en
Feedback
🌸Tobira Japanese Language Center & Sensei Thi Ri Thu🌸

🌸Tobira Japanese Language Center & Sensei Thi Ri Thu🌸

Open in Telegram

ဂျပန်စာပေနဲ့ပတ်သတ်တဲ့ဗဟုသုများကိုမျှဝေရန်📚📖

Show more
1 384
Subscribers
No data24 hours
No data7 days
-630 days
Posts Archive
ဒီစာအုပ်ပါရှင်။ဒေါင်းထားကြပါနော်

19ရက်နေ့ကစပြီးMinnano Nihongo 2 ရဲ့N4 ReadingလေးတွေကိုYoutubeမှာSharingလုပ်ပေးသွားတော့မှာဖြစ်ပါတယ်ရှင်။pdfလိုချင်သူများလည်းဒေါင်းထားကြပါနော်။N4 Levelဆိုပေမယ့်N3သမားတွေလည်းလိုက်ပြီးနားထောင်သင့်ပါတယ်ရှင်။

N3အတွက်ကြယ်ပွင့်နေရာလေးတွေမှာဖြေရတဲ့grammarလေးတွေပါ။ဖြေကြည့်ပြီးအဖြေပါတိုက်ကြည့်ကြပါနော်။

ကျမအဟောင်ခံလိုက်ရတဲ့Aနဲ့စတဲ့ဂျပန်စာသင်တန်းကျောင်းက Mနဲ့စတဲ့နာမည်နဲ့ခွေးရူးကိစ္စ၊အသေးစိတ်ကိုLiveလွှင့်ပြောဖို့စီစဉ်ထားပါတယ်။သင်တန်းလည်းသင်လို့ပြီးပြီ၊ကျောင်းသားကလည်းသင်တန်းပြီးလို့ကျေနပ်ပြီးမလာတော့ဘူး၊ဆရာမကလည်းCourseပြီးလို့သင်စရာစာမရှိတော့လို့မသင်တော့ဘူး။အဲ့တာကိုMနဲ့စတဲ့ခွေးရူးကကျမကိုအခုအချိန်အထိသင်တန်းကြေးကိုတစ်ပြားမှရှင်းမပေးဘူး။ကျောင်းသားတွေဆီကသင်တန်းကြေးတွေကိုအကုန်ယူပြီးတော့သုံးထားပုံရတယ်။ဆရာမတစ်ယောက်ကကိုယ့်ဂုဏ်သိက္ခာကိုတောင်မှမထောက်နိုင်တော့ဘူး၊ကျမမှာသင်တန်းကြေးတွေကိုသူတောင်းစားတောင်းသလိုကိုတောင်ယူနေရတယ်။ဒီBatch 3အတွက်သင်တန်းကြေးက၊သင်တန်းသာသင်လို့ပြီးသွားတယ်၊တပြားမှကိုမရသေးတာ။အရှေ့ကပြီးခဲ့တဲ့Batch 1နဲ့ Batch 2အတွက်သင်တန်းကြေးတွေတုန်းကလည်း၊ကျောင်းသားတွေဆီကသင်တန်းကြေးတွေကိုယူထားပြီး၊ကျမကိုအချိန်နဲ့အခါနဲ့ရှင်းမပေးဘူး။သူတောင်းစားတောင်းသလိုပဲတောင်းယူခဲ့ရတယ်။ Batch 1 အတန်းသင်လို့ပြီးလို့ Batch 2 တောင်သင်တာတစ်ဝက်ကျိုးနေပြီ၊Batch 1ရဲ့သင်တန်းကြေးတွေကိုအကြေမပေးသေးဘူး။အကြွေးတောင်းသလိုပဲ အကြိမ်ပေါင်းများစွာတောင်းယူရတယ်။တောင်းပြန်တော့လည်း၊အကြွေးတောင်းသလိုတောင်းတယ်ဆိုပြီးဖြစ်ရသေးတယ်။အတောင်းမခံချင်ရင်လည်းသူများလုပ်အားခကိုအချိန်နဲ့၊အခါနဲ့ပေးလေ။လူလိုအသိမရှိဘူးလား။အချိန်နဲ့အခါနဲ့မပေးလို့လွန်လာလို့တောင်းတာ။တောင်းပြန်တော့လည်းတောင်းတဲ့သူအဆိုးဖြစ်ရသေးတယ်။တဖက်က ဆရာမက၊ကျောင်းသားလေးတစ်ယောက်ထဲရှိတာကိုတောင်မှစေတနာထားပြီးYBS 