en
Feedback
ဂျက်ကီချန်း

ဂျက်ကီချန်း

Open in Telegram

Owner ➡️ @UCKIND543

Show more
No data
Subscribers
+824 hours
+2307 days
+3 40130 days
Posts Archive
လှတာမက်လွန်းရင် ပါးစပ်ပါပျောက်နိုင်တဲ့ ဇာတ်ကား အလှအပဆိုတာ အရေပြားတစ်ထောက်စာ ဆိုပေမယ့် အဲဒီတစ်ထောက်စာ အလှအပအတွက်ကို ငွေကြေးမျာ
လှတာမက်လွန်းရင် ပါးစပ်ပါပျောက်နိုင်တဲ့ ဇာတ်ကား အလှအပဆိုတာ အရေပြားတစ်ထောက်စာ ဆိုပေမယ့် အဲဒီတစ်ထောက်စာ အလှအပအတွက်ကို ငွေကြေးများစွာ အကုန်အကျခံပြီးတော့ ပလပ်စတစ်ဆာဂျရီလုပ်သူတွေ ဒုနဲ့ဒေး များလာတဲ့ခေတ်ကြီးမှာ အလှအပအတွက် ဘာမဆိုစတေးရဲတယ်ဆိုတာအံ့ဩစရာတော့ မဟုတ်ပါဘူး။ဒီဇာတ်ကားမှာဆိုရင် ရှောင်ဝေဆိုတဲ့ တရုတ်မလေးဟာ နယူးဇီလန်နိုင်ငံကို စကောလားရှစ် ပညာသင်ဆုရပြီး ကျောင်းတက်ဖို့အတွက်ရောက်လာခဲ့တဲ့သူ ဖြစ်ပါတယ်။ သူမရဲ့ ဆုံးပါးသွားပြီးဖြစ်တဲ့ အဖေကဇီဝသိပ္ပံပညာရှင် တစ်ယောက် ဖြစ်ခဲ့ပြီးတော့ သူမရော သူမရဲ့အဖေမှာတူညီတဲ့ အချက်က မျက်နှာဘေးခြမ်းနဲ့ လည်ပင်းနားမှာ အရုပ်ဆိုးတဲ့မွေးရာပါအမှတ် ပါရှိနေတာပါ။ ဒီအမှတ်ကို ပြုပြင်ပြီး အရေပြားလှပဖို့ကြိုးစားရင်း စမ်းသပ်မှုမတော်တဆဖြစ်ပြီး ရှောင်ဝေရဲ့ ဖခင်ကဆုံးပါးသွားခဲ့ရတာလည်း ဖြစ်ပါတယ်။ နယူးဇီလန်မှာ ကျောင်းတက်ဖို့အတွက် လာခဲ့တဲ့ ရှောင်ဝေတစ်ယောက် အပေါင်းအသင်းဝင်ဆံ့ဖို့အတွက်လှပချင်စိတ်နဲ့အတူ သူမအဖေ စမ်းသပ်ခဲ့တဲ့ စမ်းသပ်မှုကို ဆက်လုပ်ဖို့ဖြစ်လာတဲ့အခါမှတော့….။ Movie Link 🤩 📱➡️ https://t.me/kindomovie/3764

⭐ This Is Not What I Expected (2017) ⭐ အစားအသောက်ချစ်သူလေးတွေ ကြည့်သင့်တဲ့ဇာတ်ကား ဇာတ်ကားလေးကတော့ အစားအသောက်နဲ့ပတ်သတ်တဲ့ကားလေ
⭐ This Is Not What I Expected (2017) ⭐ အစားအသောက်ချစ်သူလေးတွေ ကြည့်သင့်တဲ့ဇာတ်ကား ဇာတ်ကားလေးကတော့ အစားအသောက်နဲ့ပတ်သတ်တဲ့ကားလေးပါပဲ Lu Jin ဟာ Company တခုရဲ့ CEO တစ်ဦးဖြစ်ပြီးတော့ Chef တစ်ယောက်ဖြစ်တဲ့ Gu Shengnan နဲ့တွေ့ဆုံပြီးတဲ့နောက် တစ်ယောက်နဲ့ တစ်ယောက်အပြိုင်အဆိုင်တွေကြားထဲကနေပေါ်ပေါက်လာတဲ့ Romance Story လေးတခုဖြစ်သလို အစားတပေါက်လျှမ်းလျှမ်းတောက်တဲ့သူတွေလည်း ကြည့်သင့်တဲ့ ကားလေးပါ Movie Link 🤩 📱➡️ https://t.me/Relaxinrela/1693

