en
Feedback
Study Berry 🍒

Study Berry 🍒

Open in Telegram

ɴᴇᴠᴇʀ ᴛᴏᴏ ʟᴀᴛᴇ ᴛᴏ sᴛᴀʀᴛ sᴏᴍᴇᴛʜɪɴɢ ɴᴇᴡ. Sᴏ ʟᴇᴛ's sᴛᴀʀᴛ ᴡɪᴛʜ Sᴛᴜᴅʏ Bᴇʀʀʏ🍒

Show more
5 288
Subscribers
-324 hours
-177 days
-5130 days
Posts Archive
Study Together 🫧: https://www.studytogether.com/ - Study Together ကတော့ Global Student Community တစ်ခု ဖြစ်ပါတယ်။ - Solo Stu
Study Together 🫧: https://www.studytogether.com/ - Study Together ကတော့ Global Student Community တစ်ခု ဖြစ်ပါတယ်။ - Solo Study ရော Group Study ရော နှစ်မျိုးလုံးနဲ့ စာလေ့လာလို့ရပါတယ်။ - Solo Study Session မှာဆိုရင် aesthetic theme တွေပါရှိသလို sounds တွေ၊ motivational quotes တွေလည်းပါ,ပါတယ်။ Study Session မှာ timer, goalsတွေကို စိတ်ကြိုက် သတ်မှတ်လို့ရပါတယ်။ - Group Study Session မှာကြ ကိုယ်တိုင် room createလုပ်လို့ရသလို ရှိပြီးသား room တွေကို join လို့လည်း ရပါတယ်။ - Study with Cam ဆိုပြီး camera on ပြီး စာလုပ်တာတွေလည်း ရှိလို့ Study with Strangers vibe ရစေမှာပါ။ - Group Study မှာ solo study နဲ့ features တူတူရရှိပေမယ့် ကိုယ်နဲ့အတူ စာလုပ်နေတဲ့သူတွေရှိတယ် ဆိုတဲ့ စိတ်လေးဖြစ်စေပြီး Chatလည်းပါလို့ Study Partner တွေရှာတွေ့နိုင်သလို global students တွေနဲ့ မိတ်ဆွေဖွဲ့လို့ရပါတယ်။ 🩵 Solo & Group Study နှစ်မျိုးလုံးရသလို features လည်း စုံလို့ တစ်နေရာထဲမှာ ကိုယ့်စိတ်ကြိုက် Study လုပ်လို့ရပြီး သူငယ်ချင်းတွေပါ ရှာလို့ရလို့ perfect ပါ။

Study Stream 🫧: https://www.studystream.live/home - Study Stream ကတော့ သူစိမ်းတွေနဲ့ စာအတူလုပ်လို့ရတဲ့ website ဖြစ်ပြီး app
Study Stream 🫧: https://www.studystream.live/home - Study Stream ကတော့ သူစိမ်းတွေနဲ့ စာအတူလုပ်လို့ရတဲ့ website ဖြစ်ပြီး app လည်းရှိပါတယ်။ - လူ့သဘောသဘာ၀အရ အဖော်ရှိရင် ဒုက္ခရောက်ရင်တောင် စိတ်သက်သာရာရတက်တာမလို့ စာလုပ်တဲ့အခါလည်း အဖော်နဲ့လည်းလုပ်ရင် အတူစာလုပ်နေတဲ့သူ ရှိပါတယ်ဆိုတဲ့ စိတ်နဲ့ တွန်းအားရစေပါတယ်။ - Focus Room 1 & 2ရယ် Do Nothing Roomဆိုပြီး 3ခု ရှိပါတယ်။ - Focus Roomကို join လိုက်ရင် camera on လို့ပြော ကိုယ်စီလုပ်စရာရှိတာ လုပ်နေကြတဲ့ သူတွေကို မြင်ရမှာပါ။ - Camera on တာ off တာက ကိုယ့်ရဲ့ option ဖြစ်ပြီး voice ကတော့ auto mute ပါ။ 🩵 Strangers တွေနဲ့ စာ​လုပ်ချင်တဲ့သူတွေ​အတွက်တော့ Focus Room တွေက 24/7 active ဖြစ်နေတာမလို့ အဆင်ပြေပါတယ်။

