အ.ထ.က(၁) ဒိုက်ဉီးမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)
Open in Telegram
အ.ထ.က(၁) ဒိုက်ဉီးမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)၏ တရားဝင်ပြန်ကြားရေးချန်နယ်ဖြစ်ပါသည်။
Show more352
Subscribers
No data24 hours
-17 days
+230 days
Posts Archive
စစ်မှုထမ်းဉပဒေနှင့်စပ်လျဉ်း၍ သတိပေးထုတ်ပြန်ခြင်း
1။ စစ်အာဏာရှင်တို့ အသက်သွင်းလိုက်သောစစ်မှုထမ်းဉပဒေသည် လူငယ်များကို ကာယကံမြောက်စစ်ထဲသွင်းလိုသည့် ရည်ရွယ်ချက်အပြင် စိတ်ဓာတ်ရေးရာအရပါ ခြိမ်း ခြောက်၍အနိုင်ယူလိုသည့် ရည်ရွယ်ချယ်ရှိသည်ကို ဗိုလ်ဇော်မင်းထွန်း၏စကားများတွင် တွေ့ရပါသည်။သို့ဖြစ်၍ ကျောင်းသားလူငယ်တို့အနေဖြင့် အလွန်အမင်းစိုးရိမ်ခြင်းနှင့် ဂရုမစိုက်လျစ်လျူရှုခြင်း ဟုသောအစွန်းနှစ်ဘက်ကိုရှောင်ရှား၍ သိအပ်သောအကြောင်းအရာအများကို ယုံကြည်ရသောမီဒီယာများ၊အဖွဲ့အစည်းများထံမှာ စောင့်ကြည့်ရင်း သတိဖြင့်နေကြပါရန် တိုင်တွန်းပါသည်။
2။ တောခိုလက်နက်ကိုင်၍ စစ်အာဏာရှင်ကိုတော်လှန်ခြင်းဟူသည်မှာ ရုပ်ပိုင်းဆိုင်ရာနှင့် ခံယူချက်ပိုင်းဆိုင်ရာ လိုအပ်ချက်များကြီးမားသည်ဖြစ်ရာ ကျောင်းသားလူငယ်တို့အနေဖြင့် ခံယူချက်ခိုင်မာစွာမရှိပါဘဲ အကြမ်းဖက်စစ်တပ်၏ရန်မှ ရှောင်ချင်ရုံသက်သက်ဖြင့် တော်လှန်ရေးတပ်များထံဝင်ရန် မဆုံးဖြတ်ကြဖို့ ထပ်မံတိုက်တွန်းပါသည်။
3။ကျောင်းသားလူငယ်တို့အနေဖြင့် တော်လှန်ရေးကိုရွေးချယ်ရန် ဆုံးဖြတ်ပြီးပါက လက်နက်ကိုင်တိုက်ပွဲဝင်ခြင်းအပြင် အခြားသောအခန်းကဏ္ဍများရှိသည်ကို သတိပြု၍ မိမိတို့ကျွမ်းကျင်မှုနှင့် အခြေအနေတို့ကို ထည့်သွင်းစဉ်းစားကာ ရွေးချယ်ရန်လိုအပ်ပါသည်။ မိမိတို့ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ ကောင်းစွာသိသောသူများကို တိုင်ပင်ခြင်း၊မေးမြန်းခြင်းများပြုလုပ်ရန် ထပ်ဆင့်တိုက်တွန်းအပ်ပါသည်။
4။ မိမိတို့အဖွဲ့အစည်းများသည် ကျောင်းသားထုနှင့်အမြဲအတူရှိနေမည်ဖြစ်ပြီး ကျောင်းသားလူငယ်တို့အနေဖြင့် သိလိုသည်များကိုမေးမြန်းခြင်း၊ တိုင်ပင်ခြင်း၊ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်လိုခြင်း စသောအကူအညီအဝဝအတွက် မိမိတို့ကိုဆက်သွယ်နိုင်ပါသည်။
5။ စစ်မှုထမ်းဉပဒေကောင်းစွာအသက်ဝင်မလည်ပတ်နိုင်စေရန် လူထု၏ညီညွတ်မှုဖြင့် တိုက်ဖျက်ရမည်ဖြစ်ပြီး မိမိတို့ကျောင်းသားအဖွဲ့အစည်းများသည်လည်း စစ်မှုထမ်းဉပဒေနှင့်ပက်သက်၍ အသိပညာပေးခြင်း အပါအဝင် နည်းလမ်းမျိုးစုံသုံး၍ဆန့်ကျင်သွားပါမည်။
