en
Feedback
SEC Sharing Korean For Learners

SEC Sharing Korean For Learners

Open in Telegram

🙋🏻‍♂️🙋🏻‍♀️안녕하세요, Welcome to @StarFreeEducation Sharing Korean for Learners Channel⭐️ 📌 Schedules(Weekly) Thursday - Grammar (소영쌤) Friday - Knowledge (하은쌤) Saturday - Vocabulary (지은쌤) Sunday - Speaking (보라쌤) 우리와 함께 한국어를 배우자💌

Show more
1 965
Subscribers
No data24 hours
-127 days
-3730 days
Posts Archive
A/V/N이다+(으)ㄴ/는 데도 (으)ㄴ/는 데도 သဒ္ဒါက (으)ㄴ/는 데 နဲ့ 아/어도 သဒ္ဒါနှစ်ခုကို ပေါင်းစပ်ထားတာဖြစ်ပြီးတော့ အရှေ့စာကြောင်းရဲ့အကြောင်းအရာ၊အခြေအနေနဲ့ပတ်သက်ပြီး အနောက်စာကြောင်းမှာ မျှော်လင့်ထားတာနဲ့မတူတဲ့အခါ ၊ ဆန့်ကျင်ဘက်ဖြစ်လာတဲ့အခါမှာ (으)ㄴ/는 데도ကို အသုံးပြုလို့ရပါတယ်။တစ်နည်းအားဖြင့် အရှေ့မှာဖြစ်တဲ့အကြောင်းအရာက အနောက်ကအကြောင်းအရာပေါ် လွှမ်းမိုးသက်ဆိုင်မှုမရှိတဲ့အခါမျိုးမှာ (으)ㄴ/는 데도 ကိုသုံးပါတယ်။ •Adj+았/었는 데도 (အတိတ်ကာလ)• 비싸다 - 비쌌는데도 적다     - 적었는데도 •Adj+(으)ㄴ 데도 (ပစ္စုပ္ပန်ကာလ)• 비싸다  - 비싼데도 적다      - 적은데도 •V+았/있는데도 (အတိတ်ကာလ)• 가다  - 갔는데도 먹다  - 먹었는데도 •V+는데도 (ပစ္စုပ္ပန်ကာလ)• 가다  - 가는데도 먹다  - 먹는다고 •N이다+였는데도/이었는데도 (အတိတ်ကာလ)• 오후이다  - 오후였는데도 오전이다  - 오전이었는데도 •N이다+인데도 (ပစ္စုပ္ပန်ကာလ)• 오후이다  - 오후인데도 오전이다  - 오전인데도 A.얼굴이 피곤해 보이네요.어제 잠을 못 잤어요? မျက်နှာကပင်ပန်းနေပုံပဲ။မနေ့က အိပ်မပျော်ဘူးလား B.어제 푹 잤는데도 오늘 많이 피곤하네요. မနေ့က အိပ်ရေးဝဝအိပ်ခဲ့တာတောင် ဒီနေ့အများကြီးပင်ပန်းနေတုန်းပဲ A.여보,입을 옷이 하나도 없어서 몇 벌 사야겠어요. ယောက်ျား၊ ဝတ်စရာ အင်္ကျီက တစ်ထည်မှကို မရှိတော့တာမို့ နည်းနည်းပါးပါးထပ်ဝယ်ရတော့မယ် B.옷장에 옷이 이렇게 많은데도 또 옷을 산다고? ဗီရိုထဲမှာ အင်္ကျီတွေ ဒီလောက်အများကြီးရှိနေတာတောင် ထပ်ပြီးဝယ်ဦးမယ်ဟုတ်လား *(으)ㄴ/는 데도ကို ပိုပြီးအလေးအနက်ဖြစ်စေချင်တဲ့အခါ (으)ㄴ/는 데도အနောက်မှာ 불구하고ကို ထည့်ပြီး (으)ㄴ/는 데도 불구하고 ဆိုပြီးတော့ အသုံးပြုလို့ရပါတယ်။ -사랑하는데도 불구하고 헤어져야 했어요. ချစ်ကြပေမယ့်လည်း လမ်းခွဲခဲ့ကြရတယ် -바쁘신데도 불구하고 와주셔서 감사합니다. အလုပ်များနေတာတောင် လာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် 제 친구는 월급이 많은데도 회사를 그만두고 싶어 해요. ကျွန်တော့်ရဲ့သူငယ်ချင်းက လစာများများရတာတောင် ကုမ္ပဏီကနေ ထွက်ချင်နေတယ်။ 주말인데도 백화점이 한가하네요. ပိတ်ရက်ဖြစ်ပေမယ့်လည်း ကုန်တိုက်က အေးအေးဆေးဆေးရှိနေသားပဲ။ 아침에 청소를 했는데도 집에 먼지가 많아요. မနက်က သန့်ရှင်းရေးလုပ်ခဲ့တာတောင် အိမ်မှာ ဖုန်တွေက မ‌ျားနေတုန်းပဲ။

INFP 특징 INFPတွေရဲ့ထူးခြားတဲ့ပင်ကိုယ်စရိုက်လက္ခဏာ 1. 배려심 많고 친절하다. 상대의 얘기를 잘 들어주고 공 감해준다. ဂရုစိုက်ပေးတတ်ပြီး စိတ်ထားကောင်းတယ်။ တစ်ခြားသူရဲ့စကားတွေကို သေချာနားထောင်ပေးပြီးစာနာပေးတတ်တယ်။ 2. 독서를 좋아한다. 특히 언어능력이 뛰어나다. 창의적 이고 예술을 좋아한다. စာဖတ်ရတာကိုသဘောကျတယ်။ အထူးသဖြင့် ဘာသာစကားလေ့လာရာ မှထူးချွန်တယ်။ တီထွင်နိုင်စွမ်းရှိပြီး အနုပညာတွေကိုစိတ်ဝင်စားတယ်။ 3.작은 것에도 쉽게 감동한다. 눈물이 많다(누가 우는 거 보면 따라 운다). 