Thukha Thuta - သုခသုတ
Open in Telegram
လူတိုင်း ကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်ပါသည်
Show more3 042
Subscribers
No data24 hours
-67 days
-4330 days
Posts Archive
💁🏻♀️ မိန်းကလေးတွေ အပျိုဖော်ဝင်တယ်ဆိုတာ ဘာကိုပြောတာလဲ
🙋🏻♀️ လူပျိုဖော်/ အပျိုဖော်ဝင်တယ်ဆိုတာ ကလေးဘဝကနေ တဖြည်းဖြည်းအသက်ကြီးလာရင်း ခန္ဓာကိုယ်ကသဘာဝအတိုင်း ပြောင်းလဲဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်တစ်ခုပါ။ ဒီလိုလက္ခဏာတွေကို မိန်းကလေးတွေက အသက် (၈)နှစ်မှ (၁၃)နှစ်ကြားမှာ စတင်ကြုံတွေ့ရတတ်ပါတယ်။မိန်းကလေးတွေမှာ အပျိုဖော်ဝင်တဲ့လက္ခဏာတွေက…
▫️ရင်သားတွေစတင်ကြီးလာမယ်
▫️တင်ပါးဆုံကားလာမယ်
▫️ဝက်ခြံနဲ့အဆီဖုလေးတွေထွက်လာမယ်
▫️ချိုင်းမွှေး/ ဆီးခုံမွှေးတွေပေါက်လာမယ်
▫️အရပ်ပိုရှည်လာမယ်
▫️အသံပြောင်းလာမယ်
▫️သားအိမ်နဲ့ သားဥအိမ်တွေကြီးထွားလာပြီး သားဥကြွေတာ၊ ရာသီလာတာတွေဖြစ်ပေါ်လာပါမယ်။
🍃 ဒီလိုရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေအပြင် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေလည်း ကြုံတွေ့ရတတ်ပါတယ်။ ရာသီစက်ဝန်းကို အီစထရိုဂျင်နှင့် ပရိုဂျက်စတီရုန်းလို့ခေါ်တဲ့ ဟော်မုန်းတွေက ထိန်းညှိပေးတာပါ။ ခန္ဓာကိုယ်က ဒီဟော်မုန်းတွေနဲ့ လိုက်လျောညီထွေဖြစ်ပြီး ပုံမှန်ဓမ္မတာစက်ဝန်းဖြစ်လာဖို့ အချိန်ယူရပါတယ်။ ဒါကြောင့် တချို့မိန်းကလေးတွေ အပျိုဖော်ဝင်ခါစမှာ ရာသီမမှန်တာ၊ သွေးဆင်းများတာ/နည်းတာလေးတွေလည်း ဖြစ်တတ်ပြီး ဒါကပုံမှန်ပါပဲ။ ရာသီသွေးဆင်းချိန်မှာ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ဖို့တော့ မမေ့ပါနဲ့နော်။
👋🏻 ဒီလိုမျိုး အပျိုဖော်ဝင်တဲ့အကြောင်းတွေ… ရာသီသွေးဆင်းတာတွေနဲ့ ပတ်သက်ပြီး ညီမလေးတို့ သိချင်တာရှိရင်လည်း page ရဲ့ messenger မှာ လာမေးလို့ရတယ်နော်။
————————————
ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ Thukha Thuta Facebook Page ကို Like and Follow ပြီး Telegram နဲ့ Viber Channel တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။
▫️Facebook page: https://www.facebook.com/thukhathuta2022/
▫️Telegram channel: https://t.me/thukhathuta
▫️Viber channel: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS
"လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်"
#ThukhaThuta #Menstruation #Period #MenstrualHygiene #Puberty
🔞 ညိုကီတို့အနေနဲ့ ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း ဝန်ခံဖို့ လိုအပ်နေပါပြီ…