စတာတွေအပါအဝင် ကျောင်းသားလူငယ်တို့ မဖြစ်မနေသိသင့်တာတွေကို ဆွေးနွေးမျှဝေပေးသွားမှာပါ။ ပွဲတတ်ရောက်သူများ မိမိတို့ရဲ့သိလိုတဲ့မေးခွန်းတို့ မေးမြန်းနိုင်မဲ့ Q And A section လည်းဖွင့်လှစ်သွားမှာမို့ ကျောင်းသားလူငယ်အပေါင်းကို ဖိတ်ကြားအပ်ပါတယ်။ စစ်အာဏာရှင်ရဲ့ စစ်မှုထမ်းဉပဒေစိတ်ဓာတ်ဗျူဟာကို အသိပညာနဲ့ တိုက်ထုတ်ကြရအောင်ပါ။
စစ်မှုထမ်းဉပဒေဟာ ကာယကံမြောက်ပေါ်မလာသေးခင်မှာဘဲ ကျောင်းသားလူငယ်တွေကို စိတ်ပိုင်းဆိုင်ရာအရ ဗျူဟာမြောက်စွာ ညှင်းပန်းနှိပ်စက်နေပြီး များစွာသော လူငယ်တွေကလည်း လမ်းပျောက်နေကြတယ်။ အလွန်အမင်းစိုးရိမ်ခြင်းနဲ့ သေချာသိရှိနားလည်ထားမှုမရှိခြင်းတို့ကြောင့် စစ်မှုထမ်းဉပဒေရဲ့ သက်ရောက်မှုက ပိုကြီးနေတာဖြစ်ပါတယ်။ ဒါကြောင့်၂၃ရက် စနေနေ့ ညနေ၇နာရီပွဲမှာ
သံချောင်း - တော်လှန်သောလူငယ်များ အစည်းအရုံး မှအထွေထွေအတွင်းရေးမှုး
ကိုတင်ဦး၊ယင်းမာပင်ခရိူင် ကွပ်ကဲရေး Black Lion People Defense Force က မြို့ပြစစ်ရေး တာဝန်ခံ ရဲဘော် အက်ဆစ်
မန္တလေးတပ်ရင်း၅ကရုံးတာဝန်ခံ ရဲဘော်မျက်မှန် တို့ကပွဲမှာ
• စစ်မှုထမ်းဉပဒေနဲ့ပက်သက်ပြီး တော်လှန်ရေးကိုရွေးချယ်မဲ့သူတွေ တောခိုလက်နက်ကိုင်တာအပြင် အခြားဘာသာတွေလုပ်လို့ရနိုင်မလဲ။
•နိုင်ငံခြားသွားခြင်းစသဖြင့် တိမ်းရှောင်မဲ့သူတွေ ဘာတွေသိထားဖို့လိုမလဲ။
•ပေါ်တာဆွဲခံရတာ ၊စစ်မှုထမ်းဖို့နာမည်စာရင်းအကောက်ခံရတာလိုမျိုး အရေးပေါ်အခြေအနေတွေမှာ ဘာတွေလုပ်သင့်လဲ။
•ကိုယ့်ဒေသကတိမ်ရှောင်လို့မရတဲ့သူတွေ ဘာတွေလုပ်သင့်လဲ၊ပေါ်တာဆွဲခံရပြီဆိုဘာတွေဆက်လုပ်ရမလဲ။
၁၂.၂.၂၀၂၄တွင်ကျရောက်သောပြည်ထောင်စုနေ့တွင် "မှားယွင်းနေခဲ့သောပြည်ထောင်စုနေ့ရက်များ" ခေါင်းစဉ်ဖြင့် အသိပညာမျှဝေခြင်း ပွဲအစီအစဉ်ကို Essential Education Center ၊Power of Education Student Union၊ ကျွန်တော်တို့ အ.ထ.က(၁) ဒိုက်ဦးမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)တို့မှပူးပေါင်း၍ ညနေ၆နာရီတွင် ကျင်းပခဲ့ပါတယ်ခင်ဗျာ။
ပွဲအစီအစဉ်တွင် ရဲဘော်ရောင်နီမှိုင်းသစ်မှ ပင်လုံစာချုပ်အကြောင်း၊ ပင်လုံ၏အနှစ်သာရနှင့် ပင်လုံကတိကဝတ်များ ပျောက်ဆုံးခဲ့ပုံတို့ကို မျှဝေပြောကြားခဲ့ပြီး ရဲဘော်လင်းထက်အောင်မှ ဖွဲ့စည်းပုံအခြေခံဉပဒေအရေးပါပုံ၊ မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဉပဒေအကျပ်အတည်းသုံးကြိမ်အကြောင်းနှင့် အမျိုးသားတန်းတူညီမှုပျောက်ဆုံးခြင်းတို့ကို မျှဝေခဲ့ပါတယ်။ ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများနှင့် သမဂ္ဂရဲဘော်တို့မှ သိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ကြပါတယ်။
