အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
Open in Telegram
3 429
Subscribers
No data24 hours
-197 days
-6930 days
Posts Archive
တိုက်ပွဲသတင်းထုတ်ပြန်ခြင်း
------------------------------
နိုဝင်ဘာလ (၅) ရက်၊ ၂၀၂၃။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F (၉၉၉၉/အထူးတပ်ဖွဲ့) အနေဖြင့် တောင်ပိုင်းစစ်ဒေသအတွင်း ကျေးလက်နှင့် မြို့တွင်းစစ်ဆင်ရေးတာဝန်များကို ဆက်တိုက် အရှိန်မြှင့်ဆောင်ရွက်လျှက်ရှိပြီး အခါအားလျော်စွာ သတင်းထုတ်ပြန်ပေးလျှက်ရှိပါသည်။
၁။ အောက်တိုဘာလ (၂၆/၂၇) ရက်နေ့များတွင် ၊ KNU တပ်မဟာ (၆) နယ်မြေအတွင်းရှိ၊ အကြမ်းဖက်စစ်တပ်၏ ဖိုးချီးမူးစခန်းသို့ ရိက္ခာနှင့်လက်နက်ခဲယမ်းပို့ဆောင်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၃၅၈ / ၅၅၈၊ ခလရ ၅၆၁ / ၅၅၇ အင်အား (၁၀၀) ခန့်ရှိသည့် စစ်ကြောင်းအား KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F၏ စစ်ကြောင်း (၁) စစ်ကြောင်းမှုးဦးဆောင်သောတပ်ဖွဲ့ နှင့် တော်လှန်ရေး ပူးပေါင်းအဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အဇင်းကျေးရွာအနီး နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့သည်။ ၄င်းတိုက်ပွဲအပြီး စကစ စစ်ကြောင်းမှ (၃၀) ဦးခန့်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများပြားခဲ့ကာ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
၂။ နိုဝင်ဘာလ (၂) ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့တွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ တပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံး၊ လဝကရုံး၊ သစ်တောရုံးနှင့် မီးသတ်ရုံး တို့အား KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ စစ်ကြောင်း (၂) စစ်ကြောင်းမှုးဦးဆောင်သော တပ်ဖွဲ့ ၊ lion battallion စစ်ကြောင်း၊ ပုဏ္ဏကတပ်ဖွဲ့၊ Cloud Wings ဒရုန်းတပ်ဖွဲ့မှ နေရာစုံတပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ၄င်းတိုက်ခိုက်မှုအတွင်း ရန်သူ (၁၁) ဦးသေဆုံးပြီး အများအပြားဒဏ်ရာရကာ MA-1 သေနတ်တစ်လက်၊ MA-2 စက်လက်တစ်လက်၊ ပူးတွဲဗုံးလောင်ချာတစ်လက်၊ ကျည်အိမ် ၁၅ ခု၊ ၅.၅၆ ကျည် ၇၉၀ တောင့်၊ ဦးထုပ်နှင့်ကျည်ကာတစ်စုံ၊ ကွန်ပျူတာနှင့် မှတ်တမ်းအချို့သိမ်းဆည်းရမိခဲ့သည်။
၃။ နိုဝင်ဘာလ (၂) ရက်နေ့တွင်ပင် အကြမ်းဖက်စစ်ကောင်စီ၏ နယ်စပ်အထိုင်စခန်းဖြစ်သော ကွီလုံတိုင်စစ်စခန်းအား KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ တပ်ဖွဲ့မှုးဦးဆောင်သောစစ်ကြောင်း ၊ federal wings၊ SOG၊ Cloud wings ဒရုန်းတပ်ဖွဲ့များမှ စခန်းအတွင်းဝင်ရောက်တိုက်ခိုက်ခဲ့သည်။ မနက် ၇း၃၀ နာရီမှ ညနေ ၄း၀၀ နာရီအထိ တိုက်ပွဲပြင်းထန်လျှက်ရှိပြီး ရန်သူလေးဦးသေဆုံးကာ အချို့မှာ စခန်းစွန့်ခွာထွက်ပြေးခဲ့ကြသည်။
