အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
Open in Telegram
3 429
Subscribers
No data24 hours
-197 days
-6930 days
Posts Archive
တောင်စွန်းပွဲ ပွိုင့်5 နဲ့ဖွင့်
———————————
တောင်စွန်းစခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်များမှ ရန်သူအား နေ့ညမပြတ် ဒရုန်း လက်နက်ကြီးများဖြင့် အနီးကပ်တိုက်ခိုက်ချေမှုန်းမှု မှတ်တမ်းရုပ်သံ။
Video - SOF
#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
#တောင်ပိုင်းစစ်ဒေသ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
တောင်စွန်းစခန်းအား တိုက်ခိုက်သိမ်းပိုက်ခြင်း
--------------------
မေလ ၃ ရက်၊ ၂၀၂၄။
ကရင်ပြည်နယ်၊ ကြာအင်းဆိတ်ကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၈၄ အခြေစိုက် တောင်စွန်းစစ်စခန်းအား မေလ ၃ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/ အထူးတပ်ဖွဲ့) ၊ lion battalion commando စစ်ကြောင်း၊ federal wings၊ Cloud Wings ဒရုန်းပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
တောင်စွန်းစခန်းအား ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ဒရုန်းစစ်ဆင်ရေးစတင်ခဲ့ပြီး ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ မေလ (၃) ရက်နေ့ (ယနေ့)၊ နံနက်ပိုင်းတွင် အပြီးသတ် ရှင်းလင်းရေးဆောင်ရွက်နိုင်ခဲ့သည်။ စခန်းသိမ်းရှင်းလင်းရေးဆောင်ရွက်ပြီး လက်နက်ကြီး လက်နက်ငယ် (၄၀) ကျော် နှင့် ခဲယမ်းအများအပြား သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၆) ဦးသေဆုံးကာ တပ်ရင်းမှုးအပါ (၁၃) ဦးထွက်ပြေးသွားသည်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် (၈) ကြိမ်၊ MI35 (၅) ကြိမ် ၊ Y12 ဗုံးကျဲလေယဥ်ဖြင့် (၂၃) ကြိမ်၊ စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု (၃၆) ကြိမ်ပြုလုပ်ခဲ့ပြီး တောင်စွန်းကျေးရွာ၊ ဆင်ပြေးကျေးရွာရှိ ဘာသာရေးအဆောက်အဦးများနှင့် လူနေအိမ်များ (၅၀) ကျော် ထိခိုက်ပျက်စီးခဲ့သည်။ ဒေသခံတချို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော်များလည်း ထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း ပြည်သူသို့ လေးစားစွာ အသိပေးထုတ်ပြန်အပ်ပါသည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
တောင်ပိုင်းစစ်ဒေသ
ပြည်သူ့ကာကွယ်ရေးတပ်မတော်
၁။ ရန်သူလိုချင်တဲ့အကွက်ထဲ မရောက်မိဖို့
သတိကြီးကြီးထားကြစေချင်ပါတယ်။
ရန်သူကိုရန်သူလိုဆက်ဆံရတာမခက်ပါဘူး၊
ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ရတာ ခက်တယ်။
ရန်သူကိုမိတ်ဆွေဖြစ်အောင် မလုပ်ချင်ရင်တောင်
ရန်သူတွေပိုများမလာဖို့တော့ သတိထားရမယ်။
ပိုပြီးသတိထားရမှာက ရှိပြီးသားမိတ်ဆွေကိုပါ
ရန်သူလိုမဆက်ဆံမိဖို့၊ မိတ်မပျက်ဖို့ပါ။
၂။ အားလုံးက စစ်ကောင်စီယုတ်မာတာ၊
မတရားအာဏာသိမ်းတာကို လက်မခံကြပါဘူး။
ပြန်တိုက်တဲ့သူနဲ့ မတိုက်သေးတဲ့သူနဲ့
တိုက်ဖို့စိုင်းပြင်းနေတဲ့သူပဲ ရှိပါတယ်။
တချို့ကလည်း တိုက်နေတယ်၊ ထုတ်မပြောဘူး၊
တချို့က တိုက်မရသေးပေမဲ့ ကူညီပေးနေတယ်။
သေချာတာက စစ်ကောင်စီကိုလိုလားတဲ့
စစ်ကောင်စီရဲ့မဟာမိတ်ဆိုတာ မရှိပါဘူး။
ကျွန်တော်တို့ရဲ့ မဟာမိတ်တွေပဲ ဖြစ်ရမယ်။
၃။ သင်္ကန်းညီနောင်နဲ့ မြဝတီစစ်ဆင်ရေးတွေဟာ
အားလုံး နည်းလမ်းပေါင်းစုံနဲ့ ပေါင်းစည်းလိုက်လို့
