
( သူတို့ကရဲရင့်စွာခံယူချက်ရှိရှိခံသွားကြတာလား)
၁။ အယူခံစာဝင်တယ်။
၂။ အသနားခံစာတင်ခွင့်ပေးတယ်။ တင်တယ်။
▫ သူတို့ရဲ့လူမဆန်တဲ့အကြမ်းဖက်အစွန်းရောက်မှု Terrorist ကြောင့်သေဒဏ်ပေးခဲ့တယ်။
သူတို့ကမီဒီယာအားကောင်းတော့မီဒီယာမှာဒီမိုကရေစီအရေးလှုပ်ရှားသူ၊စသည်ဖြင့်လွှမ်းမိုးထားနိုင်တယ်။
ဒါပေမယ့်အမှန်တရားဆိုတာဖျောက်ဖျက်လို့မရဘူး။ ဒါကြောင့်ကျွန်တော်တင်ပါတယ်။ ဒီလူtတ်ကောင်အကြမ်းဖက်အစွန်းရောက်တွေဟာလူ့လောကနဲ့မထိုက်တန်ပါဘူး။
အားလုံးဟာ
As you sow, you shall reap ပါပဲ။
ကိုယ်စိုက်တာကိုယ်ရိတ်၊ကိုယ်လုပ်တာကိုယ်ခံပေါ့ဗျာ။ ဘာတွေဘုမသိဘမသိယောင်နေကြတာလဲ 😎။
၂၈.၇.၂၀၂၂
Geopolitics' Admin
ဗွီဒီယိုအပြည့်အစုံ link
https://fb.watch/exHOTvWio0/
Repost from Shwe Myo Win
( ကဲ မျိုးရန်နောင်သိန်းက ဆရာဝန်တဲ့ ၊ လူတယောက်အခမဲ့ကုပေးဖူးဟန်တောင်မတူပါဘူး ။ သတ်ဟ ဖြတ်ဟ နဲ့ လူမဆန်တဲ့ သွေးထိုးမှုတွေနဲ့ ကလေးသူငယ်ကနေ သံဃာတွေထိ သတ်ခိုင်းနေတဲ့ အဓိပတိလူယုတ်မာကို ကိုးကွယ်နေတဲ့ နီပိတ်တွေကြည့်ထားနော် သီတဂူရဲ့ အလှူတော်စာရင်းများလာလေ မင်းတို့လို အကုသိုလ်ဝန်းရံသူတွေ တန်ဖိုးကြီးကြီးပေးဆပ်ရမှုကို သံသရာတလျှောက် ပေးဆပ်လို့မကုန် ဖြစ်ရလေဆိုတာ သတိပြုကြပါ)
4 ။ ပြည်ပသာသနာပြု
ဆရာတော်ကြီးက အမေရိကန်မှာ ကျောင်းတိုက်ကြီး ၃ ခုတည်ထောင်ခဲ့ပြီးပြီး ။ ဓမ္မာရုံ ၊ တရားရိပ်သာ ( လူ သံဃာ) အတွက် တည်ဆောက်ပြီးပြီ ။ စေတီတွေတည်ပြီးပြီ ။
ရုရှားမှာလည်း စေတီတည်ပြီးပြီ ။ ဘွဲ့ရတပည့် ရဟန်းတွေကို တာဝန်ပေးစေလွှတ် သာသနာပြုနေပါပြီ ။
( မျိုးရန်နောင်သိန်း ဘာတွေလုပ်နေလဲ.. ? ပြည်ပထွက်ပြေးတယ် လိမ်ညာအလှူခံစားတယ် ၊ ပြည်တွင်းက နမူနထူ ဆေးကြောင်လူငယ်တွေကို သွေးထိုးမြှောက်ပင့်ပြီး အရပ်သားပြည်သူတွေကို သတ်ဖြတ်ဖို့စေခိုင်းတယ် ။ ဆရာတော်ကြီးလုပ်ရပ်တွေနဲ့ ပြောင်းပြန် ။ ဒါကိုပဲ အသိမဲ့စိတ်ခံစားမှု ဦးစားပေးပြီး လူယုတ်မာ မျိုးရန်နောင်သိန်းပြောသမျှ ဟုတ်ပါ့ မှန်ပါ့ လုပ်နေတဲ့ နလပိန်းတုန်း နီပိတ်လေးတွေရဲ့ လားရာလမ်းကတော့ အကုသိုလ်ဌာနချုပ် အဝီစိငရဲအပ အခြားလားရာမရှိတော့ပါဘူး)
ကိုရွှေမျိုးဝင်း
(ပန်းကန်ထဲရောက်မှ တောင်းပန်မရသလို ငရဲပြည်ရောက်မှ နောင်တရလည်း ပြင်မရတော့ဘူး နီပိတ်အပေါင်းတို့ ဒါ မင်းတို့ကို သနားလို့ရေးတဲ့ ပို့စ်)
Repost from Geopolitics
< သင်ဘယ်အုပ်စုကလဲ >
▫ လူတွေဟာအမြင်မတူတာလေးနဲ့tတ်ဖြတ်နေကြတယ်။
▫ အုပ်စုတစ်ခုကလူကို လူမှုတိရစ္ဆာန်လို့မြင်တယ်။
▫ နောက်အုပ်စုကထောင်ချီတည်တံ့လာတဲ့ values တွေကိုတန်ဖိုးထားသူတွေ။
▫ အုပ်စုနှစ်ခုရဲ့ဓလေ့စရိုက်ကဘာလဲ။
▫ သင်ဘယ်အုပ်စုကလဲ။
===================================
လူတွေဟာအမြင်ချင်းဆန့်ကျင်ဘက်ဖြစ်သွားကြတဲ့အခါမှာဝေးကွာသွားကြတယ်။ တအူတုံဆင်းမောင်နှမတွေဖြစ်နေပါစေ၊ကင်းပြတ်သွားကြတယ်။ ဆွေမျိုးရင်းချာတွေဖြစ်ပါစေ၊ကင်းပြတ်ကြတယ်။ မိတ်ဆွေတွေဖြစ်ပါစေ၊ဆက်ဆံရေးရပ်စဲကြတယ်။
ဒါတွေဟာစိတ်ခံစားချက်ကလေးတစ်ခုတည်းအပေါ်၊အမြင်တူခြင်းမတူခြင်းဆိုတဲ့အချက်ကလေးတစ်ခုတည်းအပေါ်အခြေခံဖြစ်ပျက်လာတဲ့အရာတွေပါပဲ။
အခုလိုအကဲဆတ်တဲ့နိုင်ငံရေးဖြစ်စဥ်ဖြစ်လာတဲ့အခါမှာအသိုင်းအဝိုင်းတွေကွဲထွက်လာကြတယ်။ နိုင်ငံရေးအရောင်ကွဲသူတွေအချင်းချင်းကြား၊ အရောင်ကွဲမှုကနေရန်လိုမုန်းတီးမှု၊ အချင်းချင်းTတ်ဖြတ်မှုထိရောက်လာကြတယ်။
နိုင်ငံရေးအရောင်ကွဲတဲ့ကြားနေသူတွေထိပါထိခိုက်လာခဲ့ရတယ်။
▫ ကျွန်တော်တို့ဘာကြောင့်အခုလိုဖြစ်လာကြတာလဲ...??
▫ ကျွန်တော်တို့တွေရဲ့ယုံကြည်ချက်ကဘာလဲ၊ ဘာအတွက်အသက်ပေါင်းများစွာစတေးပစ်ကြတာလဲ...??
▫ ဘာအတွက်နိုင်ငံကြီးရဲ့အနာဂတ်ကိုနိုင်ငံသားတွေကိုယ်တိုင်ချေမွဖျက်ဆီးပစ်တာလဲ..??
