en
Feedback
Future Light Movie Channel

Future Light Movie Channel

Open in Telegram

မြန်မာစာတန်ထိုးဇာတ်ကားများစုစည်းရာ

Show more
2 458
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
Fight Back to School (1991) IMDB: 7.2/10 စတီဖင်ချောင်ရဲ့ ဒီဇာတ်ကားကတော့ IMDb Rating (7.2) ထိရရှိထားတဲ့ Action/Comedy အမျိုးအစ
+1
Fight Back to School (1991) IMDB: 7.2/10 စတီဖင်ချောင်ရဲ့ ဒီဇာတ်ကားကတော့ IMDb Rating (7.2) ထိရရှိထားတဲ့ Action/Comedy အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။စတီဖင်ချောင်က ဒီဇာတ်လမ်းတွေထဲမှာ ရဲစုံထောက်။ Fight Back to School ဇာတ်လမ်းတွေက အမှုအထူးအဆန်းတွေကို စုံစမ်း ဖြေရှင်းရတာ။ ဒီလိုဖြေရှင်းတဲ့နေရာမယ် စတီဖင်ချောင်နဲ့သူ့တွဲဖက်နဲ့ ရဲညီနောင်တွေ တက်ညီလက်ညီ တလွဲတွေလုပ်ပုံကို သွက်သွက်လက်လက်တင်ဆက်ထားတာပါ။ဒီပထမဇာတ်ကားထဲမှာတော့ အမှုက ထူးဆန်းပါတယ်…ရဲမှူးကြီးရဲ့ ပစ္စတိုပျောက်သွားတာပါ (:P) သံသယရှိတဲ့နေရာက စာသင်ကျောင်းထဲဖြစ်နေတော့ နာမည်ကျော်စုံထောက် စတီဖင်ချောင်ကို သွားစုံစမ်းခိုင်းပါတယ်။ စာမသင်ချင်လို့ ရဲထဲဝင်လာတဲ့ စတီဖင်ချောင်တစ်ယောက် အထက်တန်းကျောင်းထဲ စာသွားသင်ရင်း ဘယ်လိုတွေစုံစမ်းမယ်ဆိုတာ…

Faithfully Yours (1988) IMDB: /10 ဟောင်ကောင်ရုပ်ရှင်လောကမှာ ပေါပြမနေပေမယ့် ပေါနေတဲ့ကားတွေ ရိုက်သတ်မကုန်ပါဘူး။ ချောင်ကတော့ ဒါန
Faithfully Yours (1988) IMDB: /10 ဟောင်ကောင်ရုပ်ရှင်လောကမှာ ပေါပြမနေပေမယ့် ပေါနေတဲ့ကားတွေ ရိုက်သတ်မကုန်ပါဘူး။ ချောင်ကတော့ ဒါနဲ့ ဆန့်ကျင်ဘက်ပါပဲ။ သူ့ရုပ်ရှင်တွေဟာ ပေါပြနေပြီး မပေါတဲ့ကားတွေပါပဲ။ ကျွန်တော်တော့ သူ့ကား နှစ်ဆယ်ကျော် ကြည့်ပြီးတဲ့အထဲမှာ သဘောမကျတဲ့ကားမရှိပါဘူး။ သူ့ရုပ်ရှင်တွေဟာ အဆင့်မြင့်ရုပ်ရှင်တွေမဟုတ်ပါဘူး ပြုံးမိစေမယ့် ရုပ်ရှင်တွေပါပဲ။ တစ်နေ့တစ်ခါလောက်တော့ ကျွန်တော်တို့ ပြုံးစရာရှိဖို့လိုတယ်မလား