생각이 너무 많다. ကိုယ့်ကို နည်းနည်းလေးကောင်းပေးရင်တောင် လွယ်လွယ်စိတ်လှုပ်ရှား တတ်တယ်။ မျက်ရည်လွယ်တယ်(တစ်ယောက်ယောက်ငိုတာတွေ့ရင် တူ တူလိုက်ငိုတတ်တယ်)။ အတွေးများလွန်းတယ်။ 4.친한 사람들과 있을 때는 외향형으로 바뀐다 ကိုယ်ခင်တဲ့သူတွေနဲ့တူတူရှိနေရင် လူေတွကြားပျော်ပျော်နေတတ်တဲ့သူ အဖြစ်ပြောင်းသွားတတ်တယ် 5.현실주의자이기보다 이상주의자이다. 조심성이 많 은 반면 즉흥적으로 행동할 때도있다. လက်တွေ့ကျတဲ့သူဆိုတာထပ်စိတ်ကူးယဉ်တတ်တာပိုများတဲ့သူဖြစ်တယ်။ သတိထားပြီးတစ်ခုခုလုပ်တတ်တဲ့သူဆိုပေမဲ့ တစ်ခါတစ်လေစိတ်ထဲရှိတဲ့ အတိုင်းလုပ်မိတတ်တယ်။ 6.힘든 상황에서도 언제나 긍정적으로 생각하 려고 노력한다 ပင်ပန်းစရာတွေကြုံနေရရင်တောင်အကောင်းမြင်ဖို့ကြိုးစားနေတတ်တယ်။ 7.뛰어난 관찰능력을 바탕으로 창작활동을 한다. 칭찬 받으면 더 의욕이 생기고 잘하려고 한다. ကောင်းမွန်တဲ့လေ့လာရှာဖွေနိုင်တဲ့အရည်အချင်းဖြင့်တီထွင်ဆန်းသစ်ရတဲ့ အလုပ်တွေကိုလုပ်နိုင်တယ်။ ချီးကျူးခံရရင် စိတ်အားပိုထက်သန်လာပြီးပို ကောင်းအောင်ကြိုးစားတယ်။ 8.싫어하지만 않으면 웬만하면 상대에게 맞춰주는 편 이다. 경쟁심, 승부욕이 비교적 낮다. အရာတစ်ခုကို ကိုယ်လုပ်ရတာမကြိုက်ရင်တောင် တစ်ခြားသူကလုပ်ချင် တယ်ဆို အဆင်ပြေအောင်ညှိပေးတတ်တဲ့သူဖြစ်တယ်။ ပြိုင်ဆိုင်လိုစိတ် ပြင်းထန်ပေမဲ့ အနိုင်ယူလိုစိတ်နည်းတယ် 9.타인의 비판에 쉽게 상처 받는다. 상대한테 상처 주기 도 싫다. 말실수했다고 느끼면 꽤 오랫동안 자책한다. တစ်ခြားသူတွေရဲ့ဝေဖန်မှုတွေကြောင့်စိတ်ဒဏ်ရာရလွယ်တယ်။ တစ်ခြား သူကိုစိတ်ဒဏ်ရာပေးမိမှာကိုမုန်းတယ်။ စကားကျွံသွားတယ်လို့ခံစားရရင် အချိန်အကြာကြီးကိုယ့်ကိုယ်ကိုယ်အပြစ်တင်နေတတ်တယ် 뛰어난 관찰력을 가진 |NFP에게 잘 어울리는 직 업>> 예술가, 건축가, 심리학자, 사서, 통번역가, 작가, 배우 သူတို့ရဲ့ကောင်းမွန်တဲ့လေ့လာဆန်းစစ်နိုင်စွမ်းနှင့်လိုက်ဖက်မည့် အလုပ်>>ပန်းချီဆရာ, ဗိသုကာပညာရှင်, စိတ်ပညာရှင်,စာကြည့်တိုက် မှူး, စကားပြန်, ဇာတ်ညွှန်းရေးဆရာ,သရုပ်ဆောင် INFP 연애 1.첫인상이 중요한다. 연애는 매우 신중한편이고 쉽게 시작하지 않는다. စတွေ့တုန်းကထင်မြင်ချက်ကအရေးပါတယ်။ ရည်းစားထားရာမှာ ဂရုစိုက် လွန်းတဲ့သူတွေဖြစ်ပြီး ဆက်ဆံရေးတစ်ခုကိုလွယ်လွယ်မတည်ဆောက်ကြ ဘူး 2. 연애 초기에는 표현을 많이 하지 않는다. 신뢰가 쌓 이고 시간이 지날수록 점점 더 감정 표현을 많이 한다. 사소한 거에도 감동한다 ရည်းစားစစဖြစ်ချင်းမှာဘယ်လိုခံစားရလည်းသိပ်မထုတ်ပြတတ်ဘူး။ ဆက်ဆံရေးမှာယုံကြည်မှုတည်ဆောက်နိုင်ပြီးအချိန်ကြာလာတာနဲ့အမျှ ဘယ်လောက်သဘောကျလည်းဆိုတာပိုထုတ်ပြတတ်တယ်။ ချစ်သူက နည်းနည်းလေးကောင်းပေးရင်တောင်ရင်ခုန်တယ်။ 3.공감 못하고 정서가 공유되지 않으면 만남이 지속되지 않는다 အချင်းချင်းစာနာမပေးနိုင်တော့ရင်ဖြစ်ဖြစ် အတွေးတွေဝေမျှလို့မရတော့ ရင် ဆက်တွဲဖို့မဖြစ်နိုင်ဘူးလို့ခံစားရတတ်တယ်။ 4.이별을 고할때도 미얀해 한다. 하지만 마음이 돌아선 그들과는 두 번 다시 연락할 수없다. လမ်းခွဲရင် စိတ်မကောင်းဖြစ်နေတတ်တယ် ဒါပေမဲ့ လမ်းခွဲပြီးရင်တော့ ပြန် လှည့်မကြည့်သလို အဆက်အသွယ်လည်းမလုပ်တော့ဘူး။

여러분 안녕하세요!👋👋 하은쌤이에요! 👸✨ အားလုံးပဲ မင်္ဂလာပါရှင့်✨ ဒီနေ့မှာ‌ဝောာ့쌤ကအရင်တစ်ပတ်ကပြောပြပေးသွားတဲ့MBTI‌အမျိုးအစား‌တွေထဲကတစ်ခုဖြ
