en
Feedback
Burmese Subtitle

Burmese Subtitle

Open in Telegram

🚩 Channel was restricted by Telegram

Show more
2 841
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
Plane (2023) မြန်မာစာတန်းထိုး ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ မင်းသားကြီး Gerard Butler ရဲ့အသစ်ထွက်အက်ရှင်ကားလေးဖြစ်တဲ့ “Plane” ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ တောရန့်စ်ဆိုတဲ့တော်ဝင်လေတပ်သားဟောင်းတစ်ယောက်ဟာ ပုဂ္ဂလိကခရီးသည်လေကြောင်းလမ်းမှာကပ္ပတိန်အဖြစ်တာဝန်ထမ်းဆောင်နေပါတယ် နှစ်သစ်ကူးနေ့ညမှာတော့ တောရန့်စ်ဟာ သူ့သမီးဆီကိုမပြန်ခင် တိုကျိုဘက်ကိုတစ်ခေါက်လေယာဉ်ပြေးဆွဲပေးရမှာပဲဖြစ်ပါတယ် တောရန့်စ်ဟာသာမန်အတိုင်းလေယာဉ်ပြေးဆွဲပြီး သမီးဆီကိုပြန်ရမယ်လို့တွေးထားခဲ့ပေမယ့် လက်တွေ့မှာတော့အဲဒီလိုဖြစ်မလာခဲ့ပါဘူး တောရန့်စ်တို့ရဲ့လေယာဉ်ဟာတိုကျိုကိုသွားတဲ့ခရီးလမ်းမှာ မုန်တိုင်းနဲ့မိပြီးကျွန်းတစ်ခုပေါ်ကိုအရေးပေါ်ဆင်းသက်လိုက်ရပါတယ် သာမန်ဆိုရင်ကယ်ဆယ်ရေးတွေလာတဲ့အထိပုံမှန်အတိုင်းစောင့်ရုံပဲဆိုပေမယ့်ဒီကျွန်းပေါ်မှာလက်နက်ကိုင်ပြန်ပေးသမားတွေရှိနေတဲ့အခါမှာတော့…တောရန့်စ်တစ်ယောက်သူကိုယ်တိုင်အပါအဝင်ခရီးသည်တွေကို ဘေးကင်းကင်းနဲ့ ဒီကျွန်းပေါ်ကနေပြန်လည်ထွက်ခွာနိုင်ပါ့မလား ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ရဦးမှာလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော် #BurmeseSubtitle #mmsub #msub #MMSUBTITLES #MMSUBTITLES

Last Sentinel (2023) မြန်မာစာတန်းထိုး ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ဒီကားလေးကတော့ ၂၀၆၃ ခုနှစ်မှာ ကမ္ဘာကြီး ဖြစ်ပျက်နေမဲ့ ပုံစံကို ရိုက်ကူးထားတဲ့ စိတ်ကူးယဉ် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ၂၀၆၃ ခုနှစ်မှာ ကမ္ဘာကြီးမှာ သေးငယ်တဲ့ ကမ္ဘာ့တိုက်ကြီးနှစ်ခုပဲ ကျန်ပါတော့တယ်။ အဲ့ဒီအကျိုးရလာဒ် အနေနဲ့ အဲ့ဒီတိုက်တွေကြားမှာ အဆုံးမရှိတဲ့ စစ်ပွဲတွေဖြစ်ခဲ့ပါတော့တယ်။ ဒီကားထဲမှာဆိုရင် အဓိကတွေ့ရမှာကတော့ ပင်လယ်ပြင်ထဲက စစ်တပ်စခန်းမှာ အကူအညီကို စောင့်မျှော်နေတဲ့ စစ်သားအဖွဲ့ အကြောင်းကို အဓိကရိုက်ကူးထားတာ ဖြစ်ပါတယ်။ စားနပ်ရိက္ခာတွေ ရှားပါးရုံသာမက သောက်ရေသုံးရေတွေကလဲ ရှားပါးနေတဲ့အတွက် တော်တော်လေး အခက်တွေ့နေရပါတယ်။ တစ်နေ့မှာတော့ သူတို့ရဲ့စခန်းဆီကို လှေငယ်တစ်စီးမျှောလာပါတယ်။ အဲ့ဒီလှေကနေ အစပြုလို့ အရာရာ အခက်တွေ့နေတဲ့ အဖွဲ့သားတွေနဲ့ ခေါင်းဆောင်ကြားမှ ာသဘောထားကွဲလွဲမှုတွေ ဖြစ်ပုံတွေ လူသားတွေရဲ့ စိတ်နေသဘောထားတွေကို ကြည့်ရှုရမယ့် စိတ်ကူးယာဉ်ဇာတ်ကားပဲဖြစ်ပါတယ်။

