en
Feedback
မြန်မာစာတန်းထိုး အိန္ဒိယကုလားကားများ သီးသန့် Channel SB

မြန်မာစာတန်းထိုး အိန္ဒိယကုလားကားများ သီးသန့် Channel SB

Open in Telegram
2 078
Subscribers
No data24 hours
-207 days
-9230 days
Posts Archive
Anel Meley Pani Thuli (2022) IMDb Rating - 6.9/10 Bollywood, Drama အဓိကဇာတ်လိုက်ကျော်မာသီဆိုတဲ့မိန်းက‌လေးဟာ အားကစားပစ္စည်းဆိုင်ကြီးတစ်ခုရဲ့လက်ထောက်မန်‌‌နေဂျာရာထူးနဲ့ အလုပ်လုပ်နေတဲ့ ရိုးသားဖြောင့်မှန်တဲ့ဝန်ထမ်းတစ်‌ယောက်ပါသူ(မ)ဟာ အတူတူအလုပ်လုပ်နေတဲ့ စီနီယာဝန်ထမ်းတွေအပေါ်လေးစားရိုသေသလို အောက်လက်ငယ်သား ဂျူနီယာဝန်ထမ်းတွေအပေါ်မှာလည်းဖေးမကူညီပေးတတ်တဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်‌ယောက်ဆိုလည်း မမှားပါဘူး။တစ်ရက် သူ့လက်အောက်က ဝန်ထမ်းကောင်မလေးရဲ့ချစ်သူဟောင်းက လိုက်နှောင့်ယှက်နေလို့ သူ(မ)ကကြားဝင်‌ဖြေရှင်းပေးလိုက်တဲ့အခါအဲဒီကောင်လေးက မာသီ့ကို အခဲမကျေဖြစ်သွားခဲ့တယ် ။တစ်ခါ ဆိုင်ကဝန်ထမ်းကောင်လေးက သူငယ်ချင်းဖြစ်သူနဲ့ပူးပေါင်းပြီး ပစ္စည်းခိုးတာကိုမာသီသိသွား‌တော့ အလုပ်ထွက်ခိုင်းလိုက်ပါတယ်။ အဲဒီလိုနဲ့ မာသီဟာ မရည်ရွယ်ဘဲနဲ့လူနှစ်ယောက်ဆီက မကျေနပ်ချက်ရန်ငြိုးတွေ ရရှိခဲ့ရပါတယ်။တစ်ရက် အဲဒီဝန်ထမ်းကောင်မလေးရဲ့မင်္ဂလာဆောင်ပွဲလုပ်တဲ့ ကျေးရွာလေးကိုသွားရင်းမာသီတစ်ယောက်မသမာတဲ့လူယုတ်မာသုံးယောက်ဆီက မတော်မတရားပြုကျင့်ခြင်း ခံလိုက်ရပါတယ်။ဖြစ်သမျှကုန်စင်ကို ရဲစခန်းသွားတိုင်ပြီး သူထင်ကြေးပေးတဲ့သူတွေကို ရဲကဖမ်းဆီးစစ်ဆေးကြည့်တဲ့အခါ….တရားခံတွေက သူထင်ထားတဲ့ သူတွေမဟုတ်ဘဲ မထင်မှတ်ထားတဲ့သူတွေဖြစ်နေတာကိုသိလိုက်ရပါတယ်။နောက်သုံးလနေရင် ချစ်တဲ့သူနဲ့လက်ထပ်ပြီး အားကစားဆိုင်က လက်ထောက်မန်နေဂျာဝန်ထမ်းဘဝနဲ့ ဘဝကိုအေးအေးဆေးဆေး ဖြတ်သန်းမယ်လို့ ဆုံးဖြတ်ထားတဲ့ မာသီတစ်ယောက်ကြုံလာရတဲ့ လောကဓံဆိုးတွေကို ဘယ်လို ကျော်လွှားအံတုပြီးနေသွားမလဲ ဆိုတာကိုပရိသတ်ကြီးကပဲ ကျွန်တော်ရဲ့ Channel SB နှင့်အတူ ခံစားကြည့်ရှုပေးပါဦးဗျ #SB