ယနေ့ပွဲအစီအစဉ်သို့တက်ရောက်ပေးကြပါသော Essential Education Center မှကျောင်းသားကျောင်းသူများနှင့်ဆရာဆရာမများ၊Power of Education မှကျောင်းသားကျောင်းသူများနှင့်သမဂ္ဂရဲဘော်များ၊ သမဂ္ဂအသီးသီး၊ ကျောင်းအသီးသီးတို့မှ တက်ရောက်လာကြသော ဧည့်သည်တော်များအားလုံးကိုလည်းအထူးပင် ကျေးဇူးတင်ရှိအပ်ပါတယ်ခင်ဗျ။
နွေဉီးတော်လှန်ရေးမှာ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ခိုင်မာပြတ်သားတဲ့ ဉီးဆောင်မှုမျိုးပေးမဲ့ ခေါင်းဆောင်တစ်ဉီးလိုအပ်တယ်ဆိုပြီး မကြာခဏပြောဆိုကြပါတယ်။တစ်ချိန်တည်းမှာပဲ တော်လှန်ရေးဟာ တစ်ဉီးတစ်ယောက်ခေါင်းဆောင်မှုမျိုးမလိုဘဲ စုပေါင်းဉီးဆောင်မှုမျိုးဖြင့် အောင်ပွဲဆင်ရမယ်လို့ ပြောဆိုမှုတွေ ရှိပါတယ်။ဘယ်လိုပဲ ဖြစ်ပါစေ။ နွေဉီးတော်လှန်ရေးအတွင်း ပြည်သူတွေဟာ ကယ်တင်ရှင်သူရဲကောင်းတစ်ဉီးကို မျှော်လင့်နေကြတာတော့ အမှန်ပါပဲ။ ဆိုတော့ ယခုစကားဝိုင်းမှာ
"ကျနော်တို့ တော်လှန်ရေးမှာ ကယ်တင်ရှင်သူရဲကောင်းလိုမလို"
"သူရဲကောင်းမျှော်ကိုးခြင်း ဝါ သူရဲလုပ်လိုခြင်းတို့ တော်လှန်ရေးအပေါ်အကျိုးဘယ်လိုသက်ရောက်မလဲ"
"သူရဲကောင်ဝါဒကြောင့် တော်လှန်ရေးလက်ဝါးကြီးအုပ်မှု ဖြစ်လာနိုင်သလား "
စတဲ့မေးခွန်းတွေကို ဆွေးနွေးကြပါမှာဖြစ်ပါတယ်။ ကျောင်းသား၊ကျောင်းသူမျအားလုံး မိမိတို့ရဲ့အမြင်တွေကို လွပ်လပ်စွာထုတ်ဖော်ဆွေးကြပါရန် လေးစားစွာဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။
နွေဉီးတော်လှန်ရေးမှာ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ခိုင်မာပြတ်သားတဲ့ ဉီးဆောင်မှုမျိုးပေးမဲ့ ခေါင်းဆောင်တစ်ဉီးလိုအပ်တယ်ဆိုပြီး မကြာခဏပြောဆိုကြပါတယ်။တစ်ချိန်တည်းမှာပဲ တော်လှန်ရေးဟာ တစ်ဉီးတစ်ယောက်ခေါင်းဆောင်မှုမျိုးမလိုဘဲ စုပေါင်းဉီးဆောင်မှုမျိုးဖြင့် အောင်ပွဲဆင်ရမယ်လို့ ပြောဆိုမှုတွေ ရှိပါတယ်။ဘယ်လိုပဲ ဖြစ်ပါစေ။ နွေဉီးတော်လှန်ရေးအတွင်း ပြည်သူတွေဟာ ကယ်တင်ရှင်သူရဲကောင်းတစ်ဉီးကို မျှော်လင့်နေကြတာတော့ အမှန်ပါပဲ။ ဆိုတော့ ယခုစကားဝိုင်းမှာ "ကျနော်တို့ တော်လှန်ရေးမှာ ကယ်တင်ရှင်သူရဲကောင်းလိုမလို" "သူရဲကောင်းမျှော်ကိုးခြင်း ဝါ သူရဲလုပ်လိုခြင်းတို့ တော်လှန်ရေးအပေါ်အကျိုးဘယ်လိုသက်ရောက်မလဲ" နဲ့ "သူရဲကောင်ဝါဒကြောင့် တော်လှန်ရေးလက်ဝါးကြီးအုပ်မှု ဖြစ်လာနိုင်သလား "စတဲ့မေးခွန်းတွေကို ဆွေးနွေးကြပါမှာဖြစ်ပါတယ်။ ကျောင်းသား၊ကျောင်းသူမျအားလုံး မိမိတို့ရဲ့အမြင်တွေကို လွပ်လပ်စွာထုတ်ဖော်ဆွေးကြပါရန် လေးစားစွာဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။
