en
Feedback
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F

Open in Telegram

information & communication

Show more
3 429
Subscribers
No data24 hours
-197 days
-6930 days
Posts Archive
အဲဒီကတဆင့် လူငယ်တွေရဲ့ မြို့ပြပြောက်ကျားစစ်ဆင်ရေးလုပ်ငန်းတွေမှာလည်း ဒေါ်နှင်းဆီ နိုင်ရာက ပါဝင်ခဲ့တယ်။ ဒီနောက် မြို့ပေါ်မှာ အဖမ်းအဆီးတွေစိပ်လာတော့ ရန်ကုန်ကခွာပြီး တောထဲရောက်လာတာ ခုချိန်ထိပဲ။ သူ့သားနှစ်​ယောက်ကတော့ SOF တပ်ရင်းမှာ သူ့အရင် ရောက်နှင့်နေပြီ။ အဲဒီအချိန် မြဝတီမြို့နားက လေးကေ့ကော်မှာ တိုက်ပွဲသံတွေ ညံနေခဲ့တာပေါ့။ ညံနေတဲ့အသံတွေကြားကပဲ လေးကေ့ကော်ကိုဖြတ်ပြီး သားတွေရှိရာတပ် ရင်းဆီ အရောက်သွားနိုင်ခဲ့တယ်။ အမှန်ဆို ရန်ကုန်ကခွာတော့ သူ့လက်ထဲ ငွေကြေးပြည့်စုံအောင် ပါမလာခဲ့ပါဘူး။ ဒါကြောင့် တပ်ရင်းရောက်ပြီး အနည်းငယ်တည် ငြိမ်သွားတဲ့အခါ ရန်ကုန်က မကျယ်လှတဲ့မြေနေရာနဲ့အိမ်လေးကို မိတ်ဆွေတချို့ရဲ့အကူ အညီနဲ့ ရောင်းလိုက်တယ်။ တပ်ရင်းက သူကို ထမင်းဝအောင်ကျွေး နိုင်ပေမယ့် ဒီတော်လှန်ရေးခရီးကို ဆက်လျှောက်နိုင်ဖို့ ငွေကြေးတစုံတရာ လိုအပ်တယ်မဟုတ်လား။ ဒီတော့ သူ အများကြီးစဥ်းစားမနေဘူး။ ရှိတာချရောင်းပြီး လိုအပ်တဲ့နေရာမှာ သုံးတယ်လို့ ဒေါ်နှင်းဆီက ရှင်းပြတယ်။ ခုဆို SOF တပ်ဖွဲ့ဝင် သားနှစ်ယောက်အပါ အဝင် ဒေါ်နှင်းဆီတို့မိသားစုအဖို့ ပြန်စရာအိမ် မရှိတော့ပါဘူး။ ဒါဟာ စစ်အုပ်စုအာဏာ သိမ်းရာက အစပြုတဲ့ နွေဦးတော်လှန်ရေးရဲ့ တိုက်စားမှုတွေထဲက မြူမှုန်လေးမျှပါပဲ။ တတိုင်းပြည်လုံး အမှောင်ကျပြီး ဒုက္ခရောက်နေတာနဲ့စာရင် မပြောပလောက်ဘူးလို့ သူက ဆိုပါတယ်။ ဒါကြောင့် ဒေါ်နှင်းဆီက "ပြန်စရာအိမ်မရှိလို့ ဝမ်း နည်းမနေဘူး အောင်ပွဲရဖို့ အဓိက"လို့ ပြတ်သားစွာ ပြောပါတယ်။ ။ #crd #People Spring #အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F #တောင်ပိုင်းစစ်ဒေသ #ပြည်သူ့ကာကွယ်ရေးတပ်မတော်