🤔 တခါမှ ကိုယ့်ရဲ့ဖွားဖက်တော် ညီလေးကို စိတ်မဝင်စားဖူးတဲ့ ညိုကီတို့တော့ လောကမှာ ရှားပါးမယ် ထင်ပါတယ်။ လူပျိုဖော်ဝင်ပြီးတဲ့နောက်ပိုင်းမှာ ကိုယ်နဲ့ပါလာတဲ့ ညီလေးက အရပ်ထဲ/ ဘော်ဒါတွေကြားထဲမှာ ကြားဖူးတဲ့အရွယ်အစားအတိုင်း စံချိန်မှီ/မမှီကို တိတ်တဆိတ်အကဲခတ်တာမျိုးပေါ့။ မိမိခန္ဓာကိုယ်ရဲ့ ပြောင်းလဲလာတဲ့ဖြစ်စဉ်ကို စိတ်ဝင်တစားလေ့လာတာက ရှက်စရာတော့ မဟုတ်ပါဘူး။ ဒီလိုလေ့လာရင်း အများစုစိတ်ထဲမှာ နောက်ဆက်တွဲဖြစ်လာတတ်တာက ကိုယ့်ညီလေးရဲ့ အရပ် (အရှည်) နဲ့ အရွယ်အစား (လုံးပတ်) က ပုံမှန်ထပ် သေးများသေးနေလားလို့ တွေးမိတာမျိုးပါ။ ဒါပေမယ့် ဒီလိုအတွေးမျိုးဟာလည်း ယောကျ်ားလေးတိုင်း ပုံမှန်တွေးတတ်တဲ့ အရာတစ်ခုပါပဲ။
🛜 အင်တာနက်ပေါ်မှာတွေ့ရှိတဲ့ လေ့လာချက်တွေအရဆိုရင် မြန်မာနိုင်ငံမှာ အမျိုးသားတွေဟာ လိင်တံထောင်မတ်နေချိန်မှာ သူတို့ရဲ့လိင်တံအရှည်က ပျမ်းမျှ (၄)လက်မဝန်းကျင် ရှိိကြတယ်လို့ဆိုပါတယ်။ ဒါပေမယ့် တစ်ဦးနဲ့တစ်ဦးက ကွာခြားနိုင်ပြီး ကိုယ့်ရဲ့ ဆင်းသက်လာတဲ့လူမျိုး၊ နေထိုင်စားသောက်မှုတွေအပေါ်မှာ အများစုမူတည်ပါတယ်။
😎 ဒီလို အရှည်တို့/အရွယ်အစားတို့က အရေးကြီးလားဆိုရင်လည်း လုံးဝအရေးကြီးနေတာမျိုး မဟုတ်တာကို သတိပြုဖို့ ပြောပြပါရစေ။ ကိုယ့်ညီလေးရဲ့ ဖွံ့ဖြိုးမှုကိုအားမရလို့ ပြုပြင်ပြောင်းလဲတာတွေက အခန့်မသင့်ရင် ရှိပြီးသားအရွယ်အစားကို ထိခိုက်တာကနေ ကျန်းမာရေးဆိုးဆိုးရွားရွား ထိခိုက်တာအထိ ဖြစ်နိုင်ပါတယ်။
😇 ဒါကြောင့် ကိုယ့်ရဲ့ ညိုကီတို့ကို မှာချင်တာကတော့… ကိုယ့်ညီလေးရဲ့အနေအထားကို စိတ်ဝင်စားတာက ရှက်စရာမဟုတ်ဘူးဆိုတာရယ်… ဒီလိုအရှည်တို့/အရွယ်အစားတို့က လုံးဝအရေးကြီးနေတာမျိုး မဟုတ်ဘူးဆိုတာရယ်ပါ။ နဖူးတွေ့ ဒူးတွေ့ တိုက်ပွဲဝင်ရတဲ့အခါ ဗျူဟာကျကျ သိုင်းကစားတတ်ဖို့ကသာ ပိုပြီးအရေးကြီးပါကြောင်း…
(မှတ်ချက်။ ။ သိုင်းဆရာများ ကြွားဝါခြင်း သည်းခံပါ 😌)
————————————
ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ Thukha Thuta Facebook Page ကို Like and Follow ပြီး Telegram နဲ့ Viber Channel တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။
▫️Facebook page: https://www.facebook.com/thukhathuta2022/
▫️Telegram channel: https://t.me/thukhathuta
▫️Viber channel: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS
"လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်"
#ThukhaThuta #SRHR #MenHealth
🌧️ ကလေးကျန်းမာ မိုးရာသီအခါ
☔️ မိုးလေတဖြူးဖြူးနဲ့ စိုစွတ်တဲ့ ဒီလိုရာသီဥတုအချိန်အခါမှာ ကလေးတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး မေမေတို့ ဘာတွေဂရုစိုက်ပေးသင့်တာလဲဆိုတာ သိထားပြီးပြီလား❓
👦🏻 ကလေးတွေဟာ နုနယ်သေးတဲ့အတွက် ကိုယ်ခံအားနည်းပြီး ရောဂါကူးစက်နိုင်ခြေများပါတယ်။ အထူးသဖြင့် ဒီလိုမိုးရာသီမှာဆိုလျှင်…
💥 ဝမ်းပျက်ဝမ်းလျောရောဂါ