2ဆင့်စီးပြီးလာသင်ပေးရတဲ့သူကိုမှအားမနားဘူး။အောက်တန်းကျတဲ့စိတ်ဓါတ်အပြည့်အဝရှိတဲ့Aနဲ့စတဲ့ကျောင်းနာမည်နဲ့Mနဲ့စတဲ့ကျောင်းfounder။ဒီလိုဟာမျိုးတစ်သက်တစ်ကိုယ်တစ်ခါဘူးမှမကြုံးဖူးသေးဘူး။ဒီလိုအောက်တန်းစားကျောင်းFounderနဲ့ကြုံဖူးခြင်းဟာ၊ပထမဆုံးအကြိမ်နဲ့နောက်ဆုံးအကြိမ်ဖုစ်ပါစေ။လူကြည့်တော့ကြောင်သူတော်ကြွက်သူခိုးရုပ်နဲ့၊စာလာသင်ပေးနေတဲ့ကျမလိုဆရာမဆီကတောင်ဒီလိုလုပ်သေးတာ။တခြားသူ့ကျောင်းမှာစာလာသင်တဲ့တခြားဆရာမတွေဘယ်နှစ်ယောက်ဆီကပိုက်ဆံတွေကိုလည်းသူဒီလိုအလွဲသုံးစားတွေလုပ်ခဲ့လည်းမသိဘူး။ဒီလိုအမြတ်ကြီးစားခေါင်းပုံအဖြတ်ခံရတာကျမတစ်ယောက်ထဲရှိပုံတော့မရဘူး။ကျမလိုပဲခံရတဲ့သူတွေလည်းအများကြီးရှိအုံးမှာပါ။ဒါပေမယ့်လည်းခံရတဲ့သူအချင်းချင်းကလည်းတစ်ယောက်နဲ့တယောက်မသိကြလို့သာမပြောလို့မသိကြတာ။အခုခေတ်ဂျပန်ဆရာမအငယ်လေးတွေဆိုရင်၊သူတို့ဒီလိုအလုပ်ခံရရင်တောင်မှကျမလိုFBပေါ်တက်ပြီးပြောရဲကြမှာမဟုတ်ဖူး၊ရှက်လို့မပြောပဲငြိမ်ခံနေကြမှာ။ဆရာမအငယ်လေးတွေဆိုရင်သင်တန်းကြေးတွေကိုမပေးပဲနေရင်၊ကျမလိုလည်းတောင်းရဲကြမှာမဟုတ်ကြဘူးရှက်လို့။ကျမလည်းအစကတော့Mနဲ့စတဲ့နာမည်နဲ့လူကိုအဲ့လိုလုပ်လိမ့်မယ်လို့မထင်ထားဘူး။အပေါ်ယံပေါင်းကြည့်တော့ဟုတ်သလိုလိုနဲ့၊အလုပ်တွဲလုပ်ကြည့်တော့မှယောက်ကျားမတန်တဲ့စိတ်ဓါတ်နဲ့အောက်တန်းအရမ်းကျပါလားဆိုတာကိုသိလိုက်ရတယ်။ကျောင်းကိုစာလာသင်တဲ့ကျောင်းသားတွေဆရာမတွေကို၊သောက်စရာရေတောင်ချမပေးထားဘူး။ကျောင်းသားတွေဆရာမတွေကကိုယ့်ရေဘူးကိုယ်သယ်လာပြီး၊စာလာသင်ရတယ်။အိမ်သာမှာဆပ်ပြာမရှိဘူး။ခင်ဗျားတို့ရေသောက်ချင်ရင်ကိုယ့်ရေဘူးကိုယ်သယ်လာခဲ့ကြတဲ့၊ကိုယ့်ဆပ်ပြာနဲ့ကိုယ်လာတဲ့။အံ့ဩဘ၊အံ့ဩဘ။သောက်စရာရေတောင်မသထာတဲ့Aနဲ့စတဲ့ဂျပန်စာသင်ကျောင်းပါ။ထပ်ပြီးပြောစရာတွေအများကြီးကျန်ပါသေးတယ်။အဲ့ဒါတွေကတော့ကျမနောက်မှLiveလွှင့်ပြီးပြောပါမယ်။ပြောလိုက်ပြန်ရင်လည်းဖင်ပိတ်ငြင်းမယ့်အောက်တန်းစားမျိုး။ဘယ်တော့မှကိုယ့်အပြစ်ကိုယ်ဝန်မခံတတ်တဲ့Mနဲ့စတဲ့နာမည်နဲ့ကျောင်းFounderအောက်တန်းစားပါ။ဒါကြောင့်သူ့ကျောင်းမှာကျောင်းသားလည်းသိပ်မရှိသလို။လာသင်ပေးတဲ့ဆရာမတွေလည်းမမြဲပါဘူး။သူလိုမိန်းခလေးတစ်ယောက်၊ဆရာမတစ်ယောက်ရဲ့ချွေးနည်းစာ၊စာသင်လို့ရထားတဲ့လုပ်အားခ%ကိုမပေးပဲခေါင်းပုံဖြတ်၊အလွဲသုံးစားလုပ်ထားပြီး၊သူမဟုတ်သလို၊သူမသိသလိုနဲ့ခပ်တည်တည်နဲ့စာသင်စားနေတဲ့Mနဲ့စတဲ့နာမည်နဲ့အောက်တန်းစားဖြစ်ပါတယ်။နောက်ထပ်သူ့ကျောင်းမှာသွားတက်မယ့်ကျောင်းသူကျောင်းသား‌တွေနဲ့၊အချိန်ပိုင်းသွားလုပ်မယ့်ဆရာမတွေလည်းသိဖို့လာပြောပေးတာပါ။သိထားရင်နောက်အဲ့ကျောင်းဆိုရင်ဝေးဝေးရှောင်ရအောင်လို့လာပြောပေးတာပါ။