▪︎​ဆောင်းပါး တော်လှန်ရေး နောက်တန်းမှ အာဂမိခင် အာရုဏ်ဦး/People's Spring "ဒေါ်နှင်းဆီတဲ့ . . .နာမည်နဲ့လိုက်အောင် ရဲရင့်ပြတ်သားတဲ့ အာဂမိခင် . . . SOF ရဲဘော် ငါတို့အားလုံးရဲ့ အမေပါပဲ" ဒီစာစုလေးက ဒေါ်နှင်းဆီရဲ့ရင်ကို နွေးသွားစေတယ်။ မေတ္တာပေးလို့ မေတ္တာပြန်ရတယ်လို့ သူက ယုံကြည်တယ်။ သူ့အဖို့ ပိုပြီးလေးနက်သွားစေတာက အဲဒီစာစုကိုရေးသူဟာ ဒေါ်နှင်းဆီခိုလှုံနေတဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF )တပ်ဖွဲ့ရဲ့ တပ်ရင်းမှူးကိုယ်တိုင်ဖြစ်နေတာပါပဲ။ ဒေါ်နှင်းဆီဟာ တော်လှန်ရေးရဲဘော်နှစ်ဦးရဲ့ မိခင်ပါ။ အသက်က ၅၃ နှစ်ရှိပါပြီ။ ရန်ကုန်ဇာတိဖြစ်ပါတယ်။ သားနှစ်ယောက်နဲ့အတူ သူတို့ဇနီးမောင်နှံဟာလည်း SOF တပ်ရင်းမှာ တပ်ဖွဲ့ဝင်ရဲဘော်မိသားစုအနေနဲ့ နေပါတယ်။ သူ့သားတွေက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) လက် အောက်ခံ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)မှာ တာဝန်ထမ်းဆောင်နေကြပါတယ်။ ဒါကြောင့် အဲဒီတပ်ရင်းမှာ ရဲဘော်မိသားစုဝင်အနေနဲ့ သူ နေထိုင်ခွင့်ရတာပါ။ နေထိုင်ခွင့်ဆိုတဲ့ အခွင့်အရေးနဲ့အတူ တာဝန်ဆိုတာတွေလည်း တွဲပါလာပါတယ်။ အဲဒါကတော့ ဒေါ်နှင်းဆီအနေနဲ့ တော်လှန်ရေးရဲဘော်တွေကို နောက်တန်းကနေ ပံ့ပိုးရတဲ့အပိုင်းပါ။ အဓိကကတော့ တပ်ရင်းက ရဲဘော်တွေ၊ သင်တန်းသားတွေရဲ့ စားသောက်ရေးကို စီမံရတာလည်း ဖြစ်ပါတယ်။ ဒေါ်နှင်းဆီဟာ နေ့စဥ်လူ ၃၀၀ စာလောက် ချက်ပြုတ်စီမံရပါတယ်။ မနက်စာ အစာပြေကစလို့ ညစာအထိ တစ်ရက်ကို သုံးနပ်ချက် ပြုတ်ပြင်ဆင်ရတာပါ။ သူဦးဆောင်တဲ့ စားဖိုဆောင်အဖွဲ့မှာ စုစုပေါင်းငါးဦး ရှိပါတယ်။ ပြောမယ်ဆို လူအများစာ ချက်ပြုတ်ပြင်ဆင်ကြရတဲ့ သူတို့ငါးဦးလုံး တစ်ရက်တစ်ရက် နားရတယ်လို့ မရှိပါဘူး။ ရဲဘော်တွေကို မနက်စာ ၆ နာရီအမှီကျွေးနိုင်ဖို့ အာရုဏ်မတက်မှီထဲက အိပ်ယာက ထရပါတယ်။ မနက်စာ ကျွေးမွေးပြီးပြန်တော့ နေ့လယ်စာကို နံနက် ၁၁ နာရီအမှီကျွေး နိုင်အောင်ပြင် ဆင်ပါတယ်။ ဟော နေ့လယ်စာပြီးပြန်တော့ ညစာကိုလည်း ညနေ ၆ နာရီအမီ ကျွေးမွေးရမှာမို့ ဆက်ပြီးလုံ့လပြုရပြန်ပါတယ်။ ညစာပြီးသွားတော့ သိမ်းဟယ်ဆည်းဟယ်၊ ဆေးဟယ်ကြောဟယ်နဲ့ ည ၈ နာရီ ၉ နာရီဖြစ်သွားပြန်ရော။ဒီကတဆင့်မနက်စာအတွက်ပါ ကြော်လှော် ၊ ချက်ပြုတ်ခါမျိုး တပါတည်းပြင်ဆင်လာခဲ့တာ ခုဆို ၃ နှစ်နည်းပါရှိလာပြီလို့ ဒေါ်နှင်းဆီက ပြောပါတယ်။ "ကိုယ့်သားအရွယ် လူငယ်လေးတွေက တိုက်ပွဲဝင်ဖို့ အားထုတ်နေချိန်မှာ အန်တီထိုင်ကြည့်မနေနိုင်ဘူး။ ငါလည်း နိုင်ရာဝန်ကူထမ်းမယ်ဆိုတဲ့စိတ်နဲ့ သူတို့လေးတွေ စားသောက်ရေးအဆင်ပြေအောင် လုပ်ကိုင်ပေးနေတယ်။ ခေါင်းမူးခေါင်းကိုက်ဖြစ်ရင်တောင်မှ အန်တီကုန်းရုန်းထပြီး ချက်ပြုတ်ပေးဖြစ်တယ်"လို့ သူက ရင်ဖွင့်တယ်။ ဒေါ်နှင်းဆီရဲ့ နေ့စဥ်အလုပ်တာဝန်တွေထဲမှာ ချက်ရေးပြုတ်ရေးတစ်ခုတည်း မဟုတ်သေးပါဘူး။ တပ်ရင်းရိက္ခာအတွက်စိုက်ပျိုးမွေးမြူရေး အလုပ်တွေလည်း သူနိုင်သ လောက် လုပ်ကိုင်ပါသေးတယ်။ သီးပင်စားပင်တွေစိုက်တယ်။ ကြက်၊ ဝက်မွေးတယ်။ ဒါ့အပြင် ရဲဘော်လူငယ်လေးတွေ နေထိုင်မကောင်း ရင်ဖြစ်ဖြစ်၊ မတော်တဆ ထိခိုက်ဒဏ်ရာရတာဖြစ်ဖြစ် အဲဒီအခါမျိုးမှလည်း ကိုယ့်သားသမီးရင်းချာလို ပြုစုပေးတတ်ပါသေးတယ်။ ဒီအချက်တွေကိုပဲအထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ရဲ့ တပ်ရင်းမှူး ကိုအောင်စံရှားက ခုလို ဖော်ကျူး ထားပါတယ်။ "မိဝေး ဖဝေးတွေအတွက် . . .ငတ်မွတ်နေတဲ့ မေတ္တာတရားတွေနဲ့ . . .မိခင်တယောက်ရဲ့ နွေးထွေးမှုတွေပေးနေသူ... ငါတို့ရဲ့ ကောင်းခြင်း ဆိုးခြင်းတွေကို အသိ ဆုံး၊ နားအလည်ဆုံး၊ အနွံတာခံဆုံး မိခင်" တခါသား SOF တပ်ဖွဲ့ဝင် ရဲဘော်ဒေါင်းနဲ့ သူငယ်ချင်းတစု တိုက်ပွဲကျပြီဆိုတဲ့သတင်းဆိုးကိုကြားတော့ ဒေါ်နှင်းဆီ ဖြေဆည်ရာမရခဲ့ဘူး။ မျက်ရည် လည်ရွဲနဲ့ ငိုပွဲဆင်လိုက်ရတာ မေ့မျောသွားတဲ့အထိ။ ဟော...ခုလည်း ဒဏ်ရာမှ ကောင်းကောင်းမကျက်သေးတဲ့ ရဲဘော်လူငယ်လေးတယာက် ရှေ့တန်းစစ်မြေပြင်ကို လိုက်သွားပြန်ပြီ။ ဒေါ်နှင်းဆီအပါအဝင် တပ်ရင်းတာဝန်ရှိသူတွေကိုယ်တိုင် တားမရလို့ လွှတ်ရတဲ့အဖြစ်။ အမှန်ဆို အဲဒီရဲဘော်လေးက တိုက်ပွဲတခုမှ လက်နက်ကြီးစထိပြီး အဆုတ်ထိဖောက်ဝင်ဒဏ်ရာရခဲ့တာ။ ကံသီလို့ အသက်ဘေးကလွတ်ပြီး ပြန်ကျန်းမာလာတဲ့ အသက် ၂၀ အရွယ် လူငယ်လေးတစ်ဦး။ ဒဏ်ရာသက်သာပြီး ပြန်ကျန်းမာလာထဲက ရှေ့တန်းလိုက်မယ်ချည်းဇွတ်ပူဆာနေလို့ တပ်ရင်းတာဝန်ရှိသူတွေက မဖြစ်မနေလွှတ်ခဲ့ရတာ။ ဒီတော့ မိဘသဖွယ်ဖြစ်နေတဲ့ ဒေါ်နှင်းဆီတယောက် တပ်ရင်းမှာကျန်ရစ်ပြီး ဆုတောင်းနေယုံရှိတော့တာပေါ့။ နလန်ထရဲဘော်လေးနဲ့အတူ ရှေ့တန်းရောက်ရဲဘော်တွေ ဘေးကင်းအောင်မြင်ဖို့ သူ နေ့စဥ်ဆုတောင်းတယ်။ မေတ္တာပို့တယ်။ ကျဆုံးရဲဘော်တွေကိုရည်စူးပြီး ဘုရားရှိခိုးပြီးတိုင်း အမျှပေးဝေတယ်။ ဒါ သူတတ်နိုင်တာ အကုန်ပဲ။ ဟိုစဥ်ခါ အတိုင်းအတာတခုထိ လွတ်လပ်တဲ့ခေတ်အခြေအနေသာဆိုရင် ဒေါ်နှင်းဆီတယောက် ရဲဘော်လေးတွေနဲ့အတူ ရှေ့ဆုံးမှာရှိနေမလား မပြောတတ်။ ခုကလက်နက်ကိုင်တော်လှန်ရေးမို့သာ အသက်အရွယ်ကိုထောက်ပြီး အားမတန်မာန်လျှော့ လုပ်နေရတာ။ နွေဦးတော်လှန်ရေးကြီးရဲ့အစပိုင်း ရန်ကုန်လမ်းမတွေပေါ် လက်သီး လက်မောင်းတန်းခဲ့စဥ် သူဟာ လူငယ်ထုနဲ့အတူ ရှေ့ဆုံးက ရှိနေခဲ့တာပါ။

