en
Feedback
ㅤW⍺𝗏ı𝗊𝗎𝖾 Аɾ𝖾⍺ ᥬᩤ

ㅤW⍺𝗏ı𝗊𝗎𝖾 Аɾ𝖾⍺ ᥬᩤ

Open in Telegram

𝖲𝗍𝖺𝗋ׅ𝗍 – ʚ 𝟣𝟥 · 𝟤 · 𝟤О𝟤4 ɞ К𝗇𝗈ԝⅼ𝖾𝖽ɡ𝖾, 𝖲𝗈𝗇ɡ, Ƭ𝗁𝖾ⅿ𝖾 𝖢𝗁 𓈑 ִ 𝖣𝗈𝗇'ߙ ⅼ𝖾⍺𝗏𝖾 𝖭𝖾𝖾𝖽 𝟣𝗄 𝖻⍺𝖻ı𝖾ꜱ╰╮ 🪉𝖬ɥ 𝖱ᥱ۪ᥲꪳꪲꪳძᥱ۪rs ^᪲᪲᪲

Show more
609
Subscribers
-124 hours
-37 days
-1030 days
Posts Archive
အပြုံး..ချိုချို ကေသာ..ပုတုန်း မုန်းလောက်ချင်ရဲ့ အလှတရားရယ်....။ နစ်ဝင်မိတဲ့..ပါးချိုင့်လေး.. ကပ်တွယ်မိတဲ့..မျက်ဝန်းညို။ တစ်ထောက်တစ်ညပုံပြင်တွေထဲ.. မင်းလှကြောင်းပြောနေတာ ဒီကောင့် အသက် 18 ပြည့်လုပြီ။ ပွင့်ဖက်လွှာ သဏ္ဍာန်.. နှုတ်ခမ်း၌..အနမ်းခြွေချ.. နားခွင့်ပြုပါ..။ #BAN

သူငယ်ချင်းသံယောဇဉ်ဆိုတာ လွယ်လွယ်နဲ့ပြတ်လို့ရတယ်တဲ့လား။ အကုန်လုံးကအပေါ်ယံတွေကြီးပဲလား အပေါ်ယံမဟုတ်ပဲတကယ်ခင်တဲ့လူမရှိတော့ဘူးလားဆိုပြီး။ ကိုယ့်ထက်သာတဲ့လူတွေ့ရင် ကိုယ့်ကိုပြစ်ပြီးသာတဲ့လူကိုပဲပိုခင်သွားကျတယ်။ နောက်မှသဘောပေါက်လာတယ် ဘယ်သူမှကိုယ့်နဲ့အကြာကြီးမနေပေးနိုင်ဘူး အချိန်တန်ရင်ထွက်သွားကျမှာပဲဆိုတာ။ အဲ့တော့သူတို့မခင်လဲ No problem ကိုယ့်ကတော့ သူတို့မရှိပဲနေတက်အောင်လုပ်မယ်။ တစ်ယောက်ထဲလဲဖြစ်တယ်ဆိုတာ အကုန်လုံးမြင်စေရမယ် အားနာနေရင်ကိုယ့်ခေါင်းပေါ်ပါချီးတက်ပါ မဲ့အဖြစ်မျိုးအလုပ်မခံပဲ။ တစ်ယောက်ထဲနေတက်အောင်ကြိုးစားမယ်။ သူတို့နဲ့စကားပြောမဲ့အချိန်တွေကို ကိုယ်ဝါသနာပါတယ်လုပ်မယ်။ ဘဝကြီးကနေတက်ရင်ပျော်စရာကြီးပါ။ ဝမ်းနည်းနေလဲ ဘာမှထူးမလာတော့တာမလို့ သူတို့ကိုပြန်ချေနိုင်မဲ့ လမ်းကိုသာရှာကျပါ။ #Bellia_Anna #VIP_admin #No_copy

