en
Feedback
𝗚𝗿𝗲𝗲𝗻 𝗧𝗮𝗿𝗮 𝗜𝗻𝘀𝘁𝗶𝘁𝘂𝘁𝗲

𝗚𝗿𝗲𝗲𝗻 𝗧𝗮𝗿𝗮 𝗜𝗻𝘀𝘁𝗶𝘁𝘂𝘁𝗲

Open in Telegram

ဆရာ၊ဆရာမ တို့ရဲ့ 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁 အတွက် လေ့လာဆည်းပူးစရာ နေရာလေးတစ်ခု 💚

Show more
1 833
Subscribers
+124 hours
+167 days
+7030 days
Posts Archive
အရင်တခါ Language teaching & Learning Theory တွေဆက်ပြောမယ်ဆိုပီး မပြောဖြစ်ပဲကြာသွားတယ်။ အခု Cognitivismရဲ့အောက်ကနေပြီး Information Processing (IP) နဲ့ Parallel Distributed Processing (PDP)ကို ဆက်သွားပါမယ်။ ဖတ်မှတ်ထားသမျကို တကယ်အသေးစိတ်ပြောရရင် နက်နဲကျယ်ပြန့်တာပေမဲ့ ဒီမှာတော့ Language Teaching ဆရာ၊ ဆရာမတွေအတွက် မသိမဖြစ် လိုအပ်တဲ့ key pointလေးတွေကိုပဲ ထုတ်နှုတ်ပေးပါမယ်။ ခုအောက်မှာ ပြောမယ့်အကြောင်းအရာတွေက Green Taraမှာ TESOL သင်တဲ့အခါ ကျမဖတ်မှတ်လေ့လာထားသမျထဲက ကောက်နှုတ်ထားတာတွေမို့ ဒီသီအိုရီတွေရဲ့ မူလပိုင်ရှင် George Miller (IP)နဲ့ David E. Rumelhart & Jay L. McClelland ( PDP) တို့ကို ခရက်ဒစ်ပေးပါတယ်။ 🔰 Information Processing (IP) ရှေပိုင်းမှာ Language learningဆိုတာ ဆရာမဆီက ကော်ပီကူးယူခြင်းပဲ၊ ကျောင်းသားနဲ့ ပတ်ဝန်းကျင်ဆီက ကော်ပီကူးခြင်းပဲ ဆိုပီး ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကို ဖယ်ထားခဲ့ရာကနေ၊ cognitive theoriesတွေမှာတော့ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကို ထည့်ပီးစဉ်းစားလာကြပါတယ်။ ✅ Input & Intake Input ကို ဥပမာပေးရရင်တော့ ကိုယ့်ရှေ့မှာ တီဗွီဖွင့်ထားပီး အဆိုင်းမန့်လေးအတွက်လဲစာဖတ်ဖို့ စာအုပ်လေးရှိနေတယ် ပြီးတော့ ဖဘလေးကလဲ သုံးနေတယ်ပေါ့။ ဒါဆိုရင် အဲ့တာတွေအားလုံးက input ပါ။ ဒါပေမဲ့ အဲ့အချိန် တီဗီက အိမ်ထောင်ဇာတ်လမ်းတွဲမှာ သူချစ်ခင် ပေါ်လာတယ်ပေါ့။ အာရုံအားလုံးက သူချစ်ခင်ဆီရောက်သွားပီဆိုရင် အဲ့တာက intakeပါ 😁😁😁 ဟုတ်ပါတယ် လူ့ဦးနှောက်က ကိုယ့်စိတ်ဝင်စားရာတခုကိုပဲ ကွက်အာရုံရချိန် ကျန်တာတွေအားလုံးကို ဘလော့ထားနိုင်ပါတယ်။ ဥပမာ ပတ်ဝန်းကျင်က လူတွေအများကြီးထဲ အဆင်လေးကိုမြင်လိုက်ရင် ကျန်တာတွေအားလုံး မေ့သွားတာမျိုး 😂😂😂 ❗️ဆိုလိုရငိးကတော့ ဆရာပြောသမျ ကျောင်းသားခေါင်းထဲမရောက်ပါဘူးတဲ့။ ဒါဟာ ရှေ့မှာ behaviorism သီအိုရီရဲ့သော့ချက်ဖြစ်တဲ့ ဆရာကသာအမှန်သိ အကုန်သိလို့ ဆရာပဲပြော၊ ဆရာများများပြောလေ ကျောင်းသားရလေ ဆိုတာကနေ လုံးဝသွေဖယ်ပါတယ်။ ✅ Language skillsတွေဟာ အနိမ့်ကနေအမြင့်ကို အစဉ်အလိုက်သွားတယ်။ ဒါကြောင့်မို့ ခုလို ရှုပ်ထွေးတဲ့ language skillsတွေကို လယ်ဗယ်အမြင့်မှာ ဘယ်လောက်ကောင်းကောင်းသုံးနိုင်လဲဆိုတာ ဟာ လယ်ဗယ်အနိမ့််မှာ ဘယိလောက်ကောင်းကောင်း ရခဲ့လဲဆိုတာပေါ် မူတည်ပါတယ်တဲ့။ ❗️ လယ်ဗယ်အနိမ့်မှာ fluency ကိုပဲ focus ထားမယ်ဆိုတာဟာ အလုံးစုံမမှန်ပါဘူး။ error correction အားနည်းရင် ကျောင်းသားဟာ အမှားကို လယ်ဗယ်အမြင့်ရောက်ချိန်ထိ စွဲသွားပြီး fossilization လို့ခေါ်တဲ့ လုံးဝပြင်ရခက်တဲ့အခြေအနေရောက်သွားတတ်ပါတယ်။ ဥပမာ film ကို ဖလင်လို့အသံထွက်တာမှားမှန်းသိသွားတာတောင် အမှန်ထွက်နိုင်ဖို့နေတာမျိုး ကြုံဖူးကြတယ်မလား။ ဘာလို့လဲဆိုတော့ ပြင်ပေးခြင်းမခံခဲ့ရတဲ့ ဖလင်ဆိုတဲ့ အသံထွက်က ဦးနှောက်ရဲ့ မှတ်ဥာဏ်ထဲ ရောက်သွားပြီမို့ပါ။ ❗️ Language and skills development ဆိုတာ အချိန်ယူပီးလေ့ကျင့်ရပါတယ်။ ဘာလို့လဲ ကြည့်ရအောင်နော်။ သီအိုရီအရတော့ ✅ Controlled Processingလို့ခေါ်တဲ့ short-term memoryထဲမှာရှိနေတာတွေက ပြန်ပြီး ချောချောမောမောထွက်လာဖို့ခက်တယ် ဒါကြောင့် ✅ Automated Processingလို့ခေါ်တဲ့ long-term memoryထဲ ရောက်သွားဖို့လိုတယ်။ အဲ့လိုရောက်သွားပီဆိုမှ ပြန်ပြီး လျောကနဲ လျောကနဲထွက်လာမှာပါ အမြင်သာဆုံးဥပမာကိုပြရရင် ငယ်ငယ်က ဆရာစာမေးလို့ စာပြန်ရတယ်အခါ သေချာကျက်မထားရင် အထစ် အထစ်ဖြစ်နေတာမျိုးပေါ့။ ဒါဟာ မှတ်ထားတဲ့စာက long-term memory ထဲ သေချာမရောက်သေးလို့ပါပဲ။ အဲ အပေါ်က ပြောခဲ့သလို long- term memory ထဲရောက်သွားတဲ့ အမှားတွေကတော့ fossilized errorဖြစ်သွားပြီးပြင်ရ ခက်သွားတတ်ပါတယ်။ ❗️Language learningမှာ Revisionနဲ့ repeatationက အရေးကြီးပါတယ်။ ❗️System (Grammar/Lexis/Function) ပဲဖြစ်ဖြစ် Skills (R/L/W/S)ပဲဖြစ်ဖြစ် ချောချောမောမော သုံးတတ်ဖို့ဆို ထပ်ပြန်တလဲလဲလေ့ကျင့်ဖို့လိုပါတယ်။ ပြန်ပြီးနောက်တခါမတွေ့ရ၊ မသုံးရတဲ့ စကားလုံးတွေကို ဘယ်မှတ်မိမှာလဲ မဟုတ်ဘူးလား ✅ Learning is dynamic သင်ယူနေရင်းနဲ့ နောက်ထပ်ပိုပိုသိလာတာနဲ့အမျှ ရှေ့က သိမှတ်ထားတာတွေအပေါ် ပြန်စိစစ်ပြီး ပြောင်းလဲတာ ပြုပြင်တာမျိုးတွေရှိနိုင်ပါတယ်။ သင်ယူနေရင်း တခါတလေ အချက်အလက်အသစ်ကိုသိရတဲ့အခါ အရမ်းသိသွားသလိုမျိုး ခံစားရပြီး တခါတလေ နောက်ထပ်သိလာရတာတခုကြောင့် အရင်သိခဲ့တာတွေကို ပြန်ညှိရတာမျိုးတွေ ရှိနိုင်ပါတယ်။ အဲ့ဒီလို အသစ်အသစ်သိလာတာတွေကို အဟောင်းနဲ့ ပြန်ညှိယူတာကို restructuringလို့ခေါ်ပြီး အဲ့ဒီနည်းနဲ့ လယ်ဗယ်က တဖြည်းဖြည်း မြင့်လာတာပါ။ တခါတလေမှာတော့ အဲ့လိုညှိရင်း သိပ်တိုးတက်မလာဘူးလို့ ခံစားရတာမျိုး ရှိတယ်မလား။ ဒါကို U shape development လို့လဲခေါ်ပါတယ်။ 🔰Parallel Distributed Processing (ဆက်ဖြည့်ပါမယ်) (ဖြည့်ထားပါပြီ) သူက Language learningမှာ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကို အဓိကထည့်ပြီး စဉ်းစားတယ်။ ဒီ သီအိုရီမှာ အဓိက key word ကတော့ ကျမအကြိုက်ဆုံး စကားစုတွေထဲက တခုဖြစ်တဲ့ activating schemata ပဲဖြစ်ပါတယ်