💥 ငှက်ဖျားရောဂါ
💥 သွေးလွန်တုပ်ကွေးရောဂါ
💥 အအေးမိတုပ်ကွေးရောဂါ
💥 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေနဲ့
💥 အရေပြားရောဂါတွေ အဖြစ်များတတ်ပါတယ်။
🙋🏻♀️ ဒါကြောင့် မိမိတို့ရဲ့ ကလေးငယ်လေးတွေကို
✅ ရေနဲ့ အစားအစာသန့်ရှင်းစေဖို့
✅ တစ်ကိုယ်ရည်သန့်ရှင်းစေဖို့
✅ ခြင်မကိုက်အောင်စေဖို့
✅ နွေးနွေးထွေးထွေးရှိနေစေဖို့ ဂရုစိုက်ရမယ့်အပြင်
✅ လိုအပ်တဲ့ကာကွယ်ဆေးထိုးနှံဖို့တွေပါ မမေ့မလျော့ပဲ ဆောင်ရွက်နိုင်ဖို့အတွက် သုခသုတမှ မေမေတို့ကို သတိပေးပါရစေနော်။
————————————
ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ Thukha Thuta Facebook Page ကို Like and Follow ပြီး Telegram နဲ့ Viber Channel တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။
▫️Facebook page: https://www.facebook.com/thukhathuta2022/
▫️Telegram channel: https://t.me/thukhathuta
▫️Viber channel: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS
"လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်"
#ThukhaThuta #RainyDays #RainySeason #ChildHealth #ChildCare
လူငယ်တွေကို ထိခိုက်နိုင်တဲ့အရာတွေက ဘာတွေများလဲ 💭
🧐 ကဲ… ညိုကီတို့ ပျိုမေတို့ရေ… ဒီနေ့ သုခသုတမှာ လူငယ်တွေကိုထိခိုက်နိုင်တဲ့ အရာသုံးခုကို အတူရှာကြည့်နိုင်ဖို့ word puzzle game လေးတစ်ခုစီစဉ်ထားတယ်နော်။ တကယ်တော့ ဒီအရာတွေက အရွယ်မရွေးထိခိုက်နိုင်တယ်ဆိုပင်မယ့် အသစ်အဆန်းတွေကို အမြဲစူးစမ်းလေ့လာချင်တဲ့ လူငယ်တွေကို ဒီနေ့မှာဦးစားပေးပြီး ဂိမ်းလေးဆော့ကြည့်လိုက်ကြရအောင်။
✅ အဖြေရှာပြီး comment မှာမန့်ပေးခဲ့နော်။ (⛔️ Notice: မမ လို့ဖြေရင်တော့ စိတ်ဆိုးပါမယ်)
————————————
ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ Thukha Thuta Facebook Page ကို Like and Follow ပြီး Telegram နဲ့ Viber Channel တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။
▫️Facebook page: https://www.facebook.com/thukhathuta2022/
▫️Telegram channel: https://t.me/thukhathuta
▫️Viber channel: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS
"လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်"
#ThukhaThuta #Youth #SRHR
🦠ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ဖို့ တစ်ကိုယ်ရည်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာသင့်သလို…
သံသယဖြစ်ဖွယ် ရောဂါလက္ခဏာတွေဖြစ်တဲ့
💥 ဖျားခြင်း
💥 နှာချေခြင်း
💥 ချောင်းဆိုးခြင်း
💥 လည်ချောင်းနာခြင်း
💥 ကိုယ်လက်ကိုက်ခဲခြင်း
