en
Feedback
.

.

Open in Telegram

★彡[ᴡᴇʟᴄᴏᴍᴇ ᴛᴏ ᴛʜᴇ 𝑵𝒘𝒂𝒚 𝐾𝑛𝑜𝑤𝑙𝑒𝑑𝑔𝑒 ᴮᴼᴼᴷ 🍧🤍 sᴛᴀʀᴛ [ 4.3.2024 ] ᴡᴇ ᴀʀᴇ ꜱᴇᴄᴏɴᴅ ꜰᴀᴍɪʟʏ ꜱᴏ ᴡᴇ ᴡᴏᴜʟᴅ ꜱᴛᴀʏ ᴀɴᴅ ʙᴇ ʜᴀᴘᴘʏ ᴡɪᴛʜ ᴇᴀᴄʜ ᴏᴛʜᴇʀ]彡★

Show more
285
Subscribers
No data24 hours
-27 days
-1030 days
Posts Archive
.
285
ငါတို့နှစ်ယောက်ကြားကတိတ်ဆိတ်ခြင်းကို ဘယ်စကားလုံးနဲ့ ပြန်အသက်သွင်းမလဲ။ မင်းကနေနိုင်တယ်၊ ငါကမနေနိုင်ဘဲ နေနိုင်ချင်ယောင်ဆောင်တယ်။ တကယ့်ငရဲပဲ ။ #𝙼𝚊𝚗 #Crd

.
285
အချိန်မရွေး ပြန်လာခဲ့လို့ရပါတယ်😔 #𝙼𝚊𝚗
အချိန်မရွေး ပြန်လာခဲ့လို့ရပါတယ်😔 #𝙼𝚊𝚗

.
285
တစ်နေ့နေ့မှာ သူကျုပ်ကို မုန်းသွား မေ့သွားမှာပါ...😔 #𝙼𝚊𝚗 #Crd

.
285
အချစ်ဆိုတာ သူတယောက်တည်းရှိရုံနဲ့ လုံလောက်ခြင်းပဲ Myday viewer မှာ သူ့ react လေးတွေ့တာနဲ့ တခြားဘယ်သူတွေ ဝင်ကြည့်ထားလဲ ဆိုတာကို ဆက်မရှာဖြစ်တော့တာမျိုး ကိုယ်တင်တဲ့ post တစ်ခုခုမှာ သူ့ reaction လေး မရမချင်း ခနခန စောင့်ကြည့်နေတတ်တာမျိုး ရောက်လာသမျှ Morning ဆိုတဲ့ မက်ဆေ့ခ်ျတွေဟာ သူ့ဆီက မဟုတ်မချင်း ကိုယ့်မနက်ခင်းဟာ မပြည့်စုံသလို ခံစားရတာမျိုး အတူတူရှိနေတဲ့အခါ ဘယ်နေရာ သွားသွား ဘာပဲစားစား ပိုသာယာပြီး ပိုအရသာရှိနေတာမျိုး သူနဲ့ပတ်သတ်တဲ့ အမှတ်တရတိုင်းဟာ ပြန်တွေးကြည့်တဲ့အခါတိုင်း ကိုယ့်ကို ပြုံးရယ်စေနိုင်လောက်အောင် လှပခဲ့တာမျိုး သူတယောက်တည်းနဲ့ လုံလောက်တယ်ဆိုတဲ့ အသိဟာ ကိုယ့်စိတ်ကို လုံခြုံစေတဲ့ ကျေနပ်ပျော်ရွှင်မှုပါပဲ #𝙼𝚊𝚗 #Crd