⭐ Sita Ramam (2022) ⭐ အက်ဖရင်း (ရက်ရှ်မီကာ) ဟာ ပါကစ္စတန်လူငယ်ဥက္ကဌဖြစ်ပြီး အိန္ဒိယတွေကို တအားမုန်းတဲ့သူဖြစ်ပါတယ် အိန္ဒိယကျောင
⭐ Sita Ramam (2022) ⭐ အက်ဖရင်း (ရက်ရှ်မီကာ) ဟာ ပါကစ္စတန်လူငယ်ဥက္ကဌဖြစ်ပြီး အိန္ဒိယတွေကို တအားမုန်းတဲ့သူဖြစ်ပါတယ် အိန္ဒိယကျောင်းသားနဲ့ ပါကစ္စတန်ကျောင်းသားတွေ အဓိကရုဏ်းဖြစ်ပြီး အိန္ဒိယဘက်က ပါကစ္စတန်အလံကို မီးရှိခဲ့တဲ့အတွက် သူဟာ အိန္ဒိယအကြီးအကဲတစ်ယောက်ရဲ့ကားကို ပြန်ပြီး မီးရှိခဲ့ပါတယ် အဲဒီအတွက် ဟိုဘက်က သူ့ကို တောင်းပန်ရင်ပန် မဟုတ်ရင် လျော်ကြေး ၁ သန်းပေးရမယ်လို ပြောပါတယ် ဒါနဲ့ပဲ အိန္ဒိယတွေကို တအားမုန်းတဲ့ အက်ဖရင်းဟာ အိန္ဒိယတစ်ယောက်ကို တောင်းပန်မယ့်အစား လျော်ကြေးပဲပေးမယ်လို ဆုံးဖြတ်ပြီး အဘိုးဖြစ်သူဆီက ပိုက်ဆံတောင်းလိုက်ပါတယ် ဒါပေမယ့် သူ့အဘိုးဖြစ်သူဟာ သေဆုံးသွားပြီဖြစ်ပြီး သေတမ်းစာထဲမှာ သူ လွန်ခဲ့တဲ့နှစ် (၂၀) က မတည်နိုင်ခဲ့တဲ့ ကတိတစ်ခုကို "အက်ဖရင်း" က တည်အောင်လုပ်ပေးရမယ် အဲဒီလိုလုပ်ပေးမှ အမွေတွေပေးမယ်လို ရေးထားခဲ့ပါတယ် အဲဒီကတိကတော့ သူ့သူငယ်ချင်းဖြစ်သူ "ရမ်" ရဲ့ ကောင်မလေး "ဆီတာ" ဆီ မပိုဖြစ်ခဲ့တဲ့ စာတစ်စောင်ကို ပိုပေးရမှာပဲဖြစ်ပါတယ်... ခက်တာက အဲဒီ "ရမ်" နဲ့ "ဆီတာ" ဟာ အိန္ဒိယလူမျိုးဖြစ်နေတာပါပဲ ဒါပေမယ့်လည်း ပိုက်ဆံလိုနေတဲ့ "အက်ဖရင်း" ဟာ သူ့အဘိုးခိုင်းထားတဲ့အလုပ်ကို သဘောတူလိုက်ပြီး သူ မဆက်ဆံချင်ဆုံး အိန္ဒိယလူမျိုးတွေနဲ့ ဆက်ဆံဖို ဖြစ်လာပါတော့တယ်.... Movie Link 🤩 📱➡️ https://t.me/chitmar123456/3820

⭐ eli (mmsub) ⭐ အသက်ရှုလိုက်တိုင်း ခန္ဓာကိုယ်ကြီးပေါက်ထွက်မတတ်ဖြစ်တဲ့ရောဂါ ... Eli ဆိုတဲ့ကလေးလေးက ထူးခြားတဲ့ရောဂါတစ်ခုဖြစ်နေပ
⭐ eli (mmsub) ⭐ အသက်ရှုလိုက်တိုင်း ခန္ဓာကိုယ်ကြီးပေါက်ထွက်မတတ်ဖြစ်တဲ့ရောဂါ ... Eli ဆိုတဲ့ကလေးလေးက ထူးခြားတဲ့ရောဂါတစ်ခုဖြစ်နေပါတယ်။ အဲဒါကတော့ လေနဲ့မတည့်တာပါ။လေရှုလိုက်ရင် သူ့အရေပြားတွေလောင်ကုန်ပြီး ပေါက်ကွဲမလိုဖြစ်တဲ့ ရောဂါဆန်းပါ။သူအိမ်မှာနေရလဲ မှန်လုံအိမ်ထဲလိုနေရာမျိုးမှာလေ Filter နဲ့နေရပါတယ်။လေတင်မကဘူး ရေလည်းထိလို့မရပါဘူး ?။ အဲတာနဲ့ပဲ သူ့အဖေနဲ့အမေက သူ့ကို ဆေးကုဖို့ Doctor Horn ဆိုတဲ့ ဆရာဝန်မ အိမ်မှာနေရင်းဆေးကုဖို့ လုပ်ခဲ့ကြပါတယ်။ အဲဒီ အိမ်က လေ filtration နဲ့ရေ filtration system တွေပြည့်နေတာမို့ Eli လေးတစ်ယောက် မှန်လုံအိမ်နဲ့ အလုံပိတ်ထားတဲ့ အင်္ကျီထဲမှာနေစရာ မလိုတော့ပါဘူး။သူ့ကိုဆေးကုနေရင်းနဲ့ပဲ Step 1 အဆင့်မှာ ဒီအိမ်ကသာမန်မဟုတ်ပဲ သရဲခြောက်တဲ့အိမ်ဆိုတာသိခဲ့ရတယ်။သူကအပြင်ထွက်မရပေမယ့် အပြင်ဘက်မှာ Harley ဆိုတဲ့ မိန်းကလေးနဲ့ မှန်တစ်ဖက်တစ်ချက်စီက စကားပြောရင်းခင်ခဲ့ပါတယ်။သရဲတွေကခြောက်တာ တဖြည်းဖြည်းဆိုးလာတာတွေရော Harley ကြောင့်ပါ ဒီအိမ်ကြီးက လုံးဝမူမမှန်သလို Doctor Horn ကလည်းသူထင်ခဲ့သလို မဟုတ်မှန်းသိလာခဲ့တယ်။ Movie Link 🤩 📱➡️ https://t.me/kindomovie/3763

