4 717
Subscribers
-324 hours
No data7 days
-430 days
Posts Archive
မနက်ဖြန်၊ ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၃) နှစ်ပြည့် လူထုတိုက်ပွဲခေါ်သံ
📣📣📣📣📣
"အပြင်မထွက်၊ အသံတိတ်သပိတ်" (Silent Strike)
ဒို့လူထုတွေ၊ ညီစေနော်၊ ညီကြမယ် 💪💪💪💪💪
SFIG - ပြိုကွဲနေသော နိုင်ငံများ၌ ဗဟိုမှ အာဏာခွဲဝေခြင်း နှင့် ဖက်ဒရယ်စနစ် ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လုပ်ငန်းစဉ်နှင့် ပုံစံ
"ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများအကြောင်း"
−−−−−−−−−−−−−−−
ဖက်ဒရယ်နိုင်ငံတိုင်းမှာ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ ရှိကြသလား။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဘယ်လိုကွာခြားချက်တွေရှိလဲ။
''ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတွေရှိရင် ဘာကောင်းကျိုးရသလဲ၊ မရှိရင်ရော ဘယ်လိုအကျိုးဆက်တွေရှိသလဲ'' ဆိုတာတွေကို လေ့လာနိုင်ဖို့
ဖက်ဒရယ်စနစ်အတွင်းက ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတချို့ကို ပုံဖော်ဖန်တီး တင်ဆက်လိုက်ပါတယ်။
#MBEH
#SFIG #Stateconstitutions #Federalism
"ဒီဂျစ်တယ်အသိပညာ (Digital Literacy) သင်တန်းအစီအစဉ်များကို အသိပေးသတင်းထုတ်ပြန်ခြင်း"
ပြည်သူမိဘများ၊ CDM ဆရာ/မများနှင့် ပြည်သူ့ကျောင်းသား/သူများထံသို့ အသိပေးတင်ပြအပ်ပါသည်။
MOE Official Page Post Link >>
https://m.facebook.com/story.php?story_fbid=pfbid0wMxvkAR6aAyakyywbbYHp1YnizcLK9zBLA7H32VBGtoTZQS3QEZS6UWx4eeou9aml&id=100068877497564&mibextid=Nif5oz
https://www.facebook.com/100072111864889/posts/274149924998734/?mibextid=Nif5oz
"မေးခွန်းများ ဖိတ်ခေါ်ခြင်း"
🤝🤝🤝🤝🤝🤝🤝
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာကဏ္ဍ (NUG MoE BE) အနေဖြင့် ပြည်သူနှင့်အတူရပ်တည်သည့် ကျောင်းသားများ၊ CDM ဆရာများနှင့် ပြည်သူမိဘများ၏အသံကို အထူးအလေးထားနားထောင်၍ တတ်စွမ်းနိုင်သမျှ ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရန် ကြိုးစားဆောင်ရွက်ပေးလျက် ရှိပါသည် ။
အကြမ်းဖက်စစ်အာဏာရှင်အောက် ဒူးမထောက်သော ပြည်သူ့ဘက်တော်သား ကျောင်းသားဆရာပြည်သူမိဘများအနေဖြင့်
"ကြားကာလအခြေခံပညာရေးဆိုင်ရာ"
သိလိုသော၊ မေးမြန်းလိုသော မေးခွန်းများကို 2023, June 8 ရက်နေ့မတိုင်မီ Email ပေးပို့၍ မေးမြန်းနိုင်ပါသည် ။
မေးခွန်းပေးပို့ရန် Email :
media@be.moeedu.org
မေးမြန်းလာသော "ကြားကာလအခြေခံပညာရေးဆိုင်ရာမေးခွန်း" များကို ပြည်သူများထံသို့ စုစည်းဖြေကြားတင်ပြပေးသွားမည် ဖြစ်ပါသည် ။
#NUG #NUGMOE #MBEH
CDM ကျောင်းသားများအတွက် အာမခံချက်နှင့်ပတ်သက်သည့်စစ်တမ်း ဖြေဆိုပေးရန် Link >>
https://forms.gle/b5krY15xvXq79dzk7