အောင်မြင်မှုရတာပါ။
တစ်ယောက်တည်း တစ်ဖွဲ့တည်းအားနဲ့
ဘယ်တိုက်ပွဲမှ မနိုင်ပါဘူး။
အသက်တွေကတန်ဖိုးကြီးပါတယ်၊
ဒါပေမဲ့ အသက်တွေပေးတိုင်းလည်း အောင်မြင်တာမဟုတ်ပါဘူး။
နောက်တလှမ်းဆုတ်ရလို့လည်း ရှုံးနိမ့်သွားတာမဟုတ်ပါဘူး၊
ကျွန်တော်တို့ဘယ်တော့မှမရှုံးဘူး။
စစ်ကောင်စီရှုံးနေတာ၊ စစ်ကောင်စီအသက်ငင်နေတာ၊
ဒါကြောင့် စိတ်ဓာတ်ကျစရာကိုမရှိတာ။
၄။ စစ်အာဏာရှင်ကို တော်လှန်ဖို့ လူငယ်ချည်းလည်းမရဘူး၊
လူကြီးတွေပဲလည်း မရဘူး။
လူကောင်းတွေချည်းလည်းမဖြစ်နိုင်ဘူး၊
ကောင်းကောင်း ဆိုးဆိုး တသားတည်းပေါင်းရမယ်။
မတူတာတွေခဏဖယ်ထား၊ တူတာတွေပေါင်းစည်းပြီး
ဘုံရည်မှန်းချက်ကို ရအောင် ညှိယူရမယ်။
သည်းခံနိုင်ရမယ်၊ အနစ်နာခံနိုင်ရမယ်၊ စိတ်ရှည်ရမယ်၊
လေးစားရမယ်၊ အပြစ်မတင်ရဘူး။
စည်းရုံးရေးတဖက် တိုက်ခိုက်ရေးတဖက်နဲ့
တွဲလက်ညီညီ အားလုံး ရှေ့ဆက်နိုင်ရမယ်။
(24.4.2024)
AungSanShar
photo crd Artstrike
လက်နက်ချ အလင်းဝင်လာသူအား ဆုကြေးငွေချီးမြှင့်ခြင်း
----------------------
ဧပြီလ ၂၀ ရက်၊ ၂၀၂၄။
မတ်လ ၁၅ ရက်နေ့ မဲသရောထတိုက်ပွဲမစခင်
ရန်သူဘက်မှ တပ်ကြပ်ကြီး သက်နိုင်ဦးသည်
MA4 ပူးတွဲသေနတ် (၁) လက်၊ ၄၀မမ ဗုံးသီး (၁၀)
လုံး၊ ၅.၅၆ ကျည် (၂၀၀) ဖြင့် KNLA နှင့် SOF
တော်လှန်ရေးပူးပေါင်းအဖွဲ့သို့ လက်နက်ချ
အလင်းဝင်လာသောကြောင့် (မြန်မာငွေကျပ်
သိန်းရှစ်ဆယ်နှင့်ညီမျှသော) ဆုကြေးငွေ
ဘတ်ရှစ်သောင်း (80000 Baht) ချီးမြှင့်ခဲ့ပါသည်။
အလင်းဝင်လာသူ တပ်ကြပ်ကြီး သက်နိုင်ဦးအား
ဆုကြေးငွေအပြင် နေထိုင်ရေး၊ အလုပ်အကိုင်
ရရှိရေးနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ
ဆက်လက်ဆောက်ရွက်ပေး လျှက်ရှိပြီး
အခြား စစ်ကောင်စီတပ်ဘက်မှ မည်သူမဆို
SOF သို့ ဆက်သွယ်၍ လာရောက်ပူးပေါင်းပါက
ထိုက်ထိုက်တန်တန် ဆုကြေးငွေများ
ချီးမြှင့်ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း အသိပေး
ထုတ်ပြန်အပ်ပါသည်။
[ SOF တပ်ဖွဲ့သို့ ဆက်သွယ်လိုပါက facebook messenger 👇👇👇
https://www.facebook.com/profile.php?id=61555478890383&mibextid=kFxxJD
SOF စစ်ကြောင်း(၁)၏ facebook Link 👇
https://www.facebook.com/profile.php?id=61557324863033&mibextid=JRoKGi
SOF စစ်ကြောင်း (၂)၏ facebook link 👇
https://www.facebook.com/profile.php?id=61556994905645&mibextid=kFxxJD
သတင်း၊ ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများ👇👇👇
S.O.F ၏ telegram link 👇https://t.me/sof220211
S.O.F ၏ youtube link 👇 https://youtube.com/@-s.o.f?si=NivWytZ6mzhDdbkP]
ပြန်ကြားရေး
#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
#တောင်ပိုင်းစစ်ဒေသ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
"ကျေးဇူးတင်ရှိခြင်း"
အလှူရှင် " မပန်ဆယ်လို၏ Project Mrmor - 1 မှ ထောက်ပို့ပြည်သူများ" မှ ထိုင်းဘတ်ငွေ ကိုးသိန်း (900000 Baht) ကို ထောက်ပံ့လှူဒါန်းသည့်အတွက်
Level - 4 ကျည်ကာပြား အချပ် ၂၂၀ ချပ် (၁၁၀စုံ) နှင့် Vest - ၅၀ ခု ကို ဝယ်ယူဖြည့်ဆည်းနိုင်ခဲ့သောကြောင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/အထူးတပ်ဖွဲ့) မှ
မပန်ဆယ်လိုနှင့် ထောက်ပို့ပြည်သူများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
