en
Feedback
Burmese Subtitle

Burmese Subtitle

Open in Telegram

🚩 Channel was restricted by Telegram

Show more
2 841
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
Talk to Me (2023) မြန်မာစာတန်းထိုး ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ဇာတ်လမ်းက အရမ်းကြောက်ဖို့ကောင်းပေမဲ့ အထဲက ဇာတ်ကောင်တွေကတော့ အတော
Talk to Me (2023) မြန်မာစာတန်းထိုး ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ဇာတ်လမ်းက အရမ်းကြောက်ဖို့ကောင်းပေမဲ့ အထဲက ဇာတ်ကောင်တွေကတော့ အတော်ကိုတုံးတယ်ပြောရမှာပါပဲ။ ဝိညာဉ်ခေါ်လို့ရတယ်လို့ နာမည်ကြီးတဲ့ လက်ပြတ်အရုပ်တစ်ခုကို ရလာတယ်။ မူလ လက်ပြတ်ပိုင်ရှင်က စိတ်ဖောက်ပြီး သူ့ကိုယ်သူ သတ်သေသွားပြီ။ အဲဒီလက်ပြတ်ကို ကိုင်ပြီး ငါ့ကို စကားပြောပါဆိုရင် ဝိညာဉ်ကိုမြင်ရတယ်။ ငါမင်းကိုဝင်ခွင့်ပေးတယ်ဆိုရင် ကိုယ်ထဲကိုဝင်ပူးခံရတယ်။ အဲဒါကို လူငယ်တသိုက်က အလှည့်ကျ ပူးတိုင်းကစားကြပါတယ်။ စည်းကမ်းကတော့ စက္ကန့် ၉၀ မကျော်ရင် ဘာမှမဖြစ်ပါဘူးတဲ့။ ဒါပေမဲ့ ထုံးစံအတိုင်း ကောင်လေးတစ်ယောက်အလှည့်မှာတော့ စက္ကန့် ၉၀ ကျော်ပြီး ဝိညာဉ်တွေ သောင်းကျန်းကုန်ပါတယ်။ အဲဒီကလေးကို သေအောင်လုပ်ပြီး အပိုင်သိမ်းဖို့ ကြိုးစားတဲ့ ဝိညာဉ်ဆိုးတွေရောက်လာတယ်။ အဲဒီကလေးလွတ်အောင် မင်းသမီးက ဘယ်လိုတွေ လိုက်ကယ်ရမလဲဆိုတာ ကြည့်ရမှာပါ။ Link - Click Here

Asteroid City (2023) မြန်မာစာတန်းထိုး ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ဒီဇာတ်ကားလေးက ၂၀၂၃ခုနှစ်မှာ ထူးခြားတဲ့ပြဇာတ်ပုံစံလေးနဲ့ဖန်တီး
Asteroid City (2023) မြန်မာစာတန်းထိုး ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ဒီဇာတ်ကားလေးက ၂၀၂၃ခုနှစ်မှာ ထူးခြားတဲ့ပြဇာတ်ပုံစံလေးနဲ့ဖန်တီးထားတဲ့ Comedy, Drama, Romance အမျိုးအစားဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာ မင်းသမီး Scarlett Johansson နဲ့ မင်းသားကြီးTom Hanks တိုအပြင် တခြားနာမည်ကြီးသရုပ်တွေများစွာပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မိန်းမဖြစ်သူကွယ်လွန်သွားတဲ့အတွက် ပူဆွေးနေတဲ့အဖေဖြစ်သူဟာယောက္ခမကြီးရဲ့အိမ်ကို ကလေးတွေနဲ့အတူခရီးထွက်လာရင် အက်စ်ထရိုမြိုမှာ ကားပျက်သွားပြီးသောင်တင်နေခဲ့ရာကစပြီး အက်စ်ထရိုမြိုမှာကြုံတွေရမယ့်အဖြစ်အပျက်တွေကို ဟာသတွေနှောပြီးဖန်တီးထားတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ Link - Click Here

