en
Feedback
Thukha Thuta - သုခသုတ

Thukha Thuta - သုခသုတ

Open in Telegram

လူတိုင်း ကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်ပါသည်

Show more
3 042
Subscribers
No data24 hours
-67 days
-4330 days
Posts Archive
💜 သဘာဝကပေးတဲ့ ကာကွယ်ဆေး 🤱🏻 မိခင်နို့ရည်ဟာ ကလေးငယ်အတွက် သဘာဝကပေးတဲ့ ကာကွယ်ဆေးတစ်ခုဆိုတာ သိထားပြီးပြီလား❔ 💟 မိခင်နို့ရည်မှာ မွေးကင်းစကလေးငယ်တွေအတွက် လုံလောက်ပြည့်ဝတဲ့ အာဟာရဓာတ်တွေသာမက ရောဂါပိုးမွှားတွေကိုကာကွယ်ပေးနိုင်မယ့် ပဋိပစ္စည်း (Antibodies)တွေ အများအပြားပါဝင်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းကြောင့် ကလေးငယ်များဟာ ကိုယ်ခံအားစနစ် ကောင်းမွန်စွာဖွံ့ဖြိုးပြီး ကျန်းမာစွာကြီးပြင်းလာနိုင်ပါတယ်။ ဒီလိုအကျိုးကျေးဇူးတွေကြောင့် ကလေးအသက်(၆)လအထိ မိခင်နို့တစ်မျိုးတည်းသာတိုက်ကျွေးဖို့ သုခသုတမှတိုက်တွန်းလိုက်ပါရစေ။ ———————————— ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ 𝗧𝗵𝘂𝗸𝗵𝗮 𝗧𝗵𝘂𝘁𝗮 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 ကို Like and Follow ပြီး 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 နဲ့ 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။ ▫️ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸: https://www.facebook.com/thukhathuta2022/ ▫️ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/thukhathuta ▫️ 𝗩𝗶𝗯𝗲𝗿: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS "လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်" #ThukhaThuta #WorldBreastfeedingWeek2025 #breastfeeding #BreastfeedingSupport

