cookie

We use cookies to improve your browsing experience. By clicking ÂŤAccept allÂť, you agree to the use of cookies.

avatar

Books And Knowleges⚡+ 🤓

စိတ်အားငယ်သူတိုင်းဖတ်ဖို့စာပေတွေ ဟာသလေးတွေကိုတင်ပေးမယ့်channelလေးပါနော် စာအုပ် pdf fileတွေလဲ တောင်းဆိုလို့ရပါတယ် စာဖတ်ဝါသနာပါတဲ့သူတွေအတွက်အလွန်ကောင်းတဲ့ ch လေးပါ။စာအုပ်လေးတွေလည်းမဲဖောက်ပေးပါတယ်📚 3 Third channel Since16.12.2021

Show more
The country is not specifiedThe language is not specifiedThe category is not specified
Advertising posts
434
Subscribers
No data24 hours
No data7 days
No data30 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Hi
Show all...
စိတ်အားငယ်သူတိုင်းဖတ်ဖို့စာပေတွေ ဟာသလေးတွေကိုတင်ပေးမယ့်channelလေးပါနော်✨ စာအုပ် pdf fileတွေလဲ တောင်းဆိုလို့ရပါတယ် စကားလဲ လာပြောလို့ရပါတယ်နော် Onwer - @hanakochan30 Admin 1 - @SharingbyOlivia Admin 1 - @Olivia_mother https://t.me/Booksandshortletters
Show all...
Books and short letters

စိတ်အားငယ်သူတိုင်းဖတ်ဖို့စာပေတွေ ဟာသလေးတွေကိုတင်ပေးမယ့်channelလေးပါနော်✨ စာအုပ် pdf fileတွေလဲ တောင်းဆိုလို့ရပါတယ် စကားလဲ လာပြောလို့ရပါတယ်နော် Onwer - @hanakochan30 Admin 1 - @SharingbyOlivia Admin 1 - @Olivia_mother

https://t.me/Booksandshortletters

💕 SBO - Sharing by Olivia 💕 SBO Channelမှာ - bookတွေ📚📖 - Musicတွေ 🎵🎶 - တခြားသော အရာတွေကို😖📯 🧐 တောင်းဆိုနိုင်ပါတယ် 😍 အတတ်နိုင်ဆုံး ရှာပေးပါမည် - knowledgeတွေ 💯🤔 - အတွေ့အကြုံတွေကိုတော့ 🍒 မျှဝေပေးသွားပါမယ် 💌 Owner acc - @SharingbyOlivia https://t.me/SBO_Sharing_By_Olivia
Show all...
SBO - Sharing by Olivia

💕 SBO - Sharing by Olivia 💕 SBO Channelမှာ - bookတွေ📚📖 - Musicတွေ 🎵🎶 - တခြားသော အရာတွေကို😖📯 🧐 တောင်းဆိုနိုင်ပါတယ် 😍 အတတ်နိုင်ဆုံး ရှာပေးပါမည် - knowledgeတွေ 💯🤔 - အတွေ့အကြုံတွေကိုတော့ 🍒 မျှဝေပေးသွားပါမယ် 💌 Owner acc - @SharingbyOlivia

မဝင်ချင်ရင်အစကတည်းက မဝင်ပါနဲ့ Channelကို ​သေချာ​လေ့လာပြီးမှ ဝင်ပါ ဝင်ပြီးရင်လဲ ပြန်မထွက်ပါနဲ့ ထွက်ပြီးရင်လဲ ပြန်ဝင်မလာပါနဲ့ ဝင်လိုက် ထွက်လိုက်လဲ မလုပ်ပါနဲ့ #Admin_anonymous
Show all...
