5 939
Subscribers
No data24 hours
No data7 days
+62630 days
Posts Archive
စည်းခြားသွားတဲ့ သူငယ်ချင်း (၂၀၂၃)
ဒီတစ်ခါမှာတော့ Horror ကားတွေကိုမှကြိုက်တတ်တဲ့ ပရိတ်သတ်ကြီးအတွက်
ထိုင်း bl စီရီးတစ်ခုဖြစ်တဲ့ Dead friend foreverဆိုတဲ့ စီရီးလေးကို ဘာသာပြန်တင်ဆက်ပေးထားပါတယ်။
နိုင်ငံခြားမှာ ကျောင်းသွားတက်တော့မယ် သူငယ်ချင်းဖြစ်သူ ဂျင်အတွက် နှုတ်ဆက်ပါတီလုပ်ပေးဖို့
ကျောင်းသားသူငယ်ချင်းတစ်စုဟာ တောအုပ်ထဲကအိမ်ကြီးဆီ အပန်းဖြေခရီးထွက်လာခဲ့ပါတယ်။
ဒီခရီးက သူတို့ကို အသက်အန္တရာယ်ထိခိုက်စေနိုင်ခဲ့တဲ့ အတိတ်ကဖြစ်ရပ်ဆိုးတွေဆီ ပြန်လည်ခေါ်ဆောင်သွားသလို ဖြစ်လာခဲ့ပါတယ်။
အဲ့အချိန်ကျမှ သူတို့ကို မကောင်းမှုအားလုံးက စောင့်မျှော်နေတယ်ဆိုတာကို သူတို့ကိုယ်တိုင် သိရှိခဲ့ရတာဖြစ်ပါတယ်။
ဒီသူငယ်ချင်းတစ်စုဟာ အတိတ်တုန်းက ဘယ်လိုဖြစ်ရပ်တွေနဲ့ ကြုံတွေ့ခဲ့ရတာလဲ။
ဘာကြောင့်လဲ။ ဘာတွေ ဆက်ဖြစ်သွားမှာလဲဆိုတာကို စောင့်ဆိုင်းကြည့်ရှုရင်း အဖြေဖော်သွားကြပါလို့ ပြောချင်ပါတယ်။
(၁၈+ဇာတ်ဝင်ခန်းတစ်ချို့ ပါဝင်တာဖြစ်လို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး)