ကမ္ဘာ့လူမှုနိုင်ငံရေးမှာအမြင်ကွဲ ၂ ခုရှိတယ်။ ၂ ဘက်လုံးကလဲကိုယ့်အမြင်ကို ကိုယ်မှန်တယ်ထင်ကြတယ်။
▫ ပထမတစ်ခုကလူဟာ လူမှုတိရစ္ဆာန်(social animal) တဲ့
ဒီအသိုက်အဝန်းကလူတွေက ကမ္ဘာဦးကနေလူတွေစပေါ်လာတာ၊ လူတွေရွေ့ပြောင်းအခြေချကြတာကနေ ဒေသအသီးသီးမှာရောက်ရှိနေထိုင်ကြတာတွေကိုအသားပေးကြတယ်။ သမိုင်းအတိတ်ကိုပေါ့။ သူတို့ကလူတွေဟာအားလုံးတန်းတူ social animal ပဲလို့သတ်မှတ်တယ်။ မူလနေရပ်ဆိုတာမရှိဘူး။ အားလုံးဟာ planetary citizen တွေပဲတဲ့။ အားလုံးဟာ migrants တွေပဲတဲ့။
ဒါကြောင့်နိုင်ငံတွေဟာနယ်နိမိတ်ကန့်သတ်ပိုင်းခြားထားတာမရှိဘူး။ အားလုံးဟာ Boundaryless ပဲ။ ဒီကနေ Globalism အယူအဆ၊ Globalization ဖြစ်စဥ်ဖြစ်လာတယ်။
ဦးမင်းကိုနိုင်တို့လိုလူတွေ။ Western liberalists တွေ၊ ဂျော့စ်ဆိုးရော့စ်လိုလူတွေ၊ သူတို့လေ့ကျင့်ပေးထားသူတွေ။ အခုမြန်မာနိုင်ငံထဲက ဘုမသိဘမသိ 'ရို' နေကြသူတွေအုပ်စု။ အမေရိကန်လိုဝေးကွာတဲ့အတိတ်သမိုင်းမရှိတဲ့နိုင်ငံသားတွေအုပ်စု။
ဥပမာ case study ပေးရရင်သူတို့က 'ဘင်' ပြဿနာကိုအခုလိုမြင်ကြတယ်။
<< ဘင်္ဂလားဒေ့ရှ်ဟာနိုင်ငံကျဥ်းကျဥ်းလေး၊ မြန်မာဟာနိုင်ငံကျယ်ပြီးလူနည်းလို့ မြန်မာဘက်ကိုဘသးင်္ဂလားဒေ့ရှ်က 'ဘင်' တွေရွေ့ပစ်ရမယ်။ ဒါဟာ social animal အယူအဆအရ၊ Globalism အယူအဆအရမှန်တယ်။ >>
▫ နောက်အုပ်စုတစ်ခုကဝေးကွာတဲ့ထောင်စုနှစ်တွေထိသမိုင်းကြောင်းနဲ့မျိုးရိုး၊ဓလေ့၊ယဥ်ကျေးမှုနဲ့နေလာတယ်ဆိုတဲ့ မျိုးချစ်၊နိုင်ငံချစ်အုပ်စု။
သူတို့ကဒီလိုယူဆတယ်။
<< ငါတို့နိုင်ငံဟာဘယ်လိုနှစ်ပေါင်းများစွာရပ်တည်လာတာ။ ငါတို့အမွေအနှစ်တွေကဒီလိုတန်ဖိုးထားစရာကောင်းတယ်။ ငါတို့ဘိုးဘေးတွေကဘယ်လိုထိန်းသိမ်းခဲ့တာ။ ငါတို့ယဥ်ကျေးမှု၊ ငါတို့သယံဇာတ၊ ငါတို့နိုင်ငံဆိုတဲ့သူတွေ။ >>
သူတို့ကနိုင်ငံတော်အလံကိုမြတ်မြတ်နိုးနိုးတန်ဖိုးထားကြတယ်။ သူတို့ဟာနိုင်ငံတော်သီချင်းဆိုရင်၊ဖွင့်ရင်မတ်တပ်ရပ်အရိုအသေပြုကြသူတွေဖြစ်တယ်။
သူတို့တွေဟာဒီနိုင်ငံရဲ့ပုဂံကိုချစ်တယ်။ ပုဂံယဥ်ကျေးမှုကိုချစ်တယ်။ အညာဒေသရဲ့ရိုးသားမှုကိုချစ်တယ်။ ထိန်းသိမ်းလိုတယ်။ ဧရာဝတီကိုပညာနဲ့ချစ်တယ်။ ရှေးဟောင်းအမွေအနှစ်တွေပေါ်လာရင်နှစ်သက်တယ်။ သမိုင်းအမွေအနှစ်တွေတူးဆွတယ်။
သူတို့ကအနောက်တိုင်းကသွတ်သွင်းလာတဲ့မကောင်းတဲ့အယူအဆတွေကိုပယ်တယ်။ ဘုရား၊တရား၊သံဃာ၊မိဘနဲ့ဆရာကို အနန္တကျေးဇူးရှင်တွေအဖြစ်သဘောပိုက်တယ်။ သံဃာကို live လွှင့်ပြီးမပစ်မှားဘူး။ မိဘစကားကိုအလေးထားတယ်။
▫ ဒီအုပ်စု ၂ ခုမှာသင်ဘယ်ဘယ်သူလဲ။
Globalists လား၊ Nationalist လား။
▫ Globalist တွေ၊ သူများယောင်လို့ယောင်ကြသူတွေကနိုင်ငံတော်အလံကိုဖျက်ဆီးတယ်။ 'ရို' ကိုလက်ခံပါတယ်လို့တဖွဖွပြောတယ်။ ဝါဒမတူသူနိုင်ငံသားသွေးသားရင်းတွေရဲ့အသက်ကိုဖက်ရွက်လောက်တောင်တန်ဖိုးမထားဘူး။
လူပေါင်းများစွာသေကြေပျက်စီးအောင်လုပ်လို့ထိုက်တန်တဲ့ပြစ်ဒဏ်ပေးခံရတဲ့ရာဇဝတ်ကောင်တွေကိုစာနာပြီး၊ အပြစ်တစုံတရာမရှိပဲသေကြေခဲ့တဲ့ပြည်သူပေါင်းများစွာကိုမျက်ကွယ်ပြုထားကြတယ်။ အမှန်တရားကိုစုံမှိတ်ငြင်းပယ်ကြတယ်။
▫ Nationalist တွေကတခြားနိုင်ငံကြီးတွေရဲ့ဖိနှိပ်မှုတွေဘယ်လောက်ရှိရှိကြံ့ကြံ့ခံရင်ဆိုင်မယ်ဆိုတဲ့သူတွေ။ ICJ သွားဖြေရှင်းတဲ့အဖွဲ့ကိုထောက်ခံသူတွေ။ နယ်နိမိတ်ကန့်သတ်ချက်မရှိလိုတဲ့၊ တပါးနိုင်ငံရဲ့အချုပ်အခြာအာဏာကိုစွက်ဖက်လိုသူအုပ်စုရဲ့နည်းမျိုးစုံနဲ့ဖျက်ဆီးတာကိုရင်ဆိုင်ထားတဲ့သူတွေ။
< လူရယ်လို့ဖြစ်လာရင် >
အားလုံးဟာယုံကြည်ချက်အတွက်အသက်ပေးကြတယ်။ သင်ဘယ်ယုံကြည်ချက်အတွက်အသက်ပေးသလဲ။ ယုံကြည်ချက်ခိုင်မာရဲ့လား။ ယုံကြည်ချက်မှန်ကန်ရဲ့လား။ သင်အသက်ပေးနေတဲ့ယုံကြည်ချက်ကြောင့် 'သင့်နိုင်ငံ' ကိုကိုယ်တိုင်ဖျက်ဆီးနေတယ်ဆိုရင်ရော.......။
၂၇.၇.၂၀၂၂
Geopolitics' Admin
Repost from Shwe Myo Win
မျှစ်ကွေး
======
မတွေ့တာကြာပြီဖြစ်တဲ့ ကိုစိုးတယောက် လေကန်ဖို့ ရောက်လာတော့ ထုံးစံအတိုင်း လက်ဖက်ရည်ဆိုင် သွားကြတာပေါ့ ။ ဆိုင်ရှင်ကတော့ ပျင်းလို့ထင်ပါရဲ့ အနားလာထိုင်ပြီး မျှစ်တွေ အပ်ချိတ်နဲ့ ဆွဲပြီးမွှာနေလေရဲ့ ။
'' ငမျိုးရေ ဟိုနှစ်ကောင် ရဲ့ ကြင်စိုး ကိစ္စ အတော် ဆူနေပါလားကွ''
'' ဟုတ်တယ် နိုင်ငံရေး စစ်ရေးကို ကမ္ဘာ့အခင်းအကျင်းနဲ့ အညီ ကစားကွက် ပြောင်းကစားနေတာဗျ ''
'' နေပါအုံး ဟ အလောင်းပြန်မပေးတာ ဥပဒေနဲ့ မညီဘူးဆို ''
'' ခင်ဗျား ဘယ်သူကပြောလဲ ''
''ဟ နီပိတ်ရပ်ကွက်ကပေါ့ ကွ ''
'' ကဲ ဒါလေးဖတ်ကြည့်ဗျာ .....
