3 387
Subscribers
-324 hours
-197 days
-10130 days
Posts Archive
3 386
Kingdom 4: Return of the Great General (2024)
Kingdom 3: Flame of Destiny (2023) ရဲ့ဇာတ်သိမ်းကြောင့် ဘာတွေဆက်
ဖြစ်မလဲဆိုတာ သိချင်နေကြတဲ့ ပရိသတ်တွေအတွက် Kingdom live-action
movies တွေရဲ့ စတုတ္ထမြောက်ဇာတ်ကားဖြစ်တဲ့ Kingdom 4: Return of the Great General ထွက်ရှိလို့လာပါပြီ။
အခုဆိုရင် Kingdom live-action movies က လေးကားတောင်ရှိပြီဆိုတော့
ထွက်ရှိပြီး
Kingdom (2019),
Kingdom 2: Far and Away (2022) နဲ့
Kingdom 3: Flame of Destiny (2023)
တို့ရဲ့ဇာတ်ကြောင်းကို
ပရိသတ်တွေထဲမှာ မမှတ်မိကြတဲ့သူတွေလည်း ရှိနိုင်တာမို့လို့
ပြန်နွှေးလိုက်ရအောင်..။
ပထမကားကတော့ တရုတ်ပြည် ချင်ပြည်ထောင် (Qin State) က မိဘမဲ့
လည်းဖြစ်၊ ကျွန်လည်းဖြစ်ပေမဲ့ တစ်မိုးအောက်စစ်သူကြီးဖြစ်ရမယ်
ဆိုတဲ့ ရည်ရွယ်ချက်ရှိတဲ့ ရှင်း (Shin) နဲ့ တရုတ်ပြည်ကြီးကို တစ်စုတစ်စည်း
ဖြစ်အောင်လုပ်ပြီး ပထမဆုံးဧကရာဇ်ဖြစ်စေချင်တဲ့ ချင်ပြည်ထောင်ဘုရင်
အဲ့ဆေး(King Ei Sei of Qin State) တို့ မမျှော်လင့်ထားတဲ့အဖြစ်အပျက်
တွေကြောင့် ဆုံစည်းခဲ့ကြပါတယ်။
ဒုတိယကားမှာတော့ ဘုရင်အဲ့ဆေးကို လုပ်ကြံတဲ့ဇာတ်ဝင်ခန်းနဲ့စထားပြီး
ချင်ပြည်ထောင်ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဝေပြည်ထောင် (Wei State) က
လာရောက်ကျူးကျော်လို့ ဝေပြည်ထောင်နဲ့ချင်ပြည်ထောင်တို့ စစ်ခင်းကြတဲ့
ဒါကန်လွင်ပြင် (Daken Plains) ဆီကနေ ရှင်းတစ်ယောက် နှစ်ဖက်သော
စစ်သူကြီးတို့ရဲ့စစ်ဗျူဟာများ၊ စစ်ပရိယာယ်များ၊ အနိဋ္ဌာရုံများကို ပထမဆုံး
အကြိမ် မျက်ဝါးထင်ထင်တွေ့လိုက်ရပြီး သူကိုယ်တိုင်လည်း စွမ်းဆောင်
ပြနိုင်ခဲ့လို့ တပ်သား ၁၀၀ တပ်မှူးဖြစ်သွားပါတော့တယ်။
တတိယကားကျတော့ ကျောက်ပြည်ထောင်(Zhao State) က ချင်ပြည်ထောင်ကို
လာရောက်ကျူးကျော်တာနဲ့စထားထားတာပါ။ ချင်ပြည်ထောင်ကို ချောဟဲ
လူသတ်ပွဲ (Chohei Massacre) ကြောင့် ရန်ငြိုးအကြီးအကျယ်ရှိလို့ လာရောက်
ကျူးကျော်တာပါ။ ထုံးစံအတိုင်း တပ်သား ၁၀၀ တပ်မှူးဖြစ်သွားတဲ့ ရှင်းက
ချင်ပြည်ထောင်နဲ့ကျောက်ပြည်ထောင်တို့ စစ်ခင်းကြတဲ့ ဘာရို(Bayo)
ဆီသွားပါတော့တယ်။
အဲဒီဘာရိုစစ်မြေပြင်မှာ စတင်စစ်ခင်းကြတဲ့ ပထမနေ့မှာ တပ်သား ၁၀၀ တပ်မှူး
ရှင်း တစ်ယောက် စစ်သူကြီးအိုးကီပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင်
ဆောင်ရွက်ခဲ့နိုင်တဲ့အပြင် သူဉီးဆောင်တဲ့တပ်ဖွဲ့လည်း ဟီရှင်းတပ်ဖွဲ့အဖြစ်
နာမည်ပေးခြင်းခံခဲ့ရပါတယ်။ စစ်သူကြီးအိုးကီတို့အနိုင်ရခဲ့ပြီး တပ်ဆုတ်
ထွက်ပြေးသွားကြတဲ့ ကျောက်ပြည်ထောင် ချောဆိုးတပ်ဖွဲ့နောက် နောက်တစ်နေ့
မနက်မှာဆက်လိုက်ဖို့ တစ်ညတာ အနားယူကြတဲ့အချိန်မှာ သူတို့ဆီကို ဘူရှင်း
(စစ်နတ်ဘုရား) လို့ သူ့ကိုယ်သူပြောတဲ့ ဟိုကန် ဆိုသူ ကျောက်ပြည်ထောင်