⭐ Kesari Chapter 2 (2025) ⭐ ရှန်ကရန်နာရ်ဆိုတဲ့ ရှေ့နေဟာ ဗြိတိသျှအုပ်ချုပ်ရေးဘက်မှာ အရမ်းကို အားကိုးရတဲ့ ရှေ့နေတစ်ယောက်ဖြစ်ပါတ
⭐ Kesari Chapter 2 (2025) ⭐ ရှန်ကရန်နာရ်ဆိုတဲ့ ရှေ့နေဟာ ဗြိတိသျှအုပ်ချုပ်ရေးဘက်မှာ အရမ်းကို အားကိုးရတဲ့ ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ ပြီးတော့ သူနာမည်ကြီးတဲ့ တခြားအချက်ကတော့ လိုက်တဲ့အမှုတိုင်းကို နိုင်တာပါပဲ။ပထမကမ္ဘာစစ်ကြီးဖြစ်တဲ့အချိန်မှာ ဗြိတိသျှတွေဟာ စစ်သားအင်အားမလုံလောက်တဲ့အတွက် အိန္ဒိယဘက်ကို စစ်သည်အင်အားပေးမယ်ဆိုရင် အိန္ဒိယနိုင်ငံကို လွတ်လပ်ခွင့်ပေးမယ်ဆိုတဲ့ကတိပေးခဲ့တာကြောင့် လူပေါင်းများစွာ ဗြိတိသျှတပ်မှာ ဝင်ရောက်ပြီး တိုက်ခိုက်ပေးခဲ့ပါတယ်။ သို့ပေမဲ့လည်း စစ်ကြီးပြီးသွားတဲ့အချိန်မှာတော့ ဗြိတိသျှတွေဟာ စကားကို မတည်ခဲ့တဲ့အတွက် ဗြိတိသျှစစ်တပ်ကို လူဦးရေအများဆုံးဝင်ခဲ့တဲ့ ပန်ဂျပ်တွေဟာ တော်လှန်ခဲ့ပါတော့တယ်။ ဒီမှာ ခရီပယ်ဆင်းဂ်ဆိုတဲ့ ကဗျာဆရာကတော့ ပန်ဂျပ်လူငယ်လေးတွေကိုပါ စည်းရုံးပြီး တော်လှန်ရေးကို ဦးဆောင်ခဲ့သူတစ်ယောက်ပေါ့။ခရီပယ်ဆင်းဂ်ကို ဗြိတိသျှဘက်ကနေ ရှင်းပစ်ချင်ပေမဲ့ တရားရုံးကို တင်လိုက်တိုင်း လွတ်လွတ်သွားခဲ့တာကြောင့် အကျပ်ရိုက်ပြီး ရှန်ကရန်နာရ်ကို ခရီပယ်ဆင်းဂ်အား တရားစွဲဆိုနိုင်ရင် အမှုလိုက်ခိုင်းခဲ့ပါတော့တယ်။ဒီလိုနဲ့ပဲ ရှန်ကရန်နာရ်တစ်ယောက် ဂျယ်လီယန်ဝါလာဘာ့ဂ်မှာ ပါဝင်လာခဲ့ရပါတော့တယ်။ ရှန်ကရန်ဆင်းဂ်ဟာ အိန္ဒိယလူမျိုးတစ်ယောက်ဖြစ်ပေမဲ့ ဘာလို့များ ဗြိတိသျှတွေဘက်ကနေ တိုက်ခိုက်ပေးနေတာလဲ ……. ဂျယ်လီယန်ဝါလာဘာ့ဂ် သတ်ဖြတ်မှုကြီးကရော ဘယ်လိုတွေကြောင့် ဖြစ်လာရတာလဲ…. ဆိုတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ သမိုင်းကြောင်းဒရာမာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Movie Link 🤩 📱➡️ https://t.me/Relaxinrela/1692

မောင်ခေါ်ရာနောက်ကို ဆူးခင်းတဲ့လမ်းလည်း အတူလိုက်မယ့် မိန်းမပျို အတ္တတွေ မာန်မာနတွေနဲ့လက်စားချေခြင်းရဲ့ ပူလောင်ခြင်းသဘောတရားတွေ
မောင်ခေါ်ရာနောက်ကို ဆူးခင်းတဲ့လမ်းလည်း အတူလိုက်မယ့် မိန်းမပျို အတ္တတွေ မာန်မာနတွေနဲ့လက်စားချေခြင်းရဲ့ ပူလောင်ခြင်းသဘောတရားတွေသာမကပဲလူ့လောက မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ လူတွေရဲ့ သဘောသဘာဝတွေကိုပါမီးမောင်းထိုးပြထားပြီး အတ္တကြီးပြီး စိတ်ဖောက်ပြန်တတ်ပုံကိုလည်းပီပီပြင်ရိုက်ကူးပြထားတာကိုတွေ့ရပါတယ်ဇာတ်လမ်း အကျဉ်းလေးကတော့ ဗိုလ်မှူး စုဟာ သူ့စစ်တပ်ကနေအနားယူပြီး မိန်းမဖြစ်သူနဲ့ အတူ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေသူတစ်ဦးပါစု ရဲ့ ယောက္ဖ နဲ့ မိန်းမကို စုရဲ့ အဖေကပဲ မွေးစားပြီးကျွေးမွေးစောင့်ရှောက်ခဲ့ပါတယ် ဒီလို ကျွေးမွေးစောင့်ရှောက်ခဲ့တယ်ဆိုတာကလည်းစု ရဲ့ အဖေဟာ လူအများ အကျိုးအတွက် စု ယောက္မကြီးကို သတ်ခဲ့လိုလည်းဖြစ်ပါတယ်ဒီလို နဲ့ အုပ်ချုပ်ရေးမှူးဖြစ်လာတဲ့ စုရဲ့ ယောက္ဖဟာ တစ်နေ့မှာ အိမ်ပြန်လာပြီးမွေးအဖေရဲ့ သွေးကြွေးကလဲ့စားကို လှလှပပကြီး ဆပ်လိုက်တဲ့အခါမှာတော့ Movie Link 🤩 📱➡️ https://t.me/kindomovie/3762

⭐ 𝗔𝗖𝗘 (𝟮𝟬𝟮𝟱) ⭐ ဗီဂျေးစည်သူပသီ၊ ယိုဂီဘာဘူ ယခုတစ်ခါတင်ဆက်ပေးချင်တာကတော့ ဗီဂျေးစည်သူပသီ နှင့် ယိုဂီဘာဘူတို့ ပါဝင်တဲ့ roma
𝗔𝗖𝗘 (𝟮𝟬𝟮𝟱) ဗီဂျေးစည်သူပသီ၊ ယိုဂီဘာဘူ ယခုတစ်ခါတင်ဆက်ပေးချင်တာကတော့ ဗီဂျေးစည်သူပသီ နှင့် ယိုဂီဘာဘူတို့ ပါဝင်တဲ့ romantic crimeအမျိုးအစားဇာတ်ကားလေးပါ။ crimeဆိုပေမယ့် ဟာသလည်းပါတာကြောင့် ကြည့်ရှူသူတွေအတွက် ပျင်းရိစေမှာမဟုတ်ပါဘူး ။ ဇာတ်လမ်းကေတာ့⚪⚪⚪ ကန်နန်ဟာပြစ်မှုကျူးလွန်ပြီး ထောင်ကျခဲ့ပေမဲ့ တကယ်တမ်းကတော့ စိတ်ထားကောင်းပြီး ကူညီပေးတတ်သူပါ။ အဲဒီစိတ်ကပဲသူကိုပြစ်မှုကျူးလွန်မိအောင်လုပ်သလို ဖြစ်နေခဲ့တာလို့ ဆိုရမလိုပါပဲ။သူထောင်ကထွက်လာချိန်မှာ‌တော့ ဘ၀သစ်စပြီး ပြဿနာတွေနဲ့ဝေးအောင်နေမယ်လို့ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့ ကံကြမ္မာကတော့ သူ့ကို အဲဒီအတိုင်းနေခွင့်မပေးခဲ့ဘဲ ပြဿနာတွေထဲ၀င်ပါမိ‌စေဖို့ အကြောင်းဖန်လာခဲ့ပါတယ်။သူနေတဲ့နေရာသစ်မှာ ရူကူဆိုတဲ့ မိန်းမချောလေးနဲ့ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ရပါတယ်။ စစချင်းမှာ မတည့်ခဲ့ပေမဲ့ နောက်ပိုင်းမှာ မိန်းကလေးရဲ့သနားစရာဘ၀ပြဿနာအကြောင်း သိလိုက်ရတဲ့အခါ…. Movie Link 🤩 📱➡️ https://t.me/love_movie67/3360