သေဆုံးသူ ရုပ်ကလာပ်အား မိတ်ဆွေ (သို့) ဆွေမျိုးများကို ပေးအပ်ခြင်း (အပိုဒ် - ၁၀၁၉)
အကျဉ်းထောင်တွင် သေဆုံးသွားသော (သို့) သေဒဏ် အပေးခံရသော အကျဉ်းသား၏ ရုပ်ကလာပ်ကို ထိုအကျဉ်းသား၏ မိတ်ဆွေများမှ တောင်းဆိုလာလျှင် ပေးအပ်နိုင်သည်။ အထူးဆန့်ကျင်ဘက်အကြောင်း တစ်စုံတစ်ရာနှင့်အကျိုးယုတ်နိုင်သော အကြောင်းများရှိလျှင် မပေးအပ်ရ။
ဥပမာ ။ ။ အကျဉ်းသားသည် ကူးစက်ရောဂါကြောင့် သေဆုံးခြင်း (သို့) အကျဉ်းထောင်တွင်း သေဒဏ်ပေး၍ သေဆုံးသော အကျဉ်းသားဖြစ်လျှင်၊
၎င်း၏ ရုပ်အလောင်းကို သင်္ဂြိုလ်သည့်အခါ ဆန္ဒပြမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု မှတ်ယူနိုင်ရန် အကြောင်းရှိသည်ဟု ထင်မြင်လျှင် မပေးအပ်ရ....တဲ့ တွေ့လား''
'' သြော် ဆန္ဒပြမှုဖြစ်လာနိုင်လို့ မပေးအပ်တာပေါ့ ''
''yes နီပိတ် ဆိုတာ သိတဲ့အတိုင်းပဲ မသာလောင်းနဲ့ လုပ်စားနေတာ အံခွနေပြီလေ ဘယ်ပေးမလဲဗျ အဲဒါ အကျဥ်းထောင်လက်စွဲဥပဒေအရ မပေးတာပဲ ရှင်းပြီနော် ''
'' အေးပါဗျာ ရှင်းပါပြီ သူတို့ဖက်ကတော့ ကလေးတွေကအစ ပြန်သတ်ဖို့ ဆော်သြနေကြလေရဲ့ကွာ''
'' ယုတ်မာတဲ့ အဖွဲ့အစည်း ၊ လူ့အောက်တန်းစားတွေ ဦးဆောင်နေတဲ့ တော်လှန်ရေး ၊ နလပိန်းတုန်း ချီးဦးဏှောက်တွေ ဝန်းရံနေတဲ့ လှုပ်ရှားမှုပဲဗျာ လူမဆန်တာ ဆန်းသလားဗျ ''
'' အေးကွာ ဒီကောင်တွေ တသက်လုံးက လုပ်ခဲ့တဲ့နိုင်ငံရေးတဲ့ ပြည်သူလူထုအတွက် အကျိုးရှိရာ ရှိကြောင်း ဘာတခုမှ မပြောခဲ့ မလုပ်ခဲ့ကြဘူး တပ်မတော်မကောင်းကြောင်းပြော ၊ အရပ်ဖက် တပ်ဖက်ဆက်ဆံရေး ပျက်ပြားအောင်လုပ်နဲ့ပဲ အချိန်ကုန်နေလေရဲ့ကွာ ''
'' အမှန်ပဲ တိုင်းကျိုးပြည်ပြုဆိုလို့ အဲဒီမအေပေးတွေ လိုင်းပေါ်က ဆေးမီးတို ရေးနေတဲ့သူလောက်တောင် လုပ်မပြနိုင်ပါဘူးဗျာ ''
'' နောင်လာ နောင်သားတွေကို အဲလို လူယုတ်မာမျိုးတွေ မဖြစ်ရလေအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲ ကွ ''
ကျနော်လည်း မျှစ်မွှာနေတဲ့ထဲက ခပ်ကောက်ကောက်မျှစ်တချောင်းယူပြီး....
'' ဒီမျှစ်ကိုကြည့် ကိုကြီးစိုး ဝါးပင်ဖြစ်သွားရင် ကောက်မလား ဖြောင့်မလားဗျ ''
'' ကောက်မှာပေါ့ ကွ ''
''အင်း အဲလိုပဲဗျ ကလေးတွေကို နိုင်ငံရေးအောက်တန်းစားစိတ် မမွေးမြူနိုင်အောင် ပညာရေးကဏ္ဍကနေပဲ ပြုပြင်လေ့ကျင့်မှ အဆင်ပြေမယ်ဗျ ''
'' ဒါဆို အခု ကျောင်းသားသမဂ္ဂတွေကရောကွာ...''
'' သုံးစားမရတဲ့ မျစ်ကွေးတွေပါဗျာ ဝါးလုံးဖြစ်လည်း ကောက်ကွေးရှုပ်ထွေးပြီး တန်ဖိုးရှိလာမှ မဟုတ်တာ မျှစ်ဘဝနဲ့ အဆုံးသတ်လိုက်တာ အကောင်းဆုံးပဲ ''
'' ဟိုက် မင်းသာ အာဏာရှိရင်တော့ ကျောင်းသားသမဂ္ဂဆိုတာ..? ''
'' ဖျက်ပစ်မယ်ဗျာ နိုင်ငံရေးလုပ်တဲ့ကျောင်းသား ထုတ်ပစ်မယ် ၊ လုပ်ချင်ဘွဲ့ရမှ လုပ်ပေတော့ ''
'' ဗိုလ်ချုပ်တို့.ခေတ်.....ခေတ် ''
'' တော်စမ်းပါဗျာ အဲဒီခေတ်က ပညာတတ်ဆိုတာ တက္ကသိုလ်ဝန်းကျင်မှာပဲ ရှိတဲ့ခေတ်ဗျ အခုခေတ်က ပညာတတ်တွေ အပြင်မှာ ပေါ မှ ပေါ ကျောင်းတက်ဆဲကလေးတွေထက် အသိပညာ ဗဟုသုတ အများကြီးသာလွန်တဲ့သူတွေ ရိုက်သတ်မကုန်ဘူး ''
'' အေးပါကွာ ဒါဆို ကွေးနေတဲ့ မျှစ်ကို....''
'' လူယုတ်မာ မင်းကိုနိုင် ဂျင်မီ ဇေယျာသော် တို့လို လူမျိုးတွေ မဖြစ်ရအောင် ပြုတ်စား သုတ်စား ချက်စားပစ်ဗျာ တိုင်းပြည်သန့်သွားလိမ့်မယ် ''
'' အင်း ပြောရင်း ဒေါပါလာပြီ ပြန်ကြစို့ဟေ့ ''
ကိုရွှေမျိုးဝင်း
(စားကောင်း သောက်ကောင်း အလှူခံကောင်းအောင် ကြွေးကြော်နေရပေမယ့် နီပိတ်လေးတွေရဲ့ လက်တွေ့အခြေအနေက........)
Repost from Geopolitics
နိုင်ငံ့တာဝန်ယူထားတဲ့သူတွေကိုလဲ ယူထားတဲ့တာဝန်နဲ့ထိုက်တန်တဲ့ Vision ရှိစေချင်ပါတယ်။ ကမ္ဘာ့မြေပုံကိုချခင်းပြီး အတိတ်သမိုင်းတွေက ကမ္ဘာပေါ်မှာဒီလိုဖြစ်ခဲ့လို့ ဒီအကြောင်းတရားကြောင့် တို့နိုင်ငံကိုဒီလိုအကျိုးတရားတွေဖြစ်လာတဲ့အတွက် တို့ကဒီလိုမျိုးစီမံခန့်ခွဲရမယ်ဆိုတဲ့ သမိုင်းကိုဖော်ထုတ်သင်ခန်းစာယူတတ်ပြီး နိုင်ငံကိုဘယ်လိုမောင်းနှင်ရမလဲဆိုတဲ့ vision ရှိတဲ့သူမျိုးကိုလိုလားပါတယ်။ sector အလိုက် တိကျတဲ့ ရည်မှန်းချက်တွေ၊ ပြတ်သားတဲ့ အကောင်အထည် ဖော်မှုတွေနဲ့နိုင်ငံကြီးကိုဂုဏ်သိက္ခာရှိရှိထည်ထည်ဝါဝါ နဲ့ရပ်တည်နိုင်အောင်အုပ်ချုပ်မဲ့ မင်း မျိုးကိုအလိုရှိပါတယ်။
.
သူများတွေကကိုယ့် နိုင်ငံထဲကနေမြေနေရာတစ်နေရာဖဲ့ထုတ်သွားဖို့ သားစဥ်မြေးဆက်လက်ဆင့်ကမ်းပြီး ပြောင်မြောက်လှတဲ့မဟာဗျူဟာရွှေ့ကွက်တွေရွှေ့နေတဲ့အချိန်မှာ ကိုယ့်ဆီကဘာလုပ်လို့လုပ်ရမှန်းမသိ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေရတဲ့အခြေအနေမျိုးကလွတ်မြောက်ချင်ပါပြီ။ သူတို့က philosophy ၊ psychology Team တွေနဲ့ မြေအနေအထား၊ ပညာတတ်နဲပြီး နားတစ်ပေါက်များတဲ့ လူ၊ စတာတွေကို သေချာ သုတေသနလုပ်ပြီး ကိုယ့်မြေကိုဖဲ့ထုတ်ဖို့ဗျူဟာခင်းသွား တဲ့အချိန်မှာ ကိုယ့်ဘက်က အချင်း ချင်းကွဲပြားနေရတဲ့အခြေအနေမျိုးကို မမြင်ချင်တော့ ပါဘူး။
.