여러분 안녕하세요!👋👋 하은쌤이에요! 👸✨ အားလုံးပဲ မင်္ဂလာပါရှင့်✨ ဒီနေ့မှာ‌ဝောာ့쌤ကအရင်တစ်ပတ်ကပြောပြပေးသွားတဲ့MBTI‌အမျိုးအစား‌တွေထဲကတစ်ခုဖြစ်တဲ့INFPအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင် ဒါဆိုရင်쌤နဲ့အတူတူကြည့်လိုက်ကြရအောင်!🤗✨ ~ ပုံလေးကိုထောက်ကြည့်ပြီးဖတ်ပေးပါနော်☘️✨ ~ Credit to the original author 🙇☘️ ကဲ ဒါဆိုရင်တော့ 쌤‌ ပြောပြပေးသွားတာလေးတွေကိုယောရောဘွန်းတို့သ‌ဘောကျကြမယ်လို့မျှော်လင့်ပါတယ်ရှင့်။😉နောက်အပါတ်‌တွေမှာလည်း 쌤ကကိုရီးယားနိုင်ငံရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုအများကြီးsharingလုပ်ပေးသွားမှာမို့လို့ ယောရောဘွန်းတို့ကလည်းအများကြီးသဘောကျပြီးစောင့်ကြည့် ပေးကြပါဦးလို့ 쌤ကတောင်းဆိုချင်ပါတယ်။💕 ယောရောဘွန်းတို့တင်‌ပေးစေချင်တဲ့အကြောင်းအရာတွေကိုလည်း ကောမန့်မှာမန့်သွားလို့ရပါတယ်နော် ဒါဆိုရင်တော့ 쌤ကနောက်တစ်ပါတ်မှာ ယောရောဘွန်းတို့သိချင်တဲ့အကြောင်းအရာတွေကိုpostတင်ပေးပြီးရှင်းပြ‌ပေးမှာဖြစ်ပါတယ်ရှင့် 🤍ဒါဆိုနောက်တစ်ပါတ်သောကြာနေ့မှာပြန်လည်ဆုံတွေ့ပါမယ်ရှင့်✨ 여러분 안녕히 계세요🌟 안녕👋👋 #하은쌤

Adj/V+(으)ㄴ/는 반면에 (으)ㄴ/는 반면에ကို Adjနဲ့Verbရဲ့အနောက်မှာသုံးပြီး အရှေ့စာကြောင်းရဲ့အကြောင်းအရာနဲ့ အနောက်စာကြောင်းရဲ့အကြောင်းအရာက ဆန့်ကျင်ဘက်ဖြစ်နေကြောင်းကို ဖော်ပြတဲ့အခါမှာ သုံးပါတယ်။ အကြောင်းအရာတစ်ခုကိုပြောတဲ့အခါမှာ ကောင်းတဲ့အချက်ကိုပြောရင်းနဲ့ ဆိုးတဲ့အချက်ကိုပါ အတူတူပြောချင်တဲ့အခါမှာလည်း အသုံးပြုနိုင်ပါတယ်။(으)ㄴ/는 반면에 ကို 에'မထည့်ဘဲ (으)ㄴ/는 반면 ဆိုပြီးတော့ အသုံးပြုလို့လည်းရပါတယ်။ •Adj ဆို အသတ်ပါရင် 은 반면에 작다 -----> 작은 반면에 အသတ်မပါရင် ㄴ 반면에 크다 -----> 큰 반면에 •V ဆို အသတ်ပါပါ၊မပါပါ Present tense ဆိုရင် 는 반면에 가다 -----> 가는 반면에 입다 -----> 입는 반면에 •V က Past tense ဆိုရင် (으)ㄴ 반면에 가다 -----> 간 반면에 입다 -----> 입은 반면에 A.지금 다니고 있는 회사가 어때요? အခုအလုပ်လုပ်နေတဲ့ ကုမ္ပဏီကဘယ်လိုနေလဲ B.일은 많은 반면에 월급은 적어서 회사를 옮길까해요. အလုပ်ကတော့ များတယ်ဆိုပေမယ့် လစာကနည်းတာမလို့ ကုမ္ပဏီပြောင်းလုပ်ရမလားလို့ စဉ်းစားနေတာ A.양강 씨는 정말 운동을 잘하네요! Yang Gangက အားကစားမှာ တကယ် တော်တာပဲ! B.하하! 저는 운동은 잘하는 반면에 공부는 못해요. ဟားဟား! ကျွန်တော်က အားကစားမှာတော်တယ်ဆိုပေမယ့် စာတော့မတော်ဘူး 지하철은 빠른 반면에 출퇴근 시간에는 사람이 많습니다. မြေအောက်ရထားက မြန်တယ်ဆိုပေမယ့် ရုံးတက်၊ရုံးဆင်းချိန်ကျရင်တော့ လူများတယ် 카일리 씨는 읽기는 반면에 말하기는 잘 못해요. Kylie က ဖတ်တာတော့ တော်တယ်ဆိုပေမယ့် စကားပြောကိုတော့ မတော်ဘူး 저 연기자는 연기를 잘한다고 호평을 받은 반면에 악평도 많이 들었어요. အဲ့ဒီသရုပ်ဆောင်က သရုပ်ဆောင်တော်တယ်ဆိုပြီး ချီးကျုးခံရတယ်ဆိုပေမယ့် ဝေဖန်သံတွေလည်းအများကြီးကြားရတယ် •အရှေ့စာကြောင်းနဲ့ အနောက်စာကြောင်းက ဆန့်ကျင်ဘက်ဖြစ်တာကို ဖော်ပြချင်တဲ့အခါ (으)ㄴ/는 데 반해'ဆိုတဲ့ pattern ကိုလည်း အသုံးပြုနိုင်ပါတယ်။ 그 집은 비싼 데 반해 주변 환경은 별로 안 좋은 것 같습니다. အဲ့ဒီအိမ်က ဈေးကြီးတယ်ဆိုပေမယ့် ပတ်ဝန်းကျင်အခြေအနေက‌ သိပ်ပြီး မကောင်းဘူးထင်တယ် 요즘 수입은 증가하는 데 반해 수출은 감소하고 있습니다. အခုတလော သွင်းကုန်က မြင့်တက်လာတယ်ဆိုပေမယ့် ပို့ကုန်ကတော့ လျော့ကျနေတယ်။