Look up and not down Look forward and not back - အပေါ်ကိုပဲမော့ကြည့်။ အောက်ကိုငုံမကြည့်ပါနဲ့။ ရှေ့ကိုပဲကြည့်ပါ။ နောက်ကိုပြန်လှည့်မကြည့်ပါနဲ့။ ပြောချင်တာကတော့ ကိုယ့်အထက်ကိုမော့ကြည့်ပြီး အပေါ်ကိုတက်ဖို့ကြိုးစားပါ။ အောက်ကိုငုံကြည့်ပြီး စိတ်ပျက်အားငယ်တာ မဖြစ်ပါစေနဲ့။ ဘာတွေပဲဖြစ်ဖြစ် ရှေ့ကိုပဲကြည့်ပြီးဆက်သွား နောက်ကိုပြန်ကြည့်ပြီး ခံစားတမ်းတမနေနနဲ့။ အမြဲရှေ့သို့၊ နောက်ကြောင်းပြန်ဖို့ မဟုတ်ဘူးဆိုတာ သဘောပေါက်စေချင်ပါတယ်။ /ကောင်းသန့်/ #credit #Bellia_Anna

ကျွန်တော်တို့ ဘဝမှာ အမှားတွေလုပ်ဖူးခဲ့ကျမှာပဲလေ အမှားမလုပ်ဖူးတဲ့သူဆိုတာမရှိဘူးလေ။ ကျွန်တော်တို့က မှားခဲ့ဖူးတဲ့အမှားတွေကို ပြန်တွေးပြီး ဝမ်းနည်မနေပဲ။ အဲ့အမှားကို သင်ခန်းစားယူပြီး ပြန်ပြင်လို့ရတာကိုပြန်ပြင်မယ်။ ပြန်ပြင်လို့မရတဲ့ အမှားတွေကို သင်ခန်းစားယူပြီ နောက်ထပ်အဲ့လိုအမှားမျိုး ထပ်မဖြစ်အောင်ကြိုးစားရမယ်။ ပြန်ပြင်လို့မရတော့ဘူးဆိုပြီး ဝမ်းနည်းမနဲပါနေ ကိုယ့်အမှားကိုယ့်သိရင် လူကောင်းပါ။ မသိပဲသူများအမှားထင်နေမှသာ လူညံ့ပါ။ ကိုယ့်အမှားလုပ်ထားတာမဟုတ်ကိုယ့်အမှားလို့လာပြောရင်တော့ ကိုယ့်အမှားမဟုတ်ဘူးဆိုတာ ထောက်ပြနိုင်ရမယ်။ အဲ့လိုထောက်ပြနိုင် ရအောင်လဲ လူတွေနဲ့လိုက်လျောညီထွေနေရမယ်။ လူတိုင်းအမှားတွေရှိကျတာမလို့ ကိုယ့်တစ်ယောက်ထဲ ဖြစ်နေတာလားဆိုပြီး ငိုမနေပဲ ကိုယ့်ထက်ဆိုးတဲ့လူတွေအများကြီးဆိုတာ တွေးလိုက်ပါ။ Readerလေးတို့စိတ်ဓာ‌တ်တွေကျနေမှာစိုးလို့ နေ့စဉ်ဘဝအတွက်လိုအပ်တဲ့စိတ်ခွန်အားဖြည့်စာပေ 💌 #Bellia_Anna #No_copy

စိန်ပန်းနီနီ ၊ နှုတ်ခမ်းနီနီ ကြည့်လိုက် ၊ ငေးလိုက်..။ နမ်းလိုက် ၊ ရှိုက်လိုက်.. အညိုရောက်တောက်...မြိုင့်မျက်ဝန်းအောက်.. မောင်ဒူးထောက်ပြီ.. အို..လှရက်ပါတဲ့.. မောင့်သက်ညှာရယ်..။ (မူပိုင်စာသား) #poem_admin #BAN ကူးချရင်အိမ်အရောက်အခေါင်းပို့ပေးပါတယ်။🤓