တစ်ဆက်တည်းတွေးမိတာက နိုင်ငံတစ်ခုကိုမောင်းနှင်အုပ်ချုပ်နိုင်ဖို့အတွက် ကြီးမှလက်ပေးသင်ပြီး ဥုံဖွလို့ မန်းမှုတ်ရလာတဲ့သူတွေက ဒီနေ့ခတ်အခြေအနေအတွက်လုံးဝ အသင့်မဖြစ်ဘူးဆိုတာပါပဲ။ နောက်ပိုင်းမှာရင်ဆိုင်ရမဲ့ တောတွင်းဥပဒေနဲ့ ကမ္ဘာ့အရေးအခင်းတွေထဲမှာ ရပ်တည်နိုင်ဖို့ကပိုဝေးလာပါတယ်။ မျိုးဆက်တွေကို ၁၀ နှစ်တန်း၊ ၂၀ တန်း၊ ၃၀ တန်း စသဖြင့် ကောင်းကောင်း train ပေးမည့် ပညာရေးစနစ်နဲ့ ၊ အားကောင်းတဲ့ institutions တွေလိုနေပြီဆိုတာမြင်လာရပါတယ်။ ဘာမှလေ့လာမှုမရှိခဲ့၊အတွေ့အကြုံမရှိခဲ့ ၊ ဘယ်လိုပြသနာမျိုးကို ကိုယ့်အလှည့်ရောက်ရင် ဘယ်လိုဖြေရှင်းမယ်လို့မှ စိတ်ကူးထဲ မရှိခဲ့သူတွေနေရာရလာရင် ရွှေပြည်တော် မျှော်တိုင်းဝေးမယ်ဆိုတာလည်း သတိချပ်မိလာရပါတယ်။
.
နိုင်ငံတော်ကြီးနဲ့ အမျိုး၊ဘာသာ၊သာသနာ အတွက် အဝိဇ္ဇာဖုံးလွှမ်းမှုကနေ လွတ်ကင်းတဲ့ လူတန်းစားအလွှာတွေများများတိုးပွားလာပါစေ။ local ၊ regional နဲ့ global level vision ရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေသာ အုပ်စိုးကြပါစေ။ကျွန်တော်အပါအဝင် အခြားလူအများ အဝိဇ္ဇာ လွှမ်းမှုမှလွတ်ကင်းကြပါစေလို့ဆုတောင်းရုံမှတပါး လက်ရှိအချိန်မှာတော့ဘာမှ မတတ်နိုင်သေးပါ။ ကျွန်တော်တို့လူငယ်တွေလုပ်နိုင်တာကတော့ ကိုယ့်မျိုးဆက်တာဝန်ယူရတဲ့ကာလတစ်ခုကိုရောက်လာရင် ကိုယ့်သမိုင်း မရိုင်းဖို့အတွက် လိုအပ်တဲ့ အတွေ့အကြုံ၊ ဗဟုသုတ၊ အတွေးအခေါ်တွေကို ရေဖြည့်နေဖို့ပဲမဟုတ်ပါလားခင်ဗျာ။
၂၀.၆.၂၀၂၂
Geopolitics' Admin
Repost from Geopolitics
လွန်ခဲ့တဲ့ ၂ နှစ်ကရေးခဲ့တဲ့စာ။ ကိုယ်တိုင်ကြိုးစားရင်း လူတိုင်းအဝိဇ္ဇာကင်းဝေးဖို့ဆုတောင်းပေးပါတယ်။
------------
အဝိဇ္ဇာ
.
မနှစ်ကစာသင်ခန်းထဲမှာ ဆရာနဲ့ အဝိဇ္ဇာ ဆိုတဲ့စကားလုံးအပေါ်ဆွေးနွေးကြတယ်။ တပည့် ၄ ယောက်ဆိုတော့ ၄ မျိုးထွက်တာပေါ့။ကျွန်တော်ကတော့ အဝိဇ္ဇာ ဆိုတဲ့ စကားလုံးကို အမှောင်လွှမ်းနေတယ်လို့အဓိပ္ပါယ်ကောက်ပြခဲ့ပါတယ်။ ဆရာရှင်းပြတာကတော့ ရှင်းရှင်းလေးပါပဲ။ အဝိဇ္ဇာဆိုတာ အမှန်ကိုအမှားထင်၊အမှားကို အမှန်ထင်တာတဲ့။ အမှန်ကို မမြင်နိုင်လောက်အောင် ကန့်လန့်ကာကြီးတခုဖုံးနေတယ်လို့ပဲဆိုကြပါစို့ဗျာ။
.
တကယ့်လက်တွေ့ဘဝမှာလဲ ဒီလိုပဲ အဝိဇ္ဇာဖုံးနေတဲ့သူတွေတော်တော်များများကိုတွေ့လာရတယ်။ တွေ့လာရတယ်ဆိုပေမဲ့ သူတို့ကလဲ ကျွန်တော့်ကို အဝိဇ္ဇာ ဖုံးနေတဲ့သူတစ်ယောက်အဖြစ်မြင်နေကြမယ်လို့လဲထင်ပါတယ်။ဒါကတော့ မေတ္တာဆိုတဲ့သဘောကအသွား အပြန်ရှိသလိုပဲ ကိုယ်ကသူ့ကိုမြင်တော့သူကလဲကိုယ့်ကို ပြန်မြင်တဲ့သဘောလို့မှတ်ပါတယ်။ရှင်းရှင်း လင်းလင်းနားလည်အောင်ပြောရရင်တော့ မှိုင်းမိနေတဲ့သူလို့မြင်တယ်ပေါ့ခင်ဗျာ။
.
ငယ်ငယ်တုန်းကတော့အမေကအိပ်ရာဝင်ချော့သိပ်ရင် ရှေးမြန်မာဘုရင်တွေရဲ့ရာဇဝင်တွေပြောပြပြီးချော့သိပ်လေ့ရှိပါတယ်။ အဲ့ဒီမှာ ဘုရင်ကြီးတွေရုပ်ဖျက်ပြီး တစ်ကိုယ်တည်း နိုင်ငံကိုလှည့်လည်တဲ့အကြောင်းတွေမှတ်မိတာပါပဲ။ဒါကလဲ ဘုရင်တွေက တိုင်းရေးပြည်ရာကို မှူးမတ်တွေ လိမ်တင်ပြမှာစိုးလို့ အမှန်အတိုင်းသိချင်တဲ့အတွက် အဝိဇ္ဇာကို ဖယ်ရှားချင်လို့ဖြစ်တယ်လို့ နားလည်သဘောပေါက်ခဲ့ပါတယ်။
.
တကယ်တော့ကျွန်တော်ကမှိုင်းမိပြီး အမှန်ကို မမြင်မှာအင်မတန်စိုးရိမ်မိပါတယ်။ ဒါကြောင့် အရာရာကို နှစ်ဘက်မြင်နဲ့တွေးတောပြီး ဆန့်ကျင်ဘက်နှစ်ခုရဲ့အမြင်နဲ့ကြည့်ရှုသုံးသပ်တာကို တော်တော်လုပ်ဖြစ်ပါတယ်။ နိုင်ငံရေးအရောင်တွေနဲ့ပတ်သတ်ရင်လဲဒီလိုပါပဲ။ဘက်နှစ်ဘက်ရဲ့ ရေးသားထုတ်ဝေထားတဲ့ စာအုပ်တွေ၊သမိုင်းကြောင်းတွေနဲ့ သတင်းတွေကိုဖတ်ပြီးမှ ကြားနေသဘောနဲ့ မျှခြေတစ်ခုရအောင်တွေးတောဆင်ခြင်သုံးသပ်လေ့ရှိပါတယ်။
.
ဒီလိုသုံးသပ်ပြီးရလာတဲ့အဖြေဟာလဲ မျှတတဲ့အဖြေတစ်ခုထွက်လေ့ရှိပါတယ်။ ဘဝရဲ့ ရင့်ကျက်မှုတစ်ခုကိုရလာတဲ့အချိန်မှာ လူတွေကိုအလွှာလိုက်မြင်ပြီး အလွှာလိုက်နားလည်ပေးတတ်ရတာကိုလဲတွေ့လာရတယ်။ ဥပမာခွေးတစ်ကောင်က ကိုယ့်အခန်းရှေ့မှာချွတ်ထားတဲ့ ဖိနပ်ကိုကိုက်သွားလို့ အရင်ကလိုခွေးကိုမရိုက်မိတော့ဘူး။ ခွေးရဲ့ဗီဇဟာ ကိုက်တတ်တဲ့ဗီဇဖြစ်တယ်။ လူဖြစ်တဲ့ကိုယ်က ခွေးကိုသွားရိုက်ရင် ဗီဇအရကိုက်တဲ့ခွေးက လူကိုလာကိုက်မှ ဆင်ခြင်တုံတရားရှိတဲ့လူကခွေးကိုက်ခံရပြီး ခွေးနဲ့ တန်းညီသွားမယ်။ဒါကြောင့်ခွေးကိုရိုက်တာထက် ဖိနပ်ကိုကိုက်မရအောင်အခန်းထဲထည့်တဲ့အလုပ်က အကောင်းဆုံးဖြစ်တယ်ဆိုတဲ့ မျှခြေတစ်ခုကိုရလာခဲ့ပါတယ်။
.