Life at 🫧: https://lifeat.io/ - Life At က တော်တော် hit ဖြစ်ဖူးခဲ့ပြီး Productivity တိုးတက်အောင် အထောက်အကူပြုတဲ့ websiteတစ်ခု
Life at 🫧: https://lifeat.io/ - Life At က တော်တော် hit ဖြစ်ဖူးခဲ့ပြီး Productivity တိုးတက်အောင် အထောက်အကူပြုတဲ့ websiteတစ်ခုပါ။ - Popular ဖြစ်တဲ့ အကြောင်းအရင်းက Virtual Workspace တွေကြောင့်လို့ပြောရင်လည်း မမှားပါဘူး။ Virtual Workspace တွေထဲမှာမှ Kpop Idol တွေနဲ့ စာအတူလုပ်နေရသလို ခံစားစေရတဲ့ဟာက အသုံးများသလို စာလုပ်ချင်စိတ်လည်း ဖြစ်စေပါတယ်။ (My favourite is Study with Rosè) အခြား ရွေးချယ်စရာ Workspace ပေါင်းများစွာလည်း ပါရှိပါသေးတယ်။ - Focus Timerတွေမှာလည်း Pomodoro Timer စနစ်ပါ၀င်ပြီး ကိုယ့်စိတ်ကြိုက် manage လုပ်လို့ရပါတယ်။ - Ambient Soundsတွေလည်း ပါရှိပြီး အဲ့လို sound on ပြီးလုပ်ရင် focus လုပ်နိုင်စွမ်း ပိုကောင်းလာစေပါတယ်။ - To-Do-Listတွေ Task Management ကို စိတ်ကြိုက်လုပ်လို့ရပါတယ်။ 🩵 တခြား website တွေထက် features တွေ ပိုစုံပြီး Virtual Workspace feature ကလည်း uniqueဖြစ်သလို productive ဖြစ်စေပါတယ်။ * Free Version မှာ limit ရှိပေမယ့် Pro Plan ၀ယ်ရင်တော့ အကန့်အသတ်မရှိ သုံးလို့ရမှာပါ။

Hello Hello! Is your solo study session feeling boring? Let's romanticise your study sessions!✨ ❛ တစ်ယောက်တည်း စာလုပ်ရတာ ပျင်းနေပြီး focus မလုပ်နိုင် ဖြစ်နေတယ်။ စာလုပ်ဖို့ကို Procrastination လုပ်နေမိတယ်။ စာလုပ်ချင်စိတ်မရှိဘူး။❜ အဲ့လိုလူတွေအတွက် Katie က ရိုးရိုး Study with Me youtube channel တွေမဟုတ်ဘဲ focus room တွေ/ Virtual Space တွေပါတဲ့ website တွေ sharing လုပ်ပေးမှာ ဖြစ်ပါတယ်။ စိတ်၀င်စားတယ်ဆိုရင် ပုံတစ်ပုံချင်းဆီမှာ ဖတ်ကြည့်ပါနော်။ 🩵 — 𐙚 Hope this content will help you!!!🌷 So, hit that "𝐋𝐢𝐤𝐞 & 𝐒𝐡𝐚𝐫𝐞 " button for 𝐒𝐭𝐮𝐝𝐲 𝐁𝐞𝐫𝐫𝐲, and get ready for more awesome content! Stay berry-tuned! 🍒 #Study_Berry #스투디_베리 #Content_by_Katie #Graphics_by_Katie

🐣 Emily တစ်ခု recommend ပေးချင်တာက ထိုင်းစာကလေ rule များပြီး အသံ tone တွေနဲ့ပြောရတဲ့ဘာသာမို့ အသံအနိမ့်အမြင့်မှားသွားတာနဲ့ စက
🐣 Emily တစ်ခု recommend ပေးချင်တာက ထိုင်းစာကလေ rule များပြီး အသံ tone တွေနဲ့ပြောရတဲ့ဘာသာမို့ အသံအနိမ့်အမြင့်မှားသွားတာနဲ့ စကားလုံးက နောက်အဓိပ္ပာယ်တစ်မျိုးပြောင်းနိုင်တာဆိုတော့လေ အချိန်လေးရှိပြီး ငွေကြေးလေးလဲတက်နိုင်ရင်တော့ Video Class / Zoom Class လိုမျိုးလေးတွေ Join စေချင်ပါတယ်။ အဲ့တာမှ အသံထွက်ကို မှန်မှန်ကန်ကန်ထွက်နိုင်ပြီး သေချာလည်းနားလည်မှာပါ။ Emily တို့က Basic ပိုင်းနဲ့ foundation ကို ပိုင်နိုင်ရင် ကြိုက်တဲ့ platform ကနေ self study လုပ်ရတာ ပိုလွယ်မှာပါ။ #studyberry #content_emily #graphics_emily #Thai