Meg 2: The Trench (2023) မြန်မာစာတန်းထိုး ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ကျောက်မင်ဟာ သမုဒ္ဒရာထိန်းသိမ်းရေးနဲ့လေ့လာရေးအဖွဲ့ကြီးကိုတည်ထောင်ထားတဲ့သူဖြစ်ပါတယ်။ ဂျိုးနက်ဖမ်းမိခဲ့တဲ့ မက်ဂါလိုဒန်ငမန်းပေါက်စလေးကိုလည်း မွေးထားပေးတဲ့သူပါပဲ။ အဲဒီအဖွဲ့အစည်းကနေပင်လယ်ရေအောက် ပေ ၂၅၀၀၀ ကျော်ကို သွားဖို့ ယာဉ်တွေနဲ့ ဝတ်စုံတွေတီထွင်ပြီး ကျောက်မင်နဲ့ဂျိုးနက်တို့ ရေနက်တူးမြောင်းကြီးထဲကိုလေ့လာရေးခရီးအတူထွက်ခဲ့ကြပါတော့တယ်။ ဒါပေမဲ့ ခရီးလမ်းက မချောမွေ့ဘဲမက် ငမန်းတွေနဲ့တွေ့ ယာဉ်တွေပျက် ရန်သူတွေတွေ့ပြီး အသက်ရှင်ဖို့ ရုန်းကန်ကြရတဲ့အခါ…

An Empress and the Warriors (2008) မြန်မာစာတန်းထိုး ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ဒီတစ်ခေါက်မှာတော့ 2008 ခုနှစ်ထဲကထွက်ရှိထားတဲ့ စစ်ပွဲတွေ တိုက်ပွဲတွေနဲ့ ရင်ဖိုစိတ်လှုပ်ရှားစွာ ကြည့်ရှုရမယ့် action movie လေးဖြစ်တဲ့ An Empress And The Warriors ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးကတော့ တိုင်းပြည်ရဲ့ ဩဇာအာဏာ ရော၊ရဲစွမ်းသတ္တိတွေရော ပြည့်စုံတဲ့ ဘုရင်နတ်ရွာစံသွားတဲ့အခါ အရိုက်အရာထီးနန်းဆက်ခံဖို အငြင်းအခုန်တွေကြားက တစ်ဦးတည်းသော သမီးဖြစ်သူက ဆက်လက် အုပ်ချုပ်ခဲ့ရပါတယ်။ စစ်ပွဲတွေနဲ့ ငြိမ်းချမ်းမှုမရှိတဲ့ တိုင်းပြည်ကြောင့် ပြည်ပရန်တွေကို အစဉ်အမြဲတိုက်ထုတ်နေရတဲ့ကြားမှ နန်းတော်တွင်း အချင်းချင်းပုန်ကန်ပြီး အာဏာလုမှုတွေကြောင့် အသက်ပေါင်းများစွာ စတေးရပုံတွေ၊ တရားမျှတမှုအတွက် အသက်ကို ရင်းပြီး တိုက်ခိုက်ပုံတွေကို ကြည့်ရှူရမှာပါ။ စစ်သည်စစ်သားပေမယ့် ချစ်ခြင်းမေတ္တာအပေါ် နူးညံ့ပုံလေးတွေနဲ့ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်ပြီး ချစ်ခင်သူတွေကို စွန့်လွှတ်ရပုံတွေကို ရသမျိုးစုံရအောင် ရိုက်ကူးပေးထားတဲ့ action ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။