ကျွ‌န်ုပ်တို့ခေါင်းပေါ်ရှိ ဆံပင်အကြောင်း ┄ׅ─ ─・┄─ ─ׂ─┄ 𖡼 ─┄ׅ─ ・┄─ ┄ׅ─┄ Part -2 {end} ဆံပင်နဲ့ပတ်သတ်လို့သိထားသင့်တဲ့ကျန်းမာရေ
ကျွ‌န်ုပ်တို့ခေါင်းပေါ်ရှိ ဆံပင်အကြောင်း ┄ׅ─ ─・┄─ ─ׂ─┄ 𖡼 ─┄ׅ─ ・┄─ ┄ׅ─┄ Part -2 {end} ဆံပင်နဲ့ပတ်သတ်လို့သိထားသင့်တဲ့ကျန်းမာရေး‌အကြောင်းအရာကိုပြောပြပေးသွားပါမယ်။ ဆံပင်ရဲ့အသွေးအရောင်ကခြောက်နေပါက ဦးခေါင်းရေကို နိုပ်ပေးသင့်ပါတယ်။ နိုပ်တဲ့နေရာမှာလက်မနှစ်ချောင်းကိုနားရွက်နောက်တွင် ထောက်ထားပြီးလျှင် ကျန်လက်ချောင်းမှာကိုငယ်ထိပ်ပေါ်တွင် ဖြန့်ကားကာဦးခေါင်းရေကို လှည့်ပေးရသည်။ ထိုသို့ပြုလုပ်ရာတွင်လက်ချောင်းများကို‌မရွှေ့စေဘဲ ဦးခေါင်းရေသာ လှုပ်ရှားစေမည်ကိုသတိ‌ပြုရမည်။ ဦးခေါင်းရေနိုပ်ပေးခြင်းဖြင့် အတွင်းမှသွေးများ လွတ်လပ်စွာလှည့်လည်နိုင်ပြီး ဆံပင်အားကောင်းစေမည်ဖြစ်သည်။ ထို့ကြောင့်ခေါင်းလျှော်တိုင်းနိုပ်ပေးဖို့မမေ့ပါနဲ့နော် ๑´•.‌ • ━ׄ──ׁ──ׅ𖡼──ׁ──ׅ𐂂──ִ──ׁ𖡼──ִ──ׁ━ 𝐊ռ𝛔𝞈Ɩᥱժցᥱ Ѕჩᥲṛіռց ßყ 𝐙ᥲꭑᥱ ƊᥲṛᥲƖі𝛔ռ Ɗ𝛔ռ'ĎŻ ṛᥱρ𝛔ѕϯ & 𝐂𝛔ρყ!! ━ׄ──ִ──ׁꕀ─ִ──ׁ─━ׄ──ִ──ׁꕀ─ִ──ׁ─━ׄ 𝐑éꘫ 𝛃൦ȶ @Knowledge74_bot 𐂂˖ ࣪ 𖡼 Ɍᥱᥲсϯі𝛔ռ ՟ἹἹժ !! #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ૮ིྀ₍ • 𖨳 • ₎ིྀა⸙ #𝐄𝐧𝐳𝐚𝐥𝐢 . ʾ𖤣 Ö´  ×‚âœ˝ ˚⋆ . #𝐊ռ𝛔ωƖᥱժցᥱ