ဒီနေ့16.11.24 စနေနေ့ ကျမခွေးရူးဟောင်တာခံလိုက်ရလို့ ခွေးရူးအဟောင်ခံလိုက်ရတဲ့အတွက် အမှတ်တရPostလေးလာတင်တာပါ။ အဲ့ခွေးရူးကြီးကဘယ်သူလဲဆိုတာ ကျမနောက်ကျရင်အရိပ်အမွက်လာပြပါမယ်။By Nameနဲ့အတိအကျတပ်ပြောရင်ခွေးရူးကြီးက၊ကျမကိုထပ်လာဟောင်မှာစိုးလို့ပါ။ကျမကခွေးမဟုတ်တော့ခွေးရူးနဲ့တုပြီးရန်မဖြစ်ချင်ဘူးလေနော်။ ခွေးရူးကအထီးကြီးနော်။ရူးတာတောင်သူ့ဟာသူအေးအေးဆေးမရူးဘူးအဲ့ခွေးထီးရူးကြီးကလေ။ ကျမလိုဘုရားနဲ့တရားနဲ့ဘာသာရေးအမြဲလုပ်နေတဲ့သူကိုတောင်၊အပြစ်မရှိအပြစ်ရှာပြီးတချိန်လုံးလိုက်ဟောင်လိုက်ကိုက်နေလို့။ခွေးရူးဆိုတာသိတယ်မလား၊ခွေးရူးရဲ့ဦးဏှောက်ကကြပ်သာမပြည့်တယ်၊ခွေးရူးရဲ့အဆိပ်ကတော့ တော်တော်ပြင်းတာ၊ခွေးရူးကိုက်ရင်လူကိုသေစေနိုင်တယ်လေ။အခုဆိုပိုဆိုးတယ်တန်ဆောင်မုန်းလဆိုတော့ခွေးရူးတွေပေါတဲ့လ၊ခွေးရူးပြန်တဲ့လဆိုတော့လေ၊ခွေးရူးဆိုရင်ရှောင်သွားတာပဲကောင်းပါတယ်။သူနဲ့တုပြီးရန်ဖြစ်နေ ဖို့ကလည်းကိုယ်ကခွေးမှမဟုတ်တာလေနော်။ခွေးထီးအရူးကြီးတစ်ကောင်တော်တော်ရိုင်းနေဆိုးနေလို့၊မိနစံတို့လည်းအဲ့ခွေးရူးကြီးအကိုက်ခံရမှာစိုးရိမ်လို့လာပြီးသတိပေးတာပါ။ အားလုံးပဲခွေးထီးရူးကြီးရန်မှရှောင်ရှားနိုင်ကြပါစေ။ဘေးရန်ကင်းရှင်းကြပါစေ။ဂျပန်လောကမှာလည်းဂျင်းသင်တန်းများ၊ဂျင်းဆရာများနဲ့ကင်းဝေးကြပါစေ။ #thirithusensei #tobirajlc #foryoupageシforyou