⭐ Legend of the Naga Pearls ⭐ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လူသားမျိုးနွယ်နဲ့ တောင်ပံလူသားမျိုးနွယ်တို စစ်ပွဲတွေဆင်နွှခဲ့ကြပါ
Legend of the Naga Pearls လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လူသားမျိုးနွယ်နဲ့ တောင်ပံလူသားမျိုးနွယ်တို စစ်ပွဲတွေဆင်နွှခဲ့ကြပါတယ်။ဒီလိုအငြိုးအတေးတွေနဲ့တိုက်ခိုက်မှုတွေရှိခဲ့တဲ့အတွက်ကြောင့်တောင်ပံလူသားတွေဟာ သူတိုရဲ့ အသက်ဖြစ်တဲ့ ကြယ်ကြွေပန်းကို ဆုံးရှူးခဲ့ရပြီး မပျံသန်းနိုင်တော့တဲ့အထိဖြစ်ခဲ့ရပါတယ်။အဲ့ဒါကြောင့် တောင်ပံလူသားတစ်ဦးဖြစ်တဲ့ရွှယ်လျဲ့ဟာနာကြည်းမုန်တီးမှုရန်ငြိုးတွေကြောင့်ငါးမန်းပုလဲကို ရယူပြီး လူသားတွေရဲ့ ကမ္ဘာကို ပျက်စီးအောင် ကြိုးစားပါတော့တယ်။ အဲ့ဒါတွေကို ဓားပြကြီးနီခုံးခုံး၊ မိန်းမလှလေးတောင်ပံမည်းနဲ့ ဘုရင့်သားတော်ဟော့လိတိုစုပေါင်းပြီးတားဆီးရွယ်လျဲ့ကိုတားဆီးဖိုကြိုးစားကြမှာပါ။အချစ်ရသအနေနဲ့ကတော့ဓားပြကြီးနီခုံးခုံးနဲ့ မိန်းမလှလေးတောင်ပံမည်းတိုရဲ့ မေတ္တာရေးဇာတ်လမ်းကိုလည်းရိုမတ်တစ်ဆန်ဆန်လေးခံစားကြရမှာပါ Movie Link 🤩 📱➡️ https://t.me/Kindomovie1/5210

⭐ Master (2021) ⭐ ဒီတစ်ခါမှာတော့ မင်းသားကြီး ဗီဂျေးရဲ့ နာမည်ကြီးဇာတ်ကားတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ ဗီဂျေးစည်သူပသီလည်းပါ၀င်သရ
⭐ Master (2021) ⭐ ဒီတစ်ခါမှာတော့ မင်းသားကြီး ဗီဂျေးရဲ့ နာမည်ကြီးဇာတ်ကားတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ ဗီဂျေးစည်သူပသီလည်းပါ၀င်သရုပ်ဆောင်ထားတဲ့ကားကြီးပါ။ ဇာတ်လမ်းအကျဉ်းကတော့ အရက်တွေသောက် ဆိုးသွမ်းလှတဲ့ ကျောင်းဆရာတစ်ယောက်ဟာ ဘယ်ကျောင်းမှာမှအဆင်မပြေပါဘူး။ တစ်နေ့တော့ သူဟာ ကလေးထောင်လို့ခေါ်တဲ့ ကလေးပြုပြင်ထိန်းသိမ်းရေးကျောင်းမှာ တာ၀န်ကျဖို့ဖြစ်လာခဲ့ပါတယ်။ အဲ့ထောင်က‌ ကလေးတွေဟာ မူးယစ်ဆေးအပြင် ခိုးဆိုးလုနှိုက်၊လူသတ်တာတွေအပါအ၀င် ပြစ်မှုမျိုးစုံကို ကျူးလွန်နေကြတဲ့ လူမိုက်ပေါက်စလေးတွေပါ။ လူမိုက်ဆရာနဲ့ လူမိုက်တပည့်တွေ တွေ့ကြတဲ့အခါမှာတော့... ဇာတ်လမ်းအလှည့်အပြောင်းမျိုးစုံနဲ့ ကြည့်ရှုလိုက်ကြပါဦး Movie Link 🤩 📱➡️ https://t.me/chitmar123456/3819