၄င်းတိုက်ပွဲများအတွင်း ရန်သူအများအပြားကို ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းသိမ်းဆည်းရမိမှုများရှိခဲ့သလို S.O.F နှင့် ပူးပေါင်းအဖွဲ့များမှလည်း ရဲဘော်အချို့ တိုင်းပြည်အတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ရကြောင်း ပြည်သူသို့ လေးစားစွာ အသိပေးထုတ်ပြန်အပ်ပါသည်။
youtube linkမှလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
youtube 👉https://youtube.com/@-s.o.f?si=NivWytZ6mzhDdbkP )
ပြန်ကြားရေး
အထူးစစ်ဆင်ရေးတပ်ဖွဲ့
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ MOD
အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ ( ၉၉၉၉/အထူးတပ်ဖွဲ့) SPECIAL OPERATION FORCE - S.O.F ၏ တပ်ဖွဲ့အမှတ်အသားတံဆိပ် (logo) ဖြစ်ပါသည်။
၉၉၉၉ (ကိုးလေးလုံး) သည် အထူးတပ်ဖွဲ့ကုတ် (P2 - 9999) ဖြစ်ပါသည်။
စစ်ရေးသတင်းထုတ်ပြန်ခြင်း
-----------------------------
စက်တင်ဘာလ ၂၇၊ ၂၀၂၃။
SPECIAL OPERATION FORCE ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) အနေဖြင့် တောင်ပိုင်းစစ်ဒေသအတွင်း ရန်သူ၏ စစ်ရေးပစ်မှတ်များကို ခုခံစစ်၊ ပျောက်ကျားစစ်၊ တိုက်စစ် စသည်ဖြင့် စစ်နည်းဗျူဟာမျိုးစုံဖြင့် ကျေးလက်စစ်ဆင်ရေး၊ မြို့တွင်းစစ်ဆင်ရေးတာဝန်များကို စစ်ရေးအရှိန်မြှင့်ကာ ကြိုးစားဆောင်ရွက်လျှက်ရှိပါသည်။
" မွန်အထူးစစ်ဆင်ရေးတပ်ဖွဲ့ (MSOF) ၏ဆောင်ရွက်ချက်များ "
(၁၂.၈.၂၀၂၃) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ မွန်ပြည်နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းမှ နယ်ထိန်းထွန်းနိုင်လင်းအား အနီးကပ်တိုက်ခိုက်ရှင်းလင်းခဲ့ပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည်။
(၂၇.၈.၂၀၂၃) ရက်နေ့တွင် ပေါင်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးရုံးတွင်တပ်သွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများအား အဝေးထိန်းဒရုန်းဖြင့် ဗုံးသီး (၇) လုံးကျဲချတိုက်ခိုက်ခဲ့ပြီး ဗိုလ်မှုးကျော်နိုင်ဦးအပါအဝင်၊ ဗိုလ်ကြီး တစ်ဦး၊ တပ်ကြပ်နှစ်ဦး၊ တပ်သားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးဆေးရုံတွင် သေဆုံးသွားကြောင်းသိရသည်။
(၂၈.၈.၂၀၂၃) ရက်နေ့တွင် ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်ပျူစောထီးခေါင်းဆောင် အောင်ငွေထွန်း(ခေါ်) မောင်တူးအား ပျောက်ကျားပုံစံဖြင့် အလစ်အငိုက်တိုက်ခိုက်ရှင်းလင်းခဲ့သည်။ (သေဆုံးမသိရပါ)