“ဂရုမစိုက်ခြင်း အနုပညာ” စာအုပ်မှ ထုတ်နုတ်ထားသော အတွေး (၂၃)ချက် ~~~~~~~~ 1. ကိုယ့်ကိုယ်ကိုသိပါ။ ကိုယ့်အရှိအတိုင်း လက်ခံတတ်ပါစေ။ 2. ကိုယ်ဖြစ်ချင်တာကို သိပါ။ ကိုယ်ဖြစ်ချင်တာ သိပြီး ဖြစ်ချင်တဲ့ဆီကို သွားနေရင်းနဲ့ တလွဲတွေ ဖြစ်နေတဲ့ လောကကြီးထဲက ကိုယ်ဖြစ်ချင်တာတွေနဲ့ မဆိုင်တဲ့ အရေးမပါတဲ့အရာတွေကို ဂရုမစိုက်ပဲ နေတတ်ပါစေ။ 3. အားနာတတ်တာကို လျှော့ပြီး ငြင်းပယ်တတ်ပါစေ။ SAY “NO” 4. နာကျင်စရာ ဒုက္ခတွေကို တည့်တည့်ရင်ဆိုင်ပါ။ ထပ်တူညီတဲ့ ဒုက္ခတွေ နောက်တစ်ခါ မဖြစ်အောင် ရှောင်။ 5. သုခနဲ့ ဒုက္ခက ဒွန်တွဲနေတာမို့လို့ ဘယ်လို ဒုက္ခ လိုချင်လဲဆိုတာ တွေးပြီး ဘဝကို ဖြတ်သန်းပါ။ 6. မိမိကိုယ် မိမိ သာမာန်လူတစ်ယောက်ပဲ ဆိုတာ လက်ခံရမယ်။ ကိုယ့်ဒုက္ခတွေဟာ သူများတွေနဲ့ အတူတူပဲဆိုတာ နားလည်ရမယ်။ 7. ထူးထူးခြားခြားဖြစ်ချင်တယ်ဆိုတာ မကောင်းဘူး။ ကိုယ့်အခြေအနေ ကိုယ်သိပြီး သာမာန်လူလို ကြိုးစားရင်းနဲ့မှ ထူးခြားလာတာမျိုး။ တမင်တကာကြီး ထူးခြားဖို့ စကြိုးစားရင်တော့ စိတ်ကူးယဉ်တာများပြီး ရွာသာကြီး ရောက်သွားနိုင်ပါတယ်။ 8. ကိုယ်တန်ဖိုးထားတဲ့ အရာတွေကို သေချာသိပါစေ။ ကိုယ်တန်ဖိုးထားတဲ့ အရာတွေကို ဘယ်ပေတံနဲ့တိုင်းနေတာလဲဆိုတာ သေချာသိပါစေ။ 9. ကိုယ့်စိတ်ကို ကိုယ်တာဝန်ယူပါ။ ကိုယ့်ပတ်ဝန်းကျင်က ဖြစ်သမျှကို လိုက်မထိန်းချုပ်နိုင်ပေမယ့် ကိုယ့်စိတ်ကိုတော့ ကိုယ်ပိုင်ပါသေးတယ်။ 10. ရွေးချယ်မှုတစ်ခုလုပ်ခဲ့ရင်လဲ ကိုယ့်ရွေးချယ်မှုကနေ ရလာမယ့် အကျိုး အကြောင်း အကောင်း အဆိုး အကုန် တာဝန်ယူတတ်ပါစေ။ 11. ကိုယ့်အမှား ကိုယ်သိပါ။ အမှားများရာကနေ နည်းရာကို သွားပါ။ အမှားမရှိတဲ့ဘဝမျိုး ဆိုတာတော့ မရှိပါဘူး။ 