en
Feedback
ကြွေဖယောင်း

ကြွေဖယောင်း

Open in Telegram

ကြွေရဲ့ဝတ္ထုတွေကို ပြန်ပြီးတင်ပေးသွားမှာပါ။ အရင်အဟောင်းတွေလည်းတက်နိုင်သမျှ ပြန်ရှာပြီးတင်ပေးပါမယ်

Show more
Myanmar22 818The category is not specified
1 848
Subscribers
+324 hours
+77 days
+4030 days

Data loading in progress...

Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
December '24
December '24
+36
in 0 channels
November '24
+38
in 0 channels
Get PRO
October '24
+23
in 0 channels
Get PRO
September '24
+44
in 0 channels
Get PRO
August '24
+1 886
in 0 channels
Date
Subscriber Growth
Mentions
Channels
21 December+3
20 December+1
19 December0
18 December+2
17 December+3
16 December+4
15 December0
14 December+4
13 December+3
12 December+2
11 December0
10 December+2
09 December0
08 December0
07 December+2
06 December+1
05 December0
04 December+2
03 December+4
02 December+3
01 December0
Channel Posts
ဒါလေးက ဥပေက္ခာလှိုင်း အပိုင်းတစ်ကနေ တစ်ဆယ်ထိပါ။

2
https://d.docs.live.net/b1a887abc7563c60/Documents/ဥပေက္ခာလှိုင်း.docx
3 451
3
No text...
3 503
4
"ဟင့်အင်း...မရဘူး။ မှုန်သူဋ္ဌေးတို့အသိုင်းဝိုင်းနဲ့ မပတ်သတ်ချင်ဘူး။ သူတို့ကလည်း မှုန့်ကိုအလိုမရှိဘူး။ ဒါကြောင့်ဘာမှမဆိုင်သလို နေတာအကောင်းဆုံးပါ။ ပြီးတော့သူဋ္ဌေးလည်းအချိန်တန်ရင် ဂျပန်ကကျောက်မြတ်ပညာရှင်အမျိုးသမီးနဲ့ လက်ထပ်ကြမှာမဟုတ်ဘူးလား" မှုန့်စကားတွေကြောင့် သူဆွဲထားသည့်လက်တစ်စုံကို လွတ်ပေးလိုက်၏။ပြီးမှခေါင်းတစ်ချက်ညိတ်လိုက်ကာ.... "မင်းပြောတာ မှန်ပါတယ်။ ဆောရီး... ကိုယ်ခဏတာအတွင်း သတိလွတ်သွားတယ်" "နောက်ဆိုသတိမလွတ်အောင်နေပါ။ မှုန်နဲ့သူဋ္ဌေးက ဘာဆိုဘာမှခံယူချက်ချင်းမတူတာမို့ မပတ်သတ်တာအကောင်းဆုံးပါ။အချိန်တန်လို့ခြောက်လပြည့်ရင် တကယ်ဘာမှမဆိုင်တဲ့သူတွေပါ။ အခုလောလောဆယ်တော့ စာချုပ်အရပတ်သတ်နေရဦးမယ်။ စာချုပ်နဲ့ပတ်သတ်ရတာတောင် မှုန်ပင်ပန်းတယ်။ ဂုဏ်သိက္ခာကိုဘုရားတစ်ဆူလိုကိုးကွယ်ပြီး ဂါထာရွတ်သလို တဖွဖွပြောနေတဲ့မိသားစုနဲ့ ကိုယ့်ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေတဲ့မှုန်တို့သားဖဘဝက မျဥ်းပြိုင်တွေလိုပဲ ဘယ်တော့မှဆုံဖို့မရှိဘူး။ဆုံလည်းမဆုံချင်ဘူး" "အဟက်...ဒီတစ်ခါလည်းမင်းငါ့ကိုထပ်ငြင်းတယပဲလား။ ပထမတစ်ခါတုန်းကလည်း စာချုပ်အရလက်ထပ်ဖို့တောင်မင်းခါးခါးသီးသီးငြင်းတယ်။ အခုလည်းကိုယ့်ဘက်ကစကားအနေနဲ့ ပြောတာတောင်မင်းကထပ်ငြင်းပြန်ပြီ" "ငြင်းရမယ့်လူမို့လို့ ငြင်းတာပါ။ မှုန့်အတွက်ငြင်းရက်စရာမရှိတဲ့ ယောကျ်ားနဲ့တွေ့ရင်တော့ သေချာပေါက်ဖမ်းဆုတ်ထားမှာပါ" ဒုတိယအကြိမ်အငြင်းခံလိုက်ရ၍ ဦးဥက္ကာ နူတ်ခမ်းတစ်ခြမ်းကိုကွေးလိုက်မိသည်။ ခပ်တည်တည်မှုန့်ကို သူစူးစိုက်ကြည့်ရင်း ခေါင်းတစ်ချက်ညိတ်လိုက်မိသည်။အခန်းပြင်ကိုမှုန်ထွက်သွားသည်ထိ သူကြည့်ရုံသာကြည့်နေလိုက်တော့သည်။ ကြွေဖယောင်း Thu oct 20 (ygn) စာပုံမှန်မတင်ပေးနိုင်တဲ့အတွက် စာဖတ်သူတွေကို တောင်းပန်ပါတယ်။ အရေးအသားပိုင်းမှာ လိုအပ်ချက်တွေအများကြီးရှိတာကိုလည်း သည်းခံဖတ်ပေးလို့ ကျေးဇူးအများကြီူတင်ပါတယ်။ ဘယ်အချိန်ထပ်တင်မလဲ မသေချာတာမို့ မမျှော်ပါနဲ့နော်။စာဖတ်သူတွေ ပင်ပန်းမှာစိုးလို့ပါနော်။
3 298
5