Ratatouille (2007) မြန်မာစာတန်းထိုး ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ အရှင်းဆုံးပြောရမယ်ဆိုရင်တော့ ကာတွန်းကားပေါ့ ဒါပေမယ့် အဓိပ္ပာယ်တွေ အများကြီးပါတဲ့အပြင် ယူတတ်ရင် ပညာရစေမယ့် ကားဆိုလည်းမမှားဘူးပေါ့ ဒီကားလေးထဲမှာ အနံ့ အာရုံခံစားမှုမှာ ဘုရားကပေးထားတဲ့ အစွမ်းတွေရှိနေတဲ့ ကြွက်စားဖိုမှူးလေး တစ်ယောက်… ကြွက်ဆိုပေမယ့် ကျွန်မတို့သိထားကြတာ ညစ်ပတ်နေတဲ့ အကောင်လေးတွေပေါ့ ဒါပေမယ့် ဒီကြွက်လေးကတော့ အသန့်သိပ်ကြိုက်တယ် ပြီးတော့ မှတ်ဉာဏ်လည်းကောင်းတယ် ပညာတွေကတော့… ၁။ ဟင်းကောင်းချက်ချင်ရင်.. ဟင်းကောင်းတစ်ခုကိုချက်ဖို့အတွက် ဇွဲလုံလမရှိလို့မရဘူး စိတ်ကူးကောင်းရှိရမယ် ဇွဲရှိရမယ် မဖြစ်နိုင်တဲ့အရာတွေကိုလည်း ကြိုးစားကြည့်ရမယ် သင့်လုပ်ဆောင်မှု နဲ့ပတ်သက်ပြီးတော့ အခြားသူက သတ်မှတ်နေရတာမျိုးမဖြစ်စေနဲ့ သင့်ရဲ့လုပ် ဆောင်နိုင်မှုဆိုတာ သင့်ရဲ့စိတ်ဝိဉာဉ်တစ်ခုပဲ ၂။ သင်အထီးကျန်နေသလိုခံစားနေရလား? အထီးကျန်တယ်ဆိုတာ ကိုယ့်ရဲ့သတ်မှတ်ချက်လေးတစ်ခုပဲ…ဖြစ်ပြီးခဲ့တာတွေပဲ ထိုင်တွေးနေမယ်ဆိုရင် ရှေ့မှာဘာတွေရှိနေမယ်ဆိုတာ သင်သိနိုင်မှာမဟုတ်ဘူး ၃။ ယုံကြည်မှု သင်လူတစ်ယောက်ကို နှစ်နှစ်ကာကာယုံကြည်ပေးလိုက်မယ်ဆိုပါတော့ အဲ့လူမှာ စိတ်ကောင်းစေတနာအရင်းခံရှိခဲ့ရင် သင့်ရဲ့ပထမဆုံးယုံကြည်မှုကြောင့် သင်သူ့ကို ဘယ်လိုပဲအော်နေပါစေ သင့်နားကဘယ်တော့မှထွက်မသွားတတ်ဘူး အဲ့တော့အများကြီးမပြောတော့ဘူးနော် ဒီကားလေးက စားဖိုမှူးတစ်ယောက် ဖြစ်ချင်တဲ့ Remy ဆိုတဲ့ ကြွက်ကလေးရဲ့ ကြိုးစားအားထုတ်ပုံကို ရိုက်ကူး တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ Remy က သူ့ရဲ့ရည်မှန်းချက်ကို ဘယ်လောက် အထိ စိတ်အားထက်သန်စွာနဲ့ အခက်အခဲကြားက ရောက်အောင်သွားမလဲ ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Review Credit

