en
Feedback
Study Berry 🍒

Study Berry 🍒

Open in Telegram

ɴᴇᴠᴇʀ ᴛᴏᴏ ʟᴀᴛᴇ ᴛᴏ sᴛᴀʀᴛ sᴏᴍᴇᴛʜɪɴɢ ɴᴇᴡ. Sᴏ ʟᴇᴛ's sᴛᴀʀᴛ ᴡɪᴛʜ Sᴛᴜᴅʏ Bᴇʀʀʏ🍒

Show more
5 288
Subscribers
-324 hours
-177 days
-5130 days
Posts Archive
Get 8 hours of sleep တစ်နေ့ကို 8 နာရီအိပ်ရပါမယ်။ လူတစ်ယောက်ရဲ့အိပ်ချိန်ဟာ ထိုလူရဲ့တစ်နေ့တာကို အကျိုးသက်ရောက်မှုရှိတဲ့အပြင် အိ
Get 8 hours of sleep တစ်နေ့ကို 8 နာရီအိပ်ရပါမယ်။ လူတစ်ယောက်ရဲ့အိပ်ချိန်ဟာ ထိုလူရဲ့တစ်နေ့တာကို အကျိုးသက်ရောက်မှုရှိတဲ့အပြင် အိပ်ရေးမဝရင် အသားအရည်မကြည်လင်တာမျိုး၊ မျက်ကွင်းချောင်တာမျိုး၊ ကိုယ်အလေးအချိန် တက်လာတာမျိုးတွေဖြစ်တတ်တာမို့ Physical grow up ဖို့အတွက်ဆို အိပ်ချိန်လုံလုံလောက်လောက်ရရှိဖို့ကလည်း အရေးကြီးပါတယ်နော်။

Hello, Berries !🍒 Welcome back !!! ဒီနေ့မှာ ပြောပြပေးသွားမယ့် အကြောင်းအရာလေးကတော့ Glow up tips (physically)နဲ့ ပတ်သတ်တဲ့ အကြောင်းလေးကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်ရှင့်။ — 𐙚 Hope this content will help you!!!🌷 So, hit that "𝐋𝐢𝐤𝐞 & 𝐒𝐡𝐚𝐫𝐞 " button for 𝐒𝐭𝐮𝐝𝐲 𝐁𝐞𝐫𝐫𝐲, and get ready for more awesome content! Stay berry-tuned! 🍒 #Study_Berry #스투디_베리 #Content_by_Vera_Berry #Graphics_by_Katie

⭑ֶֶֶָָָ֢֢֢𖹭 Bonus Tip ( with my own experience) ☘ Katie အနေနဲ့ Subject တစ်ခုကို လေ့လာ​တော့မယ်​ဆိုရင် အရင်ဆုံး Survey (အကျဥ်း
⭑ֶֶֶָָָ֢֢֢𖹭 Bonus Tip ( with my own experience) ☘ Katie အနေနဲ့ Subject တစ်ခုကို လေ့လာ​တော့မယ်​ဆိုရင် အရင်ဆုံး Survey (အကျဥ်းချုံ့ဖတ်ခြင်း) လုပ်ပါတယ်။ အဲ့လိုဖတ်တဲ့အခါမှာလည်း Highlighter ကို သုံးပါတယ်။ Katie highlight လုပ်တဲ့အခါမှာလည်း အရောင်တွေခွဲထားပါတယ်။ (eg. အရေးကြီးတာတွေကို green, ခုနှစ်၊ နေ့စွဲ​တွေကိုဆို orange ...) personally အရ Highlighter သုံးတာက ပိုပြီး မှတ်မိစေသလို memory recall လုပ်ရတာလည်း ပိုလွယ်ပါတယ်။ နောက်ပြီး​ရင်တော့ နားလည်​အောင် ဖတ်ပြီး Feynman Technique သုံးပြီး ကိုယ့်ကိုယ်ကို ပြန်ရှင်းပါတယ်။ ☘ Exam Period မှာဆို​ရင်တော့ Blurting Method သုံးပါတယ်။ 💚 Katie စာလုပ်တဲ့အခါတိုင်း Sticks & Carrots (ဆုပေးဒဏ်ပေးစနစ်) ရှိပါတယ်။ အဲ့လိုလုပ်တာက တွန်းအားဖြစ်စေပြီး Procrastination မလုပ်​မိ​တော့ပါဘူး။ 🍀 Language Learners တွေကို Practice များများလုပ်ဖို့ recommendပါတယ်။