လူတွေကိုအလွှာလိုက်မြင်တတ်လာတဲ့အချိန်မှာ လူဆိုတာ သူ့ရဲ့ဘဝဖြတ်သန်းလာတဲ့ပုံစံတွေ၊ သူ့ရဲ့အသက် အရွယ်၊ ဗဟုသုတရှာမှီးနိုင်မှု၊ လုပ်ကိုင်လှုပ်ရှားခဲ့ရတဲ့ အလုပ်အကိုင်အတွေ့ အကြုံတွေအပေါ်မူတည်ပြီးတော့ တစ်လွှာနဲ့တစ်လွှာအတွေးအခေါ်တွေမိုးနဲ့မြေလို ကွာခြားလာခဲ့တယ်ဆိုတာကိုမြင်လာရတယ်။အမြင့်လွှာက ရင့်ကျက်တည်ငြိမ်လာတဲ့လူတန်းစားတစ်ရပ်ပေါ့။ ကွာခြားလာတဲ့အလွှာအရ အမြင့်လွှာမှာရောက်နေတဲ့သူတွေက မတူတဲ့အောက် အလွှာကလူတွေနဲ့ တွေ့ကြုံလာခဲ့ရင် သူ့ရဲ့အတွေ့အကြုံ၊အတွေးအခေါ်ဟာ ဒီအဆင့်မို့လို့ ဒီလိုဖြစ်နေတယ်၊ ဒီလိုလူတွေကိုငြင်းနေရင်အပိုပဲဆိုတာသိပြီး ပြုံးပြုံးလေးသာကြည့်နေတတ် ကြပါတယ်။
.
ခေါင်းစဥ်ကိုပြန်ကောက်ရရင် အဲ့လိုလူတန်းစားတွေကြားမှာ အဝိဇ္ဇာ ဆိုတဲ့စည်းလေးတွေခြားထားတာကိုတွေ့လာရမှာဖြစ်ပါတယ်။ ဒါကိုသိရင် လူတွေဟာ ကိုယ့်အလုပ်ကိုလုပ်နေကြတယ်ဆိုတာကိုမြင်လာရမှာပါ။ တရားထိုင်တဲ့ယောဂီတစ်ယောက်ဟာ တရားထိုင်နေရင်းခြင်ကိုရိုက်တာထက် မထိုင်ခင်ကတည်းက ခြင်ထောင်ငယ်လေးထောင်ပြီးသက်သောင့်သက်သာတရားထိုင်မှာဖြစ်ပါတယ်။ ဒါကတော့ မတန်မရာ လောကုတ္တရာဘက်ကို ငဲ့ကြည့်တဲ့အပိုင်းဖြစ်ပါတယ်။
.
အလွှာမတူတဲ့လူတန်းစားတွေကလဲ ကျွန်တော်တို့ကိုမှိုင်းမိတယ်လို့ပြောကြမှာမလွဲပါဘူး။ ဟုတ်ပါတယ်။ ကျွန်တော်လဲမှိုင်းမိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်ကဘာမှိုင်းမိသလဲဆိုတော့ ဆရာဇော်ဂျီရေးတဲ့ သင်သေသွားသော်ဆိုတဲ့ ကဗျာထဲက ကိုယ်သေသွားခဲ့ရင် ကိုယ့်အမျိုး၊ဘာသာ၊သာသနာထွန်းလင်းကျန်ခဲ့စေချင်တယ်ဆိုတဲ့ ဆရာဇော်ဂျီရဲ့မှိုင်းမိပါတယ်ခင်ဗျာ။ ကျန်စစ်သားမင်းကြီးရဲ့ ဘယ်လက်ကနေ ဘာတွေပေးမယ်၊ညာလက်ကနေ ပြည်သူတွေအတွက် ဘာတွေပေးမယ်ဆိုတဲ့ မှိုင်းမိပါတယ်ခင်ဗျာ။
.
နိုင်ငံရေးကိုအရောင်တွေနဲ့ရေးရမှာ အင်မတန် စိတ်ပျက်လွန်းလို့ မရေးမိတာကြာပါပြီ။ ဒါပေမဲ့ အရောင်တွေကွဲနေတဲ့ အဝိဇ္ဇာတွေကိုမြင်ရင်လဲ တော်တော်လေးစိတ်ပျက်မိပါတယ်ခင်ဗျာ။ ငယ်ငယ်လေးကတည်းကမိခဲ့တဲ့မှိုင်းတွေကြောင့် အိပ်မက်တိုင်းမှာ အမျိုး၊ဘာသာ၊သာသနာ ထွန်းလင်းနေတဲ့ ရွှေနိုင်ငံတော်ကြီးကိုအမြဲမြင်ပါတယ်။ အဲ့လိုမြင်တိုင်း အမျိုး၊ဘာသာ၊သာသနာ ညှိုးနွမ်းအောင်ရည်ရွယ် ချက် ရှိရှိမရှိရှိ လုပ်တဲ့သူတွေကို ဒေါသထွက်ပါတယ်။
.
ဒီဖြစ်စဥ်တွေဟာ မြန်မာပြည်ရဲ့ အာဏာသိမ်းခေါင်းဆောင်များ၏ သမိုင်းမှန်တွေဖြစ်ပါတယ် ။
- အာဏာမက်မောလို့ အာဏာသိမ်းခဲ့ကြတာလား... ?
- တိုင်းပြည်အတွက် တကယ့်ကို မဖြစ်မနေ အာဏာသိမ်းရမှာမို့ သိမ်းခဲ့ကြတာလား...?
အဲဒီ အချက်တွေကို အတည်ပြုကောက်ချက်ချဖို့ကတော့ ရှေ့က အာဏာရပြီး အသာတကြည် စွန့်ခွာသွားခဲ့ကြသော ခေါင်းဆောင်များက သက်သေပြပြီးသွားပါပြီ ။
မြန်မာပြည်မှာ နိုင်ငံရေးကလိမ်ခြုံများ အပြောများနေတဲ့ တပ်မတော်က အာဏာမက်လို့ အာဏာသိမ်းကြတာဆိုတဲ့ စကားတွေကို 1962/1988 အာဏာသိမ်းဖြစ်စဥ်တွေရဲ့ ခေါင်းဆောင်တွေက မဟုတ်မှန်ကြောင်း သက်သေပြခဲ့ပြီးပါပြီ ။
ယခု ပစ္စုပ္ပန်ကာလ တပ်မတော်သမိုင်းအတွက်တော့ ဇာတ်သိမ်းပိုင်းကြည့်ဖို့ လိုနေပါသေးတယ် ။
- NLD ပါတီကို ဘယ်လို ထင်ရှားတဲ့ ပြစ်မှုတွေနဲ့ စီရင်ချက်ချနိုင်မလဲ.... ?
- အကြမ်းဖက်ရန်ပြုခံနေရတဲ့ ပြည်သူတွေကို ကာကွယ်နိုင်ရန် ဘယ်လို တိကျပြတ်သားတဲ့ ချေမှုံးရေးလုပ်ငန်းစဥ်တွေ ၊ ပြစ်ဒဏ်စီရင်မှုတွေ ပြုလုပ်ပြမလဲ.... ?
- အာဏာလွှဲပြောင်းမှု လုပ်ငန်းစဥ် ချောမွေ့စေရေးအတွက် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အမှန်တကယ် စွမ်းအားရှိသလောက် အားကုန်ထုတ် ကြိုးစားမလဲ.... ?
- ဘာမှ မလုပ်ပြပဲ ဟန်ပြ လုပ်ကွက်တွေနဲ့ ချွေးသိပ်ပြီး ပြည်သူတွေ သေကြေနေတာကို ဥပေက္ခာပြုကာ အာဏာသက်တမ်းဆွဲဆန့်ပြီး တပ်မတော်သမိုင်းကို ဖျက်မရတော့တဲ့ အမဲကွက် ဆိုးပေးမလား...?
ကျနော်တို့ စောင့်ကြည့်ရပါလိမ့်မယ် ။
ကိုရွှေမျိုးဝင်း
Shwe Myo Win:
အာဏာမက်လို့ အာဏာသိမ်းကြသလား..?