24 (2016) Action, Comedy, Drama IMDb 7.9/10 (23K) အခုတစ်ခါ Old is Gold ဆိုတဲ့အတိုင်း မင်းသားချောလေး ဆူးရီးယားရဲ့ Time Travel ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ ဒီဇာတ်ကားမှာ ဆူးရီးယားဟာ အဖေနေရာ..သားနေရာနဲ့ ဗီလိန်နေရာတွေမှာ သုံးကိုယ်ခွဲအဖြစ် ဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြီး မင်းသမီးချောလေး ဆမန်းသားနဲ့ နစ်သယားတို့ကလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ ဘတ်ဂျက် ရူပီ ကုဋေ ၇၀ မှာ ခန့်မှန်းခြေ ရူပီ ကုဋေ ၁၀၀ ဝန်းကျင်အထိ ပြန်လည်ရရှိခဲ့တဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ကဲ အခု ဇာတ်လမ်းကိုသွားမယ်။ စည်သူနဲ့ အက်ထရီယားဆိုတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်မှာ စည်သူဟာ မိဘတွေရဲ့အလေးပေးခြင်းကို ခံရပြီး သိပ်တော်သိပ်ထက်တဲ့ သိပ္ပံပညာရှင်ကြီးတစ်ယောက်ပေါ့။ အိန္ဒိယနံပါတ် ၁ နာရီကုမ္ပဏီတစ်ခုဖြစ်တဲ့ ဖီးနစ်နာရီကုမ္ပဏီကို ပိုင်ဆိုင်ထားပါတယ်။ စည်သူဟာ အချိန်ခရီးသွားလို့ရတဲ့ နာရီလေးတစ်လုံးကို တီထွင်ဖန်တီးနေခဲ့တယ်။ အောင်မြင်သွားတဲ့အချိန်မှာ မနာလိုရန်လိုစိတ်များနေတဲ့ အက်ထရီယားဟာ စည်သူ့အိမ်ကို တပည့်တပန်းတွေတသိုက်နဲ့ နာရီကိုလက်ဝယ်အပိုင်သိမ်းဖို့ ရောက်လာခဲ့ပါပြီ။ ရှေ့ဆက်ပြီး ဇာတ်လမ်းရဲ့လှည့်ကွက်လေးတွေနဲ့ ကံကြမ္မာရဲ့စေစားချက်တွေကို မျက်တောင်မခတ်တမ်းကြည့်ရမယ့် ဒီကားလေးမှာ မျောပါရဦးမှာဖြစ်လို့ ကျွန်တော်ရဲ့ Channel SB နှင့်အတူ ခံစားကြည့်ရှုပေးပါဦးဗျ #SB