King of Comedy (1999) IMDB: 7.3/10 ၁၉၉၉ ဖေဖော်ဝါရီလ ၁၃ရက်နေ့ မှာ ဟောင်ကောင် ၌ စတင်ထွက်ရှိခဲ့ ပြီး တရုတ်နှစ်ကူးအမှီ ထွက်ရှိခဲ့
+1
King of Comedy (1999) IMDB: 7.3/10 ၁၉၉၉ ဖေဖော်ဝါရီလ ၁၃ရက်နေ့ မှာ ဟောင်ကောင် ၌ စတင်ထွက်ရှိခဲ့ ပြီး တရုတ်နှစ်ကူးအမှီ ထွက်ရှိခဲ့တဲ့ ထိထိမိမိ ဇာတ်ကားတစ်ကားပါ။ Imdb_7.3 အထိ ရရှိထားပြီး ချောင်ရဲ့ The best top movie rating စာရင်းထဲက တစ်ကားလဲ ဖြစ်ပါတယ်။ Drama-Comedy-Romance Type 3 ခုလုံး ပါဝင်ပြီး Box Office အနေနဲ့ HKD $29.85 Million ကျော် ရရှိ ထားပါတယ်။ ဒါရိုက်တာကတော့ ချောင်ရဲ့ ကားကောင်းတွေကို ထုတ်ပေး နေကြဖြစ်တဲ့ Lee Lik-Chi နှင့် Stephen Chow ကိုယ်တိုင် ပဲ ဖြစ်ပါတယ်။

A Chinese Odyssey: Part 3 (2016) IMDB: 3.5/10 ဒီဇာတ်ကားဟာ စွန်းဝူခုန်းရဲ့ အနောက်သို့ခရီးသွားမှတ်တမ်းကို ဇာတ်လမ်းဆန်းသစ်ပြီး ဟ
+1
A Chinese Odyssey: Part 3 (2016) IMDB: 3.5/10 ဒီဇာတ်ကားဟာ စွန်းဝူခုန်းရဲ့ အနောက်သို့ခရီးသွားမှတ်တမ်းကို ဇာတ်လမ်းဆန်းသစ်ပြီး ဟာသတစ်ပိုင်းနဲ့ ရိုက်ခဲ့တဲ့ စတီဗင်ချောင်ရဲ့ A Chinese Odyssey အပိုင်း ၁ နဲ့ ၂ ရဲ့ အဆက်ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ စွန်းဝူခုန်းဖြစ်လာမယ့် Joke(ကျိစန်းပေါင်)ဟာ အနှစ် ၅၀၀ နောက်ကျပြီးမှ မွေးဖွားလာခဲ့ပြီး သူ စွန်းဝူခုန်းဖြစ်လာရမယ့် ကံကြမ္မာဟာ သူ့ရဲ့ချစ်သူနတ်သမီး စီရှား သေဆုံးမှဖြစ်လာမယ်လို့ ကောင်းကင်ဘုံကျမ်းမှာ ကံကြမ္မာအဖြစ်ရေးသားထားခဲ့ပါတယ်။ ဒါကို အချိန်ခရီးသွားခဲ့ပြီး ကြိုသိလာတဲ့ နတ်သမီးဟာ ကျိစန်းပေါင်နဲ့ မချစ်မိစေဖို့ သူမသေရဖို့ ရှောင်လွှဲဖို့ကြိုးစားစဉ် နွားမိစ္ဆာမောင်နှမကိုပါ ဆွဲထည့်မိပြီး ရှုပ်ထွေးလာပုံကို လှည့်ကွက်လေးတွေနဲ့ မထင်မှတ်တာလေးဖြစ်လာအောင် ပြသထားတာပါ။ သတ်မှတ်ထားပါတယ်ဆိုတဲ့ ကံကြမ္မာနဲ့ ကိုယ်ပိုင်ရွေးချယ်မှု ယှဉ်လာတဲ့အခါ ကံကြမ္မာကို လူကဖန်တီးမလား၊ ကံကြမ္မာက လူကိုဖန်တီးမလားဆိုတာတော့…