12. မသိဘူးဆိုတာကို ရဲရဲဝံ့့ဝံံ့ လကခွံတတပွါစေ။ 13. ကိုယ့်ခံယူချက်နှင့် ယုံကြည်ချက်တွေကို အမြဲပြန် ဆန်းစစ်ပါ။ 14. ခံစားနေရတဲ့ စိတ်နှင့် တကယ်ဖြစ်နေတဲ့ လက်တွေ့ကို အမြဲ ကွဲကွဲပြားပြား သိပါစေ။ 15. စဉ်းစားနေမယ့်အစား တစ်ခုခုထလုပ်လိုက်၊ လုပ်နေမှ ဖြစ်ချင်စိတ်တွေကို ပိုဖြစ်လာတာ။ 16. ယုံကြည်မှုရအောင် ရိုးသားမှုကို အရင်တည်ဆောက်ပါ။ 17. သဘောထားကွဲလွဲမှုကို လက်ခံပါ။ 18. ချစ်ရတဲ့သူအချင်းချင်းတောင် သူ့စည်း၊ ကိုယ့်စည်း ခွဲခြားပါ။ 19. တည်ငြိမ်တဲ့လွတ်လပ်မှုကိုရှာပါ။ 20. သေခြင်းတရားကို အမြဲသတိရပါ။ သေရမှာ ကြောက်တဲ့စိတ်ဟာ ရှင်ရမှာ ကြောက်တဲ့စိတ်နဲ့ တွဲပါလာတာမျိုး။ 21. ကိုယ်မရှိတဲ့အခါ ကမ္ဘာကြီးကို ဘယ်လို ခြေရာတွေ ချန်ခဲ့ချင်လဲလို့ တွေးပြီး ရှင်သန်ပါ။ 22. ဘယ်အရာမှ၊ ဘယ်တော့မှ ကြောက်စရာ မလိုဘူး။ 23. မကြိုးစားပဲနဲ့ ဘာမှမရဘူး။ #Crd
Show all...
လူမှန်နေရာမှန် _____ "Hello… အစ်ကို… 8+8=2 Then, 8=1လို့ အစ်ကိုပြောခဲ့တယ်နော်။ ဒီဒဿနလေးနဲ့ ပတ်သတ်ပြီး အကျယ်ရှင်းပြပေးနိုင်မလား” သင်္ချာ equation တွေမှာ ဘယ်ဘက်အခြမ်းမှာ သိကိန်းကို ထားတတ်ပြီး ညာဘက်အခြမ်းမှာ မသိကိန်းကို ထားကြတယ်။ ဥပမာ - 2a - 5 = 15ဆိုပါစို့ ။ ဒါဆိုရင် a တန်ဖိုးက 10ရမယ် ။ လောကဒဿနအရ ဘယ်ဘက်က အကြောင်းတရားဆိုရင် ညာဘက်က အကျိုးတရားပဲ။ (ကျနော်ပစ္စည်းခိုး) = (ကျနော်ထောင်ကျ) Cause က ပစ္စည်းခိုးတာ ။ Effect က ထောင်ကျတာ ။ Cause ကိုသိပြီး effect ကိုမသိရင် ကြိုတင်ခန့်မှန်းတယ်။ Effect ကိုသိပြီး cause ကို မသိရင် ပြန်ပြောင်းသုံးသပ်ရတယ်။ တွေးစရာနှစ်ခုက ဒီလို cause လုပ်ရင် ဘယ်လို effect ဖြစ်လာမှာလဲ။ ဒီလို