Angaaragan (2023) IMDb - 6.8/10 Genre - Horror, Thriller ကူရင်ဂျီမာလဲအပန်းဖြေစခန်းဟာ တောထဲမှာရှိတဲ့အပန်းဖြေစခန်းပါ။ တစ်‌နေ့မှာ ဒီအပန်း‌ဖြေစခန်းရဲ့ပိုင်ရှင် ပျောက်ဆုံးသွားတဲ့အပြင် တောလမ်းကိုဖြတ်ရတာကြောင့် ကားတွေကလည်း လိုက်မပို့ချင်ကြတော့ အပန်းဖြေစခန်းကို လာတဲ့လူလည်းတဖြည်းဖြည်းနည်းပါးလာပါတော့တယ်။ ရှီဗာဟာ အပန်း‌ဖြေစခန်းပိုင်ရှင်ရဲ့ဇနီးဖြစ်သူနဲ့ ဆွေနီးမျိုးစပ်တော်စပ်သူဖြစ်ပြီး ‌‌အဒေါ်ဖြစ်သူနေမကောင်းတာကြောင့် အပန်းဖြေစခန်းကို ကြီးကြပ်ဖို့ရောက်နေတဲ့သူပါ။အဲဒီမှာ ရှီဗာလည်း အပန်း‌ဖြေစခန်းကိုလိုက်ကြည့်ရင်းနဲ့ ထူးဆန်းတဲ့အိမ်တစ်လုံးကိုမြင်ခဲ့ပေမဲ့ ဒီအိမ်ထဲကိုဝင်ခွင့်မရှိဘူးဆိုလို့ ဝင်ခွင့်မရခဲ့ပါဘူး။ တစ်နေ့.. အပန်းဖြေစခန်းမှာလာတည်းနေတဲ့ ပူဂျီသာဆိုတဲ့မိန်းကလေး ပျောက်ဆုံးရာကနေ ဧည့်သည်ချင်းရန်ဖြစ်တာကြောင့် ကိုမြညွန့်တို့အဖွဲ့ရောက်လာပြီးစစ်လားဆေးလားလုပ်ရာကနေ ဒီတောတွင်းအပန်း‌ဖြေစခန်းမှာ ခြေချုပ်မိဖို့ဖြစ်လာတဲ့ သူတို့တစ်သိုက်… လူသူအဝင်အထွက်တားမြစ်ထားတဲ့ အိမ်ကြီးမှာဘာတွေရှိနေတာလဲ။ကောင်မလေးကရော ဘာလို့ရုတ်တရက်ပျောက်သွားရတာလဲ။ ကိုမြညွန့်တို့အဖွဲ့ကရော အမှုစစ်ရင်းဘယ်လိုဖြစ်ရပ်ဆန်းတွေကြုံရမလဲ‌ ဆိုတာကိုတော့ ကျွန်တော်ရဲ့ Channel SB နှင့်အတူ ခံစားကြည့်ရှုပေးပါဦးဗျ #SB

Yaaro (2023) သို့ "မဖိတ်ခေါ်ထားသော ဧည့်သည်" ထိုင်ခုံအစွန်းက မခွာပဲ ရင်တမမ ထိုင်ကြည့်ရမယ့် တမေးလ် psychological-horror/ thriller တစ်ကားတင်ဆက်ပေးလိုက်ပါတယ် "ဂျွန်" က ခန့်မှန်းရခက်တဲ့လူ သူပိုင်တဲ့အိမ်က အကြီးကြီး ဒါပေမယ့် အလုပ်ထဲမှာ သူဌေးမငယ်ငယ်တစ်ယောက် ဆူတာ အမြဲခံရတဲ့ ဝန်ထမ်း တစ်ချိန်က ချမ်းသာတဲ့မိဘတွေလည်း ဦးလေးဖြစ်သူရဲ့ သစ္စာဖောက်မှုကြောင့် ရှိသမျှကုန်ပြီး သားလေးအတွက် အိမ်တစ်လုံးပဲ ကျန်ခဲ့တယ် အမေဖြစ်သူကလည်း စိတ်ရောဂါနဲ့ဆုံး အဖေကလည်း ဇနီးဇောနဲ့ စိတ်ဒဏ်ရာရပြီး အိမ်က ပျောက်သွားလို့ "ဂျွန်" တစ်ယောက် အိမ်ကြီးထဲမှာ တစ်ကိုယ်တည်းနေရတဲ့အခါ ဘာတေဖြစ်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရ‌ေအာင် Channel SB မှပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ် #SB

Miruthan (2016)မြန်မာစာတန်းထိုး ========================== ဒီကားက အိန္ဒိယ Zombie ကားလေးပါ။ အရမ်းကောင်းပါတယ် .. ဓာတုစက်ရုံကနေပြီးဖိတ်ကျတဲ့အရည်တွေကို ခွေးတစ်ကောင်ကလျှက်မိပြီး ရူးသွားတဲ့အခါ အလုပ်ကပြန်လာတဲ့လူတစ်ယောက်ကိုကိုက်လိုက်ရာကနေ ရောဂါကူးဆက်ပြီး မိန်းမနဲ့ယောက္ခမကို ရန်ပြုကိုက်သတ်ကာ ရောဂါတစ်ဆင့်ပြီးတစ်ဆင့်ကူးဆက်ပြန့်သွားရာမှ မင်းသားတို့မြို့ကို ရောက်ရှိပြီးဘာတွေဖြစ်မလဲ ။ မင်းသား အရမ်းချစ်တဲ့တူမလေးကို ဘယ်လိုကာကွယ်မလဲ ။ အချစ်ဆုံးသူငယ်ချင်းနဲ့ ဘယ်လိုတွေစွန့်စားကြမလဲ။ မင်းသားကြိတ်ပြီးခိုးချစ်ရတဲ့ မင်းသမီးဒေါက်တာမလေး နဲ့တွေ့ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ကျွန်တော်ရဲ့ Channel SB နှင့်အတူ ခံစားကြည့်ရှုပေးပါဦးဗျ #SB