A Chinese Odyssey Part Two: Cinderella (1995) IMDB: 8.0/10 ဟုတ်ပါတယ် ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရုပ်ရှင်ချစ်သူတွေအားလုံးနှစ်
A Chinese Odyssey Part Two: Cinderella (1995) IMDB: 8.0/10 ဟုတ်ပါတယ် ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရုပ်ရှင်ချစ်သူတွေအားလုံးနှစ်သက်ကြရတဲ့ နာမည်ကျော်မင်းသားကြီး Stephen Chow က Journey to the west ဆိုတဲ့ တရုတ်ရိုးရာဇာတ်တော်ကြီးကို ပြန်လည်ဆန်းသစ်ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။မတူတာကတော့ ဇာတ်လမ်းကျောရိုးက အနောက်အရပ်သို့ ကျမ်းဂန်တွေသွားရောက်ပင့်ဆောင်ခြင်းမပြုမှီ စွန်းဝူခုန်းရဲ့ အရိုင်းစိုင်းမျောက်ဘ၀ ထိုမှတစ်ဖန် လူဘဝပြန်ဝင်စားပြီး လူဘဝနဲ့ကျင်လည်ကျက်စားပုံတွေ မိစ္ဆာမလေးတစ်ယောက် နဲ့ ဘုံကြိုးပြတ်နတ်သမီးတစ်ယောက်ရဲ့ကြားမှာယောက်ယပ်ခက်အောင် ဗျာများနေရတဲ့ ရသစုံအချစ်ဇာတ်လမ်းလေးတွေ ပေါက်ဖွားလာပုံကို တွေ့ရမှာပါ.. ဒါ့အပြင် ဆရာတော်ဟာလည်း ပါရမီမရင့်သန်မီမှာ စကားအလွန်များ ပစိပစပ်နိုင်လွန်းတဲ့ ဘုန်းကြီးတစ်ပါးအဖြစ်ကျင်လည်ခဲ့ရပုံ တွေကို မင်းသားကြီး Stephen Chow ရဲ့ထုံးစံအတိုင်း ခပ်တည်တည်နဲ့ ဟာသလေးတွေနှောကာရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။

A Chinese Odyssey Part One: Pandora’s Box (1995) IMDB: 7.7/10 ဒီဇာတ်လမ်းကျောရိုးက အနောက်အရပ်သို့ ကျမ်းဂန်တွေသွားရောက်ပင့်ဆောင
+1
A Chinese Odyssey Part One: Pandora’s Box (1995) IMDB: 7.7/10 ဒီဇာတ်လမ်းကျောရိုးက အနောက်အရပ်သို့ ကျမ်းဂန်တွေသွားရောက်ပင့်ဆောင်ခြင်းမပြုမှီ စွန်းဝူခုန်းရဲ့ အရိုင်းစိုင်းမျောက်ဘ၀ ထိုမှတစ်ဖန် လူဘဝပြန်ဝင်စားပြီး လူဘဝနဲ့ကျင်လည်ကျက်စားပုံတွေ မိစ္ဆာမလေးတစ်ယောက် နဲ့ ဘုံကြိုးပြတ်နတ်သမီးတစ်ယောက်ရဲ့ကြားမှာယောက်ယပ်ခက်အောင် ဗျာများနေရတဲ့ဇာတ်လမ်းလေးတွေ ကို တွေ့ရမှာပါဒါ့အပြင်ဆရာတော်ဟာလည်း ပါရမီမရင့်သန်မီမှာ စကားအလွန်များ ပစိပစပ်နိုင်လွန်းတဲ့ ဘုန်းကြီးတစ်ပါးအဖြစ်ကျင်လည်ခဲ့ရပုံ တွေကို မင်းသားကြီး ရဲ့ထုံးစံအတိုင်း ခပ်တည်တည်နဲ့ ဟာသလေးတွေနှောကာရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။စွန်းဝူခုန်း တစ်ဖြစ်လဲ ကျင်းရှောင်လင် တစ်ယောက် သူရဲ့အချစ်ရဆုံးမိန်းကလေးဟာဘယ်သူဆိုတာနဲ့ လောကကြီးရဲ့အကျိုးသယ်ပိုးဖို့အတွက် စွန်းဝူခုန်း ဘဝကိုပြန်လည် ရွေးချယ်ရင် သူနဲ့ပတ်သက်တဲ့မိန်းကလေးနဲ့လည်းကွဲရမှာဖြစ်တာကြောင့် သူဘာကိုရွေးချယ်မှာလဲ ဆိုတာကိုလည်း ရင်တမမနဲ့ကြည့်ရမယ့် ဇာတ်ကားပါ။ဇာတ်လမ်းအကျဉ်းကိုတော့မပြောတော့ပါဘူး။ Stephen Chow ကိုကျွန်တော် ယုံကြည်သလို ဒီဇာတ်ကားဟာလည်း အားလုံးငြင်းစရာမလိုအောင်ကြိုက်ကြမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် အထူးအထွေညွှန်းမနေတော့ပါဘူ