--------------------------------------
[[ SOF တပ်ဖွဲ့သို့ ဆက်သွယ်လိုပါက facebook messenger 👇
https://www.facebook.com/profile.php?id=61555478890383&mibextid=kFxxJD
SOF စစ်ကြောင်း(၁)၏ facebook Link 👇
https://www.facebook.com/profile.php?id=61557324863033&mibextid=JRoKGi
SOF စစ်ကြောင်း (၂)၏ facebook link 👇
https://www.facebook.com/profile.php?id=61556994905645&mibextid=kFxxJD
သတင်း၊ ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများ👇
S.O.F ၏ telegram link 👇
https://t.me/sof220211
S.O.F ၏ youtube link 👇
https://youtube.com/@-s.o.f?si=NivWytZ6mzhDdbkP]]
#အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF
#P29999 - အထူးတပ်ဖွဲ့
#တောင်ပိုင်းစစ်ဒေသ
#ပြည်သူ့ကာကွယ်ရေးတပ်မတော် (MOD)
စစ်မှုမထမ်းမနေရ လူငယ်ညီအကိုများသို့ - - -
ဒီအချိန်မှာ မအလ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်တဲ့ နေရာတိုင်းမှာ ချေမှုန်းခံနေရတယ်။ ကရင်ပြည်၊ ရှမ်းမြောက်၊ ကရင်နီပြည်(ကယား)၊ ကချင်ပြည်၊ ရခိုင်ပြည်၊ စစ်ကိုင်း၊ မကွေးတိုင်းလို နေရာတွေရောပဲ။ နေရာတိုင်းမှာ မအလ ဘက်က တပ်မလိုက်၊ ဗျူဟာလိုက်၊ တပ်ရင်းလိုက် ပြုတ်နေတယ်၊ စခန်းသိမ်းပွဲတိုင်း ပျမ်းမျှတဝက်လောက်သေတယ်၊ တဝက်လောက်ဒဏ်ရာရပြီး အရှင်မိတယ်၊ ရှင်တဲ့တဝက်မှာ ကိုယ်လက်အင်္ဂါပျက်စီးသူက တဝက်လောက်ထပ်ရှိမယ်၊ တချို့ကတော့ လက်နက်ချအညံ့ခံကြတယ်၊ ဒါက မအလ စစ်ကောင်စီတပ်တွေရဲ့ လက်ရှိ ကျရှုံးနေတဲ့ မြေပြင်အခြေအနေအမှန်ပါ။
မအလ က အဲဒီအင်အားတွေကို ပြန်ဖြည့်ဖို့ လုံးဝအင်အားမရှိတဲ့အဆုံး ပြည်သူလူထုကိုပဲ ပြန်ချနင်းဖို့ကြိုးစားနေတယ်၊ အထူးသဖြင့် တိုက်ပွဲသိပ်မရှိတဲ့နေရာ / သူတို့လုပ်ချင်တိုင်းလုပ်လို့ရတဲ့နေရာက ရသမျှလူငယ်တွေကို အတင်းအဓမ္မ အကြမ်းဖက်တဲ့နည်းနဲ့ အမြန်စုဆောင်းနေတယ်၊ အဆိုးဆုံးက ဧရာဝတီ၊ ရန်ကုန်၊ မန္တလေးဘက်တွေပဲ။ စစ်ကောင်စီ စစ်သားစုဆောင်းခံရတာ၊ ပေါ်တာဆွဲခံရတာမှာ ဧရာဝတီက အဆိုးဆုံးပဲ။ ချောင်းနှစ်ခွ၊ တောင်ကြာအင်း၊ ကျိုက်ဒုံ၊ ကွီလုံတိုင်၊ ကော့ဘိန်း က ဖမ်းဆီးထိမ်းသိမ်းထားတဲ့ စကစ (၁၅၀) လောက်မှာ ဧရာဝတီသားက (၁၀၀) လောက်ရှိတယ်၊ ၁၄/ တွေ အမျိုးစပ်ရင်တောင် မကင်းလောက်ဘူး။
နယ်မှာ အခြေခံ လယ်လုပ်၊ တောအလုပ် လုပ်၊ ရေလုပ်ငန်း လုပ်ရင်း သေဖို့ရာခိုင်နှုန်းက တစ်နှစ်မှာ ၂% ရှိတယ်၊ မအလတပ်ထဲပါသွားရင် သေဖို့ ၅၀% ရှိတယ်၊ အဖမ်းခံရဖို့ ၅၀% ရှိတယ်၊ သေသေ ရှင်ရှင် ကိုယ်လက်အင်္ဂါပျက်စီးဖို့ ၅၀% ထပ်ရှိတယ်။ တော်လှန်ရေးတပ်ထဲဝင်ရင် အသက်ရှင်ကျန်ဖို့ ၉၈-၉၉% လောက်ရှိမယ်၊ ပျမ်းမျှ တော်လှန်ရေးတပ်တွေအားလုံးရဲ့ တစ်နှစ်ကျဆုံးဦးရေက ရှိတဲ့အင်အားရဲ့ ၁% ထက်မပိုဘူး၊ တပ်တိုင်းအချိုးမညီပေမဲ့ ပျမ်းမျှကတော့ ဒီလောက်ပဲရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီတကြိမ်ပေးဆပ်ရခြင်းဟာ ငါတို့ရဲ့ နောက်ဆုံးပေးဆပ်ခြင်း၊ အကောင်းဆုံးအခွင့်အရေးနဲ့ အပြောင်းအလည်းဖြစ်မဲ့ အဆုံးသတ်တိုက်ပွဲပဲဖြစ်ပါတယ်။
အဲတာကြောင့် ဧရာဝတီ၊ ရန်ကုန်၊ မန္တလေး နဲ့ နေရာအနှံ့က လူငယ်ညီအကိုတွေရေ - - - မအလ စစ်ကောင်စီ တပ်ထဲတော့အပါမခံနဲ့၊ စစ်မှုထမ်းဖို့ချည်းမဟုတ်ဘူး၊ နည်းလမ်းမျိုးစုံနဲ့ ပြည်ပနိုင်ငံသွားလည်းရတယ်၊ EAOs နယ်တွေမှာ ခိုလုံချင်လည်းရတယ်၊ ဒါပေမဲ့ နောက်ဆုံးမှ အဲတာတွေစဥ်းစား။ စစ်မှုမထမ်းမနေရဆိုတဲ့ အာဏာရှင်လက်အောက်ခံ အကြမ်းဖက်စစ်သားအဖြစ် အသက် အသေခံမဲ့အစား၊ သမိုင်းအမဲစက် စွန်းထင်းမဲ့အစား တော်လှန်ရေးတပ်တခုခုရဲ့ ပြည်သူ့စစ်သား စစ်သည်တော်များအဖြစ် ရဲရဲရင့်ရင့် တိုက်ပွဲဝင်လိုက်ကြပါ။