ဒီတစ်ခါညွှန်ပေးမယ့် Japanese Drama ကတော့ ဒီနေ့ဘဲ Netflix ကနေ ပူပူနွေးနွေးထွက်ရှိထားတဲ့ ဒရာမာလေးပါ ပါ၀င်သရုပ်ဆောင်ထားတဲ့ MC တွေကတော့ မကြာသေးမီက What Comes After Love(2024) ဆိုတဲ့ ဂျပန်+ကိုးရီးယား အချစ်ဇာတ်လမ်းမှာ ကိုရီးယားမင်းသမီး Lee Se-Young နဲ့ တွဲသရုပ်ဆောင်ခဲ့ပြီး အာရှနှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် ကိုယ်တွေရဲ့ J Drama King မင်းသား Sakaguchi Kentaro နဲ့ J Drama Queen မင်းသမီး Kasumi Arimura ပါ Support Role အဖြစ် ဂျပန်ဇာတ်လမ်းကြည့်တဲ့သူတွေက Ito Senseiလို့တော်တော်များများသိကြတဲ့ My Teacher(Sensei)2017 ဇာတ်ကားထဲက Ikuta Toma ပါ ဇာတ်လမ်းကတော့ ရိုးရိုးရှင်းရှင်းပါဘဲ အိမ်ထောင်သည်အမျိုးသားတစ်ယောက်က ကိုယ့်ဇနီးအပေါ်သစ္စာဖောက်တာမဟုတ်ပေမယ့်မသိစိတ်မှာ တခြားမိန်းကလေးကို စွဲလန်းမိတဲ့ဖြစ်စဉ်လေးပါ လူတိုင်းမှာ Privacy ဆိုတာရှိပါတယ် တခါတလေမှာ မိဘကိုပြောပြလို့မရတဲ့အရာတွေ သားသမီးကိုပြောပြလို့မရတဲ့အရာတွေ ဇနီးခင်ပွန်းကိုပြောပြလို့မရတဲ့အရာတွေက ကိုယ့်ကိုနားလည်ပေးနိုင်တဲ့သူဆီမှာ ရင်ဖွင့်ပြောပြမိကြပြီး အဲ့ဒီလူနဲ့ စကားပြောနေရရင် စိတ်သက်သာရာရတယ် ကိုယ့်ရဲ့အရှိကိုအရှိအတိုင်းလက်ခံပေးတဲ့ သူတွေကို စွဲလန်းမိကြပါတယ် လူတိုင်းမှာအဲ့ဒီစိတ်အခြေအနေရှိပါတယ် ဒီအပေါ်ကို မဖောက်ပြားမိအောင် ကိုယ့်အသိကိုယ့်ပညာနဲ့ထိန်းရတာပါဘဲ ဒီကားလေးဟာလည်း မဖြစ်နိုင်တဲ့သူကိုမှစွဲလန်းမိလို့ ခံစားရတဲ့ဇာတ်လမ်းလေးပါ လူတိုင်းမှာဖြစ်တတ်တဲ့သဘောကို ဂျပန်ကားတွေရဲ့ထုံးစံအတိုင်း ထုံမှိုင်းမှိုင်း Vibe တွေနဲ့ အေးအေးလေး ဒရာမာချိုးသွားတာကရှယ် Feelလို့ကောင်းတာမို့ ကိုယ်ကတော့အရမ်းကြိုက်ပါတယ် Cinematography ကတော့ အံ့မခန်းဘဲ သဘာ၀ရူခင်းအလှတွေကို တစ်၀ကြီး ခံစားရတယ် Sence တိုင်းရဲ့ရိုက်ချက်တွေက ဆွဲဆောင်သွားလိုက်တာ ကိုယ်ကတော့ လိုက်ပါစီးမျောလိုက်တာအပြင်လောကနဲ့တောင် အဆက်ပြတ်သွားတယ် ညဉ့်02:00ကျော်ထိပါဘဲ ကြည့်စေချင်လို့ ညွှန်းလိုက်ပါတယ် Sayonara no Tsuzuki(2024) さよならのつづき (Beyond Goodbye) မြန်မာဘာသာပြန်ဆို Episodes(1-8) Complete Credit: Moonstar Main Channel Genre: Romance,Drama Casts:Kasumi Arimura,Kentaro Sakaguchi,Toma Ikuta,Yuri Nakamura Review> Saeko Sugawara ဆိုတဲ့ မိန်းကလေးဟာ ချစ်သူဖြစ်တဲ့ Yusuke Nakamachi ရဲ့လက်ထပ်ခွင့်တောင်းရပြီးပြီးချင်းတစ်နေ့တည်းမှာပဲ ချစ်သူကကံမကောင်းစွာနဲ့ မတော်တဆမှုဖြစ်ပြီးသေဆုံးခဲ့ရပါတယ် ဒီလိုနဲ့ စိတ်ဓာတ်တွေအကျကြီး ကျနေတဲ့ Saeko က တစ်နေ့မှာ သူမစိတ်ထဲ ရင်းနှီးမိနေတဲ့Kazumasa Naruse ဆိုတဲ့အိမ်ထောင်ရှိအမျိုးသားနဲ့ တွေ့ဆုံရတယ် Naruse က ကျန်းမာရေးမကောင်းဘဲ နှလုံးအစားထိုးကုထားရတဲ့သူ၊Saeko ကသူမစိတ်ထဲမှာ သေဆုံး‌ခဲ့တဲ့ ချစ်ရသူကိုလည်း လွမ်းဆွတ်နေဆဲ သူစိမ်းယောင်္ကျားNaruse ကို ရင်းနှီးနေမိလို့ကိုယ်တိုင်လည်းဝေခွဲမရဖြစ်လာပါတယ် နောက်ဆုံးသူမသိလိုက်တာက Naruse ဟာ သူမရဲ့ချစ်သူYusuke ရဲ့ နှလုံးသားနဲ့ အစားထိုးကုသထားတဲ့ သူဖြစ်နေတာမို့ချစ်သူရဲ့နှလုံးခုန်သံကိုလွမ်းလို့ကြားချင်မိတဲ့သူမအတွက် တစ်ခုခုခံစားလာမိတဲ့အခါ... Naruse ကလည်း အိမ်ထောင်သည်အမျိုးသား ဖြစ်နေပြီးသူ့မှာ ဇနီးရှိပေမယ့် နှလုံးသားက Saeko ချစ်သူရဲ့နှလုံးကိုယူထားတော့ Saeko ကို မသိစိတ်က စိတ်ဝင်စားနေတာပေါ့၊ဒါတွေအားလုံးဟာ ကံကြမ္မာရဲ့ကျီစယ်မှုပဲလား? ဒါမှမဟုတ် တချို့ချစ်ခြင်းတွေက အသက်သေဆုံးသွားရင်တောင် ရှင်သန်နေဆဲပဲလားဆိုတာ... မဖြစ်သင့်တဲ့ချစ်ခြင်းကို ဘယ်လိုအဆုံးသတ်မလဲဆိုတာ... Telegram Link 👇Join ရန် https://t.me/+Za1XmmLQEzAwZTY1 Ep-1 https://t.me/+Za1XmmLQEzAwZTY1 Ep-2 https://t.me/c/1562203596/1270 Ep-3 https://t.me/c/1562203596/1271 Ep-4 https://t.me/c/1562203596/1272 Ep-5 https://t.me/c/1562203596/1272 Ep-6 https://t.me/c/1562203596/1274 Ep-7 https://t.me/c/1562203596/1275 Ep-8(Final) https://t.me/c/1562203596/1275၏