လေ့လာဖို့အတွက် စာအုပ်လေးတွေပါ #Thai

+7
toaz.info-everyday-thai-pr_4061c4e2224e177f0863518e163e912f.pdf6.41 KB

ဒီ channel လေးတွေကတော့ English To Thai ပါ။ သူတို့လည်း တကယ်ပြည့်ပြည့်စုံစုံလေးသင်ပြပေးတာမို့ တကယ်အဆင်ပြေပါတယ်။ Thai စာလေ့လာလို
ဒီ channel လေးတွေကတော့ English To Thai ပါ။ သူတို့လည်း တကယ်ပြည့်ပြည့်စုံစုံလေးသင်ပြပေးတာမို့ တကယ်အဆင်ပြေပါတယ်။ Thai စာလေ့လာလို့ရမယ့် pdf file လေးတွေလည်း Telegram channel မှာတင်ပေးထားပါ့မယ်နော်💗💗 🧷 https://t.me/your_study_berry

YouTube 💗 YouTube channel ထဲမှာတော့ Famous Thai Language Center ကတော့ မြန်မာလိုသင်ပေးတာမို့ ပိုလည်းနားလည်ရလွယ်ပါတယ်။ လေ့လာစရ
YouTube 💗 YouTube channel ထဲမှာတော့ Famous Thai Language Center ကတော့ မြန်မာလိုသင်ပေးတာမို့ ပိုလည်းနားလည်ရလွယ်ပါတယ်။ လေ့လာစရာvideos တွေလည်းအများကြီးရှိတာမို့ သေချာလေး စာလုပ်လို့ရပါတယ်ရှင့်။

Hello Berries 🍒 Welcome Back! ဒီနေ့မှာတော့ “Let's Learn Thai With Study Berry " ဆိုတဲ့ Topic လေးနဲ့ပြန်လာပါပြီ။ Thai စာကို စ
Hello Berries 🍒 Welcome Back! ဒီနေ့မှာတော့ “Let's Learn Thai With Study Berry " ဆိုတဲ့ Topic လေးနဲ့ပြန်လာပါပြီ။ Thai စာကို စလေ့လာချင်ပေမယ့် ဘယ်ကလေ့လာရမှန်းမသိသေးတဲ့ baby လေးတို့အတွက် FREE လေ့လာလို့ရမယ့် ‌channel and Books လေးတွေကို sharing လုပ်ပေးသွားပါ့မယ်။