Harum Malam (2022) မြန်မာစာတန်းထိုး ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ကျွန်တော်တို့ငယ်ငယ်ကတုန်းဆို မလေးရှားသရဲကားတွေဆိုတာလျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာပေါ့။မလေးရှားစုန်းကာ အသစ်ထွက်တယ်ဆိုရင်ကို အဒေါ်တွေနဲ့ ရုပ်ရှင်ရုံသွားကြည့်ရ အခွေငှားဆိုင်မှာ လုငှားခဲ့ရတာပေါ့။တစ်ခါတစ်လေဆို အခွေကလက်မလည်လို့ ကြိုတင်ဘွတ်ကင်ပါ လုပ်ရသေးတာ။ခုချိန်မှာလဲ မလေးရှား ဟော်ရာကားတွေက အရင်ကလို သိပ်မကြည့်ကြတော့ဘူးဆိုပေမဲ့အရင်ကလိုပဲ မလေးရှားသရဲကား အငွေ့သက်တွေနဲ့ ကြောက်စရာကောင်းနေတုန်းပါပဲ။အပနှင်တဲ့ပုံစံမျိုးနဲ့ လျှို့ဝှက်ချက်တွေပါတဲ့ ဟော်ရာကားမျိုး ကြိုက်တတ်တဲ့သူတွေအတွက်ကတော့ဟော်ရာကားတွေ ထွက်စရာသိပ်မရှိတော့လို့ ဒီမလေးရှားဟော်ရာကားလေးက စိတ်ကျေနပ်မှုပေးနိုင်တဲ့ကားလေးဖြစ်မှာပါ။သွေးသံတရဲရဲအခန်းတွေပါတာကိုတော့ သတိချပ်စေလိုပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အပနှင်တဲ့မိသားစုတစ်စုရှိပါတယ်။အဲ့မိသားစုထဲမှာမှ အဖေလုပ်သူကလွဲပြီး ကျန်တဲ့သုံးယောက်လုံးဟာ သရဲတစေ တွေကို မြင်နိုင်စွမ်းရှိကြပါတယ်။တစ်နေ့အပနှင်နေတုန်းမှာ အမေဖြစ်သူဟာ နတ်ဆိုးတစ်ကောင်ကြောင့်သေခဲ့ရပြီး နောက် အဖေဖြစ်သူက သူ့သားသမီးတွေ ဒီလိုမဖြစ်ရအောင်ဆိုပြီး သူတို့ရဲ့အစွမ်းစတွေကို ချိတ်ပိတ်ထားခဲ့ပါတယ်။ဒါပေမဲ့ တစ်နေ့မှာ သူတို့နဲ့အိမ်နီးချင်းတစ်ယောက်ဟာ သူမရှိတုန်း သူ့အခန်းကိုကြည့်ပေးဖို့ထားခဲ့ပါတယ်။သားဖြစ်တဲ့သူနဲ့ သူ့သူငယ်ချင်းတွေဟာ အဲ့အခန်းထဲကိုဝင်ပြီး အလုံပိတ်ထားတဲ့ အခန်းတစ်ခုကိုဖွင့်မိရာကနေ လူတွေတစ်ယောက်ပြီးတစ်ယောက် သေကုန်ကြပါတယ်။အဲ့အခန်းထဲက လွတ်သွားတဲ့အရာက ဘာလဲဘာလို့လူတွေကိုလိုက်သတ်နေရတာလဲအခန်းပိုင်ရှင်ရဲ့ လျှို့ဝှက်ချက်ဟာဘာလဲဆိုတာကို အသဲတယားယားနဲ့ ကြည့်ရှုလိုက်ကြပါဦး ။

This message couldn't be displayed on your device due to copyright infringement.

No Hard Feelings (2023) မြန်မာစာတန်းထိုး ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ No Hard Feelingsဇာတ်ကားကတော့ မင်းသမီးကြီးJennifer Lawrenceပါဝင်သရုပ်ဆောင်ထားတဲ့ Comedyကားတစ်ကားဖြစ်ပါတယ်။အခွန်မဆောင်နိုင်လို့ ကားသိမ်းခံလိုက်ရတဲ့ အဌားကားမောင်းသူMaddieဟာ အမေဖြစ်သူချန်ထားခဲ့တဲ့ အိမ်ကို စောင့်ရှောက်နိုင်ဖို့အတွက် သူမကားကို ပြန်ရအောင်ကြိုးစားနေသူဖြစ်တယ်။အဲ့အချိန်မှာဘဲPercyဆိုတဲ့ ၁၉နှစ်အရွယ်ကောင်လေးရဲ့ မိဘတွေက သူ့သားကို နွေရာသီမှာတွဲပေးနိုင်နဲ့ ကောင်မလေးကို လိုက်ရှာနေခဲ့တယ်။Percyမိဘတွေက ရှက်တတ်ပြီး အပေါင်းအသင်းမရှိတဲ့ Percyနဲ့တွဲပေးရင် ကားတစ်စီးပေးမယ်လို့ Maddieကို ကမ်းလှမ်းခဲ့တာကြောင့် ကားလိုအပ်နေတဲ့Maddieတစ်ယောက်ဟာ လူပျိုလေးPercyနဲ့ တွဲနိုင်ဖို့ ကြိုးစားရပါတော့တယ်။လူရိုးလေးPercyကို Maddieတစ်ယောက် ဘယ်လိုဆွဲဆောင်မလဲဆိုတာကို ကြည့်ရှုကြပါအုံး။