မနက်ဖန်ကျရင်တန်ဆောင်မုန်းလပြည့်နေ့တဲ့မယ်လစီဘူးသုတ်မကျွေးနဲ့တဲ့😝 ဗိုက်ထဲမှာပူပြီးဝမ်းတွေသွားလို့တဲ့😅 ဖေလဝါရီလ၊ဗယ်လင်တိုင်းဒေး ကျမှချောလကပ်ကျွေးတဲ့ချောလကပ်စားမယ်တဲ့😝🤣

がち မကောင်းတဲ့အခြေအနေတစ်ခု မကြာမကြာ ဖြစ်တတ်တဲ့သဘောကိုပြတာပါ 遅れがち 忘れがち 気味 နည်းနည်းဖြစ်ချင်သလိုလို ခံစားရကြောင်းပြတာပါ 太り気味 寝不足気味 げ=Aそう,Aらしい adjတွေ ဖြစ်သလိုထင်ရကြောင်းပြတာပါ 寂しげ 不安げ っぽい ဖြစ်သလိုလို ခံစားရတယ်၊黒っぽい ဖြစ်သလိုလို ထင်ရတယ်၊大人っぽい မကြာမကြာ ဖြစ်တတ်တယ်။ 怒りっぽい  ※မကောင်းတာတွေဖြစ်ကြောင်းပြ။ Grammar နားလည်မှ Reading ဖတ်တတ်မယ်💕 #JLPT #mosarkay

ဆောက်လုပ်ရေးလုပ်ငန်းသုံး ဂျပန်စာ PDF 👇 https://drive.google.com/file/d/1Ong5F7H9R9vGpr4ttxtYv6dEMu6ldvqn/view?fbclid=IwAR1AXUZX7iW1xgjWDIc2CNN3WX17Sz0_yhA_sr2PWTMRfab48ueEWb0ya5I ဆောက်လုပ်ရေးအင်ဂျင်နီယာများ Tokutei gino 1 ဆောက်လုပ်ရေး အလုပ်လုပ်မယ့်သူများလေ့လာရန်

Minna no Nihongo II - Shokyuu de Yomeru Topikku 25.pdf36.27 MB

Minna no Nihongo I - Shokyuu de Yomeru Topikku 25.pdf15.92 MB

စာဖတ်အားနည်းသူများအတွက် ဂျပန် ဖတ်စာအုပ် (2)အုပ် အခမဲ့ PDF 🔴N5 အဆင့်ဖတ်ရန် https://drive.google.com/file/d/1acLcRuuqMMKVRIDzcsDf2yssCBr3GgiK/view?usp=drivesdk 🔵N4 အဆင့်ဖတ်ရန် https://drive.google.com/file/d/1axOg8CUP1QejEGQY46MLqvDUl1246ZpD/view?usp=drivesdk ဂျပန်စာလေ့လာနေသူများတွေ့ရအောင် Share ပေးလို့ အဆင်ပြေရင် Share ပေးပါ။ #SU_Myanmar