🌱Learning to Speak English Through Imitation Imitation method လိုပြောတဲ့အခါမှာ Native Speakerတွေ ပြောတာကို တစ်ပုံစံတည်း လိုက်ပြောတာလို့ မြင်ကြပါမှာပါ။ ဒါပေမယ့် ဒီလို တစ်ပုံစံတည်း လိုက်ပြောတာဟာ တကယ်တမ်း စကားပြောရမယ်ဆို အထောက်အကူမဖြစ်ပါဘူး။ အဲ့တာကြောင့် Imitation method ကို ဒီလိုနောက်တစ်မျိုး အသုံးပြုကြည့်ပါမယ်။ တကယ်လို့ကိုယ်က Video တစ်ခုနဲ့လေ့ကျင့်မယ်ဆိုရင် အဲ့ videoအကြောင်းကို တစ်ခြားသူကို ပြန်ပြောပြသလို ပြောကြည့်ရမှာပါ :For Example- When I went there > when he went there. ဒါမျိုး own vocabulary, own sentence ပြန်ပြောင်းပြီးပြောတာပါ။ 🍄🍄 ဒီနည်းလမ်းလေးက Emily အတွက်ဆို တော်တော်လေး အဆင်ပြေပါတယ်။ ရေတိုအနေနဲ့ ဘာ results တွေ ရလဲဆိုရင် စကားပြောတဲ့အခါမှာ ခေါင်းထဲစာစီနေစရာမလိုတော့ပဲနဲ့ တော်တော်လေး ပြောရတာ ချောမွေ့လာတာကို တွေ့ရပါတယ်။ အကယ်၍ ကိုယ်က Intermediate or upper လောက်ရောက်နေပြီဆိုရင်တော့ Vocabularyတွေ phraseတွေကို သိသင့်သလောက်သိနေပြီပေါ့နော်။ အဲ့တာဆိုရင်တော့ ကိုယ်ကြားတဲ့ sentenceကို နည်း"လေးပဲပြင်တာမဟုတ်ပဲနဲ့ သူပြောတဲ့ အကြောင်းအရာတစ်ခုလုံးကို ကိုယ့်နည်းကိုယ့်ဟန် ကိုယ့် Vocabularies နဲ့ပြောကြည့်သွာစလို့ရပါတယ်။ 🌱 Reading နဲ့ Speaking က ဆက်စပ်မှုရှိတယ်ပြောကြသလိုပဲ။စာများများဖတ်ရင်စကားပြောကောင်းလာမယ်၊စကားများများပြောလာနိုင်တယ်ဆိုတာကြားဖူးကြမှာပါ။ဒါကြောင့်ကိုယ်လေ့လာတဲ့ဘာသာစကားရဲ့စာအုပ်တွေကာတွန်းလေးတွေစကားပုံလေးတွေကိုရှာဖတ်ကြည့်ပြီးSpeaking တိုးတက်အောင်လေ့လာနေတဲ့နေရာမှာအထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့်စာများများဖတ်ပြီး listening များများနားထောင်ပါနော်။

photo content

🌱 Practice Speaking through movies Speakingတိုးတက်အောင် လေ့ကျင့်တဲ့အခါမှာ ပျော်စရာလေးဖြစ်အောင် ကိုယ်သဘောကျတဲ့အရာတွေလေးနဲ့‌ လ
🌱 Practice Speaking through movies Speakingတိုးတက်အောင် လေ့ကျင့်တဲ့အခါမှာ ပျော်စရာလေးဖြစ်အောင် ကိုယ်သဘောကျတဲ့အရာတွေလေးနဲ့‌ လဲ လေ့ကျင့်လို့ရပါတယ်။ 📺ကိုယ်ကvariety showတွေကြိုက်တတ်သူတွေဆိုshowတွေကြည့်ရင်းအပန်းလဲပြေသလို စကားပြောပုံအနေအထားတွေ ဗဟုသုတတွေလဲရနိုင်တာမို့ speaking လေ့ကျင့်ရာမှာ အထောက်အကူဖြစ်နိုင်ပါတယ်။ 🎬ကိုယ်ကရုပ်ရှင်ကြည့်ရတာကြိုက်နှစ်သက်တဲ့အထဲမှာ ပါတယ်ဆိုရင် ကိုယ်ကြည့်တဲ့ရုပ်ရှင်တွေ ကြည့်ရင်း ဇာတ်ကောင်တွေရဲ့စကားပြောပုံတွေ၊ဒိုင်ယာလော့ခ်တွေကို လိုက်ပြောကြည့်တာမျိုး ဒါမှမဟုတ် ဒီရုပ်ရှင်ရဲ့အကြောင်းကို တစ်ယောက်ယောက်ကိုရှင်းပြနေသလို ပြောကြည့်တာမျိုးလဲလုပ်လို့ရပါတယ်။ 🌱Speaking တိုးတက်ချင်ရင် အရေးကြီးဆုံးက ပါးစပ်ကနေပြောရဲထွက်ရဲဖို့လိုပါတယ်။အသံထွက်မှန်၊မမှန်အသာထား။အရင်ဆုံးပြောထွက်လာပြီးတော့ကိုယ်အသံကိုrecordလုပ်ထားပြီးအဆင်ပြေမပြေ ပြန်ပြီး checkလုပ်ကြည့်နိုင်ပါတယ်နော်။