မှုန့်လည်ပင်းနားကနေ ကပ်ပြောလိုက်တာကြောင့်မှုန် ကြက်သီးထသွားလေသည်။ ဆေးလက်စပန်းကန်တောင်လွတ်ကျမလို ဖြစ်သွား၏။ သတိထိန်းကာခပ်သွက်သွက်ဆေးပေး ရှင်းပေးပြီးသူ့ကိုရှောင်၍ဧည့်ခန်းမှာပြန်လာထိုင်လိုက်သည်။ မျက်စိရှေ့တည့်တည့်မြင်နေရသည့် မှုန်တို့မင်္ဂလာဆောင်ဓာတ်ပုံတွေကြောင့် မျက်နှာလေးလွှဲလိုက်မိသည်။ "ရေနွေးသောက်ဦး..." သူချပေးလာသည့် ရေနွေးခွက်ကို မှုန်ကြည့်ရုံသာကြည့်ပြီး မသောက်မိ။ "မှုန့်ကို ဟိုလူတွေအကြောင်းပြောပြမယ်ဆို။" "ဖြည်းဖြည်းပေါ့" "မှုန်ရောက်တာကြာပြီ.... " "ကိုယ့်ကိုမြန်မြန်ပြောခိုင်းနေတာလား" "ဟုတ်တယ်...မှုန်ပြန်ရဦးမှာ" "ကိုယ်ပြန်လိုက်ပို့ပါ့မယ်" "ရပါတယ်သူဋ္ဌေး....မှုန်ကိုယ့်ဘာသာပြန်ပါ့မယ်" "မနေ့ကလို ထပ်ဖြစ်ရင်ဘယ်လိုလုပ်မလဲ" "မနေ့က အလုပ်ဆင်းချိန်ကျော်မှပြန်တဲ့အပြင် မိုးလည်းချုပ်နေလို့ပါ။အခုက နေ့လယ်ပဲရှိသေးတော့ ရပါတယ်" သူ့ကို ခပ်တည်တည်ခပ်တန်းတန်းသာ ဆက်ဆံနေသည့်မှုန့်ကိုသူအကဲခက်နေမိသည်။ လိုတာထက်မပို ဘာမှမပြော၍ သူညစ်တွန်း တွန်းချင်နေမိသည်။မှုန့်ဘေးမှာဝင်ထိုင်လိုက်သည့်အခါ မှုန်ကတစ်ဖက်ကိုရွေ့သွားလေသည်။ သူပြုံးလိုက်မိသည်။ "သူဋ္ဌေး...မှုန့်ကိုမပြောပြဘူးဆိုလည်းမှုန်ပြန်တော့မယ်" ဆက်ခနဲထပြန်တော့မည့်မှုန့်ကို သူဖမ်းဆွဲထားလိုက်မိသည်။ "ဘာလုပ်တာလဲ မှုန့်လက်ကိုလွတ်ပါ" "ပြန်ထိုင်" "မှုန်ရောက်တာ ကြာနေပြီ" "အရင်ကဆို အလုပ်ဆင်းချိန်မှတောင်ပြန်သေးတာပဲ" "အဲ့ဒါက အလုပ်လုပ်တာ။ အခုကသက်သက်အချိန်ဖြုန်းနေရတာ။ သူဋ္ဌေးတောင် သူဋ္ဌေးရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို မှုန်နာရီလောက်ဖြုန်းမိတော့ နှစ်ပြားမတန်အောင်ပြောတယ်မလား" ဟိုတစ်ခေါက် ပြခန်းဖွင့်ပွဲသွားစဥ်က အကြောင်းကိုအမှတ်ထားနေသည့်မှုန့်ကို သူအံ့သြသွားမိသည်။ "အရင်ကိစ္စကို ကိုယ့်ကိုမကျေနပ်တာလား" "မဟုတ်ဘူး...နှစ်ခါအပြောမခံရအောင် မှတ်ထားတာပါ။ ပြောစရာမရှိရင်မှုန်ပြန်ပြီ" "ခါးရိုးကျိုးသွားတယ်...." မှုန်ပြန်ပြီဆိုမှ သူလွတ်ခနဲဖြေပေးလိုက်၏။ ထိုအခါမှုန့်ခြေလှမ်းတွေရပ်တန့်သွားလေသည်။ "နောက်တစ်ယောက်က ဘယ်ခြေထောက်ထိသွားတယ်။သူလည်းကျိုးတာပဲ" "တော်သေးတာပေါ့...မှုန်က သူတို့သေပြီမှတ်တာ" "စပြီးတိုက်ထဲက ခြေထောက်တွေကိုပဲတိုက်ခဲ့တာ။ အသေသတ်ချင်ရင် ခေါင်းပါပြားသွားအောင် ကိုယ်တိုင်ခဲ့မှာပေါ့။ ကိုယ်ဘာကြောင့်အဖမ်းမခံရတာကိုလည်း ပြောပြ...." "နေပါစေ...မှုန်မသိချင်ဘူး" ဖြတ်ပြောလိုက်သည့်စကားကြောင့် ဦးဥက္ကာမျက်နှာပျက်သွားလေသည်။ သူထောင်ကျနိုင်သည့်ကိစ္စကိုတောင် မေးဖော်မရ၍မလိုသလို ပြောချလိုက်တာကြောင့် အံ့သြလို့မဆုံးပေ။ "မင်းမသိချင်ဘူးဆိုတော့လည်း ပြောစရာမလိုတော့ဘူးပေါ့" "ဒါဆိုမှုန်ပြန်လိုက်ဦးမယ်" "အင်း....ကိုယ်ပြန်ပို့ပေးပါ့မယ်" တကယ်ဆို ညကလူနှစ်ယောက်ဘာမှမဖြစ်ဘူးဆိုတာ ကားပေါ်မှာထဲက ပြောပြလိုက်လည်းပြီးသည်။ မှုန့်ကိုအိမ်ခေါ်လာပြီးသက်သက်မဲ့ အလုပ်ခိုင်းချင်လို့ခေါ်လာမှန်းသိလိုက်ရသည်။ "ခဏတော့စောင့်ပေ...ကိုယ်ရေချိုးချင်လို့" အိမ်ရာဝင်းထဲကနေ ကားဂိတ်ကိုလမ်းလျှောက်ဖို့ ဝေးလွန်းတာကြောင့်မှုန်သူ့ကို စောင့်လိုက်ရပြန်သည်။ သို့သော်အေးအေးဆေးဆေးထိုင်ရမည်မကြံသေး တအောင့်အကြာ၌ နောက်ထပ်အခန်းထဲကနေ လှမ်းခေါ်လေသည်။ "ငွေနှင်းမှုန်....ငွေနှင်းမှုန်...." "ဟုတ်ကဲ့...သူဋ္ဌေး...." "ကိုယ့်ရေလဲပုဆိုးကျန်ခဲ့လို့ တစ်ချက်လောက်" သူ့အခန်းထဲ တံခါးပိတ်ချိုးတာကို ပုဆိုးမပါလည်းဘာမှမဖြစ်ပေ။ဒါကိုပင် ဧည့်ခန်းမှာထိုင်နေသည့်မှုန့်ကို ပုဆိုးယူခိုင်းလေသည်။ မှုန့်မှာသူ့အခန်းထဲပြန်ဝင်ပြီး ယူပေးရသည်။ရေချိုးခန်းကနေလက်တစ်ဖက်ထွက်ပြီး လှမ်းယူလေသည်။ "ငွေနှင်းမှုန်..." "ဟုတ်ကဲ့...." "အပန်းမကြီးရင် ကိုယ့်ကိုဗီရိုထဲက အဝတ်တစ်စုံလောက်ထုတ်ထားပေးလို့ရမလား။ မြန်မြန်ပြီးတော့ မင်းကိုမြန်မြန်ပြန်ပို့လိ​ရြတာပေါ့" ပညာသားပါပါခိုင်းနေသည်ကို