en
Feedback
ㅤW⍺𝗏ı𝗊𝗎𝖾 Аɾ𝖾⍺ ᥬᩤ

ㅤW⍺𝗏ı𝗊𝗎𝖾 Аɾ𝖾⍺ ᥬᩤ

Open in Telegram

𝖲𝗍𝖺𝗋ׅ𝗍 – ʚ 𝟣𝟥 · 𝟤 · 𝟤О𝟤4 ɞ К𝗇𝗈ԝⅼ𝖾𝖽ɡ𝖾, 𝖲𝗈𝗇ɡ, Ƭ𝗁𝖾ⅿ𝖾 𝖢𝗁 𓈑 ִ 𝖣𝗈𝗇'ߙ ⅼ𝖾⍺𝗏𝖾 𝖭𝖾𝖾𝖽 𝟣𝗄 𝖻⍺𝖻ı𝖾ꜱ╰╮ 🪉𝖬ɥ 𝖱ᥱ۪ᥲꪳꪲꪳძᥱ۪rs ^᪲᪲᪲

Show more
609
Subscribers
No data24 hours
-47 days
-1130 days
Posts Archive
ဆံသားနဲ့ အသားအရေအတွက် အထူးကောင်းမွန်တဲ့ ဆန်ဆေးရည်ပြုလုပ်နည်း✍🏻 ပြုလုပ်နည်းလေးက အရမ်းကိုလွယ်ကူပြီး အဆင့်ကလည်း နှစ်ဆင့်ထဲ ပါပဲနော်💯 (၁) သန့်စင်တဲ့ ဆန်ဆေးရည်လေး ထုတ်ယူပေးရပါမယ်။ – ကိုယ်အသုံးပြုချင်တဲ့ ဆန်ပမာဏကို ခွက်တစ်လုံးထဲ ထည့်ပြီး ပထမအကြိမ်ဆေးပြီး သွန်ချပစ်ရပါမယ်။ပထမအကြိမ် ဆေးထားတဲ့ ရေထဲမှာ ဆန်ရဲ့ အပြင်ပိုင်းမှာရှိတဲ့ အညစ်အကြေးတွေ ပါရှိတဲ့အတွက် သွန်ချပစ်ရခြင်း ဖြစ်ပါတယ်။ – ဆန်တစ်ဆ ရေနှစ်ဆ ထည့်ပြီး ဆန်ထဲက အဟာရတွေ ထွက်လာစေဖို့ ၁၅ မိနစ်ခန့် အချိန်ပေး စိမ်ထားရပါမယ်။ ၁၅ မိနစ် ပြည့်ပြီးတဲ့အခါမှာ အောက်မှာ အနည်ထိုင်နေတဲ့ အဟာရတွေ ထွက်လာဖို့ တစ်ချက်နှစ်ချက် မွှေပေးရပါမယ်။ – မွှေပြီးတဲ့နောက်မှာ ဆန်ဆေးရည်ကို ဇကာနဲ့ စစ်ထုတ်ပေးရပ်မယ်။ (၂) ဆန်ဆေးရည်ကို အချဉ်ဖောက်ပေး ရပါမယ်။ – သန့်စင်တဲ့ ဆန်ဆေးရည်ကို ရေခဲသေတ္တာ ( သို့ ) အအေးဓာတ် ရှိတဲ့နေရာမှာ အချဉ်ဖောက်တဲ့ အနေနဲ့ သုံးရက်ကနေ လေးရက်အထိ ထားပေးရမယ်။ ဒီလိုဆိုရင်တော့ ဆံသားအတွက်ပဲဖြစ်ဖြစ် ၊ အသားအရေအတွက်ပဲ ဖြစ်ဖြစ် အသုံးပြုလို့ကောင်းမွန်တဲ့ ဆန်ဆေးရည်လေး ရရှိသွားပြီပဲဖြစ်ပါတယ်။ ဒီလိုဆန်ဆေးရည်လေး ရရှိတဲ့သွားတဲ့အခါမှာ ဘယ်လိုတွေအသုံးပြုရမယ်ဆိုတာကို နောက်နေ့တင်မယ့် စာစောင်လေးတွေမှာ ထည့်သွင်းဖော်ပြပေးသွားပါမယ်။
Knowledges Sharing By Clover 🍀
#Clover #phyodaybyday Don't copy