ယခု သုသေတနမေးခွန်းလွှာသည် "နွေဦးတော်လှန်ရေးကာလ အဆင့်မြင့်ပညာရေးကဏ္ဍ ပထမအကြိမ်ညီလာခံ" တွင် တင်သွင်းမည့် စာတမ်းငယ်အတွက် သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန၊ ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရမှ ကောက်ယူသောစစ်တမ်း ဖြစ်ပါသည်။
ကျောင်းသား/သူများထံသို့ လက်ဆင့်ကမ်းဖြန့်ဝေပေးပါရန် လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်။
Repost from Teacher Education CPD MBEH Channel
''ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂)နှစ်ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ''
---------------------------------
ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် နှစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အွန်လိုင်းဆွေးနွေးပွဲများတွင် ပဋိညာဉ်ကို စုံလင်ကွဲပြားသော ရှုမြင်သုံးသပ်မှုများ လွတ်လပ်၊ ပွင့်လင်း၊ စုံလင်စွာ တင်ပြသွားနိုင်ရန် ရည်ရွယ်ပါသည်။ အွန်လိုင်းဆွေးနွေးပွဲများ၏ ရလဒ်များအဖြစ် လူထု၏ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို သိရှိနားလည်မှု မြှင့်တင်ခြင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်၏ အားသာချက်၊ အားနည်းချက် များကို သုံးသပ်ခြင်းဖြင့် နွေဦးတော်လှန်ရေး၏ ဦးတည်ချက်များဖြစ်သော စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အထောက်အပံ့ဖြစ်စေမည့် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် လူထုပါဝင်မှု၊ အင်အားစုများ ပေါင်းစည်းနိုင်မှုများဖြင့် တည်ဆောက် အကောင်အထည်ဖော်သွားနိုင်ကြရန် ရည်ရွယ်ပါသည်။
#NUCC #FDC #NUCC_NUG _Webinars
https://www.facebook.com/100068796986578/posts/530188159284412/?mibextid=Nif5oz
Repost from Teacher Education CPD MBEH Channel
Federal Democracy Charter Web Application
📖ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁) နဲ့ အစိတ်အပိုင်း (၂) တို့ကို web application မှာ ဘာသာစကားမျိုးစုံနဲ့ ဖတ်ရှုနိုင်ပါပြီ။
📱App ကို ဖုန်းမှာ Install ပြုလုပ်ဖို့အတွက် QR code ကို scan ဖတ်ပြီးသော်လည်းကောင်း၊ app.federaldemocracycharter.com ကို ဝင်ရောက်ပြီးတော့သော်လည်းကောင်း ပြုလုပ်နိုင်ပါတယ်။ Add to Home Screen ပြုလုပ်ထားတယ်ဆိုရင်တော့ cache clear မလုပ်မချင်း အင်တာနက်မရှိလည်း offline ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
🖥️Tablet နဲ့ Desktop တွေအတွက်ကတော့ federaldemocracycharter.com ကနေလည်း ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
📱Mobile - app.federaldemocracycharter.com
🖥️Tablet and Desktop - federaldemocracycharter.com
📚စာအုပ် PDF အနေနဲ့ ရယူလိုပါက https://nucc-federal.org/federal-democracy-charter/ မှာ ရယူနိုင်ပါတယ်။
Federal Democracy Charter Web Application