အောင့်သက်သက်ဖြင့်မှုန်လုပ်ပေးရသည်။ မှုန်အင်္ကျီရွေးနေတုန်း သူကထွက်လာပြီးခေါင်းရေသုတ်နေလေသည်။ ရေချိုးဆပ်ပြာအနံ့သင်းသင်းကလေးကြောင့် မှုန်အဝတ်ထုတ်ရင်းလှည့်ကြည့်မိတော့ သူနဲ့မျက်နှာချင်းဆိုင်ဖြစ်နေသည်။ မှုန်တို့အနေအထားကို သတိထားမိသည့်အခါမှုန်မျက်နှာကလေးရဲလာမိသည်။ မသိလျှင်ခင်ပွန်းဖြစ်သူကို လုပ်ကိုင်ပေးနေရသည့်ဇနီးတစ်ယောက်လိုလိုဖြစ်နေလေသည်။ မြန်မြန်ဆန်ဆန်အင်္ကျီထုတ်ပေး၍ အခန်းပြင်ထွက်ဖို့လုပ်သည့်အခါ မှုန့်လက်ကိုဆွဲထားတာကြောင့် မှုန်လန့်သွားရလေသည်။ ချက်ချင်းဆိုသလိုရုန်းလိုက်သည့်အခါ သူကခပ်တည်တည်ပင်... "မင်းကို ဘာမှမလုပ်ပါဘူး။ အင်္ကျီကြယ်သီးတပ်ခိုင်းမလို့ပါ" "အို...သူဋ္ဌေးတဖြည်းဖြည်းနဲ့လွန်လာပြီ။ မှုန်အခုဘယ်လိုပုံစံဖြစ်နေပြီလဲသိလား" "ဘယ်လိုပုံစံဖြစ်လို့လဲ...ကိုယ်ကအကူညီတောင်းရုံပါ" "သူဋ္ဌေးအကူညီတောင်းတာကလည်း မသိရင်မှုန်ကသူဋ္ဌေးရဲ့ဇနီးတစ်ယောက်လို အကုန်လိုက်လုပ်ပေးနေရတာပဲ။ ကျန်တာဆက်မခိုင်းနဲ့တော့။မှုန်မလုပ်ပေးနိုင်ဘူး" "တရားဝင်အရဆို တကယ်လည်းမင်းကပိုယ့်မိန်းမပဲ မဟုတ်ဘူးလားငွေနှင်းမှုန်" "ဘာဆိုင်လို့လဲ...." "ထပ်မေးပြန်ပြီ ဒီမေးခွန်း..." "မှုန်တို့သဘောတူထားတာပဲ ကိုယ့်ဘဝနဲ့ကိုယ်နေဖို့" "ကိုယ်စိတ်ကူးပြောင်းလာရင်ရော"
2 421
6
သူက လေပြေအေးနှင့် နားချလိုက်သည့်စကားကြောင့်မှုန် ငေးကြည့်လိုက်မိသည်။ သူကပဲ သက်ပြင်းချကာ.... "မင်းအခု အိမ်ပြန်မှာလား။ အလုပ်ကိုသွားမှာလား" "အလုပ်ကို ခွင့်တိုင်ထားတယ်" ယူနီဖောင်းဝတ်ထားပြီး ခွင့်တိုင်ထားသည်ဆို၍ သူမျက်ခုံးလေးမြင့်သွားသည်။ "သူဋ္ဌေးရဲ့သတင်းကိုမေးချင်လို့ ဖေကြီးကိုအလုပ်သွားတယ်လို့ ပြောပြီးပုံမှန်အတိုင်းထွက်ခဲ့လိုက်တာ။ လမ်းကြမှအလုပ်ကိုခွင့်လှမ်းတိုင်ခဲ့တာ" "ဒါဖြင့်ဒီနေ့ တစ်ကုန်အားတယ်ပေါ့" "အိမ်ပြန်ပြီး စာအုပ်ဖတ်မလို့" "ကိုယ့်အိမ်မှာ လိုက်ဖတ်မလား" သူ့စကားကြောင့် မှုန် ဘာပြန်ဖြေရမလဲတွေးနေမိသည်။ "ဒီမနက်က ကိစ္စလည်းမင်းသိချင်ရင် ပြောပြလို့ရတာပေါ့။ ဟိုလူနှစ်ယောက်ဘာဖြစ်သွားလဲ မင်းလည်းသိချင်မှာပေါ့။ အိမ်မှာစာအုပ်လိုက်ဖတ်ရင်း နားထောင်ပေါ့" ညကလူနှစ်ယောက် ဘာဖြစ်သွားလည်းဆိုတာကို သိချင်တာအမှန်ပင်။ ထို့ကြောင့်မှုန်ခေါင်းညိတ်လိုက်မိသည်ထင်၏။ ကားပေါ်ကိုရောက်သွားသည်ထိ မှုန်တို့စကားဆက်မပြောဖြစ်သေးပေ။ လမ်းတစ်ဝက်လောက်ရောက်မှ ဦးဥက္ကာက... "ကိုယ် စျေးခဏဝယ်စရာရှိလို့ ခဏလေး" ပြောပြီးဆင်းသွားသည့်သူ့ကို မှုန်တစ်ချက်ပဲခေါင်းညိတ်ပြလိုက်သည်။ ကားနဲ့ခပ်လှမ်းလှမ်းလျှောက်ပြီး ဖုန်းပြောကာ မားကတ်တစ်ခုထဲဝင်သွားသည့်ဦးဥက္ကာက ပြန်ထွက်လာတော့ လက်တစ်ကိုင်စာပစ္စည်းတွေပါလာ၏။ ပြီးတော့ကားကိုဆက်မောင်းပြီး သူ့တိုက်ခန်းရှိရာ အိမ်ရာဝင်းထဲမောင်းလာခဲ့လေသည်။ "မင်းကိုယ့်ကို ဒါကူသယ်ပေးလို့ရမလား" စောစောကသူဝယ်လာသည့် စျေးအိတ်ကိုပြရင်း အကူညီတောင်း၏။ မှုန်လှမ်းယူပြီး သယ်ပေးလိုက်သည်။ သူ့တိုက်ခန်းတံခါးဖွင့်လိုက်ချိန်မှာတော့ သူမျက်လုံးပြူးသွားရလေသည်။ "ဟင်....." "ဆောရီးငွေနှင်းမှုန်...ဧည့်သည်ခေါ်လာပြီး ကိုယ်အိမ်တော့မရှင်းထားလိုက်မိဘူး" မနေ့ညက သူမရောက်ခဲ့ပါသေးသည်။ ထိုမျှလောက်ထိပွရှုပ်မနေပေ။ အခူတော့ဧည့်ခန်းကနေစပြီး ရှုပ်ပွနေသည်မှာမြင်မကောင်းပေ။ "ခဏလေး ကိုယ်ရှင်းလိုက်ဦးမယ်" "မှုန်လုပ်ပေးရမလား" "ဒါဆိုရင်တော့ ကိုယ်ကျေးဇူး သိပ်တင်တာပေါ့" သူပြုံးပြီးပြောလိုက်သည့်အခါ မှုန်လည်းဝတ်ကြေတန်းကြေ ပြန်ပြုံးပြလိုက်မိသည်။မီးဖိုချောင်ကိုမေး၍ ကိုင်လာသည့်ပစ္စည်းတွေကို အရင်သွားထားလိုက်၏။ပြီးမှ အိမ်ရှေ့ကိုစပြီးရှင်းတော့သည်။ တတောက်တောက်ရှင်းလင်းပြီး