စိတ္တဇ..နွေ သတိတရလည်းလွမ်းပြီးပြီ အတိအကျလည်းလွဲဖူးပြီတစ်ဖက်တည်းကချစ်ပြီး တစ်ဖက်တည်းကသာဆွေးနေရတဲ့ မေတ္တာတွေပါ နွေ"။ မတွေ့တာကြာလို့ မမေ့နိုင်တဲ့အကြောင်းတွေ တွေးကာမှ စိတ်လိုလက်ရ လွှတ်ချခံခဲ့ရတဲ့ဒဏ်တွေကို စိတ်နာပြီး မမုန်းနိုင်ခဲ့ဘူး အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး အဲ့သည်လို အချစ်တစ်ခုအတွက်နဲ့ဘ၀တစ်ခု စွန့်လွှတ်လိုက်ရတာတော့ မတန်ဘူးမဟုတ်လား နွေ"။ ရူ့မ၀မဂ္ဂဇင်းတွေထဲက ကဗျာဆရာတွေရဲ့ အရေးခင်းကို မင်းဖတ်ကြည့်ဖူးလား နွေ" ကဗျာရေးတာဟာ ကျွန်တော့်ယဥ်ကျေးမှုဖြစ်ပြီး လူငယ်ဆန်ချင်တာဟာ ကျွန်တော့် ခံယူချက်ပါ နွေ"။ အဝေးကိုငေးပြီး တိမ်တွေပေါ်ကို ခိုစီးကြည့်ချင်ခဲ့ဖူးတယ် ပျော်ရွှင်မှု့ကိုရှာဖို့ ကမ္ဘာတစ်ပတ်ပတ်ကြည့်လို့ရသလို မပျော်ရွှင်ရတဲ့အခါမှာလည်း ငိုချလိုက်လို့ရတယ်မဟုတ်လား။ စစ်မက်ထူးပြောနေကျတဲ့ ဘုံမှာ မေတ္တာဒိုင်းလေးတော့ မပျက်စီးစေချင်ဘူး လက်ဖျံပေါ်က အမာရွတ်တွေပေါ် အထပ်ထပ် ဆေးရောင်တွေလည်း မအုပ်ချင်ဘူးနွေ"  ပျောက်သောသူ ရှာရင်တွေ့တဲ့ ရာသီအလီလီ သက္ကရာဇ် တွေတောင် ထပ်နေကျပေါ့ အခုထိ နွေ့" ကိုမရှာတွေ့ခဲ့သေးဘူး ဆံပင်စုအနက်လေးပေါ်က ဖဲကြိုးနီနီလေး ကိုယ်သာဖြစ်ချင်လိုက်ပါဘိ။ တစ်နွေပြောင်းလို့ နောက်တစ်နွေတောင် ပြန်ရောက်လုနေပြီ အိမ်ရှေ့ထက် ခရိုခရိုင် စာတိုက်ပုံးလေးထဲ ဖိတ်စာလေးတစ်စောင် မျက်စိလည်ပြီး ရောက်လာတယ် နွေ"။ ကိုရွက်လှေ သို့// ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်တဲ့လေ အသက်ကိုမှန်မှန်ပြန်ရူရင်း ၀ါးနေတဲ့ မျက်လုံးတွေကို ပွတ်သပ်လိုက်တယ် ယိမ်းယိုင်နေတဲ့ ခြေလှမ်းကျဲကြီးတွေနဲ့ အခန်းကျဥ်းလေးဆီပြန် စိတ်အသေတွေနဲ့ စီးကရက်ပြာချွေရင်း ငိုချခဲ့မိတယ် နွေ"။ အိမ်မက်မဟုတ်တဲ့ အိမ်မက်ထဲမှာ ဖိတ်စာလေးတစ်စောင်ဟာ မျက်စိလည်ပြီး ကိုယ့်ထံကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါပြီ ကိုယ်လည်း မင်းကို ပြန်ရှာတွေ့ခဲ့ပြီနွေ" ကိုယ်မင်းကို ပြန်ရှာတွေ့ခဲ့ပါပြီ။ -ရွက်လှေ

ကျွန်တော်တို့ ဆုံရန်မရှိတော့ပါဘူး နောက်နောင်နွေမှာလည်း ကျွန်တော်တို့ ဆုံရန်မရှိတော့ပါဘူး။
#su #Crd

