en
Feedback
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F

Open in Telegram

information & communication

Show more
3 429
Subscribers
No data24 hours
-197 days
-6930 days
Posts Archive
တိုက်ပွဲသတင်းထုတ်ပြန်ချက် ------------------------- မေလ (၁၂) ရက်၊ ၂၀၂၅။ ၁။ ပဲခူးတိုင်းရွှေကျင်မြို့နယ်၊ ညောင်ခြေတောက်ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်အား KNLA၊ SOF၊ PDF၊ ပကဖ၊ local PDF နဲ့ ဒရုန်းအဖွဲ့များမှ ၈.၅.၂၀၂၅ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ လက်နက်ကြီးလက်နက်ငယ် (၈၃) လက်၊ ခဲယမ်းများ၊ ဂျန်မာစက်များ သိမ်းဆည်းရမိခဲ့သည်။ စစ်သုံ့ပန်း (၆) ဦး၊ ချိတ်ဆက်ပူးပေါင်းလာသူ (၄) ဦး၊ မိသားစုဝင် (၇) ဦး ဖမ်းဆီးထိမ်းသိမ်းနိုင်ခဲ့သည်။ ရန်သူအလောင်း (၃၀) ဦးခန့်ချေမှုန်းနိုင်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့များမှလည်း ကျဆုံးဒဏ်ရာရမှုများရှိသည်။ တပ်ရင်းမှူးအပါအဝင် အရာရှိအားလုံးနှင့် တပ်သား (၅၀) ဦးခန့် စခန်းစွန့်ခွာထွက်ပြေးသွားသည်။ ၂။ KNLA + PDF ပူးပေါင်းတပ်များ သိမ်းဆည်းထားသော ခမရ ၅၉၈ တပ်ရင်းဌာနချုပ် ၊ ကွမ်းဆိပ် တပ်စခန်း နှင့် ကွမ်းဆိပ်ရဲစခန်းအား စစ်ကောင်စီမှ ပြန်လည်ထိမ်းချုပ်နိုင်ရေးအတွက် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း နှင့် မြေပြင်စစ်ကြောင်းထိုးလျှက်ရှိသည်။ လက်ရှိတွင် ကွမ်းဆိပ်၊ ကျိုက်ဒေးသုတ်၊ ညောင်ခြေတောက်၊ ရှမ်းစုကျေးရွာနှင့် ပတ်ဝန်းကျင်နယ်မြေများအား KNLA + PDF ပူးပေါင်းအဖွဲ့မှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများနှင့် လုံခြုံရေးလုပ်ငန်းများ ပူး​ပေါင်းဆောင်ရွက်လျှက်ရှိပြီး ရန်သူစစ်ကြောင်းနှင့် နေ့စဥ် ထိတွေ့တိုက်ပွဲများ ပြင်းထန်လျှက်ရှိသည်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF တောင်ပိုင်းစစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်

အဆုံးသတ်အောင်ပွဲအတွက် တပ်သားသစ်တွေ ခေါ်နေပါပြီ။💪
အဆုံးသတ်အောင်ပွဲအတွက် တပ်သားသစ်တွေ ခေါ်နေပါပြီ။💪

အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် (၈) သင်တန်းသားများ ခေါ်ယူခြင်း ------------------------- ဧပြီလ (၂၈) ရက် ၊ ၂၀၂၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသ၏ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/အထူးတပ်ဖွဲ့) မှ သင်တန်းလေ့ကျင့်ရေးအပတ်စဥ် (၈) အတွက် သင်တန်းသား/သင်တန်းသူများ စတင်၍ စိစစ်လက်ခံနေပြီဖြစ်ပါသည်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF အနေဖြင့် အထူးတပ်ဖွဲ့/တပ်ရင်းများ တိုးချဲ့ဖွဲ့စည်းပြီး ပဲခူး၊ ရန်ကုန် စစ်ဆင်ရေးအပါအဝင် တောင်ပိုင်းစစ်ဒေသ၏ အရေးပါသည့် စစ်ဆင်ရေးနယ်မြေများတွင် မဟာမိတ် တိုင်းရင်သားလူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများ၊ MOD လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များ၊ LPDF များနှင့် အတူလက်တွဲ၍ ၂၀၂၅ အတွင်း စစ်ရေးအရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ကြောင့် SOF နှင့်အတူ စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် အဆုံးသတ်တိုက်ပွဲဆင်နွှဲရန် အတူတကွလက်တွဲ တိုက်ပွဲဝင်လိုသော လူငယ် အမျိုးသား/အမျိုးသမီးများအား ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုလက်ခံလျှက်ရှိပါကြောင်း လေးစားစွာ အသိပေး ထုတ်ပြန်အပ်ပါသည်။ တပ်ဖွဲ့ဝင်လိုသူများအနေဖြင့် SOF facebook page messenger 👉 https://www.facebook.com/share/1B6ad7coYp/ နှင့် Signal Username 👉 SOFJY.72121 Telegram Username 👉 @SOFJY72121 တို့မှ ဆက်သွယ်နိုင်ပါသည်။ #အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF တောင်ပိုင်းစစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်