(၃.၉.၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ် ၊ ပေါင်မြို့နယ်ရဲစခန်းမှ နယ်ထိန်းကိုကိုလွင်အား အနီးကပ်ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့ပြီး လက်ပစ်ဗုံးတလုံးနှင့် ဓားတစ်ချောင်းသိမ်းဆည်းခဲ့သည်။
ဖော်ပြပါ စစ်ဆင်ရေးများအား KNU တပ်မဟာ (၁) ၊ တပ်ရင်း (၂) မှရဲဘော်များ၊ မွန်အထူးစစ်ဆင်ရေးတပ်ဖွဲ့ (MSOF)၊ ပကဖ အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
---------------------------
KNU တပ်မဟာ (၆) နယ်မြေ၊ ကွီလုံတိုင်တိုက်ပွဲသတင်း
အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F အနေဖြင့် KNLA၊ Cloud wings ဒရုန်းတပ်ဖွဲ့များနှင့် ပူးပေါင်း၍ အကြမ်းဖက်စစ်တပ်၏ ကွီလုံတိုင်စခန်းအား (၂၄.၈.၂၀၂၃) မှ စတင်၍ (၁၄.၉.၂၀၂၃) ရက်နေ့အထိ ၂၁ ရက်တိုင်အောင် ရန်သူအား ရိက္ခာနှင့်လမ်ကြောင်းဖြတ်တောက်၍ တိုက်ခိုက်ချေမှုန်းခဲ့သည်။
ငုင်းတိုက်ခိုက်မှုအတွင်း ရန်သူဘက်မှ ဆယ်ဦးထက်မနည်း သေဆုံးမှုရှိခဲ့သည်။
ထို့အပြင် ကွီလုံတိုင်စခန်းသို့ ရိက္ခာနှင့် ခဲယမ်းများ လာရောက်ပို့ဆောင်သည့် အင်အား ၁၀၀ ခန့်ရှိသည့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၄င်းစစ်ကြောင်းမှာ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးသွားခဲ့သည်။ စစ်ကောင်စီတပ်သား ဆယ်ဦးခန့် ချောင်းကူးစဥ်တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းများနှင့် အလောင်းများ ဟောင်သရောမြစ်အတွင်းသို့ သေဆုံးမျောပါသွားခဲ့သည်။
စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူဖြင့် သုံးရက်ဆက်တိုက်လာရောက်တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့အားလုံး ထိခိုက်မှုတစုံတရာမရှိခဲ့ပါ။
----------------------
KNU တပ်မဟာ (၆)၊ တပ်ရင်း (၁၆) နယ်မြေ၊ ခလယ်တံခွန်တိုင်တိုက်ပွဲ
(၁၇.၉.၂၀၂၃) ရက်နေ့တွင် KNU တပ်မဟာ (၆) ၊ တပ်ရင်း (၁၆) အုပ်ချုပ်နယ်မြေသို့ ကျူးကျော်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်၏ တပ်မ ၂၂၊ တပ်မ ၄၄၊ BGF ပူးပေါင်း အင်အား ၁၀၀ ကျော်ရန်သူစစ်ကြောင်းအား KNLA၊ S.O.F၊ နဂါးနီ၊ cloud wings ဒရုန်းအဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ မနက် ၉း၀၀ နာရီမှ ညနေ ၃း၀၀ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်တပ် အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားသည်။