Peddha Kapu 1 (2023) [အလံလုကြသူများ] IMDB --- 8.0/10 ဒီတစ်ခါ မိတ်ဆက်ပေးမဲ့ကားလေးကတော့ ကြမ်းကြမ်းရမ်းရမ်းနဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေပါတဲ့ နိုင်ငံရေးတေလဂူးဘာသာ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာတော့ ၁၉၆၂ခုနှစ်မှာ ဂိုဒါဗာရီမြစ်တစ်လျှောက်က ရွာတွေမှာ ဖြစ်ပွားခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေကနေ အစပြုထားပါတယ်။ ဒီရွာတွေက လူတွေဟာ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးကြရင်း အဲဒီထဲက သားအမိနှစ်ယောက်ဟာ ကွင်းပြင်ထဲမှာ ကလေးလေးတစ်ယောက်ကို တွေ့ခဲ့ပါတယ်။ သူတို့ကိုယ်တိုင်လည်း လူချည်းလွတ်အောင် ပြေးလာခဲ့ရသူတွေမလို့ ကလေးကို မစောင့်ရှောက်နိုင်ပေမဲ့ ပစ်မထားရက်ခဲ့တာကြောင့် ကလေးကို သူများကို ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီကလေးကို မွေးစားလိုက်တဲ့သူကတော့ စိတ်နှလုံးသားဖြူစင်တဲ့ အရက်သမားတစ်ယောက်ပေါ့ အဲဒီနောက်မှာတော့ ရွာမှာ ပါတီကြီးနှစ်ခုဖြစ်တဲ့ ဆတ်တရာရန်ဂီရ်နဲ့ ဘာယာနာတို့ ပါတီနှစ်ခု..သူ့ထက်ငါအပြိုင် နေရာလုရင်း ကြမ်းကြမ်းတမ်းတမ်း အက်ရှင်ကားကောင်းလေး ဖြစ်လို့ ကျွန်တော်ရဲ့ Channel SB နှင့်အတူ ခံစားကြည့်ရှုပေးပါဦးဗျ #SB

Rangoli (2023) "ချယ်မှုန်းရောင်စုံ" IMDb-9.3/10 မျက်နှာသစ် မင်းသားမင်းသမီးတွေနဲ့ ရိုက်ကူးထားတဲ့ မိသားစုဒရာမာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်အသစ်တွေဆိုပေမယ့် ကျရာနေရာကနေ အကောင်းဆုံးသရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ ဇာတ်လမ်းအညွှန်း ကျွန်တော့်နာမည် ဆပ်သရာ။အစိုးရအထက်တန်းကျောင်းမှာ ပညာသင်နေတဲ့ကောင်။ အဖေက ဒိုဘီလုပ်ငန်းလုပ်တယ်။ကျွန်တော်တို့မှာ မိသားစုဝင်လေးယောက် အဖေရယ် အမေရယ် အစ်မရယ်။ အဖေသင်ပေးထားတဲ့ တစ်ခုခုကိုလိုချင်ရင် အဲဒီအရာအတွက်တိုက်ခိုက်ရမယ်ဆိုတဲ့စကားအတိုင်းပဲ ကျွန်တော်ဖြစ်ချင်တာအတွက်ဆိုရင် တိုက်ခိုက်ဖို့ရာ ဝန်မလေးဘူး။ အဖေတို့ မိသားစုစားဝတ်နေရေးအတွက် ဒီလောက်ရုန်းကန်နေရတဲ့ကြားထဲကနေ အပေါင်းအသင်းမှားနေတယ်ဆိုပြီး ကျွန်တော့်ကို ကိုယ်ပိုင်အထက်တန်းကျောင်းဆီပြောင်းပေးခဲ့ကြတယ်။ ကျွန်တော့်ကို ကိုယ်ပိုင်ကျောင်းပို့ဖို့ သူတို့တွေ ဘယ်လောက်ခက်ခဲနေလဲဆိုတာရယ် ကျွန်တော်ကိုယ်တိုင်ကကျောင်းဟောင်းကိုတွယ်တာတဲ့စိတ်ရယ်ချစ်တဲ့‌ေကာင်မလေးကို သတိရတာရယ် နဲ့..အပေါင်းအသင်းကရော တကယ်ဘဲ မှားယွင်းခဲ့ရဲ့လားဆိုတာကို ဘယ်လိုလှည့်ကွက်တွေနဲ့ ကြည့်ရှုခံစားမလဲဆိုတာကိုတော့ ကျွန်တော်ရဲ့ Channel SB နှင့်အတူ ခံစားကြည့်ရှုပေးပါဦးဗျ #SB