Assassin Club (2023) မြန်မာစာတန်းထိုး ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Henry က ဒီကားထဲမှာ မော်ဂန်ဆိုတဲ့ကြေးစား။ မော်ဂန့်ဆရာကပြောတယ်။ သူတို့လိုလူတွေ ကြေးစားလောကကထွက်ချင်တဲ့အကြောင်းအရင်းသုံးခုပဲရှိတယ်တဲ့။ ၁ ဘုရားသခင်ကိုရှာဖွေတွေ့ရှိသွားလို့ ၂ အမျိုးသမီးတစ်ယောက်ကြောင့် ၃ သေသွားလို့မော်ဂန်ကတော့ ဒုတိယအကြောင်းအရင်းနဲ့ကြေးစားအလုပ်ကို ရပ်လိုက်ချင်နေသူဆိုပါတော့။ ဖြစ်ချင်တော့အဲ့အချိန်မှာပဲ မော်ဂန့်ကိုလာအပ်တဲ့အလုပ်က လူ၆ ယောက်သတ်ပေးရမယ်။ တစ်ယောက်စီအတွက် ဒေါ်လာတစ်သန်းရမယ်။ မော်ဂန်က သူ့ဆုံးဖြတ်ချက်ကို မပြင်တော့ဘူး ဒီအလုပ်ကိုလဲ လက်လွှတ်လိုက်မယ် တွေးပေမယ့် သူသတ်ပေးရမယ့် ၆ယောက်က သာမန်လူတွေမဟုတ်ဘဲ သူ့လိုကြေးစားတွေဖြစ်နေတယ်။ ပြီးတော့အဲ့၆ ယောက်ကလဲ မော်ဂန့်လိုပဲအလုပ်ကမ်းလှမ်းခံထားရသူတွေဖြစ်နေတယ်။ အဲ့တော့ဒါက ကြေးစားတွေအချင်းချင်းသတ်ရမယ့် Hunger Game ကြီးပေါ့။ မော်ဂန့်အနေနဲ့ကလဲ သူကဒီအလုပ်ကိုလက်မခံချင်ပေမယ့် ကျန်တဲ့၆ယောက်က သူ့ကို လာသတ်မှာပဲဆိုတော့ သူလဲဲ ဒီကစားပွဲကို မဖြစ်မနေ ဝင်ကစားရင်း ဒီကစားပွဲကို ကြိုးဆွဲနေသူက ဘယ်သူလဲ ဘာကြောင့်လဲဆိုတာတွေကို တိုက်ခိုက်အဖြေရှာတာကို ကြည့်ရှုရမယ့် လှည့်ကွက်စုံ အက်ရှင်စုံဇာတ်ကားတစ်ကားပါပဲ ။