ဘက်ကစစ်သူကြီးတစ်ယောက်ရောက်ချလာတာနဲ့အဆုံးသတ်သွားပါတယ်။
အဲဒီတော့ လေးကားမြောက်က စစ်သူကြီးအိုးကီနဲ့စစ်သူကြီးဟိုကန်တို့ရဲ့တိုက်ပွဲ
တစ်နည်း လွန်ခဲ့တဲ့ကိုးနှစ်ကအကြွေးကို ပြန်ဆပ်မယ့်ပွဲကို ခပ်မိုက်မိုက်မြင်ရမှာ
ဖြစ်သလို ဘာရိုစစ်ပွဲကဘယ်လိုရလဒ်နဲ့အဆုံးသတ်သွားမလဲဆိုတာကို
ကြည့်ရှုရမှာဖြစ်ပါတယ်။
Kingdom live-action လေးကားစလုံးကို Alice in Borderland ရဲ့ဒါရိုက်တာ
Sato Shinsuke ကပဲ ရိုက်ကူးထားတာဖြစ်ပြီး Yasuhisa Hara ရေးတဲ့
“Kingdom” manga ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ၂၀၀၆ ခုနှစ်မှာ
ရေးထားခဲ့တဲ့ Kingdom က အခုထိဇာတ်မသိမ်းသေးပါဘူး။
လက်ရှိအချိန်အထိ စုစုပေါင်း 74 volumes နဲ့ 823 chapters အထိ ထွက်ရှိ
ထားပါတယ်။ Anime အနေနဲ့လည်း Studio Pierrot နဲ့ Studio Signpost ကနေ
Season 1-5 (142 episodes) အထိ ထွက်ရှိထားပါတယ် live-action အနေနဲ့
လည်း ၂၀၁၉ ခုနှစ်ကတည်းက ရိုက်ကူးလာခဲ့ရာ အခုဇာတ်ကားနဲ့ဆို လေးကား
ရှိသွားပါပြီ။ နောက်ထပ် သုံးကား ဆက်လက်ရိုက်ကူးမယ်လို့ ကောလာဟလအဖြစ်
ကြားထားပါတယ်။
Kingdom 4 ရဲ့ ဇာတ်ဝင်သီချင်းဖြစ်တဲ့ “Delusion All” ကို ONE OK ROCK က
ဆိုပေးထားပါတယ်။ အားလုံးစောင့်မျှော်နေကြတဲ့ တောင်တန်းဘုရင်မ ရိုတန်ဝါ
(Youtanwa) ကို တော့ ဆယ်မိနစ်လောက်ပဲတွေ့ရမှာပါ။
ဇာတ်ကောင်အသစ်ဖြစ်တဲ့ Kyo (ကရို) နေရာမှာသရုပ်ဆောင်တဲ့ Araki Yuko က
ချစ်စရာကောင်းလှပါတယ်။
Kingdom manga မှာ လတ်တလော arc ပေါင်း ၂၇ ခုရှိပြီး anime အနေနဲ့ arc ၁၇ ခု နဲ့
chapter ၄၈၉ အထိ adapt လုပ်ခဲ့ပြီးပါပြီ။ Live-action လေးကားအနေနဲ့ adapt
လုပ်ထားတာ အစပိုင်း arc ၆ ခုလောက်ပဲ ရှိပါသေးတယ်။
3 386
Repost from 🌷 B&M Inter-Movies 🌷
Kingdom 4: Return of the Great General (2024)
အညွှန်း in comment 👇
3 386
Repost from STRONG GIRLS
ကိုကို အတွင်းရေးမှူးနဲ့CEO မမချော
2025နှစ်သစ် ပထမဆုံး SERIESလေးကြည့်လိုက်ကြပါအုန်း။
Love Scout (2025)
ဝန်ထမ်းသစ် စုဆောင်းရေး ကုမ္ပဏီတစ်ခုရဲ့ အောင်မြင်ပြီး ယုံကြည်ချက်အပြည့်အဝရှိတဲ့ အမျိုးသမီးစီအီးအို ဂန်ဂျီယွန်း(Kim Ji Min)က သူ့နယ်ပယ်ထဲမှာ ပြိုင်ဘက်ကင်းနေစေဖို့ အလုပ်မှာပဲ အပြည့်အဝစိတ်နှစ်ထားသူပါ...အလုပ်ကလွဲရင် ကျန်တာမသိတဲ့ ဂျီယွန်းရဲ့ဘေးမှာ သဘောမနောကောင်းတဲ့ အတွင်းရေးမှူး ယူအွန်းဟို(Lee Join Hyuk) အမြဲရှိပါတယ်...
Single Father ဖြစ်တဲ့ အွန်းဟိုက ဖခင်ကောင်းဖြစ်တဲ့အပြင် အထက်လူကြီးကိုပါ သေချာဂရုစိုက်တတ်သူပေါ့...
နည်းနည်းလေးမှ အကျင့်စရိုက် မတူညီကြတဲ့ အထက်လူကြီးနဲ့ သူ့အတွင်းရေးမှူးတို့ကြား ကြုံတွေ့ရမဲ့ ကိစ္စမျိုးစုံအပြင်ပေါက်ဖွားလာမဲ့ ချစ်ခြင်းမေတ္တာတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