raivan 2023 (သို့) အပြုံးလူသတ်သမား IMDb 5.1/10 ဘတ်ဂျက် သန်း ၂၈၀ သုံးထားပြီး သတ်ခန်းဖြတ်ခန်းတွေကို ဆင်ဆာဖြတ်ထားခြင်းမရှိဘဲ သွေးသံရဲရဲနဲ့ ကျောချမ်းစရာမြင်ကွင်းတွေကို ကွင်းကွင်းကွက်ကွက်ပြသထားတဲ့ ရုံကားတစ်ကားပဲဖြစ်ပါတယ် အပြုံးလူသတ်သမား .. ဒီနာမည်ဖြစ်တည်လာပုံကတော့ စိတ္တဇလူသတ်သမားကသူသတ်တဲ့လူကို အပြုံးလှလှလေးတစ်ခုဖန်တီးပေးလိုက်လို့ပါပဲ ဘယ်လိုမျိုးလဲဆိုရင် သေရင်တောင်မှ ပီပြင်တဲ့အပြုံးတစ်ခုပေါ်လွင်လာဖို့ ပါးနှစ်ဖက်စလုံးမှာ ပါးစပ်ကိုဓားနဲ့ထိုးခွဲပြီးဖန်တီးပေးလိုက်တာပါ ဒါတင်မက မျက်လုံးတွေကိုပါဖောက်ထုတ်ပြီး တစ်ကိုယ်လုံးကိုဓားနဲ့မွှန်းပြီး လူမြင်ကွင်းမှာ သွားသွားပစ်ထားတတ်တာက သူ့အကျင့်လေးတစ်ခုပေါ့ ဒါပေမဲ့သူ့သင်္ကေတကတော့မိန်းကလေးတွေကိုပဲသတ်တာပါ ကျားဆိုယောင်လို့တောင်လှည့်မကြည့်တတ်တဲ့ ဒီအပြုံးလူသတ်သမားကြောင့်....ဘယ်လိုလှည့်ကွက်တွေနဲ့ ကြည့်ရှုရမလဲဆိုတာကိုတော့ ကျွန်တော်ရဲ့ Channel SB နှင့်အတူ ခံစားကြည့်ရှုပေးပါဦးဗျ #SB