안녕하세요!! 오늘 대화를 계속 배우자!!! 현수: 들어와. 혜진: 우와! 집 예쁘다! 현수: 그래? 고마워. 다른 애들은? 혜진: 금방 올 거야. 슈퍼 갔어. 현수: 여기 앉아. 혜진: 이거 뭐야? 네가 다 만들었어? 현수
안녕하세요!! 오늘 대화를 계속 배우자!!! 현수: 들어와. 혜진: 우와! 집 예쁘다! 현수: 그래? 고마워. 다른 애들은? 혜진: 금방 올 거야. 슈퍼 갔어. 현수: 여기 앉아. 혜진: 이거 뭐야? 네가 다 만들었어? 현수: 응. 나 요리 잘해. 혜진: 멋지다. 인테리어도 멋져. 그리고 음식도 맛있겠다. 현수: 집들이 오늘이 처음이야. 혜진: 진짜? 우리가 처음이야? 집 진짜 좋다. 현수: 다행이다. 배고프지? 먼저 먹을래? 혜진: 아니. 기다릴게. 애들 왜 안 오지? 모른 게 없을 것 같습니다 여러분!! 있다면은 언제든 물어용... 안녕! #보라쌤

1)INFJ 특징 INFJ တွေရဲ့ထူးခြားတဲ့ပင်ကိုယ်စရိုက်လက္ခဏာ 1.INFJ는 성실하고 독창적이며, 치밀한 계획을 잘 세 우는 유형 입니다. INFJ တွေက ရိုးသားပြီး တီထွင်ဖန်တီးနိုင်မှုနှင့် ကောင်းမွန်စွာစီစဉ် ဖန်တီးနိုင်စွမ်းရှိတဲ့သူတွေဖြစ်ကြတယ်။ 2. 뛰어난 관찰력과 경청, 직관력 등으로 마치 예언자 처럼 미래에 벌 어질 일들을 잘 예상하곤합니다. ကိစ္စတစ်ခုကိုအကဲခတ်လေ့လာရာတွင်သာမကနားထောင်ရာတွေတော်ပြီး တစ်ခါတစ်လေသူရဲ့အကဲခတ်နိုင်စွမ်းဖြင့်အနာဂတ်ကို ဗေဒင်ဆရာတစ် ယောက်နီးပါးမှန်အောင်ခန့်မှန်းနိုင်တယ်။ 3.상대의 말에 감정이입 해서 경청한다. 상대의 기분을 잘 살핀다. 눈치가 빠르다. တစ်ခြားသူတွေပြောတဲ့စကားကိုကိုယ်တိုင်ဝင်စာနာပေးပြီးနားထောင်ပေး တယ်။တစ်ခြားသူတွေဘယ်လိုခံစားရမလဲအရမ်းဂရုစိုက်တယ်။အရိပ် အကဲခတ်တာမြန်တယ်။ 4.잘 받아들이고 너그럽다. 형식적인 관계라도 친절하 게 대한다. သဘောပေါက်လက်ခံလွယ်ပြီးစိတ်သဘောထားကောင်းတယ်။သိပ်မ ရင်းနှီးတဲ့သာမာန်ဆက်ဆံရေးတွေမှာတောင် ကြင်နာစွာဆက်ဆံပေးတယ် 5. 걱정이 많고 사소한 거에도 의미 부여한다. 혼자있 는 시간이 꼭 필요하다. 쉽게 상처 받고 거절을 못한 다. 마음이 여리다. တစ်ခုခုဆိုအရမ်းစိတ်ပူတတ်ပြီး သေးငယ်တဲ့ကိစ္စလေးတောင် ဘာကို ဆိုလိုချင်တာလည်းဆိုပြီးအဓိပ္ပါယ်ရှာနေတတ်တယ်။ တစ်ယောက်တည်း နေဖို့အချိန်လိုတယ်။ လွယ်လွယ်ကူကူစိတ်ဒဏ်ရာရတတ်ပြီး အကူအညီ တောင်းရင်ငြင်းဖို့ဝန်လေတယ်။ စိတ်ထားနူးညံတဲ့သူတွေဖြစ်တယ် 6.동시에 여러 가지 일을하기보다 한 가지 일에 집중하 는 걸 선호한다. 환경이 바뀌거나 많은 사람을 만나는 걸 불편 해한다 တစ်ချိန်တည်းမှာ အလုပ်တွေအများကြီးလုပ်ရတာထပ် အလုပ်တစ်ခု တည်းကိုအာရုံစိုက်ပြီးလုပ်ချင်တယ်။ ပတ်ဝန်းကျင်အပြောင်းအလဲဖြစ်တာ မျိုးလူတွေအများကြီးနဲ့ထိတွေ့ဆက်ဆံရတာကိုမကြိုက်ဘူး။ 7. 전화보다는 문자가 편하다. 관심은 원하지만 관계 를 맺는 건 좋아하지 않는다. 앞에 나서는 것보다 뒤 에서 응원과지지를 보낸다. 상대를 잘 위로 해주는데 정작 스스로에게는 엄격하다. ဖုန်းပြောတာထပ် စာပို့ရတာကြိုက်တယ်။ လူတွေကိုယ့်ကို ဂရုစိုက်တာ ကြိုက်ပေမဲ့ ရည်းစားမထားချင်ဘူး။ လူတွေကိုကူညီပေးရင် နောက်ကွယ် ကနေကူညီပေးလေ့ရှိတယ်။ သူများတွေကိုတော့အမြဲနှစ်သိမ့်ပေးတတ်ပေမဲ့ ကိုယ့်ကိုယ်ကိုယ်ကိုတော့အရမ်းတင်းကြပ်တယ်။ 2)인내심과 배려심이 강한 INFJ에 어울리는 직업 >> 교 사, 의사, 직업 상담사, 디자이너, 소설가, 시인, 번역가 စိတ်ရှည်ပြီး ဂရုစိုက်ပေးတတ်တဲ့ INFJနဲ့လိုက်ဖက်သောအလုပ်များ >> ပါမောက္ခ ဆရာဝန်, အလုပ်အကိုင်ဆွေးနွေးပေးသူ, ဒီဇိုင်းနာ, စာရေးဆရာ, ကဗျာဆရာ, ဘာသာပြန်။ 3) INFJ의 연애 INFJတွေရဲ့အချစ်ရေး 1.연애가 시작되기까지 신중한 편이다. 상대를 까다롭 게 고른만큼 오래 만나는 편이 다. ရည်းစားမဖြစ်ခင် သတိထားပြီးဆက်ဆံတတ်တယ်။ ရည်းစားကို အသေးစိတ်လေ့လာပြီးရွေးချယ်တတ်သလောက်ကိုအကြာကြီးတွဲတတ်တဲ့ သူတွေဖြစ်တယ် 2.착하고 예의 바른 사람을 좋아한다. 