en
Feedback
Study Berry 🍒

Study Berry 🍒

Open in Telegram

ɴᴇᴠᴇʀ ᴛᴏᴏ ʟᴀᴛᴇ ᴛᴏ sᴛᴀʀᴛ sᴏᴍᴇᴛʜɪɴɢ ɴᴇᴡ. Sᴏ ʟᴇᴛ's sᴛᴀʀᴛ ᴡɪᴛʜ Sᴛᴜᴅʏ Bᴇʀʀʏ🍒

Show more
5 287
Subscribers
-324 hours
-177 days
-5130 days
Posts Archive
Let's talk about Vegetables!
+1
Let's talk about Vegetables!

Let's talk about Fruits!
+1
Let's talk about Fruits!

Hello! Howdy doody, berries! 🍒 ဒီနေ့မှာတော့ Katie က Speaking Practice လုပ်ဖို့ Beginner friendly Speaking Cards တွေ sharing လုပ်ပေးမှာဖြစ်ပါတယ်။ Topic အနေနဲ့ဆိုရင် 1. Fruits, 2. Vegetables, 3. Foods, 4. Health, 5. Movies, 6. Books, 7. Shopping, 8. Happiness, 9. Dream Job, 10. Friends ဆိုပြီး Beginner တွေအတွက် အဆင်ပြေမယ့် Topic ဆယ်ခုကို တစ်ခုစီမှာ question 20 နဲ့ သေချာအချိန်ပေး လုပ်ပေးထားတာမလို့ လေ့ကျင့်ဖြစ်အောင် လေ့ကျင့်ပါနော်။ 🤍 Study Partner ရှိတဲ့သူတွေက အပြန်အလှန် အမေးအဖြေလုပ်ရင်း လေ့ကျင့်လို့ရသလို Partner မရှိတဲ့ berries လေးတွေကတော့ 15 min စာ record file လုပ်ပြီး smalltalk2.me မှာ စစ်ခိုင်းလို့ရပါတယ်နော်။ အခြား level တွေအတွက်ကတော့ coming soon ပါရှင့်။ ကိုယ် Practice လုပ်ချင်တဲ့ topic တွေရှိရင်လည်း request လုပ်လို့ရပါတယ်။ — 𐙚 Hope this content will help you!!!🌷 So, hit that "𝐋𝐢𝐤𝐞 & 𝐒𝐡𝐚𝐫𝐞 " button for 𝐒𝐭𝐮𝐝𝐲 𝐁𝐞𝐫𝐫𝐲, and get ready for more awesome content! Stay berry-tuned! 🍒 #Study_Berry #스투디_베리 #Content_by_Katie #Graphics_by_Katie

Learn Something New ကိုယ့်အနေနဲ့ အသစ်"သောအရာတွေလေ့လာလိုက်စားဖို့လိုအပ်ပါတယ်။ Learning က Never Ending Process ပါ။ ကိုယ်စိတ်ဝင်
Learn Something New ကိုယ့်အနေနဲ့ အသစ်"သောအရာတွေလေ့လာလိုက်စားဖို့လိုအပ်ပါတယ်။ Learning က Never Ending Process ပါ။ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာစကားတွေ၊နည်းပညာနဲ့ဆိုင်တဲ့အကြောင်းအရာတွေ၊စီးပွားရေးနဲ့ပက်သက်တဲ့အကြောင်းအရာတွေ၊‌ ဆေးပညာနဲ့ပက်သက်တာ‌တွေ၊ gardeningနဲ့ပတ်သက်တာ၊ crochet ထိုးတာ၊ ဟင်းချက်တာ စသဖြင့် ၀ါသနာပါရာကို လေ့လာလို့ရပါတယ်။ အဲ့တာအပြင် ကိုယ်က Artworks or Musical အပိုင်းတွေမှာ ဝါသနာပါတဲ့သူဆိုလည်း YouTubeနှင့်အခြား website တို့ကနေလေ့လာနိုင်ပါတယ်ရှင့်။ ဒီ ၂၀၂၄ ကို အရင်ကလို ဒီအတိုင်းမကုန်ဆုံးစေဘဲနဲ့ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ချင်တဲ့သူတွေအတွက် မဖြစ်မနေရှိသင့်တဲ့ habits တွေပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေကိုမြှင့်တင်ချင်တယ် ၊ ကိုယ့်ကိုယ်ကိုပိုပြီးကောင်းတဲ့သူအဖြစ်ပြောင်းလဲချင်တယ်ဆိုရင်တော့ ဒီ Habits တွေကို မွေးမြူကြပါလို့အကြံပြုချင်ပါတယ် berries တို့ရေ။ 🍒✨ — 𐙚 Hope this content will help you!!!🌷 So, hit that "𝐋𝐢𝐤𝐞 & 𝐒𝐡𝐚𝐫𝐞 " button for 𝐒𝐭𝐮𝐝𝐲 𝐁𝐞𝐫𝐫𝐲, and get ready for more awesome content! Stay berry-tuned! 🍒

