en
Feedback
NK's library

NK's library

Open in Telegram
499
Subscribers
No data24 hours
-177 days
-3830 days
Posts Archive
Doctor Dolittle

The Murderer (2023) ဒီဇာတ်ကား လေးကတော့ နာမည်ကြီးထိုင်းဟာသမင်းသားကြီး Phetthai Vongkumlao ပါဝင်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာ
+1
The Murderer (2023) ဒီဇာတ်ကား လေးကတော့ နာမည်ကြီးထိုင်းဟာသမင်းသားကြီး Phetthai Vongkumlao ပါဝင်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ ကလေးမလေး တယောက်က မိသားစုက ပေးတဲ့ စိတ်ဒဏ်ရာတွေနဲ့ ရင်ဘတ်ကြီးတစ်ခုလုံးပြည့်နေတဲ့ ကလေးလေးပါ။ ဒါကြောင့်လဲ သူမဟာသူ့ မိသားစုအပေါ် ဘယ်သူမှမထင်မှတ်ထားတဲ့ အပြစ်ကို ကျူးလွန်မိလိုက်ပါတော့တယ်။ တစ်နေ့မှာတော့ ရဲတွေဟာ ၇ လောင်းပြိုင် လူသတ်မှုတစ်ခုကို စစ်ဆေးကြပါတယ်။ထိုအမှုမှာ အဓိက သံသယ ရှိသူကတော့ ကလေးမလေးရဲ့ အဒေါ်ရဲ့ ယောကျား (ဗြိတိန်လူမျိုး) ကိုပါပဲ ၊ ကလေးမလေးကို စစ်မေးချက်တိုင်းမှာလဲ မထင်ရလောက်အောင် အံ့ဩ စရာတွေတွေ့ရအုန်းမှာပါ။ ကလေးလေးကလဲ အရမ်းချစ်ဖို့ကောင်းပြီး ဖြူစင်တဲ့ ဉပဓိရုပ်လေးမို့ ရင်တမမ ကြည့်ရှုရမှာပါ ။ ဆိုတော့ဘယ်လို ဇာတ်သိမ်းသွားမလဲ ၊ ဘယ်သူကရော တရားခံလဲ ၊ ရီစရာတွေကရော ဘယ်လိုနေရာတွေမှာပါလာမှာလဲ ။ ကဲ ကြည့်ရှုလိုက်ကြပါအုံးနော်။

The Goat And Her Three Kids

m3gan.2022.

The.Little.Mermaid.2023

Delicieux 2021

Ruby Gillman Teenage Kraken 2023

The flash 2023

reality 2023 အစိုးရရဲ့ လျှို့ဝှက်ချက်တွေကို ပြည်သူတွေဆီဖွင့်ချတဲ့လူတွေကို Whistleblower လို့ခေါ်ပါတယ်။ Snowden ကိစ္စဖြစ်ပြီးက
+1
reality 2023 အစိုးရရဲ့ လျှို့ဝှက်ချက်တွေကို ပြည်သူတွေဆီဖွင့်ချတဲ့လူတွေကို Whistleblower လို့ခေါ်ပါတယ်။ Snowden ကိစ္စဖြစ်ပြီးကတည်းက အမေရိကန်တွေဟာ Whistleblower တွေကို အတော်လေးကြပ်ကြပ်မတ်မတ် ကိုင်တွယ်လာကြတာပါ။ အခု ဒီရုပ်ရှင်ထဲက လေတပ်ဘာသာပြန်သမားဟောင်း Reality Winner (နာမည်ရင်း) ကလည်း အဲဒီအမှုအတွက် သမိုင်းတစ်လျှောက်အရှည်ကြာဆုံးပြစ်ဒဏ် ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရပါတယ်။ 2016 တုန်းကဖြစ်သွားတဲ့ အချက်အလက်ပေါက်ကြားမှုအပေါ်အခြေခံရိုက်ကူးထားတာဖြစ်ပြီး အဲဒီအချိန်က ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာ‌တဲ့အချိန်မှာ ရွေးကောက်ပွဲကို ရုရှဟက်ကာတွေ ဝင်စွက်ဖက်တယ်ဆိုတဲ့သတင်းတွေကြောင့် ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တာ မှတ်မိကြမှာပါ။ တကယ်တမ်းလည်း ရုရှဟက်ကာတွေက စွက်ဖက်ခဲ့တာဖြစ်ပြီး Reality က အဲဒီသက်သေတွေကိုလူထုဆီဖွင့်ချဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့် FBI အေးဂျင့်တွေရဲ့ စစ်မေးပုံကိုတွေ့ရမှာဖြစ်ပြီး ဒီမိုကရေစီဘိုးအေဆိုတဲ့နိုင်ငံကြီးမှာတောင် သတင်းအမှောင်ချတဲ့ကိစ္စတွေရှိသေးတာကိုတွေ့ရမှာဖြစ်ပါတယ်။