どうして日本へ行きたいですか ဘာကြောင့်ဂျပန်သွားချင်ရတာလဲ ちょきんしてゆめをかなえたいし、日本でした けいけんを国へかえってきたら、つかいたいです。 ငွေစုပြီးတော့အိပ်မက်ကိုလဲအကောင်ထည်ဖော်ချင်တာရယ် ဂျပန်မှာရခဲ့တဲ့အတွေ့အကြုံတွေကိုနိုင်ငံပြန်ရောက်တဲ့အခါ ပြန်အသုံးချချင်တာကြောင့် 日本で働いて、親におんがえししたいです。 ဂျပန်မှာအလုပ်လုပ်ပြီး မိဘကိုကျေးဇူးဆပ်ချင်တာကြောင့်ဖြစ်ပါတယ်။ 新しいけいけんをしながら、日本人といっしょに働いて 日本語ももっと上手になりたいです။ အတွေ့အကြုံသစ်တွေကိုရယူရင်းနဲ့ဂျပန်လူမျိုးများနဲ့အတူတူ အလုပ်လုပ်ပြီး ဂျပန်စာလဲပို၍တော်လာချင်တာကြောင့်ဖြစ်ပါတယ်။ 日本のぶんかも学びたいし、日本のぎじゅつも学びたいです。 ဂျပန်ရဲ့ယဉ်ကျေးမှုကိုရောနည်းပညာကိုပါလေ့လာသင်ယူချင်တာကြောင့်ဖြစ်ပါတယ် 日本の生活も好きだし、自分の生活も もっとせいちょうできるとおもいます။ ဂျပန်ရဲ့နေထိုင်မှုပုံစံကိုလဲကြိုက်တာရယ် မိမိဘဝကိုလဲပို၍တိုးတက်အောင်လုပ်နိုင်မယ်လို့ထင်တာကြောင့် にほんはぎじゅつとこようのきかいだけなくがいこ くじんのためにもあんぜんなくにだからにほんにい きたいです。。 ဂျပန်က နည်းပညာတွေနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ သာမကနိုင်ငံခြားသားတွေအတွက်လုံခြုံစိတ်ချရတဲ့နိုင်ငံ にほんのぎじゅつやにほんじんのはたらきかたやか んがえかたをまなびたいですからにほんにいきたい です。 ဂျပန်ရဲ့နည်းပညာ၊ ဂျပန်လူမျိုးတွေရဲ့ အလုပ်လုပ်တဲ့ပုံစံ၊ တွေးတဲ့ပုံစံတွေကိုလေ့လာချင်လိုဂျပန်ကိုသွားချင်ပါတယ်။ にほんのうつくしいしぜん、ユニーク ぎじゅつだ けなくせかいてきにゆうめいなりょうりもまなび たいですからにほんにいきたいです。 ဂျပန်ရဲ့ လူ့ပတဲ့ သုဘာဝ၊ ထူးခြားတဲ့နည်းပညာတွေသွာမက ကမ္ဘာကျော်တဲ့ဟင်းလျာတွေကိုလေ့လာချင်လိုဂျပန်သိုသွား ချင်ပါတယ်။

仕事で叱(しか)られてしまったら どうしますか? အလုပ်မှာအဆူခံရရင်ဘာလုပ်မလဲ? 感情的(かんじょうてき)にならず注意深く(ちゅういぶかく)聞 き取り(ききとり)ます。 စိတ်ဓာတ်မကျဘဲဂရုတစိုက် နားထောင်ပါမယ်။ 同僚(どうりょう)とコミュニ ケーションをとり、協力して問 題(もんだい)を解決(かいけつ)す る方法(ほうほう)を見つけます。 လုပ်ဖော်ကိုင်ဖက်များနှင့် ဆက် သွယ်ပြီး ပြဿနာများကို ပူးပေါင်း ဖြေရှင်းရန် နည်းလမ်းများကို ရှာဖွေ ပါမယ် 同じ(おなじ)ミスを繰り返さ (くりかえさ)ないようにちゅうい します。 တူညီသောအမှားထပ်မဖြစ်အောင် ဂရုစိုက်ပါမယ်။https://t.me/+U-viYcq9CmY3YjE1

仕事で叱(しか)られてしまったら どうしますか? အလုပ်မှာအဆူခံရရင်ဘာလုပ်မလဲ? 感情的(かんじょうてき)にならず注意深く(ちゅういぶかく)聞 き取り(ききとり)ます。 စိတ်ဓာတ်မကျဘဲဂရုတစိုက် နားထောင်ပါမယ်။ 同僚(どうりょう)とコミュニ ケーションをとり、協力して問 題(もんだい)を解決(かいけつ)す る方法(ほうほう)を見つけます。 လုပ်ဖော်ကိုင်ဖက်များနှင့် ဆက် သွယ်ပြီး ပြဿနာများကို ပူးပေါင်း ဖြေရှင်းရန် နည်းလမ်းများကို ရှာဖွေ ပါမယ် 同じ(おなじ)ミスを繰り返さ (くりかえさ)ないようにちゅうい します。 တူညီသောအမှားထပ်မဖြစ်အောင် ဂရုစိုက်ပါမယ်။