လိုက်ကာတွေလည်းဖွင့်။ ရွဲ့စောင်းနေသည့်ဆိုဖာစွပ်တွေကိုလည်း သေချာဖြန့်ကာ ခေါင်းအုံးလေးတွေကိုလည်း နေရာတကျထားလိုက်၏။ "ကူညီလက်စနဲ့ ကိုယ့်အခန်းကိုလည်း တစ်ချက်လောက်ရှင်းပေးလို့ရမလား" နောက်ကနေ ထွက်လာသည့်သူ့စကားကြောင့် မှုန်လှည့်ကြည့်လိုက်မိသည်။အိမ်ထဲစဝင်ကတည်းက မှုန့်ကိုအကူညီတောက်လျှောက် တောင်းနေသည့်သူ့ကို မယုံသလိုလေးကြည့်လာ၏။ဦးဥက္ကာလည်း မှုန့်ကိုအကဲခက်ရင်း.... "ကိုယ့်ဆီမှာ အရင်ကအိမ်လာရှင်းပေးတဲ့ အဒေါ်ကခွင့်ယူထားလို့လေ။ ပြီးတော့ကိုယ်က အိမ်ရှုပ်ပွနေရင်မနေတတ်ဘူး" "သူဋ္ဌေးက အိမ်ရှုပ်ပွရင်မနေတတ်ဘူးသာ ပြောတယ်။အခုတစ်အိမ်လုံးရှုပ်ပွနေတာ အလုံအမှိုက်ပုံထက် ဆိုးတယ်" "အဲ့ဒါကြောင့် ကိုယ်မင်းကို အကူညီတောင်းတာပေါ့ ငွေနှင်းမှုန်" "မဟုတ်မှလွဲရော သူဋ္ဌေးမှုန့်ကို တမင်အိမ်ရှင်းခိုင်းချင်လို့ ညကလူနှစ်ယောက်အကြောင်းကိုပြောမယ်ဆိုပြီး တမင်ခေါ်လာတာလား" "ကိုယ်မလိမ်ပါဘူး...တကယ်ပြောပြမှာပါ" "ပြီးတာပါပဲ" မှုန် ဆက်မပြောတော့ဘဲ ဧည့်ခန်းရှင်းပြီးသည်နှင့် သူ့အခန်းကိုဝင်ရှင်းပေးလိုက်သည်။ စောင်တောင်မခေါက်ထားသည့်သူ့အခန်းက အင်္ကျီတွေအဝတ်တွေအကုန်ကြမ်းပြင်ပေါ်ရောက်နေလေသည်။ မီးပူတိုက်ပြီးသားများပါ ကြမ်းပေါ်ကျနေ၍ မှုန်ကောက်ပြီးသေချာပြန်ထည့်ပေးလိုက်သည်။ ဗီရိုတွေကိုလည်းအဝတ်စားတွေစစ်ပြီး သေချာပြန်ထည့်ပေးလိုက်သည်။ မှုန်လုပ်သမျှကိုအနောက်ကနေ သေချာလိုက်ကြည့်နေသည်ကို မှုသတိမထားမိလိုက်ပေ။ အကုန်ပြီးစီးသွားသည့်အခါ မီးဖိုချောင်ထဲကိုလှစ်ခနဲသူဝင်သွား၏။ ရေနွေးအိုးခလုတ်ကိုတစ်ချက်နှိပ်ပြီး မှုန့်လာကိုစောင့်နေလိုက်သည်။ "သူဋ္ဌေး...မှုန် အခန်းရှင်းပေးပြီးသွား...." မှုန့်စကားမဆုံးခင် မြင်လိုက်ရသည့်မီးဖိုချောင်ကြောင့် ပါးစပ်လေးဟ သွားရလေသည်။ "ကိုယ်မင်းအတွက် ရေနွေးတည်ပေးနေတာ စကားပြောရင်းသောက်ကြတာပေါ့" "မှုန်ရိုးရိုးရေ သောက်လည်းအဆင်ပြေပါတယ်။ ဒါနဲ့မှုန့်ကို မီးဖိုချောင်ပါ ရှင်းခိုင်းမှာတော့မဟုတ်ပါဘူးနော်" ဘေစင်ထဲထည့်ထားသည့်ပန်းကန်ခွက်တွေကို မျက်စပစ်ပြီးမေးလိုက်သည့်အခါ ဦးဥက္ကာက မျက်ခုံးလေးကိုလက်ညိုးနဲ့ မသိသလိုကုတ်ရင်း.... "အင်း....အမှန်တိုင်းဝန်ခံရရင်တော့ အကူညီတောင်းမလို့ပါဘဲ။ မင်းအဆင်ပြေမှပါ။ " "သူဋ္ဌေးကို ဒီလောက်ထိရှုပ်ပွအောင် နေတတ်မယ်လို့မထင်ခဲ့ဘူး" "ကိုယ်လည်း မနေတတ်ဘူး" ခပ်တည်တည်ပြောလာသည့်သူ့စကားကြောင့် မှုန်မျက်စောင်းထိုးလိုက်မိသည်။ ထို့နောက်ရော်ဘာလက်အိတ်ကို စွပ်ပြီးဘေစင်ကပန်းကန်တွေကို မှုန်ဆေးကြောပေးလိုက်သည်။သို့သော်နောက်ကျောကနေ ရလာသည့်ကိုယ်သင်းနံ့ကြောင့် ခေါင်းလေးစောင်းပြီးလှည့်ကြည့်ရာ နီးနီးကပ်ကပ်ရှိနေသည့်ဦးဥက္ကာကြောင့် မှုန်ပခုံးတွန့်သွားရလေသည်။ မသိလျှင်မှုန်က သူရင်ခွင်အောက်ရောက်နေသလိုပင်။ "မင်းက အိမ်မှုကိစ္စနိုင်နင်းသားပဲ ငွေနှင်းမှုန်"
1 626
7
သူက မှုန်ပြောတာကိုအာရုံမရပေ။ သူ့ဘာသာအော်နေလေသည်။ လက်ပိနေတုန်း ဘာထပ်ဖြစ်သည်မသိတစ်မျ်ုးပြောင်းကာ မှုန့်ကိုစိုက်ကြည့်လာသည်။ သူ့အောက်ပိနေသည့်လက်ကို သူ့လက်နဲ့ဆွဲထုတ်ပေးပြီး ငုတ်တုတ်ထထိုင်ကာ မှုန့်မျက်နှာနားကပ်လာလျှင် မှုန်လန့်လာမိသည်။ထို့ကြောင့်အနောက်ဆုတ်လိုက်သည့်အခါ သူကလက်ကိုဖြတ်ခနဲဆွဲလိုက်လေသည်။ ရင်ထဲဒိတ်ခနဲဖြစ်ကာ ကြောင်သွားလျှင် သူ့မျက်နှာကမှုန်နှင့်နီးသထက်နီးလာလေသည်။ပြီးမှမှုန်သူ့ကိုသတိဝင်ပြီးစောင့်တွန်းလိုက်မိသည်။ နောက်ပြန်လန်ကျသွားတော့မှသူလည်း သတိဝင်ပုံရကာ ခေါင်းကိုတစ်ချက်ခါလျှက် မှုန့်ကိုတောင်းပန်လေသည်။ "ဆောရီး...ဆောရီး...