en
Feedback
BURMAPEDIA,Ltd

BURMAPEDIA,Ltd

Open in Telegram

မြန်မာပြည်မှ ဝိဇ္ဇာပင်မျိုးစေ့များကို မြေမြှောက်ပေး၍ အကူအညီပေးအံ့။ - ဗမာပီးဒီးယား ဆောင်ပုဒ်။ let's give a hand to endeavor brilliant-minds by supporting them. - Burmapedia's Mottoes.

Show more
987
Subscribers
No data24 hours
-37 days
-1930 days
Posts Archive

ဒီဗီဒီယွီလေးကို တတ်နိုင်လို့၊ သဘောပါရင် ကြည့်ပေးကြပါဦးခင်ဗျ။ မကျွမ်းကျင် မနေ့ နေ့လည်က ည၉ နာရီခွဲအထိ နားနားပြီး ပြင်ဆင်ခဲ့ရလို့ပါနော်။ စစပိုင်းတော့ စက္ကန့် ၃၀ စာ သာလုပ်မယ်စဉ်းစားပင်မဲ့ သံစဉ်နဲ့ကိုက်အောင် လုပ်ဖြစ်သွားပါတယ်။ အသုံးပြုထားတဲ့ software ကတော့ canva.com ပါခင်ဗျ။

မင်္ဂလာရှိတဲ့ နံနက်ခင်းလေးပါခင်ဗျ။

photo content

photo content
+1

ANNOUNCING Burmapdia 2.0

နေလို့ကောင်းရဲ့လားညီကိုတို့ ကျန်းမာရေးတွေဂရုစိုက်ကြဗျ အနယ်နယ်အရပ်ရပ်မှာဖျားနေကြတယ်။ရာသီဥတုကလည်းဆိုးဆိုးဝါးဝါးပဲ ပူလိုက်အေးလိုက်နဲ့ ခင်ဗျားတို့ဖက်တော့မသိဘူး ဂရုစိုက်ကြခင်ဗျာ။ #zanne

အကယ်လို့များ အဲ့နေရာမှာငလျင်ငယ်တွေ ဆက်တိုက်ဖြစ်နေပြီ ဆိုရင်သတိထားပြီးကြိုတင်ပြင်ဆင်ထားကြဖို့ ကျွန်တော်တိုက်တွန်းလိုက်ပါတယ်။ အားလုံးပဲကျန်းမာကြပါစေ။ #Burmapedia_Ltd

⚠️ Breaking New ရခိုင်မှာ ဒီနေ့မြန်မာစံတော်ချိန်နံနက် ၁: ၄၅ အချိန်မှာ ရမ်းဗြဲကျွန်းနားမှာအဆင့် ၅.၁ ရှိတဲ့ ငလျင်အသင့်အတင့်လှုပ
⚠️ Breaking New ရခိုင်မှာ ဒီနေ့မြန်မာစံတော်ချိန်နံနက် ၁: ၄၅ အချိန်မှာ ရမ်းဗြဲကျွန်းနားမှာအဆင့် ၅.၁ ရှိတဲ့ ငလျင်အသင့်အတင့်လှုပ်ခတ်သွားပါတယ်။ ဒါကအရေးကြီးပြီးသတိနဲ့ နေထိုင်ရဖို့လိုအပ်သလို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဘာလို့သတိအကြီးကြီးထားသင့်တာလဲ❓ ဘာလို့လဲဆိုတော့ အခုဒီငလျင်ဟာ ၁၇၆၂ ကရခိုင်မှာလှုပ်ခတ်သွားတဲ့ အဆင့် ၈.၅ - ၈.၉ လို့ခန့်မှန်းထားတဲ့ငလျင်ပြီး နှစ်ပေါင်းရာနဲ့ချီအပြီး ပထမဆုံးရခိုင်မှာ အဆင့်အသင့်အတင့်လှုပ်ခတ်တဲ့ ငလျင်ဖြစ်ပါတယ်။ ဒါ့အပြင်ငလျင်ကြီးတွေဟာ အဆင့်၈-၉ အထိကို မလှုပ်ခတ်ခင် foreshock တွေဖြစ်တဲ့ အဆင့် ၄၊ ၅၊ ၆ ရှိတဲ့ငလျင်တွေကို အရင်လှုပ်ခတ်ပါတယ်။ ဒါ့အပြင် အခုနေရာက "subduction zone" ဖြစ်လို့ ဆူနာမီဘေး ကပါ ကြိုတင်ကာကွယ်ထားဖို့လိုအပ်ပါတယ်။ အန္တရာယ်ရှိလား❓ ရှိပါတယ်၊ ဘာလို့ဆိုရင်တော့ subduction zone တွေဟာ အနည်းဆုံးအင်အား ၇ ကနေစပြီး တစ်ခါတစ်လေ ၉ အဆင့်ထိရှိတဲ့ ငလျင်ကြီးတွေကို လှုပ်ခတ်စေနိုင်ပါတယ်။ နောက်ပြီး ငလျင်ကြီးအပြီးမှာ ဆူနာမီကိုဖြစ်ပေါ်စေနိုင်တာကြောင့် သတိကြီးကြီးထားဖို့လည်း လိုအပ်ပါတယ်။