ဒီအချိန်မှာ နိုင်ငံတခုအနေနဲ့ ရော တော်လှန်ရေးတရပ်အနေနဲ့ပါ အနာဂတ်က ငါတို့လူငယ်တွေလက်ထဲရောက်နေပြီ။ ငါတို့ရဲ့အယူဝါဒ မှန်ကန်မှု၊ နိုင်လိုတဲ့ စိတ်အားထက်သန်မှုနဲ့ ခိုင်မာတဲ့ ယုံကြည်ချက်က တော်လှန်ရေးဘက်ကိုရောက်ရင် တော်လှန်ရေးကပိုမြန်မယ်၊ သမိုင်းသစ် အမြန်ရေးနိုင်မယ်၊ ငါတို့အတူတူ ကြီးမြတ်တဲ့ အောင်မြင်မှုကို ရယူနိုင်မယ်၊ ကမ္ဘာမှာ လက်မထောင်မဲ့ အစဥ်အလာကောင်းတဲ့ နိုင်ငံသားကောင်းတွေဖြစ်မယ်၊ ငါတို့လူငယ်တွေ အမှန်တရားကိုစဥ်းစား၊ ပြည်သူလူထုဘက်မှာရပ်ပြီး အာဏာရှင်ကို အတူတူတွန်းလှန်တိုက်ထုတ်လို့ အနာဂတ် စစ်မီးကိုငြိမ်းဖို့ ဒီစစ်ကြီးကို ပူးပေါင်း အဆုံးသတ်ကြပါစို့ရယ် ----- ။ (30.3.2024)
#AungSanShar(SOF)
ဖြေ။ ။ စစ်ကောင်စီက ထုတ်ပြန်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေပေါ့နော်။ အဲဒါနဲ့ပတ်သက်ပြီး နည်းနည်းပြောချင်တာပေါ့။ စစ်ကောင်စီက သူတို့မှာ ယုတ်လျော့သွားတဲ့ တိုင်ခိုက်ရေးအင်အား နေရာမှာ ပြည်သူ့စစ်တွေ အခု စစ်မှုမထမ်းမနေရ ဥပဒေနဲ့ ပြည်သူလူထုတွေ လူငယ်တွေကို စုမယ် သင်တန်းတွေအမြန်ပေးမယ် ပြီးရင် နယ်မြေတွေ ဆုံးရှုံးနေတဲ့ တိုက်ပွဲတွေဖြစ်နေတဲ့နေရာတွေကို သူတို့ပို့မယ်ပေါ့နော်။ အဲဒီလို ပို့လို့ရှိရင် တိုက်ပွဲတွေလည်း နည်းနည်း ပိုများလာမယ်။ စစ်တပ်ဘက်မှာ အင်အားတောင့်တင်းလာတာနဲ့အမျှ တိုက်ပွဲတွေလည်း ပိုဖြစ်လာမယ်။ အဲဒီလိုပဲ အသေအပျောက်တွေလည်းများမယ်။ စစ်ကောင်စီက စုဆောင်းပြီးရှေ့တန်းတွေ နယ်စပ်စခန်းတွေ ကို ပို့လိုက်တဲ့ ဒီရဲဘော်တွေက အခုလက်ရှိ စစ်ကောင်စီ ခံစားနေရသလို သူတို့ အသက်အန္တရာယ်ဆုံးရှုံးတာတွေဖြစ်မယ် ပြီးလို့ရှိရင်ကိုယ်လက် အင်္ဂါ ဆုံးရှုံးမှုတွေဖြစ်တယ်။ အဲဒီလို ဒုက္ခတွေ သူတို့ ကြုံရမယ်။ အဲဒါကတော့ အသေအချာပဲ။ တိုက်ပွဲတွေပိုများလာတဲ့အပေါ် တော်လှန်ရေးဘက်မှာ အချိန်နည်းနည်း ပိုကြာကောင်းကြာသွားနိုင်တယ်ပေါ့။ ဒီမှာ တစ်ခု သတိရှိရမှာက စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံကို အကြောက်တရားနဲ့ အုပ်ချုပ်တဲ့ အမူအကျင့်ရှိတယ်။ အဲဒီတော့ ရှိပြီးသားမြန်မာနိုင်င့အတွင်းမှာ ရှိတဲ့လူငယ်တွေနဲ့ ပညာရှင်တွေနဲ့ တခြား နိုင်ငံရပ်ခြားကို ထွက်တာတွေ နောက်တောထဲကို သွားတာတွေကို သူတို့က သဘောကျလိမ့်မယ်။ အဓိကတော့ လူငယ်တွေ သူတို့ကို ပြန်ခုခံမယ့် လူငယ်တွေ အတက်ပညာရှင် အသိပညာရှင်တွေမရှိလေ သူတို့အတွက်က ကောင်းလေပေါ့။ အဲဒါတော့ ကျနော်တို့ သတိထားရမယ်။ ဒါကြောင့် မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေတော့ရှိတယ်။ သို့သော်လည်း တက်နိုင်သမျှ ဒီဟာကိုရှောင်ကွင်းပြီး နေနိုင်သမျှ နေဖို့လိုတယ်။ လုံး၀ ရှောင်လို့မရတဲ့အဆုံးဆိုလို့ရှိရင် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့လာပူးပေါင်းဖို့ အကြံပြုချင်တယ်။ ပြောရလို့ရှိရင် တစ်ဖက်မှာ ကမ်းပြိုရင်တော့ တစ်ဖက်မှာ သောင်ထွန်းဖို့လိုတယ်။ အဲဒါကြောင့် စစ်ကောင်စီဘက်မှာ မြို့ပေါ်မှာ နေလို့မရတဲ့အဆုံး ပေါ့နော် လူငယ်တွေ အခု နာမည်စာရင်းကောက်လို့ မဖြစ်မနေ သွားရမယ့် လူငယ်တွေအနေနဲ့ ကတော့ ဒီဘက်မှာ ရှိတဲ့ စစ်ကြောင်းတွေ တပ်ဖွဲ့တွေ EAO အဖွဲ့တွေကို ချိတ်ဆက်ပြီးတော့ အမြန်ဆုံးလာလို့ ရတယ်ပေါ့နော်။ လာပြီးတော့ ဒီဘက်ကနေ ပြန်ပြီး ခုခံတွန်းလှန်ပေါ့။ ဒါကတော့ အကောင်းဆုံးနည်းလမ်းဖြစ်မယ်။