သီတင်းကျွတ်ချိန်ခါဆိုတာ မိသားစုတွေ၊ဆွေမျိုးမိတ်ဆွေတွေ၊ချစ်ခင်ရသူတွေနဲ့ဆုံဆည်းကြရတဲ့ပျော်ရွှင်ဖွယ်အချိန်ခါသမယလေးပေါ့ "မိသားစုတွေနဲ့ဝေးကွာနေတဲ့တော်လှန်သီတင်းကျွတ်ကိုဖြတ်သန်းခဲ့ရတာအခုဆိုရင်လေးနှစ်ရှိပြီ လေးသီတင်းကျွတ်ပြီပေါ့ဗျာ" ဒီသီတင်းကျွတ်မှာလဲချစ်ခင်ရပြီးရင်ဘတ်ချင်းနီးတဲ့ရဲဘော်တွေနဲ့အတူတူတော်လှန်ဆီမီးတွေထွန်းညှိရင်းတဦးကိုတဦးဖေးမကူညီရင်းနဲ့ရဲရင့်တောက်ပစွာအတူဖြတ်သန်းကြရင်း နေ့ရက်တိုင်းမှာလဲခွန်အားအပြည့်နဲ့ပျော်ရွှင်စွာရှေ့ဆက်တိုက်ပွဲဝင်လျှက်ပါ တော်လှန်​ပြည်သူများနဲ့တော်လှန်ရဲဘော်များအားလုံးပျော်ရွှင်စရာသီတင်းကျွတ်အချိန်ခါလေးဖြစ်ကြပါစေဗျာ🙏🙏🙏 #တော်လှန်သီတင်းကျွတ် #အထူးစစ်ဆင်ရေးတပ်ဖွဲ့ #တောင်ပိုင်းစစ်ဒေသ #ပြည်သူ့ကာကွယ်ရေးတပ်မတော်