I Killed Bapu(2023) IMDb - 7.3/10 နိဂုံးမလှတဲ့ မဟတ္တမဂန္ဓီ..။ တစ်နိုင်ငံလုံးက ချစ်ခင်လေးစားရတဲ့ အိန္ဒိယရဲ့ နိုင်ငံ့ခေါင်းဆောင်ဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့ ညနေ ၅ နာရီ၊ အသက် ၇၈ နှစ်အရွယ်မှာ ဟိန္ဒူလူမျိုး နာသူရမ် ဗီနာရက် ဂိုဆေးရဲ့ အနီးကပ်ပစ်ခတ်မှုနဲ့ သေဆုံးခဲ့ရပါတယ်။ ဟိန္ဒူလူမျိုးချင်းဖြစ်ပြီး ဘုရားတစ်ဆူလိုကိုးကွယ်ခံရတဲ့ ခေါင်းဆောင်ကြီး ဂန္ဓီလိုလူမျိုးကို လုပ်ကြံရခြင်းအကြောင်းဟာ ထင်ထားတာထက်ကို ရိုးရှင်းပြီး မျိုးချစ်စိတ်ပြင်းထန်လွန်းလှပါတယ်။ ပြည်ထောင်စုအိန္ဒိယနိုင်ငံကြီး တစ်စစီပြိုကွဲလာဝာာကို မကြည့်ရက်နိုင်တော့တဲ့ နိုင်ငံချစ်စိတ်နဲ့ ကိုယ့်လူမျိုးကို နှိမ့်ချတယ်ဆိုတဲ့ လူမျိုးကြီးဝါဒရဲ့ရိုက်ခက်မှုပါ ရောပြွန်းနေတဲ့ မီးစတစ်ဖက် ရေမုတ်တစ်ဖက်သော ကြံစည်မှုလို့ခေါင်းစဉ်တပ်ရမှာပါပဲ။ ဒီဇာတ်ကားမှာတော့ မဟတ္တမဂန္ဓီကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ သမိုင်းမှာ နာမည်အကြီးဆုံးလုပ်ကြံရေးသမား နာသူရမ့်ရဲ့ အတွေးအမြင်နဲ့ လုပ်ကြံရခြင်းအကြောင်းအရင်းကို ရိုက်ပြထားတာဖြစ်လို့ ဗဟုသုတ ရစေတဲ့ ကားလေးဖြစ်လို့ ကျွန်တော်ရဲ့ Channel SZ နှင့်အတူ ခံစားကြည့်ရှုပေးပါဦးဗျ #SB

Case 30 (2023) "သုံးဆယ်မြောက်အမှု" IMDb-8.4/10 လတ်တလောထွက်ရှိထားတဲ့ တလေဂူးရဲမှုခင်းကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းနာမည်အတိုင်းပဲ ဒုရဲအုပ်တစ်ယောက်ရဲ့ သုံးဆယ်မြောက်အမှုကို ဇာတ်တည်ထားပါတယ်။ မိန်းကလေးတစ်ယောက် အသတ်ခံလိုက်ရတယ်။အဲဒီမိန်းကလေးအသတ်ခံရတဲ့အမှုက ရဲအရာရှိအာဂျွန်ရဲ့ သုံးဆယ်မြောက်အမှု။ထူးဆန်းတာက မိန်းကလေးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကို စုံစမ်းရတာ ခက်ခဲနေရော။အိမ်နီးချင်းတွေကလည်း သူဘယ်ကလာလဲ ဘာလုပ်လဲမသိပေမဲ့ ယောကျ်ားတစ်ယောက် လာလာပြီးအတူနေတာတစ်ခုပဲသိကြတယ်။ အတူနေအမျိုးသားဖြစ်တဲ့ ရည်းစားဖြစ်သူကိုတွေ့တော့လည်း အဲဒီအသတ်ခံရတဲ့ရက်ပိုင်းမှာ တခြားအမျိုးသမီးတစ်ယောက်နဲ့ မိဘတွေသဘောအတိုင်း စေ့စပ်ပွဲလုပ်ခဲ့တဲ့သူဖြစ်နေတယ်။ စုံစမ်းရင်းနဲ့ပဲ အမှုကထင်မှတ်မထားတာတွေ ဖြစ်လာ၊ တွေ့လာပါတော့တယ်။ အရာရှိအာဂျွန်ရဲ့ သုံးဆယ်မြောက်အမှုဖြစ်တဲ့ ဒီအမှုမှာ မိန်းကလေးကိုသတ်တဲ့. တရားခံဟာ ဘယ်သူဖြစ်နေမလဲဆိုတာ လှည့်ကွက်ပေါင်းများစွာနဲ့ဖြစ်လို့ ကျွန်တော်ရဲ့ Channel SZ နှင့်အတူ ခံစားကြည့်ရှုပေးပါဦးဗျ #SB