အ.ထ.က(၁) ဒိုက်ဉီးမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)
Open in Telegram
အ.ထ.က(၁) ဒိုက်ဉီးမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)၏ တရားဝင်ပြန်ကြားရေးချန်နယ်ဖြစ်ပါသည်။
Show more352
Subscribers
No data24 hours
-17 days
+230 days
Posts Archive
သို့ပါသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ကျားရဲမတစ်ကောင်ကဲ့သို့ နောက်တွန့်မသွားဘဲ ရှေ့သို့သာ တစ်လှမ်းချင်း လှမ်းသွားလေသည်။ ခေါင်းဆောင်ဖြစ်ဟန်တူသော စစ်သားကြီးသည် တပည့်စစ်သားများအားကျယ်လောင်စွာ အော်ကာ အမိန့်ပေးနေလေသည်။ လော်ရာနားမလည်ပေမယ့် "ပစ်လိုက်ပါပစ်လိုက်ပါ" အမိန့်ပေးနေမှန်း လော်ရာနားလည်လိုက်သည်။ သို့ပါသော်လည်း စစ်သားများသည် ကျားရဲမတစ်ကောင်ကိုတွေ့သော ယုန်
သူငယ်ကဲ့သို့ ကြောက်ရွှံ့ထိတ်လန့်တုန်လှုပ်နေကြသည်။ ထိုစစ်သားများအား ဒေါ်အောင်ဆန်းစုကြည်က မေတ္တာ ကရုဏာနွေးထွေးသော အပြုံးဖြင့် ပြုံးပြသည်။ နောက်ဆုံးတွင် ကျည်ဆန်လက်နက်သည် မေတ္တာလက်နက်အား ကျဆုံးရသည်။ အဘယ်ကြောင့်မူ စစ်သားများသည် ကြောက်ရွံ့စိတ်ဖြင့် ဆုတ်ခွာသွားကြသောကြောင့်ဖြစ်သည်။ (ဒေါ်အောင်ဆန်းစုကြည်၏ ထိုလုပ်ရပ်မှာ ကမ္ဘာကျော်ခဲ့သည်။ ထိုလုပ်ရပ်ကြောင့်ပင် ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေးနိုဗယ်လ်
ဆုကို ရရှိခဲ့သည်။) ဒေါ်အောင်ဆန်းစုကြည်၏ ထိုလုပ်ရပ်ကို လော်ရာသည် အသက်ရှုရပ်မတတ် ကြည့်နေခဲ့မိသည်။ နောက်ဆုံး စစ်သားများ ထွက်သွားသည့်အခါမှ လော်ရာသည် အသက်ရှုနိုင်တော့သည်။ ရဲရင့်လှသော ဒေါ်အောင်ဆန်းစုကြည်၏ သတ္တိကိုလည်း ချီးကျူးမိသည်။ ထိုအဖြစ်အပျက်များကို မြင်တွေ့ပြီးမှ တစ်နေ့လုံး ညစ်ညူးနေခဲ့သော လော်ရာ့စိတ်သည် ကြည်လင်သွားခဲ့သည်။ ထို့ကြောင့်ပင် လော်ရာသည် တည်းခိုနေသော ဟိုတယ်ဆီသို့
တိတ်တဆိတ် ပြန်သွားခဲ့သည်။ ဟိုတယ်ပြန်ရောက်မှကြည်လင်လာခဲ့သော စိတ်ကလေးသည် ကြာရှည်မခံလိုက်။ အဘယ်ကြောင့်မူ လော်ရာ့အစ်မ အန်ဒီသည် လော်ရာပျောက်နေသည်ဆိုပြီး အထက်ကို တိုင်လိုက်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ခုနက ရွံရှာဖွယ်ကောင်းသော စစ်သားများကို ပြန်တွေ့လိုက်ရသည်။ သည့်အတွက် လော်ရာသည် အစ်မအန်ဒီကို စိတ်တိုစွာ ပြောမိသည်။
"ဒါနဲ့များ နင်က ဒီလိုဟာတွေကို ခေါ်လိုက်တယ်ပေါ့"
"နင်က မပြောမဆိုနဲ့ ထွက်သွားတာကိုး။ ငါစိတ်ပူတာပေါ့။ နင့်ကို ငါမပြောလိုက်မိဘူး။ ဒီမှာ လူဆိုးသူခိုးတွေပေါသတဲ့"ထိုစဉ် ဗိုလ်မှူးလို့ ယူဆရသည့် စစ်ယူနီဖောင်းကို အပြည့်အစုံဝတ်ထားသော လူကြီးတစ်ဦးက အနားရောက်လာပြီး မာမာထန်ထန်ပြောသည်။ လော်ရာနားမလည်မှန်းသိသောကြောင့် ကောင်တာစာရေးမက ဘာသာပြန်ပြီး ပြောပြသည်။"ဗိုလ်မှူးကပြောတယ်။ ဒီနိုင်ငံက ဥပဒေက ရှင်တို့လိုအမေရိကန်တွေအပေါ် မသက်ရောက်ဘူးလို့ ရှင်တို့က ထင်နေကြ
တယ်။ ဒါပေမယ့် သက်ရောက်တယ်။ ရှင် ည မထွက်ရအမိန့်ကို ကျူးလွန်လိုက်တယ်။ ရှင် ထောင်ကျသွားနိုင်တယ် တဲ့"ကောင်မကိုကလည်း စောက်ချိုးမပြေသော လေသံမာမာနှင့်။ သည့်အတွက်ကြောင့်ရော ပိုပိုပြီး စိတ်တိုကာလက်ကိုင်အိတ်ကိုပင် ဘေးသို့ပစ်ပေါက်လိုက်ပြီး ဗိုလ်မှူးရှေ့သို့ရပ်ကာ စားဝါးတော့မတတ် မျက်လုံးများဖြင့် ကြည့်ပြီးပြောလိုက်သည်။
"ဒါဆို ပြောပါဦး၊ ရှင်တို့လို ယောက်ျားရင့်မာကြီး လက်နက်မဲ့နေတဲ့အမျိုးသမီးတစ်ယောက်ကို သေနတ်နဲ့ချိန်တာကရောပြစ်မှုမမြောက်ဘူးလား ပြောစမ်းပါဦး ပြောလေ"
လော်ရာ၏ အပြုအမူကြောင့် ဗိုလ်မှူးဆိုသူသည် သူ့ကို သည်လို အာခံရလားဆိုပြီး စားဝါးတော့မတတ် စိန်းစိန်းကြည့်သည်။ လော်ရာကလည်း မျက်တောင်တစ်ချက်မျှ မခတ်ဘဲ ဆက်ကြည့်နေမြဲ။ အခြေအနေတွေ လွန်လာတော့မည်မှန်းသိသောကြောင့် အစ်မအန်ဒီနှင့် အတူပါလာခဲ့သောအမေရိကန်အမျိုးသားကြီးက တောင်းပန်စကားဆိုသည်။
"ကျွန်မညီမ စိတ်အခြေအနေမှန်လို့ ရိုင်းပျမိတာ ခွင့်လွှတ်ပါရှင်"
"တောင်းပန်ပါတယ်ခင်ဗျာ၊ ကျွန်တော်တို့ မနက်ဖြန်မနက်ဆို လေယာဉ်နဲ့ ဘန်ကောက်ကို ထွက်သွားတော့မှာပါ။ နောက်ဆိုကျွန်တော်တို့ ဒုက္ခပေးချင်ရင်တောင် ပေးလို့မရတော့ပါဘူး" ထိုစကားများကို ကောင်တာမကတစ်ဆင့် ဗိုလ်မှူးကြားတော့
"သွား ထွက်သွား" ဆိုပြီး မာထန်စွာ နှင်ထုတ်လိုက်သည်။
မနက်ဖြန်ရောက်လို့ လေယာဉ်အမီထွက်ဖို့ရာ ထုပ်ပိုးပြင်ဆင်ကြတော့ လော်ရာ၏ နိုင်ငံကူးလက်မှတ်က ပျောက်နေသည်။ ဘယ်လိုမှ ရှာမရ။ ညက အပြင်ထွက်တုန်းက လွယ်လာခဲ့သော အိတ်ထဲ အသေအချာထည့်ခဲ့ပါသည်။ ကျများပျောက်သလား။ အခိုးများ ခံရသလား။ မြန်မာပြည်မှာ တကယ်ပဲ သူခိုး လူဆိုးတွေ ပေါသလား။ နိုင်ငံကူးလက်မှတ်မပါတော့ လော်ရာလေယာဉ်ပေါ် တက်ခွင့်မရ။ အစ်မအန်ဒီက လော်ရာနှင့်အတူနေချင်သေးပေမယ့် စစ်အာဏာရှင်များအုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများ ခုနှစ်ရက်ထက် ပိုနေခွင့်မရှိ။ လော်ရာ တစ်ယောက်တည်း ကျန်ခဲ့ရသည်။ သံရုံးသွားပြီး လက်မှတ်အသစ်လုပ်မှ ရမည်။ လက်မှတ်ရဖို့ ရက်အနည်းငယ် လော်ရာ အမေရိကန်သံရုံးသွားပြီးနိုင်ငံကူးလက်မှတ်လုပ်သည်။ သံရုံးမှ အမေရိကန်ဝန်ထမ်းအမျိုးသားကြီးက လော်ရာအား ရှင်းပြသည်။ "ဒီနိုင်ငံမှာ နိုင်ငံကူးလက်မှတ်က အလွန်အဖိုးတန်တယ်လေ။ တချို့ဆိုရောင်းစားကြတယ်။ ဒါ့ကြောင့် ခင်ဗျားလက်မှတ်က အခိုးခံရတာနေမှာပေါ့" တဲ့။ ဆက်ပြီး ထိုအမျိုးသား အသားယူချင်သလိုလို ဘာလိုလိုနှင့် လော်ရာတည်းခိုရာလိပ်စာမေးပြီး ညစာလိုက်ကျွေးပါရစေဟုဆိုသည်။ လော်ရာလည်း စိတ်ပျက်စွာ လှည့်ထွက်ခဲ့သည်။