ဖုန်းမြန်မြန်ယူပြီးဆက်လိုက်ပါ။" မှုန်မြန်မြန်ဆန်ဆန် ကောက်လိုက်ပေမဲ့ ဘယ်ကိုဆက်ရမှန်းမသိဖြစ်နေလေသည်။နောက်ဆုံးသူ့လက်ထဲကိုပဲထည့်ပေးလိုက်ရကာ သူကလူတစ်ယောက်ကိုလှမ်းခေါ်လိုက်လေသည်။ ခဏအကြာမှာရောက်လာ၍ မှုန်လည်းအပြင်ထွက်ရတော့သည်။ ထိုကိစ္စကိုပြဿနာမကြီးဘူးဟု ထင်ထားခဲ့ရာ လင်းသည့်အခါ မှုန့်ခေါင်းတည့်တည့်မိုးကြိုးပစ်ချခံလိုက်ရသလိုတုန်လှုပ်သွားရသည်။ "ဒိုင်းမွန်းကျောက်မြတ်ရတနာကုမ္ပဏီသူဋ္ဌေး ဦးဥက္ကာနှင့် ပြခန်းဧည့်ကြိုမိန်းကလေးတို့၏ လျို့ဝှက်ချက်များ" စသည့်ခေါင်းစဥ်ကြီးနှင့် သတင်းတွေတက်လာလေသည်။ ပုံတွေကလည်း ထင်းသား။သူနှင့်မှုန်တို့၏ ခုတင်ပေါ်မှာ ကိုးရို့ကားယားဖြစ်နေသည့်ပုံတွေပင်။ သူကမှုန့်လက်ကိုကိုင်တာတွေ။ မှုန့်မျက်နှာနားသူတိုးကပ်လာစဥ် ရိုက်ထားသည့်ပုံများမှာ တကယ်နမ်းရှိုက်နေကြသလိုပင်။ ထိုပုံများကိုကြည့်လျှက် မှုန်အလုပ်ထဲမှာခေါင်းတောင်မဖော်ရဲတော့ပေ။ သတင်းထွက်ပြီးနောက်တစ်နေ့၌ ဦးဥက္ကာနှင့်လက်ထပ်ဖို့ပြင်ဆင်ထားသည့် ဂျပန်နိုင်ငံကကျောက်မြတ်ပညာရှင်အမျိုးသမီးကလည်း လက်ထပ်ပွဲကိုဖြတ်သိမ်းလိုက်သည်ဆိုသည့်သတင်းထပ်ထွက်လာလေသည်။ ဆက်တိုက်ဆိုသလို ပြဿနာတွေ သတင်းတွေကြောင့် စိတ်ညစ်ရသလို ဦးဥက္ကာကိုယ်တိုင်လာပြောသည့်စကားကြောင့် မှုန်ကိုယ်တိုင်လည်း ကိုယ့်ကိုကိုယ်သိမ်ငယ်ချင်းနှင့်အတူ သူ့ကိုနာကျင်သွားမိသည်။ ဦးဥက္ကာနှင့်သတင်းတွေထွက်သည်နှင့် မှုန်ပြခန်းကနေအလုပ်ပြုတ်ခဲ့သည်။ မှုန်ဘာမှမဖြစ်ခဲ့ပေမဲ့သတင်းတွေကြောင့် သိက္ခာမရှိသည့်မိန်းကလေးဖြစ်ခဲ့ရလေသည်။ နောက်တစ်ခါဦးဥက္ကာကပါ အိမ်ထိရောက်လာ၍လျှော်ကြေးကိစ္စဟုပြောလာတာကြောင့် မှုန်ရင်ထဲအောင့်သတ်သတ်ဖြစ်သွားသည်။ မှုန့်ဘက်ကဘာမှမဖြစ်ခဲ့၍ ဘာလျှော်ကြေးမှမတောင်းသည့်အခါ သူ့ဘက်ကနေကတိတစ်ခုတောင်းလေသည်။ ထိုကတိက သူနဲ့ဘယ်တော့မှ မပတ်သတ်ပါဘူးဆိုသည့်ကတိ။သူ့ကိုတာယူခိုင်းတာကလွဲရင် အကုန်လုံးတောင်းဆိုနိုင်သည်ဟုပြောလာသည့်အခါ မှုန်ခေါင်းခါခဲ့သည်။ ဘာတစ်ခုမှမတောင်းဆိုခဲ့ပေ။ သို့​သော် ဆင်းရဲသည်ဆိုသည့်ခေါင်းစဥ်အောက်ကနေ စကားလုံးတွေနဲ့ထိုးနှက်သွားသည်ကိုတော့မှုန်တစ်သက်မမေ့ပေ။ ထိုနေ့ကမှုန်ဖေကြီးလက်ကိုဆုပ်ကိုင်၍ အချိန်အကြာကြီးငိုခဲ့ရသည်။ ဒါတွေကိုတော့ ဂုဏ်မောက်သည့်မိသားစုတွေသိမည်မထင်ပေ။ မှုန့်ကိုတာဝန်ယူခိုင်းမှာကြောက်သည့် ဦးဥက္ကာသည် သူနှင့်မှုန့်သတင်းတွေမီဒီယာမှာဖုံးမနိုင်တော့သည့်အခါ သူတို့ကိုယ်တိုင်လက်ထပ်ဖို့ပြန်ကမ်းလှမ်းလာပြန်သည်။ ထိုအခါသူ့မာမီကြီးနှင့်အစ်မနှစ်ယောက်လည်းပါ၏။ မှုန်ငြင်းသည့်အခါ မှိုချိုးမျှစ်ချိုးအိမ်ပေါ်ထိတက်စော်ကားသွားတာကို အသည်းထဲထိစွဲနေအောင်မှတ်မိနေသည်။ ပြန်တွေးလိုက်တိုင်းရင်နာ၏။ "တီ....တီ...." မှုန်အတွေးတွေပျံ့လွင့်နေတုန်း နောက်ကနေမြည်လာသည့်ကားဟွန်းသံကြောင့်ဘေးကို ကပ်လိုက်မိသည်။လှည့်ကြည့်တော့ ဦးဥက္ကာ၏ကားဖြစ်နေလေသည်။ မှုန့်ကိုတွေ့တာနှင့်ကားပေါ်ကနေဆင်းလာကာ စိုက်ကြည့်နေလေသာ်။ "လမ်းလျှောက်ရင်းဘာတွေ တွေးနေတာလဲ။ကားတိုက်ခံရမှာမသိဘူးလား" "သူဋ္ဌေးတို့မိသားစု မကောင်းကြောင်းတွေးနေတာ" "မင်း...." "မှုန့်အပေါ် မောက်မောက်မာမာဆက်ဆံခဲ့တာတွေ ပြန်တွေးနေတာနဲ့ကိုယ့်ကိုကိုယ် ဘယ်ရောက်နေတယ်ဆိုတာတောင်သတိမထားလိူက်မိဘူး" "ကိုယ့်မိသားစုမကောင်းကြောင်းဆိုတော့ မင်းလည်းသိပ်ကောင်းတဲ့လူမဟုတ်ဘူးဆိုတာလည်းစဥ်းစား။ လာ...ကားပေါ်တက်" "မတက်ချင်ပါဘူး....