성숙한 사람에게 끌린다 သဘောကောင်းပြီးယဉ်ကျေးတဲ့သူတွေကိုသဘောကျတယ်။စိတ်သဘော ထားရင့်ကျက်တဲ့သူတွေကိုစိတ်ဝင်စားတယ်။ 3.깊은 대화를 나눌 수 있고 가치관이 일치해야한다. 서운한 마음이 생겨도 상대에게 잘 말하지 못한다 ချစ်သူနဲ့စကားလေးလေးနက်နက်ပြောနိုင်ပြီးတန်ဖိုးထားတဲ့အရာတွေလည်း တူစေချင်တဲ့စိတ်ရှိတယ်။စိတ်မကောင်းဖြစ်စရာတစ်ခုခုရှိရင်တောင် တစ်ဖက်သူကို မပြောပြတတ်ဘူး။ 4. 이미 뱉은 말과 벌어진 행동보다 이유에 더 관심을 둔다. ပြောခဲ့ပြီးသားစကားတွေနဲ့လုပ်ခဲ့ပြီးတဲ့အမှားတွေထက်ဘာလို့အဲ့လိုလုပ်ရ တာလဲဆိုတဲ့အကြောင်းအရင်းကိုပိုဂရုစိုက်တဲ့သူတွေဖြစ်တယ်။ 5.상대의 단점이 보이기 시작하면 (특히 예의 없는 모 습) 그 이후로는 급속도로 애정이 식는다 တစ်ဖက်လူရဲ့အားနည်းချက်ပေါ်လာတယ်အခါ (အထူးသဖြင့်ယဉ်ကျေးမှုမ ရှိတဲ့ပုံစံ)သဘောကျတဲ့စိတ်တစ်ဖြေးဖြေးနည်းသွားတတ်တယ်။ 6.스스로도 냉정하다고 느낄만큼 칼 같이 관계를 정리한 다 ကိုယ့်ကိုယ်ကိုယ် အေးတိအေးစက်နိုင်တယ်လို့ခံစားမိသလောက်ကို ဆက်ဆံရေးကို ဓါးနဲ့ဖြတ်သလို ပြတ်သားတယ်။

1)INFJ 특징 INFJ တွေရဲ့ထူးခြားတဲ့ပင်ကိုယ်စရိုက်လက္ခဏာ 1.INFJ는 성실하고 독창적이며, 치밀한 계획을 잘 세 우는 유형 입니다. INFJ တွေက ရိုးသားပြီး တီထွင်ဖန်တီးနိုင်မှုနှင့် ကောင်းမွန်စွာစီစဉ် ဖန်တီးနိုင်စွမ်းရှိတဲ့သူတွေဖြစ်ကြတယ်။ 2. 뛰어난 관찰력과 경청, 직관력 등으로 마치 예언자 처럼 미래에 벌 어질 일들을 잘 예상하곤합니다. ကိစ္စတစ်ခုကိုအကဲခတ်လေ့လာရာတွင်သာမကနားထောင်ရာတွေတော်ပြီး တစ်ခါတစ်လေသူရဲ့အကဲခတ်နိုင်စွမ်းဖြင့်အနာဂတ်ကို ဗေဒင်ဆရာတစ် ယောက်နီးပါးမှန်အောင်ခန့်မှန်းနိုင်တယ်။ 3.상대의 말에 감정이입 해서 경청한다. 상대의 기분을 잘 살핀다. 눈치가 빠르다. တစ်ခြားသူတွေပြောတဲ့စကားကိုကိုယ်တိုင်ဝင်စာနာပေးပြီးနားထောင်ပေး တယ်။တစ်ခြားသူတွေဘယ်လိုခံစားရမလဲအရမ်းဂရုစိုက်တယ်။အရိပ် အကဲခတ်တာမြန်တယ်။ 4.잘 받아들이고 너그럽다. 형식적인 관계라도 친절하 게 대한다. သဘောပေါက်လက်ခံလွယ်ပြီးစိတ်သဘောထားကောင်းတယ်။သိပ်မ ရင်းနှီးတဲ့သာမာန်ဆက်ဆံရေးတွေမှာတောင် ကြင်နာစွာဆက်ဆံပေးတယ် 5. 걱정이 많고 사소한 거에도 의미 부여한다. 혼자있 는 시간이 꼭 필요하다. 쉽게 상처 받고 거절을 못한 다. 마음이 여리다. တစ်ခုခုဆိုအရမ်းစိတ်ပူတတ်ပြီး သေးငယ်တဲ့ကိစ္စလေးတောင် ဘာကို ဆိုလိုချင်တာလည်းဆိုပြီးအဓိပ္ပါယ်ရှာနေတတ်တယ်။ တစ်ယောက်တည်း နေဖို့အချိန်လိုတယ်။ လွယ်လွယ်ကူကူစိတ်ဒဏ်ရာရတတ်ပြီး အကူအညီ တောင်းရင်ငြင်းဖို့ဝန်လေတယ်။ စိတ်ထားနူးညံတဲ့သူတွေဖြစ်တယ် 6.동시에 여러 가지 일을하기보다 한 가지 일에 집중하 는 걸 선호한다. 환경이 바뀌거나 많은 사람을 만나는 걸 불편 해한다 တစ်ချိန်တည်းမှာ အလုပ်တွေအများကြီးလုပ်ရတာထပ် အလုပ်တစ်ခု တည်းကိုအာရုံစိုက်ပြီးလုပ်ချင်တယ်။ ပတ်ဝန်းကျင်အပြောင်းအလဲဖြစ်တာ မျိုးလူတွေအများကြီးနဲ့ထိတွေ့ဆက်ဆံရတာကိုမကြိုက်ဘူး။ 7. 전화보다는 문자가 편하다. 관심은 원하지만 관계 를 맺는 건 좋아하지 않는다. 앞에 나서는 것보다 뒤 에서 응원과지지를 보낸다. 상대를 잘 위로 해주는데 정작 스스로에게는 엄격하다. ဖုန်းပြောတာထပ် စာပို့ရတာကြိုက်တယ်။ လူတွေကိုယ့်ကို ဂရုစိုက်တာ ကြိုက်ပေမဲ့ ရည်းစားမထားချင်ဘူး။ လူတွေကိုကူညီပေးရင် နောက်ကွယ် ကနေကူညီပေးလေ့ရှိတယ်။ သူများတွေကိုတော့အမြဲနှစ်သိမ့်ပေးတတ်ပေမဲ့ ကိုယ့်ကိုယ်ကိုယ်ကိုတော့အရမ်းတင်းကြပ်တယ်။ 2)인내심과 배려심이 강한 INFJ에 어울리는 직업 >> 교 사, 의사, 직업 상담사, 디자이너, 소설가, 시인, 번역가 စိတ်ရှည်ပြီး ဂရုစိုက်ပေးတတ်တဲ့ INFJနဲ့လိုက်ဖက်သောအလုပ်များ >> ပါမောက္ခ ဆရာဝန်, အလုပ်အကိုင်ဆွေးနွေးပေးသူ, ဒီဇိုင်းနာ, စာရေးဆရာ, ကဗျာဆရာ, ဘာသာပြန်။ 3) INFJ의 연애 INFJတွေရဲ့အချစ်ရေး 1.