4. ❛ Blurting Method ❜ Blurting Method ကတော့ studying အတွက် အသုံးပြုတဲ့ active recall technique ဖြစ်ပါတယ်။ ☘ အရင်ဆုံး ကိုယ်လေ
4. ❛ Blurting Method ❜ Blurting Method ကတော့ studying အတွက် အသုံးပြုတဲ့ active recall technique ဖြစ်ပါတယ်။ ☘ အရင်ဆုံး ကိုယ်လေ့လာမယ့် subject ရဲ့ note သို့မဟုတ် textbook မှာ ပါတဲ့ အချက်အလက် ကိုဖတ်ပါ။ ☘ ဖတ်ပြီးရင် စာအုပ်ပိတ်ပြီး မှတ်မိသမျှကို ပြန်ချရေးပါ။ ☘ ကိုယ်ချရေးထားတာနဲ့ study material က အကြောင်းအရာရဲ့ ကွာဟချက်ကို စစ်ဆေးပါ။ ☘ စစ်ဆေးပြီးရင် ကိုယ်လိုအပ်နေတဲ့အပိုင်းကို မှတ်ဉာဏ်ထဲမှာ စွဲမြဲစေဖို့ သေချာပြန်လည် လေ့လာမှတ်သားပါ။ ဒီ Blurting Method က review လုပ်တဲ့အခါ လိုအပ်နေတဲ့အရာကို သေချာသိစေလို့ effective ဖြစ်ပြီး information တွေကို recall လုပ်တဲ့အခါမှာ အဆင်ပြေပါတယ်။

3. ❛ SQ3R Method ❜ SQ3R Method ကတော့ ကျောင်းသားတွေ information တွေကို ထိထိရောက်ရောက် နားလည်ဖို့အတွက် ရည်ရွယ်တဲ့ Reading Compr
3. ❛ SQ3R Method ❜ SQ3R Method ကတော့ ကျောင်းသားတွေ information တွေကို ထိထိရောက်ရောက် နားလည်ဖို့အတွက် ရည်ရွယ်တဲ့ Reading Comprehension Method တစ်ခုပဲ ဖြစ်ပါတယ်။ SQ3R ဆိုတာ Survey, Question, Read, Recite နဲ့ Review ဆိုတဲ့ စကားလုံးငါးလုံးရဲ့ အစစာလုံးတွေနဲ့ အတိုကောက်ဖြစ်ပါတယ်။ ☘ Survey : စာအုပ်ရဲ့ အခြေခံအကြောင်းအရာတွေ ဘာက အဓိကလဲဆိုတာကို သိရှိဖို့အတွက် စာအုပ်ခေါင်းစဥ်၊ subheadingsတွေနဲ့ bold/ italicised စာလုံးတွေကို အကြမ်းဖျင်း ဖတ်တာပဲဖြစ်ပါတယ်။ ☘ Question : Survey အဆင့်မှာ တွေ့ရတယ် ခေါင်းစဥ်တွေ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မေးခွန်းပြန်ထုတ်ပါ။ ☘ Read : မေးခွန်းထုတ်ထားတာတွေကို အဖြေသိဖို့ အသေးစိတ်သေချာ ဖတ်ရှုပါ။ ☘ Recite : ဖတ်ပြီးတဲ့အခါမှာ မေးခွန်းတွေ ပြန်ဖြေပြီး ဆွေးနွေးပါ။ ☘ Review : စာအုပ်မှာပါတဲ့ အပိုင်းတိုင်းရဲ့ အဓိကအကြောင်းအရာတွေ၊ မေးခွန်းတွေ၊ အဖြေတွေကို ပြန်လည်လေ့လာပြီး memoryထဲမှာ စွဲကျန်နေအောင် ပြုလုပ်ပါ။ ဒီ SQ3R Method က စာဖတ်တဲ့အခါမှာ ပိုမိုထိရောက်ပြီး ကိုယ်ဖတ်ထားတဲ့ information တွေကိုလည်း ပိုမိုမှတ်မိစေလို့ effective ဖြစ်တဲ့ method တစ်ခုဖြစ်ပါတယ်။