Manage your Time & Money လူတစ်ယောက်မှာ အချိန်ရော ငွေကြေးကိုပါ စီမံခန့်ခွဲနိုင်ဖို့လိုအပ်ပါတယ်။ ပစ္စည်းတစ်ခု၀ယ်တော့မယ်ဆိုရင် ပ
Manage your Time & Money လူတစ်ယောက်မှာ အချိန်ရော ငွေကြေးကိုပါ စီမံခန့်ခွဲနိုင်ဖို့လိုအပ်ပါတယ်။ ပစ္စည်းတစ်ခု၀ယ်တော့မယ်ဆိုရင် ပြန်သုံးသပ်ရမှာက ဒီပစ္စည်းတွေက want or need ကို ခွဲခြားတတ်ဖို့ပါပဲ။ တကယ်လိုအပ်နေတဲ့အရာဆိုရင် ဝယ်ယူသင့်ပြီး ကိုယ်မလိုအပ်ပဲလိုချင်‌တဲ့ပစ္စည်းပဲဖြစ်‌တယ်ဆိုရင် ကိုယ့်အနေနဲ့ ဒီပစ္စည်းကိုနောက်တစ်လမှဝယ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါ။ အဲ့အချိန်ကြရင် လိုချင်စိတ်မရှိတော့ပါဘူး။ အဲ့လိုနည်းနဲ့ မလိုအပ်တာတွေ လျှောက်မ၀ယ်မိတော့ ငွေပိုစုမိလာမှာဖြစ်ပါတယ်။ Time management အတွက်ကတော့ Daily To Do List ရေးတာက နည်းလမ်းကောင်းဖြစ်ပါတယ်။ ရေးတဲ့အခါ ကိုယ့်အတွက် Most Important ကနေ least important ဆိုပြီး အစဥ်လိုက်ရေးသင့်ပါတယ်။ To Do List နဲ့ အလုပ်လုပ်ရင် organise ဖြစ်ပြီး အလုပ်ပြီးတာတွေ့ရမှာပါ။ နောက်ပြီး Screen time ကိုlimitလုပ်ရပါမယ်။ Screen timeများတာက‌ရေရှည်မှာမျက်လုံးနှင့်အာရုံကြောကိုထိခိုက်စေပါတယ်။ ဖုန်းကြည့်ရင်း အချိန်တွေကုန်ပြီး အလုပ်မတွင်ကျယ်စေပါဘူး။ Break time‌ တွေမှာလည်း ဖုန်းနဲ့အခြားappတွေကို မကြည့်ဘဲ စာအုပ်ဖတ်တာဖြစ်ဖြစ် ကိုယ်ဝါသနာပါတဲ့အရာတွေလုပ်ခြင်းဖြင့်တတ်နိုင်သမျှ screen timeလျှော့ချရပါမယ်ရှင့်။