ကျွန်ုပ်တို့ခေါင်းပေါ်ရှိ ဆံပင်အကြောင်း ┄ׅ─ ─・┄─ ─ׂ─┄ 𖡼 ─┄ׅ─ ・┄─ ┄ׅ─┄ 𖡎 ကျွန်ုပ်တို့၏ဦးခေါင်းပေါ်တွင်ပျှမ်းမျှအရေအတွက် တစ်သ
ကျွန်ုပ်တို့ခေါင်းပေါ်ရှိ ဆံပင်အကြောင်း ┄ׅ─ ─・┄─ ─ׂ─┄ 𖡼 ─┄ׅ─ ・┄─ ┄ׅ─┄ 𖡎 ကျွန်ုပ်တို့၏ဦးခေါင်းပေါ်တွင်ပျှမ်းမျှအရေအတွက် တစ်သန်းခန့်ရှိသည်။ ဆံပင်သည်ထင်ထားတာထက် ပို၍ကျုံ့နိုင်ဆန့်နိုင်သည်။ဆံပင်အစရှိသော အမွှေးအမျှင်များသည် ခန္ဓာကိုယ်ရှိ ရိုးတွင်းခြင်ဆီပြီးလျှင်ဖွံ့ဖြိုးမှု‌အမြန်ဆုံးတစ်သျှူးများဖြစ်ကြသည်။ 𖡎 ဆံပင်သည် တစ်နေ့လျှင် ပျှမ်းမျှ 0.3မီလီလီတာမှ 0.5မီလီလီတာကြားရှည်‌သည်ဟု မှတ်သားဖူးရပါသည်။ ဆံပင်ကိုအရှည်ထားလိုပါက ခါးထိရောက်ရန် အချိန် 7နှစ်ခန့်ယူရမည်ဖြစ်သည်။ 𖡎 ဦး‌ခေါင်း သန့်ရှင်း၍ သွေးကောင်းစွာ လှည့်လည်လျှင် ဆံပင်ကောင်းတတ်သည်။ မျိုးရိုးနဲ့လည်းသက်ဆိုင်သလို ရောဂါအမျိုးမျိုးကြောင့် သွေးညစ်ညမ်းနေပါက ဆံပင်ကိုထိခိုက်စေသည်။ သွေးအားနည်းသူများသည် ဆံပင်အရောင် ‌မကောင်းတတ်ကြပေ။ ကိုယ်လက်လှုပ်ရှားကစားခြင်း၊ အစားအသောက်မှန်ကန်စွာစားခြင်း၊ စိတ်ကိုရွှင်လန်းစွာထားခြင်းတို့သည် ကိုယ်ခန္ဓာကို ကျန်းမာစေသည့်အပြင် ဆံပင်ကိုလည်းအားဖြစ်စေသည်။ ─࿁────ꕀ───𐂂──ꕀ───࿁─ 𝐑éꘫ 𝛃൦ȶ @Knowledge74_bot 𐂂˖ ࣪ 𖡼 Ɍᥱᥲсϯі𝛔ռ ռᥱᥱժ !! #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn #𝐄𝐧𝐳𝐚𝐥𝐢 #𝐊ռ𝛔ωƖᥱժցᥱ #𝐇ᥱᥲƖϯჩ

。☆ရှားပါးငှက်မျိုးစိပ်များ*.✧ ------:*-------:*-------:*----:*---*:----- လည်‌ပင်းရှည်ထီးငှက်( long-wattled umbrella bird)☂*:•
+1
。☆ရှားပါးငှက်မျိုးစိပ်များ*.✧ ------:*-------:*-------:*----:*---*:----- လည်‌ပင်းရှည်ထီးငှက်( long-wattled umbrella bird)☂*:• ထီးငှက်ပုံစံကို ကိုလံဘီယာအနောက်ပိုင်းနှင့် အီကွေဒေါဒေသအချို့‌တွင်တွေ့ရသည်။ ငှက်ဖိုများတွင် 🐟ကြေးခွံများနှင့်တူသော ငှက်မွေးများပေါ်တွင်ဖုံးထားသည့် 14လက်မခန့်ရှိသော လည်စလုတ်လေးများရှိသည်။ မိတ်လိုက်သည့်အခါ‌တွင်♥️ငှက်မများကိုဆွဲဆောင်ရန် ညည်းညူသံကဲ့သို့သော 🐦🎶အသံတိုးတိုးနှင့်အတူ လည်စလုတ်များကိုချဲ့ကားပြသည်။🐦‍⬛️ မျိုးစိတ်များသည် အများအားဖြင့် ခြစားတတ်ပြီး ကြီးမားသော 🍒အသီးများကို ကျက်စားကြသည်။အသီးအနှံများကိုဦးစားပေးသည်:*🥬* အသိုက်ကြိုးစားမှုတွင် (🥚)ဥတစ်လုံးသာဥ🪺သည်။ ပေါက်ဖွားခြင်းသည် ၂၇ ရက် သို့မဟုတ် ၂၈ ရက်ဖြစ်သည်။ အမျိုးသမီးကသာ သားဖောက်ပြီး🪹🌱အသိုက်ကို ဂရုစိုက်ပါတယ်။ ငှက်မသည် ပျမ်းမျှအားဖြင့် တစ်နာရီလျှင် တစ်ကြိမ် အသိုက်အတွက် 🫘🧆အစားအစာ ထောက်ပံ့ပေးပြီး ကျောရိုးမဲ့များ၊ ကျောရိုးရှိသတ္တဝါများနှင့် ပြန်လည်ဖွဲ့စည်းထားသော ပစ္စည်းများ ပါဝင်သည်။
ထိုငှက်များကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များက အားနည်းသောငှက်အ‌ဖြစ် ယူဆထားကြသည်။ ။❗️⚠️
#knowledge_admin #HEZL 🤓.......✍️。.゚+ ⟵