စစ်ကြောင်းမှုး ရဲဘော်ဆရာကျောင်းကျဆုံးခြင်း တစ်နှစ်ပြည့်နှင့် SOF ကျဆုံးရဲဘော်များအား အောက်မေ့သတိရ အလေးပြုခြင်းအခမ်းအနားပြုလုပ် ------------------------------- ဧပြီလ ၂၆ ရက်၊ ၂၀၂၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/အထူးတပ်ဖွဲ့) ၏ စစ်ကြောင်း (၁) စစ်ကြောင်းမှုး ရဲဘော်ဆရာကျောင်းကျဆုံးခြင်း တစ်နှစ်ပြည့်နှင့် ကျဆုံးရဲဘော်များအား အောက်မေ့သတိရ အလေးပြုခြင်းအခမ်းအနားအား မနေ့က ကျင်းပခဲ့သည်။ အခမ်းအနားတွင် ပြည်သူ့ကွယ်ရေးတပ်မတော်အလံတော်အား အလံတဝက်ချ အလေးပြုခြင်း၊ သစ္စာဓိဌာန်ရွတ်ဆိုခြင်း၊  ကျဆုံးရဲဘော်တစ်ဦးချင်းစီ၏  တော်လှန်ရေးဆောင်ရွက်ချက်မှတ်တမ်းများအား အောက်မေ့သတိရဖွယ်၊ ဂုဏ်ယူဖွယ် ပြန်လည်ဝေမျှခဲ့ပြီး ကျဆုံးရဲဘော်များအား အလေးပြုခြင်းဆောင်ရွက်ခဲ့သည်။ "ရဲဘော်ဆရာကျောင်းသည် အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ၏ စစ်ကြောင်း (၁) စစ်ကြောင်းမှုးဖြစ်ပြီး တပ်ဖွဲ့၏ စစ်ဆင်ရေးမှုးဖြစ်သည်။ ရဲဘော်ဆရာကျောင်းသည် နွေဦးတော်လှန်ရေးစသည့်အချိန်မှစ၍ မြို့ပြစစ်ဆင်ရေးများဖြစ်သော ပျံလွှားအောင်စစ်ဆင်ရေး၊ နန်းထိုက်အောင်စစ်ဆင်ရေးနှင့် ကျေးလက်စခန်းသိမ်းတိုက်ပွဲများစွာ ဦးဆောင်ခဲ့သော စစ်ဆင်ရေးမှုးတစ်ဦးဖြစ်သည်။ တပ်ဖွဲ့၏ တိုက်ခိုက်ရေးထူးချွန်ဆု ချီးမြှင့်ခြင်းခံထားရပြီး ကျဆုံးသည့်အချိန်တွင် ကာကွယ်ရေးဝန်ကြီးဌာန၏ ဦးညွတ်ဂုဏ်ပြုလွှာ ချီးမြှင့်ခံရသည်။" ရဲဘော်ဆရာကျောင်းနှင့်အတူ ရဲဘော်ကုလားကြီး၊ ရဲဘော်ကိုဟိန်း၊ ရဲဘော်မိုက်တီးတို့လေးဦးသည်၂၀၂၄ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့အနီး တောင်စွန်းစခန်းသိမ်းတိုက်ပွဲတွင် ရန်သူအားရွပ်ရွပ်ချွံချွံတိုက်ခိုက်ချေမှုန်းရင်း ရန်သူ့စခန်းကုန်းပေါ်တွင် ကျဆုံးခဲ့သည်။ ကျဆုံးရဲဘော်များ၏ ရုပ်အလောင်းများအား ပြန်လည်ရယူခဲ့ပြီး အမိန့်ပြန်ပေးခြင်းနှင့် ဘာသာရေးအရ လိုအပ်သည်များ လုပ်ကိုင်ဆောင်ရွက်ပေးခဲ့သည်။ လေးနှစ်တာကာလအတွင်း ရဲဘော်ဆရာကျောင်းအပါအဝင် SOF တပ်ဖွဲ့ဝင် ကျဆုံးရဲဘော် (၂၀) ဦးအထိရှိခဲ့ပြီး တပ်ဖွဲ့မှ သက်စွန့်အာဇာနည်ဆုတံဆိပ်ချီးမြှင့်ခဲ့ကာ ရဲရင့်သော အာဇာနည်များအဖြစ် အထူးပင်မှတ်တမ်းတင်ထားရှိပါသည်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF

"သင်္ကြန်ရသ" အတာဓလေ့ကို တခါမှ မမေ့ခဲ့ ဝေးခဲ့ရတာ ငါးနှစ်ကြာပေါ့၊ အတွေးဗလာနဲ့ အငြိုး အာဃာတ မရှိ သင်္ကြန်မိုးက တအိအိပြိုပြီ၊ မြေ
"သင်္ကြန်ရသ" အတာဓလေ့ကို တခါမှ မမေ့ခဲ့ ဝေးခဲ့ရတာ ငါးနှစ်ကြာပေါ့၊ အတွေးဗလာနဲ့ အငြိုး အာဃာတ မရှိ သင်္ကြန်မိုးက တအိအိပြိုပြီ၊ မြေသင်းနံ့တွေ ရတယ် ငုတွေ ခိုတွဲ ဝါဆင်း ဝေ့လည်လည် နဲ့ ပိတောက်လည်း ပွင့်လင်း တာဝန်ကျေပါတယ်၊ သံချပ်သံတွေ တိတ်ဆိတ်နေခဲ့ မြေစာပုံတွေနဲ့ ပူဆွေးဗျာပါဒ တွေနဲ့ လူယုတ်မာတစု အတာကိုယ်စားပြုနေတုန်း၊ အဆိုးဆုံး အမှောင်ဆုံးကာလ အကြပ်အတည်း အခက်အခဲတွေကြားက တော်လှန် လွတ်မြောက်နိုင်မှ အတာကျပါတော့မယ်။ အောင်စံရှား - SOF (14.4.2025)

" အတာ ကို ချစ်တယ်၊ မြန်မာ့ဓလေ့ ထုံးတမ်းစဥ်လာတွေကို ချစ်တယ်၊မိသားစုကို လွမ်းတယ်၊ ဒါလေးတွေအလွမ်းပြေစေဖို့တပ်တွင်း ရဲဘော်များ မု
+9
" အတာ ကို ချစ်တယ်၊ မြန်မာ့ဓလေ့ ထုံးတမ်းစဥ်လာတွေကို ချစ်တယ်၊မိသားစုကို လွမ်းတယ်၊   ဒါလေးတွေအလွမ်းပြေစေဖို့တပ်တွင်း ရဲဘော်များ   မုန့်လုံးရေပေါ် လုပ်စားဖြစ်ပါတယ်။ " အတာသင်္ကြန်မှာ အားလုံး အန္တရာယ်ကင်း ဘေးရှင်းကြပါစေ။ 🙏🙏🙏 Admin - SOF

အမှန်တရားတဲ့ ခါးလိုက်တာဗျာ အဲ့လောက်ခါးတဲ့အမှန်တရားကိုလက်ကိုင်ထားရင်း အိမ်မက်တွေ အနာဂတ်တွေ ဘဝတွေ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးခဲ့ကြောင်း နလန်မထူနိုင်အောင် ရိုက်ချိုးခံခဲ့ရကြောင်း ဘဝတွေဘဝတွေ အများကြီးရဲ့ပုံရိပ်ကို ကွက်ကွက်ကွင်းကွင်း ထင်ဟပ်စေမယ့် ကဗျာအရေးအသားနဲ့ "အိမ်ပြန်လိုချင်တယ် နိုင်ငံတော်ကိုပြန်ရချင်တယ်" ဆိုတဲ့ Audio Bookလေးကို နားဆင်ရင်း တော်လှန်ရေးကာလအတွင်း ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာတစ်ချို့ကို ပုံဖော်ကြည့်နိုင်တာမို့ နားဆင်ဖြစ်အောင်နားဆင်ပေးကြပါဦးခင်ဗျ။ Audio book Link၁၃ပု​ဒ်ကို မြန်မာငွေ ၁၅၀၀၀ ကျပ် ဘတ်ငွေ ၁၀၀သာ ကျသင့်မှာဖြစ်ပြီးတပ်ဖွဲ့pagemessengerနဲ့ @SOFJY72121တယ်လီဂရမ်အကောင့်ကနေတိုက်ရိုက်ဝယ်ယူအား​ပေးနိုင်ပါတယ် ခင်ဗျ။🤗 #Audiobook #အထူးစစ်ဆင်ရေးတပ်ဖွဲ့ #ပြည်သူ့ကာကွယ်ရေးတပ်မတော်

