en
Feedback
.

.

Open in Telegram

★彡[ᴡᴇʟᴄᴏᴍᴇ ᴛᴏ ᴛʜᴇ 𝑵𝒘𝒂𝒚 𝐾𝑛𝑜𝑤𝑙𝑒𝑑𝑔𝑒 ᴮᴼᴼᴷ 🍧🤍 sᴛᴀʀᴛ [ 4.3.2024 ] ᴡᴇ ᴀʀᴇ ꜱᴇᴄᴏɴᴅ ꜰᴀᴍɪʟʏ ꜱᴏ ᴡᴇ ᴡᴏᴜʟᴅ ꜱᴛᴀʏ ᴀɴᴅ ʙᴇ ʜᴀᴘᴘʏ ᴡɪᴛʜ ᴇᴀᴄʜ ᴏᴛʜᴇʀ]彡★

Show more
285
Subscribers
No data24 hours
-27 days
-1030 days
Posts Archive
.
285
မဖြစ်နိုင်ဘူး၊ ဘယ်လိုမှမဖြစ်ဘူးလို့ တွေးမိတိုင်း အဲဒီအပြုံးလေးတွေပြန်မြင်ရင်၊ အဲဒီအသံလေးပြန်ကြားရင်၊ အဲဒီလူသားလေးအားမြင်လိုက်ရရင် ထိုလူသားအားပိုင်ဆိုင်ချင်စိတ်တွေ ရင်ထဲပြည့်နှက်သွားတယ်။ ဪ.........ချစ်မိသွားပြီထင်ပါရဲ့။ #𝙼𝚊𝚗 #Crd

.
285
သူစိမ်း တစိမ်း ဘာကွာလည်း အကိုငြိမ်းဝေ ရင်နာရတာ ကွာ "တစိမ်း" ငါတို့တစ်ယောက်နဲ့တစ်ယောက် မသိတဲ့အချိန်တွေကိုခေါ်တာ "သူစိမ်း"ကတော့ ကွာ သိပြီး ပတ်သတ်ပြီး သံယောဇဉ်တွေတွယ်ပြီးမှ တိ ဖျတ်ချခံရတာ #𝙼𝚊𝚗 #Crd

.
285
မင်းကို သူက မလိုအပ်တော့လို့ ထားခဲ့တာ ငါက သူ့တွက် အမှိုက်ဖြစ်နေလို့ စွန့်ပစ်ခံခဲ့ရတာ ဝေးသွားခဲ့တာ တူရင်တောင် မင်းမှာက ဂုဏ်နဲ့ဒြပ်နဲ့ ငါ့မှာက မျက်ရည်နဲ့မျက်ခွက်.. #𝙼𝚊𝚗 #Crd

.
285
ငါတို့ ပြန်အဆင်မပြေနိုင်တော့ဘူးဆိုတဲ့ စိတ်က ကိုယ့်ကို အခါခါသတ်နေတယ် #𝙼𝚊𝚗 #Crd

.
285
အချစ်ဆိုတာ တကယ်ရှိပါတယ် အနားမှာ ရှိသည်ဖြစ်စေ အနားမှာ မရှိသည်ဖြစ်စေ ပိုင်ဆိုင် ရသည်ဖြစ်စေ မပိုင်ဆိုင်ရသည်ဖြစ် ချစ်နေလို့ရတယ် ဆိုတဲ့အကြောင်း ငါဟာ နှောင်းလူတွေကို ပြောပြရဦးမယ် မင်းကတော့ ငါမဟုတ်တဲ့ တခြားသူနဲ့ အိုမင်းရင့်ရော် ခြင်းမှာ ဖြူဖြူစင်စင်ငြိမ်းချမ်းပါစေ #𝙼𝚊𝚗 #Crd

.
285
ချစ်ခြင်းမေတ္တာမှာ ဘယ်သူကပိုတယ် ဘယ်သူကလိုတယ် မယှဉ်ပါနဲ့ ဘယ်သူမှမငိုအောင် လက်တွဲဖို့သာ အရေးကြီးဆုံး မဟုတ်လားကွယ်။ #𝙼𝚊𝚗 #Crd

.
285
အမျိုးသားတစ်ယောက်စီက အမျိုးသမီးတစ်ယောက်‌မျှော်လင့်မိတဲ့ အရာတစ်ခုပဲရှိတယ်။💕 အဲဒါက ကိုယ့်အမျိုးသမီးကို သူများနဲ့ နှိုင်းယှဉ်ပြီး တန်ဖိုးမဖြတ်ခြင်းပဲ ။ မင်းမို့လို့ကို ချစ်တာ မင်းမို့လို့ ကိုယ်တန်ဖိုးထားတာ ဆိုတဲ့ အချစ်မျိူး အပြုအမူမျိူးကိုပါ အများကြီးအတွေးမလွန်ပါနဲ့။ 💖 #𝙼𝚊𝚗 #Crd