Hi

https://www.youtube.com/watch?v=UhdItCDnua4 the war have been started to appear just 7 hours ago and it became major breaking news among Inter-media.

အိန္ဒိယနဲ့ပါကစ္စတန်တို့စစ်ဖြစ်ကြပြီလို့ပြောလို့ရပါတယ်။အိန္ဒိယဘက်ကပါကစ္စတန်ထဲကိုဒုံးကျည်၈စင်းနဲ့ပစ်သလို ပါကစ္စတန်ဘက်ကလဲအိန္ဒိယဂျက်ဖိုက်တာ‌တစ်ချို့ကိုပစ်ချလိုက်တယ်လို့ဆိုပါတယ်။ပါကစ္စတန်ဘက်ကလဲအန္ဒိယကိုဒုံးကျည်နဲ့ဆော်‌ေနသလိုအိန္ဒိယဘက်ကလဲဆက်လက်တိုက်ခိုက်နေဆဲပါပဲ။ပါကစ္စတန်ကအိန္ဒိယဘက်ကစစ်သားတွေပအကျဉ်းသားတွေအဖြစ်ရထားပြီလို့ပြောထားပါတယ်။

ကျွန်တော့်ဘက်မှာစာမေးပွဲကနီးနေပြီမလို့မရန်းနိုင်သေးလို့သည်းခံပေးပါဗျ

📌ကျေးဇူးပြု၍ ဖတ်ရှုပေးပါ။❗️ 🅰️ ကျွန်တော်တို့ မြန်မာလူငယ်လေးတွေက ကောင်းမွန်တဲ့ အနာဂတ်ကိုယ်စီပိုင်ဆိုင်နေကြပါတယ်။ မြန်မာလူမျိုးတွေရဲ့ ဉာဏ်ဟာလည်း ကမ္ဘာ့ထိပ်တန်းထဲမှာ ပါဝင်ပါတယ်။ ဒါဖြစ်လို့ ကိုယ့်သိထားတဲ့အသိ၊ ကိုယ့်ရဲ့ ဝေဖန် ဆန်းစစ်နိုင်တဲ့ ဉာဏ်နဲ့ ဘောင်တွင်းဘောင်ပြင် ထွက်ပြီးစဉ်းစားနိုင်စွမ်းကို မြှင့်တင်နိုင်ဖို့အတွက် လူမျိုးအသီးသီးမှ လူငယ်ပေါင်းစုံ (National Youth Conference Of Burmapedia) ကို ပြုလုပ်ချင်ပါတယ်။ 🅱️ အဓိကကတော့ လူငယ်လေးတွေရဲ့ အနာဂတ်အကြောင်း၊ ကိုယ်ပုံဖော်ချင်တဲ့ မြန်မာပြည်၊ အဲ့ဒီလို ဖန်တီးဖို့ ကိုယ် ကိုယ်တိုင်က ဘယ်လိုနားလည်ထားတာလဲ ဆိုတာကို အဓိကဆွေးနွေးချင်တာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ မသွေးရသေးတဲ့ ကျောက်ပမာ အရည်အချင်းကိုသာ ကြည့်ပြီး ကိုယ်က အရည်အချင်းမရှိဘူးဆိုတာတွေ၊ ကိုယ်က မလုပ်နိုင်ဘူးဆိုတာတွေ မတွေးကြဖို့လည်း သတိချပ်စေလိုပါတယ်။ ⭕️ ကိုယ့်ကိုယ်ကိုယ်သာ အကောင်းဆုံးပါ။ ဆွေးနွေးပွဲကတော့ နေ့တိုင်းပါပဲ။ ကျွန်တော်လည်း လူငယ်တွေအတွက် ပြန်ပြီးဝေမျှချင်တာတွေရှိတာပေါ့။ ပြီးတော့ လောလောဆယ်မှာတော့ Group ကို သာ Join ပြီးတော့ ဆွေးနွေးနိုင်ပါတယ်နော်။ ✝️☪️🕉☸️☮️ - ဝံသာနုမောင်သျှား 🆓🆙 your thoughts