ဟလို! မင်္ဂလာပါ . . . 𝗝𝘂𝗻𝗲 လထဲစမယ်ဆိုတဲ့ 𝙏𝙀𝙎𝙊𝙇, 𝙏𝙀𝙔𝙇𝙏နဲ့ 𝙏𝙆𝙏 𝙊𝙣𝙡𝙞𝙣𝙚 အတန်းလေးတွေအားလုံး 𝗝𝘂𝗹𝘆လဆန်းမှ
ဟလို! မင်္ဂလာပါ . . . 𝗝𝘂𝗻𝗲 လထဲစမယ်ဆိုတဲ့ 𝙏𝙀𝙎𝙊𝙇, 𝙏𝙀𝙔𝙇𝙏နဲ့ 𝙏𝙆𝙏 𝙊𝙣𝙡𝙞𝙣𝙚 အတန်းလေးတွေအားလုံး 𝗝𝘂𝗹𝘆လဆန်းမှ စဖြစ််မယ့်ဆိုတဲ့အကြောင်းလေး ပြောပြချင်လို့ပါ🥰 𝗧𝗘𝗦𝗢𝗟နဲ့ 𝗧𝗘𝗬𝗟𝗧တန်းတွေကို ပုံမှန်သင်တဲ့ တီချာတာရာက ခု မေလ၂၉ကနေ ဇွန် ၂၃ထိ 𝗚𝗿𝗲𝗲𝗻 𝗧𝗮𝗿𝗮 ရဲ့ ပထမဆုံး 𝘾𝙀𝙇𝙏𝘼 သင်တန်းကိုစီစဉ်ရင်း ထရိန်နင်လဲယူနေတာရယ်၊ 𝙏𝙆𝙏 သင််တဲ့ တီချာဝေးနေ ကလဲ 𝘾𝙀𝙇𝙏𝘼 တက််မှာဆိုတော့ ဇွန်လထဲ မစပဲ လွတ်လွတ်ကျွတ်ကျွတ်ဖြစ်အောင် ဇူလိုင်လဆန်းမှ စပါမယ်နော် . . .👌 ✅ဖွင့်လက်စအတန်းတွေနဲ့ ကျန်တဲ့ 𝘿𝙞𝙥 𝙀𝙇𝙏 𝙈𝙈နဲ့ တခြားအတန်းလေးတွေကတော့ ပုံမှန်ပဲ သွားနေမှာပါ✅ အတန်းအပ်တာတွေကတော့ 👉page မှာ အရင်လိုပဲ မေးလို့ရသလို 👉Customer Service ဖုန်းတွေကိုလဲ ဆက်သွယ်လို့ရပါတယ် 🤩