⭐ Canola (2016) ⭐ ပျောက်ဆုံးသွားတဲ့ မြေးငယ်လေးကို ၁၂ နှစ်ကြာမှ ပြန်တွေ့သောအခါ IMDb 6.9 ရရှိထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်ဒီဇာတ်ကား
⭐ Canola (2016) ⭐ ပျောက်ဆုံးသွားတဲ့ မြေးငယ်လေးကို ၁၂ နှစ်ကြာမှ ပြန်တွေ့သောအခါ IMDb 6.9 ရရှိထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်ဒီဇာတ်ကားလေးကတော့ ဟေးဂျင်းနဲ့သူမရဲ့အဘွားအပေါ်ထားရှိတဲ့မေတ္တာတရားတွေကိုဖော်ကျူ းထားသောဇာတ်ကားဖြစ်ပါတယ်သူတို့မြေးအဘွားဟာ ပင်လယ်ဆိပ်ကမ်းမှာနေထိုင်ပြီး အဘွားတခုမြေးတခုဘဝနဲ့အေးအေးချမ်းချမ်းနေထိုင်ခဲ့ကြတယ် တနေ့မင်္ဂလာပွဲသွားဖို့ မြို့တက်သွားချိန် ဈေးတခုမှာ မြေးလေးဟာလမ်းပျောက်သွားခဲ့ရပါတယ် အဘွားကလဲမြေးလေးပြန်လာဖို့နည်းလမ်းမျိုးစုံသုံးပြီး ရှာဖွေခဲ့ ပေမယ့် ၁၂နှစ်ကြာပြီးချိန်မှာအထိမြေးနဲ့အဘွားက ဘယ်လိုကိစ္စတွေကြောငိ့ ပြန်ဆုံကြမလဲနဲ့မြေးလေးကရောတကယ်ပဲအဘွားရဲ့မြေးအစစ်လားဆိုတာကိုဇာတ်လမ်းကြည့်ပြီး အတူတူရင်ခုံကြရအောင် ပြီးတော့ ဒီဇာတ်ကားဟာဆိုရင် မင်းသမီးလေးChoi Min Ho ပါဝင်တရုတ်ဆောင်ထားတာမို့ ဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်… Movie Link 🤩 📱➡️ https://t.me/Relaxinrela/1691

⭐ Run (2020) ⭐ ဆေးပညာရပ်မှာ Munchausen Syndrome by Proxy (သို့) Munchausen By Proxy လို့ ခေါ်တဲ့ စိတ်ရောဂါ တစ်ခု ရှိပါတယ်။ အဲ
Run (2020) ဆေးပညာရပ်မှာ Munchausen Syndrome by Proxy (သို့) Munchausen By Proxy လို့ ခေါ်တဲ့ စိတ်ရောဂါ တစ်ခု ရှိပါတယ်။ အဲဒါကတော့ ကလေးအမေ သို့မဟုတ် သက်ကြီးရွယ်အိုတစ်ယောက်ကို စောင့်ရှောက်နေရတဲ့ သူမျိုးမှာ ဖြစ်တတ်တဲ့ရောဂါပါ။ သူတို့စောင့်ရှောက်ရတဲ့ ကလေး သို့မဟုတ်လူကြီးကို တကယ်မရှိတဲ့ ရောဂါလက္ခဏာတွေ ရှိတယ်လို့ ထင်အောင်လုပ်ပြီး ဆေးရုံတွေတက်၊ ဆရာဝန်တွေ၊ သူနာပြုတွေ နဲ့ ပတ်ဝန်းကျင်ကလူတွေ သနားတာ ဂရုစိုက်တာကို ခံချင်တဲ့ စိတ်ဝေဒနာမျိုးပါ။ ဒီလို ရောဂါရှင်တွေဟာ အများအားဖြင့် ဆေးပညာဗဟုသုတ ရှိတတ်ကြပြီး လက္ခဏာတွေကို ယုံလောက်အောင် လိမ်ပြောတာတွေ၊ ဆေးစစ်ချက်တွေကို ပြောင်းတာတွေ၊ ပိုဆိုးလာရင် တကယ် ရောဂါလက္ခဏာတွေ ပေါ်လာအောင် နှိပ်စက်တာတွေပါ ရှိလာပါတယ်။ ဒီရုပ်ရှင်ကတော့ ဒီရောဂါကို အခြေခံပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လှည့်ကွက်တွေရယ် ပိုပြီး ကြောက်စရာ ကောင်းတဲ့အချက်တွေရယ် ပါဝင်တာမို့ အတော်လေး ကြည့်လို့ကောင်းပါတယ်။ ဇာတ်လမ်းကိုတော့ မပြောပြတော့ပါဘူး။ Movie Link 🤩 📱➡️ https://t.me/kindomovie/3761

⭐ Our Secret Diary (2023) ⭐ ဟိုတလောက နာမည်ကြီးသွားတဲ့ Videoထဲက Anime Voice Actor လေး တဖြစ်လဲ မင်းသား Fumiya Takahashi ရဲ့ အသစ
Our Secret Diary (2023) ဟိုတလောက နာမည်ကြီးသွားတဲ့ Videoထဲက Anime Voice Actor လေး တဖြစ်လဲ မင်းသား Fumiya Takahashi ရဲ့ အသစ်စက်စက်ရုပ်ရှင်လေး ထွက်ရှိလာပါပြီ။ကျောင်းရဲ့စားပွဲခုံပေါ်မှာ စာအပြန်အလှန်ရေးရာက စတဲ့ဇာတ်လမ်းလေးဖြစ်တာမို Highschool Movie တွေကြိုက်တဲ့သူတွေအဖို သေချာပေါက် ရင်ခုန်စွာနဲ့ လိပ်ပြာတွေပျံရင်း ကြည့်ရှုရမှာပါ။ဇာတ်လမ်းကိုတော့ ဘောလုံးကစားတာကို နားရတော့မဲ့ ကောင်လေး “ဆဲတိုရာမ”က စာရေးစားပွဲပေါ်မှာ သူလက်မလျှော့ချင်တဲ့အကြောင်း ရေးထားခဲ့တာကနေ စထားပါတယ်။ အတန်းတွေချိန်းကြတဲ့အခါ အဲဒီခုံနေရာမှာထိုင်မိတဲ့ “ခုရိုဒ”ဆိုတဲ့ကောင်မလေးက သူ့စာရဲ့အောက်မှာ အရှုးမပေးဖိုအတွက် အားပေးစကားလေး ရေးထားခဲ့ပါတယ်။ ဒီစာကြောင့်ပဲ ဆဲတိုရာမတစ်ယောက် မိုတီတွေရသွားခဲ့ပြီးတော့ စာရေးခဲ့တဲ့ကောင်မလေးကို လိုက်ရှာနေခဲ့ပါတယ်။ ခုံပေါ်မှာ စာလေးတွေသွားထားရင်းနဲ့ သူတိုနှစ်ယောက်က စာပေးစာယူကနေတဆင့် စကားပြောဖြစ်လာပါတယ်။ ဒီလိုနဲ့ တစ်ယောက်အကြောင်း တစ်ယောက်သိအောင်လုပ်ဖို ဒိုင်ယာရီစာအုပ်လေးတစ်ခုကို ကျောင်းရဲ့တစ်နေရာမှာထားပြီး အပြန်အလှန် ရေးဖြစ်လာကြပါတယ် Movie Link 🤩 📱➡️ https://t.me/Kindomovie1/5209