ထိုင်းမှာအကြမ်းဆုံးငလျင်ဆိုတာ၆.၇အောက်လောက်မှာပါရှိပါတယ်အခုTikTokကအလှုပ်ပညာရှင်ကြီးJohnPalmistryကြီးပြောတာကြထိုင်းကိုအဓိကထားပြီးအာရှနိုင်ငံငါးနိုင်ငံပါလှုပ်ပါမယ်လို့ပြောတာပါ။ပိုဆိုးတာကအချိန်အတိအကျနဲ့ပါပြောထားတာပါ။ဒါတစ်ခုထဲမဟုတ်ပေမယ့်အဲ့ထက်ကြောင်တောင်တောင်နိုင်နဲ့ဟောကိန်းတွေကိုလဲထုတ်ထားပါသေးတယ်။(ဉပမာ-၂၀၂၈မှာမြန်မာworld cupရမယ်)စသဖြင့်ပေါ့နော်။ပြီးတော့အဲ့လိုငါးနိုင်ငံကိုရိုက်ခတ်ဖို့ဆိုရင်ပြတ်ရွေ့ကြောအကြီးစားလိုအပ်ပါတယ်(ဉပမာ-မြန်မာနိုင်ငံကပြတ်ရွေ့ကြောကြီးက Burma plate န‌ဲ့ Eurasian plate ပေါင်းစည်းထားတာမလို့အိမ်နီးချင်းနိုင်ငံတွေကိုသက်ရောက်သွားတာပါ)။အခုဟာကထိုင်းမှာအဲ့လိုအကြီးစားပြတ်ရွေ့ကြီးတွေမရှိပဲနဲ့လှုပ်ဖို့ခက်ခဲတဲ့အပြင်နိုင်ငံတွေကိုသက်ရောက်ဖို့ဆိုတာဝေးသည့်အတွက်မစိုးရိမ်ကြဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်။

က‌ျွန်တော်ပြောခဲ့ပါတယ်ငလျင်ကကြိုတင်ခန်းမှန်းနိုင်လို့မရတဲ့အတွက်အယုံမမှားကြပါနဲ့လို့