🎍 ●┅ သိတဲ့သူနည်းတဲ့ အ‌ထွေထွေဗဟုသုတ ┅● ⋅•⋅⋅•⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∙∘☽༓☾∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ ⎙ ခွေးတစ်ကောင်ရဲ့ ဇီဝစွန့်ထုတ်မှုက Toyota Land cruiser နှစ်စီးစာရဲ့ စွန့်ထုတ်ပစ္စည်းလောက်ကို ပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။ ကြောင်တစ်ကောင်ကတော့ Volkswagen ကားတစ်စီးနဲ့ညီမျှပြီး ဟမ်းစတား ၂ကောင်ကတော့ plasma TV တစ်လုံးနဲ့ညီမျှစွာ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်ပါတယ်။ ⎙ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးအရာက gonorrhea bacteria တွေပဲဖြစ်ပါတယ်။ သူတို့ဟာ သူတို့ခန္ဓာကိုယ်အလေး ချိန်ထက် အဆ တစ်သိန်းခန့်လေးတဲ့အရာတွေကို ဆွဲယူနိုင်ပါ တယ်။ ⎙ ရေဘဝဲတွေမှာ နှလုံး ၃ခုပါဝင်ပါတယ်။ ⎙   လူသားတစ်ယောက်ရဲ့ အရေပြားပေါ်မှာရှိနေတဲ့ သက်ရှိ အရေအတွက်ဟာ ကမ္ဘာပေါ်မှာရှိနေတဲ့ လူသားအရေအတွက် ထက် များပြားပါတယ်။ ⎙   လူတစ်ယောက် သက်တမ်းတစ်လျှောက်လုံးမှာ ကွာခဲ့တဲ့ အရေခွံတွေကို ပေါင်းလိုက်ရင် ပေါင် ၄ဝခန့် ရှိပါတယ်။ ⎙   အမျိုးသားတွေမှာ တစ်စက္ကန့်ကို သုတ်ပိုးအကောင်ရေ ၁ဝဝဝ ခန့်ဖြစ်ပေါ်ပြီး တစ်နေ့တာလုံးမှာ သုတ်ပိုးအကောင်ရေ ၈၆သန်းခန့် ဖြစ်ပေါ်ပါတယ်။ ⎙   လူသားတွေရဲ့ တံတွေးမှာ ပါဝင်တဲ့ opiorphin ဆိုတဲ့ နာ ကျင်မှုကိုသက်သာစေတဲ့ဓာတ်ဟာ မော်ဖိင်းထက် ၆ဆပိုမို အားကောင်းပါတယ်။ ⎙   ၁၉၆ဝ ခုနှစ်မှာ အယုံကြည်ရဆုံးကိုယ်ဝန်စစ်ကိရိယာက အာဖရိကန်ဖားပြုပ်မတစ်ကောင်ပါပဲ။ အမျိုးသမီးတစ်ယောက် ရဲ့ ဆီးထဲကို ထို ဖားပြုပ်မကို စိမ်ထားပြီး ၁၂နာရီအတွင်းမှာ ဖားပြုပ်မ ဥဥရင် ကိုယ်ဝန်ရှိတယ်လို့ သတ်မှတ်ကြပါတယ်။ ⎙   ဂေါ်ရီလာမျောက်တွေနဲ့ အာလူးတွေမှာ လူသားတွေထက် chromosomes နှစ်ခု ပိုမိုပါဝင်ပါတယ်။ ⎙   ခွေးတွေက လူတွေထက် အဆ ၁ဝဝဝ ပိုပြီး အနံခံအာရုံ ကောင်းမွန်ပါတယ်။ ▬▭▬▭▬▭▬▭▬▭▬▭▬▬▭▬▭ 𝐊ռ𝛔𝞈Ɩᥱժցᥱ Ѕჩᥲṛіռց ßყ 𝐙ᥲꭑᥱ ƊᥲṛᥲƖі𝛔ռ Ɗ𝛔ռ'ĎŻ ṛᥱρ𝛔ѕϯ & 𝐂𝛔ρყ!! 𝐑éꘫ 𝛃൦ȶ ⌕ @Knowledge74_bot ⌂ Ɍᥱᥲсϯі𝛔ռ ՟ἹἹժ #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ૮₍ ˃ࡇ˂ ₎ა⸙ #𝐄𝐧𝐳𝐚𝐥𝐢 ⋆ 🪷₊ ⊹ ˚⋆ . #𝐊ռ𝛔ωƖᥱժցᥱ

မြန်မာစကားမှာအခြေခံစကားသရဘယ်နှစ်လုံးရှိလဲ
Anonymous voting

ဥပမာ- ကသတ် (က်) လသတ် (လ်) တို့လိုမျိုး မြန်မာစကားမှာ အသတ်တွေရှိပါတယ်။ ဒီလိုအသတ်မျိုး ဘယ်နှစ်မျိုးရှိလဲ
Anonymous voting