effect ရတာ ဘယ်လို cause ကြောင့်လဲ။ 8+8=16 ရသင့်ရသားနဲ့ ဘာလို့ 2 ရနေတာလဲ။ အဖြေကသာ 2 သေချာရင် symbol 8ဟာ value 8 မဟုတ်တော့ဘူး။ ဥပမာ မျက်လှည့်တွေမှာ လူတစ်ယောက်ကို နှစ်ပိုင်းဖြတ်ပြတယ်။ လူက မသေဘူး ။ နှစ်ပိုင်းဖြတ်တာသေချာရင် လူသေမယ်။ လူမသေတာ သေချာရင် နှစ်ပိုင်းမဖြတ်ဘူး။ နှစ်ပိုင်းဖြတ်တယ်လို့ ထင်အောင် လှည့်စားခံရတာပဲ။ မင်းသိထားခဲ့တဲ့ 8 က 5 နဲ့မြှောက်ရင် 40 ရမယ့် 8 ။ 2 နဲ့ပေါင်း ရင် 10 ဖြစ်သွားမယ့် 8 ။ အခုမင်းမြင်နေရတဲ့ 8 က အဲ့လိုမဟုတ်တော့ဘူး။ 8 ကို 8 လို့ တရားသေမြင်ချင်နေတဲ့ မင်းကို ပုခုံးပုတ်ပြီး သတိပေးလိုက်တာပဲ။ ဒါမင်းသိထားတဲ့ value 8 မဟုတ်ဘူး။ အခြား symbol a,b,c,d တို့လိုပဲ 8 ဆိုတဲ့ symbol တစ်ခုသာပေါ့။ ထပ်သွားကြည့်ရအောင်။ ရှစ်ဆိုတဲ့ သဘောတရားကို မြန်မာလို ရှစ် အင်္ဂလိပ်လို eight လက်တင်လို octa အဖြစ် လူမျိုးတိုင်းက သိကြတယ်။ ဒါပေမယ့် ရှစ်မဟုတ်တဲ့ ရှစ်အကြောင်းကို ငါ့ညီ မတွေးဖူးသေးဘူးမဟုတ်လား။ သင်္ကေတတွေက အစစ်အမှန်မဟုတ်ဘူး။ သူငယ်ချင်းဆိုတဲ့ ဝေါဟာရလေး ခေါ်လိုက်ရုံနဲ့ သူငယ်ချင်းအစစ်၊ သူငယ်ချင်းသဘောတရားအမှန် ဖြစ်မသွားဘူး။ ရင်နဲ့လွယ်မမွေးပေမယ့် မိခင်အစစ်ဖြစ်နိုင်တယ်။ ရင်နဲ့လွယ်မွေးသော်လည်း မိခင်အတုဖြစ်နိုင်တယ်။ ဟန်ပြလောကကြီးက ဖောက်ထွက်ပြီး သစ္စာတရားဆီမှာ ခိုလှုံရဲလားညီ ။ ဦးသိန်းကို သူ့မိန်းမက ကွာရှင်းခွင့်တောင်းတယ်။ အဲ့ဒိစကားဟာ သင်္ကေတအရမှန်သေးတယ်။ သစ္စာအရ မှားသွားပြီ။ ဦးသိန်းကို ကွာရှင်းလိုစိတ်ရှိပြီဆိုတာနဲ့ အဲ့ဒါ ဦးသိန်းမိန်းမ မဟုတ်တော့ဘူး။ ဥပဒေအရဟုတ်လိမ့်ဦးမယ်။ သဘောတရားအရ မဟုတ်တော့ဘူး။ ငါပြောတာ ရှုပ်သွားလား ” "မရှုပ်ဘူးအစ်ကို