မြန်မာနိုင်ငံကအနာဂတ်မှာအင်အား၈နဲ့၉အဆင့်ရှိတဲ့ငလျင်တေကိုတွေ့ကြုံလာရဖို့ရှိလား❓ အဖြေကတော့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့:မြန်မာနိုင်ငံရဲ့စစ်ကိုင်းပြတ်ရွေ့ကြောကြီးဟာindian plateနဲ့eursian plateတို့ဆုံနေတဲ့နေရာကြီးဖြစ်ပြီးတော့မြန်မာနိုင်ငံကိုဖြတ်သွားပါတယ်။ပြီးတော့အဲ့ပြတ်ရွေ့ကြောကြီးရဲ့ငလျင်ဟာမြန်မာနိုင်ငံရဲ့မျက်နှာပြင်အက်ကြောင်းကိုမိုင်ပေါင်း ၃၄၂မိုင် (၅၅၀ကီလိုမီတာ)အထိရှိ‌ေအာင်လုပ်ခဲ့တယ်လိုါအမေရိကန်အာကာသနှင့်လေကြောင်းဦးစီးဌာန (NASA)နာဆာကထုတ်ပြန်ခဲ့ပါတယ်။အဲ့အပြင်စစ်ကိုင်းပြတ်ရွေ့ကြောကြီးဟာအင်အား၈ကျော်အထိအများဆုံးထုတ်လွှတ်နိုင်ပါတယ်။အဲ့ဒါကြောင့်မလို့ငလျင်ဟာကြိုတင်ခန့်မှန်းပြီးဘယ်အချိန်ဘယ်နေ့လှုပ်မယ်ဆိုတာမသိရတဲ့အတွက်ဂရုစိုက်ကျပါလို့ပြောချင်ပါတယ်။ ဒါပေမယ့်စစ်ကိုင်းပြတ်ရွေ့ကြောထက်ပိုပြီးကြောက်စရာကောင်းတဲ့ငလျင်ကြောမြန်မာနိုင်ငံမှာရှိလား❓ အဖြေကတော့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့:ရခိုင်ကမ်းမြှောင်ဒေသနဲ့bay of Bengal ကြားထဲမှာရှိနေတဲ့နေရာဟာ Arakan subduction zone(Myanmar subduction zone/Indo-Burma subduction zone)လို့သိကြပါတယ်။တစ်ခါတစ်လေindia-burma range(အိန္ဒိယ-မြန်မာ တောင်တန်း)လို့လဲခေါ်ကြပါတယ်။အဲ့ဒီ‌ေနရာကindian plateကburma plateထဲကိုငင်းဆင်းနေတဲ့plate tectonicလိုမျိုးဖြစ်တဲ့အ‌တွက်ကြောင့်"ရခိုင်ပြတ်လျှောကြော"လို့လဲခေါ်လို့ရပါတယ်။အဲ့ဒီမှာ၁၇၉၂တုန်းကအင်အား၈.၃အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်ခဲ့ပြီးနှစ်ပေါင်း၂၅၀ကြာတစ်ခါလှုပ်ခတ်လေ့ရှိပါတယ်။ဒါပေမယ့်အဲ့ဒီအချိန်အတိုင်းအတာကိုကျော်လွန်နေပြီး(ဉပမာ-စစ်ကိုင်းပြတ်ရွေ့ကြောငလျင်လိုမျိုး)ဖြစ်နေတဲ့အတွက်အဆင့်၈နဲ့၉ကြားအထိရှိတဲ့ငလျင်ကြီးလှုတ်ခတ်လာနိုင်တယ်လို့ပညာရှင်တွေကပြောထားပါတယ်။