The Tricky Master (1999) IMDB: 6.0/10 ((Wong Jing နဲ့ Chowတို့ရဲ့ နောက်ဆုံးလမ်းခွဲ)) ဒီကားကို တစ်ချို့ က Tricky Brains ဆိုတဲ့
+1
The Tricky Master (1999) IMDB: 6.0/10 ((Wong Jing နဲ့ Chowတို့ရဲ့ နောက်ဆုံးလမ်းခွဲ)) ဒီကားကို တစ်ချို့ က Tricky Brains ဆိုတဲ့ ကား နဲ့ ရောနေတတ် ကြပါတယ်။သဘောတရားတူပေမယ့် ဇာတ် လမ်းက မတူပါဖူး။ Tricky ဆိုတဲ့အဓိပ္ပာယ် လိမ်ညာမှု ၊လှည့်စားမှု ဆိုတဲ့စကားလုံးအရ နှစ်ကားလုံးက လိမ်ညာလှည့်စားတဲ့ဇာတ် ကားပါ။ ခေါင်းစဉ်အတိုင်းTricky Master (လှည့်စားဆရာကြီး) Chow ကို မြင်တွေ့ရမှာဖြစ်ပြီး Nick Cheung ( နစ် ချန်း ) ဆိုတဲ့ မင်းသား တစ်ယောက် နဲ့ တွဲဖက်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ -ထောင်ကထွက်လာတယ့် လှည့်စားဘုရင် ချောင်။(Chow) -အမှု လိုက်ရာမှာ ကျွမ်း ကျင်မှု မရှိ ပဲ အလွဲ အမှား ဖြစ်တဲ့ သူ့ရဲ့ ယောက်ဖ(ရဲဝန်ထမ်း)။(Nick cheung) -ယောက်ဖရဲ့ အမှု တွေ ကို လှည့်စားနည်းပညာတွေနဲ့ ဘယ်လို အကူညီပေးမယ်? လှည့်စားနည်းတွေဘယ်လိုသုံးပြီး ဘယ်လို အနိုင်ယူ မယ်ဆိုတာတွေကို ကြည့်ရမှာပါ။ ဒီကားမှာဆိုရင် ချောင်ရဲ့ Tricky Brains ကားထဲကလို လှည့်စားတာ‌ေတွကို တွေ့ရမယ် ။ Gamblers Series ထဲကလို ဖဲ လောင်းကစားနည်းတွေ နှင့် အမှုလိုက် အက်ရှင် အခန်း လေးပါထည့်ထားတဲ့( Comedy,Crime ,Gambling) ၃ခုလုံးပါ၀င်တဲ့ ဇာတ်ကားလေးပါ။