ညက လော်ရာသည် ဘုရားပေါ်က လိမ့်ကျသော ကောင်လေးငယ်၏အဖြစ်ကို စိတ်စွဲသောကြောင့်ထင့် သားကလေးဒန်နီကို အိပ်မက် မက်သည်။ အိပ်မက်ထဲတွင် လော်ရာနှင့် ဒန်နီသည် ပြေးတမ်းလိုက်တမ်း ကသားနေသည်။ သားလေးသည် လဲကျသွားသည်။ လော်ရာက ပွေ့ထူတော့ သား၏ ကိုယ်ပေါ်တွင် သွေးအလူးလူးပေကျံနေတော့သည်။ ထိုအိပ်မက်ကြောင့် လော်ရာသည် ထိတ်လန့်စွာ နိုးသွားသည်။
ထိုစဉ်မှာပဲ အပြင်ဘက် လမ်းမဆီက မြန်မာလိုအော်ဟစ်နေသော လူအုပ်ကြီး၏ အသံကိုကြားလိုက်ရသည်။ သည့်ကြောင့် လော်ရာသည် အိပ်ရာမှဆင်းကား ပြတင်းပေါက်ကလေးကနေ ချောင်းကြည့်လိုက်သည်။ လူအုပ်ကြီးသည် အလံကိုယ်စီ၊ ဗီနိုင်းကိုယ်စီဖြင့် ဆန္ဒပြ တောင်းဆိုနေကြခြင်းဖြစ်သည်။ ဗီနိုင်ပေါ်က မြန်မာစာတွေကိုတော့ အမေရိကန်နိုင်ငံသူဖြစ်သည့် လော်ရာ မဖတ်တတ်။
လမ်းပေါ်ထွက် ဆန္ဒပြနေကြသော မြန်မာလူမျိုးတွေကိုမြင်တော့ လော်ရာလည်း စိတ်ထွက်ပေါက်အနေနှင့် လမ်းပေါ်ထွက်ချင်စိတ် ဖြစ်လာခဲ့သည်။ သည့်ကြောင့် လော်ရာသည် အစ်မဖြစ်အန်ဒီမသိအောင် တိတ်တိတ်လေးထွက်လာပြီး လက်ကိုင်အိတ်ကလေးနှင့် အပြင်ထွက်လိုက်သည်။ အပြင်ရောက်တော့ လော်ရာသည်ဘယ်လောက်ပင် စိတ်တွေမွန်းကျပ်နေသည်မသိ လမ်းမကြီးပေါ်တွင် တဟုန်ထိုးပြေးနေမိသည်။ ပြေးသည်မှာ ပြိုင်မြင်းတစ်ကောင်ကဲ့သို့ပင်။ ပြေး
နေရင်း မောသွားသည့်အခါ ရပ်လိုက်သည်။ ရပ်လိုက်သည့် နေရာတွင် မြန်မာစစ်သားများစွာ လက်နက်ကိုယ်စီဖြင့်ရပ်နေကြသည်ကို တွေ့လိုက်ရသည်။ စစ်သားများက လော်ရာအား အမေရိကန်မှန်းသိသောကြောင့် ဘာမျှ မပြောဘဲဆေးလိပ်ကိုသာခဲရင်း အေးစက်စွာ ကြည့်နေကြသည်။ လော်ရာလည်း ထိုနေရာမှာ မိန်းကလေးတစ်ယောက်တည်း ရှိနေတာ မလုံခြုံဘူးဆိုပြီး အနားက ထွက်သွားလိုက်သည်။
စစ်သားများရှိရာနေရာကနေ ထွက်သွားတော့ ဆန္ဒပြမြန်မာပြည်စစ်သားများရှိရာနေရာကနေ ထွက်သွားတော့ ဆန္ဒပြမြန်မာပြည်သူလူအုပ်ကြီးဆီသို့ ရောက်သွားသည်။ အားလုံး ခွပ်ဒေါင်းပုံတံဆိပ် အနီရောင်အလံကိုယ်စီနှင့်။ နဖူးစည်းမှာလည်း ထို့အတူ ကိုယ်စီနှင့်ပင်။ မြန်မာစာတန်းဖြင့် ဗီနိုင်းကိုယ်စီများ(ဒီမိုကရေစီပြန်ပေးဆိုသောစာသားများ)၊ အမျိုးသားတစ်ဦး၏ပုံ(ဗိုလ်ချုပ်အောင်ဆန်း၏ပုံ)၊ အမျိုးသမီးတစ်ဦး၏ပုံ(ဒေါ်အောင်ဆန်းစုကြည်၏ပုံ) များ ကိုင်ဆောင်ထားကြသည်။ ထိုမြန်ပြည်သူပြည်သားများရှေ့ဖြတ်တော့ သူတို့စကားသံထံမှ အမေရိကန်ဆိုသောစကားနှင့်အတူ တခြားလော်ရာနားမလည်သော စကားလုံးများ ကြားရသည်။သတိထားမိတာတစ်ခုက ပြည်သူတို့ထံက သိမ်မွေ့မှုကို လော်ရာခံစားရသည်။ ထိုစဉ် မြန်မာအမျိုးသမီးတစ်ဦးက လော်ရာ့အနားရောက်လာပြီး အင်္ဂလိပ်လိုလာပြောသည်။
"ရှင်က အမေရိကန်မဟုတ်လား"
"ဟုတ်ပါတယ်"
"ရှင်က ခရီးသွားတစ်ယောက်ထင်တယ်။ ဒါနဲ့ ရှင် ဒေါ်အောင်ဆန်းစုကြည်ကို သိလား"
"ဟင့်အင်း မသိပါဘူးရှင်"
"သူမက လှတယ်။ ကျက်သရေရှိတယ်။ သိမ်မွေ့တယ်။ ရဲလည်းရဲရင့်တယ်။ သူမက မြန်မာနိုင်ငံကို ဒီမိုကရေစီရအောင်လုပ်ပေးမှာရှင့်။ ဟိုမှာ သူမလာပြီ။ မြင်လား အဲဒါ ဒေါ်အောင်ဆန်းစုကြည်ပေါ့ရှင်"လော်ရာလည်း ထိုအမျိုးသမီး ညွှန်ပြရာဆီသို့ လှမ်းကြည့်လိုက်သည်။
သေးသေးသွယ်သွယ် ခန္ဓာကိုယ်နှင့် ဒေါ်အောင်ဆန်းစုကြည်ဆိုသော အမျိုးသမီးကို တွေ့လိုက်ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာဆန်ဆန် ထဘီရင်ဖုံးအင်္ကျီလေးနှင့် မိန်းမဆန်စွာ အင်မတန်ကျက်သရေရှိလှသည်။ မြင်လိုက်ရရုံနှင့်ပင် လော်ရာ့စိတ်ထဲ အေးချမ်းသွားသလို ခံစားရသည်။ ထို့ကြောင့်ပင် လော်ရာသည် ဒေါ်အောင်ဆန်းစုကြည်အား မမှိတ်မသုန်စိုက်ကြည့်နေမိသည်။ ဒေါ်အောင်ဆန်းစု
ကြည်သည် လက်ကလေး ဝှေ့ကာရမ်းကာဖြင့် မင်းပရိသတ်ဗိုလ်ပါအား နှုတ်ဆက်နေသည်။ ပရိသတ်ကလည်း ဒေါ်အောင်ဆန်းစုကြည် ချစ်ခင်ကြည်ညိုလေးစားတန်ဖိုးထားအားကိုးဖြင့် "အောင်ဆန်းစုကြည် အောင်ဆန်းစုကြည်" ဆိုပြီးညီညီညာညာ ဟစ်ကာအော်ကာ သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။ ထိုအထဲတွင် သံဃာတော်များလည်း ပါဝင်သည်။ ထိုစဉ်မှာပဲ လက်နက်ကိုင်စစ်သားများစွာသည် ဒေါ်အောင်ဆန်းစုကြည်ရှေ့သို့ ပိတ်ကာ ဆီးရပ်သည်။ စစ်သားတို့၏ လုပ်ရပ်ကြောင့် ပရိတ်ဗိုလ်ပါတို့၏ အသံများသည် အပ်ကျသံကြားမတတ် တိတ်ဆိတ်သွားကြသည်။ မြင်နေရသောလော်ရာသည်လည်း ထိတ်လန့်သွားရသည်။ ဘာများလုပ်ကြမလို့ပါလိမ့်။ စစ်သားကြီးက ဒေါ်အောင်ဆန်းစုကြည်တို့ဘက်သို့ လှည့်ကာ မာမာထန်ထန်ပြောနေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဘေးမှ အမျိုးသားတစ်ယောက်က ချိုချိုသာသာပြန်ပြောသည်။ ဘာတွေပြောနေကြသည်ကို လော်ရာသဲသဲကွဲကွဲကြားရပေမယ့် နားမလည်။ ထိုစဉ်မှာပဲ ဒေါ်
အောင်ဆန်းစုကြည်သည် ဘေးမှ အမျိုးသားအား ဆက်မပြောတော့ရန် လက်ကာ တားလိုက်သည်။ ပြီးမှ သက်ပြင်းတစ်ချက်ချကာ မျက်နှာလေးကိုပြုံးလိုက်ပြီး စစ်သားများရှေ့သို့ တစ်လှမ်းချင်း လှမ်းသည်။ လှမ်းလာနေသော ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ရပ်ကြောင့် ရှေ့မှာ ကားဆီးကာ တားနေသော စစ်သားများက လက်နက်များကိုယ်စီဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ချိန်ရွယ်လိုက်ကြသည်။ ထိုအဖြစ်ကြောင့် လော်ရာသည် ဒေါ်အောင်ဆန်းစုကြည်အား အလွန်အမင်းစိုးရိမ်သွားသည်။
အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာထွန်းကားသော နိုင်ငံဖြစ်သည်။ ဗုဒ္ဓ၏ တရားတော်အရ သေသောသူသည် နောင်ဘဝသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သော်လည်း ကျန်ရစ်ခဲ့သောသူမှာ သွားလေသူအပေါ် မမေ့နိုင် မပျောက်နိုင်ဖြစ်နေသောကြောင့် သွားလေသူများက
ကျန်ရစ်သူ၏ အဖြစ်ကို ရင်နာဖွယ် မြင်ရသောအခါ မကျွတ်မလွတ်နိုင် ဖြစ်ရတတ်သည်။ ကျန်ရစ်သူက စိတ်ဖြင့်သွားလေသူကို ဆွဲမထားဘဲ လွှတ်ထားလိုက်နိုင်မှသာ သွားလေသူမှာ စိတ်ဖြောင့်ဖြောင့်သွားနိုင်မည့်အကြောင်း ညီမဖြစ်သူ လော်ရာကို သိစေလိုသောကြောင့် မြန်မာနိုင်ငံကို ရွေးချယ် လည်ပတ်ရခြင်းဖြစ်သည်။
သို့ပါသော်လည်း အစ်မဖြစ်သူ အန်ဒီ၏ အထင်နှင့် အမြင်မှာ တက်တက်စင်အောင် လွဲမှားခဲ့သည်။အကြောင်းကား အန်ဒီနှင့် လော်ရာတို့ လာရောက်လည်ပတ်ချိန်သည် မြန်မာနိုင်ငံအား စစ်အာဏာရှင်များက အာဏာသိမ်းပြီး အုပ်ချုပ်ချိန်ဖြစ်နေသည်။ အာဏာရှင်များအား ပြည်သူများက အာဏာသိမ်းခြင်းကို လက်မခံဘဲဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်လာကာ ပြည်သူများအပေါ်လက်နက်ကိုင် စစ်သားများက ပစ်ခတ် ဖမ်းဆီးသတ်ဖြတ်သောကြောင့် သွေးအလူးလူးမြင်ကွင်းများကို လော်ရာကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသောကြောင့် ဖြစ်သည်။ ထိုမြင်ကွင်းများက သွေးအလူးလူးထဲတွင် လဲကျသေဆုံးနေကြသော လော်ရာ၏ ခင်ပွန်းနှင့် သားဖြစ်သူဒန်နီ၏ အဖြစ်ကို ပြေးပြေးသတိရစေသည်။
ယခုလည်း အစ်မဖြစ်သူအန်ဒီက ဂေါတမဗုဒ္ဓ၏ လျောင်းတော်မူ ရုပ်ပွားတော်များတည်ရှိရာ နေရာများစွာသို့လိုက်ပို့ရင်း ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သံယောဇဉ်မှန်သမျှ အရာအားလုံးကို လွှတ်ချပြီး ပရိနိဗ္ဗာန်စံမြန်းတော်မူသောကြောင့် ပြုံးယောင်သန်းနေသော ရုပ်ပွားတော်အဖြစ် သွန်းလုပ်ပူဇော်ထားကြောင်း လော်ရာအား ရှင်းပြနေသည့်အချိန်မှာပဲ လော်ရာ၏သား ဒန်နီနှင့်ရွယ်တူ ကောင်လေးတစ်ယောက်သည် ရုပ်ပွားတော်တစ်ဆူပေါ်ကနေ လိမ့်ကျသွားသောကြောင့် အစ်မဖြစ်သူအန်ဒီ၏ တရားပြနားချမှုများအပေါ် အသိစိတ်ဝင်ဖို့ဝေးစွ သားကလေး ဒန်နီကိုသာ ပြေးသတိရမိရသည်။ သည့်ကြောင့် လော်ရာသည် ဒေါက်တာပင်ဖြစ်သော်လည်း သွေးအလိမ်းလိမ်းဖြစ်နေသည့် ကလေးငယ်၏ အဖြစ်ကို မကြည့်ရက်နိုင်စွာ မျက်နှာလွှဲလိုက်ပြီး ဒေါက်တာဖြစ်သော အစ်မဖြစ်အန်ဒီ့ကိုသာ အော်ခေါ်ပြီး ကုသစေလိုက်ရသည်။
အစ်မဖြစ်သူအန်ဒီလိုက်ပို့သော မြန်မာနိုင်ငံ၏ နေရာအတော်များများသည် သဘာဝရှုခင်းရှုကွက်များဖြင့် လွန်စွာသာယာလှပပေသည်။ သို့ပါသော်လည်း လော်ရာ့စိတ်ကိုတော့ ပျော်ရွှင်အောင် မစွမ်းနိုင်ခဲ့ပါပေ။
တစ်နေကုန်လည်ပတ်ပြီး တည်းခိုသည့်ဟိုတယ်ရောက်တော့ အခန်းသေါ့အပ်ထားရာနေရာမှ စာရေးမသည် မျက်နှာထားတင်းတင်းဖြင့် ဆက်ဆံရေးညံ့ဖျင်းလှသည်။ သည့်ကြောင့်ပဲ အင်္ဂလိပ်အမျိုးသားကြီးတစ်ယောက်သည် ခရီးဆောင်အိတ်ကိုဆွဲကာ ဟောင်ဖွာ ဟောင်ဖွာဖြင့် ဆင်းလာသည်။
"ဒီနိုင်ငံကို ငါတို့အုပ်ချုပ်ခဲ့တုန်းက ဒီလောက်အခြေအနေ မဆိုးခဲ့ပါဘူးကွာ"ဟု
ညည်းညူရင်း စိတ်ပျက်စွာဖြင့် ထွက်ခွာသွားသည်။ (တကယ်လည်း မြန်မာနိုင်ငံသည် အင်္ဂလိပ်တို့ အုပ်ချုပ်ခဲ့ခြင်းကိုနှစ်ပေါင်းများစွာ ခံခဲ့ရသည်။အင်္ဂလိပ်တို့ အုပ်ချုပ်ခြင်းမှ လွတ်ကင်းအောင်(လွတ်လပ်ရေး ရအောင်) ဗိုလ်ချုပ်အောင်ဆန်းတို့ တော်လှန်ရေးခေါင်းဆောင်များက ကြိုးပမ်းခဲ့ကြရသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး မကြာမီမြန်မာနိုင်ငံအား မြန်မာစစ်အာဏာရှင်များက ပြန်လည်အာဏာသိမ်းလိုက်ပြန်သည်။ ယခု အင်္ဂလိပ်အမျိုးသားကြီး၏ ညည်းညူချက်အရ မြန်မာနိုင်ငံအား စစ်အာဏာရှင်များက အာဏာသိမ်းပြီး အုပ်ချုပ်နေသော အခြေအနေသည် အင်္ဂလိပ်တို့အုပ်ချုပ်ခဲ့သော အခြေအနေထက် ပိုမို ဆိုးရွားသည်ဟု ယူဆရသည်။ ဤသို့ ဆိုခြင်းမှာ ကိုယ့်နိုင်ငံကို ကိုယ့်နိုင်ငံသားကအုပ်ချုပ်ခြင်းထက် သူများနိုင်ငံက အုပ်ချုပ်နေတာက ပိုကောင်းသည်ဟု ဆိုလိုခြင်း မဟုတ်ပါပေ။ အင်္ဂလိပ်တို့သည်လည်း မြန်မာနိုင်ငံအပေါ် ရက်စက်စွာ အုပ်ချုပ်ခဲ့ပါသည်။ သို့ပါသော်လည်း မြန်မာနိုင်ငံအား လွတ်လပ်ရေး ပေးခဲ့ပြီ
ဖြစ်သည်။ မြန်မာနိုင်ငံသားဖြစ်သော စစ်အာဏာရှင်များကား ပြည်သူများအပေါ် ကိုယ့်ပြည်သူ၊ ကိုယ့်ပြည်သစား၊ ကိုယ့်နိုင်ငံသားများပင် ဖြစ်လင့်ကစားလက်နက်အားကိုးဖြင့် အုပ်ချုပ်ချင်တိုင်း အုပ်ချုပ်၊ ဖိနှိပ်ချင်တိုင်းဖိနှိပ်၊ သတ်ဖြတ်ချင်တိုင်း သတ်ဖြတ်၊ နှိပ်စက်ချင်တိုင်း နှိပ်စက်နေခဲ့ကြသည်။ ပြည်သူများ အလိုရှိ တောင်းဆိုနေသော ဒီမိုကရေစီကိုလည်းမပေး၊ အာဏာကိုလည်း ယနေ့အချိန်ထိ မပေးသေးပေ။ စာရေးသူ၏ အမြင်အရ ပြောရမည်ဆိုလျှင် ကိုယ့်နိုင်ငံ
မှာနေပြီး ကျွန်ကဲ့သို့ အုပ်ချုပ်ခံ၊ ဆက်ဆံခံနေရခြင်းထက် သူများနိုင်ငံသွားပြီး ကျွန်ခံအလုပ်လုပ်နေရခြင်းက ပိုပြီးမြတ်ပေလိမ့်မည်။ မြန်မာနိုင်ငံအား ဒီမိုကရေစီရရှိစေရန် ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်ဆိုသောအမျိုးသမီးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို တည်ထောင်ကာ ပြည်သူ့ဆန္ဒမဲဖြင့် ပါတီအနိုင်ရရှိစေခဲ့သည်။သို့ပါသော်လည်း စစ်အာဏာရှင်များသည် နိုင်ငံတော်အာဏာကို ဒေါ်အောင်ဆန်းစုကြည်ထံသို့ လွှဲမပေးခဲ့ပေ။ ဤကား
စကားချပ်)
အမေရိကန်နိုင်ငံသူ ဒေါက်တာ လော်ရာဘိုးမင်းသည် ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ အလည်အပတ် ရောက်ရှိလာခဲ့သည်။ ဤသို့ လာရောက်လည်ပတ်ရခြင်းအကြောင်းကား အစ်မဖြစ်သူ အန်ဒီ၏ အကြံကြောင့် ဖြစ်သည်။ အန်ဒီ၏ ညီမ လော်ရာဘိုးမင်း၏ အတိတ်က ကြုံတွေ့ခဲ့ရသောအဖြစ်အပျက်သည် လွန်စွာ ကြေကွဲဖွယ် ကောင်းလှသည်။ အကြောင်းကား ခင်ပွန်းဖြစ်သူ "နစ်"နှင့် ငါးနှစ်အရွယ် သားကလေးဖြစ်သူ ဒန်နီတို့ လော်ရာအလုပ်သွားခိုက် လက်နက်ကိုင်လူတစ်စု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသောကြောင့် ဖြစ်သည်။
လော်ရာသည် ထိုအဖြစ်အပျက်ကို နှစ်ပေါင်း ဘယ်လောက်ကြာကြာ မမေ့နိုင်။ သွေးအိုင်ထဲတွင် လဲကျသေဆုံးနေကြသော မိသားစု၏ ဖြစ်ရပ်ဆိုးကို ပြန်ပြန်မြင်ယောင်နေမိသည်။ အထူးသဖြင့် သားကလေး ဒန်နီကိုပေါ့။ ထိုအဖြစ်အပျက်ကြောင့် လော်ရာသည် စိတ်ဒဏ်ရာရကာ ယောက်ျားဖြစ်သူ နစ်က ပံ့ပိုး ပေးထားသော ဒေါက်တာအလုပ်ကို စွန့်လွှတ်လိုက်သည်။
နှစ်ပေါင်းဘယ်လောက်ကြာကြာ မိသားစုကို မမေ့နိုင်ဖြစ်နေသော ညီမဖြစ်သူ လော်ရာ၏ အဖြစ်ကို အစ်မဖြစ်သူအန်ဒီသည် မကြည့်ရက်နိုင်သောကြောင့် မိသားစုကို တရားသဘောဖြင့် မေ့ပျောက်စေနိုင်ရန်အတွက် မြန်မာနိုင်ငံသို့ ယခုလိုလာရောက်ခေါ်ဆောင်ပြီး လည်ပတ်စေရခြင်းဖြစ်သည်။
လူငယ်မှလူငယ်ဆီသို့ရဲ့ "Online free crochet class" နဲ့ "guitar sharing class"
❐ ကိုယ့်မှာဘာလုပ်လို့လုပ်ရမှန်းမသိအချိန်တွေပိုနေတယ်လို့ခံစားနေရမယ် ပညာလေးတစ်ခုခုလည်းတတ်ချင်တယ်ဆိုရင် crochet အတန်းလေးကိုjoinဖို့ဖိတ်ခေါ်ပါတယ်ရှင့် အခုလိုကာလမှာ အသက်မွေးဝမ်းကြောင်းပညာတစ်ခုတတ်ထားလည်းမမှားပါဘူးနော်
❐ ဂီတာကြီးဝယ်ထားပြီး ဒီအတိုင်းပဲပစ်ထားတော့မှာလား ဂီတာတီးတတ်ဖို့လည်းဘယ်ကနေစပြီးလေ့လာရမယ်မှန်းမသိဖြစ်နေရင် "guitar sharing class"လေးကိုjoinသင့်ပါတယ်
ပါဝင်တက်ရောက်မည်ဆိုပါက page chatboxတွင်သော်လည်းကောင်း telegram - @tggnbesya တွင်သော်လည်းကောင်းဆက်သွယ်စာရင်းပေးနိုင်ပါတယ်
အခြားသိချင်တယ့်အကြောင်းအရာများကိုလည်းလာရောက်မေးမြန်းနိုင်ပါတယ်ရှင့်
#အထက၁သင်္ဃန်းကျွန်းအခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
#လူငယ်မှလူငယ်ဆီသို့
https://m.facebook.com/story.php?story_fbid=pfbid02TkVPsAzdzHRaWmZPajrNPrRuiQQCgs2bDgBKPcEKXchtATULa1DxYttqqnhQNp3gl&id=100076156673964
"(၁၀၃)နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြေပြင်သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့"
၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်၊ အကလ(မြေပြင်)
ယနေ့ ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက် (၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ၇ရက်) တွင် ကျရောက်သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် လူထုဒေါ်အမာ၏ အဆိုအမိန့်ဖြစ်သည့် "အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်မထွက်ဘူး" ဟူသော စာသားပါ ဘန်နာကို အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-မြေပြင်) ရဲဘော်များက အာဏာလုစစ်ကောင်စီတပ်မှ လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တစ်နေရာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုံ့ဆော်မှုအနေဖြင့် ချိတ်ဆွဲခဲ့သည်။ ထိုမြေပြင်လှုပ်ရှားမှုကို Youth Scout for Democracy (YSD) မှလည်း ကင်းထောက်ပံ့ပိုးမှုဖြင့် ပါဝင်ကူညီအားဖြည့်ပေးခဲ့သည်။
#၁၀၃နှစ် #အမျိုးသားအောင်ပွဲနေ့ #လူထုဒေါ်အမာ #အာဏာရှင်ဆိုတာဘယ်တော့မှအရှင်မထွက်ဘူး #အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး #အကလ_မြေပြင် #BESYA #YouthScoutForDemocracy #YSD
❝ အမျိုးသားပညာရေးမှသည် ဖက်ဒရယ်ပညာရေးတိုက်ပွဲဆီသို့ ❞
လာမယ့် ဒီဇင်ဘာ (၇)ရက်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့မှာဆိုရင် အမျိုးသားအောင်ပွဲနေ့ (၁၀၃)နှစ်မြောက်ပြီ ဖြစ်ပါတယ်။ ဒီအမျိုးသားနေ့ဟာ လွတ်လပ်ရေးအတွက်လမ်းစဖြစ်တဲ့ အမျိုးသားတော်လှန်ရေးကြီးကို မီးမြိုက်ပေးခဲ့သလို နောင်အခါမှာပေါ်ပေါက်လာမယ့် အမျိုးသားပညာရေးကိုပါ အစပျိုးပေးနိုင်ခဲ့ပါတယ်။
အခုအခါမှာတော့ အများစုမျှော်လင့်ကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်မှာရော ဖက်ဒရယ်ပညာရေးက ဘယ်လိုအခြေအနေရှိပါသလဲ။ ဖက်ဒရယ်ပညာရေးအတွက် ဘယ်အရာတွေက အလားအလာကောင်းသလို ဘယ်အရာတွေဟာ အဟန့်အတားဖြစ်နေပါသေးသလဲ။ အမျိုးသားပညာရေးကစလို့ ဖက်ဒရယ်ပညာရေးခရီးလမ်းအထိ ဖြတ်သန်းခဲ့ပုံများကို အောက်ပုံပါ လူပုဂ္ဂိုလ်များမှ ဒီဇင်ဘာ ၇ ရက်၊၂၀၂၃မှာ ဆွေးနွေးပေးသွားပါလိမ့်မယ်။
နေ့ရက်။ ။ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက် (ဒီဇင်ဘာ ၇၊ ၂၀၂၃)
အချိန်။ ။ မြန်မာစံတော်ချိန် ညနေ ၆ နာရီ
နေရာ။ ။ Facebook live
#၁၀၃နှစ်မြောက်အမျိုးသားအောင်ပွဲနေ့
#SURC #BESYA
"စာပေအားယူ ဝန်းရံကူ"ဆိုတဲ့ စာအုပ်မဲလေးကို ဒီဇင်ဘာလ 2ရက်နေ့ညမှာ Live လွှင့်ပြီးမဲဖောက်ပေးမယ်လို့ ကြေငြာထားခဲ့ပေမဲ့ နည်းပညာအခက်အခဲနှင့် အခြားအခက်အခဲအမျိုးမျိုးကြောင့် ယနေ့ဒီဇင်ဘာလ 5ရက်နေ့ညမှာ စိတ်မကောင်းစွာနဲ့ပဲRecord video နဲ့ မဲဖောက်လိုက်ရပါတယ်ခင်ဗျ။
စာပေအားယူ ဝန်းရံကူ စာအုပ်မဲလေးကို သတ်မှတ်မဲ ၂၀၀ရောင်းကုန်သွားပြီဖြစ်၍ အောင်မြင်စွာ ပိတ်သိမ်းလိုက်ပါပြီခင်ဗျာ။ ယခုလို လျင်လျင်မြန်မြန်နဲ့ target အောင်မြင်စေရန် အဘက်ဘက်မှ ကူညီပံ့ပိုးပေးခဲ့ကြသော သူများအားလုံးကို ကျေးဇူးတင်ရှိပါတယ်။
ကျနော်တို့ရဲ့ မဲအရောင်းပိုစ့်များကို React (Like,Love)ပေးခြင်း၊ Comment မန့်ခြင်း၊ Share ခြင်းများဖြင့် RCS ပြုလုပ်၍ ကူညီပေးခဲ့ကြသူများကိုလည်း အထူးပဲကျေးဇူးပါတယ်။RCSပြုလုပ်ကူညီပေးခြင်းကြောင့်မဲအရောင်းပိုစ့်များ Facebookနှင့် ဆိုရှယ်မီဒီယာများတွင် ပိုမိုပြန့်နှံ့လာသည်ဖြစ်၍ မဲမဝယ်ယူလင့်ကစား အထောက်အကူအလွန်ရခဲ့ပါတယ်ခင်ဗျာ။ မဲပစ္စည်းကိုပင်မကြည့်ကြဘဲ တိုင်ပြည်အပေါ်စေတနာရှေ့ထား၍ မဲဝယ်ယူကြပါသော ထောက်ပို့ပြည်သူတို့ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျနော်တို့ကို မဲကူရောင်း ပေးခဲ့ကြသော ရဲဘော်များအပါအဝင် အဘက်ဘက်မှ ကူညီပံ့ပိုးပေးခဲ့သူများအားလုံးကို ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
ယခုမဲပရောဂျက်မှ ရရှိသည့်အလှူငွေများကို စစ်ဘေးသင့်ဒေသရှိ ပညာရေးအဖွဲ့အစည်းများနှင့် ကျောင်းသားနိုင်ငံရေးအဖွဲ့အစည်းများအတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။လှူဒါန်းထားသည့် မှတ်တမ်းများနှင့် ငွေစာရင်းရှင်းတမ်းများကို ပြန်လည်တင်ပြသွားပါမယ်။
စာအုပ်များကိုတော့ ယနေ့ညမှာ Liveလွှင့်၍မဲဖောက်သွားမှာဖြစ်ပါတယ်။ မဲ ၂၀၀မှ မဲပေါက်သည့်နံပါတ် ဝယ်ယူထားသူသည် ကျနော်တို့၏ မဲပစ္စည်း Set 4ခုထဲမှာ နှစ်သက်သည့် setတစ်ခုကို ရွေးချယ်ယူရမှာဖြစ်ပါတယ်။ရွေးချယ်ထားသည့် Setထဲတွင် ပါဝင်သောစာအုပ်များအားလုံးကို ရရှိမှာပါ။
စာအုပ်တွေကို တစ်အုပ်ချင်းကြည့်ချင်ရင်တော့ ဒီမှာကြည့်လို့ရပါကြောင်း။
https://t.me/BEHS1BESYA2022DaikU/55
အဲဒီကျောင်းသားထု အစည်းအဝေးပြီးတဲ့နောက် ၁ဝ ယောက်တစ်ဖွဲ့ အဖွဲ့တွေ ဖွဲ့ ဖွဲ့တယ်။ တစ်ဖွဲ့မှာ ခေါင်းဆောင်တစ်ယောက်ထားတယ်။ တချို့အဖွဲ့က သပိတ်တားတဲ့ တာဝန်ယူကြတယ်။ တချို့အဖွဲ့က အချက်အပြုတ်၊ တချို့ အဖွဲ့ဝင်တွေက ကြားတောရ ကျောင်းတိုက်ထဲကို နိုင်ငံရေးခေါင်းဆောင်တွေက လွဲလို့ အပြင်လူ အဝင်မခံရတဲ့ လုံခြုံရေးတာဝန် ယူကြရတယ်။
ဒီအစီအစဉ်တွေ လုပ်နေချိန်မှာ ဆရာဦးဘ သပိတ်စခန်းကို ရောက်လာပြီး ကျောင်းသားတွေကို ကျောင်းတက်ဖို့ ပြောတယ်။ မရဘူး။ ညနေပိုင်းရောက်တော့ ကျောင်းအုပ်ကြီး မစ္စတာဟန်းတားကိုယ်တိုင် လိုက်လာပြီး ကျောင်းပြန်တက်ဖို့ချော့မော့ခေါ်ပြန်တယ်။ ကျောင်းသားတွေက ယဉ်ယဉ်ကျေးကျေး ဆက်ဆံပြီး ငြင်းလိုက်ကြတာပဲ။
ဆန်အိတ်တွေ၊ ဆီပုံးတွေ သပိတ်စခန်းကိုရောက်လာတယ်။ ချမ်းသာတဲ့ ဗမာတွေပို့ပေးကြတာတဲ့။
အင်္ဂလိပ်သတင်းစာမှာ သပိတ်မှောက်ကျောင်းသားတွေကို ထိခိုက်ရေးသားရင် ဦးအေးနဲ့ဦးဖိုးလတ်တို့က ပြန်ချေတယ်။ ဦးထွန်းဖေနဲ့ ဦးခင်မောင်တို့က သူရိယနဲ့ မြန်မာ့အလင်းမှာဆောင်းပါးတွေ ရေးကြတယ်။
မကြာမတင်မှာပဲ ရန်ကုန်မြို့က ဟိုက်စကူးကျောင်းသားတွေကလည်း သပိတ်မှောက်ပြီးဗဟန်းကို လိုက်လာကြတယ်။ အစိုးရ ဟိုက်စကူးကျောင်းက မှောက်တယ်ဆိုတော့ စိန့်ပေါ၊မက်သဒစ်၊ စိန့်ဂျွန်း စတဲ့ အထက်တန်းကျောင်းတွေက ကျောင်းသားတွေကလည်း သပိတ်မှောက်ကြရော၊ ဘယ်သူမှမြှောက်ပေးလို့ မဟုတ်ဘူး။ သူတို့ဆန္ဒအတိုင်း မှောက်လာကြတာ။ကူရှင်ကျောင်းသားတွေကတော့ ကောလိပ်ကျောင်းသားတွေ သပိတ် မမှောက်ခင်ကတည်းက ဘာသာရေးကိစ္စနဲ့ ပတ်သက်ပြီး သပိတ်မှောက်နေကြတယ်။ ရန်ကုန်အထက်တန်းကျောင်းသားတွေ သပိတ်မှောက်ကြတဲ့ သတင်းနဲ့အတူ တစ်နိုင်ငံလုံးက ကျောင်းသားတွေကလည်းကောလိပ်ကျောင်းသားတွေကို ထောက်ခံတဲ့ သဘောနဲ့ သပိတ်မှောက်ကြရော။
ဒီတော့ ကောလိပ်ကျောင်းသားကြီးတွေရဲ့ တာဝန်ဟာ တစ်နေ့ထက် တစ်နေ့ ပိုပြီးကြီးလာတာပေါ့။ သပိတ်စမှောက်လို့ တစ်လလောက်အကြာမှာ နိုင်ငံလုံးဆိုင်ရာ သပိတ်မှောက်ပုဂ္ဂိုလ်တွေ ရှေ့ဆောင်ပြီး အမျိုးသားကောလိပ် တည်ထောင်ကြတယ်။ အမြို့မြို့ အနယ်နယ်မှာလည်း မြို့နယ်လူထု အားပေးမှုနဲ့ ကျောင်းသားကြီးတွေက ကိုယ်ကျိုးစွန့်ကြိုးပမ်းကြတဲ့အတွက် အမျိုးသားကျောင်းတွေ ပေါ်ပေါက်ခဲ့တယ်။
နယ်ချဲ့သမားကို တိုက်ခိုက်နိုင်ရေး၊ လွတ်လပ်ရေးပြန်ရပြီး ကိုယ့်မင်းကိုယ့်ချင်းနဲ့ နေနိုင်ရေးအတွက် တစ်နိုင်ငံလုံးမှာ တက်တက်ကြွကြွ ရှိနေကြတယ်။ ဒါကြောင့် အမျိုးသားနေ့ ဆိုတဲ့ရက်တစ်ရက် ရှိသင့်တယ်လို့ ထင်မြင် ယူဆကြတယ်။ မန္တလေးမြို့မှာ ၁၂၈၃ ခု၊ သီတင်းကျွတ်လဆုတ် ၈ ရက်၊ (၁၉၂၁ ခု၊ အောက်တိုဘာလ ၂၄ ရက်)နေ့မှာ ကျင်းပနေတဲ့ နဝမမြောက်ဂျီစီဘီအေ အစည်းအဝေးကြီးမှာ ဦးဘသော်က အမျိုးသားနေ့ (နေရှင်နယ်ဒေး) သတ်မှတ်ဖို့အဆိုတင်သွင်းတာကို ဦးဘစိန်က ထောက်ခံလိုက်တယ်။ သူရိယ ဦးတုတ်ကြီးက သီပေါမင်းပါတော်မူနေ့ကို အမျိုးသားနေ့သတ်မှတ်ဖို့၊ ဧလာဦးဒွေးက ဆရာတော်ဦးဥတ္တမ မအူပင်မှာ ထောင်ကျတဲ့နေ့ကို အမျိုးသားနေ့ သတ်မှတ်ဖို့၊ ကောလိပ်ကျောင်းသားခေါင်းဆောင် (ဘဏ္ဍာရေးမှူး)ဦးမြင့်က ကောလိပ် ကျောင်းသားတွေ သပိတ်မှောက် တိုက်ပွဲဝင်တဲ့ တန်ဆောင်မုန်းလပြည့်ကျော်၁၀ ရက်နေ့ကို သတ်မှတ်ဖို့ တင်ပြတယ်။ ဒီသုံးမျိုးမှာ ဦးမြင့်အဆိုက လူငယ်တွေရဲ့ တိုက်ပွဲအောင်ပွဲ ဖြစ်တယ်ဆိုပြီး လက်ခံအတည်ပြုလိုက်ကြတယ်။
ဒီဆုံးဖြတ်ချက်ချပြီး တစ်လနဲ့ ၁၂ ရက်အကြာ ၁၂၈၃ ခု၊ တန်ဆောင်မုန်းလဆုတ် ၁၀ရက် (၅-၁၂-၂၁) နေ့မှာ ပထမအမျိုးသားနေ့ကစပြီး ကျင်းပခဲ့တာပဲ။ ဒီနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်ဟာ အမျိုးသားအောင်ပွဲနေ့ရဲ့ အနှစ် ၅၀ မြောက် ရွှေရတုသဘင်မို့ ရန်ကုန်မှာပွဲကြီး၊ လမ်းကြီး စီစဉ်နေကြတာပေါ့။ မန္တလေးမှာလည်း အမျိုးသားကျောင်းဆရာများနဲ့ကျောင်းသားဟောင်းတွေ ခေါင်းဆောင်ပြီး ကြိုးပမ်းနေကြတယ်။
တကယ့် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားပညာရေး အရေးတော်ပုံကြီးပဲ။
လူထုဦးလှ
(၂၃-၁၁-၇၀ နေ့ထုတ် ဟံသာဝတီ သတင်းစာ အချပ်ပိုမှ)
#၁၀၃နှစ်မြောက်အမျိုးသားအောင်ပွဲနေ့
#SURC #BESYA #BEHS1DKUBEAYA
⬛နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားပညာရေး
၁၉၂ဝ ပြည့်နှစ် အရေးတော်ပုံကြီး
ဝိုင်အမ်ဘီအေအသင်းတွေနဲ့ အလားတူ အသင်းတွေ ပေါင်းမိပြီး ဂျီစီဘီအေ အသင်းပေါင်းချုပ်ကြီး ဖြစ်လာတဲ့ ၁၉၁၂ ခုနှစ်လောက်က ၁၉၂ဝ ခုနှစ် အတွင်းမှာ ဗမာဝံသာနု လှုပ်ရှားမှအားကောင်းလာတယ်။ လူငယ်လူရွယ်တွေ၊ ကျောင်းသားတွေလည်း နိုင်ငံရေး နိုးကြားလာကြတယ်။
၁၉၂ဝ ခုနှစ်မှာ ဗမာပြည်ရဲ့ ဒုတိယဘုရင်ခံက ဆာရယ်ဂျီနယ်ကရက်ဒေါက်၊ ပညာမင်းကြီးက ဆာမတ်ဟန်းတားပါ။ အင်္ဂလိပ်အစိုးရက ဗမာပြည်မှာ ဘုရင်ခံ မထားသေးဘူး။ဒုတိယဘုရင်ခံနဲ့ပဲ အုပ်စိုးစေသေးတယ်။