.
285
သေကွဲ--------- ၁ သေကွဲ ကွဲ တာက ခံသာတယ်တဲ့လား မရက်စက်ဘူးလားကွယ်.... သေတဲ့သူက သေပြီဆိုတာ ပြောလို့သာ ကောင်းတာပါ ကျန်ရစ်သူက လေ တဆွေးဆွေး တငေးငေးနဲ့ အတူဖြတ်သန်းခဲ့ရတာတွေ အတူရယ်မောခဲ့ရတာတွေ အတူပင်ပန်းခဲ့ရတာတွေ ကိုကော ကျန်ရစ် သူက မေ့နေပါ့မလား...... တိုက်ဆိုင် တာတွေ မြင်မိတဲ့အခါ ဆိုရင်ဖြင့် ကျန်ရစ်သူမှာ အလူးလူး အလဲလဲ ဖြစ်ရုံမှတစ်ပါးပါ...... #𝙼𝚊𝚗 #Crd

.
285
ကိုယ့်ဆီနောက်ကျမှ ဝင်လာခဲ့သော်လည်း ကိုယ့်ကိုယ်ကို ကံအကောင်းဆုံးလူလို့ တွေးထင်မိစေတဲ့အပြင် ချစ်ခြင်းမေတ္တာဆိုတာ ဒါပဲဆိုပြီး သိမ်သိမ်မွေ့မွေ့သင်ပြပေးနေတဲ့ မင်းကို ငါ တကယ်ကျေးဇူးတင်ပါတယ် ။ #ꪀׁׅᨰׁׅɑׁׅ֮ᨮ꫶ׁׅ֮ #𝐶𝑟𝑑

.
285
ရင်၌တည်ရှိသော အချစ်တွေသည် ခင်များဟောတဲ့ ဥပေက္ခာတရားတွေရဲ့အောက်မှာ သေ သွား ပြီ .....။ #𝙼𝚊𝚗 #Crd

.
285
သုံးယောက်မှာ... တစ်ယောက်ဘေးထွက်ပေးရတာ မေတ္တာတရားကြောင့်......တဲ့ တကယ်တမ်းကြတော့ ငါ့ကောင်.....ရယ် မေတ္တာတရားထပ်ကို အတ္တကင်းတဲ့ချစ်ခြင်းတရားဆိုပိုမှန်လိမ့်မယ် သူပျော်ရွှင်ပါစေ သူဝမ်းသာပါစေ.....တကယ်တမ်းကြတော့ ပိုချစ်တဲ့သူကပိုနာကျင်ရတယ် ပိုချစ်တဲ့သူကပိုခံစားရတယ် ဒါပေမဲ့လည်း သူချစ်ရတဲ့သူပျော်ရွှင်ဖို့ သူနှလုံးသားကို သူရင်းပေခဲ့တာ "အတ္တကင်းတဲ့" ချစ်ခြင်းတရားကို အမည်တပ်တဲ့အခါ "မေတ္တာ"ဖြစ်သွားတယ် သုံးယောက်မှာ တစ်ယောက်ဘေးထွက်ပေးရရင် ပိုချစ်တဲ့သူက အနစ်နာခံတာများတယ် ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကိုဝမ်းမနည်းစေချင်ဘူးလေ သုံးယောက်မှ တစ်ယောက်ဘေးထွက်ရရင် အဲ့ဒါဟာ ပိုချစ်ရတဲ့သူ မေတ္တာဆိုတာ အတ္တကင်းတဲ့အဖြူရောင်ချစ်ခြင်းတရားကို အမည်ပြောင်းထားတာပါ ကွာ #𝙼𝚊𝚗 #Crd

.
285
ငါ ရှာတွေ့ခဲ့တဲ့ ဒုက္ခလှလှလေးဟာ မင်း ငါ ရှာတွေ့ခဲ့တဲ့ တစ်ခုထဲသောမျက်ရည်မြစ်ဟာ မင်း ငါ ရှာတွေ့ခဲ့တဲ့ ကန္တရထဲကတခုထဲသော အိုအေစစ်ဟာ မင်း နောက်ဆုံး ငါ မပိုင်ဆိုင်လိုက်ရတာလည်း မင်း #𝙼𝚊𝚗 #Crd