Reading ငယ်ငယ်ကတည်းက လူကြီးတွေပြောပြောနေကြတဲ့ စကားတစ်ခွန်းရှိတယ်။ ကြီးပွားချင်ရင် စာဖတ်ပါ။ နိုင်ငံကိုတိုးတက်ချင်ရင် စာဖတ်ပါတဲ
Reading ငယ်ငယ်ကတည်းက လူကြီးတွေပြောပြောနေကြတဲ့ စကားတစ်ခွန်းရှိတယ်။ ကြီးပွားချင်ရင် စာဖတ်ပါ။ နိုင်ငံကိုတိုးတက်ချင်ရင် စာဖတ်ပါတဲ့။ ငယ်ငယ်ကတည်းက စာဖတ်ပါဆိုတဲ့စကားနဲ့ berries တို့က ရင်းနှီးနေပေမယ့် စာအုပ်ကိုင်လိုက်ပြီဆိုတာနဲ့ အိပ်ပျော်သွားတဲ့လူတွေရှိသလို စာအုပ်ကြိုက်တဲ့ စာဂျပိုးလေးတွေလည်းရှိပါတယ်။ ဒါပေမယ့် စာဆိုတာက ဖတ်ပြီးရင် ဒီအတိုင်း ထားရမှာမဟုတ်ပါဘူး။ လက်​တွေ့ဘဝမှာပြန်အသုံးချဖို့လည်း လိုအပ်ပါတယ်။ စာများများဖတ်လာတဲ့အခါမှာ ဘယ်အရာကိုမဆို ချင့်ချိန်စဥ်းစားတတ်လာမှာပါ။ စာဖတ်တဲ့အခါမှာလည်း ကိုယ်ဖတ်လိုက်တဲ့ စာအုပ်ထဲကနေ အသိဥာဏ်တစ်ခုတော့ရသွားဖို့လည်းလိုအပ်ပါသေးတယ်။ ကိုယ်ဘယ်လောက်စာအုပ်များများဖတ်ထားတာထက် ကိုယ်ဖတ်လိုက်တဲ့စာအုပ်တစ်အုပ်ကနေ ဗဟုသုတ အသိဥာဏ်တွေ ဘယ်လောက်ရသွားလဲက ပိုပြီးအရေးကြီးပါတယ်။ စာအုပ်ဖတ်ခြင်းက ဗဟုသုတရရှိရန်နှင့် တီထွင်ဖန်တီးနိုင်စွမ်းကို လှုံ့ဆော်ပေးတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်သလို အာရုံစူးစိုက်မှုကို တိုးတက်စေပြီး တရားထိုင်ခြင်းကဲ့သို့ ငြိမ်သက်သော အကျိုးသက်ရောက်မှုရှိပါတယ်။ ဒါ့အပြင် အိပ်ရာမဝင်ခင် စာဖတ်ခြင်းက ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါတယ်။ အဲ့တာကြောင့် စာဖတ်ဖို့ တိုက်တွန်းပါတယ်ရှင့်။

Meditation တရားထိုင်တာကလည်း ကိုယ့်ရဲ့ mental health ကို ပိုကောင်းစေတာမလို့ မွေးယူသင့်တဲ့ habit တစ်ခုပဲဖြစ်ပါတယ်။ တရားထိုင်တာမ
Meditation တရားထိုင်တာကလည်း ကိုယ့်ရဲ့ mental health ကို ပိုကောင်းစေတာမလို့ မွေးယူသင့်တဲ့ habit တစ်ခုပဲဖြစ်ပါတယ်။ တရားထိုင်တာများလာရင် အဲဒီလူက Positive thinking အားကောင်လာမယ် ၊ Critical thinking လည်းပိုကောင်းလာနိုင်သလို စိတ်ကိုလည်း တည်ငြိမ်စေပြီး ငြိမ်းချမ်းနေမှာပဲ ဖြစ်ပါတယ်။ တရားထိုင်ကစိတ်ကို ငြိမ်စေပြီး ဦးနှောက်ကိုရှင်းလင်းစေပါတယ်၊၊ ဗုဒ္ဓဘာသာဝင်တွေ အယူအဆ အနေနဲ့ဆိုလည်း တရားထိုင်တာကောင်းတဲ့အလုပ်ပါ၊၊ တစ်ဖက် science အနေနဲ့ဆိုလည်း တရားထိုင်တာက မိမိရဲ့မှတ်ဉာဏ်ကိုပိုမိုကောင်းမွန်စေပါတယ်၊၊