연애가 시작되기까지 신중한 편이다. 상대를 까다롭 게 고른만큼 오래 만나는 편이 다. ရည်းစားမဖြစ်ခင် သတိထားပြီးဆက်ဆံတတ်တယ်။ ရည်းစားကို အသေးစိတ်လေ့လာပြီးရွေးချယ်တတ်သလောက်ကိုအကြာကြီးတွဲတတ်တဲ့ သူတွေဖြစ်တယ် 2.착하고 예의 바른 사람을 좋아한다. 성숙한 사람에게 끌린다 သဘောကောင်းပြီးယဉ်ကျေးတဲ့သူတွေကိုသဘောကျတယ်။စိတ်သဘော ထားရင့်ကျက်တဲ့သူတွေကိုစိတ်ဝင်စားတယ်။ 3.깊은 대화를 나눌 수 있고 가치관이 일치해야한다. 서운한 마음이 생겨도 상대에게 잘 말하지 못한다 ချစ်သူနဲ့စကားလေးလေးနက်နက်ပြောနိုင်ပြီးတန်ဖိုးထားတဲ့အရာတွေလည်း တူစေချင်တဲ့စိတ်ရှိတယ်။စိတ်မကောင်းဖြစ်စရာတစ်ခုခုရှိရင်တောင် တစ်ဖက်သူကို မပြောပြတတ်ဘူး။ 4. 이미 뱉은 말과 벌어진 행동보다 이유에 더 관심을 둔다. ပြောခဲ့ပြီးသားစကားတွေနဲ့လုပ်ခဲ့ပြီးတဲ့အမှားတွေထက်ဘာလို့အဲ့လိုလုပ်ရ တာလဲဆိုတဲ့အကြောင်းအရင်းကိုပိုဂရုစိုက်တဲ့သူတွေဖြစ်တယ်။ 5.상대의 단점이 보이기 시작하면 (특히 예의 없는 모 습) 그 이후로는 급속도로 애정이 식는다 တစ်ဖက်လူရဲ့အားနည်းချက်ပေါ်လာတယ်အခါ (အထူးသဖြင့်ယဉ်ကျေးမှုမ ရှိတဲ့ပုံစံ)သဘောကျတဲ့စိတ်တစ်ဖြေးဖြေးနည်းသွားတတ်တယ်။ 스스로도 냉정하다고 느낄만큼 칼 같이 관계를 정리한 다 ကိုယ့်ကိုယ်ကိုယ် အေးတိအေးစက်နိုင်တယ်လို့ခံစားမိသလောက်ကို ဆက်ဆံရေးကို ဓါးနဲ့ဖြတ်သလို ပြတ်သားတယ်။

여러분 안녕하세요!👋👋 하은쌤이에요! 👸✨ အားလုံးပဲ မင်္ဂလာပါရှင့်✨ ဒီနေ့မှာ‌ဝောာ့쌤ကအရင်တစ်ပတ်ကပြောပြပေးသွားတဲ့MBTI‌အမျိုးအစား‌တွေထဲကတစ်ခုဖြ
여러분 안녕하세요!👋👋 하은쌤이에요! 👸✨ အားလုံးပဲ မင်္ဂလာပါရှင့်✨ ဒီနေ့မှာ‌ဝောာ့쌤ကအရင်တစ်ပတ်ကပြောပြပေးသွားတဲ့MBTI‌အမျိုးအစား‌တွေထဲကတစ်ခုဖြစ်တဲ့INFJ‌အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင် ဒါဆိုရင်쌤နဲ့အတူတူကြည့်လိုက်ကြရအောင်!🤗✨ ~ ပုံလေးကိုထောက်ကြည့်ပြီးဖတ်ပေးပါနော်☘️✨ ~ Credit to the original author 🙇☘️ ကဲ ဒါဆိုရင်တော့ 쌤‌ ပြောပြပေးသွားတာလေးတွေကိုယောရောဘွန်းတို့သ‌ဘောကျကြမယ်လို့မျှော်လင့်ပါတယ်ရှင့်။😉နောက်အပါတ်‌တွေမှာလည်း 쌤ကကိုရီးယားနိုင်ငံရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုအများကြီးsharingလုပ်ပေးသွားမှာမို့လို့ ယောရောဘွန်းတို့ကလည်းအများကြီးသဘောကျပြီးစောင့်ကြည့် ပေးကြပါဦးလို့ 쌤ကတောင်းဆိုချင်ပါတယ်။💕 ယောရောဘွန်းတို့တင်‌ပေးစေချင်တဲ့အကြောင်းအရာတွေကိုလည်း ကောမန့်မှာမန့်သွားလို့ရပါတယ်နော် ဒါဆိုရင်တော့ 쌤ကနောက်တစ်ပါတ်မှာ ယောရောဘွန်းတို့သိချင်တဲ့အကြောင်းအရာတွေကိုpostတင်ပေးပြီးရှင်းပြ‌ပေးမှာဖြစ်ပါတယ်ရှင့် 🤍ဒါဆိုနောက်တစ်ပါတ်သောကြာနေ့မှာပြန်လည်ဆုံတွေ့ပါမယ်ရှင့်✨ 여러분 안녕히 계세요🌟 안녕👋👋 #하은쌤