.
285
မင်းကိုမေ့ဖို့အတွက် ငါ့စိတ်ကိုငါ အသေသတ်ရအုံးမယ် ဟယ်လီရာ အရင်အချိန်တွေပြန်တွေးမိတိုင်း ငါ့ဘယ်ဘက် ရင်ဘတ်တခုလုံး နာကျင်ရတယ် #𝙼𝚊𝚗 #Crd

.
285
မမြဲခြင်းတရားမှာ ချစ်ခြင်းတရားက ထိပ်ဆုံးကပါ ငါ့ကောင် မွဲတဲ့လူတန်းစား ရယ် ဘာပိုင်ဆိုင်မှု့မှမရှိတဲ့ လူတန်းစားရဲ့ အနားမှာ "အချစ်ခြင်းတရား"ဆိုတာ ရေပေါ်ဆွဲတဲ့ အရုပ်သက်သက်ဖြစ်သလို လေထဲဆောက်တဲ့တိုက်အိမ်လိုပဲ #𝙼𝚊𝚗 #Crd

.
285
ကဗျာဆရာ ခင်ဗျာဘာတွေချမ်းသာလဲမေးရင် ခံစားချက်နဲ့ မျက်ရည်တွေ သာမာန်လူသားတွေထပ်အပုံကြီးသာတယ်လို့ဖြေရလိမ့်မယ် ငွေကြေးမရှိပေမဲ့ ခံစားချက်ရှိတယ် ဘေးနားမှာဘယ်သူမှ မရှိပေမဲ့ သူ့နှလုံးသားထဲမှာ မပိုင်ဆိုင်လိုက်ရတဲ့ သက်ဆိုင်သူရှိတယ် သူ့မျက်ဝန်းမှာ မျက်ရည်ရှိတယ် စည်းစိမ်ဥစ္စာ ရာထူးကြီးငယ် ပညာအရည်အချင်းမရှိပေမဲ့ ကဗျာဆရာတွေမှာ ခံစားချက်ရှိတယ် #𝙼𝚊𝚗 #Crd

.
285
လမ်းခွဲစကား ဘဝမှာ မကြားချင်ဆုံး စကားဖြစ်တယ် အကြိမ်ကြိမ် ကြားနာခွင့်ရတယ် လမ်းခွဲမယ်ပြောတိုင်း အလိုလိုတိတ်ဆိတ်စွာနေလိုက်တယ် ဘာအကြောင်းကြောင့်လဲ မေးမနေတော့ဘူး ကိုယ့်ဆီမှာ မနေချင်တော့တဲ့ လူတစ်ယောက်ကို ဆွဲမထားတော့ဘူး သူ့ကိုလဲ မပင်ပန်းစေချင်သလို ကိုယ့်ကိုယ်ကိုယ်လဲ ဒုက္ခမခံတော့ဘူး ချစ်သူနှစ်ဦး လမ်းခွဲရင် ဘာစကားမှမပြောဘဲ လမ်းခွဲလိုက်တာ မကောင်းဆုံးပါပဲလေ သွေးအေးစွာနေထိုင်တက်တာက အကျင့်ကပါနေပြီ ကိုယ့်ကို မချစ်တော့လို့ ပစ်သွားသူကို ငါ့အနားမှာ နေပါလို့ မပြောတော့ဘူး နူတ်ခွန်းဆက်သပါ၏ဆိုတဲ့ ဆိုင်းဘုတ်လေးလိုပေါ့ ဝင်လာတယ် ထွက်သွားတယ် ဒီလိုပဲ ဖြေခဲ့လိုက်တယ်... ဘာပဲပြောပြောပါ မင်းနဲ့ချစ်ခဲ့ဖူးတာ တစ်ခုနဲ့တင် ဒီကမ္ဘာမြေပေါ် လူဖြစ်ခဲ့ရတာတန်ခဲ့ပါပြီ ဒီကောင်းကင်ကြီးရဲ့အောက်မှာ မင်းရော ငါရော တနေရာရာမှာ တယောက်ယောက်နဲ့ ရင်ဘတ်ခြင်းဝင်တိုက်ကြဦးမှာဘာ အဲအခါကြ မင်းအခုလို လမ်းခွဲ လမ်းလွဲခြင်းတွေ ဝေးပါစေလို့ ဖြူဖြူစင်စင်လေး ဆုတောင်းပေးပါတယ် ဘဝတစ်ကွေ့ပြန်ဆုံတွေ့ရင် မမေ့သူက ခေါ်ကြတဲ့အခါ ငါပဲ အရင်ဖြစ်ပါရစေလေ.... #𝙼𝚊𝚗 #Crd