Be Optimistic လူတော်တော်များများက တခြားသူကိုကြည့်တဲ့အခါမှာ အဲဒီလူရဲ့ အကောင်းဘက်အခြမ်းထက် သူ့ရဲ့ အဆိုးဘက်တွေကိုပို​​မြင်တတ်ကြပ
Be Optimistic လူတော်တော်များများက တခြားသူကိုကြည့်တဲ့အခါမှာ အဲဒီလူရဲ့ အကောင်းဘက်အခြမ်းထက် သူ့ရဲ့ အဆိုးဘက်တွေကိုပို​​မြင်တတ်ကြပါတယ်။ အဲလိုမြင်တဲ့အရာက ကိုယ့်အတွက်ရော အခြားသူအတွက်ပါ ကောင်းတဲ့အရာတော့မဟုတ်ပါဘူး။ ဒါကြောင့်မို့လည်း Positive thinking ဆိုတဲ့ habit က အရေးကြီးလာတာပါ။ Positive thinking ရှိတဲ့လူတွေက သူတို့ကိုကြည့်လိုက်တာနဲ့ အခြားသူတွေနဲ့မတူဘဲ တမူထူးခြားပြီး အေးချမ်းနေတတ်တဲ့အပြင် optimistic ဖြစ်ရင် Creative ကောင်းပြီး Stress တွေကို လွယ်ကူစွာလျော့ချနိုင်ပါတယ်။ လူတစ်ယောက်ရဲ့စိတ်ကအမြဲတမ်း positive ဖြစ်နေတာမဟုတ်ပါဘူး။ဒါကြောင့်တနေ့တာမှာnegativeဖြစ်စေမယ့်အရာတွေရှိခဲ့ရင်လည်းဘယ်လိုကျော်လွှားရမလဲဆိုတာပြောပြပေးပါမယ်။ဥပမာ- ကိုယ့်ဆီမှာ Negativeဖြစ်စေမယ့်အရာတွေ ကြုံလာပြီဆိုရင် Meditationပြုလုပ်ခြင်း၊ ကျေးဇူးတရားပွားများခြင်း ပြုလုပ်ဖို့ အကြံပြုချင်ပါတယ်။ ကိုယ့်ရဲ့ နေ့ရက်တွေက ဘာမှန်းမသိကုန်ဆုံးသွားတဲ့အတွက် ကိုယ်တွေအနေနဲ့ စိတ်အလိုမကျတဲ့အရာတွေကြုံလာခဲ့ရင် သည်းခံတတ်တဲ့စိတ်နှင့် အကောင်းမြင်စိတ်ထားတတ်ဖို့ လိုအပ်ပါတယ်ရှင့်။ Reminder: Don't forget to smile!

Do Single-task အလုပ်ကို လုပ်တဲ့နေရာမှာ ကဏ္ဍတွေအများကြီး အာရုံစိုက်လုပ်ရတာက လူကိုပင်ပန်းစေပါတယ်၊၊ ဦးနှောက်ကိုလည်း ရှုပ်ထွေးစေပ
Do Single-task အလုပ်ကို လုပ်တဲ့နေရာမှာ ကဏ္ဍတွေအများကြီး အာရုံစိုက်လုပ်ရတာက လူကိုပင်ပန်းစေပါတယ်၊၊ ဦးနှောက်ကိုလည်း ရှုပ်ထွေးစေပြီး မှတ်ဉာဏ်ပိုင်းမှာ အကျိုးသက်ရောက်နိုင်ပါတယ်၊၊ Stanford University မှ ပြုလုပ်သော လေ့လာမှုတစ်ခုအရ အလုပ်များစွာလုပ်ခြင်းသည် စွမ်းဆောင်ရည်ကို ကျဆင်းစေပြီး မှတ်ဉာဏ်ထိန်းချုပ်မှုကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် တတ်နိုင်သမျှ အလုပ်တစ်ခုထဲကိုပဲအာရုံစူးစိုက်လုပ်သင့်ပါတယ်၊၊