🙌🏼 ညီ.. ညီမလေးတို့ကို ဒီနေ့ ကိုသုတပြောပြပေးချင်တာကတော့ အသည်းရောင်ဗိုင်းရပ်စ်ရောဂါပိုးတွေနဲ့ သူတို့ရဲ့ ကူးစက်ပုံအကြောင်းပါ။ 🦠 အသည်းရောင်ဗိုင်းရပ်စ်ရောဂါပိုး A, B, C, D, E တွေကြောင့် အသည်းရောင်ရောဂါ ဖြစ်စေနိုင်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုး (၅)မျိုးဟာ နည်းလမ်းအမျိုးမျိုးနဲ့ ကူးစက်နိုင်ပါတယ်။ လေ့လာကြည့်လိုက်ရအောင်။ 👉🏻 အသည်းရောင်ဗိုင်းရပ်စ်ရောဂါပိုး A - မသန့်ရှင်းတဲ့ အစားအစာနဲ့ရေသောက်သုံးခြင်း၊ ရောဂါပိုးရှိသူနဲ့ အနီးကပ်ထိတွေ့ခြင်း (လိင်ဆက်ဆံခြင်း) 👉🏻 အသည်းရောင်ဗိုင်းရပ်စ်ရောဂါပိုး B - အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်မျှဝေသုံးစွဲခြင်း၊ ရောဂါပိုးရှိတဲ့ မိခင်မှ ကလေးသို့ ကူးစက်ခြင်း၊ သွေး၊ ခန္ဓာကိုယ်မှထွက်တဲ့အရည်များမှတစ်ဆင့် ကူးစက်ခြင်း 👉🏻 အသည်းရောင်ဗိုင်းရပ်စ်ရောဂါပိုး C - ရောဂါပိုးရှိတဲ့ သွေးမှတစ်ဆင့် အဓိကကူးစက်ပြီး ဆေးထိုးအပ်မျှဝေသုံးစွဲခြင်း၊ ရောဂါပိုးရှိတဲ့ မိခင်မှ ကလေးသို့ ကူးစက်ခြင်း၊ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းတို့မှတစ်ဆင့် ကူးစက်ခြင်း 👉🏻 အသည်းရောင်ဗိုင်းရပ်စ်ရောဂါပိုး D - အသည်းရောင်ဗိုင်းရပ်စ်ရောဂါပိုး B ကူးစက်ခံထားရသူတွေပဲ ကူးစက်ခံရနိုင်ပြီး ကူးစက်ပုံက အသည်းရောင်ဗိုင်းရပ်စ်ရောဂါပိုး B နဲ့တူညီပါတယ်။ 👉🏻 အသည်းရောင်ဗိုင်းရပ်စ်ရောဂါပိုး E - မသန့်ရှင်းတဲ့ အစားအစာနဲ့ရေသောက်သုံးခြင်း 🤕 ဗိုင်းရပ်စ်ပိုး A နဲ့ E ဟာ များသောအားဖြင့် ကူးစက်ခံရရင် ရောဂါမပြင်းထန်ပဲ ပျောက်ကင်းသက်သာနိုင်ပင်မယ့် B,C နဲ့ D ကတော့ နာတာရှည်အသည်းရောင်တာ၊ အသည်းထိခိုက်ပျက်စီးတာ၊ အသည်းကင်ဆာဖြစ်တာတွေအထိ အန္တရာယ်ရှိတာကြောင့် ရောဂါကူးစက်ခံရရင် စနစ်တကျကုသဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ်ပိုး B နဲ့ D ကို ကာကွယ်ဆေးထိုးနှံ ကာကွယ်နိုင်ပြီး C အတွက်တော့ ကာကွယ်ဆေးမရှိပင်မယ့် စနစ်တကျ ကုသမယ်ဆိုရင် ရောဂါပျောက်ကင်းနိုင်ပါတယ်။ ဒီရောဂါပိုးတွေဟာ လိင်ကတစ်ဆင့်ကူးစက်နိုင်တဲ့ ရောဂါပိုးတွေဖြစ်တာကိုလည်း သတိပြုပါနော်။ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းက ရောဂါပိုးကူးစက်ခဲ့မယ်ဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။ ✌🏼ကဲ… အသည်းရောင်ဗိုင်းရပ်စ်ရောဂါပိုးတွေ အကြောင်း သိရှိပြီးပြီဆိုတော့ ကိုသုတတို့အနေနဲ့ ရောဂါမကူးစက်အောင် ကျန်းမာရေးအသိနဲ့ ကာကွယ်ရင်း အခြားသူတွေကိုလည်း အသိပညာတွေ မျှဝေလိုက်ရအောင်။ ———————————— ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ 𝗧𝗵𝘂𝗸𝗵𝗮 𝗧𝗵𝘂𝘁𝗮 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 ကို Like and Follow ပြီး 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 နဲ့ 𝗩𝗶𝗯𝗲𝗿 𝗖𝗵𝗮𝗻𝗻𝗲𝗹 တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။ ▫️ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸: https://www.facebook.com/thukhathuta2022/ ▫️ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺: https://t.me/thukhathuta ▫️ 𝗩𝗶𝗯𝗲𝗿: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS "လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်" #ThukhaThuta #HepatitisVirus #HepatitisAwareness #Youth #UnprotectedSex #STI