========================
1958 မှာ ဗိုလ်ချုပ်ကြီးနေဝင်းကို ဝန်ကြီးချုပ်ဦးနုက တိုင်းပြည်အား ယာယီ ထိမ်းသိမ်း
ပေးဖို့ တရားဝင်တောင်းဆိုခဲ့ပါတယ် ။
1947 ခြေ / ဥ အရ အဲဒီလို လုပ်မရတဲ့အတွက် ဦးနေဝင်းက လွှတ်တော်မှာ ခြေ / ဥ ပြင်ပေးမှ လက်ခံပါ့မယ်လို့ တောင်းဆိုတဲ့အတွက် ပြင်ပေးခဲ့ကြပါတယ် ။
အားလုံးသိတဲ့အတိုင်း 1960 မှာ အနိုင်ရပါတီကို အာဏာပြန်လွှဲပေးလိုက်တယ် ။ အရပ်သားအစိုးရ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်လိုက်တာ 1962 မှာ ပြည်ထောင်စု ပြိုကွဲဖို့ထိ ဖြစ်လာရတဲ့အတွက် တပ်မတော်က အာဏာပြန်သိမ်းပြီး 1974 မှာ ခြေ / ဥ အသစ်ဆွဲကာ မဆလပါတီ ထူထောင်ပြီး အုပ်ချုပ်ခဲ့ပါတယ် ။
1988 မှာ ဆူပူဆန္ဒပြမှုတွေကြောင့် ဗိုလ်ချုပ်ကြီးနေဝင်းဟာ အာဏာဆက်လက်စွဲကိုင်ခြင်း မပြုပဲ ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးဖို့ တရားဝင် ပြောကြားခဲ့ပါတယ် ။
ဒါကို ကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်ကြီးနေဝင်းသည် အာဏာကို မမက်မောပဲ ပြန်လည်စွန့်လွှတ်ဖို့ လိုအပ်လာလျှင် စွန့်လွှတ်ဝံ့သော သဘောအား 1960 မှာ တကြိမ် 1988 မှာ တကြိမ် ပြသခဲ့ပြီး သူ့သမိုင်းကိုသူ ရေးပြခဲ့ပါတယ် ။
( ၈ ပူးတွေ NLD တွေ ကြွေးကြော်သလို ၈၈ မှာ သူတို့ကြောင့် မဆလပါတီပျက်ပြီး ဒီမိုကရေစီစနစ်ပြောင်းခြင်းမဟုတ်ပါဘူး ဦးနေဝင်းနှုတ်က ပထမဆုံး ဒီမိုကရေစီစကား စပြောထွက်မှ နိုင်ငံရေးကြောင်ဖားကြီးတွေ သံယောင်လိုက်ပြီး ဒီမိုကရေစီကြတာ သမိုင်းအမှန်ပါပဲ)
အဲဒီနောက် ၈၈ အာဏာသိမ်း ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုလည်း ကြည့်ပါ ။ ဦးနေဝင်းက တိုင်းပြည်ကသောင်းကနင်း ဖြစ်နေပြီ ဒါကို ငါတို့တပ်မတော်ကလွဲပြီး ဘယ်သူမှ ထိမ်းနိုင်မှာ မဟုတ်တော့ဘူး မင်းဦးဆောင်ပြီး အာဏာသိမ်းတော့လို့ ခိုင်းပါတယ် ။
အဲဒါကိုပဲ ကျနော်နားမလည်ဘူး မလုပ်တတ်ဖူး နောင်တချိန် ဥပဒေအရ ရင်မဆိုင်ချင်ဘူးလို့ ငြင်းခဲ့တယ် ။
'' မင်းမလုပ်တတ်လည်း မပူနဲ့ ဆရာမောင်မောင် ( Dr မောင်မောင် ၈၈ နောက်ဆုံးသမ္မတ) ကူညီလိမ့်မယ် ၊ မင်းကိုလည်း နောက်နောင် ဒီကိစ္စနဲ့ပတ်သက်ပြီး တရားစွဲခြင်း လုံးဝမလုပ်မယ့်အကြောင်း ငါလက်မှတ်ရေးထိုး ပေးမယ် မစိုးရိမ်နဲ့ ''
ဆိုပြီး အတင်းကာရော အာဏာသိမ်းခိုင်းခဲ့ရတာကိုက ၈၈ အာဏာသိမ်းခေါင်းဆောင် ဦးစောမောင် အာဏာမမက်ကြောင်း ထင်ရှားပါတယ် ။ နောက်တော့ ကျန်းမာရေးချို့တဲ့လာတဲ့ ဦးစောမောင်နေရာကို ဦးသန်းရွှေရလာပြန်တယ် ။
အာဏာမသိမ်းပေမယ့် မထင်မှတ်ပဲ အာဏာအကြီးဆုံး ရလာတဲ့ ဦးသန်းရွှေရော အာဏာသိပ်မက်နေလား ပြန်ကြည့်ပါ ။
သူအာဏာပိုင်စိုးစဥ် လျှမ်းလျှမ်းတောက်ကာလများမှာပဲ ခြေ / ဥ ကို စနစ်တကျရေးဆွဲစေခဲ့ပါတယ် (NLD သပိတ်မှောက်လို့ ကာလကြာသွားရတာ တပိုင်းပါ) ၊ ဒါတင်မက နေပြည်တော်ကို တည်ဆောက်ပြီး လွှတ်တော် သမ္မတနေအိမ် ဝန်ကြီးများနေအိမ် အစရှိသည်ဖြင့် ခမ်းနားပြည့်စုံစွာ တည်ဆောက်ပေးခဲ့ပါတယ် ။
အားလုံးပြီးပြည့်စုံပြီဆိုတော့မှ 2008 ခြေ / ဥ အရ အာဏာလွှဲပြောင်းပေးသွားတာ သွေးတစက်မကျခဲ့ရပါဘူး ။ သူအာဏာစွန့်ချိန်မှာ သူ့အရှိန်အဝါ အကြီးမားဆုံးပါပဲ ။ ယနေ့ ဖင်ခေါင်းကျယ်နေတဲ့ ကိုကိုကြီး မင်းကိုနိုင် ဂျင်မီ တို့ ထောင်ထဲမှာ ချီးပုန်းထမ်းနေရတဲ့ ကာလဖြစ်ပါတယ် ။ ကုန်ကုန်ပြောရရင် ဒေါ်စုကြည်တောင် သူ့ခြံထဲမှာ ဝက်တကောင်လို ချုပ်ထားတာပါ ။
ဒီလို အချက်တွေကို ကြည့်ခြင်းအားဖြင့် ဦးသန်းရွှေလည်း အာဏာမက်မောသူအဖြစ် ရှုမြင်လို့ မရနိုင်ပါဘူး ။
ယနေ့ အုပ်ချုပ်နေသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကော အာဏာမက်သလား လေ့လာကြည့်ပါ ။
2020 မဲခိုးပွဲကြီးကို အစောကြီးကတည်းက မရိုးသားမှု ကလိမ်ကကျစ်ကြမှုတွေကြောင့် ကြိုတင် သတိပေးခဲ့ပါတယ် ။ အမှန်က အဲဒီမတိုင်မှီ 2018 ကတည်းက အာဏာသိမ်းလောက်တဲ့ ကိစ္စကြီးတွေကို NLD ကျူးလွန်ခဲ့ပေမယ့် တပ်ချုပ်ကြီးရဲ့ ဥပဒေလိုက်နာမှု ၊ စိတ်ရှည်မှုတွေကြောင့် မသိမ်းခဲ့ပဲ ရွေးကောက်ပွဲအထိ ရောက်ခဲ့ရတာပါ ။
မဲခိုးမှု မဖြစ်ခင် ဆိတ်ခေါင်းချိတ်ပြီး ခွေးသားမရောင်းဖို့ ၊ ကျနော်မလုပ်ရဲတာ ဘာမှမရှိဘူး အစရှိသဖြင့် တွေးတတ်ရင် ကြောက်စရာကောင်းတဲ့ ပြင်းထန်သော စကားလုံးများနဲ့ သတိပေးခဲ့ပါတယ် ။
မဲခိုးပြီးတော့ ဖုံးဖိမရတဲ့ လက်စလက်န ခိုးရာပါပစ္စည်းသက်သေတွေကြောင့် ရှင်းလင်းဖို့ တပ်မတော်က အကြိမ် ၃၀ ကျော် တောင်းဆိုပါတယ် ။ နောက်ဆုံး အာဏာသိမ်းရက်ကပ်နေတဲ့အချိန်မှာ တပ်ချုပ်ကြီးကိုယ်တိုင် ဒေါ်စုကြည်ထံ လက်ရေးမူနဲ့ နိုင်ငံရေးနည်းအရ ဖြေရှင်းပေးပါရန် တောင်းဆိုပါတယ် ။
အနုနည်းပေါင်းစုံနဲ့ တပ်မတော်က ကြိုးစားပေမယ့် ဘယ်လိုမှ လုပ်မရပဲ အာဏာရမ္မက်ငမ်းဖမ်းနေတဲ့ NLD ကြောင့် မဖြစ်မနေ အာဏာထိမ်းသိမ်းရပါတော့တယ် ။ အာဏာမက်သူသာမှန်ရင် 2018 ရခိုင်အရေး ပြည်ပကျွန်ဖြစ်နေကတည်းက သိမ်းလို့ရပါလျှက် မသိမ်းခဲ့ပဲ နောက်ဆုံးအချိန်ထိ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရန် အားထုတ်နေတဲ့ တပ်ချုပ်ကြီးမင်းအောင်လှိုင်ကိုလည်း အာဏာမက်သူအဖြစ် ရှုမြင်ကောက်ချက်ချဖို့ စောပါသေးတယ် ။
