အ.ထ.က(၁) ဒိုက်ဉီးမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)
Open in Telegram
အ.ထ.က(၁) ဒိုက်ဉီးမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)၏ တရားဝင်ပြန်ကြားရေးချန်နယ်ဖြစ်ပါသည်။
Show more352
Subscribers
No data24 hours
-17 days
+230 days
Posts Archive
Repost from N/a
Topic: Students' vigilant suggestions for people's safety and counseling
Time: Nov 18, 2023 07:00 PM Rangoon
Join Zoom Meeting
https://us06web.zoom.us/j/89843939465?pwd=7klu76la0b4a613hF1AtpqCKif6Hu4.1
Meeting ID: 898 4393 9465
Passcode: 22222
လေးစားစွာဖြင့်အသိပေးဖိတ်ကြားခြင်း။
အားလုံးပဲမင်္ဂလာပါခင်ဗျာ။
အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးအ.ထ.က(၂)မရမ်းကုန်း(အကလ)မှ
"Students' vigilant suggestions for people's safety and counseling"ဆိုသည့်Topicဖြင့် ရဲဘော်ကိုသန့်ဇင်ဦးနှင့်ကိုစိုးမိုးသူတို့မှ မိမိဒေသတွင်းတိုက်ပွဲဖြစ်လာခဲ့သည် ရှိသော်မည်သို့ပြုလုပ်သင့်ကြောင်းနှင့်ဆောင်ရန်ရှောင်ရန်များကိုအသားပေး ပြောကြားပေးသွားမှာဖြစ်ပြီးSpecial guestအနေနဲ့"Dr.Tinaနှင့်ဆရာဆရာမများ"မှလည်း"နှစ်သိမ့်အားယူဖေးမကူ" ဆိုသည့်ခေါင်းစဉ်ဖြင့်ပါဝင်ဆွေးနွေးဟောပြောပေးသွားမှာ ဖြစ်ပါတယ်။
ထို့ကြောင့်မိဘပြည်သူများ အနေဖြင့်ပါဝင်ဆွေးနွေး၊တက်ရောက်လိုပါက page cbတွင်ဖြစ်စေ၊အ.ထ.က(၂)မရမ်းကုန်း(အကလ)၏ တယ်လီဂရမ်ချန်နယ်တွင်ဖြစ်စေ ၊zoomlinkတောင်းယူပြီးWebinarတွင် ဝင်ရောက်ပါဝင်ဆွေးနွေးနိုင်ပါကြောင်း လေးစားစွာအသိပေးဖိတ်ကြားအပ်ပါသည်ခင်ဗျာ။
အ.ထ.က (၂) မရမ်းကုန်း အကလ၏ တယ်လီဂရမ်ချန်နယ်
https://t.me/+wHjE93PLr4BmNDA1
#မရမ်းကုန်းမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး အ.ထ.က(၂)မရမ်းကုန်း(အကလ)
အ.ထ.က-၁ ဒိုက်ဦး အခြေခံပညာကျောင်းသားလူငယ်များအစည်းရုံး (အ-က-လ ဒိုက်ဦး)သည် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို)၏ မူဝါဒ၇ရပ်ဖြစ်သော
၁- နယ်ချဲ့ဆန့်ကျင်ရေးနှင့် အာဏာရှင်စနစ်ဆန့်ကျင်ရေး။
၂- စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ရရှိရေး။
၃- ကျောင်းသားထုအခွင့်အရေးအားချွင်းချက်မရှိပြည့်ဝစွာရရှိရေးနှင့် ကျောင်းသားထုအခွင့်အရေးချိုးဖောက်ခံရမှုမှကာကွယ်ရေး။
၄- တောင်တန်းနှင့်ပြည်မတစ်ခွင်မှကျောင်းသားထုသွေးစည်းညီညွတ်ရေး။
၅- လူမျိုးဘာသာ၊ အသားအရောင်၊ လိင်စိတ်ခွဲခြားမှုမရှိဘဲ ပညာသင်ကြားခွင့်အပြည့်အဝရရှိရေး။