မြန်မာစကားမှာ ဗျည်းဘယ်နှစ်လုံးရှိလဲ
Anonymous voting

ဘာလို့ငိုနေကြတာတုန်း လွယ်တာပဲမေးတာကို🥹🙏🏻 #𝐇α𝗄υꭑ𝗂

အက္ခရာရဲ့ အဆုံးကာရန်ကို ဘာ ကာရန်လို့ခေါ်လဲ။
Anonymous voting

မြန်မာစကားမှာအသံဘယ်နှစ်မျိုးရှိလဲ
Anonymous voting

မြန်မာစာဘက်လေးလှည့်ကျရအောင်။ လွယ်ပါတယ်။🤓

အလင်းတန်းတစ်ခုက ကမ္ဘာတစ်ပတ်ပြည့်အောင်သွားဖို့ ဘယ်လောက်ကြာမလဲ
Anonymous voting

Venustraphobiaဆိုတဲ့အကြောက်ရောဂါရဲ့မြန်မာလိုကဘာလဲ
Anonymous voting

Lockiophobia ဆိုတဲ့အကြောက်ရောဂါနာမည်ကမြန်မာလိုဆိုဘာလဲ
Anonymous voting

လူသားတစ်ယောက်ရဲ့ပျှမ်းမျှအပူချိန်ကဘယ်လောက်ရှိလဲ
Anonymous voting

𓏲˚ green tea သောက်ခြင်း၏ အကျိုးကျေးဇူးများଓ ᜊ ကယ်လိုရီတွေနဲ့အဆီပိုတွေကိုလျော့ကျစေတဲ့အပြင် လေ့ကျင့်ခန်းတွေကိုပုံမှန်ထက် ကြာကြာလုပ်နိုင်ပါလိမ့်မယ်။ ᜊ နှလုံးရောဂါကိုကာကွယ်ပေးပါတယ်။ ᜊ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ᜊ ကိုလက်စထရောကို လျော့ကျစေပါတယ်။ ᜊ စိတ်ဓာတ်ကျခြင်း၊စိုးရိမ်ကြောင့်ကြမှုကြောင့် စိတ်ဖိစီးခြင်းများကိုလျော့ကျစေပြီး ဦးနှောက်ကိုသက်တောင့်သက်သာဖြစ်စေပါတယ်။ ᜊ သွေးဖိအားမြင့်တက်ခြင်းကို ထိန်းချုပ်ပေးနိုင်တဲ့အတွက် ရုတ်တရက် ဦးနေှာက်သွေးကြောပြတ်ခြင်း အန္တရာယ်ကိုလျော့ကျစေနိုင်ပါတယ်။ ᜊ သွားပိုးစားခြင်း၊ ဆွေးခြင်း ၊ ပဲ့ကြွေခြင်းများကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ ᜊ အရေပြားဖူးယောင်ခြင်းနှင့်ဆိုင်သောအရေပြားရောဂါ၊အရေပြားယားယံပြီး အလွှာလိုက်ကွာကျတာမျိုးတို့ကိုသက်သာဖို့ကူညီပေးနိုင်ပါတယ်။ ᜊ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်နိိုင်တဲ့ အကျိုးဆက်မှအဆုတ်ကိုကာကွယ်ဖို့ကူညီပေးနိုင်ပါတယ်။ ᜊ အရက်သောက်ခြင်းကြောင့်ဖြစ်တတ်သော အကျိုးဆက်တွေမှ အသည်းကိုကာကွယ်ဖို့ကူညီနိုင်ပါတယ်။ ᜊ ဗိုင်းရပ်ပိုးများကိုသေစေနိုင်တဲ့အတွက်ကြောင့် ဖျားနာခြင်းကိုတိုက်ဖျက်စေပြီး ခုခံအားကိုလည်းတိုးစေပါတယ်။ ᜊ ရေဓာတ်ကိုလည်းပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ ᜊ အိုမင်းရင့်ရော်ခြင်းကိုလည်းလျော့ကျစေပြီးအသက်ရှည်စေပါတယ်။ ᜊ ကင်ဆာရောဂါကိုလည်းကာကွယ်နိုင်ပါတယ်။ ᜊ နှလုံးရောဂါကိုကာကွယ်ပေးပါတယ်။ ᜊ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ᜊ ကိုလက်စထရောကို လျော့ကျစေပါတယ်။ - - - - - - - - - ꒰ ʚ♡ɞ ꒱ - - - - - - - - - အယ်လီတင်ပေးတဲ့နောလစ်လေးတွေကိုသဘောကျရင် rec လေးပေးခဲ့ကြနော် #𝐀ᥣᥣ𝗂nα #ⱺ𝗂n𝗏α𝗋 #knowledge #forward_only #do_not_copy