"တော်လှန်သီတင်းကျွတ် ဆုတောင်း" 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 တော်လှန်သတင်းကျွတ် အခါသမယမှာ ပြည်တွင်းပြည်ပမှ မိဘပြည်သူအားလုံး၊ အဖွဲ့အစည်း အသီးသီးမှ တော်လှန်ရဲဘော်အားလုံး၊ SOF ရဲဘော်နဲ့ ရဲဘော်မိသားစုဝင်များအားလုံး ကိုယ်ကျမ်းမာ စိတ်ချမ်းသာပြီး ဘေးအန္တရာယ်အပေါင်း ကင်းဝေးပြီး လိုရာပန်းတိုင်ကို အမြန်ဆုံးလှန်းကိုင်နိုင်ကြပါစေကြောင်း SOF တပ်ဖွဲ့ဝင်ရဲဘော်များမှ သီတင်းကျွတ်ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ဒီနှစ်သီတင်းကျွတ်မှာ SOF ရဲဘော်တချို့ တိုက်ပွဲကြားရှိနေပြီး အောင်မြင်မှုကိုရယူဖို့ ကြိုးစားနေကြပါတယ်။ တချို့ ထိခိုက်ဒဏ်ရာရ ရဲဘော်များလည်း ဆေးကုသမှု ခံယူနေကြပါတယ်။ တချို့ သင်တန်းလေ့ကျင့်ရေး၊ ထောက်ပို့နဲ့ တာဝန်အသီးသီး ကျရာဂဏ္ဍမှာ မနားတန်းကြိုးစားနေရပါတယ်။ တချို့ နောက်ထပ်စစ်ဆင်ရေးနယ်မြေတခုကို ခက်ခက်ခဲခဲ ကြိုးစားထိုးဖောက်နေကြပါတယ်။ ဒီသီတင်းကျွတ်ဟာ အောင်မြင်မှုတွေနဲ့ထပ်တူကျသလို ရှေ့ဆက်အောင်မြင်မှုရဖို့လည်း အချိန်အခါသမယကောင်းဖြစ်ပါတယ်။ နောက်နှစ်သီတင်းကျွတ်တွေမှာ မိမိအိမ်၊ မိမိနယ်မြေ၊ မိမိစိုးမိုးရာဒေသအသီးသီးမှာ ယ္ခုနှစ်ထက် ပိုမိုပျော်ရွှင်စရာကောင်းတဲ့ လွတ်လပ်ပျော်ရွှင်ဖွယ်သီတင်းကျွတ်အဖြစ် အောင်ပန်းဆင်နိုင်ကြပါစေကြောင်း ထပ်ဆင့် ဆုမွန်ကောင်းတောင်းလိုက်ပါသည်။ "အရေးတော်ပုံ အောင်ကိုအောင်ရမည်။"💪 #အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF #တောင်ပိုင်းစစ်ဒေသ #ပြည်သူ့ကာကွယ်ရေးတပ်မတော်

