ထိတ်လန့်ဖွယ်ရာ သရဲကား လူသတ်ကား horror movie mm sub
Open in Telegram
Show more
1 297
Subscribers
No data24 hours
No data7 days
-230 days
Posts Archive
OCULUS 2013
ပစ္စည်းအဟောင်းတွေ စုဆောင်းတတ်တဲ့ Russell မိသားစုဆီကို မှန်ကြီးတစ်ချပ်ရောက်လာ ချိန်မှာ ပြဿနာ တွေစတင်ဖြစ်ပေါ်လာပါတယ်။မှန်ဆိုတာ
တကယ်တေ့ာပုံရိပ်ယောင်ပဲ မဟုတ်လား...
ဒီပုံရိပ်ယောင်ထဲမှာ တစ်ခုခုစွဲကပ်နေပြီး လူကိုပူးကပ်သွားတယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စရပ်ကြီးပါ။
Oculus မှာတေ့ာဖြစ်သွားပါတယ်၊ မှန်ကြီးနောက်ကို
သူ့အမေရောက်သွားချိန်ကစပြီး ဘဝမှာ မမျှော်လင့်
ထားတဲ့ဖြစ်ရပ်ဆိုးတွေကြုံတာပါပဲ။ဒီဖြစ်ရပ်ဆိုးတွေ
ကိုကျော်လွှားဖို့ မောင်နှမအတူတူကြိုးစားရင်း သူ့
အမေကို သတ်သွားတဲ့ လူသတ်သမားက တကယ်ပဲ
မှန်ချပ်ကြီးလား၊တခြားပတ်သက်မှုများရှိနေဦးမလား ဆိုပြီး ရှာဖွေကြတာပဲဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ ငယ်ငယ်က ကြုံခဲ့ရတဲ့ ထိတ်လန့်ဖွယ်ဖြစ်ရပ်ကြီးကို အဖြေရှာမယ့် မောင်နှမနှစ်ဦး...
သူတို့ အမေကို ခေါ်သွားတဲ့ ကျိန်စာသင့် မှန်ချပ်ကြီးထဲ
က မကောင်းဆိုးဝါး...
လူနဲ့ မကောင်းဆိုးဝါး တို့ကြားက အားပြိုင်မှု...
နောက်ဆုံးမှာ ဘယ်သူနိုင်မှာလဲ…
ဒါတွေကို အဖြေရှာကြည့်ဖို့...
Candyman 2021
IMDb 6.7/10
၁၉ရာစုနှောင်းပိုင်းမှာ မတရားအသတ်ခံလိုက်ရပြီး
သရဲဖြစ်လာတဲ့ ပန်းချီဆရာ သကြားလုံးသည်လေး ရှားမန်းတဖြစ်လဲ
ကန်ဒီမန်းလေးရဲ့အကြောင်းကို ကြည့်ကြရမှာပါ
ကဘရီနီဂရင်းတိုက်ခန်းကို သူငယ်ချင်းနဲ့အတူတူပြောင်းလာတဲ့
ပန်းချီဆရာလေးအန်တိုနီတစ်ယောက် အဲ့နားမှာ လက်ဆင့်ကမ်းပြောဆိုနေကြတဲ့
ကန်ဒီမန်းဆိုတဲ့ ပန်းချီဆရာ ဝိဉာဉ်အကြောင်း
ကန်ဒီမန်းသတ်လိုသေသွားတဲ့ ဟယ်လင်ရဲ့အကြောင်းသိထားပြီးချိန်
သူ့ရဲ့ ပန်းချီကားတွေထဲကို ဒီအဖြစ်အပျက်တွေကို ထည့်ရေးဖိုအာရုံရလာပါတယ်
ဒီလိုကနေ ရုတ်တရတ် အတိတ်ကရှုပ်ထွေးတဲ့အဖြစ်အပျက်တွေဆီ
ရောက်သွားမယ့် တံခါးတစ်ချပ်ကို အန်တိုနီကိုယ်တိုင်တောင် မသိလိုက်ဘဲ ဖွင့်မိသွားတဲ့အခါ…..
Candyman 2021 က Original Candyman 1992 ထက် ပိုကြောက်ဖိုကောင်းတယ်လို ဆိုပါတယ်
Ouija (2014)
Debbie ဆိုတဲ့ကောင်မလေးဟာ Ouija Board ကို အိမ်ဟောင်းတစ်ခုမှာတွေ့တဲ့အခါ Laine ဆိုတဲ့ငယ်သူငယ်ချင်းလေးကို သတိရရင်း တစ်ယောက်တည်းအပျော်ဆော့လိုက်မိရာကနေ ထူးထူးဆန်းဆန်းတွေစတင်ဖြစ်ပါတော့တယ်… Debbie က ဘုတ်ပြားကို မီးရှို့ပစ်လိုက်ပေမယ့်လဲ အကောင်းအတိုင်းပြန်ရောက်လာပြီး မကောင်းဆိုးဝါးပူးကပ်ကာ Debbie သေသွားခဲ့ပါတယ်…
သူ့အသုဘအပြီး မိဘတွေမရှိတုန်း Debbie ရဲ့သူငယ်ချင်းတစ်စု အိမ်စောင့်ပေးရင်းနဲ့ Debbie နဲ့ဆက်သွယ်ကြည့်မယ်ဆိုပြီး Ouija board ကို သုံးခဲ့ပြန်ပါတယ်.. မီးတွေမှိတ်တုတ်မှိတ်တုတ်ဖြစ်ပြီး ထူးဆန်းတဲ့အသံတွေ ကြားလာရတဲ့အချိန်မှာ...လန့်ဖြန့်ပြီး ကစားနည်းကိုရပ်လိုက်ကြတယ်. ဒါပေမယ့် နောက်တစ်ရက်မှာပဲ သူတို့ရဲ့ ကားမှန်တွေ.. ကွန်ပျူတာစခရင်တွေ.. နံရံတွေပေါ်မှာ “Hi Friend” ဆိုတဲ့ စာသားပေါ်လာတယ် … Hi Friend ဆိုတာက Ouija Board ဆီကို သရဲ / ဝိဉာဉ်ရောက်လာတဲ့အခါမှာ စတင်နှုတ်ဆက်လေ့ရှိတဲ့စကားပါ.. အဲဒါကြောင့် သူတို့ရဲ့သူငယ်ချင်းက သူတို့ဆီကိုဆက်သွယ်ဖို့ကြိုးစားနေတယ်အထင်နဲ့ သူငယ်ချင်းတစ်စု Ouija Board ကို ထပ်မံအသုံးပြုလိုက်မိတဲ့အခါမှာတော့………………….