Ride On (2023) မြန်မာစာတန်းထိုး ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ဂျက်ကီချန်းဟာ လော့ကျီလုံဆိုတဲ့ စတန့်သမားဟောင်းအဘိုးကြီးအနေနဲ့ ပါဝင်ထားပါတယ်။ သူ့မှာ သားအရင်းလိုချစ်ရတဲ့ မြင်းလေးဖိုးနီ(ချိထူ)ပဲရှိပြီး သူတို့နှစ်ယောက်တည်း ဆင်းဆင်းရဲရဲနဲ့ အလုပ်ရှာပြီး အသက်မွေးနေရတာပါ။ သူ့ရဲ့သမီး ရှောင်ပေါင် ကလည်း သူ့ကို စိတ်နာစရာတွေရှိတာကြောင့် စကားမပြော အသိအမှတ်မပြုပါဘူး။ သူ့ရဲ့မြင်းလေးဖိုးနီဟာ သူ့ကို ကုမ္ပဏီပိုင်ရှင်သူဌေးဝမ်က မသေခင် လက်ဆောင်ပေးခဲ့တာပါ။ ဒါပေမဲ့အဲဒီသူဌေးရဲ့ ကုမ္ပဏီ ဒေဝါလီခံရပြီးနောက်မှာ ကုမ္ပဏီအသစ်က သူ့ရဲ့မြင်းကိုပါ ကုမ္ပဏီပိုင်ပစ္စည်းအနေနဲ့ သိမ်းဖို့ကြိုးစားလာပါတယ်။ တချိန်တည်းမှာပဲ သူ့ရဲ့အကြွေးရှင်တွေကလည်း မြင်းကို အကြွေးနဲ့သိမ်းဖို့ အတင်းကြိုးစားလာပါတယ်။ အဲဒီအန္တရာယ်တွေကြားမှာ မြင်းလေးကိုကာကွယ်ဖို့ ဘယ်လိုတိုက် ခိုက်ရုန်းကန်ရလဲဆိုတာကို ဆက်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Hidden Strike (2023) ‌မြန်မာစာတန်းထိုး ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ဒါရိုက်တာကလည်း Need for speed, Expend4bles တို့ရဲ့ Scott Waugh ပါ။ ဇာတ်လမ်းအကျဉ်း အရှေ့အလယ်ပိုင်းရဲ့ တရုတ်ရေနံကုမ္ပဏီတစ်ခုက ဒေသတွင်း ကြေးစားစစ်တပ်တွေကဝိုင်းတိုက်နေပြီ ဝင်စီးဖို့ကြိုးစားနေပါတယ်။ ရေနံဝန်ထမ်းတွေကို ကယ်တင်ဖို့ဂျက်ကီချန်းတို့ လုံခြုံရေးတပ်တွေ ရောက်လာပြီး ကယ်ထုတ်နေချိန်မှာကြေးစားတပ်တွေနဲ့ တိုက်ပွဲဖြစ်ပါတော့တယ်။ အဲဒီတိုက်ပွဲမှာ ဂျွန်စီနာကကြေးစားတွေဘက်ကနေ ပါလာပြီး ရေနံဝန်ထမ်းတွေရဲ့ ကားတန်းထဲကဘတ်စကားနှစ်စီးကို ဖမ်းခေါ်သွားနိုင်ခဲ့ပါတယ်။ အဲဒီလူတွေကို ပြန်ကယ်ဖို့ကြိုးစားရင်း ဂျက်ကီနဲ့ဂျွန်စီနာတို့ တွေ့ကြတဲ့အခါ...

Big George Foreman (2023) မြန်မာစာတန်းထိုး ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ လက်ဝှေ့သမားဂျော့ချ်ဖိုးမန်းရဲ့ဘဝဇာတ်ကြောင်းကိုအခြေခံပြီးရိုက်ကူးတင်ဆက်ထားတဲ့ “Big George Foreman”ဆိုတဲ့ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ဂျော့ချ်ဟာဆိုရင်ငယ်ငယ်ကတည်းကမိသားစုကနွမ်းပါးလွန်းပြီး အစာရေဆာတောင်ဝလင်အောင်မစားရတဲ့အခြေအနေနဲ့ နေထိုင်ခဲ့ရတာဖြစ်ပါတယ် သူ့အတွေးထဲမှာ ပိုက်ဆံချမ်းသာအောင်လုပ်ပြီး အစားအစာဝလင်အောင်စားရဖို့ပဲစိတ်ကူးရှိခဲ့ပါတယ် ဒီတွန်းအားတွေကြောင့်ပဲ ဂျော့ချ်ဖိုးမန်းဟာ လက်ဝှေ့အကျော်အမော်တစ်ယောက်ဖြစ်လာခဲ့တာပေါ့ဒါပေမယ့် ကြိုးဝိုင်းထဲမှာသေမလိုအခြေအနေဖြစ်ပြီးတဲ့နောက် ကြိုးဝိုင်းထဲကိုထပ်မဝင်တော့ဘူးလို့ကျိန်ဆိုပြီး သင်းအုပ်ဆရာလုပ်ဖို့ပဲဆုံးဖြတ်လိုက်ပါတော့တယ် ဒါပေမယ့်မမျှော်လင့်ထားတဲ့စီးပွားရေးအခက်အခဲများကြောင့် သူစွန့်လွှတ်ထားခဲ့တဲ့လက်ဝှေ့ကြိုးဝိုင်းထဲကိုဝင်ရဖို့ ဖြစ်လာပါတော့တယ်ဂျော့ချ်တစ်ယောက် ဘယ်လိုမျိုးခက်ခက်ခဲခဲရုန်းကန်ခဲ့ရလဲ၊ အသက် ၄၀ ကျော်မှာကြိုးဝိုင်းထဲကိုပြန်ဝင်လာခဲ့တဲ့‌ဂျော့ချ်အတွက် ဘယ်လိုစိန်ခေါ်မှုတွေ၊ အခက်အခဲတွေက စောင့်မျှော်နေလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်