.
285
လူတစ်ယောက်ကို ချစ်တော့မယ်ဆိုရင် သူ့ရဲ့ဖြစ်တည်မှုကိုမကြည့်နဲ့ သူရဲ့ဆိုးကွက်တွေကိုအရင်ကြည့် သူ့ရဲ့ဖြစ်တည်မှုကို ကြည့်ပြီးတော့လက်ခံလိုက်လို့ သူဆိုးကွက်တွေထွက်လာတဲ့အခါ ငါတို့တတွေ ဟာ အဲ့ဒီအချိန်မှာ သူရဲ့ဖြစ်တည်မှုကို မစဥ်းစားတော့ဘူး သူ့ရဲဆိုးကွက်တွေကိုပဲ အရင်ဆုံးပြေးမြင်တတ်ကြတာ စွန့်ပစ်ခံလူတန်းစားတွေဆိုတာ ဖြစ်တည်မှုကြောင့် ဖြစ်ပေါ်လာတာမဟုတ်ဘူး စွန့်ပစ်ခံလူတန်းစားတွေဆိုတာ ဆိုးကွက်တွေကြောင့်ဖြစ်ပေါ်လာရတဲ့ လူတန်းစားတွေ လူတစ်ယောက်ရဲ့ဘဝမှာ ဖြစ်တည်မှု ဟာ ၃၀ % ဆိုရင် သူရဲ့ဆိုးကွက်တွေ က ၇၀ % လောက်ရှိတယ် ငါ့ကောင်....ရေ မင်းရဲ့ဖြစ်တည်မှု က ဘယ်လောက်ပဲရှိရှိ ဘယ်လောက်ပဲရိုးရှင်း ရိုးရှင်း တကယ်တမ်းကြရင် လူတွေက မင်းရဲ့ဆိုးကွက်တွေကိုပဲ လက်ညှိုးထိုးအပြစ်တင်ကြတာ ဒီလူပေါ့ ဒီကောင်ပေါ့ ကွာလို့ အစချီပြီးတော့ မင်းကိုစိတ်ဒဏ်ရာတွေပဲထပ်ထပ်ပေးတာ မင်းမယုံကြည်ဘူးဆိုရင် မင်းရဲ့ဖြစ်တည်မှုကို လက်ခံပြီးတော့ချစ်တာပါလို့ပြောတဲ့သူကို မင်းဆိုးကွက်တွေကြီးချပြကြည့်လိုက် အဲ့ဒီလူ မင်းလက်ကိုဆွဲရဲရင် ငါ ပါးရိုက်ခံတယ် #𝙼𝚊𝚗 #Crd

.
285
ပွင့်လင်းမှုဆိုတာ လူတိုင်းမှာ ရှိသင့်တယ် သူငယ်ချင်းပဲ ဖြစ်ဖြစ် ချစ်သူ ရည်းစားပဲ ဖြစ်ဖြစ်ပေါ့ ရင်ထဲမှာ သေလောက်အောင် ပူလောင်နေလဲ နှလုံးသား မရှိတဲ့သူတွေ အတွက် လက်တွေ့ထုတ်မပြရင် အရာမထင်ဘူး .....။ #𝙼𝚊𝚗 #Crd

.
285
ဆရာမ ဂျူး ပြောခဲ့သလိုပဲ တစ်စုံတခုနဲ့ ပတ်သက်ပြီး ရွေးချယ်ပြီးတဲ့အခါ ကိုယ်ရွေးချယ်ပြီးသွားတဲ့ အရာအပေါ်က်ို သစ္စာရှိရတယ် တဲ့ ။ အဲ့ဒါကြောင့်ပဲ ဘယ်လိုအခြေအနေတွေပဲဖြစ်ဖြစ် ရွေးချယ်ပြီးသွားတိုင်း နောက်ပြန်လှည့်ဖို့ မရှိခဲ့ဘူး ဘယ်တော့မှ ရှိလာမှာလည်း မဟုတ်ဘူး ။ 🤍 #𝙼𝚊𝚗 #Crd

.
285
ကိုယ်ချင်းစာတတ်စမ်းပါ အချစ်ရယ် တကယ်လို့ ကိုယ်သာမင်းလုပ်သလိုမျိုး ကိုယ်လုပ်ရင် မင်းမနာကျင်ဘဲနေမလား #𝙼𝚊𝚗 #Crd

.
285
ပြောပြချင်တယ် တကယ်တော့ မင်းသိတာထက် ကိုယ်က အများကြီး ပိုချစ်တယ်ဆိုတာကိုပေါ့။ #𝙼𝚊𝚗 #Crd

