1 444
Subscribers
No data24 hours
-87 days
-3630 days
Posts Archive
1 444
မင်းကြည့်ရတာ
တစ်ဖက်က မလိုလားလို့ စာမပို့တာကို
ကိုယ့်ဘက်ကပဲ စာတွေပို့နေတဲ့
တစ်ယောက်မလား 😄😄
1 444
ကိုယ်ဆွဲထားမှ မြဲမယ့်လက်တွေ
ကိုယ့်ဘက်က စိတ်ရှည်ရှည်ထားနိုင်မှ
ရေရှည်မြဲမယ့်ဆက်ဆံရေးတွေကို ထားခဲ့လိုက်
1 444
အရမ်း မချစ်ပြနဲ့
အရမ်း ဂရုစိုက်မပြနဲ့
အရမ်း အလိုမလိုက်နဲ့
အရမ်း တွယ်ကပ်မထားနဲ့
အရမ်း သည်းသည်းလှုပ်ဖြစ်မပြနဲ့
အဲ့ဒီ အရမ်းတွေ များလာတဲ့အခါ
ကြာရင် မင်းမေတ္တာတွေ စျေးပေါသွားလိမ့်မယ်
1 444
တစ်ချို့ဆက်ဆံရေးတွေက
အစပိုင်းဘဲ ကောင်းတယ်
နောက်ပိုင်း မျက်နှာဖုံးတွေပေါ်လာရင်
သင်ခန်းစာယူဖို့ဘဲကောင်းတယ်
ထပ်ပြီး ပတ်သတ်ဖို့ မကောင်းတော့ဘူး
1 444
ဘဘောထားကြီးမှန်းသိရင်
လိုသုံးလို လုပ်သွားကြတယ်
မတုန့်ပြန်ချင်လို့ ငြိမ်နေတဲ့အခါ
ဒီလူတော့ မနာတတ်ဘူးထင်သွားတယ်
သူတို့အတွေးထဲမှာတော့ ဒီကောင် ငအ ပါပေါ့
1 444
အားနာတတ်မှန်းသိရင် ရောင့်တက်တတ်တယ်
ချစ်မှန်းသိရင် အနိုင်လိုချင်ကြတယ်
သည်းခံမှန်သိရင် ဖိချင်ကြတယ်
ခွင့်လွှတ်တတ်မှန်းသိရင်
အမှားလုပ်ဖို့ ဝန်မလေးကြတော့ဘူး
ဒါ ပတ်၀န်းကျင်မှာမြင်တွေ့နေရတဲ့ အမှန်တရားပဲ
1 444
ပေါပေါများများရတဲ့အရာဆိုရင်
လူတွေက သိပ်တန်ဖိုးမထားကြဘူး
ဘယ်အရာကိုပဲဖြစ်ဖြစ်
လွယ်လွယ်နဲ့ အမြဲရနေရင်
အလေးအနက် မထားကြတော့ဘူး
1 444
Me : ကိုကိုပေးထားတဲ့ ပန်းစည်းလေး
ဘယ်နားထားရမလဲအမေ
Mom : ခေါင်းပေါ်တင်ထားလိုက်🥹
1 444
မေ့တတ်တာဟာ ရောဂါတစ်ခုဖြစ်ပီး
မေ့မရတာဟာလဲ ရောဂါပါပဲ
တစ်ခုတော့ ကွဲပြားတာပေါ့
သူကတော့ သေရာပါမဲ့ရောဂါလေးပေါ့
1 444
ငါကသာ မပြတ်သားနိုင်တာ
မင်းပြတ်သားချက်က ငါ့အပေါ်ဆို
ကြိုးကိုဓါးနဲ့ ဖြတ်သလို တိခနဲပဲ
ရက်စက်ပါပေ့ မေ ရယ်...
1 444
တစ်ယောက်တည်းနေချင်ခဲ့တာ မဟုတ်ဘူး
တစ်ယောက်ထဲနေတတ်အောင်
လေ့ကျင့်ယူခဲ့ရတာ
အဲ့တော့
တွယ်မိ တွယ်ရာ တွယ်တတ်ပါတယ်
သတိထားပီး ကျနော့်ကိုရှောင်ပါ
1 444
တစ်နေ့တာ ဖြစ်ပျက်ခဲ့သမျှကို
ညဘက်ရောက်ရင် ပြန်ပြောပြဖို့
"တစုံတယောက်" ရှိနေရင်
ကျွန်တော်တို့အတွက် ကောင်းတယ်မဟုတ်လား..
1 444
ငါတို့ အရွယ်မရောက်ခင်က
အရွယ်ရောက်လာဖို့အတွက်
အရမ်းစိတ်လှုပ်ရှားခဲ့ကြတယ်
ဒါပေမယ့် အခုငါတို့ကိုကြည့်ပါဦး
ပင်ပန်းတယ်၊ လမ်းပျောက်တယ်
မသေချာမရေရာတဲ့ ဝိုးတိုးဝါးတား
အနာဂတ်အတွက် စိတ်တွေရှုပ်နေရတယ်။