မှုန်ကိုယ့်ဘာသာပြန်မယ်" "မင်းကိုယ့်အကြောင်းသိချင်လို့ အိမ်ထိလိုက်လာတာမဟုတ်ဘူးလား။ ကိုယ်အဖမ်းမခံရတဲ့ အကြောင်းအရင်းကိုရော မသိချင်တော့ဘူးလား" "အစကတော့ သိချင်တယ်။အခုမသိချင်တော့ဘူး။ သူဋ္ဌေးဘေးမှာ မှုန်ရှိရင် သူဋ္ဌေးရဲ့မာမီကြီးရှော့ရနေမှာစိုးလို့" သးမှုန့်ကို မှုန်ကုတ်ကုတ်ကြည့်နေတာသိပေမဲ့ မသိသလိုလေးနေကာဆက်ပြီးလမ်းလျှောက်နေမိသည်။ သူနောက်ကနေလိုက်လာမှန်း သိသည့်အခါခြေလှမ်းတွေရပ်လိုက်မိသည်။ "ဆက်သွားလေ...." "သူဋ္ဌေးကိုယ့်လမ်း ကိုယ်သွားပါ။ သူဋ္ဌေးတို့နဲ့မပတ်သတ်ချင်ဘူး" "မင်းကတကယ့်ပြဿနာအိုးပဲ ငွေနှင်းမှုန်။ တကယ်ဆိုဒီနေ့ကိစ္စ ကိုယ်မင်းကိုစိတ်ဆိုးသင့်တယ်ဆိုတာ မင်းသိတယ်မလား။ကိုယ့်တစ်မိသာစုလုံးကို ခွေးလို့ပြောသွားတာ ဘယ်လောက်ရိုင်းသလဲ။ ဒါတောင်ကိုယ်မင်းနောက်ကနေလိုက်ခဲ့တယ်မဟုတ်ဘူးလား" "မှုန်က လိုက်ခဲ့ပါလို့တောင်းဆိုလို့လား။ သူဋ္ဌေးမိသားစုမှုန့်ကို ပြောတာကြတော့ သူဋ္ဌေးမကြားဘူးလား" "ဒါပေမဲ့ လူကြီးတွေကိုအဲ့လိုပြန်မပြောသင့်ဘူးလေမှုန်"
1 513
8
ပိုက်ဆံချမ်းသာသည့် ပတ္တမြားခင်က အမွေဖြတ်ခံရသည်မှာလည်း အကြောင်းရင်းကရှိပြန်လေသည်။ သူမတို့ကုမ္ပဏီက အောက်ခြေဝန်ထမ်း ချစ်လွန်းကိုဆိုသည့်လူနှင့် လက်ထပ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ဆင်းရဲသားတစ်ယောက်ကိုလက်ထပ်ခဲ့၍ အမွေဖြတ်ခံရသည်ကိုမကျေနပ်သည့်အခါ မမခင်သည်မောင်အရင်းဖြစ်သူ ဦးဥက္ကာကိုလည်း ဆင်းရဲသည့်မိန်းကလေးတစ်ယောက်နှင့်လက်ထပ်စေချင်ခဲ့သည်။ သူမကိုအမွေဖြတ်ခဲ့သလို မောင်အရင်းဖြစ်သူကိုလည်း ထိုသို့ဖြစ်စေလေသည်။ သို့သော်လည်း သူမထင်ထားသလိုမဖြစ်ခဲ့ပေ။ သူမလုပ်ခဲ့သည့်လုပ်ရပ်ကြောင့် မှုန်သည်သာဓားစာခံ သက်သက်ဖြစ်ခဲ့ရလေသည်။ မမခင်ကို သူဋ္ဌေးသမီးမှန်းမသိဘဲ ခင်မင်ခဲ့ခြင်းက အလိမ်အညာမပါခဲ့ပေ။ မမခင်ကိုယုံကြည်ခဲ့သည်။ မမခင်အလုပ်ရှာပေးမည်ဟုပြောခဲ့သည့်စကားတွေကြောင့် ပျော်ရွှင်ခဲ့သည်။ ရခဲ့သည့်အလုပ်ကြောင့် မှုန်တို့သားဖအဆင်ပြေခဲ့သည်။ သို့သော်ထိုအရာတွေဟာ ဟန်ဆောင်ဖန်တီးထားသည့် အလိမ်အညာတွေမှန်း မှုန်အချိန်လွန်မှသိခဲ့ရသည်။ မမခင်၏လုပ်ကြံဇာတ်အောက်မှာ မှုန်ဟာဦးဥက္ကာနှင့် မယူမဖြစ်သည့်အခြေအနေကိုရောက်ခဲ့လေသည်။ ကုမ္ပဏီဖွင့်ပွဲ အကြောင်းပြလျှက် ထိုပွဲတစ်ခု၌ဦးဥက္ကာရှိနေခဲ့လို အလုပ်သမားဖြစ်သည့်မှုန်လည်းရှိနေခဲ့သည်။ ထိုနေ့ညက.... "မှုန်...." "ရှင်...မမခင်" "ခင့်ကို တစ်ခုလောက်ကူညီပါလား" "ဟုတ်မမခင်..." "ဒါလေးကို နံပါတ်ဝမ်းအိုဖိုက်ကို ပို့ပေးပါလား" "ဟုတ်...." "ပြီးတော့ မှုန်ဒီနေ့ ဖွင့်ပွဲကိုလာပေးတာကျေးဇူးအများကြီးတင်တယ်သိလား။ တစ်ချို့ဆိုမှုန့်ကို ဒီပွဲဖိတ်လို့ဆိုပြီး ခင့်ကိုတောင်ပြောနေကြတယ်။ ခင်က မှုန်ဘယ်လောက်လှကြောင်း အကုန်လုံးကိုပြချင်တာ" "ဟီး...မမခင်ကလည်း...မှုန့်ကိုမြှောက်နေပြီ။ ပြီးတော့ မမခင်ကမှုန့်ကို ဖဲကြိုးဖြတ်ခိုင်းတော့လူတွေကတောင် တစ်မျိုးပြောနေကြပြီ" "ဒါတော့ ခင်ကမှုန့်ကို ခင်တွယ်တယ်လေ။ပြီးတော့မှုန့်ဘဝကိုလည်းမြှင့်တင်ပေးချင်တာ။ " "မှုန့်ကိုကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်မမခင်" "ရပါတယ်မှုန်ရယ်...ကဲ...ဒါဆိုမမခင်ပို့ခိုင်းတာလေးပို့ပေးဦးနော်" "ဟုတ်...." သူ့လက်ထဲကို ခင်ထည့်ပေးလိုက်သည့်အထုတ်ကလေးတစ်ထုတ်ကို ကိုင်လျှက် အခန်းနံပါတ်ဝမ်းအိုဖိုက်ကို သွားလိုက်၏။ထိုအခါ အခန်းတံခါးကဖွင့်နေသလို မှုန်ဝင်သွားသည့်အခါဘယ်သူ့ကိုမှလည်းမတွေ့မိပေ။ ဒါကြောင့် ခင်ပေးလိုက်သည့်အထုတ်ကို တွေ့သည့်စားပွဲပေါ်မှာသာ တင်ထားပြီးပြန်ထွက်သည့်အခါ.... "ဟင်...." တံခါးကိုဘယ်လိုဖွင့်ဖွင့် ပွင့်မလာခဲ့ပေ။ လက်နဲ့တံခါးကိုထုပြီးတစ်ယောက်ယောက်ကို အကူညီတောင်းလည်းဘယ်သူမှလာမဖွင့်ပေ။ ပြီးမှတယ်လီဖုန်းမြင်၍ ရီဆက်ရှင်ကိုဖုန်းခေါ်လိုက်ဖို့သတိရကာ ဖုန်းခေါ်လိုက်သော်လည်း ခေါ်လို့မရပေ။ စိတ်ပြတ်လက်ပျက်ထိုင်ချလိုက်တုန်း ရေချိုးခန်းထဲကနေ ရေကျသံတွေကြားလာရ၍ မှုန်ဆက်ခနဲထလိုက်မိသည်။ ပြီးမှလူရှိနေမှန်းသိလိုက်ရခြင်းနှင့်အတူ သူများအခန်းထဲမှာထိုင်နေမိ၍တမျိုးထင်သွားမှာလည်းစိုးနေမိသည်။ "ဟင်....