အိမ်ပြန်လိုချင်တယ် ' "နိုင်ငံတော်ကိုပြန်ရချင်တယ် " ဒီAudio Bookလေးကို မြန်မာကျပ်ငွေ ၁၅၀၀၀ကျပ်၊ထိုင်းဘတ်ငွေ ၁၀၀ ဘတ်နဲ့ ညီမျှတဲ
+1
အိမ်ပြန်လိုချင်တယ် ' "နိုင်ငံတော်ကိုပြန်ရချင်တယ် " ဒီAudio Bookလေးကို မြန်မာကျပ်ငွေ ၁၅၀၀၀ကျပ်၊ထိုင်းဘတ်ငွေ ၁၀၀ ဘတ်နဲ့ ညီမျှတဲ့ ဈေးနှုန်းနဲ့ ဒီနေ့မတ်လ၂၁ရက်နေ့မှာကျနော်တို့ S.O.F Page Messengerကနေရောင်းချပေးသွားမှာဖြစ်ပါတယ်ဗျ။ ဒီဈေးနှုန်းလောက်ဆိုရင် တော်လှန်ကဗျာချစ်သူ Audio ချစ်သူတို့ပါဝင်ထောက်ပို့အားဖြည့်နိုင်မယ်လို့လည်းမျှော်လင့်မိပါတယ်ခင်ဗျ။ PageကနေAudio Book ရောင်းချရသမျှထောက်ပို့ငွေ အားလုံးဟာလည်းကျနော်တို့ Special Operation Force - S.O.Fထံကိုတိုက်ရိုက်စီးဆင်းသွားမှာဖြစ်ပါတယ်ဗျ။ ဒီAudio Bookလေးကိုမတ်လ ၂၁ ရက် ကမ္ဘာ့ကဗျာနေ့ ၊ ဒီကနေ့ ည ၈ နာရီမှာ စတင်ပြီးရောင်းချပေးမှာဖြစ်တဲ့အတွက် ခုချိန်ကစပြီး ကျနော်တို့ရဲ့ "အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F" ရဲ့ Page Messenger မှာ pre order တင်ရင်း ကဗျာ တွေကိုအားပေးလို့ရပြီဆိုတဲ့အကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ တော်လှန်ကဗျာချစ်သူတို့ရေ🤗

အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် (၈) သင်တန်းသားများ ခေါ်ယူခြင်း ------------------------- မတ်လ (၁၅) ရက် ၊ ၂၀၂၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသ၏ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/အထူးတပ်ဖွဲ့) မှ သင်တန်းလေ့ကျင့်ရေးအပတ်စဥ် (၈) အတွက် သင်တန်းသား/သင်တန်းသူများ စတင်၍ စိစစ်လက်ခံနေပြီဖြစ်ပါသည်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF အနေဖြင့် အထူးတပ်ဖွဲ့/တပ်ရင်းများ တိုးချဲ့ဖွဲ့စည်းပြီး ပဲခူး၊ ရန်ကုန် စစ်ဆင်ရေးအပါအဝင် တောင်ပိုင်းစစ်ဒေသ၏ အရေးပါသည့် စစ်ဆင်ရေးနယ်မြေများတွင် မဟာမိတ် တိုင်းရင်သားလူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများ၊ MOD လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များ၊ LPDF များနှင့် အတူလက်တွဲ၍ ၂၀၂၅ အတွင်း စစ်ရေးအရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ကြောင့် SOF နှင့်အတူ စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် အဆုံးသတ်တိုက်ပွဲဆင်နွှဲရန် အတူတကွလက်တွဲ တိုက်ပွဲဝင်လိုသော လူငယ် အမျိုးသား/အမျိုးသမီးများအား ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုလက်ခံလျှက်ရှိပါကြောင်း လေးစားစွာ အသိပေး ထုတ်ပြန်အပ်ပါသည်။ တပ်ဖွဲ့ဝင်လိုသူများအနေဖြင့် SOF facebook page messenger 👉 https://www.facebook.com/share/1B6ad7coYp/ နှင့် Signal Username 👉 SOFJY.72121 Telegram Username 👉 @SOFJY72121 တို့မှ ဆက်သွယ်နိုင်ပါသည်။ #အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF တောင်ပိုင်းစစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်

အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF အပတ်စဥ်(၇) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အမှတ်တရည ၄လခွဲသင်တန်းကာလမှာတစ်ခါသာရတဲ့အပျော်ဆုံးညတစ်ညပေါ့ဗျာ🤗 #အထူးစစ်ဆင်ရေးတပ်ဖွဲ့ #SOF #အပတ်စဥ်၇ #သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲ #အပတ်စဥ်၈အတွက်လဲသင်တန်းသားအသစ်များလက်ခံခေါ်ယူနေပြီမို့pagemessengerတွင်လာရောက်စုံစုမ်းနိုင်ပါတယ်။