ဆက်ပြောပါဦး” "လူတစ်စုက အမျိုးဘာသာသာသနာ ကို စောင့်ရှောက်မယ်လို့ အော်တယ် ။ သူတို့လုပ်ရပ်က သာသနာကိုသာမက နိုင်ငံကိုပါ အရှက်ရစေတယ် ... ဂဏန်းတစ်ခုက သူ့ကိုယ်သူ ၈ လို့ ကြွေးကြော်တယ် ။ နောက်ဂဏန်းတစ်ခုက သူသည်လည်း ၈ဖြစ်တယ်လို့ ကြွေးကြော်ပြန်တယ်။ သူတို့ချင်းပေါင်းလိုက်တဲ့အခါ ၁၆ ဖြစ်လာမလားလို့ စောင့်ကြည့်တော့ အဖြေက -10တဲ့ ။ သေချာပြီ။ အဲ့ဒါရှစ်မဟုတ်တဲ့ ရှစ်တွေ ။ တန်ဖိုး အနှုတ်ပြနေတဲ့ဂဏန်းတွေ။ ဘယ်လိုပဲ ရှစ်ပါလို့ ကြွေးကျော်နေပါစေ။ အဲ့ဒါ ရှစ်မဟုတ်ဘူး။ ဒီမှာ ဆရာဝန် မဟုတ်တဲ့ ဆရာဝန်တွေ ရှိတယ်။ ကျောင်းဆရာ မဟုတ်တဲ့ ကျောင်းဆရာတွေ ရှိတယ်။ နောက်တစ်ခုက ၁ မဖြစ်ချင်ပါဘဲ ၁ အဖြစ် သွပ်သွင်းခံထားရတဲ့သူတွေရှိတယ်။ ၁ မဟုတ်တဲ့ ၁ ဟာ မွန်းကြပ်ပူလောင်မှုကို ခံစားနေရတာမျိုး … ဒို့နိုင်ငံမှာ ဘာလို့ ရလဒ်တွေ ကမောက်ကမဖြစ်နေလဲ သိလား။ လူမှန်နေရာမှန်မရှိလို့ ။ ၈ မဟုတ်တဲ့ ၈ ငါးလုံးကို ပေါင်းပြီး ရလဒ် ၄၀လိုချင်လို့ဘယ်ဖြစ်ပါ့မလဲ။ စာသင်ကျောင်းတွေမှာ ဆရာအစစ်တွေဖြစ်မှ၊ တရားရုံးတွေမှာ တရားသူကြီးအစစ်တွေဖြစ်မှ၊ ဆေးရုံတွေမှာ ဆရာဝန်အစစ်တွေဖြစ်မှ၊ နောက်ဆုံး သူတောင်းစားတောင် သူတောင်းစားအစစ်တွေဖြစ်မှသာ တိကျတဲ့ ရလဒ်တွေထွက်လာမှာ။ လိုချင်တဲ့ရလဒ်ရဖို့ ပေါင်းစပ်နေတဲ့ ကိန်းတွေဟာ သိကိန်းတွေဖြစ်မှရမယ်။ ဥပမာ လူတစ်ရာရဲ့ ကျန်းမာရေးကိစ္စကို ပြေလည်ဖို့ ဆရာဝန် ငါးယောက်လိုရင် အဲ့ဒိ ဆရာဝန်ငါးယောက်လုံးဟာ ဆရာဝန်အစစ်ဖြစ်မှ ရမယ်။ ကျောင်းသား ၁၀၀၀ အတွက် ဆရာ ၁၂ ယောက်လိုတယ်ဆိုရင် အဲ့ဒိ ၁၂ ယောက်လုံးဟာ ဆရာအစစ်တွေဖြစ်မှရမယ်။ လူမှန်နေရာမှန်ဖြစ်မှသာ equation တွေက ပြေလည်တော့မှာလေ ” #Credit
Show all...