(၁၈.၉.၂၀၂၃) ရက်နေ့တွင်လည်း ထပ်မံစစ်ကြောင်းထိုးလာသဖြင့် မနက် ၁၀း၀၀ နာရီမှ ညနေ ၃း၀၀ နာရီခန့်အထိ တနေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ၂၀ ဦးကျော်သေဆုံးကာ ဒဏ်ရာရသူများပြားပြီး အထိနာခဲ့သည်။ တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်တစ်ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့သည်။
KNLA တပ်ရင်း (၁၆)၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ နှင့် နဂါးနီပူးပေါင်းစစ်ကြောင်းမှ နယ်မြေစိုးမိုးရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီး အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများ အနီးရှိကျေးရွာများသို့ နေ့စဥ်ပစ်ခတ်လျှက်ရှိရာ ဒေသခံစစ်ဘေးရှောင်များ များပြားလျှက်ရှိသည်။
စစ်ဘေးရှောင်များအား တော်လှန်ရေးအဖွဲ့များမှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း ပြည်သူသို့ လေးစားစွာ အသိပေးထုတ်ပြန်အပ်ပါသည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့အနေဖြင့် ပြည်သူလူထုများ၊ တိုင်းရင်းသား တော်လှန်ရေးအင်အားစုများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြေပြင်ပူးပေါင်းအဖွဲ့အစည်းများ၊ local အဖွဲ့များဖြင့် စနစ်တကျ ချိတ်ဆက်ပူးပေါင်း၍ စစ်ဆင်ရေးအရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြည်သူသို့ လေးစားစွာ အသိပေးထုတ်ပြန်အပ်ပါသည်။
ပြန်ကြားရေး
အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)
တောင်ပိုင်းစစ်ဒေသ၊ MOD
ပြည်သူ့ ခုခံတွန်းလှန်စစ် နှစ်နှစ်ပြည့် အစီရင်ခံစာ
---------------------------------------
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်
ပြည်သူ့နွေဦးတော်လှန်ရေးသည် အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ လက်နက်မဲ့ ပြည်သူလူထု အပေါ် လက်နက်ဖြင့် အကြမ်းဖက်သတ်ဖြတ်အနိုင်ကျင့်ကာ လူသားလုံခြုံရေး (Human Security)ကို ခြိမ်းခြောက်လာသည့် လုပ်ရပ်များကြောင့် လက်နက်ကိုင်တော်လှန်ရေး အဆင့်သို့ ကူးပြောင်းရောက်ရှိ ခဲ့ခြင်း ဖြစ်သည်။
၂၀၂၁ ခုနစ်၊ စက်တင်ဘာ (၇) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီ သမ္မတ ဒူဝါလရှီးလက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် “မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြပါ” ဟု စတင်တိုက်တွန်းခဲ့သည်။
ယနေ့ ၂၀၂၃ ခုနစ်၊ စက်တင်ဘာ (၇) ရက်နေ့တွင် ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ကြောင်း ကြေညာခြင်း (၂) နှစ် တိတိ ပြည့်ခဲ့ပြီ ဖြစ်သည်။ ပြည်သူ့ခုခံတွန်းလှန်စစ်အောင်မြင်စေရန် စစ်ရေးပိုင်း တွင် အဓိက တာဝန်ယူရသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် (၂) နှစ်တာ ကာလအတွင်း ကြိုးပမ်းဆောင်ရွက်ချက်များကို အစီရင်ခံတင်ပြအပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ၊
S.O.F အတွက်ကူညီရင်း တန်ဖိုးကြီးရတာနာပစ္စည်းများ ကံစမ်းနိုင်မဲ့ “Ring 88 Campaign” အားမိတ်ဆက်ခြင်း
------------------------------
သြဂုတ်လ ၁၅ ရက်။ ၂၀၂၃။
Ring 88 ကံစမ်းမဲလက်မှတ်များဝယ်ယူရင်း ဒေါ်လာတစ်သောင်းကျော်တန်ဖိုးရှိတဲ့ လက်စွပ်အပြင် အခြားသော တန်ဖိုးကြီးရတနာပစ္စည်းများကို ကံစမ်းနိုင်မှာပဲ ဖြစ်ပါတယ်။ “တော်လှန်ရေးလည်းကူ ဆုလည်းယူ” နိုင်တဲ့ ကမ်ပိန်းလေးဖြစ်တာမို့ ဒီကမ်ပိန်းလေးက ရလာတဲ့ထောက်ပို့ငွေတွေဟာ စစ်အာဏာရှင်ကို ကျရာနေရာကနေ နည်းမျိုးစုံနဲ့ ဆန့်ကျင်တော်လှန်နေကြတဲ့
NUG-MoD ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ UG အဖွဲ့များ၊ CDM သူရဲကောင်းများ၊ နေအိမ်မီးရှို့ခံပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ နှင့် နွေဦးတော်လှန်ရေးအတွင်း ကိုယ်ခန္ဓာအစိတ်အပိုင်း ဆုံးရှုံးခဲ့ရသော သူရဲကောင်းများ အားလုံးဆီ စီးဆင်းမှာပဲ ဖြစ်ပါတယ်။
ကံစမ်းမဲလက်မှတ် ဝယ်ယူအားပေးကြတဲ့ တော်လှန်မိဘပြည်သူများကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ပြည်ပရောက်အလှူရှင်များနှင့် တော်လှန် Fundraisers များ ပူးပေါင်းကာ လက်ဝတ်ရတနာများကို မဲဖောက်ပေးမှာပဲ ဖြစ်ပါတယ်။ တော်လှန်ရေးကိုကူရင်း ကံထူးနိုင်တာမို့ လက်မှတ်များ အမြန်ဝယ်ယူကြဖို့ နှိုးဆော်လိုက်ရပါတယ်။
ကံစမ်းမဲလက်မှတ် ဈေးနှုန်းတွေကတော့ -----
AUD 30
CAD 27
YEN 2500
MMK/DMMK 50000
THB 700
SGD 25
US 20
အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F အတွက်ကူညီလိုပါက 👉 🇹🇭Fundraising by Rebel Bees 👇https://www.facebook.com/fundbyrebelbees
တွင် ကံစမ်းမဲလက်မှတ်များ ဝယ်ယူအားပေးနိုင်ပြီဖြစ်ပါသည်။ Campaign အစီအစဥ်အသေးစိတ်အား သိရှိလိုပါက ဖော်ပြပါ Facebook Page တွင်ဝင်ရောက်ကြည့်ရှုနိုင်သလို Page messenger မှလည်း သိရှိလိုသည်များ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း မိဘပြည်သူများသို့ ထပ်ဆင့်အသိပေး နှိုးဆော်အပ်ပါသည်။
ပြန်ကြားရေး
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး
"စွန့်လွှတ်စွန့်စား ပြည့်ရင်သွေးများ"အစီအစဥ်မှ တပ်ဖွဲ့ တာဝန်ခံ၏ အမှတ်တရပြောစကားများ
--------------------------------------------------
source - MOD News
ယခုအပတ် "စွန့်လွှတ်စွန့်စား ပြည့်ရင်သွေးများ" အစီအစဥ် - Episode 8 မှာ နားဆင်ရမှာကတော့ ခက်ခဲကြမ်းတမ်းမှု၊ ဆင်းရဲပင်ပန်းမှုတို့ကြားမှ ပြည်သူလုထု လွတ်မြောက်ရေးအတွက် ရဲဝံ့သော စွမ်းရည်သတ္တိအပြည့်ဖြင့် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေသော အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) ရဲ့တာဝန်ခံ ကိုအောင်စံရှား အကြောင်းကို နားဆင်ရမှာ ဖြစ်ပါတယ်။