💥 အသက်ရှူရခက်ခဲခြင်း တို့ကိုခံစားရပါက နီးစပ်ရာဆေးရုံ/ ဆေးခန်းမှာ စနစ်တကျဆေးကုသမှု ခံယူသင့်ပါတယ်။ ကိုဗစ်-၁၉ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ်မှ ဒေသတွင်းပုံမှန်ကူးစက်ဖြစ်ပွါးတဲ့ ရောဂါအဖြစ်သို့ ပြောင်းလဲသတ်မှတ်ထားတာကြောင့် အလွန်အမင်းစိုးရိမ်ဖို့ မလိုအပ်ပင်မယ့် ကြိုတင်ကာကွယ်ခြင်းဖြင့် သတိပြုလိုက်နာပေးပါနော်။
————————————
ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ Thukha Thuta Facebook Page ကို Like and Follow ပြီး Telegram နဲ့ Viber Channel တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။
▫️Facebook page: https://www.facebook.com/thukhathuta2022/
▫️Telegram channel: https://t.me/thukhathuta
▫️Viber channel: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS
"လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်"
#ThukhaThuta #COVID19 #COVIDPrevention
💁🏻♀️ ပျိုမေတို့အတွက် ရာသီချိန်ခါ ဆောင်ရွက်စရာလေးတွေက ဘာများဖြစ်မလဲ…
🩸ဓမ္မတာစက်ဝန်းရဲ့ သဘာဝဖြစ်စဉ်တစ်ခုဖြစ်တဲ့ ရာသီလာချိန်မှာ အမျိုးသမီးတိုင်း မိမိကိုယ်ကိုဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ဒီနေ့မှာတော့ သုခသုတမှ ပျိုမေတို့အတွက် ရာသီလာချိန်မှာ ကျန်းမာရေးနဲ့ညီညွတ်စေဖို့အပြင် နာကျင်ကိုက်ခဲတဲ့ဝေဒနာတွေကနေ သက်သာစေနိုင်ဖို့ နည်းလမ်းကောင်းလေးတွေ မျှဝေပေးမယ်နော်။
🌸 လစဉ်သုံးပစ္စည်းတွေကို (၄)နာရီမှ (၆)နာရီကြား ပုံမှန်လဲပေးပါ။
🌸 တစ်ကိုယ်ရည်သန့်ရှင်းရေး ပြုလုပ်ပါ။
🌸 အစာအာဟာရ ပြည့်စုံမျှတအောင်စားပေးပါ။
🌸 ရေဓာတ်ပြည့်ဝအောင်နေပါ။
🌸 သက်တောင့်သက်သာရှိတဲ့ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။ (ယောဂကျင့်ခြင်း/အကြောလျော့ခြင်း/လမ်းလျှောက်ခြင်း)
🌸 အိပ်ရေးဝဝအိပ်ပါ။
🌸 ကိုက်ခဲနာကျင်ခြင်းများအတွက် အကိုက်အခဲပျောက်ဆေး သို့မဟုတ် ရေနွေးအိတ်ကပ်ပေးပါ။
————————————
ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ Thukha Thuta Facebook Page ကို Like and Follow ပြီး Telegram နဲ့ Viber Channel တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။
▫️Facebook page: https://www.facebook.com/thukhathuta2022/
▫️Telegram channel: https://t.me/thukhathuta
▫️Viber channel: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS
"လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်"
#ThukhaThuta #Menstruation #Period #MenstrualHygiene
⚠️ ဒီလိုအခြေအနေတွေမှာရှိနေလျှင် ကိုယ်ဝန်ဆောင်ဆီးချိုရောဂါကို သတိပြုပါ