🔸ကောင်းလိုက်တဲ့ ဆုတောင်း🔸 🖌တစ်ခါက အလွန်ခင်တဲ့ သူငယ်ချင်းနှစ်ယောက်က ပင်လယ်ထဲကို သင်္ဘောဖြင့် ခရီးထွက်ခဲ့ပါတယ်... 🖌 ဒါပေမယ့် မုန်တိုင်းနဲ့ ကြုံပြီး သင်္ဘောပျက်သွားတာကြောင့် နှစ်ယောက်လုံး ရေကူးပြီး ကျွန်းတစ်ကျွန်းပေါ်ကို ရောက်လာကြပါတယ်... 🖌ကျွန်းပေါ်ရောက်တော့ သူတို့ သူငယ်ချင်း နှစ်ယောက် ဘယ်သူ ပိုကံကောင်းတယ်ဆိုတာ သိရအောင် ကျွန်း တစ်ခြမ်းစီမှာ သီးသန့်နေထိုင်ဖို့ လုပ်ကြပါတယ်... ပထမနေ့မှာ တစ်ယောက်က အစားအသောက်ရဖို့ ဆုတောင်းတော့ သစ်သီးပင်တစ်ပင်ကို သူ့ကျွန်းဘက်ခြမ်းမှာတွေ့ပါတယ်။ ကျန်တစ်ယောက်ကတော့ သစ်သီးပင်မတွေ့တာကြောင့် ရှိတဲ့ အရွက်တွေကိုပဲ စားရပါတယ်... 🖌နောက်နေ့မှာ ပထမတစ်ဦးကပဲ ဆုတောင်းတိုင်း ရရှိနေပါတော့တယ်။ မိန်းမအဖော်လိုချင်တယ်လို့ဆုတောင်းတော့ သင်္ဘောပျက်ပေါ်က အမျိုးသမီးတစ်ယောက်က သူ့ကျွန်းဘက်မှာ ရောက်လာပါတယ်။ အဲလိုပဲ အ၀တ်အစားတွေကို အစားအသောက်တွေပါ သူဆုတောင်းတိုင်း ရရှိပါတယ်... နောက်ဆုံးတော့ သူက သင်္ဘောတစ်စီးဆုတောင်းပြီး ကျွန်းကနေ ပြန်ဖို့ လုပ်ပါတယ်။ သင်္ဘောတစ်ကယ်ပဲရောက်လာတော့ သူရယ် သူ့အဖော်အမျိုးသမီးရယ်က ကျွန်းကနေ ထွက်ခွာဖို့ လုပ်ပါတယ်... 🖌အဲဒီအချိန်မှာ သိကြားမင်းပေါ်လာပြီး မေးပါတယ်။ ☞"ဘာလို့ မင်းသူငယ်ချင်းကိုပါ မခေါ်သွားဘူးလဲ ဆိုတော့ သူကဖြေပါတယ်သူက ကံမကောင်းဘူးလေ။ သူဆုတောင်းသမျှ ပြည့်မှ မပြည့်တာ။ သူ့ကြောင့် ကျွန်တော်တို့ သင်္ဘောပျက်ပြီး ကျွန်တော်တို့ ဒုက္ခရောက်တာလားတောင်မသိဘူး။ ဒါကြောင့် ဒီတစ်ခါတော့ သူကို ကျွန်တော် ထားခဲ့တော့မယ်"... 🖌သိကြားမင်းက ဆက်ပြောပါတယ်။ "သင်မှားနေပြီ။ ကျွန်ုပ် ဆုတောင်းဖြည့်ပေးခဲ့တာက သင့်သူငယ်ချင်းရဲ့ ဆုတောင်းတစ်ခုထဲကိုပါ။ သင့်ဆုတောင်းတွေကို ကျွန်ုပ် မဖြည့်စီးပေးခဲ့ပါဘူး"... 🖌ထိုအခါကျမှ သူလည်း အံ့သြသွားပြီး "ဒါဆို ကျွန်တော့်သူငယ်ချင်းရဲ့ ဆုတောင်းကဘာလဲ" လို့မေးလိုက်တော့... ⚘"သင့်သူငယ်ချင်းရဲ့ ဆုတောင်းက သူ့အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ သင့်ရဲ့ ဆုတောင်းများအားလုံး ပြည့်ပါစေတဲ့"... အဲ့ဆုတောင်းကိုပဲ ငါဖြည့်စည်းပေးခဲ့တာပါ⚘ ⚘လောကမှာလည်း ကိုယ့်ရဲ့ ကံကောင်းမှုတိုင်းက လူတစ်ဦးတစ်ယောက်ရဲ့ ဖြည့်စီးပေးမှုလည်း ပါ၀င်နိုင်တယ်ဆိုတာကိုတော့ မမေ့သင့်ပါ။ ⚘ 📝 #Credit
Show all...