☔️ မိုးရာသီနဲ့ ကိုယ်ဝန်ဆောင်အာဟာရ သိထားသင့်သမျှ… 🤰🏻ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရရှိအောင် စားသောက်ရတယ်ဆိုပင်မယ့် အစားအစာ စားသောက်ရာမှာ မေမေတို့ သတိထားဖို့ လိုအပ်တာလေးတွေရှိပါတယ်။ အထူးသဖြင့် ဒီလိုသန့်ရှင်းမှုအားနည်းတဲ့ မိုးရာသီအချိန်မျိုးမှာ ပိုပြီးဂရုစိုက်ပေးသင့်ပါတယ်။ 👉🏻 သန့်ရှင်းမှုအားနည်းတဲ့ လမ်းဘေးစာတွေကို ရှောင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ် အားနည်းနေတာကြောင့် အစာအဆိပ်သင့်ခြင်း၊ အစာမကြေခြင်းတွေ ပိုမိုဖြစ်စေနိုင်ပါတယ်။ 👉🏻 အသားစိမ်း၊ ငါးစိမ်း၊ မကျက်တကျက်ပြင်ဆင်ထားတဲ့ အစားအစာတွေမှာလည်း ဘက်တီးရီးယားပိုးမွှားတွေ ကူးစက်လွယ်လို့ မစားသင့်ပါဘူး။ 👉🏻 ဟင်းသီးဟင်းရွက်တွေကိုလည်း အစိမ်းစားခြင်းထပ် သန့်ရှင်းစွာ ပူပူနွေးနွေးချက်ပြုတ်စားသောက်ခြင်းက ပိုမိုကောင်းမွန်ပါတယ်။ အသီးအနှံတွေကိုလည်း မစားသုံးမီ သေချာဆေးကြောသန့်စင်ဖို့ အရေးကြီးပါတယ်။ 💜 ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝဖို့ အစုံစားသောက်သင့်ပင်မယ့် ဒီလိုအချက်လေးတွေကို လိုက်နာပြီး မေမေတို့ကိုယ်တိုင်ရော ဗိုက်ထဲကဘေဘီလေးပါ ကျန်းမာစေဖို့ သေချာဂရုစိုက် ရွေးချယ်စားသောက်ကြပါစို့နော်။ ———————————— ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ Thukha Thuta Facebook Page ကို Like and Follow ပြီး Telegram နဲ့ Viber Channel တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။ ▫️Facebook page: https://www.facebook.com/thukhathuta2022/ ▫️Telegram channel: https://t.me/thukhathuta ▫️Viber channel: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS "လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်" #ThukhaThuta #RainyDays #RainySeason #PregnancyNutrition #AntenatalCare #MaternalHealth

💁🏻‍♂️ ဒီနေ့ကတော့ ပေါ့ပေါ့ပါးပါး ကိုသုခတို့ ဘော်ဒါ ဂေါင်းGyi အကြောင်း ပြောပြမလို့ပါ။ 🧐 ဒီဘဲကြီးက ကိုသုခတို့ထက် အသက်နည်းနည်းကြီးပြီ။ ၃၀ ကျော်ပေါ့။ ရုပ်ခံကတော့ ဂေါ့ဖားသားထဲက ဒွန်တွေလို ဖြောင့်ဖြောင့်ပဲ။ Fashion အကြိုက်ကတော့ vintage မှ vintage။ ပိုက်ဆံပေါပင်မယ့် ပတ်တဲ့နာရီကိုက အသက်။ သူပြောတာတော့ အကာထက် အနှစ်ကမှ စိမ့်စိမ့်လေးနဲ့ အရသာရှိပြီး အထာကျတာဆိုပဲ။ ဖက်ရှင်ကို ဒီလိုအမြင်တွေရှိသလို love life မှာဆိုရင်တော့ ဒီလူက အချစ်ကို မျိုးစုံကိုးကွယ်သူ။ မြင်မြင်ချင်း ချစ်တာတွေအသာထား.. သူကတော့ မမြင်သေးခင်တည်းက ချစ်မိတတ်သူတစ်ယောက်။ သူ့နှလုံးသားလေးက အချစ်ရေးမှာ နားရတယ်ကို မရှိဘူးတဲ့။ 🥴 🍾 ပါတီ၊ ကလပ် အလွန်တက်ပြီး အချစ်ကိုမျိုးစုံကိုးကွယ်နေပင်မယ့် ဒီလူကသတိလက်တော့ ဘယ်တော့မှမလွတ်တတ်သူ။ ပျော်ပျော်နေတတ်ပင်မယ့် သူ့ limit တော့သူသိတယ်။ နောက်တစ်ခု လေးစားစရာရှိသေးတယ်။ ကိုယ်တွေဘော်ဒါတွေကြားထဲမှာတော့ သူ့ကို ပရော်ဖက်ဆာဘွဲ့ပေးထားရတာ။ ဘယ် ဘာသာမှာ ပရော်ဖက်ဆာဖြစ်နေလဲဆိုတော့ ကွန်ဒုံး ဘာသာမှာ။ ကွန်ဒုံးနဲ့ပတ်သက်လို့ ဘယ်ဘရန်းက ဘယ်စျေး ဘယ်ပုံစံ ဘယ်အရသာ ဘယ်အမျိုးအစားရတာ သူအကုန်သိသလို ဘယ်ပဲသွားသွား သူ့စီမှာအမြဲ တစ်ခု အပိုပါတတ်သေးတယ်။ အဲ့တော့ ကွန်ဒုံးအကြောင်းသိချင်တာ/ လိုအပ်တာရှိရင် သူကိုပဲ ကပ်တိုးလေးမေးရတဲ့အထိ ဆျာကျနေတဲ့ ပရော်ဖက်ဆာကြီးပေါ့။ သူ့ကို နာမည်တောင်ပေးထားသေးတယ်.. ခေတ်မီမီ Condomico Gaungdrico လို့။ အီတာလျံ vibe လေးပေါ့။ 🇮🇹 🤦🏻‍♂️ အဲ့လို အထာကျနေပင်မယ့် တစ်ခုတော့ရှိတယ်။ ဒီလူက ခေတ်ဆန်ဆန် ပါတီ၊ ကလပ်တက်နေပင်မယ့် ဘယ်လောက် vintage လဲဆိုရင် ပုဆိုးကြီးနဲ့ ရောက်ရောက်လာတတ်တာ။ ပုံကိုသာကြည့်။ Dress code နဲ့ ပတ်သက်ရင် အဲ့ပုဆိုးကိစ္စတော့ တော်တော် ပြောယူရတယ်။ အဲ့တစ်ခုကလွဲရင်တော့ ဒီလူကြီးက ကျန်းမာရေးအသိနဲ့ ဘယ်တော့မှ သတိလက်လွတ်မဖြစ်အောင် ထိန်းတတ်တာလေးတော့ အတုယူရပါတယ်။ ပရော်ဖက်ဆာ ကွန်ဒိုမီကို ဂေါင်ဒရီကို ပြောတာကတော့ ပျော်ချင်ပျော် မပျက်စေနဲ့ဆိုပဲ။ ✌🏼 🙌🏼 ကဲ.. သူငယ်ချင်းတို့ထဲမှာရော အဲ့လို အထာကျနေသူတွေရှိလား.. mention ခေါ်ပြီး အသိအမှတ်ပြုလိုက်ကြရအောင်။ ———————————— ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ Thukha Thuta Facebook Page ကို Like and Follow ပြီး Telegram နဲ့ Viber Channel တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။ ▫️Facebook page: https://www.facebook.com/thukhathuta2022/ ▫️Telegram channel: https://t.me/thukhathuta ▫️Viber channel: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS "လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်" #ThukhaThuta #Youth #Condom #SafeSex #RegularBloodTesting #HIV #STI