🌤ပူပြင်းသော ရာသီဥတုတွင် စားသင့်သော အစားအစာများ🙇‍♀ ∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ 𖦁 ∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∘ ᨦ𐂂ദ˖ လူသားတစ်ယောက်အတွက် ကိုယ်တွင်းအလေးချိန်ဟာ ပျမ်းမျှ ၉၈ ဒဿမ ၆ ဒီဂရီဖြစ်ပြီး ရာသီဥတုပေါ် မူတည်၍ ၎င်းပမာဏထက် အပူချိန် အတက်၊အကျ အနည်းငယ် ပြောင်းလဲတတ်ပါတယ်။ ᨦ𐂂ദ˖ ကိုယ်အတွင်းအပူများတာကို ဆေးပညာလောကမှာ “Heat Stress” လို့ခေါ်ကြပြီး ခန္ဓာကိုယ်တွင်းအပူချိန်က သူ့အလိုလို အေးသွားတာမျိုး မရှိတတ်ပါဘူး။ ᨦ𐂂ദ˖     လိုအပ်တာထက် အပူချိန်များနေတဲ့အခါ ပိန်ချုံးလာခြင်း၊ ကြွက်တက်ခြင်း၊ လျှာ- နှုတ်ခမ်းတွေသာမက အရည်ပြားပေါ်မှာ အဖုအပိမ့်တွေ ထွက်လာခြင်း၊ ဝက်ခြံထွက်ခြင်း၊ ခေါင်းမူးဝေခြင်း၊ ပျို့အန်ခြင်းတို့အပြင် ခန္ဓာကိုယ်တွင်း ကလီစာတွေကိုပါ ပျက်စီးစေနိုင်တယ်လို့ လေ့လာချက်အရ သိရပါတယ်။ ᨦ𐂂ദ˖     ရေခဲရေများ၊ ရေနွေး၊စွပ်ပြုတ်စတဲ့ အရည်ပူပူများ၊ နေပူပူထဲ အချိန်အကြာကြီး သွားခြင်း၊ ငရုတ်သီး၊ ဂျင်း၊မျှစ်ချဉ်၊ငရုတ်ကောင်း၊ပတဲကောစတဲ့ ပူပူလောင်လောင် အစပ်တွေစားခြင်း၊ ရေသောက်နည်းခြင်းတို့က ကိုယ်တွင်း အပူရှိန် မြင့်တက်လာစေလို့ အထူးရှောင်ကျဉ်ပေးရမယ့် အစားအသောက်တွေ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း အပူငြိမ်းစေဖို့အတွက် အဓိကဆေးကတော့ ရေဝဝသောက်၍ တစ်နေ့ကို ရေနှစ်ကြိမ်ချိုးပေးခြင်းပါပဲ။ ᨦ𐂂ദ˖     မိုးရာသီမှလွဲ၍ ချမ်းအေးတဲ့ ဆောင်းရာသီနဲ့ နွေပူပူတို့မှာ ခန္ဓာကိုယ်တွင်း အပူဓာတ်များသူတွေအနေဖြင့် ယခင်ကထက် ရေပိုသောက်ရင်း၊ နေ့စဉ်စားသမျှ အစားအစာတွေထဲမှာ ရေဓာတ်ကြွယ်ဝတဲ့ အအေးစာလေးတွေကို ဖြည့်စွက်စာအဖြစ် စားသုံးသင့်ပါတယ်။ (၁) ဖရဲသီး🍉 ᨦ𐂂ദ˖     လူ့ခန္ဓာကိုယ်ရဲ့ ၃ ပုံ ၂ ပုံကို အရည်ဓာတ်နဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ ဖရဲသီးထဲမှာ ရေဓာတ် ၉၀ ရာခိုင်နှုန်းကျော် ပါဝင်တာကြောင့် အပူငြိမ်းအေးစေတဲ့ အကောင်းဆုံး သီးနှံဖြစ်ပါတယ်။ (၂) သခွားသီး🥒 ᨦ𐂂ദ˖     သခွားသီးလေးတွေမှာ ရေဓာတ်ကြွယ်ဝစွာ ပါရှိလို့ ခန္ဓာကိုယ်ကို ထိထိရောက်ရောက်အေးမြစေပါတယ်။ ဒါကြောင့် တန်ဖိုးနည်း သခွားသီးလေးတွေကို နေ့စဉ်စားပေးသင့်ပါတယ်။ ∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ 𖦁 ∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∘ (၃) ပူစီနံရွက်🍃 ᨦ𐂂ദ˖     ပူစီနံရွက်ဟာ ခန္ဓာကိုယ်တွင်းကို အေးမြစေတာကြောင့် မြန်မာ၊အိန္ဒိယ၊ဗီယက်နမ်၊မကာအိုစတဲ့ အာရှတိုက်တခွင်ရှိ ရှေးတိုင်းရင်းဆေးဆရာကြီးများက ပူစီနံပင်များကို အပူငြိမ်းဆေးအဖြစ် ဆေးဝါးဖော်စပ်လာခဲ့ကြပါတယ်။ (၄) မုန်လာဥဖြူ🐇 ᨦ𐂂ദ˖     အဖြူရောင် မုန်လာဥလေးတွေမှာ ဗီတာမင်စီပါရှိတဲ့အပြင် ကိုယ်တွင်း အပူရှိန်ကို တိုက်ထုတ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အလုံအလောက်ပါရှိနေပါတယ်။ဒါကြောင့် heat stress ကို တိုက်ထုတ်ပေးနိုင်တဲ့ မုန်လာဥအဖြူတွေကို စားဖြစ်အောင်စားပေးပါ။ ∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ 𖦁 ∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∘ (၅) နှမ်း-:+°:- ᨦ𐂂ദ˖     နှမ်းစေ့လေးတွေက အပူငြိမ်းအေးစေတဲ့ အိမ်တွင်းဆေးဝါး တစ်မျိုးဖြစ်တာကြောင့် နှမ်းစားရင်း ရေများများသောက်ပါ။ နှမ်းပျစ်၊နှမ်းယိုလေးတွေကလည်း အပူငြိမ်းအေးစေအောင် အထောက်အပံ့ ပေးပါတယ်။ (၆) စမုံစပါး🌾 ᨦ𐂂ദ˖     စမုံစပါးအစေ့လေးတွေကို သောက်ရေခွက်ထဲ တစ်ညအိပ်စိမ်ထားပြီး နံနက် အိပ်ယာထတဲ့အခါ ရေသောက်ရင်း အဖတ်တွေပါ ကုန်အောင် ဝါးစားပေးပါ။ တစ်နေ့တာလုံး အပူငြိမ်းအေးစေနိုင်တဲ့အပြင် ခံတွင်းရနံ့ကိုပါ ရှင်းသန့်စေပါတယ်။ ∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ 𖦁 ∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∘ (၇) အုန်းစိမ်းရေ 🥥🌴 ᨦ𐂂ദ˖     အုန်းသီးစိမ်းနုနုမှရတဲ့ အုန်းစိမ်းရည်ဟာလည်း ခန္ဓာကိုယ်တွင်း အပူငြိမ်းစေတဲ့ ဆေးကောင်းတစ်လက်ဖြစ်တာမို့ ကိုယ်တွင်းအပူဓာတ်များသူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်လောင်းများ မှီဝဲသင့်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်း မှလည်း ကာကွယ်ပေးပါတယ်။ ◌◌◌◌◌◌◌◌◌◌◌◌◌◌◌◌◌◌◌◌◌◌◌◌◌◌◌◌◌ ပူပြင်းတဲ့ အချိန်မှာ အပူတွေကင်းကျပါစေဗျာ။ ⍘⍘⍘⍘⍘⍘⍘⍘⍘⍘⍘⍘⍘⍘ #𝐵𝑒𝑙𝑙𝑖𝑎_𝐴𝑛𝑛𝑎 #𝐻𝑒𝑎𝑙𝑡𝒉_𝑙𝑖𝑓𝑒 #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn #𝐇ᥱᥲƖϯჩ #𝐅ṛʋіϯ_ᴀɴᴅ_𝐕ᥱցᥱϯᥲᑳƖᥱ ⍘⍘⍘⍘⍘⍘⍘⍘⍘⍘⍘⍘⍘⍘