မင်္ဂလာပါ တီချာတို့အတွက် အားလုံးစောင့်နေကြတဲ့ CPD courseလေးတွေ လာပါပြီနော် ⭐️⭐️⭐️ 🔰Intro to IGCSE EFL/ESL ✅Wednesday & Friday ✅8:15-9:45 pm 💠International schoolမှာ ကလေးတွေကို IGCSE သင်နေတဲ့ ဆရာ၊ဆရာမတွေအတွက် အထူးသင့်တော်ပါတယ်။ 💠IGCSE curriculumတွေနဲ့ မေးခွန်းတွေ၊သင်ခန်းစာတွေ ချိတ်ဆက်ပုံတွေအပြင် 💠IGCSEဖြေဖို့ကျောင်းသားတွေလိုအပ်တဲ့ language skillsတွေ ဖွံ့ဖြိုးလာအောင်၊ ဘယ်လို လေ့ကျင့်ခန်းတွေနဲ့ ပံ့ပိုးပေးရမယ်ဆိုတာတွေ 💠မေးခွန်းဟောင်းတွေကို အသေးစိတ်ပြန်ကြည့်တာတွေလုပ်ပါမယ် . . . ✅သင်တန်းစမယ့်ရက် ၅၊၇၊၂၀၂၃ ✅သင်တန်းကာလ ၅ပတ် ✅သင်တန်းကြေး ၃၆၀၀၀၀ ------------------------------------------------------------------------------- 🔰 How to Teach IELTS ✅Wednesday & Friday ✅6:30-8:00 pm 💠IELTS band scoreကောင်းလို့ စာပြန်သင်မယ်၊ သင်နေတယ်ဆိုပေမယ့်လည်း language teaching ကို သေချာမလေ့လာဘူးတဲ့သူတွေအတွက် ဒီအတန်းက အထူးသင့်တော်ပါတယ်။ 💠Language Skill တစ်ခုချင်းစီကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီး အဲ့ဒီ skilတစ်ခုခြင်း ဖွံ့ဖြိုးလာအောင် ဘယ်လိုလေ့ကျင့်ခန်းတွေနဲ့ပံ့ပိုးပေးရမလဲဆိုတာ💠 စာမေးပွဲမေးခွန်းထဲမှာပါတဲ့ မေးခွန်းပုံစံနဲ့ Language skillတွေချိတ်ဆက်ပုံ💠 မေးခွန်းနဲ့အဖြေတွေကို ကျောင်းသားတစ်ယောက်အနေနဲ့မဟုတ်ပဲ ဆရာတစ်ယောက်အနေနဲ့ ချဉ်းကပ် အကဲဖြတ်ပုံ💠 ဆောင်ရန်၊ရှောင်ရန် Tipsတွေ စတဲ့ ဆွေးနွေးမှုတွေ ပါဝင်ပါမယ်နော်။ ✅သင်တန်းစမယ့်ရက် ၅၊၇၊၂၀၂၃ ✅သင်တန်းကာလ ၅ပတ် ✅သင်တန်းကြေး ၃၆၀၀၀၀ ⭐️Language level အနိမ့်ဆုံး B2 ရှိဖို့တော့လိုပါတယ်နော် ⭐️ ⭐️⭐️၁၀၊၆၊၂၀၂၃ မတိုင်ခင် အပ်မယ်ဆိုရင်တော့ ၃၀,၀၀၀သက်သာမှာပါ⭐️⭐️⭐️ ⭐️အတန်းတိုင်းက လူဦးရေကန့်သတ်ထားတာဆိုတော့ မြန်မြန်လေးအပ်ထားဖို့တော့ လိုပါတယ်။ Trainer Profiles Tara Siddartha M.A. TESOL (Teacher Education) UK Cambridge DELTA Cambridge CELTA Director of Studies (IH-World) Cert. in Academic Management (IH-London) Cert. in High Impact Leadership (Cambridge Institute for Sustainability Leadership) Ni Ni Win Cambridge CELTA Dip.in Teacher Training (LTTC) M.A. EFL (YUFL) Graduate Dip. TESOL (TQUK Level 7) B.A. English

မဂ်လာပါတီချာတို့ရေ July ပထမပတ်မှာ TKT YL F2F အတန်းသစ်လေးစဖို့ရှိတယ်နော် 🍭🍭🍭 ✅အပတ်စဉ် စနေ၊တနဂ်နွေ နေ့လည် ၁-၃ထိ၊ ၁၀ ပတ်တက်ရပ
မဂ်လာပါတီချာတို့ရေ July ပထမပတ်မှာ TKT YL F2F အတန်းသစ်လေးစဖို့ရှိတယ်နော် 🍭🍭🍭 ✅အပတ်စဉ် စနေ၊တနဂ်နွေ နေ့လည် ၁-၃ထိ၊ ၁၀ ပတ်တက်ရပါမယ် ✅အသက်၆နှစ်နဲ့အထက် ကလေးတွေသင်ကြားနေတဲ့ ဆရာ၊ဆရာမများအတွက် အထူးသင့်တော်ပါတယ်နော် ✅TKT YLက module၁ခုတည်းဆိုပေမဲ့ TKTတက်မထားလဲ အဆင်ပြေနိုင်အောင်အတွက် လိုတာတွေ ဖြည့်သင်ပေးတာအပြင် in personအတန်းမို့ micro teaching ၂ကြိမ်ပါမှာမို့ အလွန်ကောင်းမွန်သောပါနော် 🤩 ✅ဒါ့အပြင် in personအတန်းမို့ တကယ်လက်တွေ့ YL စာသင်ခန်းတွေမှာ အသုံးပြုတဲ့ သင်ကြားပုံတွေ activitiesတွေကို တပါတည်း အတွေ့အကြုံရသွားမှာမို့ ပို၍ ပို၍ ကောင်းမွန်သောပါပဲ 🤩🤩 ✅ပို၍ ပို၍အကောင်းဆုံးကတော့ စာမေးပွဲဖြေမယ်ဆို ၇၅၀၀၀တန်တဲ့ preparation တန်းလေး freeတက်ခွင့်ရတာပါ စိတ်ဝင်စားတယ်ဆိုရင်တော့ page messenger ကနေ TKT YLလို့ ပြောလိုက်ရုံပါပဲနော် GTက အတန်းတွေမှန်သမျက လူအများဆုံး ၁၄ယောက်သာ လက်ခံတာမို့ လူပြည့်တာ မြန်တယ်လို့ #GreenTara #TKT #TKTYL