အနီရောင်နောက်ခံပေါ်မှာ
အဖြူရောင်ကြယ်တပွင့်ပါတဲ့
PDF အလံတော်ကို အမြင့်ဆုံး လွှင့်ထူလိုက်တယ်။
ပြည်သူအတွက် ငါတို့ ရဲရင့်ဖို့အသင့်
ရန်သူတွေ ကြောက်ဒူးတုန်ကြဟေ့။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။
အောင်ပွဲရ ရှေ့တန်းပြန် S.O.F တပ်ဖွဲ့ဝင်ရဲဘော်များအား သြဂုတ်လ(၇)ရက်နေ့တွင် တပ်ဖွဲ့ဝင်ရဲဘော်များ၊ မိသားစုဝင်များနှင့်အတူ အောင်သပြေပန်းများဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။
S.O.F စစ်ကြောင်း (၂) ၏ တပ်ဖွဲ့ဝင်ရဲဘော်များသည်
မိုးတွင်းကာလ ခက်ခဲပင်ပန်းဆင်းရဲသည့်တိုင် ပေးအပ်သည့်တာဝန်များကျေပွန်သည်အထိ မမှိတ်မသုန် ဇွဲလုံ့လအပြည့်ဖြင့် အပင်ပန်းအဆင်းရဲခံ ကြိုးစားခဲ့ကြသလို အောင်ပွဲများလည်း ရယူနိုင်ခဲ့ကြသည်။
လပေါင်း၊ ရက်ပေါင်း နာရီပေါင်းများစွာ မိုးဒဏ် လေဒဏ် ရာသီဥတုဒဏ်များ ဖိနှိပ်၍ ခက်ခဲကြမ်းတန်းစွာလှုပ်ရှားခဲ့ကြရသော်လည်း တပ်ဖွဲ့ဝင်ရဲဘော်များနှင့်တွေ့ဆုံသည့်အခါ မိသားစုနေအိမ်ကိုရောက်သည့်အလား ပျော်ရွှင်မဆုံးဖြစ်နေခဲ့ကြသည်။
တပ်ဖွဲ့တာဝန်များထမ်းဆောင်နေရသည့်ကာလတလျှောက် မည်သို့ပင် အခက်အခဲ၊ ဒုက္ခ၊ စိန်ခေါ်မှုများ ကြုံနေရပါစေ ရဲဘော်များ၏ ပြုံးရွှင်သောမျက်နှာများကိုမြင်တွေ့ရသည့်အခါ တော်လှန်လိုစိတ်၊ ကြိုးစားလိုစိတ်၊ အောင်နိုင်လိုစိတ်များ ဆထက်ထမ်းပိုး ခွန်အားတိုးရပါသည်။
လေးစားဂုဏ်ပြုသည့်အနေဖြင့်လည်းကောင်း၊ ပီတိကိုမျှဝေလိုသောကြောင့်လည်းကောင်း မိဘပြည်သူများအား ဤမှတ်တမ်းဗွီဒီယိုကို ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်။ ရဲဘော်များအားလုံးကို အထူးပင်လေးစားဂုဏ်ပြုအပ်ပါသည်။
(မှတ်ချက်။ နောက်ခံသီချင်းအား ကူးယူဖော်ပြခဲ့သည့်အတွက် မူရင်းဖြန့်ဝေသူအား ကြိုတင်တောင်းပန်အပ်ပါသည်။)
လေးစားစွာဖြင့်
အောင်စံရှား
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ တပ်ဖွဲ့တည်ထောင်ခြင်း (၂) နှစ်ပြည့် စစ်ဆင်ရေးဆောင်ရွက်ချက်များ ထုတ်ပြန်ခြင်း
------------------------------
ဇူလိုင်လ ၂၁ ၊ ၂၀၂၃ ခုနှစ်။
၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ယနေ့ ဇူလိုင်လ -၂၁ ရက်နေ့တွင် (၂) နှစ်တိတိ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ (၂) နှစ်ပြည့်အတွင်း တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့၏ စစ်ဆင်ရေးစီမံချက်များအတိုင်း ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး နှင့် မွန်ပြည်နယ်တို့တွင် ပျံလွှားအောင်၊ နန်းထိုက်အောင် စစ်ဆင်ရေးဆောင်ရွက်ချက်များကို တာဝန်ယူဆောင်ရွက်ခဲ့ကြပြီး KNU တပ်မဟာ (၆) နှင့် တပ်မဟာ (၄) နယ်မြေများတွင် နယ်မြေခံ KNLA တပ်ဖွဲဲ့ဝင်များနှင့် ပူးပေါင်း၍ ကျေးလက်စစ်ဆင်ရေးဆောင်ရွက်ချက်များကို