.
285
အနေဝေးတဲ့Relationshipကလေ တကယ်ခက်ခဲပါတယ်။ Socialကနေဘယ်လောက်ဘဲချစ်ပြနေပါစေ အနီးကပ်မစောင့်ရှောက် နိုင်ရင်တော့ အနေဝေးတဲ့ကောင်က ကျန်ခဲ့ရစမြဲပဲ။ နေမကောင်းတဲ့အခါ အဝေးကကောင်လေးရဲ့ ဆေးသောက်ပြီးကျန်းမာအောင်နေလို့ ပြောတဲ့သူထက် ဆေးကိုကိုယ်တိုင်တိုက်တဲ့ အနေနီးတဲ့ကောင်ကပိုသာတယ်။ အပြင်သွားရင်ဂရုစိုက်သွားနော်လို့စိတ်ပူလို့ပြောတဲ့အဝေးကကောင်ထက် ကိုယ်နဲ့အတူသွားမလားလို့မေးတဲ့အနီးနားကကောင်ကိုပဲ အကောင်းထင်ကျတယ်။ အဝေးကကောင်ရဲ့ဖုန်းထဲကပြောတဲ့စကားတွေက အနေနီးတဲ့ကောင်ရဲ့လက်ကလေးကိုင်ပြီးပြောတဲ့စကားတွေလောက်တော့ ဘယ်စောက်ရေးပါပ့မလဲ။ အဝေးကနေပေးတဲ့မေတ္တာတွေမို့ အနီးနားကနေပြီး ဂရုစိုက်ပေးနေတဲ့ ကောင်ရဲ့မေတ္တာတွေကိုတော့ အကို မယှဥ်နိုင်ပါဘူး။ #𝙼𝚊𝚗 #Crd

.
285
" အမေ အကြောင်း လွမ်းတဲ့သီချင်း " မင်းတို့ ယုံယုံ မယုံယုံ ငါ့အမေက ဗေဒင်တွေမေးမှာ ယတြာတွေ ချေမှာ ပရိတ်တွေ ရွတ်မှာ အိပ်မက်တွေ မက်မှာ ဖယောင်းတိုင်တွေ သက်စေ့ထွန်းမှာ သူကြားသမျှ ဓာတ်စာတွေ စားနေမှာ သူကြားသမျှ ဓာတ်စာတွေ ကျွေးနေမှာ မင်းတို့ ယုံယုံ မယုံယုံ ဒါ ငါ့ အမေ ငါတို့ကို ကာကွယ်နေတာ ကမ္ဘာကြီး တခုလုံး ပြိုလာလည်း ငါ့ အပေါ် မကျ ငါ့အမေက ထမ်းထားမှာ ။ #𝙼𝚊𝚗 #Crd

.
285
အဆင်ပြေရဲ့လား ဘာမှတော့မဆိုင်ပေမဲ့ တွေးပူနေမိတဲ့အတွက် တောင်းပန်ပါတယ်... စိတ်နဲ့လူနဲ့မကပ်တဲ့ မင်းအကြောင်းကြားတော့ ငါ့စိတ်က မင်းရှိရာအရပ် လွင့်မိတယ်... တစ်ခုခုဆို မင်းသတင်းကြားမိရင် ကောင်းသောသတင်းတွေသာကြားချင်မိတယ် ဥပမာ မင်းချစ်တဲ့သူရဲ့ရင်ခွင်မှာပျော်နေတာမျိုးပေါ့ အခုတလော ခိုလေးတွေအစာကျွေးတယ် ငါးလေးတွေလွတ်တယ် မင်းနေ့နံမှာပန်းကပ်တယ် ကြောင်လေးတွေအစာကျွေးတယ် မင်းတစ်ယောက် အဆင်ပြေပါစေဆုတောင်းတယ်... ဒီလောက်ပါပဲ #𝙼𝚊𝚗 #Crd

.
285
မပျော်ရတဲ့အကြောင်းကို စလုံးပေါင်းရင်း အမှောင်ထဲကနေ အချစ်ရဲ့လင်းလက်နေသော အရာတွေကိုထိုင်ကြည့်နေရင်း မသွားပဲရောက်ခဲ့ရတဲ့ အသည်းကွဲမြို့တော်မှာ ကြားခွင့်မရဖူးတဲ့ဘာသာစကားကို အဓိပ္ပါယ်ဖွင့်ဆိုနေတဲ့ အလွမ်းမင်းသားကြီး #𝙼𝚊𝚗 #Crd