မေး။တိုက်ပွဲတွေနဲ့ပတ်သပ်ပြီး ပြည်သူတွေကိုဘာ သတင်းစကားပေးလိုပါသလဲ။
ဖြေ။ ဒီ ၂၀၂၄မှာ လည်း မြန်မာနိုင်ငံမှာဆိုရင် နေရာအနှံ့မှာ တိုက်ပွဲတွေက ပိုမိုပြင်းထန်လာမယ်။ အဲဒီအပေါ်မှာ ပြည်သူလူထုတွေအနေနဲ့က စစ်ဘေးနဲ့ ပတ်သက်ပြီးတော့ လက်နက်ကြီး ဒဏ်တွေ ကာကွယ်နိုင်ဖို့ အဲဒါတွေကို ကြိုတင်ပြင်ဆင်ဖို့လိုမယ်။နောက်တစ်ခုက တော်လှန်ရေးအပေါ် စိတ်ဓာတ်မကျပါနဲ့။ ကျနော်တို့ ဒီ ၂နှစ် ၃နှစ်အတွင်းမှာ အများကြီး ခရီးရောက်ပြီ။ ဒီ ၂၀၂၄ခုနှစ်အတွင်းမှာလည်း ကျနော်တို့ ကိုယ့်ရဲ့ လက်ရှိ နယ်မြေတော်တော်များများ ပြန်ပြီးတော့ စိုးမိုးထိန်းချုပ်လာနိုင်ပြီ။ ဆိုတော့ တော်လှန်ရေးက ကြာကောင်းကြာမယ် သို့သော်လည်း ကျိန်းသေပေါက် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ သည် အပြည့်အ၀ စစ်ကောင်စီ ယန္တရားကို ဖြိုချနိုင်မယ် စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်မယ် ဆိုတာ သေချာတဲ့အတွက် စိတ်ဓာတ်မကျဖို့၊ တော်လှန်ရေးကို တက်နိုင်တဲ့ကဏ္ဍကနေ ထပ်ပြီး ပါဝင်ပေးဖို့ အဲဒါပဲ အဓိက ပြောချင်ပါတယ်။
မေး။ တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့ နိုင်ငံတဝန်းက တော်လှန်ရေးအင်အားစုတွေကို ဘာတိုက်တွန်းလိုပါသလဲ။
ဖြေ။ နောက်တော်လှန်ရေးအင်အားစုတွေအနေနဲ့ကတော့ စည်းစည်းလုံးလုံးဖြစ်ဖို့ပဲ အဓိက လိုတယ်။ စည်းစည်းလုံးလုံးဖြစ်တဲ့ ဒေသတွေမှာ ဆိုရင် ကြည့်လိုက် မြို့တွေ သိမ်းတယ် ဗျူဟာတွေ တပ်ရင်းတွေ အားလုံးက စည်းလုံးညီညွတ်တဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေရဲ့ လက်အောက်ကိုရောက်တယ်။ အဓိက စည်းစည်းလုံးလုံးနေရင်အင်အားဖြစ်တယ်။ တောင်ပိုင်းစစ်ဒေသမှာ ဆိုရင်လည်း ရှိတဲ့ နယ်မြေခံ တော်လှန်ရေးအင်အားစု EAO အဖွဲ့တွေနဲ့ MOD လက်အောက်ခံ PDF အဖွဲ့တွေ အနေနဲ့လည်း အခုထက်ပိုစည်းလုံးပြီး တိုင်တိုင်ပင်ပင်နဲ့ စစ်ဆင်ရေးတွေကို တပြိုင်တည်း လုပ်နိုင်ဖို့လိုတယ်။ အဲဒီလို လုပ်နိုင်လို့ရှိရင် ကျနော်တို့မှာ ရှိတဲ့ အင်အားနဲ့ စကစမှာရှိတဲ့အင်အား အပြတ်အသတ်ကွာတယ်။ ကျည်ခဲယမ်းသာ ကျနော်တို့ နည်းနည်း စကစ ထက် အားနည်းရင်အားနည်းမယ် ကျန်တဲ့ ရှိတဲ့ စစ်ဆင်ရေးတစ်ခု အောင်မြင်ဖို့အတွက် လိုအပ်တဲ့ နယ်မြေကျွမ်းကျင်မှု၊ ပြည်သူလူထု ပူးပေါင်းပါဝင်မှု၊ အဲဒါတွေ နောက် ကျနော်တို့ရဲ့ သာလွန်အင်အားပေါ့။ ကျနော်တို့ အင်အားအများကြီးရှိတယ်။ ဒါကြောင့် စည်းလုံးလို့ရှိရင်အမြန် လွတ်မြောက်နိုင်မယ်။ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ အနေနဲ့ အဲဒါပဲ အဓိက ရှိပါတယ်။ ။
ဖြေ။ ။ စစ်တပ်အာဏာသိမ်းပြီး နွေဦးတော်လှန်ရေး သုံးနှစ်ပြည့်လာတဲ့အချိန်မှာ လက်ရှိ စစ်ကောင်စီရဲ့ အခြေအနေကတော့ အဆိုးဆုံး ကျဆုံးတဲ့ အချိန်ကို ရောက်နေပြီ။ စစ်ကောင်စီအနေနဲ့ သူတို့ရဲ့ နယ်မြေတွေအများကြီး ဆုံးရှုံးလိုက်ရတယ်။ နောက်ပြီးတော့ မြို့တွေပေါ့နော် မြို့တွေကို တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက အများကြီး သိမ်းဆည်းနိုင်ခဲ့တယ်။ စစ်ကောင်စီရဲ့ ဗျူဟာတွေ တပ်ရင်းတွေ တော်
တော်များများက တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေရဲ့ လက်