၆- ခွဲခြားမှုမရှိ အဖိနှိပ်ခံပြည်သူများဘက်မှရပ်တည်ရေး။
၇- နိုင်ငံတကာကျောင်းသားထုနှင့် သွေးစည်းညီညွတ်စွာလက်တွဲလုပ်ဆောင်နိုင်ရေး။
တို့အားလိုက်နာ၍ အ.ထ.က-၁ ဒိုက်ဦးမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့အား အောက်ပါရာထူးများဖြင့် ၁၂-၁၁-၂၀၂၃တွင်ပြင်ဆင်ဖွဲ့စည်းလိုက်သည်။
မင်္ဂလာပါကျောင်းသား၊ကျောင်းသူတို့ခင်ဗျား။
ကျနော်တို့ အ.ထ.က (၁) ဒိုက်ဉီးမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)မှ ရှေ့လများတွင် ဒေါက်တာအောင်ဈန်နဲ့အတူStress and Mental Health webinar ၊ဒေါက်တာဖြိုးသီဟနဲ့ အတူ "တန်ဖိုးရှိသော"လူ့ဘဝ webinar တို့ပြုလုပ်ရာတွင် Zoom link ချပေးရန်နှင့် webinar Information များမျှဝေရန် ယခုChannalကို create လုပ်ခဲ့ပါတယ်။
ယခုအခါ အများပြည်သူတို့ အ.ထ.က(၁)ဒိုက်ဉီးအကလ၏ လုပ်ဆောင်မှုများကို သိရှိနိုင်ရန်လည်းကောင်း၊ နောင်ပြုလုပ်မည် ဆွေးနွေးဝိုင်းများ,စကားဝိုင်းများ, webinarများပြုလုပ်ရာတွင် ပါဝင်နိုင်ရန်အတွက်လည်းကောင်း၊ Federal School များနှင့်ပူးပေါင်းဆောက်ရွက်ထားသည့် ကျောင်းသားလှုပ်ရှားမှုများကို စောင့်ကြည့်နိုင်ရန် လည်ကောင်းယခု Channel ကို အ.ထ.က(၁)ဒိုက်ဉီး (အကလ)၏ တရားဝင်ပြန်ကြားရေးချန်နယ်အဖြစ် အသုံးပြုသွားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကျောင်းသား၊ကျောင်းသူတို့အား channel ကို စောင့်ကြည့်ခြင်းဖြင့် ကျောင်းသားထုနှင့် တော်လှန်ရေးကို အကျိုးရှိစေမည့် အသိပညာမျှဝေးရေးလုပ်ငန်းများ၊ ဆွေးနွေးဝိုင်းများကို ကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံပါသည်ခင်ဗျာ။ မိမိတို့အသိမိတ်ဆွေများနှင့် groupများ, channel များတွင် ပြန်လည်မျှဝေ၍ ကျောင်းသားတို့၏ တော်လှန်ရေး ကြိုးပမ်းမှုတွင် တစ်တပ်တစ်အားပါဝင်ပေးကြရန်လည်း ပန်ကြားအပ်ပါသည်။
#အ.ထ.က (၁) ဒိုက်ဉီးမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)
ပညာရေးစီဒီအမ်လူထုလှုပ်ရှားမှုများ စတင်ပေါ်ပေါက်လာပြီးနောက်ပိုင်း စစ်ကောင်စီပညာရေးယန္တရားကိုသပိတ်မှောက်ပြီးနောက် ကျောင်းသားလူငယ်တို့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလပညာရေးတည်းဟူသော ဖက်ဒရယ်ပညာရေးမျှော်လင့်ချက်ရောင်ခြည်တစ်ခုကို ဆွဲကိုင်နေကြဆဲဖြစ်သည်။ ကြားကာလပညာရေးသည် ဖက်ဒရယ်စနစ်သို့အကူးအပြောင်း၌ အဦးဆုံးသော ပြောင်းလဲချက်တစ်ခုဖြစ်ပါသည်။ တစ်နိုင်တစ်ပိုင်မှသည် စီဒီအမ်ကျောင်းသားသောင်းချီ၏ အနာဂတ်ကို မြှင့်တင်ပေးလျက်ရှိသည်။