မဂ်လာပါတီချာတို့ရေ July ပထမပတ်မှာ TKT အတန်းသစ်လေးတွေစဖို့ရှိတယ်နော်🤩 😍 Online Zoom Class တစ်တန်းနဲ့ On Campus တစ်တန်းပါ . . . ✅Online Monday & Wednesday 7-9 pm ✅On Campus Sat & Sunday 10am- 12 pm ၁၁အေ၊ ဒဂုံစင်တာ၂ ကွန်ဒို၊ မြေနီကုန်း ✅သင်တန်းကာလ ၃လပါနော် Green Taraမှာ TKTတက်တဲ့သူတွေက ✅စာမေးပွဲဖြေမယ်ဆို exam preparation အတန်းလေးကို free joinခွင့်ရမှာပါနော် 🤩 ✅ဒါ့အပြင် စာမေးပွဲကြေးကလဲ သက်သာဦးမှာဆိုတော့ 🤩🤩 Green Tara က သင်တန်းတွေရဲ့ qualityကို အထူးပြောစရာမလိုတာရယ် လူဦးရေ ကန့်သတ်ထားတာရယ် မို့ အတန်းတွေက လူပြည့်တာမြန်တယ် တီချာတို့ရေ🥰 မြန်မြန်လေး အပ်ထားမှ စိတ်ချရတာ တကယ်ပါနော် 😊😊😊 သင်တန်းစုံစမ်းချင်တယ်ဆိုရင် Pageရဲ့ မက်ဆင်ဂျာမှာ အခုဘဲ Hiလိုက်ရင် ရပါပြီ 😍😍😍 #greentara #TKT https://fb.watch/kOF1Uoj0zn/

တီချာတို့ရေ knowledge box ရဲ့ sharing အချိန်လေးရောက်လာပြန်ပြီနော် ဒီတပတ်တော့ လွယ်မလိုနဲ့ခက်နေ၊ သိလားဆိုတော့လဲ မသိသလို သိသလိုနဲ့ မမဆောင်းဆန်နေတဲ့ Cambridge TKT ဆိုတာကြီးနဲ့ TKT exam တွေအကြောင်း ပြောမယ်နော် 😁😁 ပြီးတော့ တခါတည်း မာကက်တင်းလေး ဝင်ချင်လို့ပါ 😂😂😂 Cambridge Universityကမဟုတ်ပေမယ့် သူ့ရဲ့လက်အောက်က အခွဲတခုဖြစ်တဲ့ Cambridge English အောက်ကနေသွားတဲ့ Cambridge English Teaching Qualification တွေထဲမှာ TKT က ဘေဘီလေး အငယ်ဆုံးလေး English သင်မယ့်ဆရာ ဆရာမတွေ မသိမဖြစ် သိသင့်သိထိုက်တာလေးတွေ အကုန် စုပြီး ဗဟုသုတအလို့ငှါ ဖတ်မှတ်လေ့လာ ဖြေရတာလေး 🙂🙂 မော်ဂျူးတခုကို တနာရီနဲ့မိနစ်၂၀စာ မေးခွန်းအခု ၈၀မှာ ၅၅-၆၅ကြားမှန်ရင် အတော်ကြီးသိ- band 4လောက်ကနေ တော်တော်သိ band 3၊ အတန်အသင့်သိ band 2 မသိတသိ band 1ဆိုပြီး certificate ထုတ်ပေးတာ Cambridge Englishရဲ့ English Teaching Qualification တခုအနေနဲ့ပါ ✅ ကျောင်းတွေက အလုပ်ခေါ်တဲ့အခါ အဂ်လိပ်စာသင်ဖို့ဆိုရင် အနိမ့်ဆုံး TKTလက်မှတ်ရှိမှဆိုတာမျိုးတွေ တွေ့လာရတော့ သင်တန်းတက်သူ၊ စာမေးပွဲဖြေသူတွေများလာသလို ဖြေဖို့ပြင်ဆင်ပေးတဲ့ ထရိန်နင် centreတွေနဲ့ (ဥပမာ Care for Myanmar, Impact Institute) ဖြေလို့ရတဲ့ exam centreတွေလဲ ရွေးချယ်စရာ များလာပါပြီ 🙂🙂🎉 ဟုတ်ပါတယ် အဲ့ဒီ TKT စာမေးပွဲတွေဖြေဖို့ဆို အရင်က BCသာရှိခဲ့ပေမဲ့ ခုတော့ ABSQ နဲ့ Green Tara ဆိုပြီး ရွေးချယ်စရာနေရာတွေ ရှိလာပါပြီ 🤩🤩 ဘယ်မှာဖြေဖြေ ရမယ့်လက်မှတ်ကတော့ Cambridge Englishကပေးတဲ့ လက်မှတ်မို့ တူတူပါပဲနော် ✅✅✅ ဟုတ်ပါတယ် တချို့က self studyလုပ် စာဖတ်ပြီး ဖြေတယ်၊ တချို့က ထရိန်နင်စင်တာတွေမှာ တက်ပြီး အဲ့ဒီစင်တာကနေတဆင့် စာမေးပွဲကြေးသွင်းပြီးဖြေတယ်။ ဘယ်လိုဖြေဖြေ အတူတူပဲမို့ အပေါ်မှာပြောခဲ့သလို အတော်ကြီးသိ၊ တော်တော်သိဆိုတဲ့ band 4-3လိုဟာမျိုးလိုချင်တယ်ဆိုရင်တော့ English Language levelက B1နဲ့အထက်တော့ ရှိဖို့လိုတာ အဓိကပါပဲ 😎😎 မဟုတ်ရင် တမိနစ်ကိုတခုနှုန်းဖြေရ အမြန်စဉ်းစားရပါမယ်ဆိုမှ မေးခွန်းဖတ်ပြီး ဘာသာပြန်နေရရင် တော်တော်သိဖြစ်ဖို့ ဝေးပြီပေါ့ 🥹🥹🥹 ဒါကြောင့် မေးခွန်းမြင်လိုက်တာနဲ့ ဘာမေးမှန်းတတန်းသိဖို့ဆို Language skillလေးက အင်တာလောက်ရှိမှ ဖြေလို့အဆင်ပြေမယ်ဆိုတာ မမေ့ပါနဲ့နော် ✅✅✅ ခုဆက်ပြောပြမှာကတော့ Green Taraရဲ့ exam serviceပါ။ အားလုံးသိကြတဲ့အတိုင်း Green Taraက Cambridgeနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ exam centre number MM001 ဆိုတော့ GTမှာပဲ TKT exam တွေဖြေလို့ရနေပီပေါ့😊😊 😊 ဖြေလို့ရတာမှ ✅လတိုင်းလဲ ကိုယ်ဖြေချင်တဲ့လမှာ ဖြေလို့ရ ✅တရက်ကို moduleတခုချင်းစီဖြေချင်လဲရ ✅မော်ဂျူး၃ခုလုံးတရက်ထဲဖြေမယ်ဆိုလဲ break လေးသေချာပေးပြီး ကော်ဖီနဲ့ snackလေး freeရ ✅ GTမှာ ဖြေဖို့ registerလုပ်ရင် ၇၅၀၀၀တန် exam preparation တန်းလေးကို free joinလို့ရ ✅GTမှာတက်ဖူးရင် module တခုဆီကို ၁၀၀၀၀သက်သာသေးတာဆိုတော့ module ၃ခုဆို ၃၀၀၀၀သက်သာရ ဘာလိုသေးလဲနော့ ဒီတော့ TKT ဖြေဖို့ စိတ်ကူးလေးရှိရင် Green Taraသာ ရွေးချယ်ပါလို့ 💛💛💛 အောက်မှာ Green Tara Exams pageရဲ့ လင့်လေးပါ 👇 ဖြေမယ်ဆို သွား ဟိုင်း လိုက်ရုံပါပဲ https://www.facebook.com/profile.php?id=100089009372234... #GreenTara #konwledgebox #TKT