အောက်မှာ လက်နက်ချ အညံ့ခံတာလည်းရှိသလိုချေမှုန်းတိုက်ခိုက်ခံရတာလည်း တော်တော်များပြီပေါ့နော်။ စစ်ကောင်စီအနေနဲ့ ဆုံးရှုံးနစ်နာမှုတွေ တအားများပြီ။ သူတို့မှာ နောက်ဆုံး ဒီစစ်ရေးပဲ ကျန်တော့တယ်။ အဲဒီ စစ်ရေးနဲ့ပတ်သက်လို့ရှိရင် လေကြောင်း တိုက်ခိုက်မှု တစ်ခုကလွဲရင် ကျန်တဲ့ ဟာက သူတို့ လုံး၀ လှုပ်လို့မရတဲ့ အခြေအနေဖြစ်သွားပြီ။ နောက် နိုင်ငံတစ်ခုအနေနဲ့ဆိုလို့ရှိရင်လည်း နိုင်ငံက ဒီသုံးနှစ်တာ အတွင်းမှာ တကယ့် Failed state ပုံစံမျိုးဖြစ်သွားတယ်။ နိုင်ငံမှာ အရင်တုန်းက ရှိပြီးသား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အားလုံးရပ်သွားတယ်။ ဒီအဖွဲ့တွေကလည်း စစ်ကောင်စီကို ပြန်တော်လှန်လာတယ်။ လက်
နက်ကိုင်တိုက်ခိုက်မှုတွေပိုများလာတာပေါ့။ နောက်တစ်ခုကျတော့ ပြည်သူလူထု သဘောဆန္ဒ အလျောက်သွားနေတဲ့ ဒီမိုကရေစီ ယန္တရားကြီးတစ်ခုလုံး အားလုံး ရပ်သွားတယ်။ ရပ်ပြီး ပြည်သူလူထုတွေက ဘက်ပေါင်းစုံက ထိခိုက်တယ်။ အသက် ၊ အိုးအိမ်၊ တွေ ဆုံးရှုံးတယ်။ သူတို့ရဲ့ စီးပွားရေး၊ ပညာရေး အားလုံးပေါ့နော် နောက်လူငယ်တွေနဲ့ ကလေးတွေရဲ့ ပညာရေး ကျန်းမာရေးစောင့်ရှောက်မှုတွေအားလုံးက အဆိုးဆုံးအခြေအနေကို ရောက်သွားတယ်။ ဒါတွေက စစ်တပ်က မင်းအောင်လှိုင်နဲ့အာဏာရှင်တစ်စုက ဦးဆောင်ပြီးတော့ စစ်တပ်က အာဏာသိမ်းလို့သာ ဒီဖြစ်စဉ်တွေက ဖြစ်တာ။ ဒီလိုမျိုးမသိမ်းခဲ့ရင် ဒီလိုမျိုးဟာတွေလုံး၀ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကို နိုင်ငံတကာကလည်း သိတယ်။ စစ်တပ်ကို အကြမ်းဖက်စစ်တပ်အဖြစ် အကုန်လုံးကလည်း လက်ခံတယ်။ တစ်ခုရှိတာကတော့ အခုအချိန်ထိ စစ်တပ်ကို အားပေးထောက်ခံနေတဲ့ စစ်တပ်အသိုင်းအဝိုင်းက မိသားစု ဝင်တွေရော တပ်ဖွဲ့ဝင်တွေရော သူတို့လည်း သိဖို့လိုတယ်။ သိပြီးမှ ဒီဘက်က CDM ဝင်လာတဲ့ သူတွေနဲ့အတူ နောက်ပြီးလို့ရှိရင် စစ်တပ်ဘက်မှာ လက်ရှိ သူ့အောက်မှာ တာဝန်ထမ်းဆောင်တဲ့သူတွေက တော်လှန်ရေးအဖွဲ့ တွေနဲ့ ပြန်ပူးပေါင်းပြီး မင်းအောင်လှိုင်နဲ့ အာဏာရှင်တစ်စုကို ပြန်တွန်းလှန်ဖို့လိုတယ်။ ပြည်သူလူထုနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့ CDMသမားတွေနဲ့ ဘက်ပေါင်းစုံက ပြန်ပြီး တွန်းလှန်တိုက်ခိုက်နိုင်မှ ဒီဒုက္ခတွေက ပြန်ပြီးတော့ မြန်မြန်လွတ်မြောက်မှာပေါ့။ အဲဒါတွေကို ဖြည့်ပြီး ပြောချင်ပါတယ်။
နွေဦးတော်လှန်ရေး သုံးနှစ်တာ ကာလအတွင်းမှာ ကျနော်တို့ လက်နက်ကိုင် ပြန်လည်ခုခံတွန်းလှန်တဲ့လမ်းစဉ်ကိုရွေးချယ်ပြီးတော့ အဓိကတော့ တိုင်းရင်းသား EAOတွေနဲ့
ဒီဘက်ကNUG အောက်မှာရှိတဲ့ MOD၊ PDF တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး တွန်းလှန်တိုက်ခိုက်ခဲ့တာပေါ့။ အခုဆိုလို့ရှိရင် ဒီနိုင်ငံတဝန်းလုံးမှာရှိတဲ့ EAO ကလည်း သူတို့ တိုင်းရင်း
သားအင်အားစုတွေရှိတဲ့ နယ်မြေ တွေ အားလုံးနီးပါးက တော်လှန်ရေးပူပေါင်းအဖွဲ့တွေရဲ့လက်အောက်ကို ပြန်ရောက်နေပြီ။ သူတို့ အုပ်ချုပ်ရေးယန္တရားတွေ နောက် စီးပွားရေး၊ နောက်လူမှု ဖူလုံရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ ပြန်လုပ်ကိုင်နေနိုင်ပြီ။ ဆိုတော့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေအနေနဲ့ တော်လှန်ရေးလုပ်တဲ့ PDF တွေအနေနဲ့ ကျနော်တို့မှာ အရင်တုန်းက အဓိက လိုအပ်ခဲ့တဲ့ လက်နက်ခဲယမ်း အင်အား၊ လူအင်အား လက်နက်အင်အားပေါ့နော် အားလုံးက အရင်ထက်အများကြီး သာလာတယ်။ စစ်ကောင်စီကို ကျနော်တို့ မြို့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ အခြေအနေတစ်ခုထိဖြစ်လာတယ်ပေါ့။ နောက်ဆုံးမှာ စစ်ကောင်စီက သူတို့ရဲ့ အုပ်ချုပ်ရေး စီးပွားရေး၊ စစ်ရေး အခိုင်အမာရှိနေသေးတဲ့မြို့က နည်းနည်းပဲကျန်မှာပေါ့။ မန္တလေးတို့၊ နေပြည်တော်တို့၊ ရန်ကုန်တို့ ဒီလောက်ပဲ ကျန်မှာပေါ့။ မန္တလေးတို့၊ နေပြည်တော်တို့ဆိုလို့ရှိရင်လည်း ကျနော်ထင်တာကတော့ မကြာခင် ၂၀၂၄ခုနှစ်အတွင်းမှာပဲ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေရဲ့လက်အောက်ကို လုံး၀ ရောက်သွားမယ်ပေါ့နော်။ ရန်ကုန်လို မြို့ကြီး ပြကြီးက နည်းနည်းပါးပါး ခက်ကောင်းခက်လိမ့်မယ်။ ဒါပေမဲ့ သေချာတာကတော့ ရန်ကုန်မှာရှိတဲ့ ပြည်သူလူထုတွေက တော်လှန်လိုစိတ် အပြည့်ရှိတယ်။ သူတို့ အကြောင်းအမျိုးမျိုးကြောင့်သာ ဒီအပေါ်ရပ်ပြီး တော့ စားဝတ်နေရေးအတွက်လုံးပန်းရတာပဲရှိတယ်။ တကယ်တန်း ရန်ကုန်ကို စစ်ဆင်ရေးလုပ်တဲ့အချိန်ကျရင် ပြည်သူလူထုတွေသည်လည်းပဲ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ အလျင်အမြန်ပဲ ရန်ကုန်မှာရှိတဲ့ စစ်ကောင်စီရဲ့ စီးပွားရေး၊ အုပ်ချုပ်ရေး စစ်ရေးထောက်တိုင်တွေကို ဖြိုဖျက်နိုင်မယ်ပေါ့နော်။ ဒါက ကျနော်တို့ဘက်ရဲ့ ဒီနွေဦးတော်လှန်ရေး သုံးနှစ်အတွင်းရှိလာတဲ့ အားသာချက်ပေါ့။
မေး။ စစ်ကောင်စီကစစ်မှုထမ်းဥပဒေပြဌာန်းပြီးလူငယ်၊ လူရွယ်တွေ ကို စစ်သားစုဆောင်းဖို့ ကြံစည်နေတဲ့ အပေါ် ဘယ်လိုမြင်လဲ။
တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်တိုက်ခိုက်နိုင်မှာပေါ့နော်။ ကော့ကရိတ်ဘက်မှာ ဆိုလို့ရှိရင်လည်း KNLAနဲ့ ကျားဖြူစစ်ကြောင်း၊ ဒေါန၊ နောက် SOG နောက် ရန်ကုန်တပ်ရင်း၊ ဂဠုန်၊နဂါးနီပေါ့ အဲဒီ စစ်ကြောင်းတွေ ပူးပေါင်းပြီး စစ်ဆင်ရေးတွေဆောင်ရွက်နေတာရှိတယ်။ နောက် ကြာအင်းဆိပ်ကြီးနဲ့ နယ်စပ်စခန်းတွေမှာဆိုရင်လည်း KNLAနဲ့ SOF နဲ့ ပူးပေါင်းအဖွဲ့အနေနဲ့ တိုက်ခိုက်သိမ်းပိုက်နေတာရှိတယ်။ ကျိုက်ဒုံဗျူဟာဆိုရင်လည်း KNLAနဲ့ SOG အဖွဲ့တွေ ပူးပေါင်းပြီး သိမ်းပိုက်လိုက်နိုင်တယ်။ ဗျူဟာမှူးပါအရှင်ဖမ်းဆီးလိုက်နိုင်တယ်ပေါ့။ နောက်ပြီးတော့ မဲသရောထ စခန်း၊ ရေတလျောက်စခန်း အဲဒီ စစ်ကောင်စီရဲ့ အဓိက ကျတဲ့ နယ်စပ်မှာ အခိုင်အမာ တပ်စွဲထားတဲ့ စခန်းတွေဆိုရင်လည်း KNLAနဲ့ SOF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်တွေလည်း သိမ်းဆည်းထားနိုင်တယ်။ စစ်သုံ့ပန်း တွေလည်းရတာရှိတယ်။ အသေလည်းရတာရှိတယ်။ စကစ ဘက်က စခန်းကိုစွန့်ခွာပြီးတော့ထိုင်းဘက်ကို အားလုံးထွက်ပြေးသွားတယ်ပေါ့နော်။ ဆိုတော့ အောင်မြင်မှုတွေက ဆက်တိုက်ဖြစ်တယ်။ ရှေ့ဆက်ပြီးလည်း ဒီဘက်မှာ အောင်မြင်မှု ဖြစ်လာမယ်။ အဓိကတော့ ဒီဘက်မှာရှိတဲ့ KNLA တပ်ရင်းတွေနဲ့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက သူ့နေရာ သူ့ကဏ္ဍနဲ့ သူ တာဝန်ခွဲပြီး စစ်ဆင်ရေးကို တပြိုင်တည်း အရှိန်အဟုန်နဲ့လုပ်နေတာပေါ့။
မေး။တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်း တိုက်ပွဲဝင်နေရတဲ့အတွေ့အကြုံ မှာ ဘာတွေ အမှတ်တရရှိခဲ့ပါသလဲ။