The Little Mermaid (2023) မြန်မာစာတန်းထိုး ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ဇာတ်လမ်းကတော့ မူရင်းကာတွန်းပုံပြင်အတိုင်းပါပဲ။ ပင်လယ်ဘုရင်ကြီးရဲ့အငယ်ဆုံးသမီးလေး သတ္တမမြောက်သမီးတော် ရေသူမလေး အယ်ရီရယ်ဟာ လူသားကမ္ဘာကို အရမ်းစိတ်ဝင်စားနေသူပါ။ ဒါကြောင့် သင်္ဘောပျက်တွေထဲမှာ လူသားပစ္စည်းတွေကိုရှာပြီး အမြဲ စုထားတတ် စပ်စုတတ်တဲ့သူပါ။ တစ်နေ့မှာတော့ လှေမှောက်ပြီး ရေထဲနစ်လာတဲ့ မင်းသားလေးအဲရစ်ကို ကယ်ရင်းနဲ့ ချစ်မိသွားခဲ့ပါတယ်။ ဒါပေမဲ့ ရေဘုရင်ကြီးက ကုန်းပေါ်ကို သွားဖို့ တားမြစ်ထားတာကြောင့် အခက်တွေ့နေပါတယ်။ အဲဒီအချိန်မှာပဲ ရေဘုရင်ကြီးရဲ့ ညီမ ပင်လယ်စုန်းမ အာဆူလာက အယ်ရီရယ်နဲ့အပေးအယူလုပ်လိုက်ပါတယ်။ အယ်ရီရယ့်ကို လူအဖြစ်ဖန်ဆင်းပေးပြီး သုံးရက်အတွင်း မင်းသားလေးနဲ့ အချစ်စစ်အနမ်းရခဲ့ရင် လူအဖြစ် အမြဲနေရမှာဖြစ်ပြီးမရခဲ့ရင်တော့ အယ်ရီရယ်ရဲ့ အရမ်းလှတဲ့အသံကို သိမ်းပိုက်ပြီး အယ်ရီရယ်ကိုပါ ကျွန်အဖြစ် အပိုင်ရမှာဖြစ်ပါတယ်။ ဒီတော့ အယ်ရီရယ်နဲ့မင်းသားလေးတွေဘာဆက်ဖြစ်မလဲ စုန်းမကြီးအာဆူလာကရောဘယ်လိုနှောင့်ယှက်မလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ။

Resident Evil: Death Island (2023) မြန်မာစာတန်းထိုး ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ဇာတ်လမ်းအကျဉ်းကတော့ ကျွန်တော်တို့ ဇာတ်လိုက်ကျော်ကြီး လီယွန်တစ်ယောက် သိပ္ပံပညာရှင် ဒေါက်တာအန်တီနီယိုတေလာ ပြန်ပေးဆွဲခံရမှုတွထူးခြားတဲ့အမျိုးသမီးတစ်ယောက်နဲ့ ပတ်သက်ပြီး အမှုလိုက်နေခဲ့ပါတယ်။ တစ်ဖက်မှာလည်း ကလဲလ်တစ်ယောက် ထူးခြားတဲ့သောင်တင်ဝေလငါးကို စုံစမ်းရာကနေ ထူးဆန်းတဲ့ကိုက်ရာကြီးတစ်ခုကို တွေ့ရှိထားပါတယ်။ နောက်ပြီး ခရစ်စ်တို့ ဂျေးလ်တို့ကလည်း ဆန်ဖရစ္စကိုမြို့မှာ ထူးခြားတဲ့ ကူးစက်မှုတွေကို ခြေရာခံရင်း အရင်ဗိုင်းရပ်စ်နဲ့ မတူဘဲ ကွဲပြားထူးခြားနေတာကို သိရပါတယ်။ ဒီအရာတွေအားလုံးက ရေဘက်ကာရဲ့ ဓာတ်ခွဲခန်း စမ်းသပ်မှုကြောင့် အဖြေတစ်ခု သိလိုက်ရပြီး ဆက်စပ်မှုရှိနေကြတာပဲ ဖြစ်ပါတယ်။ အဲဒါကတော့ ဆန်ဖရစ္စကိုနားက အယ်ကာထရက်ဇ်ဆိုတဲ့ ကျွန်းကြီး ဖြစ်နေပြီး ဒီကျွန်းပေါ်မှာ ဘာတွေဖြစ်ပျက်နေသလဲ သိရဖို့ ဇာတ်လိုက်ကျော်တသိုက် သွားရောက်စုံစမ်းတဲ့အခါမှာတော့ ခြောက်ခြားမှုအသစ်တစ်ခုက သူတို့ကို စောင့်ကြိုနေပါတော့တယ်။