မအိပုံ့မွေးနေ့အလှူအဖြစ် SOFရော်ဘဲလေးများအတွက် အမဲသားဟင်း အမဲသားမစားတဲ့သူတွေအတွက် ကြက်သားဟင်းအလှူ 🤗 အခုလို လှူဒါန်းပေးတဲ့အကျိ
+2
မအိပုံ့မွေးနေ့အလှူအဖြစ် SOFရော်ဘဲလေးများအတွက် အမဲသားဟင်း အမဲသားမစားတဲ့သူတွေအတွက် ကြက်သားဟင်းအလှူ 🤗 အခုလို လှူဒါန်းပေးတဲ့အကျိုးကျေးဇူးကြောင့် အသက်ရာကျော်ရှည်ပါစေ စိတ်ချမ်းသာပါစေ ကိုယ်ကျန်းမာပါစေ ဆန္ဒနဲ့ဘဝထပ်တူကျနိုင်ပါစေလို့တပ်ဖွဲ့ဝင်အားလုံးရဲ့ကိုယ်စားဆုတောင်းမေတ္တာပို့ပေးလိုက်ပါတယ်ဗျ🙏🙏🙏 #အသားဟင်း #အထူးစစ်ဆင်ရေးတပ်ဖွဲ့ #မွေးနေ့အလှူ

ဟဲလို ချစ်သူများနေ့ အထူးအစီအစဉ်လေးပါ 🩷🥂 🩷 Vday ကျ ဘာအစီအစဉ်မှ မရှိသေးလို့ဖြစ်ဖြစ် 🩷 တော်လှန်ရေးထဲ ပါဝင်နေရလို့ ဘတ်ဂျက်ငဲ့
+3
ဟဲလို ချစ်သူများနေ့ အထူးအစီအစဉ်လေးပါ 🩷🥂 🩷 Vday ကျ ဘာအစီအစဉ်မှ မရှိသေးလို့ဖြစ်ဖြစ် 🩷 တော်လှန်ရေးထဲ ပါဝင်နေရလို့ ဘတ်ဂျက်ငဲ့နေရတာဖြစ်ဖြစ် အားလုံးအတွက် ထောက်ပို့ထီက Valentine's Day အထူးအစီအစဉ်လေး ဖန်တီးပေးထားပါတယ် အစီအစဉ်လေးက 🍀 အခု ဒီပို့စ်တင်ချိန်ကစပြီး ဖေဖော်ဝါရီ ၁၃ ည ၁၂နာရီ (မြန်မာအချိန်) ထိ ထောက်ပို့ထီထိုး 🍀 ထိုးတဲ့သူအားလုံးထဲ ကံထူးရှင် ၃ဦးကို ဖေဖော်ဝါရီ ၁၄ရက်နေ့ မနက်မှာ မဲဖောက်ပေးပြီး 🍀 ၁၄ရက်နေ့ညမှာ ချစ်ရသူနဲ့ ညစာသွားစားနိုင်ဖို့ ၁ဦးကို USD 75 နှုန်းနဲ့ ၁တွဲအတွက် USD 150 လက်ဆောင် ချီးမြှင့်မှာပါ မပြီးသေးဘူး 🍀 စစချင်းမှာ စုံတွဲ၃တွဲစာ မဲဖောက်ပေးပြီး 🍀 ၁၃ရက်နေ့ညထိ အစောင် ၅၀,၀၀၀ တိုးရောင်းရတိုင်း ကံထူးရှင် ၁တွဲထပ်တိုးသွားမှာကြောင့် များများထိုးလေ ကံထူးနိုင်လေနော် ကဲ... ဘာကြည့်နေသေးတာလဲ ချစ်သူလေးနဲ့ fine dining လေး စားဖို့ ထောက်ပို့ထီလာထိုးလိုက်တော့လေ အတွဲမရှိသေးတဲ့သူတွေအတွက်တော့ #SOFရော်ဘဲအစင်လေးတွေငှားပေးမယ်နော်🤗 ဆုရရင်တော့တစ်ယောက်တစ်ဝက်ပေါ့😁👇👇 https://www.facebook.com/share/p/1DakkELY7z/ 👆👆fb page messenger တွင်လာရောက်ကံစမ်းနိုင်ပါတယ်ဗျို့🤗 #သိန်း၁၀၀၀ #ထောက်ပို့ထီ #ValentinesDay #ချစ်သူများနေ့