ကျွန်တော်အက်မင်ဇီနိုပြန်runပါမယ်ဗျ

AnimatedSticker.tgs0.12 KB

နှစ်သစ်ကို အဘယ်သို့ အသုံးချမည်နည်း။ နှစ်သစ်တစ်နှစ် အကူးအပြောင်းကာလကို ကျွန်တော်တို့ မြန်မာလူမျိုးတွေက ကြိုဆိုနှစ်သက်ကြပါတယ်။ နှစ်သက်ကြတဲ့သဘောက အသစ်အဆန်းနဲ့ ထိတွေ့ချင်ကြလို့ဘဲ ဆိုရမှာပါ။ ဒါပင်မဲ့ တကယ်ကော အသစ်အဆန်းနဲ့ထိတွေ့ကြရလား။ အရင်တစ်နှစ်က နှစ်သစ်ကူးကာလမှာတော့ "ငါဒီတစ်နှစ် တကယ်ကို ပြောင်းလဲအောင်ကြိုးစားမယ်။" ဆိုပြီး သွေးပူတုန်း ထကြွတဲ့ စိတ်ဆန္ဒတွေက နှစ်ဝက်လောက်ဆို ပုံမှန်အတိုင်းပြန်ဖြစ်သွားရော။ အခုတစ်နှစ်ကော ဒီလိုပြောပြီး မနှစ်ကလို ပြန်ဖြစ်နေဦးမှာ သံသရာမှာ ဆက်ပြီးနေချင်ဦးမှာလား။ မိတ်ဆွေ၊ ရဲရင့်ပါ၊ တက်ကြွပါ၊ မကောင်းတဲ့ အကျင့်များကို သုတ်သင်ပါ။ ဒါဖြစ်ရင် ကျွန်တော်တို့က အခုဖြစ်နေတဲ့ပြဿနာကို သုံးသပ်စဉ်းစားပြီးဖြေရှင်းကြပါမယ်။ နာမည်ကြီးအဆိုအမိန့်တစ်ခုရှိပါတယ်။ "ပြဿနာကို မဖြေရှင်းခင် အရင်ဆုံးတိုင်းတာပါ၊ တိုင်းတာပြီးတော့ ဖြေရှင်းပါ"လို့ အဲ့ဒီမိန့်ကြားချက်က ဆိုပါတယ်။ ပထမ ဖတ်ဖတ်ချင်းမှာ ပြဿနာကို ဘယ်လိုတိုင်းတာပါသလဲလို့ စဉ်းစားမိတယ်။ ပြဿနာကို ဘယ်လိုတိုင်းတာကြမလဲ။ ဖြစ်နေတဲ့ ပြဿနာကို အရင်ဆုံးစေ့စပ်သေချာစွာလေ့လာခြင်း ဟာ "ပြဿနာကို တိုင်းတာခြင်း" ပါပဲတဲ့။ သူ့ရဲ့ အတိုင်းအတာသိမှ ဘယ်လောက်အတိုင်းအတာရှိတဲ့အရာနဲ့ ဖြေရှင်းရမလဲဆိုတာကို သိမှာဖြစ်ပါတယ်။ ပြဿနာက လူတိုင်းလိုချင်တဲ့အရာမဟုတ်သလို အကြာကြီးထားသင့်တဲ့အထဲလည်း မပါပါဘူး။ ဒါဖြင့် မီးလိုပူတဲ့ ပြဿနာကို ကျွန်တော် မကိုင်ထားသင့်ဘူး မဟုတ်ပါလား။ ဒါကြောင့် ကိုယ့်ရဲ့ ဦးနှောက်ကိုလှည့်စားတဲ့အနေနဲ့ ပထမဆုံး တစ်ပတ်ကို ငါဘာတွေနဲ့ ဖြတ်သန်းချင်သလဲဆိုတာကို စာရွက်တစ်ရွက်ပေါ်ချရေးကြည့်ပါ။ ( ဖတ်ပြီး ဦးနှောက်ထဲသိမ်းထားရင် ဦးနှောက်က ဝါးစားသွားလိမ့်မယ်။😶‍🌫️ ) တကယ်ချရေးကြည့်ဖို့တော့လိုအပ်ပါလိမ့်မယ်။ တစ်ပတ်တာကာလပြီးသွားရင် တိုးတက်မှုကို အသေအချာဆန်းစစ်ဖို့အရေးကြီးပါတယ်။ တိုးတက်မှုတစ်ခုကလည်း မိတ်ဆွေအတွက် ခွန်အားပါပဲ။ အဆုံးသတ်အနေနဲ့ နှစ်သစ်ရဲ့ အစပိုင်းမှာ တစ်နှစ်တာလုံးအတွက် အစီအစဉ်နဲ့ တစ်နှစ်လုံးမှာ အပြီးသတ်ရမဲ့ အရေးအကြီးဆုံးတာဝန်တစ်ခုကိုလည်း သတ်မှတ်ထားဖို့လိုအပ်ပါတယ်။ ပြီးအောင်လည်းလုပ်ဖို့လိုပါတယ်။ ပြီးရင် လပိုင်းအလိုက် ကိုယ်လုပ်ရမဲ့ အရေးကြီးတာဝန် ( Monthly highlight )၊ တစ်ပတ်တာအတွက် ( Weekly highlight)၊ တစ်ရက်အတွက် ( daily highlight ) ကောပေါ့။ ဒါတွေက မိတ်ဆွေ အချိန်တစ်ခုအတွက် ပြီးပြတ်ရမဲ့ ကိုယ်ကျိုးရှိ အလုပ်တွေပါပဲ။ ဒါကို လေးထပ်ပြက္ခဒိန်စနစ်လို့လည်းခေါ်ပါတယ်။ အသင့်လျော်ဆုံးကတော့ ကိုယ့်ဘာသာကိုယ် ကြိုက်ရာစာအုပ်ထဲ ပြက္ခဒိန်ဆွဲပြီး ကိုယ်လိုချင်တဲ့ အချိန်ကိုစီမံမှုမျိုးပါ။ ဖတ်တိုင်းတော့ အကျိုးရှိပါတယ်။ ဒါပင်မဲ့ လိုက်မလုပ်ရင်တော့ အကျိုးထူးမှာမဟုတ်ပါဘူးနော်။ အဆုံးထိ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ မိတ်ဆွေအပေါင်း ကပ်ဘေးသုံးပါး အန္တရာယ်အသွယ်သွယ်မှကင်းဝေးပြီး နှစ်သစ်မှာ ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကို အမြန်ဆုံးရှာတွေ့ကြပါစေခင်ဗျ။ - ဝံသာနုမောင်သျှား