ဟလို ဟလို ဒီတခါတော့ WSC (World Scholars’ Cup 2023- Reconstructing the past) regional round မှာ teamအနေနဲ့ စုစုပေါင်း ဆုတံဆိပ်
ဟလို ဟလို ဒီတခါတော့ WSC (World Scholars’ Cup 2023- Reconstructing the past) regional round မှာ teamအနေနဲ့ စုစုပေါင်း ဆုတံဆိပ် ၂၁ခု၊ collaborative writingအတွက် trophyနဲ့ ရွှေတံဆိပ်ကိုယ်စီရခဲ့တဲ့ ISMက Senior teamကို ဂုဏ်ယူစွာ မှတ်တမ်းတင်ချင်လို့ပါနော် 🎁🎉 Green Taraနဲ့အတူ လေ့ကျင့်ချိိန် ၁၀နာရီပဲရှိခဲ့ပေမယ့် အကောင်းဆုံးကြိုးစားပြီး ဆုတွေအများကြီး ယူခဲ့ပေးလို့ ကျေးဇူးတင်ပါတယ် Global round ကိုကျော်ဖြတ်ပြီး Yale က Tournament of Champions ထိ ဆုတွေ အများကြီး ရပါစေလို့ ဆုတောင်းပေးပါတယ် 🤩🤩🤩 ✅ မေမေ ဖေဖေတို့ရဲ့ သားသားမီးမီးတွေကို WSC global roundအတွက် trainချင်တယ်ဆိုရင်တော့ မက်ဆင်ဂျာလေးကနေ ဟိုင်းလိုက်ရုံပါပဲ #GreenTara #WSC #globalround

Green Tara Institute မှ အသိပေးကြော်ငြာခြင်း Green Tara မှ သဘောတူညီချက်တွေ ထောက်ခံစာတွေမှာ ပါရှိသော တာ၀န်ရှိသူ၏ လက်မှတ်နှင့် G
Green Tara Institute မှ အသိပေးကြော်ငြာခြင်း Green Tara မှ သဘောတူညီချက်တွေ ထောက်ခံစာတွေမှာ ပါရှိသော တာ၀န်ရှိသူ၏ လက်မှတ်နှင့် Green Tara မှ ပြောင်းလဲ အသုံးပြုသွားမည့် Company letter head နှင့် ပါတ်သက်တဲ့ အပြောင်းအလဲလေးကို တရား၀င် ကြော်ငြာပေးခြင်းဖြစ်ပါတယ်. သတင်းစာပါကြော်ငြာစာအတိုင်း အကြောင်းတစ်စုံတစ်ရာရှိပါက Green Tara Team သို့တိုက်ရိုက်ဆက်သွယ်ပေးဖို့ မေတ္တာရပ်ခံပါတယ်