𝗣𝗮𝗿𝘁 - 𝗧𝘄𝗼 ∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ 𖦁 ∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∘ ဘိန်းသည် ဆေးဝါးဘက်၌ အလွန်အဖိုးတန် အသုံးဝင်သော ပစ္စည်းဖြစ်သော်လည်း၊ ဘိန်းစားသူ ဘိန်းရှူသူများတွက် အကြီးအကျယ် တိတ်တိတ်ပုန်း ဘိန်းကုန်ကူးမှုများ ရှိခဲ့လေသည်။ ဘိန်းကုန်ကူးသည့် ကိစ္စကို လက်ဝါးကြီးအုပ်လိုမှုကြောင့် ရှေးက ပြည်ထောင်းချင်းချင်း စစ်မက်များပင် ဖြစ်ပွားခဲ့ရဖူးလေသည်။ ဘိန်းသည် လူကို အကျင့်စာရိတ္တများ ပျက်ပြားစေခြင်း၊ စိတ်ဓာတ်ညံ့ဖျင်းစေခြင်း၊ ကျန်းမာရေးချို့တဲ့စေခြင်းစသော ဆိုးကျိုး များကို ပေးတတ်သဖြင့် နိုင်ငံတိုင်းရှိ အစိုးရများက ဘိန်းရောင်းဝယ် သုံးစွဲရေးကို ဥပဒေများဖြင့် ကြပ်မတ်ကာ ကွယ်ထားကြရသည်။ အထူးသဖြင့် တရုတ်နိုင်ငံတွင် ယခင်က ဘိန်းစားသူ ဘိန်းရှူသူ အလွန်ပေါများသည့် အတွက် ဥပဒေဖြင့် ပြင်းထန်စွာ အရေးယူ ပိတ်ပင်ခဲ့ရပေသည်။ ဤသို့အစိုးရ အသီးအသီးက အရေး ယူလျက် ရှိသော်လည်း တိတ်တိတ်ပုန်း ဘိန်းကုန်ကူးသူများနှင့် တိတ်တိတ်ပုန်း ဘိန်းစားသူ ဘိန်းရှူသူများကား ကမ္ဘာအနှံ့တွင် ရှိမြဲရှိကြသေး၏။ သို့သော် ဘိန်းဖြတ်ဆေးရုံများတွင် ကုသပျောက်ကင်းသူများလည်း အများပင် ရှိပေသည်။ ∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ 𖦁 ∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∘ ⎙ ဘိန်းသည် အလွဲသုံးစား ပြုသူတို့ကိုအကျိုးယုတ်စေ နိုင်သည် မှန်သော်လည်း၊ ဆေးဖက်တွင်မူ လူတို့၏ ရောဂါ ဝေဒနာ သက်သာရေးအတွက် အထူးပင် အသုံးဝင်သည်။ ဆေးဖက်တွင် အသုံးပြုပုံမှာ ဘိန်းမှ ဖော်စပ်ရရှိသော အိုပီယိတ်ခေါ် ဆေးတစ်မျိုးကို အိပ်မပျော် နိုင်လောက်အောင် ဝေဒနာ ပြင်းထန်နေသော လူနာတို့၏ ကိုယ်တွင်းသို့ထိုးသွင်း ပေးရသည်။ ထိုအခါ ဘိန်းအရှိန်ကြောင့် ခံစားနေရသည့် ဝေဒနာသက်သာပြီးလျှင် လူနာမှာ ကောင်းစွာ အိပ်ပျော် သွားတော့သည်။ ⎙ ကမ္ဘာတွင် ဘိန်းကို အကြီးအကျယ် စိုက်ပျိုးသော နိုင်ငံများမှာ အိန္ဒိယ၊ အီရန်၊ တူရကီ၊ မက်ဆီဒိုးနီးယား၊ ဗူလဂေးရီးယား၊ အီဂျစ်၊ အာရှမိုင်းနားနှင့် တရုတ်နိုင်ငံတို့ ဖြစ်ကြသည်။ ဘိန်းခင်းများကို မစိုက်ပျိုးမီ ကောင်းမွန်စွာ ပြုပြင်ပေးရ၍ အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်ရိုးတစ်လျှောက်တွင် အလွန်ကျယ်ဝန်းသော မြေပြန့်ပေါ်၌ စိုက်ပျိုးထားသော ဘိန်းခင်းကြီးများကို တွေ့နိုင်ပေသည်။ ▬▭▬▭▬▭▬▭▬▭▬▭▬▬▭▬▭ 𝐊ռ𝛔𝞈Ɩᥱժցᥱ Ѕჩᥲṛіռց ßყ 𝐙ᥲꭑᥱ ƊᥲṛᥲƖі𝛔ռ 𝖢ɾᴇᴅıᴛ ᴛօ Ⱳı𝗄ı⍴ᴇᴅıɑ .Ɗ𝛔ռ'ĎŻ ṛᥱρ𝛔ѕϯ 𝐑éꘫ 𝛃൦ȶ ⌕ @Knowledge74_bot ⌂ Ɍᥱᥲсϯі𝛔ռ ՟ἹἹժ #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ૮₍ ˃ࡇ˂ ₎ა⸙ #𝐄𝐧𝐳𝐚𝐥𝐢 ⋆ 🌷₊ ⊹ ˚⋆ . #𝐊ռ𝛔ωƖᥱժցᥱ