Bird Box Barcelona (2023) မြန်မာစာတန်းထိုး ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ဒီကားကတော့စပိန် post-apocalyptic ပုံစံမျိုးဖြစ်ပြီး 2018 တုန်းကထွက်ခဲ့တဲ့ Bird Box ဇာတ်ကားရဲ့အဆက်ပါ။ ဇာတ်လမ်းလေးကတော့ ဆန်းကြယ်တဲ့ကမ္ဘာပျက်တဲ့ပုံစံကြီးဖြစ်သွားပြီးတဲ့အချိန်မှာ စဘတ်စ်ရှန်နဲ့သူ့သမီးလေးဟာအသက်ဆက်ရှင်ဖိုအတွက်စွန်စားခန်းထွက်ခဲ့ကြပါတယ်။ အဲ့လိုထွက်ရင်းတခြားလူတွေနဲ့အဖွဲတွေဖွဲပြီးခရီးလမ်းကိုဆက်ခဲ့ပါတယ်။ အဲ့လိုနဲ့စဘတ်စ်ရှန်တိုအဖွဲတွေကမ္ဘာပျက်ကိန်းရဲ့ဂနိကနေလွတ်မြောက်နေတဲ့လုံခြုံတဲ့နေရာရှိနေတာကိုသိသွားပါတယ်။ အဲ့ဒါနဲ့အဲ့ကိုသွားကြဖိုလုပ်ရင်းလမ်းမှာဘာတွေဖြစ်ကြမလဲ စဘက်စ်ရှန်ကကောဘာတွေလုပ်နေတာလဲဆိုတာ ဒီကားလေးထဲမှာကြည့်ရမှာပါ။

The Roundup: No Way Out (2023) မြန်မာစာတန်းထိုး ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ The Roundup:No Way Outဇာတ်ကားကတော့ နာမည်ကြီး မင်းသားကြီးDon Leeပါဝင်သရုပ်ဆောင်ထားတဲ့ မူခင်းဇာတ်ကားပဲဖြစ်ပါတယ်။ အရင်ကားတွေကလို ဒီဇာတ်ကားမှာလဲ မင်းသားကြီးDon Leeရဲ့ အက်ရှင်တွေကို တွေ့မြင်ရအုံးမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဂျပန်ယာကူဇာဂိုဏ်းတွေ ခိုးသွင်းလာတဲ့ မူးယစ်ဆေးဝါးသစ်တစ်မျိုး ကိုရီးယားမှာပျံ့နှံ့လာတဲ့အမျှ လူသတ်မှုတွေလဲများပြားလာခဲ့တာကြောင့် မူခင်းဌာနာကစုံထောက် Ma Seok-doတစ်ယောက် မူးယစ်ဆေးဖြန့်နေတဲ့ အဓိကအရင်းအမြစ်ကိုရှာဖွေဖို့ တာဝန်‌ပေးချင်ခံခဲ့ရတယ်။စုံထောက်Ma Seok-doတို့အဖွဲ့ မူးယစ်ဆေးဝါးတွေ အများကြီးဖမ်းမိခဲ့ပေမဲ့ မူးယစ်ဆေးတွေကိုဖမ်းဆီးလာတဲ့ သူတို့ရဲ့အဖွဲ့ကားကို အမည်မသိအဖွဲ့တစ်ဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် Ma Seok-doတို့ မူခင်းဌာနကအဖွဲ့ခေါင်းဆောင်နဲ့ အဖွဲ့သားအချို့ထိခိုက်ဒဏ်ရာရသွားခဲ့တယ်။အဲ့ဒါတင်သာမက မူးယစ်ဆေးဝါးသစ်အကြောင်းလိုက်လံစုံစမ်းနေတဲ့ မူးယစ်နှိမ်နင်းရေးဌာနကခေါင်းဆောင်ကလဲ အသတ်ခံခဲ့ရတယ်။ဒီမူးယစ်ဆေးအကြောင်းကို လိုက်လံစုံစမ်းနေတဲ့ရဲတွေမှန်သမျှ အသတ်ခံနေရတဲ့အခါ Ma Seok-doတစ်ယောက် နောက်ကွယ်မှာကြိုးကိုင်ကာ မူးယစ်ဆေးဖြန့်နေတဲ့လူကို စုံစမ်းဖို့ကြိုးစားရပါတော့တယ်။အန္တရာယ်များတဲ့ယာကူဇာတွေနဲ့ Ma Seok-doတစ်ယောက် ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ကြည့်ရှူကြပါအုံး။