cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

Myanmr People News

media

Show more
Advertising posts
2 023
Subscribers
-224 hours
-107 days
-2130 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Repost from Myawady Media
Photo unavailableShow in Telegram
မြစ်ရေဝင်ရောက်မှုဖြစ်ပေါ်လျက်ရှိသည့် မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်၊ ရေကြည် ကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား ရေဘေးကင်းလွတ်ရာသို့ ကူညီရွှေ့ပြောင်း နေပြည်တော်၊ ၂၀၂၄ ဇွန် - ၃၀ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်၊ ရေကြည်ကျေးရွာ အတွင်းသို့ ယနေ့နံနက်ပိုင်းတွင် ရေများ ၆ ပေခန့်ဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသည့် နေရာများသို့ ယနေ့တွင် နယ်မြေခံတပ်မတော်သားများက သွားရောက်၍ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၁၅၀ စုခန့်၊ လူဦးရေ ၃၈၀ ခန့်တို့အား ရေဘေးကင်းလွတ်ရာ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းသို့ ကူညီရွှေ့ပြောင်းပေးပြီး လိုအပ်သည့်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ https://myawady.net.mm/node/50286
Show all...
Repost from Myawady Media
Photo unavailableShow in Telegram
ပေါင်မြို့နယ်၊ မုတ္တမမြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော ရှေးဟောင်းသမိုင်းဝင် မြို့ဝန်ကြီးစေတီ၊ အာရုံခံတန်စောင်း အသစ်ပြန်လည် ဆောက်လုပ်လှူဒါန်းခြင်း ရေစက်ချ အလှူတော်မင်္ဂလာကျင်းပပြုလုပ် နေပြည်တော်၊ ၂၀၂၄ ဇွန် - ၃၀ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမမြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော ရှေးဟောင်းသမိုင်းဝင် မြို့ဝန်ကြီးစေတီ၊ အာရုံခံတန်စောင်း အသစ်ပြန်လည်ဆောက်လုပ် လှူဒါန်းခြင်း ရေစက်ချအလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီ တော်မြတ်ကြီး အာရုံခံတန်ဆောင်း၌ ကျင်းပရာ မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။ Read More>>https://myawady.net.mm/node/50285
Show all...
Repost from Myawady Media
ပြည်တွင်းဆန်ဈေးကွက်တွင် သင့်တင့်မျှတသည့် ဈေးကွက်ဈေးနှုန်းထက်ပိုမို၍ ဈေးနှုန်းမြှင့်တင် ရောင်းဝယ်နေသူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ နေပြည်တော်၊ ဇွန်လ ၃၀ ရက် နိုင်ငံတော်အနေဖြင့် ပြည်တွင်းစီးပွားရေးတည်ငြိမ်စေရေးနှင့် ဖွံ့ဖြိုးတိုးတက် စေရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အချို့လုပ်ငန်းရှင်များသည် စီးပွားရေးကမောက်ကမဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပြည်တွင်းဆန်ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများ အဆမတန် မြှင့်တင်ရောင်းဝယ်လျက် ရှိသောကြောင့် အများပြည်သူမှာ ဆန်ဝယ်ယူစားသုံးရန် အခက်အခဲများဖြစ်ပေါ်ပြီး ကြပ်တည်းမှုများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည့်အတွက် နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ မြို့ကြီးများရှိ ဆန်ဂိုဒေါင် ၁၀၂ လုံး၊ ဆန်စက် ၂၅ ခု၊ ဆိုင်ခန်း ၇ ခုတို့မှ ဆန်စပါး လုပ်ငန်းရှင် ၅၈ ဦးအား မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ လစဉ်ထုတ်ပြန်သည့် သင့်တင့် မျှတသောဈေးကွက် ဈေးနှုန်းထက်အမြတ်အစွန်း ပိုမိုရယူကာ ရောင်းချမှုရှိ/မရှိအား လုံခြုံရေး အဖွဲ့အစည်းများက ဖော်ထုတ်စစ်ဆေးခဲ့ပါသည်။ Read More>>https://myawady.net.mm/node/50287
Show all...
Repost from MWD News
01:55
Video unavailableShow in Telegram
နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် တရုတ်နိုင်ငံ၌ ကျင်းပသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ် ချမှတ်ခဲ့သည့် နှစ်(၇၀)ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည်။ (ဇွန်လ ၃၀)
Show all...
၁.mp412.18 MB
Repost from MWD News
00:40
Video unavailableShow in Telegram
မြစ်ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် မြစ်ကြီးနားမြို၊ ပမ္မတီးရပ်ကွက်၊ ရေကြည်ကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား ရေဘေးကင်းလွတ်ရာသို ကူညီရွှေ့ပြောင်းသည်။(ဇွန်လ ၃၀)
Show all...
၁၀.mp47.32 MB
Repost from Myawady Media
ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ၏ အစီရင်ခံစာပါ ရေးသားချက်များအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်ကို အဖွဲ့အစည်းအသီးသီးက ကြိုဆိုထောက်ခံကြောင်း သဘောထားများ ထုတ်ပြန် နေပြည်တော်၊ ၂၀၂၄ ဇွန် ၂၉ ရက် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၂၄ ခုနှစ်၊ဇွန်လ ၂၆ ရက်နေ့တွင် ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုး ဖောက်မှုများ၌ အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်း နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိက ဘဏ်အချို့မှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အရေးယူပေးပါရန် တောင်းဆိုမှုများ ကို ဖော်ပြထားပါသည်။ ထိုကဲ့သို့ ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာတွင် ရေးသား ဖော်ပြချက်များမှာ မြန်မာပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့်အပြင် မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား ဆက်ဆံရေးကိုလည်း ထိခိုက်စေသဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များက ၎င်းအစီရင်ခံစာတွင် ပါဝင်သည့် ရေးသားချက်များအား ပြင်းထန်စွာ ကန့်ကွက်ကြောင်း Read Moew>>https://myawady.net.mm/node/50239
Show all...
Repost from Myawady Media
မြို့နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် နေပြည်တော်၊ ၂၀၂၄ ဇွန် - ၂၉ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင် ကျောင်းများ ဥပဓိရုပ်ကောင်း မွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ‌ ကျောင်းများတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။ Read More>>https://myawady.net.mm/node/50237
Show all...
Repost from Myawady Media
မှော်ဘီမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့ရှိ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် နေပြည်တော်၊ ၂၀၂၄ ဇွန် - ၂၉ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ နှင့်ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာရှိ အောင်ပြည့်လျှံ ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ Read More>>https://myawady.net.mm/node/50238
Show all...
👍 1
Repost from Myawady Media
Photo unavailableShow in Telegram
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ် ခဲ့သူများအား ဖော်ထုတ်အရေးယူ နေပြည်တော်၊ ဇွန် ၂၉ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက် တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။ Read More>>https://myawady.net.mm/node/50240
Show all...
👍 1
Repost from Myawady Media
(၃၆)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေး ပြုလုပ် နေပြည်တော်၊ ဇွန် - ၂၉ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်သည့် (၃၆)ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၈ ရက် နံနက်ပိုင်းက မြိတ်မြို့ရှိ ပုလဲသန္တာဟိုတယ်၌ပြုလုပ်ရာ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ဒုတိယခေါင်းဆောင် ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt.Gen. Prasan Saengsirirak နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။ Read More>> https://myawady.net.mm/node/50244
Show all...
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.