🤔 “အရင်ကဆီးချိုရောဂါမရှိဘူး… ကိုယ်ဝန်ဆောင်တော့မှ ဆီးချိုဖြစ်လာတယ်” ဆိုတာမျိုး ကြားဖူးမယ်ထင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ခန္ဓာကိုယ်ကထွက်လာတဲ့ ဟော်မုန်းတချို့ကြောင့် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတဲ့ အင်ဆူလင်ဟော်မုန်းရဲ့ လုပ်ဆောင်မှုတွေ ကမောက်ကမဖြစ်ပြီး ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုကာလမှာ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ရှိ/မရှိကိုပါ ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကြရပါတယ်။
☝🏼ရောဂါရှိကြောင်းအဖြေထွက်လျှင်လည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေ စားသုံးခြင်း၊ သင့်တင့်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေ၊ ဆေးဝါးကုသမှုတွေနဲ့ ဆီးချိုကို ကောင်းမွန်စွာထိန်းချုပ်နိုင်ပါတယ်။ တကယ်လို့ ဆီးချိုကိုမထိန်းချုပ်နိုင်ခဲ့ဘူးဆိုရင်တော့ မိခင်ရော ကလေးအတွက်ပါ နောက်ဆက်တွဲကျန်းမာရေးပြဿနာလေးတွေဖြစ်နိုင်ပါတယ်။
🤱🏻များသောအားဖြင့် ကလေးမွေးဖွားပြီးနောက်ပိုင်းမှာ သွေးတွင်းသကြားဓာတ်ဟာ ပုံမှန်ပြန်ရောက်ပင်မယ့် ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ခံစားရဖူးတယ်ဆိုလျှင် မိခင်မှာ အမျိုးအစား(၂)-ဆီးချိုရောဂါ နောက်ဆက်တွဲဖြစ်နိုင်ချေ ပိုမိုမြင့်မားတဲ့အတွက် မိခင်အနေနဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သင့်ပါတယ်။
📝 ဘယ်လိုအခြေအနေတွေမှာရှိနေလျှင် ကိုယ်ဝန်ဆောင်ဆီးချိုရောဂါကို သတိပြုသင့်သလဲဆိုတာ အောက်ကပုံလေးတွေမှာ လေ့လာကြည့်လိုက်ရအောင်။
————————————
ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ Thukha Thuta Facebook Page ကို Like and Follow ပြီး Telegram နဲ့ Viber Channel တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။
▫️Facebook page: https://www.facebook.com/thukhathuta2022/
▫️Telegram channel: https://t.me/thukhathuta
▫️Viber channel: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS
"လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်"
#ThukhaThuta #GestationalDiabetes #DM #Pregnancy #AntenatalCare #ANcare
🦠 ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ဖို့ ဘာတွေလိုက်နာဆောင်ရွက်သင့်လဲ⁉️
⚠️ နေ့စဉ်လှုပ်ရှားသွားလာနေရသူတွေအတွက် က်ိုဗစ်ရောဂါပိုးကာကွယ်နိုင်ဖို့ ထိရောက်နေဆဲဖြစ်တဲ့ အချက်လေးတွေကို ပုံမှာဖော်ပြပေးထားပါတယ်။ ဒီလိုတစ်ကိုယ်ရည်ကာကွယ်ရေးနည်းလမ်းလေးတွေကို အမြဲလိုက်နာဆောင်ရွက်ပေးဖို့လည်း လိုအပ်မယ်နော်။ မိမိကစ ကာကွယ်နိုင်ဖို့ သုခသုတမှ မမေ့မလျော့ရအောင် သတိပေးပါရစေ။
————————————
ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ Thukha Thuta Facebook Page ကို Like and Follow ပြီး Telegram နဲ့ Viber Channel တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။