သို့သည်နှင့်နည်းတူ စီဒီအမ်ကျောင်းသားတို့အတွက် စိတ်ခွန်အားတိုးမြှင့်စေရန်နှင့်ကျောင်းသားထုတို့အခွင့်အရေးအား အမျိုးသားညီညွတ်ရေးအစိုးရကြားသိအောင်တောင်းခံနိုင်ရန် ၊ ကြားကာလပညာရေးအား ပိုမိုလူထုထောက်ခံမှုများစေရန် ရည်ရွယ်၍
" CDM ကျောင်းသားများနှင့် ရှေ့ဆက်ပညာရေးအစီအစဉ် "
webinar ကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၇ရက်နေ့, မြန်မာစံတော်ချိန် ညနေ 6:30 မှ 8:30 အထိ zoom platform မှ ပြုလုပ်မည်ဖြစ်ပါသည်။ Guest speaker အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး မရန်ဂျာထွယ်ပန် မှ ပူးပေါင်းကူညီပေးမည်ဖြစ်တာကြောင့် စိတ်၀င်စားသူ CDM ကျောင်းသား/သူတို့အနေဖြင့် အောက်ပါဖောင်ကို ဖြည့်ပြီး zoom link ချပေးမည့် telegram channel ထဲ၀င်ပေးပါရန် လေးစားစွာဖိတ်ခေါ်အပ်ပါသည်။
Registration Form Link - https://forms.gle/jJ9LgxqJJkeM9on5A
#BESYA #Webinar
(မှတ်ချက် - Formဖြည့်လိုက်သော်လည်း Telegram channel ထဲသို့ မဝင်ရောက်လိုက်သူများအနေဖြင့် t.me/moekaung_besya သို့ Telegram မှတဆင့် ဆက်သွယ်ကာ formဖြည့်စဉ်က ထည့်ခဲ့သည့် email addressကို ပြောပြ၍ Telegram channel linkအား တောင်းခံနိုင်ပါသည်။)
ဒေါက်တာဖြိုးသီဟရဲ့ တန်ဖိုးရှိသောဘဝ webinar
-ပထမဆုံးအနေနဲ့ ဒေါက်တာဖြိုးသီဟမှတက်ရောက်လာတဲ့ ကျောင်းသား၊ ကျောင်းသူများရဲ့စိတ်ခံစားချက်(တစ်နည်းအားဖြင့်)ပတ်ဝန်းကျင်ဖိအားကြောင့်ဖြစ်လာရတဲ့ စိတ်ခံစားချက်တွေကို chat box မှတစ်ဆင့်ပေးပို့ခိုင်းပြီး ဖတ်ပြသွားပါတယ်။
-ဒုတိယအနေနဲ့ 3 Dimensions of life ဆိုတဲ့ခေါင်းစဉ်နဲ့ဟောပြောခဲ့ပါတယ်ရှင့်။
-တတိယအနေနဲ့ကတော့ 3 Reasons why you are not happy ဆိုတဲ့ခေါင်းစဉ်လေးကို The Drama Triangle ဆိုတာနဲ့ဥပမာပြပြီးဟောပြောပေးသွားပါတယ်ရှင့်။
-စတုတ္ထအနေနဲ့ 3 Questions for self-reflection ဖြစ်တဲ့ Who I am? What I have? What I can? ဆိုတဲ့မေးခွန်းသုံးခုကို ဆရာနဲ့ ကျောင်းသား၊ ကျောင်းသူများအပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်ရှင့်။
နောက်ဆုံးအနေနဲ့ကတော့ Manage your mood ဆိုတဲ့ခေါင်းစဉ်နဲ့ဟောပြောပေးပြီးတဲ့နောက်မှာတော့ အစပိုင်းကပြောခဲတဲ့ရင်ဖွင့်စကားသံတွေရဲ့ ဖြေရှင်းနည်းအကျဉ်းချုပ်ပြောပြခဲ့သလို အားပေးစကားတွေကိုလဲပြောကြားပေးသွားပါတယ်ရှင့်။
Join Zoom Meeting
https://us06web.zoom.us/j/89077495616?pwd=0JmVDSbUNoE8jtZ6TYzC2kcwD9AYbY.1
Meeting ID: 890 7749 5616
Passcode: 190241
.
အ.ထ.က (၁) ဒိုက်ဉီးမြိုနယ်အခြေခံပညာကျောင်းသားလူငယ်အများအစည်းအရုံး(အကလ)မှ တနင်္ဂနွေနေ့ နေ့လယ်2နာရီတွင် ကျောင်းသားလူငယ်များ အထူးသဖြင့်အလယ်တန်း၊အထက်တန်းကျောင်းသားများ အတွက်ရည်ရွယ်၍ တန်ဖိုးရှိသောဘဝခေါင်းစဉ်ဖြင့် Webinar ကျင်းပသွားမှာဖြစ်ပြီး ဒေါက်တာဖြိုးသီဟက က ဟောပြောပေးသွားမှာဖြစ်ပါတယ်။
ခုလိုအကြပ်အတည်းပေါင်းစုံနဲ့ထွက်ပေါက်ပိတ်မိနေတဲ့ ကာလမှာ ကျနော်တို့အားလုံးရဲ့ ဘဝတွေဟာ တန်ဖိုးမဲ့နေသလို ခံစားရပါတယ်။ ဘဝကလမ်းပျောက်နေတဲ့အပြင် ကိုယ့်ရဲ့ဖြစ်တည်မှုဟာ ဘယ်သူ့အတွက်မှာလည်း အသုံးမဝင်၊ဘယ်သူကမှလည်း အသုံးမလိုဘူးလို့ ခံစားနေရတာဟာ ကျနော်တို့လူငယ်တွေအားလုံးလိုလိုပါပဲ။"တန်ဖိုးရှိတဲ့ဘဝဆိုတာ ဘာလဲ၊ တကယ်ပဲဘယ်သူ့အတွက်မှ အသုံးမဝင်တဲ့ကျနော်တို့ဟာ တန်ဖိုးရှိတဲ့နေ့ရက်တွေကို ပိုင်နိုင်ပါရဲ့လား၊ခုလိုToxic အတွေးနဲ့ခံယူချက်တွေကို ဘယ်လိုမျိုးဖျောက်ပစ်ရမလဲ၊အသက်ရှင်နေတဲ့နေ့ရက်တိုင်းတန်ဖိုးရှိဖို့ ကျနော်တို့ဘာတွေ တတ်နိုင်မလဲ" ဒီလိုမေးခွန်းတွေ ကျနော်တို့မှာ ပြည့်နှက်နေမှာပါ။ကျနော်တို့ရဲ့ အတွေးတွေရှင်းလင်းသွားဖို့ရာ အမှန်တကယ်လိုအပ်နေပါပြီ။ယခုwebinerမှာ ဒေါက်တာဖြိုးသီဟက ကျနော်တို့အတွက် တန်ဖိုးရှိတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့၊ ကျနော်တို့စိတ်ဓာတ်တွေ ကြံ့ခိုင်လာစေဖို့ ဟောပြောမျှဝေပေးသွားမှာမို့ တက်ရောက်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။
အချိန်-အချိန်တနင်္ဂနွေနေ့လယ် ၂နာရီ
Platform -Zoom
Zoom link ချပေးမည့်ချန်နယ်-
"ကမ္ဘာမြည်ဟီး ကြွေးကြော်တော်လှန် တို့ကျောင်းသားထုအသံ"
ကမ္ဘာ့ကျောင်းသားများနေ့ အထိမ်းအမှတ် စကားဝိုင်းအစီအစဉ် တိုက်ရိုက် Live ထုတ်လွှင့်မှု။
#WorldStudentsDay #ABFSU #BESYA #TGUSU #BESUN
https://fb.watch/nHE9vcdpKS/?mibextid=Nif5oz
🔴"ကမ္ဘာမြည်ဟီး ကြွေးကြော်တော်လှန် တို့ကျောင်းသားထုအသံ"
ကမ္ဘာ့ကျောင်းသားများနေ့ အထိမ်းအမှတ် စကားဝိုင်းအစီအစဉ်
ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေးအခင်းအကျင်းများတွင် ကျောင်းသားထု၏ ဦးဆောင်ပါဝင်မှုများသည် အခရာကျခဲ့ပြီး ယနေ့မျက်မှောက်ကာလတွင်လည်း ကျောင်းသားထု၏ အခန်းကဏ္ဍသည် အရေးပါသော ကဏ္ဍတရပ်အဖြစ် ဆက်လက်ပါဝင်နေဆဲဖြစ်သည်။ အောက်တိုဘာလ ၁၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကျောင်းသားများနေ့ အထိမ်းအမှတ်အနေဖြင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး၊ တောင်ကြီးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ အခြေခံပညာကျောင်းသားသမဂ္ဂများကွန်ရက်တို့နှင့် တော်လှန်ရေးအဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများ၊ တော်လှန်ရဲဘော်များတို့မှ ပူးပေါင်း၍ "ကမ္ဘာမြည်ဟီး ကြွေးကြော်တော်လှန် တို့ကျောင်းသားထုအသံ" ဟူသောခေါင်းစဉ်ဖြင့် ဆွေးနွေးသွားကြမည်ဖြစ်ပါသည်။
ဤစကားဝိုင်းအစီအစဉ်ကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့၊ မြန်မာစံတော်ချိန် ည ၇:၃၀တွင် ပြုလုပ်မည်ဖြစ်ပြီး ဗကသများအဖွဲ့ချုပ်၊ အကလ(ဗဟို)၊ တောင်ကြီးတကသ၊ အကသများကွန်ရက် တို့အပြင် ခေတ်သစ်မီဒီယာ၊ သံလွင်ခက်မီဒီယာ၊ သံလွင်တိုင်းမ်မီဒီယာ တို့မှလည်း Facebook platform မှတဆင့် တိုက်ရိုက် Live ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
#WorldStudentsDay #ABFSU #BESYA #TGUSU #BESUN
https://m.facebook.com/story.php?story_fbid=pfbid02C54fsynN8QUqYPXa8JGYZgKRL4CfayowTJbWf5hV1KiKTDWcih4tvfFsTct7KiJal&id=100069553726335&mibextid=Nif5oz
တော်လှန်ရေးကာလအတွင်း CDM လှုပ်ရှားမှုတွင် ပါဝင်နေသောကျောင်းသားကျောင်းသူများ ၊ဆရာဆရာမများ စိတ်ပိုင်းဆိုင်ရာ
ကျန်းမာရေးဗဟုသုတများ ရရှိနိုင်စေရန် ရည်ရွယ်၍ "Stress & Mental Health webinar" ခေါင်းစဉ်ဖြင့် webinar အား ယနေ့ညနေ ၄နာရီမှ ၈နာရီအထိပြုလုပ်ခဲ့ပါသည်။
-----------
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးသည်မှစ၍ ယခုအချိန်ထိ စစ်ကျွန်ပညာရေးကျောင်းများကိုသပိတ်မှောက် CDMပြုလုပ်နေကြသောကျောင်းသားကျောင်းသူများဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာများစွာဖြစ်ပေါ်လျှက်ရှိကြပါသည်။
ထို့ကြောင့် ကျွန်တော်တို့ အ.ထ.က(၁) ဒိုက်ဦးမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ) မှ CDM ကျောင်းသား/သူများ၏ အခက်အခဲများကို ဖြေရှင်း၊အဖြေရှာပေးနိုင်ရန် နှင့် ဗဟုသုတများရရှိသွားစေရန်ရည်ရွယ်၍ စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာအောင်ဈာန်၏အကူအညီဖြင့် "Stress & Mental Health webinar" ခေါင်းစဉ်ဖြင့် webinar ပြုလုပ်ခဲ့ပါသည်။
webinar အား အောက်ပါအစီအစဉ်များဖြင့်ပြုလုပ်ခဲ့ပါသည်။