🦟 ခြင်မကိုက်ဖို့ ကာကွယ်ကြစို့ ⛈️ မေမေတို့ရေ... မိုးရာသီရောက်လာတာနဲ့အမျှခြင်တွေလည်း အရမ်းများလာပြီနော်။ ဒီရာသီမှာ ကိုယ်ဝန်ဆောင်မေမေတို့အတွက် ခြင်ကိုက်မခံရအောင် အထူးဂရုစိုက်ဖို့လည်း လိုအပ်ပါတယ်။ ဘာကြောင့်လဲ❓ 😥 ခြင်ကိုက်ခံရရင် ကူးစက်တတ်တဲ့ ရောဂါတွေက မေမေရော ဗိုက်ထဲက သားသားမီးမီးလေးတွေကိုပါ ကျန်းမာရေးထိခိုက်တာတွေ ဖြစ်စေနိုင်လို့ပါ။ အဖြစ်များဆုံး ခြင်ကြောင့်ဖြစ်တဲ့ ရောဂါတွေကတော့… 💥 သွေးလွန်တုပ်ကွေးရောဂါ 💥 ငှက်ဖျားရောဂါ 💥 ဆင်တုပ်ကွေးရောဂါ 💥 ဇီကာရောဂါတွေ ဖြစ်ပါတယ်။ 😟 ဒီရောဂါတွေက မေမေ့ကိုရော ဗိုက်ထဲက ဘေဘီလေးကိုပါ ထိခိုက်စေနိုင်တာမို့ အန္တရာယ်ရှိပါတယ်။ ဥပမာ - လမစေ့ဘဲ မွေးတာ၊ ကလေးအလေးချိန်မပြည့်တာ၊ ကလေးမှာ ကိုယ်အင်္ဂါချို့ယွင်းတာ၊ မေမေမှာ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေဖြစ်တာ စတာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုမျိုး ခြင်တွေပေါများတဲ့ မိုးရာသီမှာ ကိုယ်ဝန်ဆောင်မေမေတို့ နေ့ရောညပါ ခြင်ကိုက်မခံရအောင် အထူးဂရုစိုက်ကြပါစို့နော်…👇 ➡️ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် စတဲ့လုံခြုံတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။ ➡️ နေ့/ည မရွေးအိပ်တဲ့အခါ ခြင်ထောင်နဲ့အိပ်ပါ။ ➡️ သင့်လျော်တဲ့ ခြင်ဆေးလူးပါ/ ဖျန်းပါ။ ➡️ အိမ်ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုစိုက်ပါ။ (ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခတ်၊ လောင်း၊ ထောင်၊ မြှုပ်၊ ဖွင့်၊ ရှင်း၊ ထည့် စတဲ့ နည်းလမ်းများကို ဆောင်ရွက်ပါ။) ➡️ ဖျားနာလက္ခဏာ ခံစားရလျှင် ဆရာဝန်နဲ့အမြန်ပြသပါ။ ———————————— ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ Thukha Thuta Facebook Page ကို Like and Follow ပြီး Telegram နဲ့ Viber Channel တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။ ▫️Facebook page: https://www.facebook.com/thukhathuta2022/ ▫️Telegram channel: https://t.me/thukhathuta ▫️Viber channel: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS "လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်" #ThukhaThuta #RainyDays #RainySeason #MosquitoBite #Dengue #Malaria #Chikungunya #Zika #Pregnancy #AntenatalCare