Adj/V+기는 하지만 ,기는..지만 Adj/V+기는 하지만 သို့ Adj/V+기는 Adj/V+지만 ပုံစံနှစ်မျိုးလုံးနဲ့ရေးသားနိုင်ပြီး ပြောသူက ပထမစာကြောင်းရဲ့ အကြောင်းအရာကို အသိအမှတ်ပြုလက်ခံပေမယ့် ဒုတိယစာကြောင်းမှာ ပြောသူရဲ့ မတူတဲ့အမြင် သို့ အတွေးအမြင်၊ယူဆချက်ကို ဖော်ပြချင်တဲ့အခါမှာ သုံးတဲ့ သဒ္ဒါဖြစ်ပါတယ်။ •Adj,V+기는 했지만,기는..았/었지만 (Past) -먹다 (V) 먹기는 했지만,먹기는 먹었지만 -크다 (Adj) 크기는 했지만,크기는 컸지만 •Adj,V+기는 하지만,기는..지만 (Present) -먹다 (V) 먹기는 하지만,먹기는 먹지만 -크다 (Adj) 크기는 하지만,크기는 크지만 •Adj,V+기는 하겠지만,기는..겠지만 (Future) -먹다 (V) 먹기는 하겠지만,먹기는 먹겠지만 -크다 (Adj) 크기는 하겠지만,크기는 크겠지만 가:넘어져서 다친 곳은 괜찮아요? လဲကျသွားလို့ ထိခိုက်သွားတဲ့နေရာ အဆင်ပြေရဲ့လား 나:아프기는 하지만 참을 수 있어요. နာတော့နာပေမယ့် သည်းခံနိုင်ပါတယ် 가:어제 선생님이 읽으라고 하신 책을 다 읽었어요? မနေ့က ဆရာမဖတ်ခိုင်းလိုက်တဲ့ စာအုပ်ကို အကုန်ဖတ်လို့ပြီးပြီလား 나:읽기는 읽었지만 내용을 잘 모르겠어요. ဖတ်တော့ ဖတ်ခဲ့ပေမယ့် အကြောင်းအရာကို သေချာနားမလည်ပါဘူး *စကားပြောတဲ့အခါမှာ 기는 하지만 ,기는..지만 ကို အတိုချုံးပြီး 긴 하지만 , 긴..지만 ဆိုပြီး ပြောလို့ရပါတယ်။ -춤을 추기는 하지만 잘 추지는 못해요. = -춤을 추긴 하지만 잘 추지는 못해요. ကတော့ကတတ်ပေမယ့် သေချာတော့မကတတ်ဘူး -춤을 추기는 추지만 잘 추지는 못해요. = -춤을 추긴 추지만 잘 추지는 못해요. ကတော့ကတတ်ပေမယ့် သေချာတော့မကတတ်ဘူး *Past tense ကိုသုံးတဲ့အခါ 기는 했지만မှာရှိတဲ့ 기ရဲ့အရှေ့မှာ Present tense ကိုပဲ သုံးပေးရပြီး 았/었기는 했지만 ဆိုပြီး 기ရဲ့အရှေ့မှာ Past tense ကိုသုံးလို့မရပါဘူး။ -어제 축구를 했기는 했지만 오래 하지는 않았습니다.(X) -어제 축구를 하기는 했지만 오래 하지는 않았습니다. မနေ့က ဘောလုံးကန်တော့ကန်ခဲ့ပေမယ့် အကြာကြီးမကန်ခဲ့ဘူး •지만 Vs 기는 하지만,기는..지만• ~အရင်တုန်းက တင်ခဲ့ဖူးတဲ့ 지만 သဒ္ဒါနဲ့ 기는 하지만,기는..지만 သဒ္ဒါရဲ့ ပထမဆုံး ခြားနားချက်ကတော့ 지만က ပထမစာကြောင်းရဲ့Subjectနဲ့ ဒုတိယစာကြောင်းရဲ့ Subject က မတူတာမျိုးရှိပေမယ့် 기는 하지만,기는..지만 ကတော့ ပထမကြောင်း၊ဒုတိယစာကြောင်း နှစ်ခုလုံးရဲ့ Subjectကတူရပါမယ်။ -언니는 키가 크기는 크지만 동생은 키가 작아요.(X) အစ်မက အရပ်ရှည်တော့ရှည်ပေမယ့်ညီမလေးကပုတယ် -언니는 키가 크지만 동생은 키가 작아요.(O) အစ်မကအရပ်ရှည်ပေမယ့်ညီမလေးကပုတယ် ~ဒုတိယခြားနားချက်ကတော့ 지만က ပြောသူကဖော်ပြချင်တဲ့ ရိုးရှင်းတဲ့ ယှဉ်ပြချက်ကို ရေးတဲ့အခါမှာသုံးပါတယ်။ -원룸이 편하지만 좀 시끄러워요. တစ်ယောက်အိမ်ခန်းက သက်သောင့်သက်သာရှိပေမယ့် နည်းနည်းဆူညံတယ် ~기는 하지만,기는..지만ကတော့ ပြောသူက ခြားနားချက်၊ကွာခြားချက်ကို ယှဉ်ပြတဲ့အခါ အရှေ့စာကြောင်းကအကြောင်းအရာကို ပြောသူက အသိအမှတ်ပြုသော်လည်း အနောက်စာကြောင်းမှာ ပြောသူရဲ့ ထင်မြင်ယူဆချက်ကို အသားပေးပြောတဲ့အခါမှာသုံးပါတယ်။ -원룸이 편하기는 하지만 좀 시끄러워요. တစ်ယောက်အိမ်ခန်းကသက်သောင့်သက်သာရှိတော့ ရှိပေမယ့်နည်းနည်းဆူညံတယ်

MBTI Test တွေဖြေတဲ့ အချိန်မှာ I /E ၊ S /N ၊ T /F၊ J /P စတဲ့ စာလုံးတွေကို သတိထားမိကြမယ် ထင်ပါတယ်။ ဆိုတော့ သူတို့ တစ်ခုချင်းစီရဲ့ အဓိပ္ပာယ်ကို ပြောပြပေးပါ့မယ်။  တကယ်တော့ ကိုယ်ရည်ကိုယ်သွေး စစ်ဆေးမှု ( Personality Test) တွေက  🔸ကိုယ်ဘယ်လိုမျိုးနေရင် စွမ်းအင်တွေပြည့်လဲ 🔸အချက်အလက်တွေကို ဘယ်လိုမျိုး ရယူသလဲ 🔸ဆုံးဖြတ်ချက်တွေ ဘယ်လိုချလဲ 🔸အပြင်လောကကို ဘယ်လိုမြင်လဲ စတဲ့ နယ်ပယ်လေးခုကို အဓိကထားပြီး မေးထားတာပါ ဆိုတော့ ကိုယ့်ရဲ့အဖြေတွေက ဘာကို ဖော်ပြနေတာလဲ?  