အစီအစဉ်၁ တွင် အထက၁ ဒိုက်ဦးမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)မှ အစီအစဉ်စတင်ကြောင်းကြေငြာခြင်း။
အစီအစဉ်၂ တွင် စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာအောင်ဈာန်မှ ယခုကာလအတွင်း Mental Health ၏အရေးပါပုံကိုအတိုခြုံးရှင်းပြခြင်း။
အစီအစဉ် ၃ တွင် စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာအောင်ဈာန်မှ စိတ်ကျန်းမာရေးအကြောင်း၊စိတ်ဖိစီးမှုများသဘာဝနှင့် ဖြစ်ပေါ်လာစေသည့်အကြောင်းအရင်းများ၊ စိတ်ဖိစီးမှုများကိုကိုင်တွယ်ဖြေရှင်းနည်းနဲ့ ပြဿနာများကိုအဆင့်ဆင့်ကိုင်တွယ်နည်းများ၊ ပြဿနာဖြေရှင်းရာတွင် အရေးပါလှသောအချိန်စီမံခန့်ခွဲပုံတို့ကို ဆွေးနွေးမျှဝေပေးခဲ့ပါတယ်။
အစီအစဉ် ၄တွင် "ဆွေးနွေးဖလှယ်ရင်ဖွင့်မယ်" ခေါင်းစဉ်ဖြင့် စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာအောင်ဈာန်က တက်ရောက်လာကြသော ကျောင်းသား/သူများ၏ ရင်ဖွင့်စကားသံများ၊ဆွေးနွေးတိုင်ပင်သည်များ နှင့် မေးမြန်းသည်များကို ဆွေးနွေးဖြေကြားပေးခဲ့ပါသည်။
အစီအစဉ်၅ တွင် Webinar သို့ပါဝင်အားဖြည့်ပေးပါသော စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာအောင်ဈာန်အားကျေးဇူးတင်စကားပြောကြားခြင်း ၊ Webinar သို့ တက်ရောက်အားဖြည့်ပေးပါသော Essential Education Center , NwayOo Revolutionary High School , မြန်မာ့ရတနာ , Pathfinder Institute Myanmar ရှိဆရာ/မ များ ကျောင်းသား/သူများ အားကျေးဇူးတင်စကားပြောကြားခြင်း နှင့် အစီအစဉ်ပြီးဆုံးကြောင်းကြေငြာခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။
Webinar joinလို့ရပါပြီခင်ဗျာ
ကျောင်းသားကျောင်းသူများခင်ဗျာ မီတင် joinတဲ့အခါ လခရ အရ နာမည်အရင်းမသုံးပေးပါနဲ့ခင်ဗျာ ကျောင်းနာမည်နဲ့ ကျောင်းသားအိုင်ဒီ ထည့်ပြီးဝင်လာပေးကြပါခင်ဗျာ။
ဥပမာ -
NORHS(xxxx)
EEC(xxxx)
မြန်မာ့ရတနာ(xxxx)
ကျောင်းသားရဲဘော်တို့ခင်ဗျာ ညနေ webinar ဝင်ရောက်လာပါက Zoomအကောင့်မှာ တက်ရောက်နေသောကျောင်းနာမည်နဲ့ အခုလက်ရှိအသုံးပြုနေသော ကျောင်းသားကုဒ်ကိုအောက်ပါအတိုင်း ထားပြီးတက်ခဲ့ပေးကြဖို့တောင်းဆိုပါတယ်ခင်ဗျာ
NORHS(xxxxxx)
EEC(XXXXXXX)
မြန်မာ့ရတနာ(XXXXX)
Topic: Stress & Mental health webinar
Time: Oct 1, 2023 04:00 PM Rangoon
https://zoom.us/j/99130326726?pwd=M2VlYjdUNkovdHpQcldoZEE4dkxMQT09
Meeting ID: 991 3032 6726
Passcode: 067523