.
285
ချစ်သူနဲ့ ရေရှည်လက်တွဲဖို့ဆိုတာ နားလည်မှု၊ စိတ်ရှည်မှုနဲ့ ယုံကြည်မှုတွေ အများကြီးလိုအပ်ပါတယ်။ သူက အလုပ်လုပ်နေတဲ့အတွက် အချိန်မပေးနိုင်တာကို နားလည်ပေးဖို့လိုပါတယ်။ ဒါပေမယ့် သူ့ဘက်ကလည်း သင့်ကို ဂရုစိုက်ပြီး အချိန်ပေးဖို့ ကြိုးစားသင့်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုနားလည်ပေးရမလဲဆိုတာ ပြောပြပေးချင်ပါတယ်... ၁။ သူ့အလုပ်ကို နားလည်ပေးပါ သူက အလုပ်လုပ်နေတဲ့အတွက် အချိန်မပေးနိုင်တာကို နားလည်ပေးပါ။ အလုပ်က သူ့အတွက် အရေးကြီးတဲ့အရာဖြစ်နိုင်ပါတယ်။ သူ့ရဲ့ကြိုးစားမှုကို အသိအမှတ်ပြုပြီး အားပေးပါ။ ၂။ ဆက်သွယ်မှုကို အရေးထားပါ အချိန်မပေးနိုင်ရင်တောင် ဆက်သွယ်မှုကို အရေးထားပါ။ သူ့ဘက်က လိုင်းမတက်ဖြစ်ရင်တောင် သင်က သူ့ကို စာတိုလေးတွေ ပို့ပြီး ဂရုစိုက်မှုကို ပြသနိုင်ပါတယ်။ ဒါက သူ့ကို သင်ဘယ်လောက်ချစ်တယ်ဆိုတာ ပြသရာရောက်ပါတယ်။ ၃။ အချိန်တွေကို အရည်အသွေးမြင့်မြင့်ဖြုန်းပါ အချိန်နည်းနည်းပဲရရင် အဲဒီအချိန်တွေကို အတူတူအချိန်ဖြုန်းတဲ့အခါ ပျော်စရာကောင်းတဲ့အရာတွေ လုပ်ပါ။ ဒါက သင့်ရဲ့ဆက်ဆံရေးကို ပိုမိုခိုင်မာစေပါတယ်။ ၄။ ယုံကြည်မှုထားပါ သူ့ကို ယုံကြည်မှုထားပါ။ အလုပ်ကြောင့် အချိန်မပေးနိုင်တာကို သူ့ဘက်က မလိုလားအပ်တဲ့အရာတွေ ဖြစ်နေတယ်လို့ မထင်ပါနဲ့။ ယုံကြည်မှုက ဆက်ဆံရေးအတွက် အရေးကြီးဆုံးအရာတွေထဲက တစ်ခုပါ။ ၅။ သင့်ရဲ့လိုအပ်ချက်တွေကို ပြောပါ သင့်ရဲ့လိုအပ်ချက်တွေကို သူနဲ့ပြောပါ။ သင်လွမ်းနေတယ်၊ သူ့ကို အချိန်ပေးချင်တယ်ဆိုတာကို သူသိအောင်ပြောပါ။ ဒါက သူ့ကို သင်ဘာတွေခံစားနေရတယ်ဆိုတာ နားလည်စေပါတယ်။ ၆။ အချိန်စီမံခန့်ခွဲမှုကို အတူတူလုပ်ပါ သူနဲ့အတူ အချိန်စီမံခန့်ခွဲမှုကို လုပ်ပါ။ ဘယ်အချိန်တွေမှာ အတူတူအချိန်ဖြုန်းနိုင်မလဲဆိုတာ စဉ်းစားပါ။ ဒါက သင့်ရဲ့ဆက်ဆံရေးကို ပိုမိုတည်ငြိမ်စေပါတယ်။ ၇။ စိတ်ရှည်ပါ ဆက်ဆံရေးမှာ စိတ်ရှည်ဖို့လိုပါတယ်။ အချိန်တွေကို စောင့်ဆိုင်းရတာက ခက်ခဲနိုင်ပေမယ့် သူ့ကို နားလည်ပေးပြီး စိတ်ရှည်ဖို့ လိုပါတယ်။ ၈။ သင့်ကိုယ်သင် ဂရုစိုက်ပါ သင့်ကိုယ်သင် ဂရုစိုက်ပါ။ သူ့ဘက်က အချိန်မပေးနိုင်တဲ့အခါ သင်ကိုယ်တိုင် စိတ်ဖိစီးမှုတွေ မဖြစ်အောင် ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ ကိုယ်ပိုင်အချိန်တွေကို အကျိုးရှိရှိအသုံးချပါ။ ချစ်သူနဲ့ ရေရှည်လက်တွဲဖို့ဆိုတာ နှစ်ဦးနှစ်ဖက်က ကြိုးစားမှုတွေ လိုအပ်ပါတယ်။ သူ့ကို နားလည်ပေးပြီး သင့်ရဲ့လိုအပ်ချက်တွေကို ပြောပြဖို့ မမေ့ပါနဲ့။ ဒါက သင့်ရဲ့ဆက်ဆံရေးကို ပိုမိုခိုင်မာစေပါလိမ့်မယ်။ #𝙼𝚊𝚗 #Crd

