ကဗျာစာတိုများ
Open in Telegram
ကိုယ်တိုင်ဆွေးပြီး ကိုယ်တိုင်ရေးထားတဲ့ အတွေးကဗျာများပါ တူတူခံစားပေးကြပါဉီးနော်😊
Show more438
Subscribers
-224 hours
-97 days
+1130 days
Posts Archive
လူနှစ်ဦး အပြန်အလှန်
ချစ်နေတာကို
အချစ်ဟူခေါ်လျှင်
တစ်ယောက်ထဲက
ချစ်နေတာကိုကော
ဘယ်လိုခေါင်းစဥ်တပ်ရမလဲ..။
#ဗေဒါ
ညစ်ညမ်းနေတာတောင်
လှလိုက်တဲ့နိုင်ငံ
စောက်ရူးတွေသာ
အာဏာမရူးခဲ့ရင်
စိတ်ဓာတ်တွေသာ
ကောင်းမွန်ခဲ့ရင်
ယဥ်ကျေးမှုအမွေကိုသာ
ထိန်းသိမ်းနိုင်ခဲ့ရင်
ဒီနိုင်ငံကို ကမ္ဘာက
လေးစားလောက်တယ်။
ဗေဒါ
ကံတရားက ကျွန်တော့်ကို
နောက်တစ်ကြိမ်...
ထပ်ချစ်ခိုင်းပြန်ပီထင်တယ်
အဲ့မမရဲ့ အပြုံးတွေက
သိပ်လှတာပဲ......။
ဗေဒါ
ခင်များတို့ ပြောတော့
ကမ္ဘာကြီးက ကျဥ်း"လေးဆို
ခုတော့...
ဝေးသွားလိုက်ပုံများဗျာ
မင်းနာမည်လေးတောင်
မကြားရတော့ပါလား ။
ဗေဒါ
အရင်လို
လွယ်လွယ်နဲ့ မယုံတတ်တော့ဘူး
ဘယ်သူ့အပေါ်မှလည်း
မျှော်လင့်ချက်တွေ
မထားတတ်တော့ဘူး
ဘယ်သူ့အတွက်ရယ်ဆိုပြီး
ရင်ဘတ်ထဲ သီးခြားနေရာတွေ
မသတ်မှတ်တတ်တော့ဘူး
သံယောဇဉ်ရှိရင်ရှိသလောက်
နာကျင်ရတာမို့
လူတိုင်းပေါ်မှာ ကန့်သတ်သံယောဇဉ်မျဉ်းလေး
ဆွဲထားမိတယ်
သံယောဇဉ်ဆိုတာမြတ်နိုးဖို့ကောင်းပေမယ့်
ရလာတဲ့ နာကျင်မှုဒဏ်တွေကျ
ခံရခက်လွန်းတယ်လေ😢😢😢
ဒီနေ့ဆိုတဲ့ပစ္စုပ္ပာန်မှာ
ကောင်းတာတွေဖြစ်ဖို့
နက်ဖြန်ဆိုတဲ့ အနာဂတ်မှာလည်း
ကောင်းတာတွေ ဖြစ်စေဖို့ဆိုပြီး
ဒီနေ့ပေါင်းများစွာနဲ့
နက်ဖြန်ပေါင်းများစွာဆိုပြီး
ကိုယ့်ကိုယ်ကို နှိပ်စက်မိတော့
မသိမသာပင်ပန်းလာတယ်
ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေဟာ
တခြားသူအပေါ်မှီခိုပြီးရတဲ့
ပျော်ရွှင်မှုတွေမဖြစ်စေနဲ့
သူတို့က နင့်အနားမှာ
တစ်သက်လုံး
အတူရှိပေးနိုင်မှာမဟုတ်ဘူး😢
ဒီနေ့ဖြုန်းခဲ့တဲ့ အချိန်တွေက
နက်ဖြန်မှာနှစ်ဆပင်ပန်းစေသလို
ဒီနေ့မလှမ်းခဲ့တဲ့
ခြေလှမ်းတွေအတွက်လည်း
နက်ဖြန်မှာနှစ်ဆပိုလှမ်းရလိမ့်မယ်
ကြိုးစားခွင့်ချင်းလည်းအတူတူ
အချိန်တွေရတာချင်းလည်း
အတူတူမှာ
ကိုယ်ကဆင်ခြေတွေပေးရင်း
ရပ်နေမိရင်
အခုအတူတူလှမ်းနေတဲ့လူတွေနဲ့
ဝေးကွာသွားရလိမ့်မယ်
သူကလည်းလူ ငါကလည်းလူ
ပုခုံးနှစ်ဖက်ကြား
ခေါင်းပေါက်တာချင်းအတူတူလို့
ခံယူချက်ထားပြီး
ဆင်ခြေတွေကိုခေါက်သိမ်းမယ်