2. ❛ Pomodoro Technique ❜ Pomodoro Technique ကတော့ 1980s နှောင်းပိုင်းမှာ Francesco Cirillo တီထွင်ခဲ့တဲ့ time management meth
2. ❛ Pomodoro Technique ❜ Pomodoro Technique ကတော့ 1980s နှောင်းပိုင်းမှာ Francesco Cirillo တီထွင်ခဲ့တဲ့ time management method တစ်ခု ဖြစ်ပါတယ်။ Pomodoro ဆိုတာ အီတလီလို ခရမ်းချဥ်သီးကို အမည်စွဲပြုပေးထားတာပါ။ Technique creatorက ကျောင်းသားဘ၀တုန်းက kitchen တွေမှာ သုံးတဲ့ tomato-shaped timer ကို သုံးခဲ့လို့ပါ။ အခုခေတ်မှာတော့ Pomodoro app တွေလည်းရှိနေပါပြီ။ ဒီ technique ကတော့ ရိုးရှင်းပါတယ်။ ☘ ပထမဆုံးအနေနဲ့ ကိုယ်လေ့လာမယ့် subject ကို ရွေးချယ်ပြီး 25 min focus ထားလေ့လာပါ။ ☘ 25 min လေ့လာပြီးရင် 5 min break time ယူပါ။ နားတဲ့အခါမှာလည်း စိတ်နဲ့ ခန္ဓာကိုယ်ကို လန်းဆန်းစေဖို့ stretching exercise မျိုး လုပ်ပေးပါ။ ☘ အဲ့လိုမျိုး Pomodoros 4 ခုလုပ်ပြီးရင် recharge လုပ်ဖို့ break time ကို 25 - 30 min ယူရပါမယ်။ ပြီးရင် repeat ပြန်လုပ်လို့ ရပါပြီ။ * Pomodoro technique က productive ဖြစ်စေသလို burnout ဖြစ်တာကိုလည်း လျှော့ချနိုင်ပြီး focus လုပ်နိုင်စွမ်းကို မြှင့်​တင်ပေးလို့ effective ဖြစ်ပါတယ်။ စာအကြာကြီးမလုပ်နိုင်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။

1. ❛ Feynman Technique ❜ Feynman Technique ကတော့ Noble ဆုရ ရူပဗေဒပညာရှင် Richard Feynman ကို အမည်စွဲခေါ်ထားတဲ့ learning metho
1. ❛ Feynman Technique ❜ Feynman Technique ကတော့ Noble ဆုရ ရူပဗေဒပညာရှင် Richard Feynman ကို အမည်စွဲခေါ်ထားတဲ့ learning method တစ်ခု ဖြစ်ပါတယ်။ ဒီ technique က concept တစ်ခုကို နားလည်သဘောပေါက်တယ်ဆိုတာ အခြားသူတစ်ဦး နားလည်အောင် အရိုးရှင်းဆုံးနည်းနဲ့ ပြန်လည်ရှင်းပြနိုင်ခြင်း ဖြစ်တယ်ဆိုတဲ့ အယူအဆပေါ်မှာ အခြေခံထားပါတယ်။ Feynman Technique မှာ အဆင့်လေးဆင့် ရှိပါတယ်။ ☘ ပထမဆုံးအနေနဲ့ ကိုယ်လေ့လာလိုတဲ့ subject ကို ရွေးချယ်ရပါမယ်။ ☘ ရှင်းရှင်းလင်းလင်းဖြစ်ပြီး နားလည်လွယ်တဲ့နည်းနဲ့ ကျောင်းသားတစ်ယောက်ကို သင်ပြနေသလို ကိုယ့်​ကိုယ်ကို ပြန်ရှင်းပြပါ။ ☘ ကိုယ့်ရဲ့ ရှင်းပြချက်မှာ ရှိနေတဲ့ gap တွေကို သေချာခွဲခြားသတ််မှတ်ပြီးတော့ အဲ့ဒါတွေကို ဖြည့်စွက်ဖို့ learning materialတွေကို တစ်ခေါက်ပြန်ကြည့်ပါ။ ☘ ကိုယ့်ရဲ့explanationကို အရိုးရှင်းဆုံးနဲ့ နားလည်အလွယ်ဆုံးဖြစ်အောင် ပြန်ပြင်ပါ။ Review ပြန်လုပ်ဖို့ မမေ့ပါနဲ့။ ထပ်တလဲလဲလေ့လာတာက ကိုယ့် memory ထဲက information တွေကို မမေ့စေသလို နားလည်မှုစွမ်းရည်ကို မြှင့်တင်ပေးပါတယ်။ * Feynman Technique က subject အများကြီးလေ့လာရပြီး ရေရှည်မှတ်မိလိုတဲ့ သူတွေအတွက် အဆင်ပြေပြီး effective ဖြစ်ပါတယ်။