မပြတ်သားနိုင်တဲ့စိတ်ကြောင့် အကြိမ်"နာကျင်အောင်လုပ်လဲ မလွှတ်ချရက်ဘူး အချစ်ရယ် #su #Crd

10.ဟာလောင်းပင်လယ်အော်( Ha Long Bay)🐬🌴*:+ ဗီယက်နမ်နိုင်ငံ တုန်ကင်ပင်လယ်ကွေ့က ဟာလောင်းပင်လယ်အော်ဟာ ကျွန်းငယ်ပေါင်း🏝 ၁,၆၀၀ ကျ
+3
10.ဟာလောင်းပင်လယ်အော်( Ha Long Bay)🐬🌴*:+ ဗီယက်နမ်နိုင်ငံ တုန်ကင်ပင်လယ်ကွေ့က ဟာလောင်းပင်လယ်အော်ဟာ ကျွန်းငယ်ပေါင်း🏝 ၁,၆၀၀ ကျော်နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒီကျွန်းငယ်လေးတွေဟာ ပင်လယ်ထဲကနေ 🪨ထုံးကျောက်တိုင်တွေလို ထိုးထွက်နေပါတယ်။ သူတို့ရဲ့မတ်စောက်တဲ့သဘာဝကြောင့် 🪴ကျွန်းအများစုမှာ နေထိုင်သူမရှိပါဘူး။ ဒီထုံးကျောက်ကျွန်း🌴🪨တွေဟာ နှစ်သန်းပေါင်း ၅၀၀လောက်ဖြစ်တည်လာပြီးတဲ့နောက် ကွဲပြားခြားနားတဲ့ပတ်ဝန်းကျင်အခြေအနေတွေကြောင့် ပုံသဏ္ဌာန်အမျိုးမျိုး အရွယ်အစားအစုံစုံ 🧸🖼ဖြစ်နေတာပါ။ မုတ်သုန်ရာသီကြောင့် စိုစွတ်မှု🌧ကိုလည်း နှစ်သန်း၂၀လောက်ခံခဲ့ရပါသေးတယ်။ ဟာလောင်းပင်လယ်အော်🌊ဟာ ပန်းဒေသမျိုးစိတ် ၁၄မျိုး🌺💐၊ သတ္တဝါမျိုးရင်း၆၀ ရဲ့🐾🐿ခိုလှုံရာဒေသလည်းဖြစ်ပါတယ်။ (っ.❛ ᴗ ❛.)っTop 10 Natural Wonders of the World ( finish )⚡️ ~.∆.~.∆.~ - -- -- -- -->✧ω✧ #knowledge_admin #HEZL *:+.

9. စားပွဲတောင်( Table mountain) ⛰တောင်တွေဟာ ဘယ်လိုပုံသဏ္ဌာန်ရှိလည်းမေးရင် ကတော့ကိုမှောက်ထားတဲ့ပုံ ⛰ရှိတယ်လို့ ဖြေကြမှာပါ။ ဒါပ
+2
9. စားပွဲတောင်( Table mountain) ⛰တောင်တွေဟာ ဘယ်လိုပုံသဏ္ဌာန်ရှိလည်းမေးရင် ကတော့ကိုမှောက်ထားတဲ့ပုံ ⛰ရှိတယ်လို့ ဖြေကြမှာပါ။ ဒါပေမဲ့ တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့အနီးက တောင်ကတော့ မှောက်ထားတဲ့ ကတော့ချွန်းကပြတ်နေပြီး✂️ တောင်ထိပ်ကပြားနေပါတယ်။ ဒီပြန်းပြူးနေတဲ့ တောင်ထိပ်ဟာ နှစ်မိုင်လောက်ရှိပြီး ➡️တောင်စွန်းတွေနဲ့အနားသတ်ထားပါတယ်။🤎 တောင်ထိပ်ရဲ့ အရှေ့ဘက်စွန်းကို မိစ္ဆာထိပ်ဖျားလို့ခေါ်ပြီး အနောက်ဘက်စွန်းကို ကေသရာဇာဦးခေါင်း🦁လို့ခေါ်ပါတယ်။ ‌ဒီတောင်ကို နောက်ခံထားတဲ့ 🦋ကိပ်တောင်းမြို့ရဲ့ရှုခင်းဟာ ရင်သပ်ရှုမောဖွယ်ပါ။🫠 ဒီဒေသမှာ မျိုးရင်းအပင်မျိုးစိတ်တွေ🌱၊ သတ္တဝါမျိုးစိတ်တွေ🐿အများကြီးရှိပါပါတယ်။ ။ 💭အဆုံးထိဖတ်ပေးလို့ကျေးဇူးပါ💟✍️ #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn #knowledge_admin #HEZL