I - Introverted တသီးတသန့် နေရင် အားပြည့်တာလား E - Extraverted လူအများနဲ့ နေရင် အားပြည့်တာလား  N - Intuitive ဗီဇစိတ်နဲ့ အလိုလိုသိတတ်တာလား  S - Observant လက်ရှိမှာ ဖြစ်ပျက်ပြောင်းလဲနေတာကို သတိထားတတ်တာလား  T - Thinking အချက်အလက်တွေကို အားထားတွေးတော ဆုံးဖြတ်တာလား  F - Feeling ခံစားချက်နောက်လိုက်ပြီး ဆုံးဖြတ်တာလား  J - Judging ချင့်ချိန်ပြီး ကြိုတင်စီမံထားတတ်လား  P - Prospecting အခြေအနေကိုကြည့်ပြီး လုပ်ဆောင်တတ်ကြတာလား စသဖြင့်  ❣️ ကိုယ့်ရဲ့အဖြေက ဘယ်အပိုင်းမှာပိုများလဲ ပေါ်မူတည်ပြီးတော့ ကိုယ်ရည်ကိုယ်သွေး ၁၆ မျိုး ထဲက ဘယ်တစ်ခုလဲ ဆိုတာကို သိရတာဖြစ်ပါတယ်။  အကြမ်းဖျင်းပြောရရင် I - Introverted  တွေက တည်တည်ကြည်ကြည်နေပြီးတော့ အတွေးနယ်ချဲ့နေတတ်တယ်။ E - Extraverted တွေက ခံစားချက်တွေကို ထုတ်ပြတတ်ပြီးတော့ ‌အရှိအတိုင်း တဲ့တိုးပြောတတ်ကြတယ်။ N - Intuitive တွေက စိတ်ကူးယဉ်၊ တွေးတောနေတတ်ကြပြီးတော့ ဖန်တီးနိုင်ကြတယ်။ S - Observant တွေက သူတို့ခံစားလို့ရတဲ့ အချက်အလက်၊ ကိစ္စတွေကို ပိုပြီးတော့ စိတ်ဝင်စားတတ်ကြတယ်။  T - Thinking တွေက အကြောင်းအကျိုးကို စဉ်းစားပြီးတော့ သင့်တော်တဲ့ ရွေးချယ်မှုတွေကို လုပ်တတ်ကြတယ်။  F - Feeling တွေက နှလုံးသားနောက်လိုက်ပြီး ဆုံးဖြတ်တတ်ကြတယ်။  J - Judging တွေက စနစ်တကျ ကြိုတင်စီစဉ်ထားပြီးတော့ အချိန်ဇယားဆွဲထားပြီး စောစောစတင်၊  လုပ်ဆောင်တတ်ကြတယ်။ P - Prospecting တွေကတော့ သူတို့ စိတ်ပြောင်းရင် ပြောင်းသလို၊ အခြေအနေအတိုင်း လုပ်ဆောင်နိုင်ဖို့ ကိစ္စတွေကို ကြိုအစီအစဉ်မချထားကြပါဘူး။  ❣️ အသေးစိပ်ကိုသိချင်ရင်တော့ https://wizzdo.org/ မှာ မြန်မာလို ဝင်ဖြေနိုင်တဲ့အပြင် ကိုယ်က ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိလဲ၊ ဘယ်လို လူစားမျိုးလဲ ဆိုတာကိုပါ ဖတ်နိုင်ပါပြီ။

여러분 안녕하세요!👋👋 하은쌤이에요! 👸✨ အားလုံးပဲ မင်္ဂလာပါရှင့်✨ ဒီနေ့မှာ‌ဝောာ့쌤ကကိုရီးယားကားတွေကြည့်တဲ့ အခါမှာ‌တွေ့ရတဲ့MBTIဆိုတာကဘာတွေလဲ
여러분 안녕하세요!👋👋 하은쌤이에요! 👸✨ အားလုံးပဲ မင်္ဂလာပါရှင့်✨ ဒီနေ့မှာ‌ဝောာ့쌤ကကိုရီးယားကားတွေကြည့်တဲ့ အခါမှာ‌တွေ့ရတဲ့MBTIဆိုတာကဘာတွေလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင် ဒါဆိုရင်쌤နဲ့အတူတူကြည့်လိုက်ကြရအောင်!🤗✨ ~ ပုံလေးကိုထောက်ကြည့်ပြီးဖတ်ပေးပါနော်☘️✨ ~ Credit to the original author 🙇☘️ ကဲ ဒါဆိုရင်တော့ 쌤‌ ပြောပြပေးသွားတာလေးတွေကိုယောရောဘွန်းတို့သ‌ဘောကျကြမယ်လို့မျှော်လင့်ပါတယ်ရှင့်။😉နောက်အပါတ်‌တွေမှာလည်း 쌤ကကိုရီးယားနိုင်ငံရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုအများကြီးsharingလုပ်ပေးသွားမှာမို့လို့ ယောရောဘွန်းတို့ကလည်းအများကြီးသဘောကျပြီးစောင့်ကြည့် ပေးကြပါဦးလို့ 쌤ကတောင်းဆိုချင်ပါတယ်။💕 ယောရောဘွန်းတို့တင်‌ပေးစေချင်တဲ့အကြောင်းအရာတွေကိုလည်း ကောမန့်မှာမန့်သွားလို့ရပါတယ်နော် ဒါဆိုရင်တော့ 쌤ကနောက်တစ်ပါတ်မှာ ယောရောဘွန်းတို့သိချင်တဲ့အကြောင်းအရာတွေကိုpostတင်ပေးပြီးရှင်းပြ‌ပေးမှာဖြစ်ပါတယ်ရှင့် 🤍ဒါဆိုနောက်တစ်ပါတ်သောကြာနေ့မှာပြန်လည်ဆုံတွေ့ပါမယ်ရှင့်✨ 여러분 안녕히 계세요🌟 안녕👋👋 #하은쌤