🌊 ရေကြီးရေလျှံ အန္တရာယ် ကြိုတင်ပြင်ဆင် ကာကွယ်ကြမယ်… ☔️ မုတ်သုံရာသီမှာအဖြစ်များတဲ့ ရေကြီးရေလျှံခြင်းဟာ ကျန်းမာရေးသာမက လူမှုစီးပွါးရေးကိုပါ ထိခိုက်ပျက်စီးစေနိုင်တဲ့ သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းနိုင်စေရန် (အထူးသဖြင့်) ရေကြီးရေလျှံလေ့ရှိတဲ့ အရပ်ဒေသများမှာ နေထိုင်သူများအတွက် အောက်ဖော်ပြပါ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားကြဖို့ သုခသုတမှ တိုက်တွန်းလိုက်ပါရစေ။ ⛑️ ရှေးဦးသူနာပြုဆေးသေတ္တာကို ပြင်ဆင်ထားပါ။ မရှိမဖြစ်လိုအပ်သောဆေးဝါးများ၊ သောက်နေကြဆေးဝါးများ ပါဝင်ပါစေ။ 📑 အဖိုးတန်ပစ္စည်းများ၊ အရေးကြီးစာရွက်စာတမ်းများ၊ သက်သေခံကဒ်များနှင့် နိုင်ငံကူးလက်မှတ်၊ ဘဏ်စာအုပ်၊ ပိုင်ဆိုင်မှုစာချုပ်စာတမ်း စသည်တို့ကို ရေစိုခံအိတ်အတွင်း ထည့်သွင်းသိမ်းဆည်းထားပါ။ 🔦 လက်နှိပ်ဓာတ်မီး၊ ရေဒီယို၊ ခြောက်သွေ့သောအဝတ်အစား၊ အစားအစာ၊ သောက်ရေသန့်၊ ကလိုရင်းဆေးပြား စသည်တို့ကိုလည်း ရေစိုခံအိတ်အတွင်း ထည့်သွင်းသိမ်းဆည်းထားပါ။ 🔋 အရေးပေါ်ဆက်သွယ်ရန် ဖုန်းနံပါတ်များ၊ ဖုန်းနှင့် အားသွင်းကြိုး၊ Power bank စသည်တို့ကို အသင့်ပြင်ဆင်ထားပါ။ ⛈️ မိုးလေဝသခန့်မှန်းချက်များ၊ မြစ်ရေကြီးခြင်းသတိပေးချက်များကို အမြဲမပြတ်သတိရှိပါ။ 📢 သက်ဆိုင်ရာမှ သတိပေးကြေညာချက်များ ရရှိပါက ဘေးကင်းရာသို့ အမြန်ရွေ့ပြောင်းနိုင်ရန် မိသားစုနှင့် ကြိုတင်ပြင်ဆင်ထားပါ။ #ThukhaThuta #Flood #NaturalDisaster #Health #Emergency #Monsoon