တာဝန်ယူဆောင်ရွက်ခဲ့ကြသည်။
၂။ မြို့တွင်းစစ်ဆင်ရေးအနေဖြင့် ရန်ကုန်မြို့တွင် ဗားကရာ၊ သန်လျင်တံတား၊ ထန်းတပင်တာဆုံ၊ လှိုင်သာယာဘုရားလမ်း၊ မြောက်ဥက္ကလာတံတား၊ ဗဟန်းစစ်တပ်အရာရှိရိပ်သာ၊ အင်းစိန်ထောင်အရာရှိရိပ်သာ အပါအဝင် အကြမ်းဖက်စစ်တပ်၏ စစ်ဆေးရေးဂိတ်များ၊ အကြမ်းဖက်လက်အောက်ခံ သာကေတရဲစခန်း၊ မြောက်ဥက္ကလာရဲစခန်း နှင့် လှိုင်သာယာရဲစခန်းများအား လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ထိုးဖောက်ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့သည်။ ဧရာဝတီတိုင်း စစ်ကောင်စီဝန်ကြီးချုပ်ယာဥ်တန်း ကြားဖြတ်တိုက်ခိုက်မှုအပါအဝင် မွန်ပြည်နယ်ရှိ ရဲစခန်းများ၊ အကြမ်းဖက်လက်အောက်ခံ ပျူစောထီးဂိတ်များ၊ စစ်စခန်းများအား အကြိမ်ပေါင်းများစွာဝင်ရောက်တိုက်ခိုက်နိုင်ခဲ့သည်။
၃။ ကျေးလက်စစ်ဆင်ရေးအနေဖြင့် ဘုရားသုံးဆူမြို့ ဘုရားတောင်စခန်းသိမ်းပွဲ၊ သံဖြူဇရပ်မြို့ တောင်ကလေးစခန်းသိမ်းပွဲ၊ ကြာအင်းဆိပ်ကြီးမြို့ တောင်စွန်းစခန်းသိမ်းတိုက်ပွဲနှင့် ကော့ကရိတ်မြို့ တောင်ကြာအင်းစခန်းသိမ်းတိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်း (၃၉) ကြိမ်၊ ဒရုန်း+လက်နက်ကြီးတိုက်ပွဲပေါင်း (၁၆) ကြိမ်ဆင်နွှဲနိုင်ခဲ့သည်။ အချုပ်အားဖြင့် ကျေးလက်နှင့်မြို့တွင်းစစ်ဆင်ရေးတိုက်ပွဲအကြိမ်ရေ (၈၇) ကြိမ်ရှိခဲ့ပြီး ရန်သူ (၂၆၂) ဦးသေဆုံးသည်အထိ တိုက်ပွဲဝင်ချေမှုန်းနိုင်ခဲ့သည်။ လက်နက်ကြီး/လက်နက်ငယ် (၅၄) လက်သိမ်းဆည်းရမိခဲ့ပြီး တရားမဝင်မူးယစ်ဆေးဝါးများနှင့် လိုင်စင်မဲ့ကားတချို့ သိမ်းဆည်းရမိဖျက်ဆီးနိုင်ခဲ့သည်။
၄။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F သည် "တော်လှန်ရေးရဲ့မြှားဦး" အနေဖြင့် စစ်ဆင်ရေးဆောင်ရွက်ချက်များကို စတင်ခဲ့ကြပြီး မတရားဖမ်းဆီးခံထားရသူများ၊ ကျဆုံးသွားသော အာဇာနည်ရဲဘော်များနှင့် အကြမ်းဖက်အာဏာသိမ်းခံထားရသော မြန်မာတနိုင်ငံလုံး၏ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အပြည့်အဝအာမခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်ဖြစ်ထွန်းပေါ်ပေါက် သည်အထိ "တော်လှန်ရေးရဲ့အမြူတေ" အဖြစ် ဆက်လက်ရပ်တည်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြည်သူသို့လေးစားစွာအသိပေးထုတ်ပြန်အပ်ပါသည်။
ပြန်ကြားရေး
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး
