en
Feedback
အ.ထ.က(၁) ဒိုက်ဉီးမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)

အ.ထ.က(၁) ဒိုက်ဉီးမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)

Open in Telegram

အ.ထ.က(၁) ဒိုက်ဉီးမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)၏ တရားဝင်ပြန်ကြားရေးချန်နယ်ဖြစ်ပါသည်။

Show more
352
Subscribers
No data24 hours
-17 days
+230 days
Posts Archive
"လူသားချင်းစာနာထောက်ထားမှုအကူညီပေးရေးအ‌ခြေခံသင်တန်း"အား ၂၀၂၄ခုနှစ်၊ ၁လပိုင်း၊ ၂၀ရက်နှင့် ၂၁ရက်များတွင် 3:00pmမှ စတင်ကျင်းပသွာ
"လူသားချင်းစာနာထောက်ထားမှုအကူညီပေးရေးအ‌ခြေခံသင်တန်း"အား ၂၀၂၄ခုနှစ်၊ ၁လပိုင်း၊ ၂၀ရက်နှင့် ၂၁ရက်များတွင် 3:00pmမှ စတင်ကျင်းပသွားမည်ဖြစ်ပါသည်။ လူဦးရေကန့်သတ်ထားခြင်းမရှိသည့်အတွက် စိတ်ပါဝင်စား၍ တက်ရောက်လိုသူများအတွက် ညနေသုံးနာရီတွင် zoom linkမှတဆင့် ဝင်ရောက်နိုင်ပါတယ်ခင်ဗျား။ https://us06web.zoom.us/j/81089793707?pwd=BQ22qmYdDNszKvOT08nTpqsNKhOBCn.1

၂၇၆၃ခုနှစ်ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ယနေ့ ခရစ်နှစ် ၁၁ရက်၊ ၁ လ၊၂၀၂၄သည် ၂၇၆၃နှစ်မြောက်ကရင်အမျိုးသားနှစ်သစ်ကူးနေ့ဖြစ်ပါသည်ခင်ဗျာ။ မိမိကံကြမ္မာမိမိဖန်တီးခွင့်နှင့် တရားမျှတမှုအတွက် မလျော့သောဇွဲ့လုံ့လတို့ဖြင့် နှစ်ပေါင်း၇၀ကျော် တိုက်ပွဲဝင်လာသော ကရင့်တော်လှန်ရေးသည်လည်း ယခုအခါအရှိန်အဟုနအမြင့်ဆုံး အချိန်ကိုရောက်ရှိလာပြီဖြစ်ပါသည်။ပြည်ထောင်စုတစ်ဝှမ်း လူမျိုးစုံတို့သည် ယခုအခါကရင်လူမျိုးတို့၏ တော်လှန်ရေးအား စာနာနားလည်၍ ထောက်ခံအားပေးလာကြပြီဖြစ်ပါသည်။ မကြာမီကာလတွင် လူမျိုးစုံ၊ ပြည်ထောင်စုံတို့၏ လွတ်မြောက်ရေးတိုက်ပွဲနှင့်အတူ ကရင့်တော်လှန်ရေးသည်လည်း အောက်ပွဲခံနိုင်တောမည်ဟု ယုံကြည်ပါသည်။ ကရင်အမျိုးသားများ၏၂၇၆၃ခုနှစ်တွင် အထွေထွေအကျပ်အတည်းများနှင့် စစ်အာဏာရှင်၏ ယုတ်မာရက်စက်မှုဒဏ်များချုပ်ငြိမ်း၍ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရန် ဆုမွန်ကောင်းတောင်းလိုက်ပါသည်။ ကရင်အမျိုးသားတို့၏ယဉ်‌‌ကျေးမှုနှင့်တကွ ကရင်စာ၊ ကရင်စကား တိုးတက်ထွန်းကားလာပါစေ။ ကရင့်တော်လှန်ရေး အောင်ပွဲဆင်နိုင်ပါစေ။

Tr.Hninn အတန်းမှူး is inviting you to a scheduled Zoom meeting. Topic: လွတ်လပ်ပြီးခေတ်နောက်ပိုင်း ဘာတွေဘယ်လိုဆက်ဖြစ်နေကြသလဲ T
Tr.Hninn အတန်းမှူး is inviting you to a scheduled Zoom meeting. Topic: လွတ်လပ်ပြီးခေတ်နောက်ပိုင်း ဘာတွေဘယ်လိုဆက်ဖြစ်နေကြသလဲ Time: Jan 4, 2024 06:00 PM Bangkok Join Zoom Meeting https://us02web.zoom.us/j/89266450704?pwd=M08zMmt2dFhwdjQ0bkMwTHNHbm9IQT09 Meeting ID: 892 6645 0704 Passcode: 486344

ထို့ကြောင့် ၂၀၂၄ခုနှစ်တွင် စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်မှန်သမျှ အပြီးတိုင်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံး ညီညွတ်စွာပူးပေါင်းဆောင်ရွက်ကြမည်ဟု မျှော်လင့်ပါသည်။ သုံး နှစ်ပြည့်ခါနီးအချိန်အထိ တော်လှန်ရေးကာလကြာမြင့်နေခြင်းကြောင့် ထိခိုက်မှုများအလွန် များခဲ့ပါပြီ။ ၂၀၂၄တွင်တော့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အတူပူးပေါင်းလက်တွဲပြီး တွန်းလှန်ကြဖို့လိုအပ်ပါသည်။ထိုကြောင့် ကျွန်တော်တို့အားလုံး နှစ်သစ်တွင် နိုင်ငံတော်သစ် တည်ထောင်နိုင်ရန် အစွမ်းကုန်ကြိုးစား၍ လူထုဒုက္ခကိုအဆုံးသတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ အိပ်မက်ကို အကောင်အထည် ဖော်ကြရမည် ဖြစ်ပါသည်။ #အထက၁ဒိုက်ဦးမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး

အ.ထ.က(၁)ဒိုက်ဦးမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အ.က.လ) ကြေငြာချက်အမှတ်-၁/၂၀၂၄ ၁၃၅၈ခုနှစ်၊ (၁၊၁၊၂ဝ၂၄) "၂၀၂၄ခုနှ
အ.ထ.က(၁)ဒိုက်ဦးမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အ.က.လ) ကြေငြာချက်အမှတ်-၁/၂၀၂၄ ၁၃၅၈ခုနှစ်၊ (၁၊၁၊၂ဝ၂၄) "၂၀၂၄ခုနှစ် နိုင်ငံတကာနှစ်သစ်ကူး အထိမ်းအမှတ် သဝဏ်လွှာ" ချစ်ခင်လေးစားရပါသော စစ်အာဏာရှင်ကိုတော်လှန်နေသော ရဲဘော်ညီအစ်ကို၊ မောင်နှမများခင်ဗျာ။ ယနေ့ဟာ ခရစ်နှစ်တစ်ခုမှ တစ်ခုသို့ ကူးပြောင်းခြင်း (သို့) နှစ်သစ်သို့ရောက်ရှိခြင်းအထိမ်းမှတ်နေ့ဖြစ်ပါသည်။ ဖေဖော်ဝါရီလ၊ ၁ရက်နေ့သည် စစ်အစိုးရ၏ အာဏာမတရားလုယူမှု သုံးနှစ်တိတိပြည့်မြောက်မည့်နေ့တွင် ပြည့်ပါတော့မည်။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလက စစ်အစိုးရစတင်မွှေးခဲ့သော ပြည်တွင်းစစ်မီးတောက်ကြောင့် ခုနှစ်လုံးတွင် ပြည်သူများမှာ နေရပ်စွန့်ခွာရသည့်ဒုက္ခ၊ အသက်ဘေးအန္တရာယ်ကျရောက်ရသည့်ဒုက္ခ၊ ငတ်မွတ်ခေါင်းပါးရသည့်ဒုက္ခစသည့် ဒုက္ခပေါင်းစုံကို ခါးစည်းခံခဲ့ကြရသည်။၂၀၂၃ခုနှစ်တွင် ထိုဒုက္ခများမှ လွတ်မြောက်ရန်အတွက် တော်လှန်ရေးရဲဘော်များနှင့် ပြည်သူတစ်ရပ်လုံးမှ အသက်၊ သွေး၊ ချွေးများကိုရင်း၍တိုက်ခိုက်ခဲ့ကြသော်လည်း စစ်အစိုးရက အညံ့မခံဘဲ ဆက်လက်ယုတ်မာနေလျက်ရှိနေသည်။

ဒီဇင်ဘာ ၃၀ရက်တွင် ကျင်းပသော ‌အ.ထ.က(၁) ဒိုက်ဉီးမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) ၁နှစ်ပြည့်အထိမ်းအမှတ်ပွဲသို
+9
ဒီဇင်ဘာ ၃၀ရက်တွင် ကျင်းပသော ‌အ.ထ.က(၁) ဒိုက်ဉီးမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ) ၁နှစ်ပြည့်အထိမ်းအမှတ်ပွဲသို့ မဟာမိတ်ကျောင်းသားအဖွဲ့အစည်းအသီးသီးမှ သဝဏ်လွှာပို့ပေး ဂုဏ်ပြုခဲ့ကြပါသည်။ညီနောင်ရဲဘော်တို့ ပို့ပေးသော မေတ္တာနှင့်ဆုတောင်းမှုများသည် မိမိတို့စိတ်တွင်အစဉ်စွဲမြဲစွာရှိ‌နေမည်ဖြစ်ပြီး ကျောင်းသားထုနှင့်နိုင်ငံတော်အကျိုးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ‌ ပြောကြားလိုပါသည်။

အ.ထ.က(၁)ဒိုက်ဦးမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းရုံး(အကလ)၏ တစ်နှစ်ပြည့်အထိမ်းအမှတ် ပွဲအခမ်းအနားကို 30ရက်၊ 12လ၊ 2023ခုနှစ် ညနေ‌ 4နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ ‌အခြေခံပညာကျောင်းသားလူငယ်များအစည်းရုံး(အကလ ဗဟို)အလုပ်အမှုဆောင်အဖွဲ့ဥက္ကဌ ကိုသူရိယစန္ဒာမှ စတင်ဖွဲ့စည်းချိန်မှ ယနေ့တစ်နှစ်ပြည့်မြောက်သည်အထိ အထူးကြိုးပမ်းခဲ့ကြပုံ၊ တော်လှန်ရေးမှာ အထောက်အကူပြုခဲ့ပုံ၊ အဖွဲ့ဝင်အင်အားအနည်းငယ်နဲ့စတင်ခဲ့ပေမဲ့ အခက်အခဲများကို ကြံ့ကြံ့ခံဖြေရှင်းပြီး ယနေ့အထိကောင်းမွန်စွာရပ်တည်လာခဲ့ပုံတွေကို ချီးကျူးပြောဆိုခဲ့ပါတယ်။ဒုတိယအနေနဲ့ အ.ထ.က(၁)ဒိုက်ဉီးမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းရုံး(အကလ)ဥက္ကဌ ကိုစဝ်ခွန်နောင်မှ အမှတ်တရစကား ပြောကြားသွားခဲ့ပါတယ်။ ထို့နောက် အ.ထ.က(၁)ဒိုက်ဉီး(အကလ)၏ တစ်နှစ်တာအတွင်း ကြိုးပမ်းလုပ်ဆောင်ခဲ့တဲ့ လုပ်‌ဆောင်မှုတွေကို ကဏ္ဍလေးခုခွဲပြီး မှတ်တမ်းတင်တင်ဆက်ခဲ့ပါတယ်။ ပြီးတဲ့နောက်မှာတော့ "ကျောင်းသားထုမှသည် တော်လှန်ရေးဆီသို့"နာမည်ဖြင့်စကားဝိုင်းကို "နိုင်ငံသစ်တည်‌ဆောက်ရာမှာလူငယ်အင်အားက ဘယ်လောက်အရေးပါသလဲ။" "ကျောင်းသားတွေ တော်လှန်ရေးထဲ ဘယ်လိုပါဝင်လို့ရမလဲ။" "သမဂ္ဂနဲ့ကျောင်းသား" ဆိုတဲ့ ခေါင်းစဉ်သုံးခုနဲ့ ကျင်းပခဲ့ပါတယ်။ အခမ်းအနားသို့ ရတနာပုံဖက်ဒရယ်ကျောင်းကျောင်းသားများသမဂ္ဂ၊ ရန်ကုန်ဖက်ဒရယ်ကျောင်း ကျောင်းသားများသမဂ္ဂ၊ Interim Basic Education school Thingangyun Students' Union၊ Power of Education Students' Union၊ နွေ‌ဉီးတော်လှန်ရေးအထက်တန်းကျောင်း ကျောင်းသားများသမဂ္ဂ၊ အ.ထ.က (၂) ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)၊ Essential Education Center Student Team၊ မိုးကုတ်ဖက်ဒရယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) စသောကျောင်းသားအဖွဲ့အစည်းအသီးသီးမှ ရဲဘော်များ၊ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)မှရဲဘော်များနှင့် ကြားကာလပညာသင်ကျောင်းများတွင်တက်ရောက်သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါတယ်။ .....

1နှစ်ပြည့်အထိမ်းအမှတ်ပွဲသို့ ဖိတ်ကြားခြင်း ဒီဇင်ဘာ ၂၉ရက်နေ့မှာ ကျွန်တော်တို့ အ.ထ.က(၁) ဒိုက်ဉီးမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး ဖွဲ့စည်းတည်ထောင်ခြင်း ၁ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်ခင်ဗျာ။ ယနေ့ ၃၀ရက်နေ့ ညနေ၄နာရီမှာ 1နှစ်ပြည့်အထိမ်းအမှတ်ပွဲကိုကျင်းပသွားမှာပါ။ ပထမပိုင်းမှာ ကျွန်တော်တို့ ၁နှစ်တာတော်လှန်ရေးခရီးလမ်းမှာ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်းတွေကို တင်ပြသွားမှာဖြစ်ပြီး ဒုတိယပိုင်းမှာ တက်ရောက်လာ‌သော ဧည့်ပရိတ်သတ်တို့ လွပ်လပ်စွာ ဆွေးနွေးနိုင်မဲ့ Open Discussion Type ဖြင့် "ကျောင်းသားထုမှသည် တော်လှန်ရေးဆီသို့" ဆွေးနွေးစကားဝိုင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယခုပွဲသို့ ကျောင်းသား၊ကျောင်းသူများနှင့် မိဘပြည်သူတို့ တက်ရောက်ချီးမြှင့်ပေးကြပါရန် ဖိတ်ကြားအပ်ပါတယ်ခင်ဗျား။ အချိန်-ဒီဇင်ဘာ ၃၀ရက်၊ ညနေ ၄နာရီ Zoom link -https://us06web.zoom.us/j/86067853781?pwd=5G¢3OA34h8qJosfkEbpaJ9acD9y Meeting password - 399061

"စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် စစ်ကျွန်ပညာရေး သပိတ်မှောက်လှုပ်ရှားမှုအဖြစ် အကလ(မြေပြင်) မှ သရုပ်ပြ ဘန်နာချိတ်လှုပ်ရှားမှုပ
+2
"စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် စစ်ကျွန်ပညာရေး သပိတ်မှောက်လှုပ်ရှားမှုအဖြစ် အကလ(မြေပြင်) မှ သရုပ်ပြ ဘန်နာချိတ်လှုပ်ရှားမှုပြုလုပ်" ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၂၆ရက်၊ အကလ(မြေပြင်) နိုင်ငံတော်အား သွေးရောင်လွှမ်းစေခဲ့သော စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တိုက်ဖျက်ရေးနှင့် ၎င်းစစ်အာဏာရှင်စနစ် တည်တံ့စေရေးအတွက် အထောက်အကူပြုနေသော စစ်ကျွန်ပညာရေးစနစ်အား သပိတ်မှောက်ရေးအတွက် ရန်ကုန်မြို့ပြတနေရာတွင် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-မြေပြင်) မှ ဘန်နာချိတ် သရုပ်ပြလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ ယင်းဘန်နာချိတ် သရုပ်ပြလှုပ်ရှားမှုတွင် "သွေးစွန်းနိုင်ငံတော် သွေးစွန်းပညာရေး သွေးစွန်းကျောင်းသားများ" ဆိုသော စာကြောင်းပါဝင်လျက် သွေးစွန်းနေသော အဖြူ၊အစိမ်း ကျောင်းဝတ်စုံကို ဝတ်ဆင်ကာ သွေးစွန်းနေသော ဖတ်စာအုပ်ကို ကိုင်ထားသည့် ကျောင်းသားတစ်ဦး၏ ပုံကို သရုပ်ဖော် ပြသခဲ့သည်။ #အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး #သွေးစွန်းနိုင်ငံတော်သွေးစွန်းပညာရေးသွေးစွန်းကျောင်းသားများ #အကလ_မြေပြင် #BESYA

Webinar Zoom Link ဖြစ်ပါတယ် စဖွင့်ထားပါပြီ Sayar Htet is inviting you to a scheduled Zoom meeting. Topic: Empowering Youth through Comprehensive Sex Education Time: Dec 22, 2023 07:00 PM Asia/Yangon Join Zoom Meeting https://us02web.zoom.us/j/89769757006?pwd=bWFhK2QycTVpKzVRYWFIV2JoQWRvdz09 Meeting ID: 897 6975 7006 Passcode: 560415 --- One tap mobile +13863475053,,89769757006#,,,,*560415# US +15074734847,,89769757006#,,,,*560415# US --- Dial by your location • +1 386 347 5053 US • +1 507 473 4847 US • +1 564 217 2000 US • +1 646 931 3860 US • +1 669 444 9171 US • +1 669 900 6833 US (San Jose) • +1 689 278 1000 US • +1 719 359 4580 US • +1 929 205 6099 US (New York) • +1 253 205 0468 US • +1 253 215 8782 US (Tacoma) • +1 301 715 8592 US (Washington DC) • +1 305 224 1968 US • +1 309 205 3325 US • +1 312 626 6799 US (Chicago) • +1 346 248 7799 US (Houston) • +1 360 209 5623 US Meeting ID: 897 6975 7006 Passcode: 560415 Find your local number: https://us02web.zoom.us/u/keiLXUY5c

နိုင်ငံသူတစ်ဦး လော်ရာသည် မြန်မာနိုင်ငံသားတစ်ယောက်အတွက် မြန်မာနိုင်ငံသား စစ်သားများ၏ ကျည်ဆန်များကြားကနေ အသက်စွန့်ပြီး ပြေးလွှားနိုင်လာခဲ့သည်။ ဇာတ်သိမ်းပိုင်း မျှော် .. မီးဒုတ်စာစဉ် - အတွဲ ၂၊ အမှတ်စဉ် ၁၃မှ ထုတ်နှုတ်ဖော်ပြသည်။ စာရေးသူ - Htwin

မနက်လင်းတော့ အောင်ကိုသည် နာကျင်မှုကြောင့် ညည်းညူနေသည်။ ကိုယ်အပူရှိန်ကလည်း ပိုပိုပြင်းထန်လာသည်။ ကျုပ်သေပါရစေ မခံစားနိုင်တော့ဘူး သေခွင့်ပြုပါ ဟု ညည်းသည်။ လော်ရာက သေခွင့်မပေးနိုင်ဟု ဆိုသည်။ သို့သော်လည်း သည်အတိုင်းဆိုလျှင် အောင်ကိုသေသွားနိုင်သည်။ ထိုးကိုထိုးရမှ ဖြစ်မည်။ ကံကောင်းစွာပဲ စက်တပ်ဝါးဖောင်ကလေးက စက်ဆီဝယ်ရန် ကမ်းကပ်သည်။ စစ်သားများရှိလျှင် ကြားမည်စိုးသောကြောင့် ကရင်ဦးလေးကြီးက ဆီဆိုင်ရှင်အား တိုးတိုးကလေးအသံပေးသည်။ ဆိုင်ရှင်သည် ထွက်ပြူလာပြီး ဘေးဘီဝဲယာကြည့်သည်။ စိတ်ချသည့်အခါမှ ဆီထွက်ရောင်းသည်။ လော်ရာသည် အနားရောက်လာပြီး ဆီဆိုင်ရှင်အား ဆေးထိုးဖို့အတွက် ဆေးခန်းရှိလားဟု လက်ဟန်နှင့် မေးသည်။ ဆီဆိုင်ရှင်က ရှိကြောင်း၊ သို့သော် မသွားပါနှင့် ရွာထဲမှာ စစ်သားတွေက သေနတ်နှင့် ပစ်နေကြကြောင်း လက်ဟန်နှင့်ဖြေသည်။ စက်တပ်ဝါးဖောင်ရှင်ဦးလေးကြီးကလည်း သွားခွင့်မပေးကြောင်း ငြင်းသည်။ လော်ရာက မိနစ်သုံးဆယ်တည်းပါဟုဆိုပြီး မရမက တောင်းဆိုသည်။ သည်တော့ ကရင်ဦးလေးကြီးသည် ခဏစဉ်းစားလိုက်ပြီး မိနစ်နှစ်ဆယ်ပဲပေးမယ်၊ အဲ့ထက်ကျော်သွားလို့မှ ပြန်မလာရင် ဖောင်ထွက်မယ်ဟု လက်ဟန်ဖြင့် ဆိုသည်။ လော်ရာလည်း ကောင်းပါပြီဆိုပြီး ရွာဘက်သို့ ပြေးသည်။ ထိုစဉ် ဆန်းထူးက နောက်ကလိုက်လာပြီး ဝှက်ယူလာခဲ့သော ပစ္စတိုကို အရေးကြုံရင် သုံးဖို့ဆိုပြီး ပေးသည်။ လော်ရာလည်း သေနတ်ကို စစ်သားတွေ မြင်လျှင် အန္တရာယ်များတယ်ဆိုပြီး ငြင်းတော့ ဆန်းထူးက ခါးမှာပတ်လာသောအဝတ်စဖြင့် ပစ္စတိုကို ပတ်ပေးလိုက်သည်။ သည်တော့မှ လော်ရာလည်း လိုရမယ်ရ ယူလိုက်သည်။ လော်ရာသည် အဝတ်ဖြင့် ပတ်ထားသော ပစ္စတိုကိုကိုင်ရင်း ရွာဘက်သို့ ပြေးလေသည်။ စစ်သားတွေ မြင်လျှင် အန္တရာယ်များသောကြောင့်လည်း သတိထားပြီးပြေးသည်။ ရွာထဲတွင် လူတစ်ယောက်မျှ မတွေ့ရ။ ခွေးတစ်ကောင်ကြောင်တစ်မြီးပင်မရှိ။ ဆိတ်သားပေါက်ကလေးတစ်ကောင်သာ လျှောက်သွားနေသည်ကို တွေ့သည်။ ထိုစဉ်မှာပဲ ခပ်ဝေးဝေးတစ်နေရာတွင် စစ်သားလေးငါးယောက်က ရွာသားနှစ်ဦးနှင့် အမျိုးသမီးကို လက်ပြန်ကြိုးတုပ်ထားသည်ကို တွေ့ရသည်။ အမျိုးသမီးမှာ အင်္ကျီကြယ်သီးအပြုတ်ပြုတ်နှင့်။ ထိုစဉ်မှာပဲ ရွာသားနှစ်ဦးအား နဖူးမှာ ပြောင်းဝတေ့ပြီး ပစ်သတ်လိုက်သည်ကို တွေ့ရသည်။ လော်ရာစိတ်မကောင်းပေမယ့် သည်အတိုင်း ကြည့်နေလို့မဖြစ်။ လော်ရာ့မှာ အချိန်မရှိ။ ဆေးခန်းကို ရှာရမည်။ သည့်ကြောင့် ဟိုသည် လှည့်ပတ်ပြီး ဆေးခန်းကို ရှာသည်။ ထိုစဉ် ရွာသားတစ်ဦးအား သွေးအလိမ်းလိမ်းနှင့် သစ်ပင်ပေါ်တွင် ရက်ရက်စက်စက် ကြိုးပေးသတ်ထားသည်ကို တွေ့လိုက်ရပြန်သည်။ အို စစ်သားတွေ ဘာလို့ ဒီလောက်များ ရက်စက်ကြပါလိမ့်။ လက်နက်မရှိလို့ ဘာမျှ အန္တရာယ်မပေးနိုင်တဲ့ ရွာသားတွေမှာ ဘာအပြစ်များရှိလို့ပါလိမ့်။ သို့ပေမယ့်လည်း လော်ရာသည် ကြည့်မနေအား။ ဖြတ်ဖြတ်ပြေးရသည်။ ဆေးခန်းဟု ထင်ရသောအရာတစ်ခုတလေပင်မတွေ့။ ထိုစဉ် ကလေးမတစ်ဦး ပျဉ်ချပ်ကြားတွင် ပုန်းနေသည်ကိုတွေ့ရသဖြင့် ကြည့်လိုက်ရာ ရွာထဲကအမျိုးသမီးများစွာ ပုန်းနေသည်ကို တွေ့ရသည်။ ဆေးခန်းကဘယ်နားမှာ ရှိသလဲရှင့်၊ ကျွန်မအရေးတကြီးလိုအပ်နေလို့ ပါရှင့် လော်ရာ အင်္ဂလိပ်စကားကို သာ ပြောလိုက်ပေမယ့် ပညာတတ်ဟန်တူသော အမျိုးသမီးတစ်ယောက်က အနားကပ်လာပြီး ဟိုနားလေးကျော်လိုက်ရင် ဆေးခန်းပဲ၊ သတိထားပါရှင် ကျွန်မယောက်ျားကို သူတို့ခေါ်သွားကြပြီရှင့်ဟုပြောသည်။ ကျေးဇူးတင်ကြောင်းပြောပြီး လော်ရာပြေးသည်။ ဆေးခန်းကို တွေ့လိုက်သည်။ လော်ရာသည် သေနတ်ကိုခုတင်ပေါ်တင်ပြီး လိုအပ်သော ဆေးကို ရှာသည်။ တွေ့ပေမယ့် မှန်ဘီယိုနှင့်ပိတ်ထားသဖြင့် မှန်ကို ရိုက်ခွဲပြီး ယူလိုက်ရ သည်။ ထိုစဉ်မှာပဲ ကံဆိုးစွာပင် စစ်သားတစ်ယောက် ဝင်လာပြီး သေနတ်နှင့် ဝင်လာသည်ကို တွေ့ရသောကြောင့် လော်ရာ လက်မြှောက်လိုက်ရသည်။ စစ်သားသည် သေနတ်နှင့် ချိန်ရင်း လော်ရာ၏ကိုယ်အား ခြေဆုံးခေါင်းဆုံး ငေးကြည့်နေသည်။ လော်ရာသည် တင်နှင့်ရင်ကော ဖွံ့ထွားပြီး လုံးကြီးပေါက်လှ အမျိုးသမီး ဖြစ်သည်။ ငေးကြည့်နေသည်မှာ ဆေးလိပ်ကို ဇိမ်နှင့်ဖွာရင်း ကြည့်နေခြင်းဖြစ်သည်။ လော်ရာ့အချိန်တွေ ကုန်တော့မည်။ အမျိုးသမီးများကိုမြင်တိုင်း မုဒိမ်းကျင့်တတ်သော မြန်မာစစ်သားများ၏ စရိုက်အတိုင်း လော်ရာ့ကိုလည်း မုဒိမ်းကျင့်ဖို့ကြံသည်။ သည့်ကြောင့် လော်ရာ့ကိုယ်ကို ကြမ်းပြင်ပေါ်ဆွဲလှဲသည်။ လော်ရာသည် မတတ်နိုင်။ လက်နက်က ခုတင်ပေါ်ရောက်နေသဖြင့် ဉာဏ်ကို သုံးရသည်။ ကြမ်းပြင်မှာ မှန်ကွဲစတွေ ရှိနေသဖြင့် ကုတင်ပေါ်လုပ်သင့်ကြောင်း လက်ဟန်နှင့်ပြောသည်။ စစ်သားက ခေါင်းညိတ်သည်။ လော်ရာသည် ကုတင်ပေါ်တက်ကာ အဝတ်နှင့် ပတ်ထားသော သေနတ်ကိုယူပြီး လိင်ဆက်ဆံရန်အတွက် ဘောင်းဘီဇစ်ကို ဖြုတ်နေသော စစ်သားအားချိန်ကာ ပစ်ချလိုက်သည်။ စစ်သား၏ ဆီးခုံကို မှန်သွားသည်။ စစ်သားသည် လော်ရာ့ကိုယ်ပေါ် လဲကျသွားသည်။ လော်ရာသည် စစ်သား၏ကိုယ်အား တွန်းဖယ်လိုက်ပြီး လိုအပ်သောဆေးကိုယူကာ ပြေးထွက်သွားသည်။ စစ်သားသည် နာကျင်စွာညည်းညူလျက် ကျန်ခဲ့သည်။အပြန်တွင် စစ်ကားသုံးလေးစီးမျှ မောင်းလာသည်ကိုတွေ့ရသဖြင့် ရှောင်ကွင်းလာခဲ့ရသေးသည်။ လော်ရာပစ်လိုက်သော သေနတ်သံကြောင့် စစ်ကားများ ရောက်လာခြင်းဖြစ်ဟန်တူသည်။ နောက်ဆုံးတွင် မြန်မာပြည်ရောက် အမေရိကန်

မင်းဟန်မှောက်ရက်လဲကျသွားသည်။ ထိုသေနတ်သံ ထွက်လာသည်နှင့် တစ်ပြိုင်နက် မှာပဲ လော်ရာသည် ရထားပေါ်က ခုန်ဆင်းလိုက်ပြီဖြစ်သည်။ စစ်သားများမင်းဟန်နောက် လိုက်နေကြချိန် လော်ရာက လဲကျနေသော အောင်ကိုအား ဆွဲထူသည်။ အောင်ကိုက ခင်ဗျားပြေးပါ။ ခင်ဗျား ကျုပ်ကိုမကယ်နိုင်ပါဘူးဟု တားသော်လည်း လော်ရာသည် မရမက ဆွဲခေါ်ပြီး ကားပေါ်တင်လိုက်သည်။ အရေးထဲ ကားစက်က နှိုးမရ။ အတော်ကြာမှ နိုးသွားပြီး မောင်းပြေးသွားသည်။ လော်ရာ့ကား ပြေးသွားသည်ကို စစ်သားများက သိသဖြင့် နောက်ကနေ ကားဖြင့် လိုက်ပစ်သည်။ လော်ရာလည်း တောကြိုတောကြားထဲ အသက်စွန့်မောင်းပြေးရင်း အောင်ကို၏ ပုခုံးအောက်နားကို သေနတ်မှန်သွားသည်။ ထိုစဉ်မှာပဲ လော်ရာ့ကားသည် ရေထဲသို့ ထိုးကျသွားသည်။ ကားက ရေအောက် တဖြည်းဖြည်း နစ်မြုပ်နေသည်။ သည်အတိုင်းဆိုလျှင်နှစ်ယောက်စလုံး ရေအောက်မြုပ်ပြီး သေရမည်မှန်း သိသဖြင့် လော်ရာက ကားပေါ်က ခပ်သွက်သွက် ဆင်းကာ အောင်ကိုအား ဆွဲထုတ်ပြီး ခဲရာခဲဆစ်ဆွဲခေါ်သွားသည်။ အောင်ကိုကား ဒဏ်ရာကြောင့် မေ့မြောတော့မလို ဖြစ်နေပေပြီ။ စစ်ကားများလည်း မီလာသဖြင့် လော်ရာသည် ရေပြင်နှင့် ထိစပ်နေသော ခြုံကြိုခြုံကြားထဲသို့ အောင်တို့အား ခပ်သွက်သွက်ဆွဲခေါ်သွားသည်။ စစ်သားတစ်ယောက်က လိုက်လာသေးသဖြင့် ရေအောက်သို့အသက်အောင့်ကာ ငုံ့ပြီး ပုန်းရသည်။ စစ်သားက အချက်ပေါင်းမရေတွက်နိုင်အောင် ပစ်ခတ်သော်လည် ကံကောင်းစွာပင် လွတ်မြောက်သွားခဲ့သည်။ လော်ရာသာ သည်သို့ ခပ်သွက်သွက်မလုပ်နိုင်ခဲ့လျှင် နှစ်ယောက်စလုံး သေမည်ဖြစ်သည်။ လော်ရာသည်ကား တိုင်းတပါးမှာ သတင်းအစအနပျောက်ကွယ်ပြီး သေရမည်ဖြစ်ပေသည်။ ထိုစဉ် အောင်ကို၏ အဖြစ်က အသည်းအသန်ပင်။ လော်ရာလည်း သည်အတိုင်း ကြည့်နေလို့တော့ မဖြစ်။ တစ်ခုခုလုပ်မှဖြစ်မည်ဆိုပြီး ခြုံနွယ်ပိတ်ပေါင်းကို ရှင်းရာ ခြုံနွယ်များကြားကနေ ရွာလေးတစ်ရွာကို လှမ်းမြင်လိုက်ရသည်။ လော်ရာလည်း အောင်ကို့အား တွဲခေါ်သည်။ ကရင်အဘိုးကြီးတစ်ယောက်ကို အကူအညီ လှမ်းတောင်းသည်။ အဘိုးကြီးက လော်ရာ့စကား နားမလည်သဖြင့် ထွက်သွား ထွက်သွား စစ်သားတွေ ရောက်နေတယ်ဟု လက်ဟန်ဖြင့်ပြောသည်။ လော်ရာလည်းကမ်းစပ်ဘက်လှည့်တော့ စက်လှေတစ်စီး မောင်းပြေးသွားသည်ကို တွေ့ရသည်။ ထိုစက်လှေပေါ်တွင် အိမ်ထောင်ပရိဘောဂများ အပြည့်တင်ထားသည်ကို တွေ့ရသည်။ စစ်သားများလာသဖြင့် အိမ်ရှိ ရှိရာအကုန်တင်ပြီး ထွက်သွားဟန်တူသည်။ လော်ရာလည်း စက်လှေပေါ်ကလူအား ရှင် အင်္ဂလိပ်စကားပြောတတ်သလားဟု လှမ်းမေးသည်။ ကံကောင်းစွာပင် စက်လှေပေါ်က အမျိုးသားက အေး ဘာလဲ ဟု ဘုတောတောဆိုသည်။ "သူ အသည်းအသန်ဖြစ်နေတယ်။ ဆေးရုံခေါ်သွားမှဖြစ်မယ်။ ကျွန်မတို့ လိုက်ပါရစေ" "တော်ပါ" "ကဲ ကျွန်မ ရှင့်ကို ပိုက်ဆံပေးမယ်" ဆိုပြီး ထွေးခံအင်္ကျီကြားက ပိုက်ဆံကိုထုတ်သည်။ "ပြောကြည့်ပါဦး ဘယ်လောက်လဲ" "နှစ်ရာပေးမယ်" "နှစ်ရာတည်းနဲ့ ကျုပ်အသက်ကိုရင်းခိုင်းနေတာလား။ စစ်သားတွေက နေရာအနှံ့မှာ ရှိနေတာ မခေါ်နိုင်ဘူးဗျာ" "ဒီမှာ သူက သေတော့မယ်ရှင့်။ ရှင့်မှာ စာနာစိတ်မရှိဘူးလား" "သူ့မိသားစုဝင်တွေအလာကို စောင့်မျှော်နေလိုက်ပါတော့ဗျာ" သည်သို့ဆိုပြီး စက်လှေကို မောင်းပြေးတော့သည်။ လော်ရာလည်း စိတ်တိုစွာ ကျန်ခဲ့သည်။ ကံကောင်းစွာပါပဲ လော်ရာတို့အနားမှာ ကရင်ဦးလေးတစ်ယောက်က ကောင်လေးငယ်ငယ်နှစ်ယောက်နှင့် ဝါးဖောင်ပေါ်တွင် ဝါးခြင်းတောင်းများကိုတင်နေသည်။ ကောင်လေးတစ်ယောက်က ဆယ့်သုံးနှစ်အရွယ်ရှိပြီး တစ်ယောက်ကတော့ ကိုးနှစ်အရွယ်မျှသာ ရှိသေးသည်။ ခရီးထွက်တော့မည်ဖြစ်သည်။ သည့်ကြောင့် လော်ရာတို့အား လက်ဟန်ဖြင့် ခေါ်သည်။ လော်ရာတို့လည်း ဝါးဖောင် ပေါ်တက်သည်။ ကရင်ကြီးက ခုနက လော်ရာထုတ်ပြသော ငွေကိုမြင်သဖြင့် တောင်းယူသည်။ ဝါးဖောင်စက်လှေထွက်တော့ ရွာထဲမှ သေနတ်သံများစွာ ကြားရသည်။ လှမ်းကြည့်လိုက်တော့ စစ်သားများက ရွာသူရွာသားများအား ပစ်သတ်နေသည်ကို နာကျည်းဒေါသထွက်ဖွယ် တွေ့ရသည်။ စက်တပ်ဝါးဖောင်ကလေးက မြစ်ချောင်းပေါ်တွင် အေးအေးငြိမ့်ငြိမ့်နှင့် တိတ်တိတ်ဆိတ်ဆိတ် ပြေးသွားနေသည်။ မကြာမီ မိုးလည်း မှောင်သွားသည်။ စက်တပ်ဝါးဖောင်ကလေးသည် မြစ်ချောင်းကလေးပေါ်တွင်သာ စက်ရပ်ကာ အားလုံး အိပ်ကြသည်။ လော်ရာသည် အောင်တို့အား ပြုစုရင်း တစ်ညလုံး အလုပ်ရှုပ်နေခဲ့သည်။ အောင်ကိုသည် အနာဆိပ်တက်တာ တစ်ကိုယ်လုံးပူခြစ်လာပြီး ချွေးတွေလည်း စိုရွှဲနေသည်။ လော်ရာ သည်အတိုင်းနေလို့မဖြစ်။ ကျည်ဆန်ကို ခွဲထုတ်မှ ဖြစ်မည်။ ထို့ကြောင့်ပင် လော်ရာသည် အားလုံးအိပ်စက်နေချိန်၌ ရေနွေးအိုးတည်ပြီး မီးဖိုချောင်ထဲက တွေ့ကရာဓားကိုအပူပေးကာ ခွဲထုတ်ဖို့ ပြင်ဆင်သည်။ ခါတိုင်းက လော်ရာသည် သွေးကြောက်တတ်သော ဆရာဝန်မို့ ခွဲစိတ်ဖို့လက်တွန့်နေခဲ့သော်လည်း ခွဲထုတ်မှ အသက်ရှင်မည်မှန်း သိသည့်အခါမှတော့ ခွဲထုတ်ဖို့ကိုပင် နည်းနည်းမှ လက်မတွန့်တော့ပေ။ ထိုအချိန်တွင် ဆန်းထူးဆိုသော ကောင်လေးက နိုးလာပြီး လော်ရာ့လုပ်ရပ်ကို ကြည့်နေသည်။ ခွဲထုတ်လျှင် အောင်ကိုသည်နာကျင်မှုကြောင့် လှုပ်ရမ်းလျှင် ခွဲထုတ်ဖို့ ခက်ခဲမည်ကိုသိသဖြင့် လော်ရာက ဆန်းထူးအား ကူညီဖို့ မေးငေါ့ပြသည်။ ဆန်းထူးက စိတ်ကောင်းရှိသူလေးပီပီ အောင်ကို့အား ဖိထားပေးသည်။ ကံကောင်းစွာပင် ကျည်ဆန်မှာ ထုတ်ယူရရှိသွားခဲ့သည်။

ကျွန်မတကယ် ရူးသွပ်ခဲ့တာပဲနော်" အောင်ကိုက စာနာနားလည်သနားစွာ နားထောင်သည်။ "ကျုပ်တို့ကတော့ လူ့ဘဝရလာတာကိုက ဒုက္ခတစ်ခုလို့ သင်ယူခဲ့ရတာ။ ဒါကြောင့် ဘဝမှာ ပျော်စရာလေးတစ်ခု ကြုံလိုက်ရရင် ဘုရားကပေးတဲ့ အဖိုးတန်ဆုံးလက်ဆောင်လို့ သဘောထားလိုက်ကြတာ" အောင်ကိုပြောတာလည်း ဟုတ်မှန်နေသဖြင့် လော်ရာ ဆွေးဆွေးငေးငေးကြီး ဖြစ်သွားသည်။ ထိုညက လော်ရာ အိပ်မက်မက်သည်။ အိပ်မက်ထဲတွင် အောင်ကို၏ တပည့်များအိမ်တွင် အိပ်နေသော လော်ရာအား ခင်ပွန်းသည် နစ်နှင့် သားကလေးဒန်နီက အပြင်ဘက် ပြတင်းပေါက်ကနေ လှမ်းခေါ်သဖြင့် လော်ရာ နိုးသွားသည်။ အနှစ်နှစ် အလလ တမ်းတနေရသော ခင်ပွန်းနှင့် သားကို တွေ့လိုက်ရသဖြင့် လော်ရာ အင်မတန် ပြုံးရွှင်သွားခဲ့သည်။ လော်ရာ အိပ်ရာထက်က ထတော့ ခင်ပွန်းနှင့်သားက ပြုံးရွှင်စွာနှင့် ပြေးထွက်သွားကြသည်။ လော်ရာလည်း ပြုံးရွှင်စွာနှင့် ပြတင်းပေါက်နား ပြေးလိုက်တော့ ခင်ပွန်းနှင့်သားက အတော်ဝေးလှသော လှေကားထစ်များနှင့် တက်ရသည့် ဗုဒ္ဓဆင်းတုတော်အနားသို့ ရောက်နေတော့သည်။ လော်ရာလည်း ပြတင်းပေါက်အပြင်ရောက်တော့ ခင်ပွန်းနှင့်သားကပျောက်ချင်းမလှ ပျောက်ဆုံးသွားသဖြင့် လော်ရာ၏ အပြုံးကလေးသည်လည်းပျောက်ဆုံးသွားရတော့သည်။ ထိုအခါမှ လော်ရာသည် အိပ်မက်က လန့်နိုးတော့သည်။ နိုးတော့ စံစံသည် ဘေးမှာ ကလေးငယ်ငယ်ကို နို့တိုက်နေသည်ကိုတွေ့သည်။ လော်ရာသည် အိပ်မက်ထဲကအတိုင်း ပြတင်းပေါက်ဆီ ရပ်တော့ အပြင်ဘက်တွင် ဗုဒ္ဓဆင်းတုတော် ရှိနေသည်ကို တွေ့ရသည်။ လော်ရာသည် ဆင်းတုတော်ရှိရာသို့ တစ်ထစ်ချင်း တက်နင်းသွားသည်။ ဒါဟာ ခင်ပွန်းနှင့်သားက ပရိနိဗ္ဗာန်ပြုသွားပြီဖြစ်သော ဗုဒ္ဓရှိရာသို့ ရောက်ရှိသွားပြီဆိုသည့်အကြောင်း အသိပေးလိုက်တာများလား။ ခင်ပွန်းနှင့် သားအပေါ်သံယောဇဉ်တွေဖြတ်ပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် နေပါတော့၊ ဘဝသစ်တစ်ခုကို စတင်ပါတော့လို့ အသိပေးလိုက်သည့်သဘောများလား။ ထိုစဉ် အိမ်ဘက်ဆီမှ ဆူညံအော်ဟစ်သံများကြားလိုက်ရသဖြင့် လော်ရာ လှေကားမှ ဆင်းခဲ့သည်။ အားလုံးသည် ဟိုအထုပ်ဆွဲ သည်အထုပ်သယ်ဖြင့် ကားပေါ်တက်ကာ ပွက်လောရိုက်နေကြသည်။ "ဘာတွေ ဖြစ်နေကြတာလဲ" "ခင်ဗျားကို ရန်ကုန်ပြန်ပို့ပေးမယ်၊ ကားပေါ်တက်" အောင်ကိုက အလောတကြီးပြောရင်း ကားပေါ်တက်ခိုင်းသည်။ "သူ့ကို လိုက်ပို့ရင် ဆရာကြီးပါအသတ်ခံရလိမ့်မယ်။ သူ့နာမည်လည်း စာရင်းထဲပါတယ်" "သူ့ကို ငါ တာဝန်ယူထားတာကွ၊ ပို့ကိုပို့ရမှ ဖြစ်မယ်၊ တက်ပါ၊ရန်ကုန်မှာ လူသတ်ပွဲကြီး ဖြစ်နေတယ်။ လမ်းပေါ်ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်တပ်က ပစ်သတ်နေတာ၊ ကျုပ်တို့လည်း ဖမ်းဝရမ်းပါသတဲ့၊ အခု စစ်တပ်က ဖမ်းဖို့လာနေပြီတဲ့၊ခင်ဗျားကို ရထားပေါ်တင်ပေးမယ်၊ အဲ့ကနေ ရန်ကုန်ကိုသွားပါ" အောင်ကိုက မင်းဟန်ကိုပြောရင်း လော်ရာကို ရှင်းပြနေသည်။ ရှင်းပြရင်း ကားစက်ကို နှိုးသည်။ မနေ့ညက ပြင်ထားပေးမယ့်လည်း မရ။ ကားကို နောက်ကနေ တွန်းမှသာ စက်နိုးမည်ဖြစ်သည်။ အောင်ကို၏ အဖြစ်ကြောင့် မင်းဟန်ကတခြားကားပေါ်ကဆင်းပြီး မင်းတို့အရင်သွားနှင့် ငါ နောက်ကလိုက်လာခဲ့မည်ဟုဆိုကာ အောင်ကို၏ ကားကိုတွန်းပေးရင်း ကားပေါ်ပါသွားသည်။ ဟိုအဖွဲ့ကလည်း ထိုင်းကိုသွားမည့် နယ်စပ်လမ်းကို လာခဲ့ဟု အော်ပြောသည်။ ပြီးလျှင် တစ်လမ်းစီ ခွဲထွက်သွားကြသည်။ လမ်းတွင် မင်းဟန်က ကားနောက်ခန်းမှာ ထိုင်ရင်း ကားရှေ့ခန်းက ရေဒီယိုကို လှမ်းဖွင့်သည်။ စစ်တပ်က လေဆိပ်ကိုပိတ်လိုက်ပြီလို့ ကြေညာလိုက်ပြီလို့ လော်ရာကို ရှင်းပြသည်။ "ခင်ဗျား ရန်ကုန်ရောက်ရင် သံရုံးကိုတန်းသွားပါ" "ရော့ ဒါက ကျွန်မလိပ်စာ၊ ကျွန်မဆီကို စာရေးပေါ့" လော်ရာက အောင်ကိုကို လိပ်စာကတ်ပေးသည်။ အောင်ကိုက လိပ်စာကိုကြည့်ပြီး မေးလိုက်သည်။ "ခင်ဗျားက ဆရာဝန်ပေါ့" "သွေးမြင်ရင် လန့်တတ်တဲ့ ဆရာဝန်က အသုံးမဝင်ပါဘူးရှင်" ပြောရင်း ဘူတာနား ရောက်လာကြသည်။ ရှေ့တွင် စစ်သားများစွာက ပြည်သူများအား မာကြောခက်ထန်စွာ စစ်ဆေးမေးမြန်းနေကြသည်ကို တွေ့ရသည်။ အဓိကက မှတ်ပုံတင်စစ်ခြင်း။ မှတ်ပုံတင်မပါလျှင် ရိုက်နှက်ဖမ်းဆီးပစ်ကြသည်။ "မင်း ဝပ်နေ၊ မင်းမှာ မှတ်ပုံတင်မပါဘူး" အောင်ကိုပြောသဖြင့် မင်းဟန် ကားနောက်ခန်းမှာ ဝပ်ပြီး ပုန်းနေလိုက်သည်။ အောင်ကိုလည်း လော်ရာ့ဆီက လာဘ်ထိုးငွေတောင်းပြီး စစ်သားတွေ ကြည့်မနေတဲ့အချိန် ခရီးသည်ကြားထဲဝင်ပြီး ရထားပေါ်တက်ပါဟု ပြောရင်း စစ်သားတွေရှေ့ တန်းသွားသည်။ လော်ရာလည်း စစ်သားတွေက အောင်ကိုအား စစ်မေးနေစဉ် မင်းဟန်အား နှုတ်ဆက်ပြီး စစ်သားများလစ်ခိုက် ခရီးသည်ကြားထဲ တိုးဝင်သွားပြီး ရထားပေါ်သို့ ချောချောမောရောက်သွားသည်။ ရထားက ထွက်စပြုပြီ။ သို့ပါသော်လည်း လော်ရာသည် ရထားပေါ်ကနေ ခုန်ဆင်းလိုက်သည်။ အကြောင်းကား စစ်သားများက အောင်ကိုအားဖမ်းဝရမ်းမိန့်စာရင်းထဲ ပါဝင်သူမှန်းသိသဖြင့် ပါးကို ဘယ်ပြန်ညာပြန် ရိုက်နေသည်ကို တွေ့ရသောကြောင့် ဖြစ်သည်။ သေနတ်ဒင်ဖြင့်လည်း ကျောကိုရော ရင်ဘတ်ကိုပါ အထပ်ထပ်ထုနှက်သည်။ အောင်ကို လဲကျသွားသည်။ ပါမောက္ခကြီးအောင်ကို၏ အဖြစ်ကို မြင်သော မင်းဟန်ကလည်း မနေနိုင် အပြေးဝင်လာပြီး စစ်သားအား တွန်းသည်။ မင်းဟန်၏လုပ်ရပ်ကိုမြင်သော တခြားစစ်သားများစွာက ပြေးလာသောကြောင့် မင်းဟန်သည်လည်း ပြေးထွက်သွားခဲ့သည်။ စစ်သားများက လိုက်လာကြသည်။ ဒိန်းကနဲ သေနတ်သံတစ်ချက်အထွက်မှာ

"ကျုပ်တို့သွားတာ သူတို့ဆီလေကွယ်" ထိုစဉ် ကောင်လေးတစ်ယောက်က လော်ရာ့ရှေ့လာရပ်ပြီး ပြောသည်။ "ပါမောက္ခကြီးနဲ့အတူ ကားပေါ်တက်ပါဗျာ" သည်တော့မှ အောင်တို့ကို ပါမောက္ခတစ်ယောက်မှန်း လော်ရာသိလိုက်သည်။ သည်ကောင်လေးတွေကအောင်ကို၏ တပည့်တွေ ဖြစ်ရမည်။ သည့်ကြောင့် အင်္ဂလိပ်စကားကို မွတ်နေအောင် ပြောသွားခြင်းဖြစ်သည်။ ထိုကောင်လေးများကကားကို ကြိုးဖြင့် ချည်ပြီး ဆွဲသွားကြသည်။ အိမ်ရောက်တော့ ပါမောက္ခကြီးအလည်လာသည်ဆိုပြီး အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက်က ဝမ်းသာစွာ ကြိုဆိုကြသည်။ အမျိုးသမီးလေးများက ရေစိုနေသော လော်ရာ၏ အဝတ်အစားများကို လဲပေးပြီး ဗမာထဘီဝတ်နည်း သင်ပေးကြသည်။ အောင်ကို၏ တပည့်တွေကတော့ မိုးရွာကြီးထဲ ကားပျက်ကို ပြင်ပေးနေကြသည်။ ထိုညက လူစုံစုံနှင့် သောက်စားကြသည်။ လော်ရာလည်း သောက်ကြသည်။ သူတို့ထံမှ စကားပုံ အသစ်တစ်ခု ကြားရသည်။ "ကျုပ်တို့မြန်မာနိုင်ငံမှာ စကားပုံတစ်ခုရှိတယ်။ စားကောင်းသောက်ဖွယ်တွေကို တစ်ယောက်တည်း မစားပါနဲ့၊ မျှစားပါတဲ့။ ဒါနဲ့ မဒမ် ကျုပ်တို့က ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်းတွေပါ။ သူက ကျွန်တော်တို့ရဲ့ ပါမောက္ခကြီးပေါ့။ ကဲကျွန်တော်တို့ရဲ့ ပါမောက္ခကြီးကို ဂုဏ်ပြုကြရအောင်" အားလုံး ခွက်ကိုယ်စီ မြှောက်ပြီး "အောင်မြင်ပါစေ၊ အောင်မြင်ပါစေ၊ အောင်မြင်ပါစေ" ဆိုပြီး ဂုဏ်ပြုကြသည်။ ပြီးမှလော်ရာက အောင်ကိုဘက်လှည့်ပြီး မေးသည်။ "ရှင် ဘာလို့ စာဆက်မသင်တော့တာလဲ" တရားမဝင်ဧည့်လမ်းညွှန်လုပ်နေသဖြင့် စာဆက်မသင်တော့ကြောင်း အတပ်သိကာ မေးလိုက်ခြင်းဖြစ်သည်။ အောင်ကိုက မဖြေဘဲ ငြိမ်နေသည်။ ပြီးမှ မင်းဟန်ဆိုသူက ဖြေသည်။ "ကျုပ်ကြောင့်ပါ" ဆိုတော့ အောင်ကိုက မပြောဖို့တားသည်။ မင်းဟန်က ပြောပါရစေဆိုပြီး ဆက်ပြောသည်။ "၁၉၇၄ ခုနှစ်တုန်းက ဒီမိုကရေစီရဖို့ဆိုပြီး ကျုပ်က ကျောင်းနေဖက်သူငယ်ချင်းတွေကို စည်းရုံးခဲ့ဖူးတယ်။ အဲဒီတော့စစ်တပ်က ကျုပ်ကို ဖမ်းတယ်။ ကျုပ်က ၁၆ နှစ်ပဲ ရှိသေးတာ။ စစ်တပ်က ကျုပ်ကို ကျွန်လိုခိုင်း၊ မတရားနှိပ်စက်ပြီး ငါးနှစ်ကြာတော့ ပြန်လွတ်လာတယ်။ ကျုပ် နာမကျန်းဖြစ်တော့ ပါမောက္ခကြီးက ကျုပ်ကို ကယ်ထားတယ်။ ကျုပ်ကို ကယ်လို့ဆိုပြီး စစ်တပ်က ပါမောက္ခကြီးကို ထောင်နှစ်နှစ်ချတယ်။ ပြီးတော့ စာသင်ခွင့်ကို လုံးဝ ပိတ်ပင်ပစ်လိုက်တာ" "သူတို့ လုပ်ရက်လွန်းလိုက်ကြတာ" လော်ရာ စိတ်မကောင်းစွာ ရေရွတ်လိုက်သည်။ "လုပ်ရက်ကြမှာပေါ့။ ကျုပ်တို့မြန်မာတွေက အလွန်နူးညံ့ သိမ်မွေ့လွန်းကြတယ်။ ဒါ့ကြောင့် မပုန်ကန်ရဲကြဘူး။ ဒါ့ကြောင့် ဗိုလ်ချုပ်ကြီးနေဝင်းက မြန်မာနိုင်ငံကို နှစ်ပေါင်း သုံးဆယ့်ငါးနှစ်လုံးလုံး အုပ်ချုပ်နေတယ်။ မြန်မာတွေက မတရားနှိပ်စက်ခံနေကြတယ်။ လွတ်မြောက်ဖို့မကြိုးစားရဲကြဘူး။ နှုတ်ပိတ်နေကြတယ်" "အခုတော့ အဲလို မနေကြတော့ဘူး။ ကျွန်မတို့မှာ ဒေါ်အောင်ဆန်းစုကြည်ရှိနေပြီလေ။ ဒေါ်အောင်ဆန်းစုကြည်ကို ရှင်သိလား" မင်းဟန်၏ အမျိုးသမီးထင်ရသော အမျိုးသမီးက ဝင်ပြောရင်း လော်ရာ့ကို မေးသည်။ "သိတယ်။ မနေ့က သူ မိန့်ခွန်းပြောတာ ကျွန်မမြင်လိုက်တယ်" "သူမက သိပ်ရဲရင့်တယ်။ သတ္တိရှိတယ်" "ခင်ဗျား ဒေါ်အောင်ဆန်းကြည်ကို အရင်ကသိလား" မင်းဟန်က မေးသည်။ လော်ရာခေါင်းရမ်းသည်။ "ဘယ်သိမလဲ၊ မြန်မာနိုင်ငံမှာ ဖုန်းတွေ၊ ကင်မရာ ကိုင်ခွင့်မရှိဘူး၊ ဂျာနယ်တွေလည်း ပိတ်ထားတယ်။နိုင်ငံခြားသားသတင်းထောက်လာခွင့်မရှိဘူး၊ မြန်မာနိုင်ငံကို အမေရိကန်က မကယ်နိုင်ပါဘူး။ ဒါ့ကြောင့် သေနတ်တွေကြားထဲ တိုးဝင်ရဲတဲ့ ဒေါ်အောင်ဆန်းစုကြည်လို အမျိုးသမီးကမှ ကယ်တင်နိုင်မှာ။ ကဲ ဒီတစ်ခါ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုကြရအောင်" နံရံတွင် ချိတ်ထားသော ဒေါ်အောင်ဆန်းစုကြည်၏ ပုံဘက်လှည့်ကာ ခွက်မြှောက်လိုက်ကြသည်။ ပြီးနောက် မွေးကင်းစကလေးအဖေက ဓာတ်ပုံရိုက်သည်။ မိခင်စံစံက အမှတ်တရဖြစ်စေရန် ကလေးလေးကိုပါ ပါအောင်အရိုက်ခံသည်။ ပြီးမှအားလုံးက သောက်စားပြီးသဖြင့် ပန်းကန်ခွက်ယောက်များ ဆေးကြောရန် ထသွားကြသည်။ အောင်ကိုနှင့် လော်ရာသာကျန်ခဲ့သည်။ "ကျွန်မ ဒါတွေ မသိခဲ့ဘူး၊ ကျွန်မ တောင်းပန်ပါတယ်ရှင်" "ဟာ ခင်ဗျား တောင်းပန်စရာမလိုပါဘူး၊ ခင်ဗျားမှာလည်း သောကရောက်စရာတွေ ရှိနေလို့ပါ" သည်သို့ကြားလိုက်တော့ လော်ရာ မငြင်းချင်တော့။ အောင်ကိုကလည်း ဘယ်တုန်းကများ ရိပ်မိနေပါလိမ့်။ ခင်ဗျားယောကျ်ားကို ဟိုတယ်ပြန်ခေါ်ကြမလားလို့ မေးတုန်းက လော်ရာ့မျက်နှာအမူအရာကြောင့် များလား။ ဘုန်းကြီးကျောင်းရောက်တုန်းက ကားပျက်နေတာကြောင့်ရော၊ ဘုန်းကြီးတွေက သံယောဇဉ်တွေဖြတ်ပြီး တရားနာနေကြတုန်းက လော်ရာ့စိတ်တွေ ဂဏှာမငြိမ်ဖြစ်နေတုန်းကရောများလား။ ပြီးနောက် လော်ရာပျို့တက်လာကာ အိမ်အပြင်ဘက်ထွက်ပြီး မိုးရွာကြီးထဲ ထိုးအန်တော့သည်။ အောင်ကိုက လူစိတ်ရှိစွာ ထီးနှင့် လာမိုးပေးသည်။ "ဟုတ်တယ်။ အဲဒီတုန်းက ကျွန်မအလုပ်ကအပြန် အိမ်တံခါးကြီးက ပွင့်နေတယ်။ အိမ်ထဲမှာလည်း ပွစာကျဲပြီး ပျက်စီးနေတယ်။ မီးဖိုချောင်ထဲမှာ ဒန်နီကိုတွေ့တယ်။ ပြီးတော့ ကျွန်မယောက်ျားရော။ လက်ထပ်လက်စွပ်ကိုပါ ချွတ်ယူသွားကြတယ်။ ကျွန်မငယ်ငယ်တုန်းက ယုံကြည်ခဲ့တာက စိတ်ကောင်းထားရင်၊ အလုပ်ကြိုးစားရင် ပျော်ရွှင်မှုတွေ ရလာမယ်လို့ထင်ထားခဲ့တာ၊ အခုတော့ ကျွန်မမှာ ပျော်ရွှင်စရာလည်းမရှိ၊ စိတ်သောကရောက်စရာချည်းပဲ၊

ရဟန်းဝတ်ပြီးရင် လူထွက်လို့ရပေမယ့် စစ်သားဖြစ်ပြီးရင်တော့တစ်သက်လုံး စစ်သားပဲ။(အဘယ်ကြောင့်မူ အာဏာရှင်များ ပြဋ္ဌာန်းထားသော ဥပဒေတွင် စစ်သားများအား စစ်အတွင်းမှမထွက်နိုင်အောင် တင်းတင်းကြပ်ကြပ် ပြဋ္ဌာန်းထားသောကြောင့်ဖြစ်သည်။ သည့်အပြင် စစ်သားများသည် လက်နက်အားကိုးဖြင့် လက်နက်မဲ့သော ပြည်သူ့အပေါ် အနိုင်ကျင့် ဗိုလ်ကျရခြင်းကို သာယာခုံမင်တတ်ကြသည်။ ထို့ကြောင့်ပင် အာဏာကို မက်မောကြသည်။ ထို့ကြောင့် စစ်သားဖြစ်ပြီးလျှင် တစ်သက်လုံး စစ်သားဖြစ်ရခြင်းဖြစ်သည်။ ထိုအကြောင်းကိုလည်း လော်ရာသိနားလည်အောင် ရှင်းပြခဲ့ပါသည်။)" ထိုစဉ်မှာပဲ စစ်သားတစ်ယောက်က ကားရှေ့လာရပ်ပြီး ကြမ်းတမ်းစွာ ပြောနေသည်။ လော်ရာနားမလည်ပေမယ့် ကားပေါ်ကနေ ဆင်းခဲ့စမ်း ဆိုသည့် သဘောမှန်းသိသည်။ ထို့ကြောင့် အောင်ကိုသည် ခပ်သွက်သွက်လေး ဆင်းသွားသည်။ စစ်သားသည် အောင်ကိုအား ဆဲဆိုနေသည်။ အင်္ကျီကော်လံကို ဆောင့်ဆွဲသည်။ ပြီးလျှင် လော်ရာကို ငုံ့ကြည့်ပြီး ဧည့်သည်ပါသဖြင့် ဖြတ်သွားခွင့် မပေးနိုင်သည့် သဘောမျိုး ပြောဆိုနေသည်။ သဘောက လာဘ်ထိုးမှသာ ဖြတ်သွားမည်ဆိုသည့်သဘော။ အောင်ကိုကလည်း အလိုက်တသိ ဆေးလိပ်ပေးသယောင်နှင့် လာဘ်ငွေကို ထိုးသည်။ စစ်သားကလည်း ဘေးလူမမြင်အောင် ဘောင်းဘီအိတ်ထဲ ထည့်လိုက်သည်။ အတော်စိတ်ပျက်ဖို့ ကောင်းလေစွ။ "ရှင့်ကို ကြိမ်းမောင်းနေတာပါ့ပဲ" "မြန်မာစစ်သားတွေဆိုတာ ဒီလိုပဲလေ။ သူတို့က အာဏာရှိတဲ့အကြောင်း၊ ကျွန်တော်တို့က အာဏာမဲ့တဲ့အကြောင်း သိအောင်ပြနေတာ" "ကျွန်မ ကြားသိဖူးသလောက် ပြောရရင် မြန်မာနိုင်ငံမှာ ယောကျ်ားအားလုံး ရဟန်းဝတ်ဖူးတယ်လို့ ပြောကြတယ်။ ရှင်ရော ရဟန်းဝတ်ဖူးမှာပေါ့" "ဝတ်ဖူးတာပေါ့။ ကျွန်တော် ငယ်ငယ်တုန်းက ဒီနားက ဘုန်းကြီးကျောင်းမှာ ဝတ်ဖူးပါတယ်" "ဒါဆို အဲဒီကို ကျွန်မကို လိုက်ပို့နိုင်မလား" "မရပါဘူးဗျာ" အောင်ကို့စကားကြောင့် လော်ရာသိလိုက်သည်။ ကြားဖူးထားသည့်အတိုင်း တကယ်ဟုတ်နေပြီပဲ။ "ဘာလို့လဲ။ ဪာ် သိပြီ၊ အမျိုးသမီးတွေ မဝင်ရဘူးလို့ တားမြစ်ထားလို့မဟုတ်လား" "မဟုတ်ပါဘူးဗျာ၊ မြန်မာနိုင်ငံမှာ အမျိုးသားနဲ့ အမျိုးသမီး တန်းတူထားရှိပါတယ်။ အမျိုးသမီးတွေလည်း ဘုရားဖြစ်ခွင့်ရှိတယ်လေ။ ဘုရားဆု ပန်ခွင့်လည်း ရှိတယ်။ ဒါပေမယ့် ယောက်ျားဘဝကို အရင်ဆုံးရအောင် ဆုပန်ရမယ်။ ဆုပန်ရင် လှူစရာတစ်ခုခု ပါမှ ရမယ်လေ၊ ဒါ့ကြောင့် လှူစရာမပါဘဲ ဝင်လို့မရဘူးလို့ပြောတာပါ" "ဪာ် ဘယ်လောက် လှူရမှာလဲရှင်" "နောင်ဘဝမှာ ကိုယ်ဖြစ်ချင်သလောက် လှူလို့ရတယ်" "ကျွန်မ နောင်ဘဝအထိ မတွေးသေးဘူးရှင်" "ကောင်းပြီလေ၊ ရှေ့နားက သစ်သီးအချို့ သွားဝယ်ကြတာပေါ့" လော်ရာသည် သစ်သီးဗန်းလေးပိုက်ပြီး အောင်ကိုနှင့်အတူ ဘုန်းကြီးကျောင်းထဲ ဝင်လိုက်ကြသည်။ ဝင်လိုက်ချင်းချင်းမှာပဲ သံဃာတော်များ သပိတ်ကိုယ်စီပိုက်ပြီး ဆွမ်းခံထွက်သွားကြသည်ကို တွေ့ရသည်။ ကျောင်းဝန်းထဲ ရောက်တော့သံဃာတော်များစွာ၏ တရားရွတ်ဆိုသံများကို ကြားရသည်။ လော်ရာသည် နောင်ဘဝအထိ မတွေးသေးသဖြင့် သစ်သီး များကို ကိုယ်တိုင်မလှူတော့ဘဲ အောင်ကိုကို အလှူခိုင်းသည်။ အောင်ကိုလှူနေခိုက် လော်ရာသည် ကျောင်းဝန်းကို ပတ်ကြည့်သည်။ ကိုရင်ငယ်ကလေးများစွာ ကလေးသဘာဝ ရေတွင်းပတ်ပတ်လည်တွင် ရေပက်ကစားနေသည်ကို ချစ်စဖွယ်တွေ့ရသည်။ ပြီးနောက် တရားစာများ သံပြိုင်ရွတ်ဆိုနေကြသော ရဟန်းများဆီသို့ ရောက်သွားသည်။ သည်သို့ တရားကျင့်ကြံနေကြသော ရဟန်းများကို မြင်တိုင်း လော်ရာ ခံစားရသည်။ ရင်နင်ရသည်။ သည်ရဟန်းတော်များဟာ သံယောဇဉ် များကို ဖြတ်တောက်ထားကြသောသူများ။ သူတို့ကိုမြင်တိုင်း ပြန်မလာနိုင်တော့မည့် ခင်ပွန်းနှင့် သားကလေးအပေါ်သံယောဇဉ်များကို ဖြတ်တောက်ရမည်ဟု အသိပေးနေသလိုလို ခံစားရသည်။ ထိုသို့ လော်ရာ မလုပ်နိုင်ပါ။ ခင်ပွန်းနှင့်သားကို လော်ရာ မမေ့နိုင်သေး။ သံယောဇဉ်မဖြတ်နိုင်သေး။ သည့်ကြောင့် လော်ရာသည် အနားမှ အမြန်ထွက်ခွာလိုက်ရသည်။ ထိုကျောင်းကအပြန်တွင် အောင်ကို၏ ကားက ပျက်နေသည်။ စက်နှိုးလို့မရ။ ကားအကုန်းဆင်းမှာသာ သက်သာသည်။ ကုန်းအတက်ဆိုလျှင် တွန်းရသည်။ ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာ ဆိုသလိုပင် မိုးများက သည်းလာပြန်တော့ မိုးရွာကြီးထဲ တွန်းရသည်။ လော်ရာသည် မိုးရွာကြီးထဲတွင် ဆံပင်ဖြူဦးလေးကြီးတစ်ယောက်က ကားကို တွန်းနေရတော့ဖျတ်ဖျတ်လတ်လတ်ရှိသော မိမိက ကားပေါ် အခန့်သား လိုက်ပါရသည်ကို စိတ်မလုံသဖြင့် ကိုယ်တိုင်ပါ ဆင်းတွန်းလိုက်သည်။ သည်တော့ အောင်ကိုက အားနာစွာ တားသည်။ လော်ရာကလည်း တွန်းနိုင်ကြောင်း ပြောပြီး ဇွတ်တွန်းသည်။ သည်တော့ အောင်ကိုက ခေါင်းတညိတ်ညိတ်နှင့် ပြုံးသည်။ လော်ရာလို လူသားဆန်သည့် အပြုအမူကို အသိအမှတ်ပြုရမည်မဟုတ်လား။ ထိုစဉ်မှာပဲ ကံကောင်းစွာ ကားတစ်စီးက ရှေ့နား ကျော်တက်ပြီး အောင်ကိုကားရှေ့မှာ ရပ်သည်။ ယောက်ျားနှစ်ယောက် ဆင်းပြီး အောင်ကိုကို ဦးညွတ်ကာ အရိုအသေပေးနေကြသည်။ အောင်ကိုက လော်ရာ့ဘက်လှည့်ကာ ဝမ်းသာစွာပြောသည်။

"၈၈၈၈နှင့် ပတ်သက်၍" (ဒုတိယပိုင်း) လမ်းတလျှောက်တွင် လော်ရာသည် ကားပေါ်ကနေ ပတ်ဝန်းကျင်ကို ငေးရင်း လိုက်ပါလာခဲ့သည်။ လယ်ကွင်းများ၊
"၈၈၈၈နှင့် ပတ်သက်၍" (ဒုတိယပိုင်း) လမ်းတလျှောက်တွင် လော်ရာသည် ကားပေါ်ကနေ ပတ်ဝန်းကျင်ကို ငေးရင်း လိုက်ပါလာခဲ့သည်။ လယ်ကွင်းများ၊ နွားလှည်းများ၊ ကျွဲများကို မြင်ရသဖြင့် အညာ၏ အငွေ့အသက်ကို ရနေပြီ။ ရှေ့တွင် စစ်တပ်၏ စစ်ဆေးရေးဂိတ်တစ်ခုကိုလည်း တွေ့ရသည်။ စစ်သားများ လမ်းသွားလမ်းလာများအား ရုန်းရင့်ကြမ်းတမ်းစွာ ဆက်ဆံနေသည်ကို တွေ့ရသည်။ လော်ရာက လာဘ်ထိုးရမည်မှန်းသိသဖြင့် ငွေငါးဆယ်ကျပ်လောက် အောင်ကိုအား ပေးလိုက်သည်။ အလှည့်ရောက်ဖို့စောင့်နေတုန်း ရဟန်းသံဃာများ ကားဘေးကနေ ဖြတ်သွားသည်ကို တွေ့ရသည်။ ရဟန်းများကို မြင်ရတော့ လော်ရာ့စိတ်ထဲ ခံစားရသလို ခံစားရသည်။ လော်ရာသည် ခရစ်ယာန်ဘာသာဝင်ဖြစ်သည်။ သို့ပါသော်လည်း ဗုဒ္ဓဘာသာ အကြောင်းသိသင့်သလောက်တော့ သိသည်။ ရဟန်းသံဃာများသည် သံယောဇဉ်များကို ဖြတ်ပြီး ရဟန်းဝတ်ကြသည်တဲ့။ လော်ရာ ကရော ဆုံးသွားရှာပြီဖြစ်သော ခင်ပွန်းဖြစ်သူ နစ်နှင့် သားကလေးဒန်နီအပေါ် ဘယ်တော့များမှ သံယောဇဉ် ဖြတ်နိုင်ပါတော့မည်နည်း။ အောင်ကိုကလည်း ဧည့်လမ်းညွှန်ပီပီ မြင်မြင်သမျှကို ခရီးသည် သိကျွမ်းအောင်၊ ဗဟုသုတရအောင် ရှင်းပြသည်။ "မြန်မာနိုင်ငံမှာ အပေါဆုံးက ရဟန်းနဲ့ စစ်သားပဲ။

ဆယ်ကျော်သက်‌ ကျောင်းသားလူငယ်များ လိင်ပိုင်းဆိုင်အသိပညာတိုးပွားစေရန် ရည်ရွယ်၍ အခြေခံပညာကျောင်းသားအင်အားစုများမှ"Empowering You
ဆယ်ကျော်သက်‌ ကျောင်းသားလူငယ်များ လိင်ပိုင်းဆိုင်အသိပညာတိုးပွားစေရန် ရည်ရွယ်၍ အခြေခံပညာကျောင်းသားအင်အားစုများမှ"Empowering Youth through Comprehensive Sex Education "ခေါင်းစဉ်ဖြင့် Sex Education webinar ကို ၂ရက်ကြာပြုလုပ်သွားမှာ ဖြစ်ပြီး အမျိုးသမီး၊လူငယ်နဲ့ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ ဆရာမ Dr.Hesterက ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၂၊ ၂၃ ရက်တို့တွင် ည၇နာရီအချိန်တွင် Zoom Platform ဖြင့်ကျင်းပသွားမှာဖြစ်ပြီးဆယ်ကျော်သက်အရွယ် CDMကျောင်းသားများနှင့်ကြားကာလပညာ‌သင်‌ကျောင်းများတွင် သင်ကြားနေကြသော အလယ်တန်း၊အထက်တန်းကျောင်းသားများ တက်ရောက်နိုင်ပါတယ်ခင်ဗျား။ Channel link https://t.me/+WFr3ZSWnuZk0NTBl

သံရုံးက အထွက် ရန်ကုန်မြို့ကြီးဆီက လမ်းမကြီးပေါ်ဖြတ်လျှောက်ရသည်။ ဈေးရောင်းသူ၊ ဝယ်သူများဖြင့် စည်ကားလှသည်။ သို့ပါသော်လည်း မြို့၏ အခြေအနေသည် အလွန်ပင် ဖွံဖြိုးမှု နောက်ကျလှသည်။ ထိုစဉ် အသက် မြန်မာ(ဗမာ)ဝတ်စုံနှင့် ခြောက်ဆယ်ကျော် အမျိုးသားကြီးတစ်ယောက်က လော်ရာ့အနား လာရပ်ပြီးယဉ်ယဉ်ကျေးကျေး မိတ်ဆက်သည်။"မင်္ဂလာပါခင်ဗျ၊ အနှောင့်အယှက် ဖြစ်သွားရင် ခွင့်လွတ်ပါ။ ကျွန်တော်က ဧည့်လမ်းညွှန်တစ်ယောက်ပါ။ သံရုံးထဲကထွက်လာမယ့် နိုင်ငံခြားသားတွေကို မျှော်နေတတ်သူဆိုပါတော့၊ ဒီထဲမှာ မြန်မာနိုင်ငံရဲ့ လည်ပတ်လို့ကောင်းတဲ့ နေရာအတော်များများရှိတယ်။ ခင်ဗျားသွားချင်ရင် လိုက်ပို့ပေးနိုင်ပါတယ်။" ထိုဘက်က ယဉ်ယဉ်ကျေးကျေး ပြောနေသော်လည်း လော်ရာက ခပ်ပြတ်ပြတ်ပဲ ပြောချလိုက်သည်။“ရှင်တို့နိုင်ငံက တရားမဝင် သွားလို့မရတဲ့နေရာ အတော်ရှားတယ်လို့ကြားတယ်" "ဟုတ်ပါတယ်။ နေရာအားလုံးနီးပါးကတော့ တရားမဝင်တဲ့နေရာတွေချည်းပါပဲ" "ဒါဖြင့် ရှင်လည်း တရားမဝင်ဧည့်လမ်းညွှန်ပေါ့" "အဲဒီလို ပြောလို့ရပါတယ်ခင်ဗျာ" သည်လိုကြားရတော့ လော်ရာသည် လုပ်ချင်ရာ လုပ်တတ်သည့် စရိုက်လေးရှိတော့ စ်တ်ဝင်သွားမိသည်။ "ဧည့်သည်အတော်များများ သွားလေ့မရှိတဲ့ ကျေးလက်တစ်နေရာရာကို လိုက်ပို့နိုင်မလား" "လိုက်ပို့နိုင်ပါတယ်။ ဒါပေမယ့် ခုချိန် ရန်ကုန်မှာနေတာ အကောင်းဆုံးပါပဲ။ ဘာလို့ဆို မြို့ရဲ့ အဝင်အထွက်နေရာတိုင်းမှာစစ်တပ်ရဲ့ အစစ်အဆေးဂိတ်တွေရှိတယ်။ ဒါပေမယ့် လာဘ်ငွေနည်းနည်းထိုးနိုင်ရင်တော့ ရပါတယ်" "ကောင်းပြီလေ သွားကြတာပေါ့" "ဟိုတယ်က ခင်ဗျားရဲ့ အမျိုးသားကို ပြန်ခေါ်ဦးမလား" မသိလို့ မေးတာဆိုပေမယ့် ဒီစကားကို လော်ရာမကြိုက်။ သည့်ကြောင့် ဟန်ဆောင်ပင် ပြုံးမပြနိုင်တော့ဘဲ တော်ပါပြီ ဟု ခပ်ပြတ်ပြတ်ပဲ ပြောလိုက်သည်။ လော်ရာ့စကားကြောင့် မြန်မာအမျိုးသားကြီးသည် ပြုံးရွှင်သွားသည်။ အမှန်စင်စစ် အမျိုးသားကြီးသည် နိုင်ငံခြားသားတစ်ဦးဦးနှင့် ပတ်သက်ခွင့်ရဖို့ အကြံနှင့် လာရောက် ရောနှောခြင်းဖြစ်သည်။ အကြောင်းကား အမျိုးသားကြီးသည် မြန်မာ့အာဏာရှင်ကို အလွန်ရွံမုန်းသူဖြစ်ပြီး ဒီမိုကရေစီကို လိုလားသူဖြစ်သည်။ ယခုလက်ရှိတွင် မြန်မာနိုင်ငံသည် အကူအညီ မဲ့နေသည်။ မြန်မာနိုင်ငံ၏ အခြေအနေကို ကမ္ဘာသိအောင်ချပြချင်သည်။ သို့ပါသော်လည်း မြန်မာနိုင်ငံတွင် လွတ်လပ်သော သတင်းမီဒီယာများ လုပ်ခွင့်မရှိ။ နိုင်ငံခြားသားသတင်းထောက်များ လက်မခံ။ သည့်ကြောင့်မြန်မာနိုင်ငံ၏ အခြေအနေကိုနိုင်ငံခြားသားတစ်ဦးဦးအား သိစေပြီးလျှင် အကူအညီ ရလိုရငြား တရားမဝင် ဧည့်လမ်းညွန်ဖြစ်နေသည့်ကြားက မရရအောင် လာရောက်ပတ်သက်ခြင်း ဖြစ်သည်။ ထိုအမျိုးသားကြီး၏ လုပ်ရပ်ကြောင့်ပင်သည်ရုပ်ရှင် ပေါ်ထွက်လာရခြင်းဖြစ်သည်။) "ကျွန်တော့်နာမည်က အောင်ကိုပါ" "ဟုတ်၊ ကျွန်မနာမည်က လော်ရာဘိုးမင်းပါ" လက်ဆွဲမိတ်ဆက်ပြီး အောင်ကို၏ ဟောင်းနွမ်းနေသော ကားပေါ်သို့ တက်ကြသည်။ ဒုတိယပိုင်း မျှော်။ မီးဒုတ်စာစဉ် - အတွဲ၂၊ အမှတ်၁၂မှ ကောက်နှုတ်ဖော်ပြသည်။ စာရေးသူ - Htwin