S.O.Fရော်ဘဲလေးချက်တဲ့ဂဏန်းမဆလာချက်လေးမြည်းရင်းနဲ့ (၁)ရက်ပဲကျန်တော့တဲ့တော်လှန်နှုတ်ခမ်းနီလေးဝိုင်းဆိုးပေးကြပါအုံးအမျိုးတို့ရေ🤗 📌 Last Call 📌 ယနေ့ (၁)ရက်သာ 📌 နောက်ဆုံးပိတ် အိတ်နဲ့လွယ် 📌 တော်လှန်နှုတ်ခမ်းနီ Project III #တော်လှန်နှုတ်ခမ်းနီ၃ #CRPHOFP

📌 Last Call 📌 ယနေ့ (၁)ရက်သာ 📌 နောက်ဆုံးပိတ် အိတ်နဲ့လွယ် 📌 တော်လှန်နှုတ်ခမ်းနီ Project III
📌 Last Call 📌 ယနေ့ (၁)ရက်သာ 📌 နောက်ဆုံးပိတ် အိတ်နဲ့လွယ် 📌 တော်လှန်နှုတ်ခမ်းနီ Project III

"ကူဖို့ (၃) ရက်ပဲကျန်ပါတော့တယ်။" တော်လှန်နှုတ်ခမ်းနီ Project III ကမ်ပိန်းရက်ပြည့်ဖို့ (၃) ရက်ပဲလိုပါတော့တယ်ဗျ။ SOF တပ်ဖွဲ့အနေနဲ့လည်း လတ်တလောစစ်ဆင်ရေးတွေဆောင်ရွက်နေပြီး ကျည်ခဲယမ်းလိုအပ်ချက်တွေလည်းရှိနေတဲ့အတွက် target ပြည့်မှီဖို့ ဝိုင်းတွန်းပေးကြပါဦးဗျို့။ ဒီလင့်မှာဝင်ရောက်ထောက်ပို့ပေးနိုင်ပါတယ်ဗျ။ 👇👇 https://www.facebook.com/share/p/oW5XRASiaPrFGfJ6/ #တော်လှန်နှုတ်ခမ်းနီ၃ #CRPHOFP #အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF #တောင်ပိုင်းစစ်ဒေသ

ကျွန်တော်တို့လည်း အိမ်ပြန်ချင်ပြီဆိုတဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) က ရော်ဘဲများရဲ့ ရင်တွင်းစကားသံများနှင့်အတူ ............... ကျွန်တော်တို့အားလုံးရဲ့အိမ်တွေကို ပြန်နိုင်ဖို့ ........ ချစ်တဲ့မိသားစုသူငယ်ချင်းတွေနဲ့ ပြန်လည်ပျော်ရွှင်စွာဆုံတွေ့နိုင်ဖို့...... အိမ်ပြန်လမ်းတွေကိုဖောက်နေတဲ့ ရော်ဘဲတွေအိမ်အမြန်ပြန်နိုင်ဖို့အတွက်...... တော်လှန်နှုတ်ခမ်းနီ နဲ့ ထောက်ပို့ကူလို့ရပါတယ်ခင်ဗျာ ✊✊✊ #တော်လှန်နှုတ်ခမ်းနီ၃ #CRPHOFP

မင်္ဂလာပါ ကျွန်တော်တို့ SOF အနေနဲ့ စစ်ရေးဆောင်ရွက်ချက်တွေကိုအရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိပါတယ်။ လောလောလတ်လတ်အနေနဲ့ကြာအင်
+2
မင်္ဂလာပါ ကျွန်တော်တို့ SOF အနေနဲ့ စစ်ရေးဆောင်ရွက်ချက်တွေကိုအရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိပါတယ်။ လောလောလတ်လတ်အနေနဲ့ကြာအင်းဆိပ်ကြီးမြို့နယ်လွတ်ရှမ်းစခန်းကိုသိမ်းပိုက်ထားပြီးနောက်ထပ်စကစရဲ့စခန်းတခုကိုလည်းဆက်လက်တိုက်ခိုက်သိမ်းပိုက်ဖို့ရန်မြေပြင်မှာကြိုးစားဆောင်ရွက်လျှက်ရှိပါတယ်။ တိုက်ပွဲကာလရှည်ကြာလာတာနဲ့အမျှ နှုတ်ခမ်းနီ(ခဲယမ်း)တွေလည်းလိုအပ်လျှက်ရှိနေတာကြောင့်.... ကျနော်တို့SOFရဲ့ပထမဆုံးကမ်ပိန်းဖြစ်တဲ့​တော်လှန်နှုတ်ခမ်းနီကမ်ပိန်းမှာပါဝင်ထောက်ပို့ပေးကြပါဦးခင်ဗျာ။ အောက်မှာချထားပေးတဲ့ link တွေမှာဝင်ရောက်ပြီးပါဝင်အားဖြည့်ပေးလို့ရပါတယ်ခင်ဗျာ။ https://www.facebook.com/share/v/jqTddFc8dRSg4LAH/?mibextid=oFDknk https://www.facebook.com/share/p/jN8uF3a7HQA2SGgK/?mibextid=oFDknk