⭐ Magadheera (2009) ⭐ ဟာရှာ ဆိုတဲ့ လူငယ်လေးဟာ ဆိုင်ကယ်စတန့် သမားတစ်ယောက်ပေါ့ ဆယ်ပေလောက် အမြင့် ဘားတန်းကို ကျော်ဖြတ်ကာ စွန့်စာ
⭐ Magadheera (2009) ⭐ ဟာရှာ ဆိုတဲ့ လူငယ်လေးဟာ ဆိုင်ကယ်စတန့် သမားတစ်ယောက်ပေါ့ ဆယ်ပေလောက် အမြင့် ဘားတန်းကို ကျော်ဖြတ်ကာ စွန့်စားနိုင်ခဲ့တဲ့ သူပါ တစ်နေ့မှာတော့ ဘန်ကောက်ပြိုင်ပွဲသွားရန်အတွက် လေဆိပ်ကို ကားငှါးစီးသွားခဲ့ပါတယ် အဲဒီ အချိန်မှာ မိုးကလည်းသည်းလို့။ သူဟာ ကားဘေးဆီမှ လက်ဆန့်ထုတ်ပြီး မိုးရေစက်တွေကို ထိတွေ့လို့နေခဲ့ပါတယ် တစ်နေရာအရောက်မှာတာ့ သူ့လက်ကို လျှပ်စီးထိသလို ဖြစ်ခဲ့ပါတယ် ဟာရှာ အတွက်တော့ ဒါဟာ အတိတ်ဘ၀ဆီ ပြန်တွေးစေခဲ့တဲ့ နိမိတ်ပါ သူ့ကို လျှပ်စစ်စီးသလိုဖြစ်စေခဲ့တာကလည်း ကောင်မလေးတစ်ယာက်ရဲ့လက်နဲ့ ထိတွေ့မိမှုကြောင့်ပါ ဒါကို ဟာရှာ သိခဲ့တာကြောင့် အဲဒီကောင်မလေးကို ကားမှတ်တိုင်မှာပြန်ရှာဖို့ ကြိုးပမ်းခဲ့တယ် အဲဒီကောင်မလေးနာမည်က အင်ဒီရာ တဲ့ သူမရဲ့အဖေနဲ့ ဦးလေး ကတော့ အမွေ ကိစ္စနဲ့ အမှု ရင်ဆိုင်နေကြရတယ် သူ့ဦးလေးမှာ သားတစ်ယောက်ရှိ၍ နာမည် ကတော့ ဒါရာဂူးဗား ဒါရာဂူးဗား ဟာ ရက်စက်ကြမ်းတမ်းသူတစ်ဦးဖြစ်ပြီး မိမိလိုချင်သည့်အရာအား မည့်သည့်နည်းနဲ့မဆို ရယူလေ့ရှိသည်။ Movie Link 🤩 📱➡️ https://t.me/chitmar123456/3818

⭐ Straw ⭐ Tyler Perry ရိုက်ကူးတဲ့ Straw ရုပ်ရှင်ကတော့ စိတ်ခံစားမှုပြင်းထန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး လူမှုရေး မညီမျှမှုတွေ ၊ ဆ
⭐ Straw ⭐ Tyler Perry ရိုက်ကူးတဲ့ Straw ရုပ်ရှင်ကတော့ စိတ်ခံစားမှုပြင်းထန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး လူမှုရေး မညီမျှမှုတွေ ၊ ဆင်းရဲမွဲတေမှုရဲ့ ဖိစီးနှိပ်စက်မှုတွေနဲ့ လူမည်းအမျိုးသမီးတစ်ဦးရဲ့စိတ်ပိုင်းဆိုင်ရာ ပြိုကွဲမှုကို ရိုက်ခတ်စေတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။ Janiyah ဟာ ကျန်းမာရေးပြဿနာရှိတဲ့ သမီးဖြစ်သူ Aria နဲ့ အတူ နေထိုင်တဲ့ တစ်ကိုယ်တည်းမိခင်တစ်ဦးဖြစ်ပါတယ်။ Janiyah ဟာ အလုပ်နှစ်ခုမှာကြိုးစားလုပ်ကိုင်နေပေမယ့်လည်း အိမ်ငှားခ၊ ဆေးဖိုးနဲ့ ကလေးစောင့်ရှောက်ရေး ကုန်ကျစရိတ်တွေကြောင့် နေ့စဉ် ဖိစီးမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ တစ်နေ့မှာတော့ ကားတိုက်မှု၊ အလုပ်ဖြုတ်ခံရတာ ၊ အိမ်ကနှင်ထုတ်ခံရတာနဲ့ သမီးဖြစ်သူကို လူမှုဝန်ထမ်းတွေက ခေါ်ဆောင်သွားတာတွေကြောင့် သူ့ရဲ့ စိတ်ဖိစီးမှုဟာ အကြမ်းဖက်မှုတစ်ခုဆီကို ဦးတည်သွားပါတော့တယ်။ နောက်ဆုံးတော့ ဘဏ်လုယက်မှုတစ်ခုမှာ ဓားစားခံတွေနဲ့ ရဲတပ်ဖွဲ့ရဲ့ ဝိုင်းဝန်းကူညီမှုတွေကြားမှာ Janiyah ရဲ့ အခြေအနေဟာ လူမှုရေးဆိုင်ရာ စကားဝိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပုံကို ဇာတ်ကွက်အလှည့်အပြောင်းတစ်ခုနဲ့အတူ ကြည့်ရှုရမှာဖြစ်ပါတယ်။ Movie Link 🤩 📱➡️ https://t.me/Relaxinrela/1690