သူဋ္ဌေး...." ရေချိုးခန်းထဲကနေ တဘက်တစ်ခုနှင့်ထွက်လာသည့် ဦးဥက္ကာကိုမြင်လျှင် မှုန်မျက်လုံးတွေပြူးသွားရလေသည်။ မှုန်အလုပ်လုပ်နေသည့်ကျောက်မြတ်ရတနာပြခန်းကသူဋ္ဌေးဖြစ်နေ၍ အံ့သြသွားရသည်။ သူဋ္ဌေးကိုပြခန်းမှာ အမြဲတွေ့ရပေမဲ့ အခုလိုအခန်းထဲမှာမြင်ရသည့်အခါ မှုန်အံ့သြနေမိသည်။ "မင်းဘယ်လိုလုပ်ရောက်နေတာလဲ" "ဟို...အထုတ်လာပို့တာပါသူဋ္ဌေး" "ထားခဲ့...ပြန်တော့" "ဟုတ်ကဲ့...." မှုန်သူ့ကိုကြည့်ပြီးမျက်နှာလေးပူနေမိသည်။ သွားတော့ဆို၍ လှည့်ထွက်သည့်အခါ တံခါးဖွင့်မရတာ သတိရသွား၏။ ပြန်လှည့်ကြည့်သည့်အခါ ဦးဥက္ကာကအိပ်ရာပေါ်မှောက်ရက်ကြီး လှဲနေလေသည်။ ဆံပင်ရေစိုတွေကိုလည်းမသုတ်ပေ။ မှုန်မရဲတရဲအနားတိုးသွားကာ.... "သူဋ္ဌေး....သူဋ္ဌေး....." "အင်း...." မှုန့်ကိုမကြည့်ဘဲ မျက်လုံးတွေမှိတ်လျှက်သူကထူး၏။ မူမမှန်သည့်ဦးဥက္ကာကြောင့် မှုန်မျက်မှောင်လေးကျုံ့လိုက်မိသည်။ အနားတိုးပြီးပခုံးကိုလှုပ်ကြည့်သည့်အခါ.... "အောင်မလေး...." မျက်လုံးတွေနီရဲလျှက် နှာရေတွေပါတရှုံ့ရှုံ့ဖြစ်နေသည့်မျက်နှာနှင့်ကြည့်လာတာကြောင့် မှုန်လန့်သွားရလေသည်။ "မင်းဒီအခန်းထဲကနေ မြန်မြန်ထွက်သွားတော့" "ဟုတ်...ဟုတ့ကဲ့...ဟို...ဒါပေမဲ့...တံခါးကဖွင့်မရလို့" "ကျစ်....မရရင်ကန်ဖွင့်လိုက်....အား..." "သူဋ္ဌေး....သူဋ္ဌေး...ဘာဖြစ်တာလဲဟင်။" "ငါခေါင်းနောက်နေတာ...ဘာဖြစ်မှန်းမသိဘူး။ မင်းကိုတစ်ခုခုလုပ်မိမှာစိုးလို့ မြန်မြန်သွားခိုင်းနေတာ" "မှုန်လည်းသွားချင်တယ်...စောစောထဲက ဖွင့်နေတာ။ တံခါးကမပွင့်ဘူး။ ဖုန်းကလည်းဆက်မရဘူး" "ငါ့ဖုန်းနဲ့ဆက်လိုက်...." "ဟုတ်...ဟုတ့ကဲ့..." သူ့ဖုန်းနှင့်ဆက်လိုက်ဟု ပြောသော်လည်းသူ့ဖုန်းက ဘယ်ဆီမှာမှန်းမသိပေ။ သူကလည်းအိပ်ရာပေါ်မှာမှောက်လျှက်သားအတိုင်း ဆန့်ဆန့်ကြီးရှိနေလေသည်။ "အား....ကျစ်....တောက်...." ဖုန်းရှာနေတုန်း သူကခေါင်းကိုဖိလျှက် ညည်းညူလျှင် မှုန်လှည့်ကြည့်မိပြန်သည်။ သူခေါင်းကိုဖိပြီး ပတ်လက်လှန်လိုက်တော့မှ သူ့အောက်ကဖုန်းကိုတွေ့တော့သည်။မှုန်လှမ်းကောက်ဖို့ပြင်လိုက်သည့်အခါ သူ့ကိုယ်လုံးကပြန်လှည့်လိုက်၍ မှုန့်လက်ကလေးပိသွားလေသည်။ "သူဋ္ဌေး...မှုန်...မှုန့်လက်ပိနေပြီ"
1 638
9
ဥပေက္ခာလှိုင်း (အပိုင်း ၅) "သူဋ္ဌေး...ပြဿနာတက်ပြီထင်တယ်" အိပ်နေသည့်သူ့ကိုအလောတကြီး လာနှိုး၍စိုးရိမ်နေသည့်မှုန့်ကြောင့် သူလည်းအလောတကြီးထကာ ခြင်ထောင်ကနေထွက်ခဲ့သည်။ ထို့နောက်အိမ်ရှေ့ရောက်နေသည့်လူတွေနှင့်အတူ သူလိုက်ပါသွားခဲ့ရလေသည်။ "သူဋ္ဌေး....သူဋ္ဌေး...." "ဘာမှစိတ်မပူပါနဲ့...အိမ်ထဲပြန်ဝင်နေ" စိုးရိမ်တကြီး ငိုမဲ့မဲ့ကလေးဖြစ်နေသည့် မှုန့်ကိုသူတစ်ချက်ချော့ကာ လိုက်သွားခဲ့လေသည်။ သူ့ကိုစိုးရိမ်သည့်စိတ်ကြောင့်အိမ်မှာ နေခဲ့ရသော်လည်း မထိုင်နိုင်မထနိုင်ဖြစ်ရလေသည်။ မနက်အစောကြီး ဖေကြီးမနိုးသေး၍တော်တော့သည်။ ဖေကြီးသိမှာလည်းစိုးမိသည်။ ဦးဥက္ကာကိုစိုးရိမ်သည့်စိတ်ကြောင့် ထိုနေ့ကအလုပ်သွားမည်ဟုပြောပြီး အလုပ်မဆင်းဘဲ ဦးဥက္ကာဆီကိုလိုက်သွားခဲ့၏။ဖုန်းခေါ်သည့်အခါ စခန်းမှာမဟုတ်ဘဲ ဦးဥက္ကာ၏မာမီကြီးအိမ်မှာ ရောက်နေသည်ဟုဆိုလေသည်။ မှုန်လိုက်သွားသည့်အခါ ဦးဥက္ကာ၏အစ်မတွေကိုပါတွေ့ရလေသည်။ မှုန့်ကိုတော့တစ်ချက်သာကြည့်ပြီး လာပါဟုလည်းမကြိုဆိုသလို မလာပါနှင့်ဟုလည်းမနှင်ပေ။ ထို့ကြောင့်မှုန့်ဘာသာဝင်ထိုင်ပြီး ဦးဥက္ကာကိုသာကြည့်လိုက်၏။ "မှုန်စိတ်ပူလို့လိုက်လာတာ" "ကိုယ်အဆင်ပြေပါတယ်" "ဟို....