သူတို့နှစ်ယောက်လက်ထက်မှာ ရန်ကုန်တက္ကသိုလ်ကြီး တည်ထောင်ဖို့ စီမံကြတယ်။ကာလကတ္တား တက္ကသိုလ်လက်အောက် ကောလိပ်အဖြစ်က သီးခြားတက္ကသိုလ်ကောလိပ် ဖြစ်လာမှာကို ဗမာပြည်သူ လူထုကရော၊ ကျောင်းသူ ကျောင်းသားတွေကရော ကြိုဆိုကြပါတယ်။ ဒါပေမဲ့ ဗြိတိသျှအစိုးရရဲ့ ရည်ရွယ်ချက်က ပညာတတ်တွေ သိပ်မထွန်းကားစေချင်ဘူး။
သူတို့သင်ပေးသလောက်ပဲ တတ်၊ သူတို့ခိုင်းတဲ့ အလုပ်ပဲလုပ် ဆိုတာမျိုး ဖြစ်စေချင်တယ်။ သူတို့အစီအစဉ်ဟာ ဗမာလူမျိုးရဲ့ တက်ကြွနေတဲ့အမျိုးသားစိတ်နဲ့ နည်းနည်းမှ မနီးစပ်ဘူး။
ဆာရယ်ဂျီနယ်ကရက်ဒေါက်ရော၊ ဆာမတ်ဟန်းတားရောက စိတ်ထက်သူတွေချည်းပဲ။ သူတို့လုပ်ရင် ဖြစ်ရမယ်ဆိုတဲ့ စိတ်မျိုးရှိသူတွေပေါ့။ သူတို့ဖန်တီးတဲ့ ရန်ကုန်တက္ကသိုလ်ဥပဒေမှာ -
(၁) ရန်ကုန်မြို့ကလွဲပြီး ဘယ်မြို့မှာမှ တက္ကသိုလ် မရှိစေရ။
(၂) ၁၀ တန်းအောင်ပေမယ့်တချို့ကျောင်းသားတွေ အိုင်အေ၊ အိုင်အက်စ်စီတန်းမှာ မသင်ရသေး။ ဂွ(ခွဲ)တန်းမှာ သင်ကြရဦးမယ်။
(၃) ဂုဏ်ထူးတန်းမှာ ၃ နှစ်နေပြီးမှ ဘီအေ၊ ဘီအက်စ်စီ စာမေးပွဲကို ဖြေဆိုခွင့်ပြုမယ်ဆိုတဲ့အချက်တွေ ပါတယ်။
အဲဒီအချက်တွေအပြင် ဗမာလူငယ်လူရွယ်တွေ ဝိဇ္ဇာပညာရပ်များဘက်မှာ အနောက်နိုင်ငံများက လူငယ်တွေ ပညာရသလို ရဖို့၊ သိပ္ပံပညာဘက်မှာ အနောက်နိုင်ငံက လူငယ်တွေတကယ် တတ်မြောက်ကြသလို တတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုး၊ စေတနာမျိုး မထားဘူးဆိုတာသိကြပြီး ဖြစ်တာကြောင့်သတင်းစာတွေကနေပြီး တက္ကသိုလ်ဥပဒေကို ကန့်ကွက်ရေးသားကြတယ်။ နိုင်ငံလုံးဆိုင်ရာအစည်းအဝေးကြီးတွေကလည်း ကန့်ကွက်ကြတယ်။
ပြည်သူ့ဆန္ဒကို ဂရုစိုက်သေးတဲ့ခေတ်အခါ မဟုတ်တဲ့အတွက် ဗြိတိသျှ အစိုးရအာဏာပိုင်တွေက ဘာမှ ဂရုမစိုက်ဘူး။ သူတို့အစီအစဉ်အတိုင်း ဥပဒေကို အတည်ပြုပြီး လုပ်စရာ အစီအစဉ်တွေ ဆက်လုပ်တယ်။ လူကြီးပိုင်းက တားလို့မရ၊ ကျောင်းသားတွေကိုယ်တိုင် ဒီတက္ကသိုလ်ဥပဒေကို တားမှ ရလိမ့်မယ်လို့ လူကြီးများက ပြောကြ၊ သတင်းစာတွေထဲမှာ ရေးသူက ရေးကြဖြစ်လာတော့ နိုင်ငံရေးနိုးကြားပြီး နယ်ချဲ့ဆန့်ကျင်ရေးစိတ် ပြင်းထန်နေတဲ့ကျောင်းသားများအနေနဲ့ ဒီကိစ္စကို လေးလေးနက်နက် စဉ်းစားကြတော့တာပေါ့။
တစ်နေ့မှာ ကောလိပ်ကျောင်းသားကြီးတစ်စုရွှေတိဂုံဘုရားပေါ်မှာ အစည်းအဝေးတစ်ခုလုပ်ကြတယ်။ ကိစ္စကတော့ တက္ကသိုလ်ဥပဒေကို ဆန့်ကျင်ဖို့၊ သပိတ်မှောက်ဖို့ပဲ။ အဲဒီအစည်းအဝေးက ရန်ကုန်ကောလိပ်နဲ့ ဂျပ်ဆင် ကောလိပ်ကျောင်းသားတွေ အားလုံးပါတဲ့ အစည်းအဝေးကြီးခေါ် ဖို့ဆုံးဖြတ်ကြတယ်။ ဒီဆုံးဖြတ်ချက်အတိုင်း ဗဟန်း ဘုန်းကြီးကျောင်းတိုက် တစ်တိုက်မှာအစည်းအဝေးကြီးခေါ်ပြီး ကျေကျေလည်လည် အပြန်အလှန် ဆွေးနွေးကြတယ်။ အဲဒီ အစည်းအဝေးကြီးက သပိတ်လက်နက်နဲ့ တက္ကသိုလ်ဥပဒေကို တိုက်ဖျက်ဖို့ အားလုံးသဘောတူ ဆုံးဖြတ်ကြတယ်။
သပိတ်မှောက်ဖို့ သဘောတူကြပေမယ့် အယူအဆနှစ်မျိုး ဖြစ်နေတယ်။
သပိတ်အရင်မှောက်မယ်၊ သပိတ်မှောက်ရင်း အရေးဆိုမယ်။
လိုတဲ့အချက်တွေ အရင်တောင်းမယ်။ မရမှသပိတ်မှောက်မယ်ရယ်လို့ ဖြစ်တယ်။ ပထမ အယူအဆကိုခေါင်းဆောင် တင်ပြသူကတော့နောင်တော့ ပြည်မြို့ အမျိုးသား ကျောင်းအုပ်ကြီးဖြစ်လာတဲ့ ဦးဘဦးပါ။ ဒုတိယအယူအဆကိုခေါင်းဆောင် တင်ပြသူကတော့ အမျိုးသားပညာဝန်ဖြစ်လာတဲ့ ဦးဖိုးကျားပါ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးက ဘာကြောင့် အရင်မှောက်သင့်တယ်၊ ဘာကြောင့်အရေးဆိုလို့ မရမှ မှောက်သင့်တယ်ဆိုတဲ့ အကြောင်းပြချက်တွေကို အကြိတ်အနယ် တင်ပြကြတယ်။ ဘယ်ဘက်ကမှ မလျှော့ကြဘူး။ နောက်ဆုံး မဲဆန္ဒယူပြီး ဆုံးဖြတ်ကြတဲ့အခါ ဦးဘဦးဘက်က မဲနည်းနည်းအသာနဲ့ နိုင်သွားတယ်။ ဂျပ်ဆင်ကောလိပ် တတိယနှစ်မှာ ပညာသင်နေတဲ့ဦးဖိုးကျားဟာ အင်မတန်စကားပြောကောင်းသူဖြစ်တယ်။ “ရွှေခါချဉ်မာန်ကြီး တောင်ကြီး ဖြိုမယ့်ကြံ ခါးကမသန်” ဆိုတဲ့ စကားပုံကို သုံးပြီး ရှုံးရပုံကို ပြောတာနဲ့ ပတ်သက်ပြီး အဲဒီမြင်ကွင်းကိုမီလိုက်သူများက ဒီကနေ့အထိ ပြောကြတုန်းပါ။
ဒီလို ကိုယ့်ဆန္ဒအတိုင်း မဟုတ်တဲ့ ဆုံးဖြတ်ချက်က အနိုင်ရသွားပေမယ့် ဦးဖိုးကျားနဲ့ဦးဖိုးကျားအဆိုကို ဆန္ဒပေးသူတွေက တစ်မျိုးတစ်မည် မလုပ်ပါဘူး။ အများဆုံးဖြတ်ချက်အတိုင်းလိုက်နာကြတယ်။
၁၂၈၂ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (၁၉၂၀၊ ဒီဇင်ဘာလ ၅ ရက်)တနင်္ဂနွေနေ့မှာ ကောလိပ်ကျောင်းသားတွေ သပိတ်မှောက်ပြီး ဗဟန်း ကြားတောရကျောင်းတိုက်မှာစုဝေးကြတယ်။ ကျောင်းသားတွေ စုံလို့ စည်းဝေးကြတဲ့အခါ ဦးဘဦးက မိန့်ခွန်း တော်တော်ရှည်ရှည် ပြောတယ်။
မဲအနည်းငယ်သာကျန်တော့သည်။
စာပေအားယူ ဝန်းရံကူ ရန်ပုံငွေမဲကို စတင်ရောင်းချပြီး 1ပါတ်အကြာ ယနေ့မှာတော့ မဲအနည်းငယ်သာ ကျန်ပါတော့တယ်ခင်ဗျာ။
https://t.me/BEHS1BESYA2022DaikU/49
မနက်ဖြန်ဆိုရင်ပဲ မဲရောင်းကုန်တော့မှာပါ။ကျနော်တို့အခုတစ်ခေါက် ရန်ပုံငွေမဲပရောဂျက်ကို တော်လှန်ရေးကာလမှာပင်ပန်းနေပြီဖြစ်တဲ့ ထောက်ပို့ပြည်သူများအတွက် လှူဖို့သက်သက် မဲဝယ်လိုက်တာမျိုးထက် မဲပစ္စည်းလေးကိုလည်း သဘောကျတဲ့စိတ်နဲ့ ဝယ်နိုင်ဖို့ ကြိုးစားထားပါတယ်ခင်ဗျ။ စာအုပ်သမားမဟုတ်ဘူးဆိုရင်တောင် ခုစာအုပ်တွေကို လိုချင်ကြမှာပါ။ မကြားဖူးတဲ့သူမရှိတဲ့ စာအုပ်တွေပါ။လုံးဝစာမဖတ်တဲ့သူဆိုရင်တော့လည်း ရောင်းလိုက်ပေါ့ဗျာ၊ ဈေးအတော်တော်ရမှာပါ။ ကျနော်တို့က မဟုတ်လဲဘဲ လှူကို လှူမဲ့သူကို စိတ်ဝင်စားစရာ မကောင်းတဲ့မဲရောင်းရတာမျိုးထက် ဝယ်သူမဲ့သူတွေအတွက် ပရဟိတလည်းဖြစ် အတ္တဟိတလည်ဖြစ်မဲ့ ကောင်းမွန်တဲ့စာအုပ်မဲလေးတွေ ရောင်းချင်တာပါ။ဒီလိုစီစဉ်ထားရတာက နိုင်ငံအတွက်၊ ပြည်သူ့အတွက်၊ အနာဂတ်ဆိုတာ အတွက်ပဲ အားသွန်ခွန်စိုက်ဆောင်ရွက်နေကြတဲ့ ပြည်သူတွေအနေနဲ့ ကိုယ့်အတွက်ကော၊ နိုင်ငံအတွက်ပါအကျိုးရှိမဲ့ မဲမျိုးဆိုရင် အနည်းငယ်ဖြစ်ဖြစ် လက်ပန်းကျသက်သာမယ်လို့ တွက်ဆမိလို့ပါ။ ဒါကြောင့် လက်ကျန်မဲလေးတွေကို ဝယ်ရင်ရင်း တော်လှန်ရေးမှာ တစ်တပ်တစ်အားပါပေးကြဉီးခင်ဗျ။