.
285
တစ်စုံတစ်ယောက်ရဲ့ကတိတွေကြားတဲ့အခါ နောက်ကျောက ဓားရာတွေက ထ ထ ငိုတယ် ။ ပြုတ်ကျထားဘူးတဲ့အမြင့်ကိုရောက်ရင် နောက်တစ်ခါထပ်ပြုတ်ကျမှာစိုးတဲ့ ကြောက်ရွံ့မှုမျိုးပေါ့ ။ နားလည်ပေးပါ ။ သေရာပါဒဏ်ရာတွေဟာ..... သေမှပျောက်တယ် ဆိုတာ ။ #𝙼𝚊𝚗 #Crd

.
285
ချစ်ခြင်းမေတ္တာမှာ ဘယ်သူကပိုတယ် ဘယ်သူကလိုတယ် မယှဉ်ပါနဲ့ ဘယ်သူမှမငိုအောင် လက်တွဲဖို့သာ အရေးကြီးဆုံး မဟုတ်လားကွယ်။ #𝙼𝚊𝚗 #Crd

.
285
ပို့သသောမေတ္တာ၌ မင်းပျော်ရွှင်ပါစေ ပြုခဲ့သောကုသိုလ်၌ မင်းရပါစေ မေ့လျော့ခြင်းမှာ ငါ နာကျင်ပါစေ ။ - ကြည်ဇော်အေး #𝙼𝚊𝚗 #Crd
ပို့သသောမေတ္တာ၌ မင်းပျော်ရွှင်ပါစေ ပြုခဲ့သောကုသိုလ်၌ မင်းရပါစေ မေ့လျော့ခြင်းမှာ ငါ နာကျင်ပါစေ ။ - ကြည်ဇော်အေး #𝙼𝚊𝚗 #Crd

.
285
ဒီရက်တွေထဲ နောင်တတွေရလာတယ်။ ပေးသလောက်ပြန်မရတဲ့ ...... ချစ်ခြင်းမေတ္တာတွေကြောင့်လဲပါမယ်။ ခဏခဏငိုရတာကို သတိထားမိလာတယ်။ အသေးအမွှားလေးကအစ စိတ်ထိခိုက်လွယ်လာတယ်။ မှားသွားပြီထင်တယ်ဆိုတဲ့ အတွေးတွေလဲ ဝင်တယ်။ မင်းစိတ်မကောင်းဖြစ်မှာစိုးလို့သာ မပြောရတာ။ အခုနောက်ပိုင်း သိပ်မချစ်ချင်တော့ဘူး။ #𝙼𝚊𝚗 #Crd

.
285
“၁၃” ၁၃ရက်မှာမွေးတယ် နာမည်က ၁ နဲ့ ၃ နိုင်ငံရေးလုပ်သက် ၁၃နှစ်ပြည့်ချိန်မှာ ကျည်ဆန် ၁၃ချက်ကို ရင်ဘတ်နဲ့ခံသွားတယ် ရေမကူးတတ်ဘူး ဂေါက်မရိုက်တတ်ဘူး ရည်းစားစကားလည်း မပြောတတ်ဘူး သွေးတောင်းတဲ့အရာက လွတ်လပ်ရေးနဲ့ နံပြားတစ်ချပ်ပဲ ခင်ဗျား အဆဲမခံချင်ရင် အဲ့ဒီလူရှေ့က ဖောက်ပြန်ရေးကင်းတဲ့ မနက်စာစားပွဲခုံပေါ် ကုမ္ပဏီရှယ်ယာလက်မှတ်တွေအစား ပဲပြုတ်ပူပူလေးတစ်ခွက်သာ ချပေးလိုက်ကြ။ - ဆန်းကျော်စွာဝင်း Happy birthday ဗိုလ်ချုပ်ရေ #ꪀׁׅᨰׁׅɑׁׅ֮ᨮ꫶ׁׅ֮ #𝐶𝑟𝑑