"နွေဉီးတော်လှန်ရေးနှင့် သူရဲကောင်းမျှော်ကိုးခြင်း"
ဒီနေ့ညနေ ၆နာရီပါခင်ဗျာ။
https://us06web.zoom.us/j/86808293115?pwd=oXATRMRzVCBkUySUyacaYuQPKxMCmu.1
ယနေ့မှာ ပင်လုံစာချုပ်ချုုပ်ဆိုခဲ့တာ ၇၇နှစ်ပြည့်ခဲ့ပါပြီ။ ပင်လုံစာချုပ်ကနေ ကျနော်တို့ပြည်ထောင်စုနိုင်ငံက ပေါ်ပေါက်လာတာကြောင့် ပင်လုံစာချုပ်ချုပ်တဲ့နေ့ကိုပဲ ပြည်ထောင်စုနေ့အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ပင်လုံကတိကဝတ်တွေကျိုးပျက်ပြီး ပြည်ထောင်စုအနှစ်သာရပျောက်ဆုံးခဲ့လို့ တိုင်းပြည်ဟာ ပြည်တွင်းစစ်ဒဏ်နဲ့ စစ်အာဏာရှင်ဒဏ်ကို အလူးအလဲခံခဲ့ရပါတယ်။ ကျနော်တို့ နွေဦးတော်လှန်ရေးကြီးရဲ့ ရည်မှန်းချက်ဟာ စစ်အာဏာရှင်၊ လူမျိုးကြီးအာဏာရှင် အပါအဝင် တိုင်းပြည်ရဲ့အခြေခံအုတ်မြစ်ဆိုးကြီးတွေကို အဆုံးသတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ဖို့ ဖြစ်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးဟာ ဖက်ဒရယ်ပြည်ထောင်ကြီးကို လိုလားနေကြပြီဖြစ်သည့်တိုင် စစ်အစိုးရအောက်မှာ မျက်စိပိတ်ပြီးနေခဲ့ရတာကြောင့် ဖက်ဒရယ်ပြည်ထောင်စုကြီး ဘာကြောင့်မဖြစ်မနေရှိဖို့ လိုတာလည်းဆိုတာကို ရှင်းလင်းစွာနားလည်ထားခြင်း မရှိသေးပါဘူး။ လူထုရဲ့ နိုင်ငံရေးရေချိန်အားနည်းမှုကို စစ်အာဏာရှင်တွေဟာ ကောင်းကောင်းကြီး အသုံးချတတ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးတပ်ဦးဖြစ်တဲ့ကျနော်တို့ CDM သပိတ်မှောက်ကျောင်းသား၊ကျောင်းသူများဟာ တော်လှန်ရေးရဲ့ ရည်မှန်းချက်ကို ရှင်းလင်းစွာသိမြင်ထားဖို့ လိုအပ်ပါတယ်။ဒါကြောင့် ယခုနေ့ပွဲမှာ
-နိုင်ငံကိုမွေးဖွားခဲ့တဲ့ ပင်လုံကတိကဝတ်တွေနဲ့ အနှစ်သာရကဘာတွေလဲ။
-တိုင်းပြည်ရဲ့ပြဿနာအားလုံးဇစ်မြစ်လို့ သမုတ်ကြတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအကျပ်အတည်းကဘာလဲ။
-နွေဉီးတော်လှန်ရေးဟာ ဘယ်လိုနိုင်ငံကိုဖြိုချဖို့လုပ်နေတာဖြစ်ပြီး ဘယ်လိုနိုင်ငံသစ်ကို တည်ထောင်လိုတာလဲ။
စတာတွေကို မျှဝေပေးသွားမှာဖြစ်တာကြောင့် ကျောင်းသား၊ကျောင်းသူများကို တက်ရောက်ကြပါရန် နှိုးဆော်ပါတယ်ခင်ဗျာ။ အာဏာရှင်ဟာ မည်မျှအခြေအနေဆိုးနေလင့်ကစား လူထုကနိုင်ငံရေးအသိပညာအားနည်းသော် ထာဝရသက်ဆိုးရှည်နေမှာ ဖြစ်တာကြောင့် ကျနော်တို့ကျောင်းသားလူငယ်များ အသိပညာဖြည့်စည်းခြင်းဖြင့် အာဏာရှင်ကို တိုက်ထုတ်ကြရပါမယ်။