Practice with Speaking Cards Speaking Cards လေး‌ တွေထဲက မေးခွန်းတွေကို ဖြေပြီး လေ့ကျင့်တာကလဲ တော်တော်လေးအဆင်ပြေပါတယ်။ Speakin
Practice with Speaking Cards Speaking Cards လေး‌ တွေထဲက မေးခွန်းတွေကို ဖြေပြီး လေ့ကျင့်တာကလဲ တော်တော်လေးအဆင်ပြေပါတယ်။ Speaking partner ရှိရင်တော့ ပိုပြီးအဆင်ပြေပါတယ်‌ပေါ့နော်။ သူ့ရဲ့ ဖြေပုံ နဲ့ ကိုယ့်ရဲ့ဖြေပုံကို နားထောင်ကြည့်ပြီး သုံးသပ်ကြည့်လို့ရတာမို့ပါ။ဒါပေမဲ့ စိတ်မပူပါနဲ့‌နော်Partner မရှိလဲ ဒီmethod က အဆင်ပြေပါတယ်။Emilyဆိုရင် Partner မရှိတဲ့အခါကြရင် ကိုယ့်ဘာသာလေ့ကျင့်ပါတယ်။လေ့ကျင့်တဲ့အခါကြရင်လည်း record လေးဖွင့်ထားပြီးမေးခွန်းလေးတွေဖြေပါတယ်။ပြီးမှ record ကို ပြန်နားထောင်ပြီး pronunciation တွေ၊သုံးသွားတဲ့ vocabulary ‌တွေ၊စကားထစ်သွားတာတွေကို အကုန်ပြန်နားထောင်ပြီး feedback ပြန်ပေးပါတယ်။ကိုယ်ပြောတာ ကောင်းလား/မကောင်းလား ဆိုတာ သူများတွေထက် ကိုယ်ကိုယ်တိုင်က အသိဆုံးဆိုတော့ honest feedback လေး ပေးပြီး နောက်ခါကျ ဒီဟာတွေ ထပ်မမှားရအောင် သေချာ ဂရုစိုက်ပြီးပြောပါတယ်။

🌱 Talk to yourself ပထမဆုံး ကိုယ့်ရဲ့မိခင်ဘာသာစကားမဟုတ်တဲ့အတွက်‌ ပါးစပ်ကနေ အဆင်ပြေပြေ ပြောထွက်မှာမဟုတ်တာ အသေအချာပါပဲ။ ဒါပေမယ့
🌱 Talk to yourself ပထမဆုံး ကိုယ့်ရဲ့မိခင်ဘာသာစကားမဟုတ်တဲ့အတွက်‌ ပါးစပ်ကနေ အဆင်ပြေပြေ ပြောထွက်မှာမဟုတ်တာ အသေအချာပါပဲ။ ဒါပေမယ့် ကိုယ့်အနေနဲ့ အမြဲတမ်းစိတ်ထဲထားပြီး လေ့ကျင့်ပေးနေဖို့ လိုအပ်ပါတယ်။ ဒါမှသာအချိန်တစ်ခုလောက် ရောက်လာတဲ့အခါ တိုးတက်လာနိုင်မှာပါ။ ပထမဆုံးနည်းကတော့ ကိုယ့်ကိုကိုယ်စကား‌ပြောတာပါ။ စိတ်ထဲမှာပဲဖြစ်ဖြစ် အသံထွက်ပြီးပဲဖြစ်ဖြစ် စကား‌တွေပြောကြည့်ပါ။ဥပမာ ဒီနေ့တစ်နေ့တာ ဘာတွေလုပ်ခဲ့လဲ၊ဘယ်လိုတွေဖြတ်သန်းခဲ့လဲ၊ဘယ်လိုမျိုး အရာတွေနဲ့ကြုံတွေ့ခဲ့ရတာလဲ...အမျိုးမျိုးသောအကြောင်းအရာတွေပြောကြည့်လို့ရပါတယ်။ ဒါမှမဟုတ် ကိုယ်ဖတ်နေတဲ့ဖတ်စာအုပ်ထဲကအကြောင်းအရာတွေစာပိုဒ်တွေကို အသံနေအသံထား စကားပြောသလို အသံထွက်ပြီး ခဏခဏ ပြန်ဖတ်ကြည့်လဲရပါတယ်။