ကမ္ဘာပေါ်မှာလူငယ်တွေကြောင့် ဖြစ်ရတဲ့စစ်ပွဲရယ်လို့ တစ်ခါမှမရှိဖူးဘူး အဲ...ဒါပေမယ့် ထူးဆန်းတာက စစ်ပွဲမှာ‌သေပေးရတဲ့သူတွေကတော့ လူငယ်တွေကြီးပဲ~ - မင်းခိုက်စိုးစန် #poem_admin #credit

ကိုယ်နဲ့မဆိုင်ပေမယ့် ခင်ဗျားရဲ့ရင်ထဲမှာ ကျွန်တော်မဟုတ်တဲ့ တစ်ခြားတစ်ယောက် ရှိနေမှာကို သေမလောက်ကြောက်မိတယ်...။ #ရွက်ဟောင်း

နယ်နိမိတ်ချင်း ထိစပ်နေပေမယ့် တစ်မြို့စီဆိုတာက အလွမ်းသပ်သပ် ပြောစကားပဲ ~ ~ ~~ ~ ~ ~ ~ ဆံရင်းနဲ့ ဆံဖျားမှာတောင် လွမ်းလောက်စရာ အကွာအဝေးရှိပါတယ်။~ ဘဝအဆက်ဆက်က တစ်စက်ချင်း ကျလာတဲ့ ... ရေစက်ကလေးတွေစုပြီး မင်းနဲ့ ဆုံချင်တယ်-။ ချစ်ခြင်းမေတ္တာကသာ အနိုင်ရရှိပါစေ။ ဆူးရစ်နွယ်~ #poem_admin #credit

"ရွှေလည်တိုင်" ကမ္ဘာကြီးက စိုးရိမ်စရာပိုကောင်းလာလေ မင်းကို ငါ ပိုချစ်လာလေ အရင်ကလည်း မင်းလည်တိုင်လေး ငါ ငေးခဲ့တာပါ မင်းလည်း မျှော်ရတာတွေ များပြီလေ သုခမိန်လှိုင် #poem_admin #credit

ညဉ့်လေပြေမှာ ရူးတဲ့လူတစ်ယောက် အသံတိတ် စစ်ပွဲကြား ဒီကလေးမြေစာပင်တဲ့လား ခက်လိုက်တဲ့..လောကကြီးရယ် မိဘမဲ့သား..မိုက်မဲလိုက်ချင်တယ်။~ နှုတ်ခမ်းကြား ညှပ်မိတဲ့ ဆေးလိပ် ဒီညရင်ထဲဖြေချမယ်.. လွှင့်လိုက်စမ်း..အငွေ့တွေရယ်...။..။
#BAN (မူပိုင်စာသား) #poem_admin