"လူရင်းထိုးတဲ့ဓါး" ဘယ်သူ့ကိုမှ သင့်စကားအကုန် မပြောလိုက်ပါနဲ့ လူရင်းထိုးတဲ့ဓားက ပိုနက်တယ်.. ဘယ်သူ့ကိုမှ စကားအကုန်မပြောပါနဲ့ မင်းကတော့ ယုံကြည်လွန်းလို့... မင်းမိသားစုအကြောင်းတွေ မင်းအလုပ်အကြောင်းတွေ မင်းရဲ့ပြဿနာတွေ မင်းရဲ့ထင်မြင်ယူဆချက်တွေ ဘာရယ်မဟုတ်ဘူး လွတ်လပ်စွာ ရင်းနှီးစွာ ပွင့်လင်းစွာနဲ့ ပြောဆိုရင်ဖွင့်လိုက်တာပဲ ဒါပေမယ့် သူတို့ကမင်းဆီကနေ ပွင့်လင်းမှုတွေ ခံယူချက်တွေ အမြင်တွေကိုနားထောင်ရင်း သူတို့စိတ်ထဲမှာမင်းကို တဖြေးဖြေးပုံဖော်လာကြတာ ဒါကိုမင်းမသိလိုက်ဘူး မင်းရဲ့အောက်ဖဲတွေကို တဖြေးဖြေးရိပ်မိလာကြတာကို မင်းမသိလိုက်ဘူး မင်းကတော့ ပုံမှန်ပဲ ဆက်ပြောနေတယ် တနေ့ပြီးတနေ့ တရက်ပြီးတရက် တနှစ်ပြီးတနှစ်ကြာလာတဲ့အခါ သူတို့စိတ်အမြင်မှာ မင်းဟာ တံဆိပ်တစ်ခုကပ်ထားတဲ့ လူသားတစ်ယောက်ဖြစ်လာတယ် အဲဒီတံဆိပ်က.... မင်းဟာ အရည်အချင်းထင်သလောက်မရှိဘူး မင်းဟာ ငွေမက်တယ် မင်းဟာ ထင်သလောက်စိတ်ထားမကောင်းဘူး မင်းဟာ စိတ်မမှန်ဘူး မင်းက ငပေါတစ်ယောက်ဖြစ်တယ် မင်းက အရူးတစ်ယောက်ဖြစ်တယ် မင်းက သိပ်အထင်ကြီးစရာမကောင်းဘူး မင်းဟာ တရားမရှိဘူး မင်းဟာ ပါးစပ်မလုံဘူး စသည်စသည်ဖြင့်... သူတို့ထင်ရာ မြင်ရာ တွေးမိရာ တံဆိပ်တစ်ခုကို ကပ်လိုက်ကြတယ် နောက်ပိုင်းမှာတော့ သူတို့ကပ်ထားတဲ့အဲဒီတံဆိပ်ကိုကြည့်ပြီး မင်းကိုသူတို့ကရာသက်ပန်အဲဒီအတိုင်း ဆက်ဆံသွားကြတော့တယ် မင်းကိုမြင်တာနဲ့ အဲဒီတံဆိပ်ကိုသူတို့မျက်လုံးထဲ တန်းမြင်ကြတော့တာပဲ အဲဒါဘာလဲ သိလား စကားကိုအကုန်ပြောခဲ့လို့ ရင်တွေအကုန်ဖွင့်ခဲ့လို့ လူရင်းလုပ်ပြီး ဘာမှမဖြစ်လောက်ပါဘူးလေဆိုပြီး အရာရာကို ဖွင့်ပြောခဲ့လို့ ဟုတ်ကဲ့ လက်ဆောင်လေးတစ်ခုပေးလိုက်ချင်ပါတယ် ဘယ်သူ့ကိုမှ စကားကိုအကုန်မပြောပါနဲ့ မင်းကို ဘယ်သူကမှ ရိုက်မစစ်ပါဘူး ဘယ်သူကမှ ကြိုးတုပ်မမေးပါဘူး လူရင်းထိုးတဲ့ဓားက ပိုနက်တယ် သတိထားစေလိုပါတယ် #Credit
Show all...