Do Exercise Regularly Physical Exercise ဆိုတာက လူတိုင်းလုပ်သင့်တဲ့အရာတစ်ခုပါ။ တစ်ခါတစ်လေကျရင် လူတွေက ဘာမှလုပ်ချင်ကိုင်ချင်စိတ
Do Exercise Regularly Physical Exercise ဆိုတာက လူတိုင်းလုပ်သင့်တဲ့အရာတစ်ခုပါ။ တစ်ခါတစ်လေကျရင် လူတွေက ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ ပျင်းရိနေတတ်ပါတယ်။ ဘာလို့ဆို့ သူတို့က Physical Exercise လုပ်ခြင်းမရှိလို့ပါ။ Physical Exercise ပုံမှန်လုပ်တဲ့သူတွေက တစ်ခြားသူတွေထက်ပိုပြီး ကျန်းမာရေးကောင်းနိုင်သလို ပိုပြီးတော့လည်း လန်းဆန်းတက်ကြွနေတက်ကြပါတယ်။ နေ့စဉ်လေ့ကျင့်ခန်းလုပ်ခြင်းက ရုပ်ပိုင်းဆိုင်ရာသာမက၊ စိတ်ပိုင်းဆိုင်ရာကိုပါ အထောက်အကူဖြစ်စေပါတယ်။ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်တာထက် ပေါ့"ပါး"ဖြစ်စေမယ့် yoga ဆော့တာတွေ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ စသဖြင့် အခြားသော လေ့ကျင့်ခန်းတွေ လုပ်လို့ရပါတယ်။ ပိုမိုကောင်းမွန်ပြီး ကျန်းမာတဲ့ခန္ဓာကိုယ် ပိုင်ဆိုင်နိုင်ဖို့အတွက် ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးရပါမယ်ရှင့်။

Creat Morning Routine နေ့တစ်နေ့ကို အစပြုဖို့ morning routine တစ်ခုတည်ဆောက်သင့်ပါတယ်။ မနက်ခင်းမှာ ကိုယ်ဘာလုပ်တယ်ဆိုတာကလည်း တစ်
Creat Morning Routine နေ့တစ်နေ့ကို အစပြုဖို့ morning routine တစ်ခုတည်ဆောက်သင့်ပါတယ်။ မနက်ခင်းမှာ ကိုယ်ဘာလုပ်တယ်ဆိုတာကလည်း တစ်နေ့လုံး ကိုသက်ရောက်မှူရှိပါတယ်။ အစကောင်းမှ အနှောင်းသေချာတယ်ဆိုသလိုမျိုး ကိုယ်အစပြုတဲ့မနက်ခင်းကိုလည်း ကောင်းမွန်တဲ့အလေ့အကျင့်တွေနဲ့တည်ဆောက်ထားသင့်ပါတယ်။