☝🏼တစ် ထက်ပိုလို့ နှစ် သုံး လေး ငါး ဆျာကျအောင် များလာခဲ့ပြီဆိုရင်တော့…. 💥သွေးစစ်ပါ 💥သွေးစစ်ပါ 💥သွေးစစ်ပါ 🙌🏼 ပုံမှန်သွေးစစ်ဆေးခြင်းက HIV နဲ့ လိင်ကတစ်ဆင့်ကူးစက်ရောဂါတွေရှိ/မရှိကို သိရှိနိုင်ပါတယ်။ smart ကျကျ ဂေါ်ချင်တယ်ဆိုရင်တော့ အဖော် (ကွန်ဒုံး) အသုံးပြုဖို့လည်း လုံးဝ လုံးဝ မမေ့ရဘူးနော်။ (ပုံမှာ ထူးခြားချက်ကိုရှာပါ။) ———————————— ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ Thukha Thuta Facebook Page ကို Like and Follow ပြီး Telegram နဲ့ Viber Channel တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။ ▫️Facebook page: https://www.facebook.com/thukhathuta2022/ ▫️Telegram channel: https://t.me/thukhathuta ▫️Viber channel: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS "လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်" #ThukhaThuta #Youth #Condom #SafeSex #RegularBloodTesting #HIV #STI

🧑‍🧑‍🧒‍🧒 မိမိကိုယ်တိုင်ရော မိသားစုကိုပါ ကာကွယ်လိုက်ပါ 😷 ကိုဗစ်-၁၉ ရဲ့ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာတွေဖြစ်တဲ့… 💥 ဖျားခြင်း 💥 နှာချေခြင်း 💥 ချောင်းဆိုးခြင်း 💥 လည်ချောင်းနာခြင်း 💥 ကိုယ်လက်ကိုက်ခဲခြင်း 💥 အသက်ရှူရခက်ခဲခြင်း တို့ကိုခံစားရပါက နီးစပ်ရာဆေးရုံ/ ဆေးခန်းမှာ စနစ်တကျဆေးကုသမှု ခံယူလိုက်ပါနော်။ မိမိကိုယ်ကို ဂရုစိုက်ခြင်းဟာ မိမိအတွက်သာမက မိသားစုကိုပါ ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ပါတယ်။ ဒါကြောင့် “နည်းနည်းလေးပဲ” နေမကောင်းဖြစ်တာပါလို့ လျစ်လျူမရှုလိုက်ပါနဲ့နော်။ ကျန်းမာရေးအသိနဲ့ မှန်ကန်တဲ့ သတင်းများကိုလည်း အမြဲစောင့်ကြည့်လေ့လာဖို့ သုခသုတမှ တိုက်တွန်းပါရစေ။ ———————————— ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ Thukha Thuta Facebook Page ကို Like and Follow ပြီး Telegram နဲ့ Viber Channel တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။ ▫️Facebook page: https://www.facebook.com/thukhathuta2022/ ▫️Telegram channel: https://t.me/thukhathuta ▫️Viber channel: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS "လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်" #ThukhaThuta #COVID19 #COVIDPrevention