Legend of the Dragon (1991) IMDB: 6.4/10 ဟာသဘုရင် Stephen Chow လောင်းကစား သူရဲကောင်း ဇာတ်ကားက ရယ်ရတာကတော့ ပြောစရာမလိုလောက်တော
+2
Legend of the Dragon (1991) IMDB: 6.4/10 ဟာသဘုရင် Stephen Chow လောင်းကစား သူရဲကောင်း ဇာတ်ကားက ရယ်ရတာကတော့ ပြောစရာမလိုလောက်တော့ပါဘူး။အူတိအူကြောင် ကောင်လေးတစ်ယောက်ဖြစ်တဲ့ Chow ဟာ Snooker မှာတော့ သူတို့ရွာမှာ ဆရာတပါးလို့ ပြောရမှာပေါ့။သူ့ရွာမှာသူနဲ့ ယှဉ်နိုင်တဲ့သူမရှိတော့ဘူး။ဟောင်ကောင်မှာသူ့အဖေရဲ့ဆရာတူညီ လူလည်ကပ်ပါးကောင် ရောက်လာပြီးသူနဲ့ ဟောင်ကောင်ကို အလည်လိုက်သွားရင်း တောသားမြို့ရောက် ဂေါက်တောက်တောက်ဖြစ်ရင်း သူ့ဦးလေးရဲ့ ဇာတ်ရှုပ်ထဲဝင်ပါသွားရော။သူ့အဖေက လောင်းကစားမလုပ်ဖို့၊ ရန်မဖြစ်ဖို့မှာလိုက်ပေမဲ့ သူ့ဦးလေးကျင်လည်နေတဲ့ လောကမှာ ဒါမျိုးတွေနဲ့ ကင်းကင်းနေမရနိုင်လို့ အိမ်ပြန်ချင်လာရော။သူပြန်တော့ သူ့ဦးလေးကလိုက်လာတယ်။သူ့အဖေရဲ့ မြေတွေကို သူ့ဦးလေးက လောင်းကြေးအနေနဲ့ထားပြီး Snooker တစ်ပွဲထိုးခိုင်းတယ်။အဲဒီပွဲမှာ ရှုံးပြီး သူတို့ပိုင်တဲ့မြေတွေ အကုန်ပါသွားရော။သားအဖနှစ်ယောက် ဘဝတွေပျက် လမ်းဘေးမှာ သိုင်းပြစားရတဲ့ ဘဝရောက်သွားတယ်။သူ့ရဲ့ ဆရာတူညီမ ဇနီးလောင်းလေးရဲ့ ဦးလေးက သူတို့ရွာရဲ့ မြေတစ်ဝက်လောက်ကို ပိုင်တယ်လေ။နောက်တစ်ပွဲမှာ ဆရာသမားက သူတို့ပိုင်တဲ့မြေတွေနဲ့ ဟောင်ကောင် Snooker လောကကို ဘယ်လို ကယ်တင်ခဲ့လဲဆိုတာကို ကြည့်လိုက်ကြပါဦး။

CJ 7 (2008) IMDB: 6.5 Single Father ဖြစ်တဲ့ Chow ဟာ တစ်ဦးတည်းသော သူ့ရဲ့သားလေး (ရှောင် တီ) ကို ပညာ တတ် ဖြစ်စေချင်လို့ သူဌေးသား
+1
CJ 7 (2008) IMDB: 6.5 Single Father ဖြစ်တဲ့ Chow ဟာ တစ်ဦးတည်းသော သူ့ရဲ့သားလေး (ရှောင် တီ) ကို ပညာ တတ် ဖြစ်စေချင်လို့ သူဌေးသားတွေတက်တဲ့ International Private School မှာ ထားပါတယ်။ ချောင် ရဲ့ အိမ် ဟာ လဲ တိုက်ပျက်လေးမှာ အမိုးအကာလေးဆောက်နေပြီး Construction အလုပ်ကြမ်း လုပ်ကာ ပင်ပန်းဆင်းရဲပေမယ့် သူ့သားကိုတော့ ပညာတတ်ဖြစ်စေချင်တဲ့ သူပါ။ ကျောင်းလစာအတွက် တနင့်တပိုးပေးနေရတော့ ရှောင်တီလေးဟာ သူများတန်းတူ မဝတ်ရ ၊မစားရ ၊လိုချင်တဲ့ပစ္စည်းလေးတွေမသုံးရပဲ ကလေးသဘာ၀ ကျောင်းတက်ရတာ feel မလာတော့ဘူးပေါ့။ အဲ့လို အခက်ခဲ တွေနဲ့ သားအဖ နှစ်ဦးမပြေလည် ဖြစ်နေတဲ့အခိုက် CJ7 ဆိုတဲ့ ဂြိုလ်သားလေး ဘယ်လိုရောက်လာပြီး ဘာတွေပြောင်းလဲ အောင် လုပ်သွားမလဲဆိုတာကတော့?ခံစားချက်အစုံ နဲ့ ဟာသဖက်ကို ဦးတည်မသွားပဲ ပညာပေးကားလေးအဖြစ် တင်ဆက်သွားမယ့် ဇာတ်ကားကောင်းတစ်ခုပါ။