⭐ Odd Family Zombie on Sale ⭐ ဇွန်ဘီတောသားလေးရဲ့ ရွာလုံးပါတ် အမွှေဇယား လူသားတွေရဲ့လေ့လာစမ်းသပ်မှုတွေလွန်ကျွံပြီး ဘေးထွက်ဆိုးက
⭐ Odd Family Zombie on Sale ⭐ ဇွန်ဘီတောသားလေးရဲ့ ရွာလုံးပါတ် အမွှေဇယား လူသားတွေရဲ့လေ့လာစမ်းသပ်မှုတွေလွန်ကျွံပြီး ဘေးထွက်ဆိုးကျိုးတွေထွက်လာတဲ့တစ်နေ့.. ကိုရီးယားနိုင်ငံရဲ့လူသူသိပ်မရောက်တဲ့ချောင်ကျကျမြို့ငယ်သေးသေးလေးမှာနေ့စဉ်ဘဝတွေဟာပုံမှန်အတိုင်းရိုးရိုးရှင်းရှင်းလေးလည်ပတ်နေစဉ်မှာပဲ.. .ဗဟုသုတနည်းတဲ့တောင်သူတောင်သားတွေဆီအတွက် ခပ်ကြောင်ကြောင်ပါလို့ထင်ရတဲ့လူငယ်လေးတစ်ယောက်ရောက်လာပါတယ်။ ရောက်ရောက်ချင်းဆောက်နဲ့ထွင်းဆိုသလို.. တစ်မြို့လုံးဒင်းလက်ချက်နဲ့ပွက်လောရိုက်လို့ပါပဲ။ အဲ့အပြင်မြင်းကိုချိုတပ်ပေးသလိုဖြစ်ချင်တော့မြို့ကဓာတ်ဆီဆိုင်အစုတ်ပိုင်တဲ့ ပက်မျိုးနွယ်မိသားစုနဲ့သွားပေါင်းလိုက်တဲ့အခါ ငါးပါးတင်မဟုတ်ဘူး သံဃာစင်ပါမှောက်ပုံများ.. Horror နဲ့ Comedy ကိုအချိုးကျကျလေးပေါင်းစပ်ပြီးကောင်းကောင်းဖျော်ဖြေမှုပေးမဲ့ဇာတ်ကားလေးဖြစ်ပါတယ်... Movie Link 🤩 📱➡️ https://t.me/kindomovie/3760

⭐ Atrangi Re (2021) ⭐ အချစ်ဦးနဲ့ အချစ်ဆုံး နှစ်ယောက် ထဲ တစ်ယောက်ကို ရွေးရမယ်ဆိုရင် ဘယ်သူ့ကို ရွေးဖြစ် လောက် မလဲ....….. (Sara
⭐ Atrangi Re (2021) ⭐ အချစ်ဦးနဲ့ အချစ်ဆုံး နှစ်ယောက် ထဲ တစ်ယောက်ကို ရွေးရမယ်ဆိုရင် ဘယ်သူ့ကို ရွေးဖြစ် လောက် မလဲ....….. (Sara Ali Khan) ဟာ သူ့ချစ်သူမျက်လှည့်ဆရာလေး ဆာဂျတ်ဒ်အလီ (Akshay Kumar) ကိုအရူးအမူးချစ်ခင်စွဲလန်းသူဖြစ်ပါတယ်။မတူညီတဲ့ ဘာသာရေးနောက်ခံတွေကြောင့်ရင်ကူးရဲ့အယူအစွဲကြီးတဲ့အသိုင်းအ၀ိုင်းဟာ သူခိုးရာလိုက်ပြေးတိုင်း မရရအောင်လိုက်ခွဲလေ့ရှိပြီးနောက်ဆုံးတစ်ကြိမ်မှာတော့ ဆာဂျတ်ဒ် မဟုတ်ရင်ပြီးရောဆိုပြီးလူတစ်ယောက်ကိုပြန်ပေးဆွဲခေါ်လာပြီး အတင်းအကျပ်လက်ထပ်ပေးလိုက်ပါတော့တယ်၊အဲ့ဒီလူကတော့ တမီလ်နာဒူးပြည်နယ်ကလာတဲ့ ဆရာဝန်လောင်းလေးဖြစ်တဲ့ ဗီရှူး (Dhanush) ပါပဲ။ပြဿနာက ဗီရှူးမှာလဲ မကြာခင်စေ့စပ်တော့မယ့်သတို့သမီးလောင်းရှိနှင့်နေပြီးဖြစ်နေတာပါ။မိဘသဘောတူရုံသက်သက် အချစ်ဆိုတာ ဘာမှန်းမသိဘဲ လက်ထပ်လုဆဲဆဲ ဗီရှူးဟာတစ်ပါးသူကိုအရူးအမူးချစ်နေတဲ့ ရင်ကူးကိုစွဲလန်းစပြုလာရာကနေ Movie Link 🤩 📱➡️ https://t.me/love_movie67/3358

လူပုလေးတွေနဲ့ မှော်စွန့်စားခန်းကြုံတွေ့ရမယ့် ဓားပြရဲ့ သမီးငယ်လေး ဓားပြသမီးရွန်ယာဟာ ၁၉၈၁ ခုနှစ်က ပထမဆုံးထုတ်ဝေခဲ့တဲ့ဆွီဒင်စာရေ
လူပုလေးတွေနဲ့ မှော်စွန့်စားခန်းကြုံတွေ့ရမယ့် ဓားပြရဲ့ သမီးငယ်လေး ဓားပြသမီးရွန်ယာဟာ ၁၉၈၁ ခုနှစ်က ပထမဆုံးထုတ်ဝေခဲ့တဲ့ဆွီဒင်စာရေးဆရာ Astrid Lindgren ရဲ့ကလေးပုံပြင်စာအုပ်ကိုLive-Action တီဗီစီးရီးအဖြစ် ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။ အက်ရှင်စွန့်စားခန်းများအပြင်တောအုပ်ထဲကလျို့ဝှက်ဆန်းကြယ်တဲ့သတ္တဝါများစွာကိုလည်းရင်ဆိုင်ကျော်လွှားကြရမှာဖြစ်လို့စိတ်ဝင်စားဖွယ်စီးရီးလေးတစ်ခုပါ Movie Link 🤩 📱➡️ https://t.me/Kindomovie1/5207