How to improve your Speaking Skill ( By yourself ) Language တစ်ခုမှာဆို အခက်တွေ့ဆုံးက Speaking လို့ အများစုက ဖြေကြမှာပါ။ ဟုတ်
How to improve your Speaking Skill ( By yourself ) Language တစ်ခုမှာဆို အခက်တွေ့ဆုံးက Speaking လို့ အများစုက ဖြေကြမှာပါ။ ဟုတ်ပါတယ်။ ကိုယ်လေ့လာနေတဲ့ language တစ်ခုခု level မြင့်တဲ့နေရာရောက်နေတာတောင်မှ Speaking ပိုင်းမှာ အားနည်းနေနိုင်ပါတယ်။ ၊Speaking က ကိုယ်နဲ့ကိုက်မဲ့အဖော်ရှာရတာနဲ့ methodsတွေရှာရတာနဲ့ဆို တစ်ခြား skills တွေထက် ပိုပြီး ခက်ခဲပါတယ်။ ဒါကြောင့် Emily က ဒီနေ့မှာတော့ အဖော်မရှိလဲ လေ့ကျင့်လို့အဆင်ပြေမဲ့ methods လေးတွေကိုပြောပြပေးပါမယ်။ — 𐙚 Hope this content will help you!!!🌷 So, hit that "𝐋𝐢𝐤𝐞 & 𝐒𝐡𝐚𝐫𝐞 " button for 𝐒𝐭𝐮𝐝𝐲 𝐁𝐞𝐫𝐫𝐲, and get ready for more awesome content! Stay berry-tuned! 🍒 #Study_Berry #스투디_베리 #Content_calistamono_Emily #Graphics_by_Emily

⭑ֶֶֶָָָ֢֢֢𖹭 Bonus Tip: How to Apply ''Reward & Punishment System'' to your Study Sessions Reward & Punishment System (ဆုပေး
⭑ֶֶֶָָָ֢֢֢𖹭 Bonus Tip: How to Apply ''Reward & Punishment System'' to your Study Sessions Reward & Punishment System (ဆုပေး ဒဏ်ပေးစနစ်) ကို လုပ်ငန်းခွင်၊ ပညာရေး၊ organizations တွေမှာတင် သာမက နိုင်ငံရေးမှာပါ အသုံးပြုနေကြတာ အားလုံးလည်း အသိပါ။ ဘာလို့ အသုံးများနေကြတာလဲဆိုရင် တကယ် effective ဖြစ်လို့ပါ။ Katie တို့ Study Sessionsတွေ effective ဖြစ်အောင် အသုံးချလို့ရပါတယ်။ ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ goals တွေကို သေချာချမှတ်ပြီး အောင်မြင်တာ ကျရှုံးတာအပေါ် မူတည်ပြီး ဆုပေး ဒဏ်ပေး လုပ်ရပါမယ်။ Reward System: ကိုယ်လိုချင်တဲ့target ရောက်လို့ပဲဖြစ်ဖြစ်၊ Study Session တစ်ခု ပြီးသွားလို့ပဲဖြစ်ဖြစ် ဇာတ်ကားကြည့်တာမျိုး၊ စားချင်တာစားလိုက်တာ၊ လိုချင်တာလေး ၀ယ်လိုက်တာ၊examပြီးလို့ ခရီးသွားတာမျိုးနဲ့ ကိုယ့်ကိုယ်ကို ဆုချလိုက်ပါ။ Punishment System: ပြစ်ဒဏ်အနေနဲ့ဆို TV မကြည့်တာ၊ social media မသုံးတာတွေနဲ့ အပြစ်ပေးလို့ရပါတယ်။ (Reward & Punishment ကို ကိုယ့်စိတ်ကြိုက်လုပ်လို့ရပါတယ်။) ဒီလိုစနစ်က Study Session တွေကို ပိုမို effective ဖြစ်စေရုံသာမက စာလုပ်ဖို့ motivate ဖြစ်စေသလို self control လုပ်နိုင်စွမ်းတွေကိုပါ မြင့်တက်စေပါတယ်။