Get enough sleep & Wake up Early လူတစ်ယောက်မှာ တစ်နေ့ကို6-8 hours of sleepingရှိရပါမယ်။ ဒါပေမယ့်ကိုယ်ကည11-12နာရီလောက်မှအိပ်တတ
Get enough sleep & Wake up Early လူတစ်ယောက်မှာ တစ်နေ့ကို6-8 hours of sleepingရှိရပါမယ်။ ဒါပေမယ့်ကိုယ်ကည11-12နာရီလောက်မှအိပ်တတ်တဲ့ night owlလေးဆိုရင်စောစော အိပ်တတ်တဲ့အကျင့်လေးရအောင်ဒီနည်းလမ်းအတိုင်းပြုလုပ်ကြည့်ရအောင်နော်။ ( ဥပမာ-ဒီ‌နေ့ကိုအရင်ကညတွေထက်နာရီဝက် (ဒါမှမဟုတ်) မိနစ်20လောက်စောအိပ်ကြည့်တာမျိုးလုပ်ကြည့်ရပါမယ်။) ညဘက်စော"အိပ်တဲ့အကျိုးရလဒ်ကအိပ်ရေးဝပြီး မနက်ထတဲ့အခါလည်း စိတ်ကြည်လင်မှုရှိစေပါတယ်ရှင့်။ အိပ်ရေးဝဖို့တင်မကဘဲ စောစောထတက်ဖို့လည်း လိုအပ်ပါတယ်။ "စောစောထတဲ့ငှက် အစာပိုရတယ်" ဆိုတဲ့စကားပုံလေးအတိုင်းပဲ အိပ်ရာစောစောထတဲ့သူတွေက နောက်ကျမှအိပ်ရာထတဲ့သူတွေအတွက် ပိုပြီးတက်ကြွနေတတ်ပါတယ်။ စောစောထတဲ့သူတွေက တစ်နေ့တာလုံးမှာ တက်ကြွနေပြီးတော့ စိတ်ကလည်းကြည်လင်နေပြီး တစ်နေ့တာမှာ ကိုယ်လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကို တက်တက်ကြွကြွလုပ်ဆောင်နိုင်မယ်။ ဒီလိုမျိုး စောစောထပြီး လန်းဆန်းဖို့အတွက်လည်း ညဘက်မှာစောစောအိပ်ဖို့လိုပါသေးတယ်နော်။ ညဘက်စောစောမအိပ်ဘဲ မနက်စောစောထရင် ခေါင်းမကြည်ဘဲ ပိုပြီးတောင်စိတ်ရှုပ်စေနိုင်ပါတယ်။ ဒါကြောင့် စောစောအိပ်ပြီး စောစောထတာကလည်း ဘဝမှာ မဖြစ်မနေရှိသင့်တဲ့ habit တစ်ခုပဲ ဖြစ်ပါတယ်။

Hey, berries🍒 ဒီနေ့ Topicလေးက ❛ These Habits Will Change Your Life ❜ ပဲဖြစ်ပါတယ်ရှင့်။ အရင်ဆုံး အလေ့အကျင့်ကောင်းတွေစလုပ်မယ်ဆို" Never miss twice" ဆိုတဲ့အရာလေးကို ကျင့်သုံးရပါမယ်။ ဒါကြောင့် ဘယ်အရာတွေပဲလုပ်လုပ် "ဘယ်တော့မှနှစ်ရက်မပျက်စေနဲ့" ဆိုတဲ့နည်းလမ်းကို မှတ်သားထားရပါမယ်။ ဒါဆိုHabitsလေးတွေကို ကြည့်လိုက်ရအောင်နော်။ 🙆‍♀ #Study_Berry #스투디_베리 #Content_by_Hannahtet_Yoon_NannSu #Graphics_by_Katie

Work_on_Your_Idioms.pdf3.22 MB

❛ Work on Your Idioms ❜ 𖹭– Work on Your Idioms book ကတော့ Collins serie ထဲကဖြစ်ပြီး Intermediate to Advanced learners တွေအတွ
❛ Work on Your Idioms ❜ 𖹭– Work on Your Idioms book ကတော့ Collins serie ထဲကဖြစ်ပြီး Intermediate to Advanced learners တွေအတွက် ရည်ရွယ်ထုတ်ဝေထားတာ ဖြစ်ပါတယ်။ 𖹭– Idiom တွေကို topic အလိုက် meaning + example sentence နဲ့ ဖော်ပြထားပြီး လေ့ကျင့်စရာ exercise နဲ့ answer key ပါရှိပါတယ်။ — 𐙚 Hope this content will help you!!!🌷 So, hit that "𝐋𝐢𝐤𝐞 & 𝐒𝐡𝐚𝐫𝐞 " button for 𝐒𝐭𝐮𝐝𝐲 𝐁𝐞𝐫𝐫𝐲, and get ready for more awesome content! Stay berry-tuned! 🍒