ပင်ပန်းမှုတွေကိုလျစ်လျူရှုမယ်
ငါတို့အကောင်းဆုံးလုပ်ခဲ့ပါတယ်လို့
လက်မထောင်နိုင်ဖို့
ငါတို့အကောင်းဆုံးကြိုးစားကြမယ်🤍🤍🤍
အခြားသူတွေရဲ့ စိတ်အခြေအနေကို
အကဲခတ်တတ်နေပြီဆိုပေမယ့်
သိလိုက်တဲ့အချိန်
အရောင်ပြောင်းသွားတဲ့
ငါ့မျက်နှာကိုတော့
မထိန်းချုပ်နိုင်သေးဘူး
မမျှော်လင့်ထားတဲ့
စကားတွေကြားတဲ့အချိန်
ပြုံးပြမိမှာသေချာပေမယ့်
အဓိပ္ပာယ်မဲ့နေတဲ့
အပြုံးတွေကိုတော့
မပြင်ဆင်နိုင်သေးဘူး
cancerရာသီခွင်နဲ့
အင်္ဂါသမီးဖြစ်ရတာ
အတွေးတွေတော်တော်များတယ်
မဖြစ်သေးတဲ့ အရာတွေကို
ပုံဖော်ပြီး စိုးရိမ်တတ်လွန်းတော့
အတော်လည်း ပင်ပန်းရတယ်
အဲ့ အတွေးတွေကို
ကန့်သတ်နိုင်ရင်တော့
ငါ တော်တော်အေးချမ်းသွားမယ်ထင်တယ်🙂
မင်းရှိနေတယ်ဆိုတဲ့ အသိနဲ့
ရင်ခုန်နှုန်းတွေ
မမြန်တတ်တော့သလို
ရင်ခုန်သံတွေအစား
ဒေါသတွေက
အစားထိုးနေရာယူနေပြီ
မင်းပေးသွားတဲ့
ဒဏ်ရာတွေကုရင်း
မင်းရဲ့ဖြစ်တည်မှုကို
မေ့သွားတဲ့အထိ
ဒဏ်ရာတွေကလည်း
တော်တော်ကျက်နေပြီ
နင်မရှိလည်း ငါအဆင်ပြေသွားပြီလေ😎
နေကြာပန်းလေးက🌻
နေမင်းကိုပဲ မျက်နှာမူပြီး
အရာရာကို ကျောခိုင်းထားပေမယ့်
နေမင်းကတော့☀️
မင်းနဲ့တူတယ်ထင်ပါတယ်
တစ်လောကလုံးကို
မျက်နှာမူပြီး တူညီသော
ချစ်ခြင်းမေတ္တာတွေ
ဖြန့်ကျက်ပေးထားတယ်❤️❤️
နာကျင်နေလဲ ပြုံးထားပေါ့
အနည်းဆုံးတော့
မင်းပြိုလဲနေတာကို
သူတို့မသိတော့ဘူး
"မင်းခံစားနေရတာတွေကို
ငါတို့နားလည်ပါတယ်"ဆိုတဲ့
အလိမ်အညာစကားတွေ
မကြားရတော့ဘူး
မင်းကိုလှောင်ရီနေမယ့်
ပုံရိပ်တွေလည်း
မမြင်ရတော့ဘူးလေ
တစ်ခါတစ်လေ ငါကပဲ
သူ့ကို အရမ်းဂရုစိုက်ပြီး
သူ့စိတ်ထဲ ငါရှိပါ့မလားဆိုတဲ့
အတွေးလေးတွေတော့
ဝင်မိပါတယ်🙂
မသေချာ မရေရာတဲ့
အနာဂတ်အကြောင်း
တွေးမိတော့လည်း
ရင်မောမိသား.....😢
အကျည်းတန်နေတဲ့လောကကြီးထဲ
စာနာမှုတွေကိုမျှော်လင့်နေတဲ့
ငါ့ကိုယ်ငါလည်း
အံ့သြမိသား......😢🥺
တစ်ခြားသူတွေရဲ့ စကားတွေကို
ဂရုစိုက်ပြီး ရှင်သန်တယ်
တစ်ခြားသူတွေ ဘယ်လိုမြင်လဲ
တွေးပြီး စိတ်ဆင်းရဲတယ်
တစ်ခြားသူတွေ ဘာလို့ငါ့ကို
အမြင်မကြည်ရတာလဲလို့
ဉီးနှောက်အခြောက်ခံတယ်
နင့်ကိုယ်ကိုယ်ရော
နင်ပိုင်သေးရဲ့လား.......
မုန်းတယ်ဆိုပြီး မပြောသာပေမယ့်
နင်နဲ့ ဆက်သွယ်မိတိုင်း
စိတ်ဆင်းရဲရတာဆိုတော့
ချစ်တာလည်းမဟုတ်လောက်ဘူးထင်တယ်