.
285
#𝙼𝚊𝚗
#𝙼𝚊𝚗

.
285
မငိုတော့ဘူးလို့.... ဆုံးဖြတ်ထားပြီးသား... မျက်ရည်ကလည်း မင်းလိုပဲ့ တားလို့မရဘူး....။ #𝙼𝚊𝚗 #Crd

.
285
ကြိုးဆွဲရာလည်း ကခဲ့ပီးပီ ဝေးမသွားအောင်လည်း ခခဲ့ပီးပီမို့ ကိုယ့်တာဝန်ကျေပွန်ပါပီ အချစ်ရယ်....💔 #𝙼𝚊𝚗 #Crd

.
285
အမေအမြဲဆုံးမတဲ့စကားတစ်ခွန်းရှိတယ် "ကိုယ့်မှာ ဘာမှမပြည့်စုံသေးပဲနဲ့ သူများသားသမီးကို ဘဝထဲခေါ်ပြီး မျက်နှာမငယ်စေနဲ့၊မသိမ်ငယ်စေနဲ့"တဲ့။ ရည်းစားမထားနဲ့မပြောဘူး ထားပါလို့လည်းမတိုက်တွန်းဘူး "ဘဝတစ်ခုလုံးအတွက် မရည်ရွယ်ပဲနဲ့ သူများကိုသွားမချစ်နဲ့ သူများအချစ်ကိုမကစားနဲ့ သူများအသည်းကိုသွားမခွဲနဲ့"တဲ့။ အချစ်ကဘဝဟုတ်သည်၊မဟုတ်သည် ခဏထားဦး အဲ့ဒီအချစ်ဆိုတာကြီးဘဝထဲရောက်လာခဲ့ရင် အဲ့ဒီအချစ်ကို မျက်နှာမငယ်ရအောင်ထားဖို့တော့လိုတယ်။ ကိုယ့်ဘဝကိုမတည်ဆောက်နိုင်ပဲနဲ့ သူများကိုဘဝထဲခေါ်တာဟာ မဖြစ်သင့်ပါဘူး။ ကိုယ့်ဘဝကို ကိုယ်အရင်တည်ဆောက်ပါ ကိုယ့်ကအဆင်ပြေပြီးဆိုမှ အချစ်ကိုဘဝထဲခေါ်ပါ။ ဘယ်သူ့မှဆင်းရဲတွင်းထဲကြာကြမနေနိုင်ပါဘူး ကိုယ့်မှာအဆင်သင့်ဖြစ်ဖို့လိုပါတယ်။ အဆင်ပြေအောင်အရင်ဆုံးကြိုးစားပါ အချစ်ဆိုတဲ့ဘဝလက်တွဲဖော်ကို အဆင်ပြေမှဘဝထဲခေါ်တာဟာ အကောင်းဆုံးပါပဲ။ ကိုယ်အဆင်ပြေပြီးဆိုရင် သူလည်းမျက်နှာမငယ်ရဘူး ကိုယ်လည်းစိတ်မပူရတော့ဘူး။ ဖြစ်နိုင်ရင် ကိုယ့်ဘဝကိုအရင်တည်ဆောက်စေချင်တယ် ပြီးမှ အချစ်ဆိုတာကို ဘဝထဲခေါ်သွင်းစေချင်တယ်။ #𝙼𝚊𝚗 #Crd

.
285
အချစ်ကြွေးသက်သက်ပါပဲ #𝙼𝚊𝚗 #Crd
အချစ်ကြွေးသက်သက်ပါပဲ #𝙼𝚊𝚗 #Crd