ရဲတွေ...." "ဘာမှမဖြစ်ဘူးငွေနှင်းမှုန်။ ကိစ္စတွေကိုယ်ဖြေရှင်းနိုင်တယ်။ မင်းအလုပ်မသွားဘူးလား" အလုပ်ယူနီဖောင်းဝတ်ထားသည့်မှုန့်ကို သူကအကဲခက်ပြီးပြန်မေးလေသည်။ "သူဋ္ဌေးကို စိတ်ပူလို့ဝင်လာခဲ့တာပါ။ဒီနေ့အလုပ်ကိုခွင့်လှမ်းတိုင်ထားတယ်" "ကိုယ်ဘာမှမဖြစ်ဘူး။ မင်းအေးဆေးစိတ်ချလက်ချပြန်ပါ" သူကပြန်ဆို၍ မှုန်ခေါင်းသာညိတ်လိုက်ရသည်။ ပြဿနာကိုလည်းဘာမှ ရေရေရာရာမသိရဘဲ ပြန်ရမည်ဆို၍ ခြေကတော်တော်နှင့် မလှမ်းနိုင်သေးပေ။ "ခဏနေဦး...." မှုန်မပြန်ခင် အသံမာမာနှင့်မာမီကြီး၏ တားမြစ်သံကြောင့် မျက်လုံးတွေကမာမီကြီးဆီရောက်သွားလေသည်။ "သားငယ် ပြဿနာဖြစ်ရတာ မင်းကြောင့်မဟုတ်လား" ရုတ်တရက် မှုန်ဘာပြန်ဖြေရမှန်းမသိဖြစ်သွား၏။ "ဒီမယ်...အခုဖြစ်သွားတဲ့ကိစ္စမှာ ငါ့သားငယ်ထောင်ထဲရောက်သွားနိုင်တယ် ဆိုတာမင်းသိရဲ့လား" "ဟုတ်ကဲ့...မှုန်သိပါတယ်" "နောက်ဆို ငါ့သားနဲ့ဝေးဝေးနေပေးပါ။ ငါ့သားငယ်ကမင်းတို့လို ဘာမဟုတ်တဲ့လူတစ်ယောက်အတွက်နဲ့ ထောင်ထဲရောက်ကမှာမတန်ဘူး" "မာမီကြီး...." ဦးဥက္ကာကသူ့မာမီကြီးကို ဝင်တားသော်လည်း မာမီကြီးကတစ်ချက် မျက်တောင်မခက်ပေ။မှုန့်ကိုသာစိတ်ဆိုးတကြီးကြည့်နေလေသည်။ မှုန်နူတ်ခမ်းလေးတစ်ချက်ကွေးမိကာ.... "အဲ့ဒါဆိုလည်း သူဋ္ဌေးကတော်ကြီးရဲ့သားကိုပဲ နိုင်အောင်ထိန်းထားပါ။ မှုန်လည်းမနေ့ကတည်းက သူ့ကိုပြောထားပြီးသားပါ။နောက်ဆို မှုန့်ကိုဘယ်ပွဲမှမခေါ်ဖို့နဲ့ ဘာအကြောင်းကြောင့်နဲ့မှ လာမပတ်သတ်ဖို့ကိုပါသတိပေးထားပါတယ်" "ဘာ...ညည်းလိုမိန်းကလေးက ငါ့သားငယ်လိုလူမျိုးကို သတိပေးတယ်ဟုတ်လား" "ဟုတ်ပါတယ်...မယုံရင်သူဋ္ဌေးကိုမေးကြည့်ပါ" "အောင်မယ်... ညည်းကများ" "မှုန်က ဘာဖြစ်နေလို့လဲ။ မှုန်က ဘယ်လိုမိန်းကလေးဖြစ်နေလို့လဲ" "ဒီမယ်ငွေနှင်းမှုန်...မင်းတို့အိမ်ကိုလာပြီး စကားပြောမရိုင်းပါနဲ့" ဦးဥက္ကာ၏အစ်မနှစ်ယောက်ကလည်း မှုန့်ကိုမကျေမချမ်းဝင်ပြောလေသည်။ မှုန်အတော်လေးအံ့သြမိသည်။ မှုန့်ကိုတော့ရစရာမရှိအောင်ပြောနေပြီး သူတို့မာမီကြီးကိုပြောတော့ တစ်ခွန်းတောင်မခံနိုင်ကြပေ။ "မှုန်ကလည်း ဒီအိမ်ကိုလာချင်လို့လာတာမှမဟုတ်တာ။ သူဋ္ဌးရဲ့ကိစ္စကို သတင်းလာမေးရုံသက်သက်ပဲ။ ရှင်တို့ကသာ မှုန့်ကိုတွေ့တာနဲ့ အုပ်စုလိုက်ဝိုင်းကိုက်တာမဟုတ်ဘူးလား...." "ဘာ....မင်း...." "ရုပ်ညံ့လိုက်တာ...." "မင်းအခုချက်ချင်း တို့အိမ်ကထွက်သွား" မောင်နှမတွေအကုန်လုံး နာသွားသည့်အခါ မှုန့်ကိုမောင်းထုတ်ကြလေသည်။ မှုန်လက်သီးလေးကျစ်နေအောင် ဆုပ်လျှက်ထပြန်ခဲ့လိုက်သည်။ ဦးဥက္ကာဘာမှမဖြစ်ဘဲ သူ့အိမ်မှာရှိနေတာသိရပြီးပြီမို့ မှုန်စိတ်လျော့လိုက်မိသည်။ မဟုတ်လျှင်မှုန် ိုယ့်ကိုကိုယ် အပြစ်ရှိသလိုခံစားနေရမှာအမှန်ပင်။ အခုတော့စိတ်သက်သာရာရသွားမိသည်။ တတ်နိုင်သမျှနောက်ဆိုထိုမိသားစုဆီမလာမိအောင် နေဖို့တွေးလိုက်မိသည်။ ပြီးတော့ မှုန်ကသာဦးဥက္ကာကို သက်သက်မဲ့စိတ်ပူနေခဲ့မိသည်သာ။ ဦးဥက္ကာတို့၏ အသိုင်းဝိုင်းကိုမှုန်မေ့နေခဲ့သည်။ ဦးဥက္ကာ၏အရှိန်အဝါ။ သူ့မာမီကြီး၏သြဇာညောင်းပုံ၊ အစ်မသုံးယောက်၏ ထက်မြတ်မှုတွေက ဘယ်သူမှလိုက်မမှီဘူးဆိုတာ မှုန်မေ့နေသည်။ ဖားကိုလက်ညိုးထိုးပြီး ဆင်ပါဟုပြောင်လိမ်ရင်တောင် ထိုမိသားစုကိုပြန်ခံငြင်းနိုင်သည့်လူက ရှားလေသည်။ ဒါကိုအကြောင်းမဲ့သက်သက် ဦးဥက္ကာအားမှုန်စိုးရိမ်နေမိသည်။ အပြန်လမ်းတစ်လျှောက် မှုန်အတွေးများဖြင့် အတိတ်ကိုပြန်စဥ်းစားမိသည်။ မှုန်နှင့်သူလက်ထပ်ခဲ့ရခြင်းတရားခဲက မမခင်ဆိုသည့် မပတ္တမြားခင်၏လုပ်ကြံဇာတ်ကြောင့်ဖြစ်သည်။ သူမကတခြားသူမဟုတ် ဦးဥက္ကာ၏အစ်မသုံးယောက်ထဲက အမွေဖြတ်ခံရသည့် တစ်ယောက်ဖြစ်သည်။ ဦးဥက္ကာ၏မာမီကြီးစိတ်ဆိုးပြီး မကျေနပ်စရာအိမ်တွင်းရေးလည်း ရှိခဲ့ပုံရလေသည်။
2 103
10
2022 ထဲက active မဖြစ်ခဲ့တဲ့ charnel လေး။
2 626
11
Hello 👋
2 573