⭐ FDB (2025) ⭐ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက စပြီး စိတ်ဒဏ်ရာ မျိုးစုံပေးခဲ့တဲ့ "သေခြင်းဆိုးဖြင့်သေကြသူများ" ရုပ်ရှင် ၆ ကားမြေ
⭐ FDB (2025) ⭐ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက စပြီး စိတ်ဒဏ်ရာ မျိုးစုံပေးခဲ့တဲ့ "သေခြင်းဆိုးဖြင့်သေကြသူများ" ရုပ်ရှင် ၆ ကားမြောက်ထွက်လာပါပြီ။ ဒါရိုက်တာကတော့ Zach Lipovsky & Adam Stein တို့ပါပဲ။ FD ရုပ်ရှင်တွေရဲ့ အမာခံ ဇာတ်ကောင်ကြီး Tony Todd (Nov 2024 တွင် ကွယ်လွန်) လည်း နောက်ဆုံးအနေနဲ့ ပါဝင်ထားပါတယ်။ အရင်ရုပ်ရှင်တွေကြောင့် သံချောင်းတွေ၊ သစ်လုံးတွေ၊ ရိုလာကိုစတာတွေ တွေ့တိုင်း လန့်နေရအပြီးမှာ ဒီရုပ်ရှင်ကြည့်ပြီးရင်ရော ဘာတွေလန့်ရမလဲ တွေ့ရပါလိမ့်မယ်။ ဒီ ရုပ်ရှင်ထဲမှာ ပထမဆုံး အမြင်ကြိုရခဲ့တဲ့ အိုင်းရစ်ကတော့ ရုပ်ရှင် ၆ ကားလုံးမှာ အစောဆုံး အမြင်ကြိုရတဲ့သူ ဖြစ်ပါတယ်။ 1968 မှာ ဖြစ်ခဲ့တဲ့အဖြစ်ကို အခြေခံပြီးတော့ ပြီးခဲ့တဲ့ရုပ်ရှင်တွေနဲ့ ဆက်စပ်ခဲ့သလို နောက်ဆုံး ဖြစ်စဉ်အထိ ဆွဲခေါ်သွားခဲ့တာပါပဲ Movie Link 🤩 📱➡️ https://t.me/Relaxinrela/1689

⭐ Varisu (2023) ⭐ အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီးဗီဂျေးနဲ့ မင်းသမီးချောလေး ရာ့ရှ်မီကားမန်ဒါနားတို့ရဲ့ ဇာတ်ကားလေ
⭐ Varisu (2023) ⭐ အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီးဗီဂျေးနဲ့ မင်းသမီးချောလေး ရာ့ရှ်မီကားမန်ဒါနားတို့ရဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ရုံဝင်ငွေ ကုဋေ၃၀ ဝန်းကျင်အမြတ်ရခဲ့တဲ့ ကားလေးပဲဖြစ်ပါတယ်။ ဖခင်နဲ့ ပြဿနာတက်ပြီး ကိုယ့်ဒူးကိုယ်ချွန်ဖို့ ထွက်လာတဲ့ ဗီဂျေးဟာ ၇နှစ်အကြာမှာ မိသားစုထဲကို ပြန်ဝင်လာဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဖခင်နဲ့အစ်ကိုနှစ်ယောက်က အစိုးရတင်ဒါကိစ္စအတွက် ပြိုင်ဘက်တွေနဲ့ အပြင်းအထန်ယှဥ်ပြိုင်နေရပါတယ်။ ဒါပေမဲ့ သူ့မိသားစုဟာ အလုံးစုံအန္တရယ်တွေနဲ့ ရင်ဆိုင်ရတော့မှာကို မသိရှိကြပါဘူး။ ဒီတော့ ဖြစ်လာမယ့်ဘေးဒုက္ခက ဘာတွေဖြစ်လာမလဲ။ သူကရော ဘာကြောင့် ၇နှစ်ကြာပြီးမှ အိမ်ကို ပြန်လာခဲ့တာလဲ။ လှည့်ကွက်တွေ မြှုပ်ကွက်တွေနဲ့ ကြည့်ရဦးမှာမို့ ရှုစားပေးကြပါဦးဗျ.... Movie Link 🤩 📱➡️ https://t.me/chitmar123456/3817

⭐ the old woman with the knife ⭐ လူသတ်တဲ့နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ ဝါရင့်အဘွားကြီး လူ့ဘောင်အဖွဲ့အစည်းမှာ ဘယ်သူ့ကိုမှ အကျိုးမပြု
⭐ the old woman with the knife ⭐ လူသတ်တဲ့နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ ဝါရင့်အဘွားကြီး လူ့ဘောင်အဖွဲ့အစည်းမှာ ဘယ်သူ့ကိုမှ အကျိုးမပြုဘဲပိုးမွှားသဖွယ် ပြုမူနေထိုင်နေတဲ့ လူတစ်စုကို တိုက်ဖျက်နေတဲ့ အဖွဲ့အစည်းတစ်ခု ရှိပြီးတော့ ဂျိုဂတ် (Lee Hye Young)ကတော့ အဲဒီအဖွဲ့အစည်းမှာ ဒဏ္ဍာရီလာ လူသတ်သမားပဲ ဖြစ်ပါတယ်။ အမှိုက်သရိုက်တွေကို ချက်ကျလက်ကျ ရှင်းထုတ်တဲ့ နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ ဂျိုဂတ်ရဲ့နောက်ကို နောက်ယောင်ခံလိုက်နေတဲ့ ထူအူ (Kim Sung Chul) ဆိုတဲ့ လူသတ်သမား တစ်ယောက်ကလည်း ရှိနေပြန်ပါတယ်။ ဝါရင့် လူသတ်သမား အဘွားကြီးနဲ့ ‌လူသတ်သမား ပေါက်စလေးတို့ကြားမှာ ဘယ်လို အကြောင်းတရားတွေ ‌ ပေါ်ပေါက်လာမလဲဆိုတာနဲ့ ‌နောက်ယောင်ခံ လိုက်နေရတဲ့ အကြောင်းအရင်းက ဘာဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုဖို့ ညွှန်းပေးလိုက်ရပါတယ်။ Movie Link 🤩 📱➡️ https://t.me/kindomovie/3758