Let's study smarter, not harder! Katie တို့ မြန်မာနိုင်ငံမှာဆိုရင် ကျောင်းသားတွေက စာလုံးတွေ၊ စာကြောင်းတွေ၊ concept သဘောတရားတွ
Let's study smarter, not harder! Katie တို့ မြန်မာနိုင်ငံမှာဆိုရင် ကျောင်းသားတွေက စာလုံးတွေ၊ စာကြောင်းတွေ၊ concept သဘောတရားတွေကို နားမလည်ဘဲ (root memorization) ဆိုတဲ့ ကြက်တူရွေးနှုတ်တိုက်ကျက်တာတွေ၊ (by heart) အလွတ်ကျက်မှတ်တာတွေ လုပ်ကြတာများပါတယ်။ အဲ့ဒီနည်းတွေနဲ့ လေ့လာတာဟာ နားလည်မှုမရှိတဲ့အတွက် ပြန်လည်အသုံးမချနိုင်သလို (short-term memory) ခလုတ်တိုက်တာနဲ့ မေ့တာမျိုး ဖြစ်တက်လို့ ကျောင်းသားတွေအတွက် သင့်တော်တဲ့ Learning Method တွေမဟုတ်ပါဘူး။ Old Learning Method တွေကို အစားထိုးပြီး ကိုယ့်အတွက်လည်း effective ဖြစ်စေမယ့် techniques တွေကို အသုံးပြုပြီး let's study smarter, berries!!!

Greetings! I trust you guys are doing well! ဒီနေ့မှာတော့ Katie ကိုယ်တိုင်အတွက်လည်း အဆင်ပြေပြီး Effective ဖြစ်တဲ့ Learning method နဲ့ technique တွေကို sharing လုပ်ပေးမှာ ဖြစ်ပါတယ်။ Smart ကျကျနဲ့ study လုပ်ချင်တယ်ဆိုရင် တစ်ပုံချင်းဆီမှာ ဖတ်ပေးပါနော်။ — 𐙚 Hope this content will help you!!!🌷 So, hit that "𝐋𝐢𝐤𝐞 & 𝐒𝐡𝐚𝐫𝐞 " button for 𝐒𝐭𝐮𝐝𝐲 𝐁𝐞𝐫𝐫𝐲, and get ready for more awesome content! Stay berry-tuned! 🍒 #Study_Berry #스투디_베리 #Content_by_Katie #Graphics_by_Katie