#Essential Education Center
#Power of Education Student Union
#အ.ထ.က(၁)ဒိုက်ဉီးမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ)
"မှားယွင်းနေခဲ့သော ပြည်ထောင်စုနေ့ရက်များ "
အချိန်: ယနေ့ ညနေ ၆နာရီမှ ၈နာရီ
https://zoom.us/j/4509871679?pwd=ZDNGSjFveW5ibGtHajhGLzd1b0NtZz09&omn=92800691630
ယနေ့ February (12)ရက်နေ့သည် နယ်ချဲ့တို့၏လက်အောက်မှ ရုန်းထွက်ကြရန်အတွက် ဒုတိယအကြိမ် ပင်လုံညီလာခံကိုကျင်းပ၍ ပင်လုံစာချုပ်ကိုချုပ်ဆိုခဲ့သော နေ့ပင်ဖြစ်ပေသည်။ပင်လုံစာချုပ်ကို ၁၉၄၇ခုနှစ်တွင်ချုပ်ဆိုခဲ့ရာ ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ(၁၂)ရက်နေ့ဆိုလျှင် ၇၇နှစ်ပြည့်ရှိလေပြီ ဖြစ်သည်။
ပင်လုံစာချုပ်တွင် တန်းတူညီမျှမှုရှိပြီး ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ဒီမိုကရေစီအခွင့်အရေးစသည့် အချက်များပါဝင်သည်။သို့သော် ၎င်းပင်လုံစာချုပ်ပါ ကတိကဝတ်များသည် ယနေ့ပစ္စုပ္ပန်ကာလအချိန်ထိတိုင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူတစ်ဦးတစ်ယောက်မျှ အမှန်စင်စစ်ခံစားနိုင်ခဲ့ခြင်းမရှိ။ ၎င်းကတိကဝတ်များသည်မျက်ကွယ်ပြုခံရကာစာအုပ်ထဲတွင်သာရှိနေခဲ့ပြီး ပြည်ထောင်စုစနစ်သည်လည်း တပြည်ထောင်စနစ်အဖြစ်သို့ သွတ်သွင်းခြင်းခံခဲ့ရကာ ၎င်းကြောင့်ပြည်တွင်းစစ်မီးစများတောက်လောင်ခဲ့ရလေသည်။ယင်းအခြေအနေကိုဖန်တီးခဲ့ကြသူများမှာကား ခေတ်အဆက်ဆက်မှစစ်အာဏာရှင်/လူမျိုးကြီးအာဏာရှင်များပင်ဖြစ်ပေသည်။ဤသို့ မိမိတို့၏ပျောက်ဆုံးနေသောအခွင့်အရေးများကိုပြန်လည်ရရှိရန်အတွက် နည်းလမ်းမှာကား အာဏာရှင်စနစ်ကိုအမြစ်ပြတ်တော်လှန်ရန်ပင်ဖြစ်ပေသည်။ထို့ကြောင့် တန်းတူညီမျှမှုရှိ၍ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရန်အတွက် စစ်အာဏာရှင်ကိုအတူတကွ ရွပ်ရွပ်ချွံချွံတော်လှန် တိုက်ထုတ်ကြပါရန် တိုက်တွန်းအပ်ပါသည် ။
"အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့်ရွက်လွှင့်ချီ"