Repost from Geopolitics
[ ငွေ....ငွေ.....ငွေ 💰]
နိုင်ငံတစ်ခုတည်ဆောက်လည်ပတ်တဲ့အခါမှာဘယ်အရာကအရေးကြီးဆုံးလဲဆိုတာကိုစဥ်းစားကြတယ်။ လူ့အသိုင်းအဝိုင်းတစ်ခုအတွက်လဲအတူတူပါပဲ။
ပညာရပ်အသီးသီးကပညာရှင်တွေဟာသက်ဆိုင်ရာရှုထောင့်အသီးသီးကနေသုတေသနပြုလုပ်တင်ပြကြပါတယ်။
ပထဝီဝင်သမားတစ်ယောက်အဖို့ပထဝီနိုင်ငံရေးမသိရင်နိုင်ငံရှေ့ဆက်ဖို့မဖြစ်နိုင်ကြောင်းပြောကြပါလိမ့်မယ်။ ဘောဂဗေဒပညာရှင်ကတော့စီးပွားရေးမကောင်းရင်ရှေ့ဆက်လို့မဖြစ်ဘူးလို့ပြောကြတယ်။
တကယ်တမ်းတော့အရာအားလုံးဟာအရေးကြီးတဲ့ပညာတွေချည်းပါပဲ။ အိမ်တစ်လုံးရဲ့ကြမ်းပြင်ကဒေါက်တိုင်တွေလိုပါ။ တစ်ခုခုလစ်လပ်သွားတာနဲ့ကျန်တဲ့ထောက်တိုင်တွေအားနည်းသွားတာမျိုးပါ။
အခုတော့ငွေအကြောင်းတွေးကြည့်ကြပါဦး။
ခေတ်သစ်တရုတ်ပြည်ရဲ့ဥသျှောင်ကြီးတိန့်ရှောင်ဖိန်က "လူတွေကိုဝအောင်ကျွေးရင်ကြိုက်တဲ့စနစ်နဲ့အုပ်ချုပ်လို့ရတယ်" လို့ဆိုပါတယ်။
နိုင်ငံတစ်နိုင်ငံ၊အဖွဲ့အစည်းတစ်ခု၊လူ့အသိုင်းအဝိုင်းတစ်ခုလည်ပတ်ဖို့၊ဝလင်အောင်ကျွေးဖို့စီးပွားရှာဖို့လိုပါတယ်။ ငွေလိုပါတယ်။
စစ်ပွဲတွေဖြစ်ကြတဲ့အခါအုပ်ချုပ်ထောက်ပံ့မှုသာတဲ့သူ၊ "ငွေကိုစနစ်တကျပိုသုံးနိုင်တဲ့သူ" အနိုင်ရပါတယ်။
ရုရှားနဲ့ယူကရိန်းစစ်ကြာလာတဲ့အခါမှာထောက်ပံ့ရေးသာမှုကရေရှည်မှာစကားပြောလာပါတယ်။
ယူကရိန်းကိုအနောက်အုပ်စုနိုင်ငံတွေကဘီလီယံနဲ့ချီတဲ့လက်နက်တွေ၊ငွေကြေးတွေထောက်ပံ့နေတာပါ။ သို့သော်ထောက်ပံ့တဲ့ငွေဆိုတာရေတိုဖြေရှင်းနည်းပါ။
စစ်ပွဲကြီးတိုက်တယ်ဆိုတာစဥ်ဆက်မပြတ်တဲ့ထောက်ပံ့ရေးလမ်းကြောင်းလိုအပ်ပါတယ်။
အခုတော့ "ယူကရိန်းမှာလက်နက်၊ငွေကြေးမပြည့်စုံကြောင်း" ယူကရိန်းသမ္မတဘက်ကအလှူခံတဲ့အသံထွက်လာပါတယ်။
ကြာလာတဲ့အချိန်မှာလူ၊ငွေ၊လက်နက်သာလွန်တဲ့ရုရှားကအသာစီးရလာတာမဆန်းပါဘူး။ ဆန်းတာကနိုင်ငံအဆင့်စစ်ပွဲကြီးကိုဘာမှဆန်းစစ်လေ့လာမှုမပြုထားဘဲအင်အားကြီးရုရှားကိုထိပ်တိုက်သွားတွေ့တဲ့လုပ်ရပ်ပါပဲ။
ဒီလိုအမျှော်အမြင်နည်းတဲ့လုပ်ရပ်ကိုအစိုးရတစ်ရပ်အနေနဲ့ဘယ်လိုဆုံးဖြတ်ချက်ချလိုက်သလဲဆိုတာက၊နိုင်ငံရေးလေ့လာသူတွေစဥ်းစားသင့်တဲ့အချက်ပါပဲ။
▫ ငွေမရှိရင်စစ်တိုက်လို့မရပါဘူး။
▫ ငွေရလမ်းကြောင်းဟာစဥ်ဆက်မပြတ်ဖြစ်နေရပါမယ်။
▫ အရာရာကိုကြောင်းကျိုးဆင်ခြင်ပြီးမဆုံးဖြတ်တဲ့ခေါင်းဆောင်ဟာ၊လက်အောက်ကို thet နေတာနဲ့အတူတူပါပဲ။
▫ ဇာလန်စကီးကြောင့်ယူကရိန်းပြည်ပျက်သွားပြီ။
▫ မြန်မာမှာရောဘယ်သူတွေကြောင့်ဘယ်သူတွေပျက်စီးနေကြသလဲ ????
၁၃.၆.၂၀၂၂
Geopolitics' Admin
Repost from Geopolitics
မာရီယူပူးအတွက်ရုရှားရဲ့စစ်ရေး
ရည်မှန်းချက်နဲ့စစ်နည်းဗျူဟာ
>••••••••••••<•••••••••••xxx•••••••••••••>•••••••••<
တနင်္လါနေ့မှာတော့ရုရှားကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ယူကရိန်းနိုင်ငံ မာရီယူပူးမြို့၊Azovstal သံမဏိစက်ရုံကစစ်သားတွေလက်နက်ချအညံ့ခံလိုက်ပါပြီ။
ရုရှားကလဲမာရီယူပူးမြို့စစ်ဆင်ရေးပြီးဆုံးပြီလို့ကြေညာလိုက်ပါတယ်။
Azovstal သံမဏိစက်ရုံထဲမှာယူကရိန်းဘက်ကစစ်သည်အင်အား ၂၀၀၀ လောက်ရှိကြောင်း Russian Today ကဆိုပါတယ်။ ၁၆ ရက်နေ့မှာတော့ အင်အား ၂၆၀ လောက်သံမဏိစက်ရုံကထွက်ပြီးလက်နက်ချခဲ့တာပါ။
ဒီမြို့ကိုရဖို့ရုရှားဘက်ကကာလရှည်၊အင်အားများများနဲ့ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။ မြို့ကိုရတဲ့အချိန်မှာမြို့ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ပျက်စီးသွားပြီဖြစ်ပါတယ်။
ယူကရိန်းဘက်ကတော့
"မာရီယူပိုးမြို့စောင့်တပ်တွေရဲ့တိုက်ပွဲမစ်ရှင်ပြီးသွားပြီ"
"တပ်ဖွဲ့ဝင်တွေရဲ့အသက်ကိုကယ်ဖို့ကသူတို့ရဲ့မူဖြစ်ပြီး၊သူတို့ဟာယူကရိန်းရဲ့သူရဲကောင်းတွေပါ" လို့ယူကရိန်းစစ်ဘက်ကတော့ထုတ်ပြန်ထားပါတယ်။
ဒီနေရာမှာရုရှားရဲ့ရည်မှန်းချက်နဲ့ရည်မှန်းချက်ပြီးမြောက်အောင်မြင်ဖို့ချမှတ်အကောင်အထည်ဖော်သွားတဲ့စစ်နည်းဗျူဟာကိုမြင်တွေ့လိုက်ရပါတယ်။
◾ ရုရှားရဲ့မာရီယူပူးစစ်ရေးရည်မှန်းချက်
၁။ ၂၀၁၄ ကတည်းကသိမ်းပိုက်ထားတဲ့ ကရိုင်းမီးယားဆိပ်ကမ်းနဲ့၊ အခုစစ်ပွဲမှာလွတ်မြောက်နယ်မြေကြေညာထားတဲ့ဒွန်းဘတ်ကြားကလပ်နေတဲ့ Vacuum ကိုသိမ်းပိုက်ခြင်း။ အုပ်ချုပ်ထောက်ပံ့ဆက်သွယ်ရေးလမ်းကြောင်းပွင့်ရေးပါ။
မာရီယူပူးလ်မြို့ကိုရလိုက်တဲ့အတွက်ကရိုင်းမီးယားနဲ့ဒွန်းဘတ်ဒေသကြားဆက်သွယ်ရေးလမ်းကြောင်းပွင့်သွားပါတယ်။ ရုရှားနယ်မြေ ၂ ခုကြားမှာလပ်နေတဲ့ကွက်လပ်ကိုဖြည့်လိုက်နိုင်တာပါပဲ။
၂။ ဒါ့အပြင်ယူကရိန်းရဲ့ပင်လယ်ကမ်းရိုးတန်း ၈၀ ရာခိုင်နှုန်းကျော်ကိုရုရှားသိမ်းပိုက်မိသွားပါတယ်။
◾စစ်နည်းဗျူဟာ