Level 5 certificate in TEYLT (Teaching English to Young Learners & Teens) ဟလို မင်္ဂလာပါ 🌵🌵🌵 YL တီချာတွေအားလုံးတောင်းဆိုထားတဲ့ Weekend TEYLT အတန်းလေးလာပါပြီနော်🌼🌼 🌵TEYLT ဆိုတာဘာလဲ 🌼 အသက်၆နှစ်နဲ့အထက် ကလေးအထူးပြု အင်္ဂလိပ်စာသင်ကြားရေးအတွက်ပို့ချတဲ့သင်တန်းပါ 🌵TEYLT က ဘယ်သူတွေတက်သင့်တာလဲ 🌼 YLE examတွေအထူးပြုသင်တဲ့ ဆရာ၊ဆရာမတွေ 🍀 အင်တာနေရှင်နယ်စကူးမှာ YLအထူးပြုသင်ကြားတဲ့ ဆရာ၊ဆရာမတွေ တက်သင့်ပါတယ် 🌵 သင်ကြားရေးအတွေ့အကြုံနည်းနည်းပဲရှိတယ်။ TKTတို့ TKT YLတို့ဘာမှမပြီးသေးဘူး တက်လို့ရလား 🌼 ရပါတယ် သင်ကြားရေးနဲ့ပတ်သက်တဲ့ အခြေခံ သီအိုရီတွေ နည်းတွေကို အစကပြန်သင်ပေးတာမို့ စိတ်ပူစရာမလိုပါဘူးနော် 🌵 Language Level B1လောက်ဆိုရင်တက်လို့ရပီလား 🌼 B2လောက်ရှိမှ အဆင်ပြေနိုင်မှာပါ။ အတန်းထဲမှာ ဆွေးနွေးတာတွေက မြန်မာလိုနဲ့ညှပ်ပြောလို့ရပေမဲ့ Taskတွေ အဆိုင်းမန့်တွေနဲ့ TPတွေအားလုံးက Englishလိုမို့ပါ 🌵 နိုငိငံတကာလက်မှတ်ရဖို့ စာမေးပွဲဖြေရမှာလား 🌼Green Taraရဲ့သင်တန်းတွေက စာမေးပွဲဖြေပြီးလက်မှတ်ထုတ်ပေးတဲ့ပုံစံ မဟုတ်ပါဘူးနော်။ စာမေးပွဲကြေးလဲထပ်မကောက်ပါဘူး။ အဆိုင်းမန့်တွေ၊ TPတွေအောင်ရင်ရပါပီနော် 🌵အတန်းချိန်နဲ့ သင်တန်းကာလ၊သင်တန်းကြေးကရော Zoom onlineတန်းလေးကတော့- 🌼 စနေ & တနင်္ဂနွေ ညနေ ၆-၈ 🌼 သင်တန်းကာလ ၃လ In person intensive တန်းလေးကိုလဲ မြန်မြန်ပီးချင်တဲ့ အလုပ်များသူတွေအတွက် 🌼မေ ၁၉-၂၃ထိ ၅ရက်ဆက်တိုက် မနက်၈-၁၂ထိ 🌼 သင်တန်းကြေး ၅၅၀၀၀၀ ကျပ်ပါ (LTTC, TQUK လက်မှတ်ကြေးကတော့ ယူမယ့်လက်မှတ်ပေါ်မူတည်ပီး လက်မှတ်ဖိုးထပ်ပေးရပါမယ်) 🌵သင်တန်းကြေးခွဲပေးလို့ရလား 🌼 ဟုတ် ၂ခါခွဲပေးလို့ရပါတယ်၊ လက်မှတ်ကြေးက ယူမယ်ဆို နောက်မှပေးရတာပါ 🌵🌵🌵🌵သင်တန်းစမည့်ရက်က ၁၀၊၆၊၂၀၂၃ 🌵🌵🌵🌵 သင်တန်းအပ်မယ်ဆိုရင် အောက်ကလင့်လေးကိုနှိပ်ပီး ဖေါင်ဖြည့်ပေးနော်၊ ဒါမှမဟုတ် page messenger မှာ နာမည်၊အီးမေးနဲ့ ဖုန်းနံပါတ်လေးချန်ခဲ့ရင် ပြန်လည်ဆက်သွယ်ပေးပါမယ် 👇 https://forms.gle/XfwPW2tizug1hUDy6 လူဦးရေကန့်သတ်ထားလို့ မြန်မြန်အပ်ထားဖို့တော့လိုမယ်နော်😊😊😊 မေလ၂၀ရက်နေ့မတိုင်ခင်အပ်ခဲ့ရင်တော့ ၅% သက်သာမှာပါလို့ 🌵 ဆက်သွယ်ရန် 🌼 ဖုန်း- ၀၉၇၇၁၃၂၇၁၁၃၊ ၀၉၇၆၉၀၈၂၂၁၇ 🌼 အီးမေး- customercare@greentaras.org #teacherqualification #CPD #TEYLT

Conversation Club reminder လေးပါ မနက်ဖန် ၁၃၊၅၊၂၀၂၃ မနက်၁၀-၁၁:၃၀မှာ Green Taraရဲ့ အပတ်စဉ် con club ရှိပါတယ်နော် ထုံးစံအတိုင်း
Conversation Club reminder လေးပါ မနက်ဖန် ၁၃၊၅၊၂၀၂၃ မနက်၁၀-၁၁:၃၀မှာ Green Taraရဲ့ အပတ်စဉ် con club ရှိပါတယ်နော် ထုံးစံအတိုင်း ၁၁A၊ ဒဂုံစင်တာ ၂ကွန်ဒို မှာနော် C u tmr😊😊😊 #greentara# converstaionclub#

Hola, It's quiz time 🤗 ဒီနေ့ရဲ့ quiz ကတော့ classroom material quiz လေးပါ။ YL or early childhood teacher လေးတွေအတွက် အဓိကထား ပြုလုပ်ပေးထားတာပဲ ဖြစ်ပါတယ်။ ဖြေကြည့်ကြပါဦးလို့ 😙 1. The core text or the main textbook used in a specific class is a student's A. authentic text B. graded text C. coursebook 2. Most audio-lingual materials are designed to help learners develop their ___ skills. A. reading and writing B. spelling and punctuation C. listening and speaking 3. Equipment, supplies, supplementary materials etc that teachers take to a class can be called A. authentic materials B. teaching aids C. realia 4. A graded reader always targets ___ reading level. A. a specific B. an unspecified C. a below-average 5. Authentic materials used in a classroom are materials taken from A. a self-access centre B. the real world C. authorized sources ထုံးစံအတိုင်း တယ်လီမှာ အဖြေတွေတင်ထားမယ်နော် 🤗 See you trs! Crd#TEFLnet #GreenTaraInstitute #Quiz