English_for_Everyone_English_Idioms_by_Thomas_Booth_Jenny_Wilson.pdf111.90 MB

❛ English for Everyone (Idioms)❜ ⭑ֶֶֶָָָ֢֢֢𖹭 Katie's Fav ဒီစာအုပ်လေးကတော့ နာမည်ကြီး DK Book Serie (English for Everyone) က ထ
❛ English for Everyone (Idioms)❜ ⭑ֶֶֶָָָ֢֢֢𖹭 Katie's Fav ဒီစာအုပ်လေးကတော့ နာမည်ကြီး DK Book Serie (English for Everyone) က ထုတ်ဝေတာဖြစ်သလို page မှာလည်း ခဏခဏ recommend လုပ်လို့ berries တို့နဲ့ စိမ်းနေမယ် မထင်ပါဘူး။ 𖹭– Idiom တွေကို topicအလိုက် ဖော်ပြထားပြီး သူ့ရဲ့ explanation တွေက နားလည်ရလွယ်တဲ့အပြင် example sentence လည်းပါသလို graphic လည်းပါလို့ visual learning အတွက်လည်း အဆင်ပြေပါတယ်။ 𖹭– လေ့ကျင့်စရာ exercise တွေလည်း ပါရှိပြီး answer key လည်းပါတာဖြစ်လို့ self-study လုပ်ချင်တဲ့သူတွေအတွက် သင့်တော်ပါတယ်။ 𖹭𖹭𖹭 ဒီစာအုပ်လေးနဲ့ Idiom စလေ့လာခဲ့ပြီး graphics တွေပါလို့ attractive လည်းဖြစ်သလို တစ်ခါတည်း လေ့ကျင့်ဖို့ကလည်းပါလို့ Katie's Fav ပါ။

+1
English_Idioms_in_Use_Intermediate.pdf52.15 MB

❛ English Idioms in Use ❜ (⭑ֶֶֶָָָ֢֢֢𖹭 Katie's Fav) 𖹭– Cambridge University က ထုတ်ဝေပြီး နာမည်ကြီး In Use Serie ဖြစ်လို့ le
❛ English Idioms in Use ❜ (⭑ֶֶֶָָָ֢֢֢𖹭 Katie's Fav) 𖹭– Cambridge University က ထုတ်ဝေပြီး နာမည်ကြီး In Use Serie ဖြစ်လို့ learners တွေအနေနဲ့ကတော့ ရင်းနှီးပြီးသားဖြစ်မှာပါ။ 𖹭– Idiom တွေကို topic အလိုက် ဖော်ပြပေးထားတဲ့အပြင် table နဲ့ meaning & example ဆိုပြီး သေချာရှင်းပါထားလို့ systematic ဖြစ်တဲ့ စာအုပ်တစ်အုပ်ဆိုလည်း မမှားပါဘူး။ Level အနေနဲ့ 𖹭 Intermediate 𖹭 Advanced ဆိုပြီး ၂ခု ပါရှိပါတယ်။ 𖹭– လေ့ကျင့်စရာ Exercise တွေလည်း ပါရှိတော့ self-study learner တွေအတွက် perfect ပါ။ 𖹭𖹭𖹭 In Use Serie တွေက Self-study learners တွေအတွက် ရည်ရွယ်ပြီး ထုတ်ထားတာဖြစ်လို့ နားလည်ရလည်း လွယ်ကူတယ်။ systematic လည်းဖြစ်ပြီး သပ်သပ်ရပ်ရပ်ရှိလို့ Katie's Fav ပါ။

Oxford Dictionary of Idioms by Judith Siefring (z-lib.org).pdf9.00 MB