တကယ်တမ်းတော့မာရီယူပူးလ်ကိုရုရှားကဝိုင်းထားတာ ၃ လလောက်ကြာပါပြီ။ လက်နက်ကြီးတွေနဲ့လဲတောက်လျောက်ဖိပစ်နေသလို၊စစ်သည်အင်အားနဲ့
"ဝိုင်းပတ်ပိတ်ဆို့ထားခဲ့တာပါ။"
သိပ်တော့လဲထူးဆန်းတဲ့စစ်နည်းဗျူဟာကိုသုံးသွားတာတော့မဟုတ်ပါဘူး။ မာရီယူပူးကိုစစ်မဟာဗျူဟာအရေးကြီးနယ်မြေလို့သတ်မှတ်လိုက်ပြီးတော့ကာလကြာဝိုင်းပိတ်လိုက်တာပါပဲ။
ဒီလိုစစ်နည်းဗျူဟာမျိုးကိုစစ်သမိုင်းတလျောက်အဖွဲ့အသီးသီး၊နိုင်ငံအသီးသီးကျင့်သုံးခဲ့ကြပါတယ်။ ဦးအောင်ဇေယျတောင်ထိုင်းကိုအဲ့လိုဝိုင်းပိတ်ပြီးသိမ်းခဲ့ရသေးတယ်မို့လား။
သံမဏိစက်ရုံထဲကစစ်သည်တွေဟာပိတ်ဆို့ခံထားရတဲ့အတွက်အစားအစာနဲ့ရေပြတ်လပ်ခဲ့ရပါတယ်။ အချိန်ကာလတစ်ခုကြာရင်ဘယ်သူမှတောင့်မခံနိုင်တဲ့နည်းပါ။ ထောက်ပံ့ပို့ဆောင်ရေးအင်အားသာတဲ့သူကအနိုင်ရတာပါပဲ။
▫ စစ်တိုက်တယ်ဆိုတာစစ်နိုင်ဖို့အတွက်လိုအပ်တဲ့နည်းလမ်းအမျိုးမျိုးကိုလိုသလိုပြောင်းလဲကျင့်သုံးရတာပါ။ စစ်ကိုမတိုက်ရပဲအောင်နိုင်ရင်အကောင်းဆုံးပါ။ ဝိုင်းပတ်ပြီးအစာရေစာဖြတ်တဲ့နည်းဟာထိထိရောက်ရောက်လုပ်နိုင်ရင်စစ်တောင်တိုက်စရာမလိုပဲရန်သူကိုအနိုင်ရပါတယ်။
ဒါကြောင့်လိုအပ်တဲ့စစ်နည်းဗျူဟာကိုလိုတဲ့အချိန်မှာတကယ်တိုက်ပွဲဝင်နေတဲ့အဖွဲ့တွေကိုလုပ်ပိုင်ခွင့်အပြည့်ပေးပါ။ မြေပြင်အခြေအနေမသိပဲ ငါခိုင်းတဲ့အတိုင်းဒီအချိန်၊ဒီလိုတိုက်လို့စားပွဲပေါ်ကအမိန့်ထိုင်ပေးနေရင်တော့အခြေအနေဖန်တီးနိုင်ခွင့်မရှိတဲ့မြေပြင်တပ်တွေဆီကနေမာရီယူပူးလိုအကျိုးအမြတ်ရဖို့မျှော်လင့်လို့မဖြစ်နိုင်ဘူးဆိုတဲ့သင်ခန်းစာယူရမှာပါ။
၂၁.၅.၂၀၂၂
Geopolitics' Admin
ပူတင်၏တရားမျှတမှုမရှိသော ကျူးကျော်မှုဟု ရှုတ်ချရာ၌ အမေရိကန်သမ္မတဟောင်းဘွတ်ရှ်က သူကိုယ်တိုင် အမိန့်ပေးခဲ့သည့် အီရတ်စစ်ပွဲနှင့် မှားယွင်းပြောဆို
19/05/2022 15:11
 233

Htay Oung (NP News) - မေ ၁၉
ရုရှားရဲ့ကျူးကျော်မှုဟာ ရက်စက်ပြီး တရားမျှတမှုမရှိကြောင်း ညွှန်းဖွဲ့ပြောဆိုတဲ့ အမေရိကန်သမ္မတဟောင်း ဂျော့ဗဒလျူဘွတ်ဟာ ယူကရိန်းလို့ပြောရမယ့်အစား တစ်ချိန်ကသူကိုယ်တိုင်ဦးစီးခဲ့သည့် အီရတ်စစ်ပွဲနှင့် မှားယွင်းပြောဆိုမိလို့ ၎င်းကိုယ်တိုင် ကမန်းကတန်း ပြင်ဆင်လိုက်ရကြောင်း Reuters က မေလ ၁၉ ရက်ကရေးသားပါတယ်။
သမ္မတဟောင်း ဘွတ်ရှ်ဟာ ဗုဒ္ဓဟူးနေ့ (မေလ ၁၈ ရက်)ဒါးလပ်စ်မြို့မှာ ကျင်းပတဲ့ ရုရှားရဲ့နိုင်ငံရေးစနစ်အပေါ် ဝေဖန်စဉ် အခုလိုမှားယွင်းပြော ဆိုမိခြင်း ဖြစ်ပါတယ်။
"အပြန်အလှန်ထိန်းကျောင်းမှု မရှိတဲ့နိုင်ငံမှာ လူတစ်ယောက်ရဲ့ ဆုံး ဖြတ်ချက်နဲ့ ရလဒ်အဖြစ်ထွက်ပေါ်လာရတာက တရားမျှတမှုလုံးဝမရှိ ရက်စက်ကြမ်းကြုတ်စွာ ကျူးကျော်ခံလိုက်ရတဲ့ အီရတ်ဘဲဖြစ်ပါတယ်"လို့ ဘွတ်ရှ်ကပြောချလိုက်ပြီးမှ ကျွန်တော် ယူကရိန်းလို့ပြောတာဟု ကမန်းကတန်း ပြင်ဆင်လိုက်ရပါတယ်။
ယူကရိန်းကိစ္စကို တစ်ချိန်က သူကိုယ်တိုင် ဦးစီးကျုးကျော်ခဲ့တဲ့ အီရတ်စစ်ပွဲနဲ့မှားတတ်လေခြင်းလို့ ပရိသတ်တွေဟာ ရယ်မောရင်း သမ္မတဟောင်းရဲ့ ၇၅ နှစ်ရှိပြီဖြစ်တဲ့ အသက်အရွယ်ကိုသာ အပြစ် တင်ရပါတော့တယ်။
ဘုရှဒဗလျူဘွတ်ရှ်သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ် ၂ဝဝ၃ ခုနှစ်မှာ ဘယ်တုန်းကမှ တကယ်မရှိတဲ့ အစုအပြုံလိုက် သေဆုံးဖျက်ဆီးနိုင်စွမ်းရှိတဲ့ လက်နက်များ စွပ်စွဲချက်နဲ့ အမေရိကန်တို့ဟာ အီရတ်နိုင်ငံကို ကျူး ကျော် ဝင်ရောက်ခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းနိုင်ငံအတွင်း ရှည်လျားတဲ့ ပဋိပက္ခတွေ ဖန်တီးပေးသလိုဖြစ်ခဲ့ရာမှာ လူပေါင်း ရာနှင့်ချီသေဆုံးပြီး မသန်စွမ်းသူများနဲ့ သက်ကြီးရွယ်အိုမကျန် လူအများအပြားတို့မှာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။
သမ္မတဟောင်းရဲ့ ကြံကြံဖန်ဖန်စကားပြောမှားခဲ့ပုံကို ဒါးလပ်စ်နယူးစ်သတင်းထောက်တစ်ဦးရဲ့ လက်သွက်မှုနဲ့ လူမှုကွန်ယက်မှာ တစ်မဟုတ်ချင်း ပျံ့နှံ့သွားခဲ့ပြီး Twitters တစ်ခုတည်းတင် ဝင်ရောက်ကြည့်ရှုသူ ၃ သန်း ကျော်အထိ ဖြစ်သွားခဲ့ပါတယ်။
ဖေဖော်ဝါရီလက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့မှုအတွက် သမ္မတဟောင်းကြီးက ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ရှုတ်ချပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမြာဇီလန်စကီးကိုတော့ ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိန်ခေါင်းဆောင် ဝင်စတန်ချာချီနဲ့ ခိုင်းနှိုင်းပြောဆိုသွားတယ်လို့ ဆိုပါတယ်။
https://www.reuters.com/world/us/i-mean-ukraine-former-us-president-george-bush-calls-iraq-invasion-unjustified-2022-05-19/
Repost from NP News-Myanmar
ပူတင်၏တရားမျှတမှုမရှိသော ကျူးကျော်မှုဟု ရှုတ်ချရာ၌ အမေရိကန်သမ္မတဟောင်းဘွတ်ရှ်က သူကိုယ်တိုင် အမိန့်ပေးခဲ့သည့် အီရတ်စစ်ပွဲနှင့် မှားယွင်းပြောဆို
Htay Oung (NP News) - မေ ၁၉
#NPNews
https://npnewsmm.com/news/628602bac6108527925edcb7