Study Tips for All Study Sessions •𝐏𝐫𝐚𝐜𝐭𝐢𝐜𝐞 𝐓𝐞𝐬𝐭𝐬 : ကိုယ်လေ့လာထားတာတွေကို ဘယ်လောက်ထိ ကျွမ်းကျင်လဲ မှတ်မိလဲဆိုတာ
Study Tips for All Study Sessions •𝐏𝐫𝐚𝐜𝐭𝐢𝐜𝐞 𝐓𝐞𝐬𝐭𝐬 : ကိုယ်လေ့လာထားတာတွေကို ဘယ်လောက်ထိ ကျွမ်းကျင်လဲ မှတ်မိလဲဆိုတာ သိဖို့ tests တွေ ဖြေဖို့ကလည်း လိုအပ်ပါတယ်။ Test စစ်လို့ရတဲ့ website တွေမှာ ပုံမှန်စစ်ပေးပါ။ •𝐑𝐞𝐯𝐢𝐞𝐰 𝐑𝐞𝐠𝐮𝐥𝐚𝐫𝐥𝐲 : ကိုယ်လေ့လာထားတာတွေကို review မလုပ် revision မပြန်ဘဲ ရှေ့ဆက်နေမယ်ဆိုရင် လုံးဝမလုပ်တာနဲ့ အတူတူပါပဲ။ review ပြန်လုပ်ဖို့လည်း မမေ့ပါနဲ့၊ မပျင်းပါနဲ့။ notes တွေ ပြန်ဖတ်ရင်း practice materials တွေ worksheets တွေနဲ့ လေ့ကျင့်ပါ။

Study Tips for All Study Sessions •𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞 𝐍𝐨𝐭𝐞𝐬 : Notetaking က Study Session တွေမှာ အရေးကြီးဆုံးထဲမှာ ပါ,ပါတယ်
Study Tips for All Study Sessions •𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞 𝐍𝐨𝐭𝐞𝐬 : Notetaking က Study Session တွေမှာ အရေးကြီးဆုံးထဲမှာ ပါ,ပါတယ်။ Notes တွေကို စေ့စေ့စပ်စပ်နဲ့ Main points တွေကို သေချာမှတ်ပါ။ Highlighter သုံးတဲ့အခါမှာလည်း Pastel colour, green & yellow ကို သုံးဖို့ suggest လုပ်ပါတယ်။ •𝐓𝐚𝐤𝐞 𝐁𝐫𝐞𝐚𝐤𝐬 : စာကို ဆက်တိုက်လုပ်နေတာထက် short breakလေးတွေယူမယ်ဆိုရင် focus လုပ်နိုင်စွမ်းကို မြှင့်တင်ပေးသလို burnout ဖြစ်တာကိုလည်း လျှော့ချပေးလို့ ခဏအနားယူပြီး လမ်းလျှောက်ဖို့, stretch လုပ်ဖို့ မမေ့ပါနဲ့နော်။

Study Tips for All Study Sessions •𝐀𝐯𝐨𝐢𝐝 𝐏𝐫𝐨𝐜𝐫𝐚𝐬𝐭𝐢𝐧𝐚𝐭𝐢𝐨𝐧 : အချိန်ဆွဲတာမျိုး တော်တော်များများဖြစ်ကြမယ်ထင်တ
Study Tips for All Study Sessions •𝐀𝐯𝐨𝐢𝐝 𝐏𝐫𝐨𝐜𝐫𝐚𝐬𝐭𝐢𝐧𝐚𝐭𝐢𝐨𝐧 : အချိန်ဆွဲတာမျိုး တော်တော်များများဖြစ်ကြမယ်ထင်တယ်။ စာလုပ်မယ်တွေးထားပြီး ညကြမှလုပ်မယ်ဆိုပြီး မလုပ်ဖြစ်ဘဲ နောက်တစ်ရက်ကူးသွားတာမျိုးတွေ ဖြစ်ဖူးမှာပါ။ Procrastination မလုပ်မိအောင် 5-minute rule ကိုအသုံးပြုပါ။ 5-min rule ဆိုတာ တစ်ခုခုလုပ်မယ် တွေးထားရင် 5 min အတွင်း ထ​လုပ်လိုက်တာမျိုးပါ။ •𝐀𝐯𝐨𝐢𝐝 𝐃𝐢𝐬𝐭𝐫𝐚𝐜𝐭𝐢𝐨𝐧𝐬 : တိတ်ဆိတ်တဲ့ Study Space တစ်ခု သတ်မှတ်ပြီး စာလုပ်ပါ။ နောက်ပြီး စာလုပ်မယ်ဆိုပြီး ဖုန်းကိုင်လိုက်တာ ဖုန်းသုံးရင် အချိန်ကုန်သွားတာတွေ ဖြစ်ဖူးမှာပါ။ အဲ့လို Interruption တွေကို လျှော့ချဖို့ အတက်နိုင်ဆုံး ဖုန်းမသုံးပါနဲ့။ Phone နဲ့စာလုပ်ရင်တော့ focus mode on ထားပါ။