Spider-Man: Across the Spider-Verse (2023) မြန်မာစာတန်းထိုး ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ဒီတစ်ခါတော့ IMDB 8.8 ရထားတဲ့ Animation ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်….။အပြိုင်စကြာ၀ဠာတွေအများကြီးတည်ရှိနေတဲ့ ကမ္ဘာမှာစပိုက်ဒါမန်းလေး မိုင်းလ် မိုရယ်လီဟာ တခြားယူနီဗာ့စ်က စပိုက်ဒါတွေနဲ့ဆက်သွယ်ဖိုကြိုးစားရင်း..ကိုယ်ဖြစ်တည်မှုကို ဖုံးကွယ်ဖိုနဲ့ ဖော်ထုတ်ဖိုအကြား လမ်းပျောက်ရင်း မိဘတွေနဲ့ပဋိပက္ခဖြစ်နေချိန်….သူ့ရဲ့ အရာအားလုံးကို ပြန်လူယူမယ်ဆိုတဲ့ ဗီလိန်တစ်ယောက်ဗြုန်းစားကြီးပေါ်လာတဲ့အခါ…စပိုက်ဒါဗာ့စ်နဲ့ ဆက်သွယ်ခွင့်ရဖို ကြိုးစားနေတဲ့မိုင်းလ်အတွက် ကြုံတွေ့လာရမယ့် အခက်အခဲတွေကဘာတွေလဲ…သူရင်ဆိုင်ရမယ့် ဗီလိန်က ထင်သလိုရိုးရှင်းနေရဲ့လားဆိုတာ….Animation လှုပ်ရှားမှုတွေ sound affect တွေသေသပ်စွာနဲ့ အားရစရာကောင်းစွာရှုစားရမယ့် ကားကောင်းလေးမို တင်ဆက်ဆက်ပေးလိုက်ပါတယ်။

Zom 100: Bucket List of the Dead (2023) မြန်မာစာတန်းထိုး ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ဒီတစ်ခေါက်တင်ဆက်ပေးမယ့် “Zoom 100 Bucket List of the Dead”ကားလေးက ဇွန်ဘီကားဆိုပေမယ့် ဟာသလည်းရောထားလို့အတော်လေးကြည့်လို့ကောင်းတဲ့ကားလေးဖြစ်မှာပါဒီကားထဲမှာဆိုရင်အာကီရာဟာ အလုပ်အသစ်ကိုအမျှော်လင့်ကြီးမျှော်လင့်ထားပေမယ့် အမြဲတမ်းပင်ပန်းစွာနဲ့ အလုပ်တွေတက်ရ၊ အချိန်ပိုတွေအဆမတန်လုပ်ရနဲ့လူကအတော်လေးပင်ပန်းလာပါတယ် ရုံးတက်ရမယ်လို့တွေးလိုက်ရင်ကို သေချင်ဇော်နံနေတော့တာပေါ့ ဒီလိုနဲ့တစ်ရက်မှာတော့ မနက်ရုံးတက်ဖို့ထွက်လာတဲ့အချိန်တစ်နိုင်ငံလုံးဇွန်ဘီတွေဖြစ်ကုန်တာကိုတွေ့လိုက်ရပါတော့တယ် ဇွန်ဘီကပ်ဘေးအန္တရာယ်ကိုကြောက်ရမယ့်အစား အာကီရာတစ်ယောက် အလုပ်မသွားရတော့ဘူးဆိုပြီး အပျော်ကြီးပျော်တော့တာပေါ့ ဒါကြောင့်အကြာကြီးနေမှသူအလုပ်နားရတဲ့အချိန် သူလုပ်ချင်တဲ့အလုပ်လေးတွေ အခု ၁၀၀ လုပ်မယ်ဆိုပြီးစာရင်းပြုစုကာ တစ်ခုပြီးတစ်ခုကို အောင်မြင်အောင်လိုက်လုပ်ပါတော့တယ် အာကီရာတစ်ယောက် ဇွန်ဘီတွေတစ်နိုင်ငံလုံးအပြည့်ဖြစ်နေတဲ့အချိန်သူ့ဆန္ဒတွေကိုအောင်မြင်အောင်အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုပေးကြပါဦးနော်

Cocaine Bear (2023) မြန်မာစာတန်းထိုး ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားတဲ့ ဟာသ ဟော်ရာ ရုပ်ရှင်ကားသစ်တစ်ကားဖြစ်ပါတယ်။ ကိုကိန်း ၇၅ ပေါင်လောက်ကို စားမိခဲ့တဲ့ ဝက်ဝံနက်ကြီးတစ်ကောင်းအကြောင်းပါပဲ။ မူရင်းအဖြစ်အပျက်မှာတော့ ယနေ့ခေတ်တန်ကြေးနဲ့ ဒေါ်လာ သန်း ၅၀ ဖိုးလောက်ရှိတဲ့ ကိုကိန်းတွေကို စားပစ်ပြီး ဝက်ဝံက ဆေးလွန်သေသွားခဲ့တာပါ။ ဒါပေမဲ့ ဒီရုပ်ရှင်ထဲမှာတော့ ဆေးကွဲပြီးသောင်းကျန်းပြပါလိမ့်မယ်ဗျာ။ ၁၉၈၅ ခုနှစ်တုန်းက သွန်တန်ဆိုတဲ့ဘိန်းမှောင်ခိုသမားတစ်ယောက်ဟာ ကိုကိန်းတွေအပြည့်ပါတဲ့ အိတ်တစ်လုံးနဲ့ လေယာဉ်ပေါ်ကနေ လေထီးနဲ့ခုန်ချခဲ့ပေမဲ့ လေထီးမပွင့်ဘဲ သေဆုံးသွားခဲ့ပါတယ်။ အဲဒီ ကိုကိန်းမှုန့်တွေကို ဝက်ဝံတစ်ကောင်က စားမိသွားပြီး သောင်းကျန်းတဲ့ ဒဏ်ကို၊ ရဲတွေ၊ ခရီးသွားတွေ နဲ့ ဘိန်းဖြူတွေပြန်လိုက်ယူတဲ့ဘိန်းမှောင်ခိုအဖွဲ့တွေ ကောင်းကောင်းကြီးခံရပုံကို ရိုက်ပါထားတာပါပဲ။ ဟာသဆိုပေမဲ့ ကိုက်တာဖြတ်တာပြတ်တာတွေနဲ့ ဆဲတာတွေပါလို့ R rated သတ်မှတ်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။

Insidious: The Red Door (2023) မြန်မာစာတန်းထိုး ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ နာမည်ကျော် သရဲကား ရုပ်ရှင်တွဲတွေဖြစ်တဲ့ Insidious ရုပ်ရှင်တွေထဲက နောက်ဆုံးထွက် ၅ ရုပ်ရှင်ဖြစ်ပါတယ်။ လိပ်ပြာလွှင့်ရာကနေ ပရလောကမကောင်းဆိုးဝါးတွေနဲ့ ကြုံရပုံကို အခြေခံထားတဲ့ ဇာတ်လမ်းတွေပါပဲ။ ဒီကားကတော့ အရင်ဒါရိုက်တာတွေမဟုတ်ဘဲ ဒီရုပ်ရှင်ရဲ့ ခေါင်းဆောင်မင်းသား Patrick Wilsonကိုယ်တိုင် ပထမဆုံး ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းဂျော့ရှ် နဲ့ ဒေါ်တန် တို့ သားအဖဟာ ကိုမာဝင်ခဲ့တဲ့ကိစ္စရယ် သရဲပူးပြီး မိသားစုကိုပြန်ရန်ရှာတဲ့ကိစ္စတွေရယ်ကိုမေ့ပျောက်ဖို့အိပ်မွေ့ချဆရာအကူအညီနဲ့ မှတ်ဉာဏ်တွေကို မသိစိတ်ထဲမှာ ဖုံးကွယ်ထားလိုက်ကြပါတယ်။ ဒီလိုနဲ့ ၉ နှစ်ကြာလာတဲ့အထိ အဲဒီတုန်းကအဖြစ်တွေကို ဝေဝေဝါးဝါးနဲ့သတိမရဘဲနေထိုင်လာကြတာပါ။ ဒါပေမဲ့ သားအကြီး ဒေါ်တန် ကောလိပ်တက်ရတဲ့အချိန်ရောက်လာပြီးကောလိပ်မှာ ထူးဆန်းတာတွေနဲ့ စကြုံလာတဲ့အခါ ဂျော့ရှ် ကလည်း သူ့ရဲ့အတိတ်ကို ပြန်မှတ်မိဖို့ ကြိုးစားရင်းနဲ့ ကြောက်စရာတွေကြုံတွေ့လာတဲ့အခါ သားအဖနှစ်ယောက်အတင်းမေ့ပစ်ထားတဲ့ အတိတ်ကို ပြန်ရင်ဆိုင်ရပါတော့တယ်။