တောင်ပိုင်းစစ်ဒေသအပေါ် အားမလိုအားမရဖြစ်ကြရတယ်။ တောင်ပိုင်းက ပိုအောင်မြင်ဖို့လည်း လိုတယ်၊ အောင်မြင်မှုနဲ့လည်း ထိုက်တန်တယ်။ ပြည်သူတွေကိုလည်း တတ်နိုင်သမျှ အခြေအနေမှန် ချပြ ပြောပြဖို့လိုတယ်။ EAO တွေလည်း ဦးဆောင်ပါဝင်ဖို့လိုတယ်၊ အားလုံးလည်း ခုထက်လည်း ပိုစည်းလုံးဖို့လိုတယ်။ စစ်ကောင်စီရဲ့ သွေးခွဲဝါဒဖြန့်မှုတွေကိုလည်း သထိထားကြဖို့လိုတယ်။ မြောက်ပိုင်းနဲ့ တောင်ပိုင်း ၁။ ရန်သူရဲ့ ​မြောက်ပိုင်းအပေါ်ထားတဲ့ သဘောထားနဲ့ တောင်ပိုင်းအပေါ်ထားတဲ့သဘောထား မတူဘူး။ ၂။ မြေပြင်ပထဝီ အနေအထားမတူဘူး၊ ပထဝီမပိုင်ရင်လည်း စစ်မနိုင်ဘူးပေါ့။ ၃။ အင်အားမတူဘူး၊ အဓိကကတော့ လက်နက်ခဲယမ်းပါ၊ တပ်ပေါင်းစုအင်အားလည်း လိုပါတယ်။ အောင်စံရှားအနေနဲ့ရော SOF/PDF အနေနဲ့ပါ မြို့ပြစစ်ဆင်ရေး (UG) ဘဝကနေ ခုအထိ ဂဏ္ဍပေါင်းစုံကနေ အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြပါတယ်။ ပြောသင့်ပြောထိုက်တာပြောလို့ လူမုန်းချင်လည်းမုန်းပါစေ၊ အားလုံးဟာ အောင်မြင်မှုရဖို့ ထိုက်တန်ကြပါတယ်၊ တခုပဲ သွေးမကွဲဖို့ ၊ ပိုကြိုးစားကြဖို့ပါ။ #အောင်စံရှား (SOF) #တောင်ပိုင်းစစ်ဒေသ #ပြည်သူ့ကာကွယ်ရေးတပ်မတော်

ရင်းမှူး-ရှေ့တန်းမှာဗိုက်ပြည့်အောင်ထမင်းကိုဘာနဲ့မျှောချကြမလဲ SOFရော်ဘဲ-ဆီနဲ့ပါရင်းမှူးခင်ဗျ

ရင်းမှူး-ရှေ့တန်းမှာဗိုက်ပြည့်အောင်ထမင်းကိုဘာနဲ့မျှောချကြမလဲ SOFရော်ဘဲ-ဆီနဲ့ပါရင်းမှူးခင်ဗျ

''မှတ်တမ်းဆိုတာ........ နောင်တစ်ချိန်မှာ သမိုင်း မှတ်တမ်းမရှိရင် သမိုင်းမရှိဘူး'' #Aung San Shar #အထူးစစ်ဆင်ရေးတပ်ဖွဲ့မှူး #S.O.F

SOF ရဲဘော်များ ဂုဏ်ပြုသီဆိုထားသည့် ——————————————————— “မွေးနေ့မင်္ဂလာ မဇင်မာ" အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်အတွက် ယနေ့ကျရောက်သည့် စက်တင်ဘာလ - ၁၄ ရက်နေ့ မွေးနေ့ လက်ဆောင်မွန်အဖြစ် အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲဘော်များမှ ဂုဏ်ပြုသီဆိုထားသည့် “မွေးနေ့မင်္ဂလာ မဇင်မာ" သီချင်းအား ပြန်လည်ဝေမျှလိုက်ပါသည်။ ဝန်ကြီးဒေါ်ဇင်မာအောင် ကိုယ်ကျမ်းမာ စိတ်ချမ်းသာစွာဖြင့် တော်လှန်ရေးတာဝန်များ၊ နိုင်ငံ့တာဝန်များကို ဆက်လက်ထမ်းရွက်နိုင်ပါစေကြောင်း မွေးနေ့ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ (14.9.2024) Admin (SOF)