● ┅┅┅ ဘိန်းပင်အ‌ကြောင်း ┅┅┅ ● ⋅•⋅⋅• ⋅⊰⋅• ⋅⋅•⋅⋅•⋅⋅•⋅∙ ∘☽༓☾∘ ∙•⋅⋅⋅• ⋅⋅⊰⋅ •⋅⋅•⋅⋅• ⋅⋅•⋅ ⎙    ဘိန်းပင်သည် ဥယျာဉ်များထဲတွင် အလှစိုက်ပျိုးသော ပန်းပင်မျိုးဖြစ်၍ အမျိုးပေါင်း ၅ဝ ခန့်မျှ ရှိသည်။ ပန်းပွင့်များမှာ အပင်အမျိုးကိုလိုက်၍ အဖြူ၊ အနီး၊ ပန်းရောင်၊ အဝါ၊ လိမ္မော်၊ ကြက်သွေး စသည်ဖြင့် အရောင်အမျိုးမျိုးရှိကြသည်။ ငိုက်နေသော အဖူးများ၊ လှပစွာ အစွမ်းကုန် ပွင့်နေကြသော အပွင့်များနှင့် ပိုးရောင်တောက်နေသည့် ပွင့်ချပ်များကို တွေ့ရသည် ⎙    ဤဥယျာဉ်စိုက် ဘိန်းပင်များကို ဘိန်းပင်အရိုင်း အမျိုးမျိုးတို့မှ ရွေးချယ်ခြင်းဖြင့် လည်းကောင်း၊ မျိုးစပ် ယူခြင်းဖြင့် လည်းကောင်း ရရှိခဲ့လေသည်။ ထိုဘိန်းပင် အရိုင်းများထဲတွင် ရုက္ခဗေဒ အမည်အားဖြင့် ပါမေးဗား ဆွမ်နီဖာရမ်ဟုခေါ်သော ဘိန်းထွက်သည့် ရှေးအကျဆုံး ဘိန်းပင်မျိုးသည် အရင်းခံပင်မ ဖြစ်သည်။ ဥရောပတောင်ပိုင်းနှင့် အာရှတိုက် အနောက်ပိုင်း ဒေသများသည် ဤဘိန်းထွက်သော ဘိန်းပင်များ မူလပေါက်ရာ အရပ်များဖြစ်သော်လည်း ဘိန်း ရရှိရေးအတွက် အီရန်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံများတွင် အကြီးကျယ် စိုက်ပျိုးကြသည်။ ဘိန်းသီး အခွံပေါ်ရှိ ခြစ်ကြောင်းကလေးများမှထွက်သော အစေးသည် တဖြည်းဖြည်း ခြောက်လာ၍ နောက်တွင် ဘိန်းအကြမ်းစား ဖြစ်လာလေသည်။ ⋅•⋅⋅•⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∙∘☽༓☾∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ ⎙    သီးတောင့်ထဲရှိ အစေ့များမှ ရောင်စုံ ဆေးခြယ်ရာတွင် သုံးသော ဆီဆေးနှင့် စားသုံးဆီများကို ရနိုင်သည်။ ကြက်သွေးရောင် ပွင့်သော ဘိန်းပင်များသည် ဂရိတ် ဗြိတိန်ရှိ ဂျုံခင်းများနှင့် ဥရောပနိုင်ငံများတွင် အလေ့ကျ ပေါက်ကြသည်။ ⎙    သို့သော် တောင်သူလယ်သမားများအဖို့ကား ပေါင်းပင်များသာ ဖြစ်၍ အနှောင့်အယှက် ဖြစ်ပေသည်။ ပထမ ကမ္ဘာစစ်ကြီးအတွင်း ဖလန်းဒါးနယ် စစ်မြေပြင်များတွင် ပေါက်သော ဘိန်းပင်များသည် ဤကြက်သွေးရောင် ဘိန်းပင်များပင် ဖြစ်ကြသဖြင့် ပေါ်ပီနေ့ ဟူသော အမည်ပေါ်ပေါက်လာခဲ့ပေသည်။ တစ်ခါ စိုက်ထားလျှင် ပြန်စိုက်ရန်မလိုဘဲ နှစ်တိုင်း အစေ့များကျ၍ ပြန်ပေါက်ကြသည်။ ⎙    အဝါရောင်ပွင့်သော ဘိန်းပင်များသည် ဗြိတိန်နိုင်ငံရှိ တောင်တန်းဒေသများတွင် ပေါက်ရောက်၍ အခြား တစ်မျိုးမှာ ပင်လယ်ကမ်းခြေ တစ်လျှောက်တွင် ပေါက်ကြသည်။ဘိန်းသည် ဘိန်းသီးမှ ရရှိသော အဆီဖြစ်သည်။ ⋅•⋅⋅•⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∙∘☽༓☾∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ ⎙    ဘိန်းပင်မှ ဖေဖော်ဝါရီလ ကုန်လောက်တွင် ပန်းများ ပွင့်၍ မိုးမကျမီ အသီးများကောင်းစွာ ကြီးရင့်ကြသည်။ ဘိန်းပင်သည် ပန်းပင်အရွယ် အပင်ငယ်ကလေးများ ဖြစ်သည်။ ပန်းပွင့်များမှာ ဆွတ်ဆွတ်ဖြူ၍ အသီးများမှာ အစိမ်းရောင်ဖြစ်သည်။ ဘိန်းပင်သည် စွတ်စိုသော ရာသီဥတုကို ခံနိုင်ရည်မရှိသည့်အတွက် ဘိန်းသီးများမှ ဘိန်းဆီကို မိုးမကျမီ ထုတ်ယူကြရသည်။ ⎙ ဘိန်းဆီ ထုတ်ယူပုံမှာ ဘိန်းသီးများ၏ အခွံပေါ်၌ ခြစ်ကြောင်းကလေးများ ပြုလုပ်ပေးရ၍၊ ထိုခြစ်ကြောင်းများမှ ထွက်လာသော ပန်းရောင်ဖြစ်သည့် စေးကပ်ကပ် အဆီကို သိမ်းဆည်းယူရသည်။ ဘိန်းခင်း အလုပ် သမားတို့သည် ၂ ရက်ခြား ၃ ရက်ခြားတစ်ခါ ပင်တိုင်းစေ့ လိုက်ပြီးလျှင် ဘိန်းသီးများကို ခြစ်ပေးရ၍၊ ၂ ကြိမ် မှ ၆ ကြိမ်အထိ ထိုကဲ့သို့ခြားပြီး ခြစ်ပေးရသည်။ ⎙ ဘိန်းသီးများမှရသော ဘိန်းဆီကို ခွက်ပြားကြီးများတွင်ထည့်၍ ရက်သတ္တ ၄ ပတ်ခန့်နေပူလှန်းပေးသောအခါ ရေခြောက်ခန်းသွားသည့်အတွက် ပျစ်ခဲလာသည်။ ထိုနောက် ပျစ်ခဲနေသော အဆီကို နယ်ပေးရ၍ အလုံးများ ပြုလုပ်ပြီးလျှင် ဘိန်းလုံးများကို လုံးဝ သွေ့ခြောက်သွားသည်အထိ နေပူတွင် ထပ်တလဲလဲ လှန်လှောပြီး လှန်းပေးရပြန်သည်။ သွေ့ခြောက်သွားသောအခါ ဘိန်းလုံးများကို သေတ္တာများတွင်ထည့်၍ ကာလအတော်ကြာအောင် သိမ်း ဆည်းထားလိုက်လေသည်။ ▬▭▬▭▬▭▬▭▬▭▬▭▬▬▭▬▭ 𝐊ռ𝛔𝞈Ɩᥱժցᥱ Ѕჩᥲṛіռց ßყ 𝐙ᥲꭑᥱ ƊᥲṛᥲƖі𝛔ռ 𝖢ɾᴇᴅıᴛ ᴛօ Ⱳı𝗄ı⍴ᴇᴅıɑ 𝐑éꘫ 𝛃൦ȶ ⌕ @Knowledge74_bot ⌂ Ɍᥱᥲсϯі𝛔ռ ՟ἹἹժ #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ૮₍ ˃ࡇ˂ ₎ა⸙ #𝐄𝐧𝐳𝐚𝐥𝐢 ⋆ 🌷₊ ⊹ ˚⋆ . #𝐊ռ𝛔ωƖᥱժցᥱ