+3
Practice files { Math }

photo content

Hello Babies! Welcome Back🐥 ဒီနေ့မှာတော့ Emily က GED Mathအကြောင်းလေးကိုပြောပြပေးချင်ပါတယ်။ အရင်ဆုံးမပြောခင် Emilyက Government School တက်တည်းက တစ်ခြား Subjects တွေနဲ့ယှဉ်ရင် Mathsကို ကြောက်တဲ့ထဲပါပါတယ်။ ဒါပေမယ့်တစ်ခုကောင်းတာက Maths က Resources တွေလည်းများပြီး လေ့ကျင့်ရင်လေ့ကျင့်သလောက် အမှတ်ယူလို့ရတဲ့ဘာသာမို့ များများလေ့ကျင့်သွားဖို့ပဲလိုတာပါရှင့်။ ‌တကယ်သေချာလေ့ကျင့်သွားမယ်ဆို ကြောက်တဲ့ဘာသာကနေ သူငယ်ချင်းတွေကို ပြန်ရှင်းပြနိုင်တဲ့ထိ ရမှာကို အာမခံပါတယ်နော်🙌🏻 🐥For course and concept; Concept and foundation အပိုင်းအတွက်ကိုတော့ Emily က Kaplan ကို တစ်ခန်းချင်းအကုန်တွက်ခဲ့ပါတယ်။ Kaplan က တစ်ခန်းချင်းစီအတွက်ပါပြီးတော့ Topic တစ်ခုချင်းစီအတွက် Exercise တွေလည်းအများကြီးပါတာမို့ Concept ပိုင်းအတွက်တော့ တကယ့်ကိုအထောက်အကူဖြစ်ခဲ့တာပါ။ 🐥For Practice; လေ့ကျင့်တာကတော့ review ကောင်းတဲ့စာအုပ်အစုံနီးပါးတော့လုပ်ခဲ့တယ်လို့ပြောလို့ရပါတယ်။ -Mc Grew Hill ကတော့ တစ်ခန်းချင်းမလုပ်ဘဲ Pre Test, Post Test ပဲတန်းဖြေလိုက်တာပါ။ -Maths Flash cardsကို အပုဒ် 300ကျော်လောက်တော့တွက်ခဲ့ပါတယ်။ Emilyအမြင်နဲ့ပြောရရင်တော့ Flash Cards တွေက Slope , Geometry ကလွဲရင် တစ်ခြားအခန်းတွေကတော့ Real Exam ထက်စာရင် တအားလွယ်ပါတယ်။ အဲ့တာကြောင့် Flash Cards ချည်းပဲ တအားကြီး အားမကိုးစေချင်ဘူးရယ်။ - Princeton Pre Test, Post Test လဲဖြေခါနီး 1ပတ်လောက်အလိုမှာ တွက်ခဲ့ပါတယ်။ Princeton ကိုဖြေကြည့်ပြီး အရမ်းမှားလို့လဲ စိတ်မညစ်ပါနဲ့နော်။ Emily လဲ အဲ့အချိန်ထိ 5ပုဒ်လောက်မှားနေတုန်းမို့ပါ။ - အဲ့တာတွေအပြင် တစ်ခြား Group တွေက Share ပေးတဲ့ Files လေးတွေလည်း Emily တွက်ခဲ့ပါသေးတယ်။ Recommend ပေးချင်တဲ့ Website ကတော့ https://gedtestpro.com/ ဒါလေးပါ။ Level နဲ့မဟုတ်ပဲ Maths Full Test ကို ဖြေကြည့်ဖို့ အကြံပေးချင်ပါတယ်။ Emily အတွက်တော့ အဲ့ဒီကမေးခွန်းလေးတွေက စာအုပ်တွေထက် Exam format နဲ့ပိုဆင်တာမို့ပါ။ Get Sum mathလဲ တော်"လေးအဆင်ပြေပါတယ်။ https://www.getsummath.com/fullmath1 Emily တုန်းကတော့ YouTube Channel တွေကနေ တအားတော့မကြည့်ခဲ့ဘူးရယ် ဒါပေမယ့် Your Trusted Tutor, Test Prep Champion, Get Sum maths တို့တော့ တော်တော်လေးကောင်းပါတယ်။ 🐥Exam Tips; -မဖြေခင်တစ်ရက်မှာတော့ unit conversion လေးတွေရယ်၊ Notes တွေရယ်ပဲ ဖတ်ပြီး နားနေတာအကောင်းဆုံးပါနော်။ -Emilyအလှည့်တုန်းကတော့ Royal မှာဖြေခဲ့တာမို့ Royal မှာ ဖြေမယ့်ဘေဘီတို့ရှိရင် သေချာပေါက် နွေးနွေးထွေးထွေး၀တ်သွားပါနော်။ Review တွေအတိုင်း Exam Room အထဲမှာ တအားအေးပါတယ်။ -ပြီးတော့ Ready Test ဖြေတာ အမှတ်နည်းရင်လဲ စိတ်ဓာတ်မကျပါနဲ့။ ဒီတိုင်း schedule လုပ်ဖို့အတွက်ပဲမို့ Ready ဖြေပြီး ကိုယ်မရတဲ့ Topic တွေကိုသာသေချာလေး ပြန်လေ့ကျင့်ရင် အမှတ်ကောင်းမှာပါ။ Emily တုန်းကလည်း Ready ကို credit မထွက်ခဲ့ပါဘူး🧸 -ဖြေဖို့အနားနီးနေတဲ့သူလေးတွေရှိရင်တော့ Slope, Inequality, Word Problem, Expressions, Function လေးတွေ အမေးများတာမို့ အဲ့ Topics လေးတွေ မပိုင်သေးဘူးဆို သေချာလေး‌လေ့ကျင့်သွားပါနော်။ အားလုံး Good Luck ပါ။ Emily Files လေးတွေလည်း Study Berry Telegram Channel မှာ တင်ထားပေးပါမယ်။ https://t.me/your_study_berry မေးချင်တာလေးတွေရှိရင်လည်း Emily ကိုမေးခဲ့လို့ရပါတယ်နော် #colour_your_universe_with_emily #ged_maths #GED

Let's talk about Friends!
+1
Let's talk about Friends!

Let's talk about Dream Job!
+1
Let's talk about Dream Job!

Let's talk about Happiness!
+1
Let's talk about Happiness!

Let's talk about Shopping!
+1
Let's talk about Shopping!

Let's talk about Books!
+1
Let's talk about Books!

Let's talk about Movies!
+1
Let's talk about Movies!

Let's talk about Health!
+1
Let's talk about Health!

Let's talk about Foods!
+1
Let's talk about Foods!