7.ဂျယ်ဂျူဒိုကျွန်း(Jeju Island)🌴🇰🇷 ဂျယ်ဂျူဒိုကျွန်းဟာ တောက်ကိုရီးယားရဲ့ တောက်ဘက်ကမ်းခြေကနေကီလိုမီတာ ၁၃၀(၈၁မိုင်) အကွာမှာရှ
+2
7.ဂျယ်ဂျူဒိုကျွန်း(Jeju Island)🌴🇰🇷 ဂျယ်ဂျူဒိုကျွန်းဟာ တောက်ကိုရီးယားရဲ့ တောက်ဘက်ကမ်းခြေကနေကီလိုမီတာ ၁၃၀(၈၁မိုင်) အကွာမှာရှိတဲ့ မီးတောင်🌋ကျွန်းဖြစ်ပါတယ်။ ကိုရီးယားရဲ့အကြီးဆုံးကျွန်းဖြစ်ပြီး အသက်ငယ်ဆုံးပြည်နယ်‌လည်းဖြစ်ပါတယ်။ ကျွန်း၏ဧရိယာက ၁,၈၄၆ စတုရန်းမီတာ🩶ရှိပါတယ်။ ဒီကျွန်းမှာ ကမ္ဘာ့သဘာဝအမွေအနှစ်ဖြစ်တဲ့ ဂျယ်ဂျူမီးဝောာင်နဲ့ ချော်ရည်ပြွန်တွေ‌ရှိပါတယ်။ ဂျယ်ဂျူရဲ့ အဓိကအမှတ်အသားက ဟေလာဆန်လို့ခေါ်တဲ့ 🔥မီးငြိမ်းတောင်ပါ။ ကိုရီးယားရဲ့ အမြင့်ဆုံးတောင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁,၉၅၀ မီတာမြင့်⬆️ပါတယ်။ ဒီကျွန်းဟာ လွန်ခဲ့တဲ့ နှစ်၂သန်း ကပေါ်ခဲ့တာဖြစ်ပြီး 🏝ကျွန်းဧရိယာရဲ့ ၁၂%ကို တောဖုံးလွှမ်းနေပါတယ်။ ကျွန်းဟာ မီးသင့်ကျောက်တွေ၊ ချော်ရည်ခဲတွေနဲ့ ဖွဲ့စည်းထားလို့ ဒီကနေ့အထိ စိုက်ပျိုးလို့ အဆင်မပြေပါဘူး။ ဒီတောဟာလည်းနဂိုအခြေအ‌တိုင်း မပျက်ယွင်းသေးပါဘူးတဲ့။🇰🇷🌴 #knowledge_admin #HEZL ...........✍️🤓

6.ပရီကူတင်မီးတောင်(Paricutin Volcano)🌋☁️ ပရီကူတင်မီးတောင်ဟာ မက္ကဆီကိုနိုင်ငံမှာရှိပြီး မီချွာဂန် ဂွါနာဂျွာတို မီးတောင်ဒေသရဲ့
+1
6.ပရီကူတင်မီးတောင်(Paricutin Volcano)🌋☁️ ပရီကူတင်မီးတောင်ဟာ မက္ကဆီကိုနိုင်ငံမှာရှိပြီး မီချွာဂန် ဂွါနာဂျွာတို မီးတောင်ဒေသရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ကတော့ပုံ ဒီမီးတောင်ဟာ ဒီလိုအမျိုးအစားမီးတောင်တွေ ဘယ်လိုစတင်💭ဖြစ်ပေါ်လာတယ်၊ ဘယ်လိုတစ်စတစ်စရုပ်လုံးပေါ်လာပြီး နောက်ဆုံးဘယ်လိုချုပ်ငြိမ်းသွားတယ်ဆိုတာကို လူသားတွေ🔎 စောင့်ကြည့်လေ့လာသင်ယူနိုင်ခဲ့တဲ့တစ်ခုတည်း‌သောတစ်ခုတည်းသောမီးတောင်ပါ။🌋❤️ 1943ခုနစ်မှာစတင်ပေါက်ကွဲပြီး 1952ခုနစ်မှာ ပြီးဆုံးခဲ့တဲ့ 9နှစ်ကြာပေါက်ကွဲမှုကိုကမ္ဘာရပ်ရပ်ကသိပ္ပံပညာရှင်တွေ လာရောက်လေ့လာကြပါတယ်။ ပေါက်ကွဲမှုအပြီးမှာ 1,391ပေမြင့်တဲ့ ကတော့ပုံတောင်တစ်လုံး ကိုချန်ထားခဲ့ပါတယ်။ ကျောက်ပန်းတောင်း‌နား ပုပ္ပါးတောင်ကလပ်ဟာလည်း ပုပ္ပါးတောင်မကြီးရဲ့ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတာလို့ဆိုကြပါတယ်။🤓🗻 #knowledge_admin #HEZL