ကျောင်းသားပြည်သူတို့ရှင်။ယနေ့မတရားအာဏာသိမ်းပိုက်မှု ၃နှစ်ပြည့်သည့်တိုင် အာဏာရှင်ကို တော်လှန်ဆဲဖြစ်ကြောင်းပြသရန် ပြည်လုံးကျွတ်အသံတိတ်သပိတ်နဲ့ White Camping ကိုဆင်နွှဲလျက်ရှိပါသည်။။ခုခံတော်လှန်စစ်ဆင်နွှဲနေသည့်ကာလဖြစ်သော်လည်း လူထုလှုပ်ရှားမှုများသည် အာဏာရှင်ကို အကြီးအကျယ် တုန်လှုပ်စေကြောင်းကို သတိပြုကြရန် လိုအပ်ပါသည်။ထိုကြောင့် ပြည်သူတစ်ရပ်လုံး မိမိကိုယ်တိုင်ကစတင်ပါဝင်ခြင်းဖြင့် အာဏာရှင်မောင်းထုတ်ရေးလူထုလှုပ်ရှားမှု လှိုင်းကြီးကိုတွန်းတင်ကြပါရန် တိုက်တွန်းအပ်ပါသည်ရှင်။ အသံတိတ်သပိတ်နှင့် အဖြူရောင်ကမ်းပိန်းလှုပ်ရှားမှုတို့၌ ပါဝင်ရာတွင် ဉာဏ်ဖြင့်သတိမူဆောင်ရွက်ကြဖို့ လိုအပ်ပါသည်။
*ဆိုင်များပိတ်ရန် မလိုအပ်ပါရှင်။ ဝယ်သူမရှိရင် ရောင်းစရာမလိုပါ။ ရောင်းရသည့်အခါတွင်လည်း အသံတိတ်အောင်ရောင်းခြင်းဖြင့် တော်လှန်လျှင် မည်သူမှ ထောင်ချမရပါ။
*အလုပ်မသွားဘဲ နေရန်မလိုပါရှင်။ မနက်၈နာရီမှ ညနေ၄နာရီအတွင်း လမ်းမထွက်ဘဲ အလုပ်တွင်ပဲနေပါ။ ကြားချိန်လမ်းမပေါ်ထွက်၍ မည်သူမှ အလုပ်ဖြုတ်၍ မရပါ
*မိမိ၏ ကိုယ်ရေးကိုယ်တာသုံး ဆိုရှယ်မီဒီယာများအတွင် အန္တရယ်ရှိစေသောကမ်းပိန်းအကြောင်းမတင်ပါနှင့်။ ပရိုဖိုင်ပြောင်းလဲခြင်းလဲ မပြုလုပ်ပါနှင့်။ မည်မည့်Postမှ မတင်ဘဲ အသံတိတ်ပြခြင်းဖြင့်ဝောာ်လှန်လျှင် မည်သူမှ သင်ကတော်လှန်ရေးလုပ်နေသည်ဟူ၍ စွပ်စွဲမရပါ။
ကျောင်းသားပြည်သူတို့ခင်ဗျာ။ တော်လှန်ရေးကြီးရှင်သန်ခြင်းဟာ လူထုရဲ့ဆန္ဒကြောင့်သာဖြစ်ပါတယ်။ဒီဆန္ဒကို လူထုမှထုတ်ဖော်မပြသလျှင် တော်လှန်ရေးကြီးဟာ ပြည်တွင်းစစ်အဆင့်သာ ပြောင်းလဲသွားပါလိမ့်မယ်။ အာဏာရှင်ကိုတိုက်ထုတ်ရန် လက်နက်ကိုင်တော်လှန်ရမည် မှန်၏။သို့သော် လက်နက်ဖြင့်ဖြုတ်ချနိုင်ခဲ့ဖူးသော အာဏာရှင်မရှိ၊ လူထုလှုပ်ရှားမှုနည်းဖြင့် တစ်နှစ်တည်းတွင် အာဏာရှင်သမ္မတ သုံးဉီးကိုဖြုတ်ချနိုင်နိုင်ခဲ့သည်အား သတိပြုပါလေ
*မိမိ၏ ကိုယ်ရေးကိုယ်တာသုံး ဆိုရှယ်မီဒီယာများအတွင် အန္တရယ်ရှိစေသောကမ်းပိန်းအကြောင်းမတင်ပါနှင့်။ ပရိုဖိုင်ပြောင်းလဲခြင်းလဲ မပြုလုပ်ပါနှင့်။ မည်မည့်Postမှ မတင်ဘဲ အသံတိတ်ပြခြင်းဖြင့်ဝောာ်လှန်လျှင် မည်သူမှ သင်ကတော်လှန်ရေးလုပ်နေသည်ဟူ၍ စွပ်စွဲမရပါ။
ကျောင်းသားပြည်သူတို့ခင်ဗျာ။ တော်လှန်ရေးကြီးရှင်သန်ခြင်းဟာ လူထုရဲ့ဆန္ဒကြောင့်သာဖြစ်ပါတယ်။ဒီဆန္ဒကို လူထုမှထုတ်ဖော်မပြသလျှင် တော်လှန်ရေးကြီးဟာ ပြည်တွင်းစစ်အဆင့်သာ ပြောင်းလဲသွားပါလိမ့်မယ်။ အာဏာရှင်ကိုတိုက်ထုတ်ရန် လက်နက်ကိုင်တော်လှန်ရမည် မှန်၏။သို့သော် လက်နက်ဖြင့်ဖြုတ်ချနိုင်ခဲ့ဖူးသော အာဏာရှင်မရှိ၊ လူထုလှုပ်ရှားမှုနည်းဖြင့် တစ်နှစ်တည်းတွင် အာဏာရှင်သမ္မတ သုံးဉီးကိုဖြုတ်ချနိုင်နိုင်ခဲ့သည်အား သတိပြုပါလေ
"အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့်ရွက်လွှင့်ချီ"