မဲကို Facebook page, Telegram Channel နဲ့ အကလ ရဲဘော်များဆီမှ ဝယ်ယူနိုင်ပါတယ်။ ယခုပိုစ့်ကို ရှဲပေးတာ၊ ကောမန့်မန့်ပေးတာဟာလည်း ကျနော်တို့အတွက် အားတစ်ရပ်ဖြစ်စေတာမို့ ကူညီပေးကြပါဉီးခင်ဗျား။ ကိုယ့်သူငယ်ချင်းတွေ၊ အနီးမှာရှိတဲ့စာဖတ်သမားတွေကိုလည်း ဒီမဲလေးကိုညွှန်းပေးပြီး တော်လှန်ရေးမှာ အင်အားတစ်ရပ်အဖြစ် ပါဝင်ပေးကြဖို့ ပန်ကြားအပ်တယ်ဗျာ။
မဲဝယ်ရန်
@laminngl48
@tthztt
မင်္ဂလာပါဗျ။ ကျနော်တို့ယခုလုပ်နေတဲ့ ရန်ပုံငွေစာအုပ်မဲလေးထဲက စာအုပ်တွေကို ပြောပြမလို့ပါ။ ဒီတစ်ခေါက် မဲကို အရင်ကနဲ့ မတူအောင် ဂရုတစိုက်စီစဉ်ထားတာပါ။ မဲပစ္စည်းက အဓိကမဟုတ်ဘူး၊ လှူ
ဖြစ်ဖို့က အဓိကဆိုပေမယ့် မဲပစ္စည်းတွေကပါ ကိုယ့်ကိုဆွဲဆောင်နေမယ်ဆိုရင်တော့ ဒီမဲကိုဝယ်ရတဲ့ထောက်ပို့ပြည်သူတွအဖို့ ကုသိုလ်လည်းရ ဝမ်းလည်'ဝ' ဖြစ်စေမှာပါ။ ဒါကြောင့်ပဲ သက်သက်သာသာ မဲလေးနဲ့ စာအုပ်တွေအများကြီးရယူနိုင်မဲ့ မဲမျိုးကိုစီစဉ်ခဲ့တာပါဗျ။ဆရာတက္ကသိုလ်ဘုန်းနိုင်၊ မ ငါးလုံး +သူမ၊ ဆရာခက်ဇော်၊ အမျိုးအစားအစုံဆိုပြီး Set Option 4ခုပါရှိရာမှာ မဲပေါက်တဲ့ကံထူးရှင်အနေနဲ့ နှစ်သက်ရာ Setတစ်ခုကို ရွေးချယ်နိုင်မှာပါ။ ကိုယ်ရွေးထားတဲ့setထဲမှာပါတဲ့ စာအုပ်တွေအကုန်လုံးကို တစ်ပွေ့တစ်ပိုက်ကြီး ရမှာပါ။
စာအုပ်တွေကတော့
Set Option 2မှာတော့ မ ငါးလုံးလို့နာမည်ကျော်ပြီး
မြန်မာ့စာပေမှာ ထင်ရှားလှတဲ့စာရေးဆရာကြီး5ဉီးရဲ့ မေ၊ မီ ၊မြိုင် ၊မမ ၊ မွှေး စာအုပ်ငါးအုပ်အပြင် ဆရာမကြီးဂျာနယ်ကျော်မမလေးရဲ့ "သူမ "စာအုပ်တွေပါဝင်ပါတယ်။မ ငါးလုံး+သူမ ပေါ့။ စာအုပ်သမား တော်တော်များများကလည်း တစ်အုပ်ချင်းစီ နာမည်ကျော်တဲ့ မ ငါးလုံး ငါးအုပ်ကို စုံအောင်ဖတ်ကြည့်ချင်တဲ့ အာသီသရှိမှာ အမှန်ပါပဲ။ သူမ စာအုပ်ကလည်း ဂျာနယ်ကျော်မမလေးရဲ့ mesterpiece ဖြစ်ပါတယ်။
Set 3, ဆရာဘုန်းနိုင်Optionမှာတော့ ဆရာရဲ့ နာမည်အကြီးဆုံး mesterpiece လက်ရာ ၄အုပ်နဲ့ လွမ်းတေးကိုသူပင်သီရော့မည် (ဆရာဘုန်းနိုင်အမှတ်တရအဖြစ်စာရေးဆရာများ စုစည်းထုတ်ဝေသောစာအုပ်) တို့ပါဝင်မှာပါ။ mesterpiece 4အုပ်ကတော့စာပေလောကမှာမကြာဖူးသူမရှိကြတဲ့ သူငယ်ချင်းလိုပဲ ဆက်၍ခေါ်မည်ခိုင်၊ အကြိမ်ကြိမ်ပြန်ထုတ်ဝေခဲ့ရတဲ့အပြင် ရိုက်ရှင်ရိုက်ကူးရာမှာပါ အကယ်ဒမီရခဲ့တဲ့ မိုးညအိပ်မက်မြူ၊စစ်ကြီးကိုနောက်ခံထားရေးထားတဲ့ ဆရာဘုန်းနိုင်ပရိတ်သတ်တွေရဲ့ သည်းခြေကြိုက် "တပြည်သူမရွှေထား"၊ ဆရာအလွမ်းအဆွေးစာအုပ်တွေထဲမှ လူသိအများဆုံး မောင့်ဘဝညအလားကွယ်၊ မလွမ်းတေးမဆုံးစေနဲ့စောသခင် တို့ပါ ။ ဘုန်းနိုင်ဖန်ဘွိုင်း၊ဖန်ဂဲလ်တွေဝယ်သိမ်းထားဖို့ အာသီသပြင်းပြလှတဲ့စာအုပ်အစုလိုက်ကို တစ်ခါတည်းနဲ့ ရလိုက်မှာဖြစ်ပါတယ်။
Option 4ဖြစ်တဲ့ဆရာခက်ဇော် Set Option မှာဆို မြန်မာနိုင်ငံမှာရောင်းအားအကောင်းဆုံး စံချိန်တင်ထားတဲ့The Guys Series နှစ်အုပ်(The Guys From Yangon and The Guys Form Mandalay)နဲ့ AVA Series သုံးအုပ်ကို အားရပါးရဖတ်နိုင်မှာပါ။ The Guys series နှစ်အုပ်ကတော့ ၁၉၃၀ နဲ့၁၉၅၀က နာမည်ကျော် လမ်းမတော်ဖိုးတုတ်နဲ့ စိန်းဓားမြှောင်တို့ရဲ့ဖြစ်ရပ်မှန်ကို ကျောရိုးယူရေးထားတာဖြစ်ပြီး The AVAကတော့အင်းဝခေတ်ပြိုပျက်တဲ့အချိန်နဲ့ အလောင်းဘုရား နိုင်ငံသစ်တည်တာကို ကျောရိုးယူထားတာပါ။အခုလို စီးရီးလိုက်ဝယ်ဖတ်ဖို့ ဈေးအဆမတန်မြောက်နေတဲ့ကာလမှာတော့ တကယ့်ရွှေပါပဲ။
ဒီလို အစုံလိုက်၊ အတွဲလိုက် မကြိုက်ဘူးဆိုတဲ့သူတွေအနေနဲ့လည်း လက်ရှိကာလမှာ အရောင်းသွက်ဆုံးဖြစ်နေပြီး စာဖတ်သမားအများအပြား နှစ်ခြိုက်လှတဲ့ နောက်ဆုံးထွက်စာအုပ်တွေ ပါဝင်တဲ့ Set Option 1ကို ရွေးနိုင်ပါသေးတယ်။
ဆရာကျော်အောင်ရဲ့ နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း(ဝတ္ထုရှည်)၊ ပျောက်ဆုံးကမ္ဘာ ရပ်စောက်မင်းသမီး စဝ်နွမ်းဉီး(သမိုင်း)၊ ရေးဟန်ထူးခြားတဲ့ ဆရာပါပီယွန်ရဲ့မက္ကဇင်းပါပီရဲ့ ထရော်မာများ(ရသ)၊ ဆရာမ မွန်ဟော်စီရဲ့ Love ,Life and Power ၊နံနက်ခင်းမှာသီချင်းတွေ မရှိတော့ရင်(ကဗျာ) ၊စာဖတ်တဲ့မင်းလူဖတ်တဲ့ (သုတ)စာအုပ်တို့ ပါဝင်ပါတယ်။ အမျိုးအစားအစုံအလင်မို့ ဖတ်ရတာ တကယ်နှစ်ခြိုက်အားရစရာပါပဲ။ (မဖတ်ချင်လဲ ရောင်းစားပေါ့ဗျာ၊ဈေးအတော်ရမှာပါ)
တစ်မဲကို ၂၅၀၀ကျပ်ဖြင့် ထောက်ပို့နိုင်ပြီး မဲ၂၀၀ခန့်သာ ရောင်းသွားမှာပါ။ မဲဝယ်ယူထောက်ပို့သူများရဲ့ ပေါက်နိုင်ခြေ %ကိုအာမခံမှုရှိစေတဲ့အနေနဲ့ မဲ၂၀၀ကုန်သွားတာနဲ့ တစ်မဲတောင် အပိုထပ်ရောင်းမှာမဟုတ်ပါဘူး။ဒါကြောင့် အမြန်ဆုံးလာဝယ်ဖို့ ပန်ကြားချင်ပါတယ်ဗျ။ Facebook page, Telegram Channel နဲ့ အကလ ရဲဘော်များဆီမှ ဝယ်ယူနိုင်ပါတယ်။ ယခုပိုစ့်ကို ရှဲပေးတာ၊ ကောမန့်မန့်ပေးတာဟာလည်း ကျနော်တို့အတွက် အားတစ်ရပ်ဖြစ်စေတာမို့ ကူညီပေးကြပါဉီးခင်ဗျား။ ကိုယ့်သူငယ်ချင်းတွေ၊ အနီးမှာရှိတဲ့စာဖတ်သမားတွေကိုလည်း ဒီမဲလေးကိုညွှန်းပေးပြီး တော်လှန်ရေးမှာ အင်အားတစ်ရပ်အဖြစ် ပါဝင်ပေးကြဖို့ ပန်ကြားအပ်တယ်ဗျာ။
မင်္ဂလာပါဗျာ။ကျနော်တို့ အင်မတန် နှစ်ခြိုက်ဖွယ်မဲပစ္စည်းတွေပါဝင်တဲ့ "စာပေအားယူ ဝန်းရံကူ" ရန်ပုံငွေမဲပရောဂျက်နဲ့အတူ ပြန်လာပါပြီခင်ဗျာ။ယခုတခါ မဲပရောဂျက်မှာပါဝင်ခြင်းဖြင့် တော်လှန်ရေးမှာ တစ်တပ်တစ်အားပါဝင်နိုင်ရုံမက စာအုပ်သမားတွေအတွက် နှစ်ခြိုက်ဖွယ် မဲတစ်စောင်ကိုလည်း ရရှိမှာပါ။ တစ်မဲ ၂၅၀၀ သာကျသင့်မှာဖြစ်ပြီး အကောင်းဆုံး၊နာမည်အကြီးဆုံးဆိုတဲ့ စာအုပ်တွေထဲက မိမိနှစ်သက်တဲ့စာအုပ်တွေကို တစ်ပွေ့တစ်ပိုက်ကြီး ပိုက်ယူနိုင်မှာဖြစ်ပါတယ်။