ယနေ့အကြိုက်ဆုံးဥပမာ.👍 သိပ်ကောင်းတဲ့စာတပုဒ်မို့ ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ…" ငါးတစ်ကောင် ကုန်းပေါ်ရောက်လာပါတယ် … ရေထဲပြန်ဆင်းဖို့ သူ.. လူးလှိမ့်ခုန်ပစ်ပေမယ့် ရေမြောင်းဆီကို မရောက်နိုင်ဖြစ်နေတော့.. သူစိတ်လျော့လိုက်တယ်.. သေပါစေတော့ ပေါ့ … ဒါကို.. ပုရွက်ဆိတ်တွေ မြင်တော့ ငါးကို ကယ်မယ် လုပ်ကြတယ်..!! ပုရွက်ဆိတ်တစ်ချို့က ငါးကို ဝိုင်းချီကြပြီး ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့ … ပုရွက်ဆိတ်ခေါင်းဆောင်က ပြောတယ်… "မချီကြနဲ့...မနိုင်လောက်ဘူး.." "ငါတို့ သူ့ကိုနာအောင် ဝိုင်းကိုက်ကြမယ် " ဆိုပြီး ဝိုင်းကိုက်ကြလေတော့.. ငါးက..နာလွန်းပြီး တအားပဲလူးလှိမ့် ခုန်ဆွ ပြေးရင်း.. ရေမြောင်းစပ်ဆီရောက်သွားတယ်.. နောက်ဆုံး.. ရေထဲထိ ရောက်သွားနိုင်ခဲ့တယ်. . . တစ်ချို့ နာကျင်ခြင်းတွေဟာ.. တစ်ချို့တိုက်ခိုက်မှု့တွေဟာ . အောင်မြင်ခြင်းအတွက် အထောက်အပံ့ ဖြစ်စေတယ် ဆိုတာ..မမေ့ကြပါနဲ့။ တစ် ခါ တ လေ တိုက်ခိုက်လာတဲ့ သူတွေကြောင့် ကိုယ်က ပိုပြီး သန်မာလာရတယ်။ စိတ်ညစ်ချင် ညစ်ပါ။ သို့သော် … စိတ်ဓာတ်မကျနဲ့။ ဘာအကြောင်း, ကြောင့်မှ စိတ်ဓာတ်မကျကောင်းဘူးနော်... နင်းတတ်ရင်..အားလုံးဟာ လှေကားထစ်တွေချည်းပါပဲ။ "အရာရာဟာ ကောင်းဖို့ဖြစ်လာတာ" ဆိုတဲ့ ပုံပြင်လေးကို သတိရပါ.." #Credit
Show all...
စိတ်ပြေလက်ပျောက် မုန့်စားလို့ရပါတယ်။ မဖြစ်မနေအလုပ်ကိစ္စခရီးတွေ ထွက်လို့ရပါတယ်။ Facebook ပေါ်သာမတင်ပါနဲ့။ ပုန်းနေရတဲ့သူတွေကိုအားနာပါ။ ငါစားနေတဲ့မုန့်ပုံတွေတင်ရင် သူတို့လည်း စားချင်ကြရှာမှာပဲ။ ငါသွားနေတဲ့ခရီးပုံတွေတင်ရင် သူတို့လည်း သွားချင်ကြရှာမှာပဲ လို့ ကိုယ်ချင်းစာစိတ်လေးနှင့် တွေးပေးပါ။ အမြဲတမ်းမသာမယာ စိတ်ဆင်းရဲနေဖို့မလိုပါဘူး။ ပျော်ရွှင်မြူးတူးပြမနေဖို့ပဲလိုတာပါ။ အသုဘအိမ်၈၀၀ကျော်ကို အားနာပါ။ ပြောစရာရှိတာကို သေချာရှင်းပြပြီးပါပြီ။ လိုက်နာတာ မလိုက်နာတာ ကိုယ့်သဘောပါ။ #Credit
Show all...
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.