ကျောင်းသားပြည်သူတို့ရှင်။ယနေ့မတရားအာဏာသိမ်းပိုက်မှု ၃နှစ်ပြည့်သည့်တိုင် အာဏာရှင်ကို တော်လှန်ဆဲဖြစ်ကြောင်းပြသရန် ပြည်လုံးကျွတ်အသံတိတ်သပိတ်နဲ့ White Camping ကိုဆင်နွှဲလျက်ရှိပါသည်။။ခုခံတော်လှန်စစ်ဆင်နွှဲနေသည့်ကာလဖြစ်သော်လည်း လူထုလှုပ်ရှားမှုများသည် အာဏာရှင်ကို အကြီးအကျယ် တုန်လှုပ်စေကြောင်းကို သတိပြုကြရန် လိုအပ်ပါသည်။ထိုကြောင့် ပြည်သူတစ်ရပ်လုံး မိမိကိုယ်တိုင်ကစတင်ပါဝင်ခြင်းဖြင့် အာဏာရှင်မောင်းထုတ်ရေးလူထုလှုပ်ရှားမှု လှိုင်းကြီးကိုတွန်းတင်ကြပါရန် တိုက်တွန်းအပ်ပါသည်ရှင်။ အသံတိတ်သပိတ်နှင့် အဖြူရောင်ကမ်းပိန်းလှုပ်ရှားမှုတို့၌ ပါဝင်ရာတွင် ဉာဏ်ဖြင့်သတိမူဆောင်ရွက်ကြဖို့ လိုအပ်ပါသည်။
*ဆိုင်များပိတ်ရန် မလိုအပ်ပါရှင်။ ဝယ်သူမရှိရင် ရောင်းစရာမလိုပါ။ ရောင်းရသည့်အခါတွင်လည်း အသံတိတ်အောင်ရောင်းခြင်းဖြင့် တော်လှန်လျှင် မည်သူမှ ထောင်ချမရပါ။
*အလုပ်မသွားဘဲ နေရန်မလိုပါရှင်။ မနက်၈နာရီမှ ညနေ၄နာရီအတွင်း လမ်းမထွက်ဘဲ အလုပ်တွင်ပဲနေပါ။ ကြားချိန်လမ်းမပေါ်ထွက်၍ မည်သူမှ အလုပ်ဖြုတ်၍ မရပါ။
အခြေခံပညာကျောင်းသာလူငယ်များအစည်းရုံး(အ.က.လ)
အ.ထ.က(၁)ဒိုက်ဦးမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းရုံး (အ.က.လ)
ကြေငြာချက်အမှတ် - ၁/ ၂၄
မြန်မာသက္ကရာဇ် ၁၃၈၅၊(၁ရက်၊ ၂လ၊ ၂၀၂၄ခုနှစ်)
အာဏာသိမ်းခြင်း ၃နှစ်ပြည့်
ယနေ့ February (1)ရက်နေ့သည် မြန်မာပြည်ကြီး အမှောင်တိုက်သွင်းခံရခြင်း သုံးနှစ်တင်းတင်းပြည့်သောနေ့ဖြစ်သည်။ထို့အပြင် ကျွန်မတို့၏ နွေဦးတော်လှန်ရေးကြီး (၃)နှစ်တင်တင်းပြည့်သောနေ့ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။
ကျွန်မတို့သည် တရားမျှတမှု၊လူ့အခွင့်အရေးနှင့်အမှန်တရားအတွက် တိုက်ပွဲဝင်နေကြသည်။ ဤတိုက်ပွဲကြီးသည် တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်း တိုက်ရုံမျှဖြင့် အောင်ပွဲဝင်နိုင်မည်မဟုတ်။ ပြည်သူလုထုတစ်ရပ်လုံး၊ တစ်မျိုးသားလုံးပါဝင်တော်လှန်ကြမှသာ အောင်ပွဲဆင်နိုင်ကြမည်ဖြစ်၍ အာဏာရှင်ကို အတူတူတွန်းလှန်တိုက်ထုတ်ကာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ချီတက်ကြရန်တိုင်တွန်းအပ်ပါသည်။
အခြေခံပညာကျောင်းသားလူငယ်များအစည်းရုံး
အ.ထ.က(၁)ဒိုက်ဦး
#အထက၁ဒိုက်ဦးမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
ယနေ့ February (1)ရက်နေ့သည် မြန်မာပြည်ကြီး အမှောင်တိုက်သွင်းခံရခြင်း သုံးနှစ်တင်းတင်းပြည့်သောနေ့ဖြစ်သည်။ထို့အပြင် ကျွန်မတို့၏ နွေဦးတော်လှန်ရေးကြီး (၃)နှစ်တင်တင်းပြည့်သောနေ့ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။