"Be a CELTA TP Observer @ Cambridge Authorised Training Centre Green Tara Institute" 📣 ✨️ ကိုယ့်ရဲ့ resume မှာ Extra Curriculum activities ကို မြှင့်တင်ချင်လား? 📌 ဘန်ကောက်ကို (သို့) နိုင်ငံခြားသွားမှ မဟုတ်ပဲ ကိုယ့် နိုင်ငံမှာတင် CELTA က ဘာလည်း, ဘယ်လိုသင်ရလည်း, ဘယ်လောက် အရည်အချင်းရှိမှ တက်လို့ရတဲ့ သင်တန်းလည်းဆိုတာကို မြည်းစမ်းခွင့် ရကြည့်ချင်လား??? 🔴 အနာဂတ်မှာ CELTA လုပ်ကြည့်ချင်တဲ့ စိတ်ကူး ရှိထားပြီး CELTA ကို အနီးကပ် လေ့လာခွင့်ရနိုင်မယ် Celta Tutor နဲ့ assessor တွေ ဖြစ်တဲ့ Rob, Tony တို့နဲ့ ထိတွေ့ခွင့်ရမယ့် အပြင် ဘာသာစကားစွမ်းရည်ပါ မြင့်တင်နိုင်မယ့် အခွင့်အရေးလေးကို ရယူချင်ပါက💁‍♂️ #GreenTaraInstitute မှာ #CELTA TP observer အနေဖြင့် ပါ၀င်နိုင်ပါပြီ။ အသက်အရွယ် ကန့်သတ်ချက်ရှိလား? ✅️ ရှိပါတယ်။ ၁၈ နှစ် အထက်သာ ၀င်တက်လို့ရပါတယ်။ Language ကန့်သတ်ထားလား? ✅️ ကန့်သတ်ချက် ရှိပါတယ်။ သင်ဟာ Elementary level နှင့် Intermediate level တိတိ ရှိထားရင် သက်ဆိုင်ရာ level နှစ်ခု အတွက် ပါ၀င်ပေးနိုင်ပါတယ်။ ဘယ် အချိန်မှာ တက်ရမှာလည်း? Monday to Friday ထိ တစ်ရက် အချိန် ၂ နာရီခွဲ (၂ ကနေ ၄ ခွဲ) လောက် ပေးနိုင်တဲ့သူေတွအတွက် ပိုအဆင် ပြေပါတယ်။ တစ်ဦးချင်းလည်း register လုပ်လို့ရသလို #Organisation တစ်ခု run နေပြီး ကျောင်းသားတွေကို conversation club လိုမျိုး လုပ်ပေးနေတယ် သို့မဟုတ် organisation အလိုက်ကိုယ့် ကျောင်းသားတွေကို real English language teaching or training နဲ့ ထိတွေ့ပေးချင်ရင်လည်း အဖွဲ့အစည်းအလိုက်ကို register လုပ်နိုင်ပါပြီနော် 🤩 တက်ရောက်ချင်ပါက Registration form လေး ဖြည့်ပေးပြီး ၀င်ခွင့်ရတဲ့သူေတွကိုေတာ့ ဖုန်းဖြင့်သော်လည်းကောင်း မေလ်းဖြင့်သော်လည်းကောင်း ဆက်သွယ်ပေးသွားမှာပါနော် ✌️ https://forms.gle/2LGaSrDcnRW1b4qaA 🔝အတန်းလေး ပြီးဆုံးသွားရင် participation certificate လေးကိုလည်း ချီးမြှင့်ပေးသွားဦးမှာပါ နော့် 🤗 ⚠️ လူဦးရေ ကန့်သတ်ထားပါတယ်နော်။ CELTA Tutors တွေရဲ့ profile လေးကြည့်ချင်ရင် 👇👇👇 𝗠𝗲𝗲𝘁 𝗼𝘂𝗿 𝗖𝗘𝗟𝗧𝗔 𝗧𝗿𝗮𝗶𝗻𝗲𝗿𝘀 ---------------------------------------- Name - Robert Wood Rob Wood is a freelance English language and teacher trainer based in Jakarta, Indonesia and has been teaching English for over 30 years mainly in Turkey, Thailand and Indonesia. Rob has been a CELTA tutor for over 20 years and a CELTA assessor and DELTA local tutor for most of that time. He has taught and assessed Cambridge CELTA courses in many countries including China, Japan, South Africa, Saudi Arabia, Singapore and Vietnam and India. He has also trained up many new CELTA tutors. In addition to teacher training, Rob is also an experienced examiner for the International English Language Testing System (IELTS). Name - Tony Phillips BA MPhil Delta Tony was the British Council Academic Manager in Jakarta, and Head of Adults pre-pandemic. He managed the English Teaching Centre and mentored new teachers. He has worked as a Lead Trainer for the British Council on Teacher Training projects in Rwanda, Peru and Malaysia. Tony has been a Celta Trainer since 2008 and has trained new Celta graduates all over the world including USA, NZ, Thailand and China. He is passionate about supporting new teachers, giving them guidance, support, and encouragement. “Teaching is a very rewarding career, and English Teaching is a field with many opportunities. I am very excited to help students on their English Teaching journey.” #GreenTara_Cambridge_Authorised_Training_Centre