▫️Facebook page: https://www.facebook.com/thukhathuta2022/
▫️Telegram channel: https://t.me/thukhathuta
▫️Viber channel: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS
"လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်"
#ThukhaThuta #COVID19 #COVIDPrevention
🥄 ဇွန်းနှစ်ချောင်းပဲ တပ်စားမှာလား…
🏗️ ကရိန်းနှစ်ချောင်းနဲ့ပဲ တူးတော့မှာလား…
🤯 Fantasy လောကကြီးထဲ ခြေစုံပစ်ဝင်မှာဆိုရင်တော့ ဒီသုံးချက်ကို အခြေခံစဉ်းစားပါနော်။ အဲ့ဒါကတော့…
✨ Communication
✨ Consent နဲ့
✨ Safety ပဲဖြစ်ပါတယ်။
🗣️ Communication နဲ့ Consent အဆင်ပြေလို့ ဂိမ်းတော့မယ်… ဂျိမ်းတော့မယ်ဆိုရင်တောင် Safety ဖြစ်တဲ့ Safe sex ဖြစ်ဖို့ကလည်း လိုအပ်တယ်ဆိုတာ မမေ့ပါနဲ့နော်။
⚠️ Safe sex ဆိုတာ မရည်ရွယ်ပဲ ကိုယ်ဝန်မရဖို့အပြင် လိင်ကတစ်ဆင့် ကူးစက်ရောဂါတွေမရအောင် ကာကွယ်နိုင်ဖို့လည်း ပါဝင်ပါတယ်။ အဲ့ဒီတော့…. ဇွန်းနှစ်ချောင်းပဲတပ်စားမှာလား… ကရိန်းနှစ်ချောင်းနဲ့ပဲ တူးတော့မှာလား… ဘယ်လိုပဲ ဂျိန်း..ဂျိန်း…. Safe ဖြစ်ဖို့ကတော့ Main ဆိုတာ……. 🚧
(🚨 နားမလည်သူ အင်နိုးဆန့်များ messenger မှာ လာမေးပါရန်)
————————————
“နေ” လူထုကျန်းမာရေး (SCH) နှင့်အတူ ငလျင်ဘေးသင့်ပြည်သူများအတွက် အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုများ၊ အသက်ကယ်ပစ္စည်းများနှင့် လိုအပ်နေသူများထံ ကျန်းမာရေးအကူအညီများ ရောက်ရှိစေနိုင်ဖို့ ယခုပဲ ပါဝင်ကူညီလိုက်ပါ။
👉 ပါဝင်ပံ့ပိုးကူညီရန် - https://schmyanmar.org/donation/
👉 KBZPay မှတဆင့် ပံ့ပိုးကူညီရန် - https://kbzpay.co/4hXEC9B
#ThukhaThuta #SRHR #SexualHealth #ReproductiveHealth
🧐 Emoji လေးတွေ အဖြေရှာပေး
🙋🏻♀️ ဒီနေ့မှာလည်း Emoji လေးတွေကို အဖြေရှာပေးပါဦး။ သုခသုတရဲ့ ပရိသတ်တွေက quiz မေးလိုက်တိုင်း မြန်မြန်ဆန်ဆန်နဲ့ အဖြေမှန်လွန်းနေတော့ တော်တော်လေးစဉ်းစားပြီး မေးခွန်းထုတ်နေရပါပြီ။
🤩 ဒီတစ်ခါတော့ သားဆက်ခြားနည်းလမ်းလေး တစ်ခုအကြောင်းကို မေးထားတာဖြစ်ပါတယ်။ အဖြေမှန်ရှာပြီး comment မန့်ပေးခဲ့ပါဦးနော်။
#ဗဟုသုတ sharing is caring! 😎
————————————
“နေ” လူထုကျန်းမာရေး (SCH) နှင့်အတူ ငလျင်ဘေးသင့်ပြည်သူများအတွက် အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုများ၊ အသက်ကယ်ပစ္စည်းများနှင့် လိုအပ်နေသူများထံ ကျန်းမာရေးအကူအညီများ ရောက်ရှိစေနိုင်ဖို့ ယခုပဲ ပါဝင်ကူညီလိုက်ပါ။
👉 ပါဝင်ပံ့ပိုးကူညီရန် - https://schmyanmar.org/donation/
👉 KBZPay မှတဆင့် ပံ့ပိုးကူညီရန် - https://kbzpay.co/4hXEC9B
#ThukhaThuta #SRHR #ContraceptiveMethods #Contraception