Blade.Runner.2049(၂၀၁၇)

Joker [2019]

you & me & me (2023) ဒီကားလေးကတော့ ရိုးရိုးစင်းစင်းလေးပါပဲ ယူနဲ့မီက အမွှာညီအစ်မတွေပေါ့ တစ်ယောက်နဲ့ တစ်ယောက်လဲ အရမ်းချစ်ကြသတဲ့
+1
you & me & me (2023) ဒီကားလေးကတော့ ရိုးရိုးစင်းစင်းလေးပါပဲ ယူနဲ့မီက အမွှာညီအစ်မတွေပေါ့ တစ်ယောက်နဲ့ တစ်ယောက်လဲ အရမ်းချစ်ကြသတဲ့ ဒါပေမယ့်! ယူနဲ့မီ ရဲ့ မိဘတွေကအဆင်မပြေတာနဲ့ အဘွားအိမ်ကို ေရာက်လာကြပြီး ကောင်လေးတစ်ယောက်ထဲကို ချစ်မိကြတဲ့အခါမှာတော့..............................................................................................................................! ဇာတ်လမ်းကသိပ်မရှိဘူးဆိုပေမယ့် ရင်ထဲတစ်ခုခုကျန်ခဲ့စေမှာပါ ဆိုတော့ ကြည့်ရှုကြပါအုံးနော် (ကြည့်ပြီးရင် အမွှာတစ်ယောက်လိုချင်သွားလိမ့်မယ်🫶)

Blade Runner [1982]

Satan’s Slaves 2: Communion (2022) ပထမကားအရင်ကြည့်ကြနော် ဇာတ်လမ်းအကျဉ်းကတော့ မိခင်သေဆုံးပြီးတဲ့နောက်ပိုင်းမှာ RIni တို့မောင်န
+1
Satan’s Slaves 2: Communion (2022) ပထမကားအရင်ကြည့်ကြနော် ဇာတ်လမ်းအကျဉ်းကတော့ မိခင်သေဆုံးပြီးတဲ့နောက်ပိုင်းမှာ RIni တို့မောင်နှမတွေက အဖေနဲ့အတူတူ တိုက်ခန်းမှာနေကြပါတယ်။ တိုက်ခန်းမှာနေရတာ အဆင်ပြေတယ်လို့ တွေးနေကြပေမယ့် ဂျကာတာမြောက်ပိုင်းကို မုန်တိုင်းဝင်လာတဲ့တစ်နေ့မှာ သူတို့အမေရဲ့ အတိတ်ဆိုးကလည်း အဲဒီနေ့မှာပဲ သူတို့ဆီရောက်လာပါတယ်။ မုန်တိုင်းဝင်လို့ ရေတွေတက် မီးပျက်တဲ့ညမှာပဲ Rini တို့မောင်နှမတွေ သူ့မိဘတွေရဲ့ အတိတ်ဆိုးကနေ လွတ်အောင် ပြေးနိုင်ပါမလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုသွားကြပါနော်။