👶🏻 မွေးဖွားရက်နီးနေတဲ့ မေမေတို့ရေ... ဒီအချက်ကို မမေ့ပါနဲ့နော် 💖 🏥 မိခင်ရောကလေးပါ ကျန်းကျန်းမာမာနဲ့ အန္တရာယ်ကင်းကင်းမွေးဖွားနိုင်စေဖို့ ကျွမ်းကျင်တဲ့ ဆရာဝန်/ဆရာမတွေ ရှိတဲ့ ဆေးရုံ/ဆေးခန်းမှာ ကလေးမွေးဖွားဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့…. ✅ ကလေးမွေးဖွားတဲ့အခါ သန့်ရှင်းပြီး ဘေးကင်းတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့ လိုအပ်သလို 🚨 အရေးပေါ်အခြေအနေမှာ လိုအပ်တဲ့ကုသမှုတွေချက်ချင်း စီစဉ်ဆောင်ရွက်နိုင်ဖို့နဲ့ 🚑 လိုအပ်ရင်လည်း အချိန်မီလွှဲပြောင်းကုသမှု ရရှိနိုင်ကလည်း အရေးကြီးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ⚠️ အိမ်မှာ အရပ်လက်သည်နဲ့ မွေးဖွားခြင်းထက် ဆေးရုံ/ဆေးခန်းမှာ ကျွမ်းကျင်ဆရာဝန်/ဆရာမများနဲ့ ကလေးမွေးဖွားခြင်းက မေမေနဲ့ကလေးအတွက် ပိုပြီးဘေးကင်းနိုင်တာပေါ့။ 🧐 ဒါကြောင့် မေမေတို့ရေ… မွေးဖွားရက်နီးလာပြီဆိုရင် ဆေးရုံ/ဆေးခန်း စုံစမ်းပြီး ကြိုတင်ပြင်ဆင်ထားလိုက်ပါနော်။ ———————————— ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ Thukha Thuta Facebook Page ကို Like and Follow ပြီး Telegram နဲ့ Viber Channel တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။ ▫️Facebook page: https://www.facebook.com/thukhathuta2022/ ▫️Telegram channel: https://t.me/thukhathuta ▫️Viber channel: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS "လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်" #ThukhaThuta #SkilledBirthAttendent #ChildBirth

⛔️ မူးယစ်ဆေးဝါးတွေဟာ အရာရာကို စူးစမ်းလေ့လာချင်တဲ့ လူငယ်တွေအတွက် အန္တရာယ်အလွန်များတဲ့ အရာတွေဖြစ်ပါတယ်။ ⚠️ လူငယ်တွေဟာ မူးယစ်ဆေးဝါးကို စတင်သုံးစွဲတဲ့အသက်အရွယ်စောလေလေ၊ ၎င်းတို့ကို ဆက်လက်သုံးစွဲဖို့ အခွင့်အလမ်းများလေလေဖြစ်ပြီး နောက်ပိုင်းမှာ ဒီအရာတွေကို ပိုမိုစွဲလမ်းလာတတ်ပါတယ်။ 🧠 ငယ်ရွယ်စဉ်မှာ မူးယစ်ဆေးသုံးစွဲခြင်းက ဦးနှောက်အတွင်း ဖြစ်ပေါ်နေတဲ့ ဖွံ့ဖြိုးမှုဖြစ်စဉ်တွေကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး လူငယ်တွေကို မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ/ ရွေးချယ်မှုတွေကို ဆက်လက်လုပ်ဆောင်စေနိုင်ပါတယ်။ ဒီကနေတစ်ဆင့် မလုံခြုံတဲ့/ အန္တရာယ်များတဲ့ လိင်ဆက်ဆံမှု (unsafe sex) တွေကိုလည်း လုပ်ဆောင်နိုင်ခြေပိုများပြီး ရောဂါပိုးကူးစက်မှုတွေ၊ မရည်ရွယ်ပဲ ကိုယ်ဝန်ရတာတွေကပါ နောက်ဆက်တွဲဖြစ်နိုင်တယ်ဆိုတာ သတိပြုပါ။ 👍🏼 ဒါကြောင့် “တစ်ခေါက်ပဲစမ်းမယ်ဆိုတာက တစ်သက်လုံးနောင်တရဖို့အထိဖြစ်နိုင်တဲ့” မူးယစ်ဆေးဝါးကို ကိုသုတတို့လူငယ်တိုင်း သတိပြုရှောင်ရှားလိုက်ကြရအောင်ဗျာ။ ———————————— ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ Thukha Thuta Facebook Page ကို Like and Follow ပြီး Telegram နဲ့ Viber Channel တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။ ▫️Facebook page: https://www.facebook.com/thukhathuta2022/ ▫️Telegram channel: https://t.me/thukhathuta ▫️Viber channel: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS "လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်" #ThukhaThuta #Youth #YouthAgainstDrugs #SafeSex