ကျွန်မတို့သည် တရားမျှတမှု၊လူ့အခွင့်အရေးနှင့်အမှန်တရားအတွက် တိုက်ပွဲဝင်နေကြသည်။ ဤတိုက်ပွဲကြီးသည် တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်း တိုက်ရုံမျှဖြင့် အောင်ပွဲဝင်နိုင်မည်မဟုတ်။ ပြည်သူလုထုတစ်ရပ်လုံး၊ တစ်မျိုးသားလုံးပါဝင်တော်လှန်ကြမှသာ အောင်ပွဲဆင်နိုင်ကြမည်ဖြစ်၍ အာဏာရှင်ကို အတူတူတွန်းလှန်တိုက်ထုတ်ကာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ချီတက်ကြရန်တိုင်တွန်းအပ်ပါသည်။
ကင်းထောက်ပံ့ပို့ပေးခဲ့ခြင်းဖြစ်သည်။
ထိုသပိတ်လှုပ်ရှားမှုပြုလုပ်ရာတွင် အကြမ်းဖက်စစ်တပ်၏ အရပ်သားဟန်ဆောင်ထားသော စစ်ကျွန်များမှ လိုက်လံဖမ်းဆီးခြင်းရှိပြီး မြေပြင်သပိတ်ရဲဘော်များအနေဖြင့် ဘေးကင်းလွတ်မြောက်ခဲ့ပါသည်။
#အာဏာရှင်အလိုကျ_ကြိုးဆွဲရာက_မင်းတို့ဘဝ #BESYA #အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး #အကလ_မြေပြင် #OCTOPUS #ရေဘဝဲ #OwlCommunity
ရန်ကုန်မြို့တွင် "အာဏာရှင်အလိုကျ ကြိုးဆွဲရာကမင်းတို့ဘဝ" ဟူသောစာသားဖြင့် သရုပ်ပြသပိတ်လှုပ်ရှားမှုပြုလုပ်
၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်၊ အကလ(မြေပြင်)
ရန်ကုန်တွင် "အာဏာရှင်အလိုကျ ကြိုးဆွဲရာက မင်းတို့ဘဝ" ဟူသောစာသားပါ ဘန်နာအား ဖြန့်ခင်းလျက် သရုပ်ပြသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့သည်။
ယင်းသရုပ်ပြ၊ သပိတ်လှုပ်ရှားမှုတွင် လူထုကြား၌ ဘီလူးခေါင်းဆောင်းထားသော သွေးစွန်းနေသည့်ဝတ်စုံဝတ်ထားသည့် Non-CDM ကျောင်းဆရာမှ ဆုတံဆိပ်ကိုင်ထားသော Non-CDM ကျောင်းသားအား ရုပ်သေးရုပ်ကဲ့သို့ ကြိုးများဖြင့် ထိန်းချုပ်နေသကဲ့သို့ ပုံရိပ်ဖြင့် ကြွေးကြော်သံအော်ပြီး သရုပ်ပြလှုပ်ရှားခဲ့ကြခြင်းဖြစ်သည်။ ယင်းလှုပ်ရှားမှုသည် အာဏာရှင်လက်အောက်မှ ထိန်းချုပ်ခံနေသည့် အဖြစ်ကို စစ်ကောင်စီဘက်တော်သားများနှင့် Non-CDM ကျောင်းသားများအား ကျွန်အဖြစ်မှ ရုန်းထွက်ကြရန်ဆိုလိုပြီး ရက်စက်သောအာဏာရှင်၏ သရုပ်မှန်ကိုဖော်ပြထားခြင်းဖြစ်သည်။
ယင်းလှုပ်ရှားမှုကို အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-မြေပြင်)မှ ဦးဆောင်ထားပြီး ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)၊ Owl Community တို့၏ ညီညွတ်သောမဟာမိတ်လှုပ်ရှားမှုဖြင့် ပြုလုပ်ခဲ့ကြပြီး Youth Scout for Democracy မှ