Transformers.Rise.of.the.Beasts.2023

Aseq 2023

Knights.of.the.Zodiac

Pulau.2023

Satan’s Slaves (2017) ဒီကားလေးဟာ 1983 ကာလကို အခြေခံရိုက်ကူးထားတာ ဖြစ်ပြီး Spoiler မပါတဲ့ ဇာတ်လမ်း အကျဉ်း အနေနဲ ့ကတော့ Rini ရဲ့ မိခင်ဟာ တစ်ချိန်က နာမည်ရ အဆိုတော် တစ်ယောက်ပါ။ သူမတို ့ မိသားစုလေးဟာ မြို ့ပြနဲ ့အလှမ်းဝေးတဲ့ မြို ့စွန် တစ်နေရာက အဖွားအိမ်မှာနေကြရင်း မကျန်းမာတဲ့ မိခင်ကို ပြုစုနေထိုင်ကြပါတယ်။ 21 နှစ်အရွယ် Rini ဟာ အကြီးပီပီ ကောလိပ် မှ ရပ်နားပြီး အိမ်မှာ မောင်ငယ် ၃ ယောက်နဲ ့မိခင်ကို ပြုစုရင်း မိသားစုအတွက် အနစ်နာ ခံခဲ့ပါတယ်။ သူမ မိခင်ဟာ ဖျားနာ နေတာ ၃ နှစ်ကျော် ကြာပြီဖြစ်ပြီး မည်သည့် ရောဂါ ကြောင့်ဆိုတာကိုလည်း ဆရာဝန်များက ရှာဖွေလို ့မတွေ ့နိုင်ကြပါဘူး။ မိခင် မသေဆုံးမီအချိန်မှာ သူမ မိခင် ရဲ့ ကြောက်ရွ ံ ့နေတဲ့ ထူးဆန်းတဲ့ အပြုအမူတွေကို Rini တို ့တွေ ့ခဲ့ရပါတယ်။ ဒီလို နဲ့ တစ်ညမှာ သူမ မိခင်ဟာ ထူးဆန်းဖွယ်ရာ ရုတ်တရက် ဆုံးပါးသွားပြီးနောက် သူမ ဖခင်ဟာလည်း မိသားစု အကြွေးတွေအတွက် အလုပ်လုပ်ဖို ့မြို ့ပြကို ထွက်ခွာသွားပါတယ်။ ဒီလိုနဲ ့နောက်ရက်တွေမှာ အိမ်မှာ ထူးဆန်းကြောက်ရွ ံ့ဘွယ်ရာ တွေ တစ်ဖြေးဖြေး ဖြစ်လာပြီး ရွာက ဆရာတော် ရဲ့ သားကလည်း သူမ တို ့အိမ်အပေါ်မှာ ဆုံးသွားပြီ ဖြစ်တဲ့ Rini ရဲ့ မိခင်ကို ဂါဝန်ဖြူ ခေါင်းပေါင်းဖြူတွေနဲ ့ (ပုံပါ) တွေ ့ရလို ့ဒီအိမ်ကနေ ထွက်သွားကြဖို ့ သတိပေးခဲ့ပေမယ့် မိသားစု ပြဿနာများနဲ ့ Rini က မဖြစ်နိုင်ကြောင်း ငြင်းဆိုခဲ့ ပါတယ်။ ဒီလို နဲ ့ ထိုနေ ့မှာဘဲ Rini စကားပြောအပြီး ပြန်အရောက်မှာ ရေတွင်းထဲမှာ သေဆုံးနေတဲ့ သူမရဲ့ အဖွားကို တွေ ့ခဲ့ရပြီး သူမ အဖွားမသေဆုံးမီအချိန်မှာ အဖွားရဲ့ အသိ လူတစ်ယောက်ဆီကို စာရေးထားခဲ့ပါတယ်။ ထိုစာကို Rini ကိုယ်တိုင် အိမ်တိုင်ရာရောက် သွားပို ့စဉ်မှာ မထင်မှတ်ထားတဲ့ သူမ မိခင် အကြောင်း နဲ ့ သူမ တို ့ကို သေရွာကို နတ်ဆိုးမှ လာခေါ်မယ်ဆိုတာကို ထို လူဆီမှ Rini ကြားလိုက်ရတဲ့ အချိန်မှာ ရုတ်တရက် သူမ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ ပါတယ်။ အံ့သြသင့်မှ ု ့တွေနဲ ့မယုံနိုင်တဲ့ Rini တစ်ယောက် ထို ကိစ္စကို ကြားအပြီး သူမရဲ့ အိမ်မှာ အရင်ကထက် ပိုဆိုးတဲ့ အရာတွေ ဖြစ်လာပါတော့တယ်။ ထို လူပြောတာတွေက အမှန်တွေလား။ ညတိုင်း သူမ တို ့ကို လာခြောက်လှန် ့နေတာကရော သူမ မိခင် ရဲ့ တစ္ဆေလား။ သူမမိခင်ဆိုရင် ဒီလောက်ထိ ဆိုးရွားတဲ့အရာကို သူမ သားသမီးတွေဆီမှာ ဘာကြောင့် လုပ်ရတာလဲ။ ထူးဆန်းတဲ့ လူကြီးပြောတာတွေက အမှန်တွေဆိုရင် သူမ တို ့ဘယ်လို အသက်လွတ်ကြမလဲ။

photo content
+1