📖ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁) နဲ့ အစိတ်အပိုင်း (၂) တို့ကို web application မှာ ဘာသာစကားမျိုးစုံနဲ့ ဖတ်ရှုနိုင်ပါပြီ။
📱App ကို ဖုန်းမှာ Install ပြုလုပ်ဖို့အတွက် QR code ကို scan ဖတ်ပြီးသော်လည်းကောင်း၊ app.federaldemocracycharter.com ကို ဝင်ရောက်ပြီးတော့သော်လည်းကောင်း ပြုလုပ်နိုင်ပါတယ်။ Add to Home Screen ပြုလုပ်ထားတယ်ဆိုရင်တော့ cache clear မလုပ်မချင်း အင်တာနက်မရှိလည်း offline ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
🖥️Tablet နဲ့ Desktop တွေအတွက်ကတော့ federaldemocracycharter.com ကနေလည်း ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
📱Mobile - app.federaldemocracycharter.com
🖥️Tablet and Desktop - federaldemocracycharter.com
📚စာအုပ် PDF အနေနဲ့ ရယူလိုပါက https://nucc-federal.org/federal-democracy-charter/ မှာ ရယူနိုင်ပါတယ်။
''ဖက်ဒရယ်စနစ် နှင့် ပညာရေးဆိုင်ရာ လုပ်ပိုင်ခွင့်များခွဲဝေမှု'' ၊ ရုပ်ပြပုံ (၁၆)
(မြန်မာဘာသာစကား)
-----------------------------
ဖက်ဒရယ်စနစ်မှာ ပညာရေးဆိုင်ရာလုပ်ပိုင်ခွင့်များကို ဘယ်လိုအသေးစိတ်ခွဲဝေကျင့်သုံးကြတယ်၊ ဘယ်လိုပူးပေါင်းစီမံကြတယ်ဆိုတဲ့ နည်းလမ်းတချို့အပြင် ဘာကြောင့် ဒီလိုခွဲဝေစီမံကြတယ်၊ ဘယ်လိုအကျိုးရလဒ်တွေ ရရှိစေတယ်ဆိုတာကို
မြန်မာဘာသာစကားကိုအသုံးပြုပြီး ရုပ်ပြပုံလေး (၁၆) ပုံနဲ့ သရုပ်ပြ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
မကြာခင်မှာ လူမျိုးစုဘာသာစကားများနဲ့လည်း ဆက်လက်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ် ။
''ဖက်ဒရယ်စနစ် နှင့် ပညာရေး'' ၊ ရုပ်ပြပုံ (၁၅)
(မြန်မာဘာသာစကား)
-----------------------------
ဖက်ဒရယ်စနစ်မှာ ပညာရေးကဏ္ဍနဲ့ ပတ်သက်လို့ လုပ်ပိုင်ခွင့်အာဏာခွဲဝေမှုတွေသာမက ဘဏ္ဍာရေးနဲ့ အရည်အသွေးကိစ္စရပ်တွေအတွက် ဖက်ဒရယ်အစိုးရ၊ ပြည်နယ်အစိုးရနဲ့ ဒေသအသိုက်အဝန်းတွေအကြား ပူးပေါင်းဆောင်ရွက်ကြပုံ ၊ ထည့်သွင်းစဉ်းစားစရာ နောက်ခံအကြောင်းအရင်းတွေကို လေ့လာနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် ။
မကြာခင်မှာ လူမျိုးစုဘာသာစကားများနဲ့လည်း ဆက်လက်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ် ။
ချီဘီလေးတွေပြောတဲ့ ဒေသန္တရအစိုးရအကြောင်း ၊ ရုပ်ပြပုံ (၂၀)
(မြန်မာဘာသာစကား)
----------------------------
ဒီနေ့ဖက်ဒရယ်စနစ်မှာ ခေတ်စားလာတဲ့ ဒေသန္တရအစိုးရတွေအကြောင်းကို ချီဘီဇာတ်ကောင်လေးတွေက စိတ်ဝင်စားဖွယ် သရုပ်ပြမှုတွေနဲ့ တင်ဆက်ပေးသွားပါမယ် ။
ဒေသန္တရအစိုးရဆိုတာဘာလဲ၊ ဘယ်လိုအလုပ်တာဝန်တွေကိုလုပ်ဆောင်သလဲ၊ ဖက်ဒရယ်စနစ်မှာဘယ်လိုနေရာကနေ ပါဝင်လုပ်ဆောင်သလဲ၊ ဘယ်လိုကောင်းကျိုးတွေရှိသလဲ စတာတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်၊
မကြာခင်မှာ လူမျိုးစုဘာသာစကားများနဲ့ ဆက်လက်တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