Hello again 🤗 #Knowledge_box အစီအစဥ်လေးကနေ ပြန်လည်ကြိုဆိုပါတယ်။ စာတွေ ဖတ်ရတာ အရမ်းများလာပြီး ခေါင်းလေးလာတာမျိုး ရလာတဲ့ အင်ဖိုကို ချက်ကျကျ မစဥ်းစားတတ်တော့တာမျိုး ဖြစ်နေတယ်ဆို အခုေပးမယ့် Podcast လေးတွေ နားထောင်ကြည့်နော် 😙 Bridge University က ESL teacher တွေ အတွက် recommend ပေးထားတဲ့ podcast လေးတွေက ဘာတွေလည်း ကြည့်ရအောင် 🤗 1. https://esl.culips.com/ သူက ကျောင်းသားတွေအတွက် study guide, material တွေအပြင် သူရဲ့ topic ေတွက daily မှာ ဆက်စပ်တဲ့ အကြောင်းတွေမို့ တော်တော်လေး ကောင်းတာတွေ့ရပါတယ်။ Apple, Spotify, စတာတွေကနေလည်း နားထောင်နိုင်ပါတယ်။ 2. https://teflology-podcast.com/ ဒါလေးက ဆရာမတွေအတွက်သီးသန့် methodology လေးတွေကို podcast လုပ်ထားပေးတာမျိုးပါ။ teaching knowledge တိုးချင်ရင် အမြဲနားထောင်နေသင့်တဲ့ နေရာလေးမို့ ညွှန်ပါတယ်။ 3. Bedtime History https://www.podcastrepublic.net/podcast/1155392992 Young learners တွေအတွက် လုပ်ထားတာဖြစ်သလို space exploration လိုမျိုး topic တေွေ အသားပေးထားတာမို့ nerdy လေးတို့အကြိုက်ပေါ့နော်။ 4. https://www.nationalgeographic.com/podcasts/overheard/ National geographic က speaking သွက်ချင်သူတွေနဲ့ general knowledge တိုးချင်သူတွေအတွက် မဖြစ်မနေ ဆောင်ထားသင့်တဲ့ podcast လေးပါ။ lesson အကြောင်းအရာတွေက ဆရာမတွေ အတွက် စာသင်ခန်းထဲ ချပြလို့ကောင်းရဲ့ lesson idea တွေလည်း များတာမို့ လက်တို့လိုက်တယ်နော် 😙 #GreenTaraInstitute #Knowledge_box

📌 TKT exam preparation class ⚠️ TKT Exam ဖြေမည့်သူတွေ၊ ဖြေဖို့ရည်ရွယ်ထားသူတွေ အတွက် intensive exam practice ပြုလုပ်ပေးတဲ့ အတန်း ဖြစ်ပါတယ်။ May 10 to June 9 Wed & Fri - 8:10 p.m. Preparation class ဖြစ်တဲ့အလျောက် TKT စာမေးပွဲ အတွက် အနီးကပ်လေ့ကျင့်ပေးပြီး Trainer နှင့် မေးခွန်းဟောင်း ပြန်ကြည့်ကာ ဆွေးနွေးရင်း လေ့ကျင့်ပေးတာမို့ TKT ဖြေဖို့ရည်ရွယ်ထားတယ်ဆို ဒီ အတန်းလေးက သင့်အတွက်ပါပဲ GreenTara က Cambridge Authorised Exam Centre ဖြစ်တာမို့ တခါတည်း register လုပ်ရင်းလည်း ဖြေနိုင်ပါတယ်လို့ 😙 အသေးစိတ်သိရှိလိုပါက ပေချ့်လေးမှာ မေးမြန်းနိုင်ပါတယ် 🤗 #GreenTaraInstitute #TKTPREPARATION

📌 New Class Announcement Diploma in Montessori Method Teaching very young learners ( early childhood education) လို့ဆိုလိုက်ရင် နှစ်ပေါင်းရာချီတဲ့အစဉ်အလာနဲ့ Montessori နည်းလမ်းတွေကို မျက်ကွယ်ပြုလို့မရဘူးဆိုတာ တီချာတို့ အသိပါ။ 21 century မှာ ကလေးငယ်တွေကို ကိုင်တွယ်ရတာ အရမ်း အနုပညာဆန်ပါတယ်။ သမားရိုးကျ သင်ရိုးကြီးချသင်တိုင်း မရတော့တဲ့ခေတ်မှာ ကလေး တစ်ဦးချင်းရဲ့ သင်ယူတတ်မြောက်မှုနှုန်းကို သိရှိကာ သင်ခန်းစာတွေ ထိထိရောက်ရောက် ရေးဆွဲတတ်လိုလျှင် ယခု သင်တန်းလေးက သင့်အတွက်ပါ 😇 ဒီသင်တန်းေလးမှာ ဘာတွေ သင်ရမလည်း? ✔️ Montessori နဲ့ပတ်သက်တဲ့နောက်ခံ ဘက်ဂရောင်း၊ ✔️ ကလေးသူငယ်တွေ ဘာသာစကားသင်ယူပုံ၊ ✔️ ကလေးတွေကို ဘာသာစကားသင်ကြားရေး နည်းလမ်းများနဲ့ သင်ရိုးဆွဲနည်းတွေအကြောင်း လေ့လာဆွေးနွေးရမှာဖြစ်ပါတယ်။ သင်တန်းတက်ဖို့အတွက် လိုအပ်ချက်ကတော့ ******** ✅️ ဘွဲ့ရ မဟုတ်ရင် တက္ကသိုလ်တက်နေသူ ဖြစ်ဖို့လိုပြီး ✅️ အင်္ဂလိပ်ဘာသာစကားစွမ်းရည် အနိမ့်ဆုံး B1ရှိတဲ့သူဖြစ်ရပါမယ်။ 📢 May စပါမယ်။ Mon, Wed 7-9 p.m. 👉 ထရိန်နာ Ms. Kyi Hnin Khaing Consultant, Educator and Cambridge Certified Trainer B.A.B.M (Bachelor of Business Management) HDBA Cambridge University (Distance Learning) Diploma in ECCD (London Examination Board) Professional Diploma in Psychology (City of Oxford College) 17 years of experience in Early Childhood Education as a teacher, trainer and a coordinator. အသေးစိတ်ကိုတော့ ပေချ့် မက်ဆင်ဂျာလေးမှ မေးမြန်းစုံစမ်းပေးပါနော် 🤗 #GreenTaraInstitute#DipninMontessori

Hello Hello 👋 Welcome to Sunday Quiz session 🤗 မင်္ဂလာပါ ဒီနေ့တော့ Methodology တွေ မ quiz ပဲ ကိုယ့်ရဲ့ learning styles တွေအကြောင်းပို သိအောင် စစ်ကြည့်လို့ရမယ့် Quiz လေး ရှဲပေးပါမယ်။ ဆရာ၊ မတွေတင်သာမက ကျောင်းသားတွေပါ စစ်လို့ရပြီး အလွယ်အဖြေထွက်တာမို့ စစ်ကြည့်ဖို့ တိုက်တွန်းပါတယ် 😃 https://www.proprofs.com/quiz-school/story.php?title=mja5njm3mqf41b&id=2096122 Telegram မှာလည်း တင်ထားပေးပါ့မယ်နော် #GreenTaraInstitute#Quiz