The Magnificent Scoundrels(1991) Magnificent ဆိုတဲ့အဓိပ္ပာယ်အရ ခမ်းနားတယ်လို့ဘာသာပြန်နိုင်ပြီး Scoundrels ဆိုတာ လူလိမ်၊လူဆိုး
The Magnificent Scoundrels(1991) Magnificent ဆိုတဲ့အဓိပ္ပာယ်အရ ခမ်းနားတယ်လို့ဘာသာပြန်နိုင်ပြီး Scoundrels ဆိုတာ လူလိမ်၊လူဆိုးလို့ အဓိပ္ပာယ်ကောက်နိုင်ပါတယ်။ ဒီတော့အနီးစပ်ဆုံးပြန်ဆိုရလျှင်(စတိုင်ရှိတဲ့လူဆိုးများ၊လူလိမ်များ)😆သောက်ရမ်းကြမ်းပြီး သာမန်မဟုတ်တဲ့လူဆိုး နှင့် သူခိုးတွေပေါ့ဗျာ။ ဒီဇာတ်ကားထဲက သရုပ်ဆောင်တွေရဲပအကြောင်းအရာတစ်ချို့ကို အနည်းကျဉ်းရေးပေးထားတယ်။🙏 ၁၉၉၁ အောက်တိုဘာလ ၁၀ရက်နေ့မှာ ဟောင်ကောင်၌ စတင်ထွက်ရှိခဲ့ပြီး Imdb Rate 6.6/10 အထိရရှိထားတဲ့ဇာတ်ကားတစ်ကားပါ။ ချောင်ရဲ့ပင်တိုင်စံဒါရိုက်တာဖြစ်တဲ့ Lee Lik-Chi ကမွေးထုတ်ထားတဲ့ဇာတ်ကားဖြစ်ပြီး Final Justice ရုပ်ရှင်ရဲ့ မင်းသားဖြစ်တဲ့ Danny Lee နှင့် Karl Maka တို့မှ ထုတ်လုပ်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်၊၊📽

Faithfully Yours (1988) ဗေဒင်ဆရာရယ်၊ ဆံသဆရာရယ် အ၀တ်ချုပ်ဒီဇိုင်ရယ် သူငယ်ချင်းသုံးယောက်ရှိတယ်။ ဘေးဆိုင်က ဆံသဆရာအဘိုးကြီးကို ပြ
+1
Faithfully Yours (1988) ဗေဒင်ဆရာရယ်၊ ဆံသဆရာရယ် အ၀တ်ချုပ်ဒီဇိုင်ရယ် သူငယ်ချင်းသုံးယောက်ရှိတယ်။ ဘေးဆိုင်က ဆံသဆရာအဘိုးကြီးကို ပြဿနာရှာမိပြီးမှ သူ့သမီးကိုတွေ့ပြီး ဗိုက်ကလေးနဲ့စောတင်မောင်မိန်းမပိုးသလို တစ်ယောက်ကိုတစ်ယောက် ကတ်လိုက်ဖဲ့လိုက်ဆော်လိုက်လုပ်ရင်း အဘိုးကြီးကိုဖားရင်း သူ့သမီးကိုအပြိုင် ပိုးကြတယ်။ပြုံးပျော်ဖို့ ပေါ့ပေါ့ပါးပါးကြည့်လိုက်ရအောင်။

Faithfully Yours (1988) ဗေဒင်ဆရာရယ်၊ ဆံသဆရာရယ် အ၀တ်ချုပ်ဒီဇိုင်ရယ် သူငယ်ချင်းသုံးယောက်ရှိတယ်။ ဘေးဆိုင်က ဆံသဆရာအဘိုးကြီးကို ပြ
+1
Faithfully Yours (1988) ဗေဒင်ဆရာရယ်၊ ဆံသဆရာရယ် အ၀တ်ချုပ်ဒီဇိုင်ရယ် သူငယ်ချင်းသုံးယောက်ရှိတယ်။ ဘေးဆိုင်က ဆံသဆရာအဘိုးကြီးကို ပြဿနာရှာမိပြီးမှ သူ့သမီးကိုတွေ့ပြီး ဗိုက်ကလေးနဲ့စောတင်မောင်မိန်းမပိုးသလို တစ်ယောက်ကိုတစ်ယောက် ကတ်လိုက်ဖဲ့လိုက်ဆော်လိုက်လုပ်ရင်း အဘိုးကြီးကိုဖားရင်း သူ့သမီးကိုအပြိုင် ပိုးကြတယ်။ပြုံးပျော်ဖို့ ပေါ့ပေါ့ပါးပါးကြည့်လိုက်ရအောင်။