ယနေ့ကနေ ဒီဇင်ဘာ ....ရက်ထိ တစ်မဲ ၂၅၀၀နဲ့ မဲ ၂၀၀မျှသာရောင်းချသွားမှာပါဗျ။ မဲပေါက်တဲ့ တော်လှန်ပြည်သူအနေနဲ့Set Option 4ခုထဲက နှစ်သက်ရာ Optionကိုရွေးယူနိုင်မှာဖြစ်ပြီး ရွေးချယ်ထားတဲ့Set ထဲမှာပါတဲ့ စာအုပ်တွေအကုန်လုံးကို ရမှာဖြစ်ပါတယ်။ Set Option တစ်ခုစီတိုင်းဟာ စာပေလောကမှာ မသိသူမရှိ နာမည်ကြီးစာအုပ်တွေဖြစ်တဲ့အပြင် "နှစ်အုပ်မရှိနိုင်ဘူး"၊ "မသေခင်ဖတ်သင့်တဲ့စာအုပ်" စသဖြင့်ကင်ပွန်းတပ်ခြင်း ခံထားရတဲ့ ကောင်းပေ့ ညွှန့်ပေ့ဆိုတဲ့ စာအုပ်တွေ ၅အုပ်ကနေ ၆အုပ်ထိ ပါဝင်ပါတယ်။
Option 1 -လက်ရှိကာလမှာ နာမည်ကြီးနေပြီး စာဖတ်သူများကြား အရောင်းသွက်ဆုံးဖြစ်နေတဲ့ နောက်ဆုံးထွက်စာအုပ်များ
Option 2 - "မ " ငါးလုံးလို့နာမည်ကြီးတဲ့ဘထိပ်တန်းဆရာ ၊ဆရာမကြီးများရဲ့ "မေ" ၊"မီ၊ မြိုင်၊ မမ၊ မွှေး နဲ့ 'သူမ' ။
Option 3 -ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ mesterpieceလက်ရာများ
Option 4 - ဆရာခက်ဇော်ရဲ့
မြန်မာနိုင်ငံရောင်းအားအကောင်းဆုံးစာချိန်တင်ထားသော The Guys series နဲ့ AVA series သုံးအုပ်
Option တစ်ခုချင်းစီကို ထွေထူးမိတ်ဆက်မနေတော့ပါဘူး၊ အကုန်သိပြီးသား နှစ်သက်ပြီးသား စာပေလောကရဲ့ နာမည်ကြီး ထိပ်ခေါင်တွေပါပဲ။
ပုံတွေကိုသာ ဝင်ကြည့်လိုက်ကြပါ။
ထောက်ပို့ပြည်သူတွေဟာ အမြဲတမ်း မဲပစ္စည်းကို မကြည့်ဘဲ တော်လှန်ရေးအကျိုး၊အများအကျိုးကိုရှေ့ရှုလျှင် လေးစားဖွယ်" ပရဟိတ" စိတ်နဲ့မဲဝယ်ကြတာပါ။မည်သူမဆို အများအကျိုးကိုကြည့် ဆောင်ရွက်ရတဲ့အခါ ပင်ပန်းလာကြမှာပါ။ သုံးနှစ်ဆိုတဲ့ ကာလရောက်လာတဲ့အခါမှာ ပြည်သူတွေ လက်ပန်းကျလာပြီကို နားလည်ပါတယ်။သို့ပေသိ ယခုအချိန်ဟာလည်း နိုင်ငံအနာဂတ်ကို ဆုံးဖြတ်ပေးမဲ့အချိန်ဖြစ်တာမို့ အများအကျိုးကို မကြည့်တဲ့သူဟာ အင်မတန်စက်ဆုပ်ဖွယ်သူတစ်ေယာက် ဖြစ်သွားမှာပါ။ဒါကြောင့်အခုလို အများအကျိုးကိုသယ်ပိုးရင် မိမိအာသီသကို ဖြည့်နိုင်မဲ့ မဲပရောဂျက်ကို စီစဉ်ရခြင်းဖြစ်ပါတယ်။အတ္တနဲ့ ပရ မျှမှသာ ရေရှည်တော်လှန်နိုင်မှာပါ။ မိမိတို့ရဲ့ လိုချင်အာသီသပြင်းပြလှတဲ့ စာအုပ်တွေပါဝင်တဲ့ မဲတစ်မဲကိုဝယ်ယူရင်း တော်လှန်ရေးကို ကူနိုင်မယ်ဆိုတဲ့ "ပရဟိတ " ၊ "အတ္တဟိတ" ရောနှောသောစိတ်ရှိမယ်ဆိုရင်ဖြင့် မဲဝယ်ရပိုမိုနှစ်ခြိုက်ကြမှာပါ။ အရင်ကလို ၂၅၀ ,၃၀၀, ၅၀၀ စသဖြင့် မဲတွေအများကြီး ရောင်းသွားမှာ မဟုတ်ပါဘူး၊ မဲဝယ်ရင်း ထောက်ပို့သူများအတွက် ပိုမိုအဆင်ပြေအောင် မဲ ၂၀၀မျှသာရောင်းသွားမှာပါ။ တော်လှန်ရေးအကျိုးကိုသာမက တော်လှန်ပြည်သူတို့ အကျိုးကိုပါ ရည်ရွယ်တာမို့ မဲ ၂၀၀ပြည့်တာနဲ့ ဘယ်လောက်လာဝယ်ဝယ် တစ်မဲလေးတောင် အပိုထပ်မရောင်းပါဘူးဗျ။ဒါကြောင့် အမြန်ဆုံးလာဝယ်ဖို့ ပန်ကြားအပ်ပါတယ်ခင်ဗျာ။ ရရှိသမျှရံပုံငွေများကို တစ်ပြားတစ်ချပ်အလေအလွင့်မရှိစေဘဲ မြေပြင်ကို စီးဆင်းစေပြီး မှတ်တမ်းများကို ပြန်လည်ချပြသွားမှာပါ။
တစ်မဲ -၂၅၀၀ ၊ မဲ ၂၀၀ပါပဲ။အိပ်မက်ထဲက စာအုပ်တွေ တစ်ပွေ့တစ်ပိုက်ကြီးပါ။ K pay ,Wave pay, NUG pay, SDB တို့နဲ့ ထောက်ပို့နိုင်ပါတယ်။
မဲတွေကိုတော့ အကလဒိုက်ဉီးfacebook page နဲ့ အကလရဲဘော်များစီမှာ ဝယ်ယူနိုင်ပါတယ်။ထောက်ပို့လုပ်နေကျမဟုတ်တဲ့ မိတ်ဆွေကိုပါ ဆွဲခေါ်ပေးကြပါဉီး၊ လက်တို့ပေးကြပါဉီး။ ကျေးဇူးပါခင်ဗျာ။
၀ယ်ယူနိုင်ရန် -
@laminngl48
@tthztt
အ.ထ.က (၁)ဒိုက်ဉီးမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)မှ ကျောင်းသားရဲေဘာ်များ နဲ့ NwayOo Revolutionary High School မှ ကျောင်းသားများရဲ့ Teen Radio Show တို့ လက်တွဲ၍ ထုတ်လွှင့်သော "စာအုပ်ထဲက ရတနာ"အသံလွှင့်အစီအစဉ်၏ ပထမအပါတ်မှာတော့ ဆရာမဂျာနယ်ကျော်မမလေး၏ "မေ့အိပ်မက်" ဝတ္ထုထဲမှ ရသများ၊အတွေးအမြင်များကို ရှုထောင့်တစ်ခုမှ ပြန်လည်တင်ဆက်သွားမှာဖြစ်ပါ။
ရေးသားသူ- ရဲဘော်စုမေရီအောင်
အသံရှင် - ရဲဘော်ဆုဧကရီ
Video creation - ရဲဘော်ထက်မြတ်အောင်၊ရဲဘော်သူရထွန်း
အ.ထ.က (၁) ဒိုက်ဉီးမြို့နယ် (အကလ)သည် ကျောင်းသားထုအင်အားဖြင့် ပြည်သူလူထုနှင့်အတူ အာဏာရှင်စနစ်ကို အမြစ်ဖြတ်၍ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်သစ်ကို တည်ထောင်နိုင်ရေးအတွက် တိုက်ပွဲဝင်လျက်ရှိပါတယ်။ဒီလိုကြိုးပမ်းရာမှာ နိုင်ငံရေးလှုပ်ရှားမှုများသာမက ကျောင်းသားလူငယ်တို့၏ အရည်အသွေးကိုမြှင့်တင်ပေးသည့် ပညာရေးလုပ်ရှားမှုများနှင့် စာပေရေးရာလှုပ်ရှားမှုများသည်လည်း အရေးပါသည်ဟု ခံယူထားတယ်။
ဒါကြောင့် ကြားကာလပညာသင်ကျောင်းတစ်ခုဖြစ်သည့် NwayOo Revolutionary High School မှ ကျောင်းသားကျောင်းသူများ၏ Teen Radio Show နှင့်လက်တွဲ၍ အသံလွှင့်အစီအစဉ်တစ်ခုကို ဖော်ဆောင်လိုက်ပြီ ဖြစ်ပါတယ်။
ကြားကာလပညာသင်ကျောင်းမှ
ကျောင်းသားများနှင့် CDMသပိတ်မှောက်ကျောင်းသားများသာမက ကျောင်းသားလူငယ်ထုတစ်ရပ်လုံးထံသို့
-နိုင်ငံသစ်တည်ဆောက်ရာတွင် စာပေအခန်းဏ္ဍသည်အရေးကြီးသည်ဖြစ်ရာ မျိုးဆက်သစ်များဖြစ်သည့်ကျောင်းသားထုစာပေနှင့် ထိတွေမှုအားကောင်းလာရန်
-စာပေထဲမှ တော်လှန်ရေး၊လူမှုရေး အသိပညာများ အတွေးအမြင်များကို ကျောင်းသားလူငယ်များဆီသို့ မျှဝေပေးနိုင်ရန်
ရည်ရွယ်ချက်တို့ဖြင့်NORHS ကျောင်းသား/သူတို့၏ Teen Radio Show ၊ ကျနော်တို့၏ပြန်ကြားရေးချန်နယ်များဖြစ်သော Facebook page, Telegram Channel တို့မှ အပါတ်စဉ် လွှင့်တင်သွားမှာပါခင်ဗျာ။