ဖြေ။ တိုင်းရင်းသား EAO အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ စစ်ဆင်ရေး အတွေ့အကြုံတွေကတော့ အများကြီးပဲ။ အဓိကတော့ အရင်ဆုံး စခန်းသိမ်းပွဲတွေ စလုပ်ပြီဆိုကတည်းက ဒီမှာကတော့ KNLAနဲ့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်ရတာပေါ့။ အတွေ့အကြုံအနေနဲ့ကတော့ တိုက်ရင်းနဲ့ သင်ရတဲ့ ပုံစံမျိုးက စခဲ့တာပေါ့။ ပထမဆုံးစခန်းသိမ်းပွဲမှာလည်း စစ်ဆင်ရေးရည်မှန်းချက်အတိုင်း စခန်းသိမ်းနိုင်ခဲ့တယ်။ အဲဒီမှာလည်း လိုအပ်ချက်တွေ စစ်ဆင်ရေးနဲ့ပတ်သက်တဲ့ ဗျူဟာ ၊ နည်းဗျူဟာတွေ နောက် ဆက်သွယ်ရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေအဲဒါတွေက EAOနဲ့ လက်တွဲလုပ်ရင်း သင်ယူလေ့လာခဲံရတယ်။ အတွေ့အကြုံကောင်းတွေအများကြီးရှိတယ်။ အဲဒီကနေ စစ်ဆင်ရေးနဲ့ပတ်သက်တဲ့ နည်းပရိယာယ် နည်းဗျူဟာပိုင်းလည်း အများကြီး EAO ဘက်က ရတာပေါ့။ နောက်ဆက်သွယ်ရေးနဲ့ပတ်သက်တဲ့ ပညာလည်းရတယ်။ အဓိက ဆက်သွယ်ရေးနဲ့ပတ်သက်လို့ရှိရင် ကရင်တိုင်းရင်းသားအင်အားစုတွေ တော်လှန်ရေးအင်အားစုတွေက ဆက်သွယ်ရေးနည်းပညာမှာ အကောင်းဆုံးလို့ ပြောလို့ရတာပေါ့။ သူတို့ ဆီကနေ အဲဒီနည်းပညာတွေ ကျနော်တို့ ရတာပေါ့ ။ဒါက စစ်ဆင်ရေးအတွက် အဓိက အကျဆုံး အစိတ်အပိုင်းဖြစ်တယ်။
မေး။လက်နက်ကိုင်တော်လှန်ရေးဖြစ်တဲ့အတွက် အခက်
အခဲတွေလည်းရှိနေမှာဆိုတော့ပြောလို့ရတာတွေရှိရင် ပြောပြပေးပါလား
ဖြေ။ အခက်အခဲနဲ့လိုအပ်ချက်ကတော့ အဓိကတော့ လက်နက်တွေ ၊ ကျည်ခဲယမ်းတွေပေါ့။ စစ်ဆင်ရေးတစ်ခုလုပ်တိုင်း ကျည်ခဲယမ်းက အမြဲတမ်း အရံကျည်ထားရတယ်။ ပြီးရင် ကုန်သွားတဲ့ ကျည်တွေကို Refill (ပြန်ဖြည့်)
ပြန်လုပ်ရတယ်။ အဲဒါအဓိက ကျပါတယ်။ တိုက်ပွဲများလေကျည်ခဲယမ်းလိုအပ်ချက်က ပိုများလေပေါ့။အဲဒါ တွေကအဓိက ကျနော်တို့အတွက် အခက်အခဲလည်းဖြစ်တယ် စိန်ခေါ်မှုလည်းဖြစ်တယ်။ အဲဒီအတွက် ကျနော်တို့ တော်တော်ကြိုးစားပြီးရုန်းကန်နေရတာရှိပါတယ်။ နောက်တစ်ခု တပ်ဖွဲ့ရဲ့လိုအပ်ချက်က ကျနော်တို့ SOF စစ်ကြောင်းတွေက တခြားစစ်ကြောင်းတွေနဲ့ မတူတာက ကျနော်တို့က တစ်နေရာတည်းမှာ အထိုင်ချပြီး စစ်ဆင်ရေးလုပ်ရတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး။ တောင်ပိုင်းစစ်ဒေသမှာ SOF တပ်ဖွဲ့က တစ်ခုပဲရှိတယ်။ အဲဒီ တစ်ခုက ချေမှုန်းရေးပိုင်းနဲ့ပတ်သက်ပြီး လိုအပ်တဲ့နေရာ တွေမှာ ပူးပေါင်းဆောင်ရွက်ရတာပေါ့နော်။ နေရာဒေသ တော်တော်များများ သွားပြီး ဆောင်ရွက်ရတယ်။ တပ်မဟာ(၄)ဘက်လည်း ကျနော်တို့လုပ်ရတယ်။ တပ်မဟာ(၆)ထဲမှာလည်း နေရာဒေသ တော်တော်များများမှာ ကျနော်တို့ ဆောင်ရွက်ရတယ်။ တခြား KNLA နဲ့ တခြား စစ်ကြောင်းတွေအားလုံးနီးပါးနဲ့ ကျနော်တို့ စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်ရတာရှိတယ်ပေါ့နော်။ အဲဒီလို နည်းတူ စစ်ကြောင်းတွေ ရွှေ့တာ ပြောင်းတာတွေအတွက် သွားရေးလာရေး ခက်ခဲမှုတွေတော့ရှိတယ်။ နောက်ပိုင်း စစ်ဆင်ရေးတွေက မြေပြင်ကနေပြီး ခြေလျင် သွားရတဲ့ ပုံစံမျိုးတွေကနည်းတယ်။ တစ်နေရာနဲ့တစ်နေရာ ကို အလျင်အမြန် ရွှေ့ပြောင်းရတာ ပိတ်ဆို့ချေမှုန်းရတာ အဲဒါတွေရှိတဲ့အခါကျတော့ သွားရေးလာရေး အရေးကြီးလာတဲ့အခါကျရင်အခက်အခဲတွေဖြစ်တယ်။ အဓိကတော့ ကားတို့ ယာဉ်တို့ပေါ့။အဲဒါတွေက ဒီဘက်မှာ နည်းနည်း အခက်အခဲဖြစ်တယ်။ လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့နေရာတွေမှာ သွားရေးလာရေး အခက်အခဲရှိတယ် ဒီလောက်ပါပဲ။
မေး။ နွေဦးတော်လှန်ရေး သုံးနှစ်ကျော်လာတဲ့အချိန်မှာ စစ်ကောင်စီရဲ့ အခြေအနေကိုရောဘယ်လိုသုံးသပ်မိပါသလဲ။ အထူးသဖြင့် စစ်ရေးပိုင်းမှာပေါ့။
