en
Feedback
Big Fat Cat Channel

Big Fat Cat Channel

Open in Telegram

English ဇာတ်ကားကောင်းတွေကိုပဲ စုစည်းပေးထားပါတယ်

Show more
1 304
Subscribers
No data24 hours
+27 days
+430 days
Posts Archive
Norm of the North 2016 ‧ Family/Adventure ‧ 1h 30m ကျတော် သဘောကျတာက ကာတွန်းကားလေးက လူတွေကို မိမိတို့ နေထိုင်တဲ့ ပတ်ဝန်းကျင်ကိ
+3
Norm of the North 2016 ‧ Family/Adventure ‧ 1h 30m ကျတော် သဘောကျတာက ကာတွန်းကားလေးက လူတွေကို မိမိတို့ နေထိုင်တဲ့ ပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့ အသိပညာပေးကားလေးမို့ပါ နောက်ထပ်သဘောကျမိတာလေး တစ်ခုက ဇာတ်လမ်းထဲကစီးပွားရေးသောင်းကျန်းသူမစ္စတာ ဂရင်းနေရာမှာ သုံးထားတဲ့ ကာတွန်းပုံစံလေးပါ။ သုံးထားတဲ့ ပုံစံလေးက အခုလက်ရှိကမ္ဘာပေါ်မှာ စီးပွားရေး အသောင်းကျန်းဆုံး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဂရုမစိုက်ဆုံးတရုပ်ကို သရော်ထားတာကိုပါပဲ။ကဲ ဇာတ်လမ်း အကျဉ်းလေးကတော့ အာတိတ်ဒေသရဲ့ ဘုရင်လို့ခေါ်ကြတဲ့ ပိုလာဘဲတို့ရဲ့ ဒေသမှာမစ္စတာဂရင်းက ကွန်ဒိုတွေ ဆောက်ပြီးရောင်းချဖို့ကြံစီရာမှ Norm က နယူးယောက်ထိသွားရောက်ပြီးတားဆီးပုံလေးကို ရယ်မောဖွယ်ရာ ကာတွန်းဇာတ်ကော်ငလေးများဖြင့်ပုံဖော်ပြထားပြီးကာတွန်းဇာတ်လမ်းထဲမှာ Norm ရဲ့ ၀၀ဖိုင့်ဖိုင့် ချစ်စရာဖင်လှုပ်အကကိုလည်း ရှူစားကြပါအုံးလို့(ဘာသာပြန်ကတော့ ကိုမျိုးမင်းသူသန်းမြင့်ပါ)

A Quiet Place: Day One 2024 ‧ Horror/Sci-fi ‧ 1h 39m A quiet place ရုပ်ရှင်တွေရဲ့ ၃ ကားမြောက်ရုပ်ရှင်လာပါပြီ။ဒီရုပ်ရှင်ကတော့
+3
A Quiet Place: Day One 2024 ‧ Horror/Sci-fi ‧ 1h 39m A quiet place ရုပ်ရှင်တွေရဲ့ ၃ ကားမြောက်ရုပ်ရှင်လာပါပြီ။ဒီရုပ်ရှင်ကတော့ အရင်ထွက်ခဲ့တဲ့ နှစ်ကားရဲ့ အဆက်မဟုတ်ပါဘူး။ပထမဆုံး ဂြိုလ်သားတွေစဆင်းလာတဲ့အချိန်ကို အခြေခံပြီးရိုက်ကူးထားတာပါ။

Murder Company Movie ဒီဇာတ်ကားလေးက ဒုတိယကမ္ဘာစစ်အတွင်း D-Day ကျုးကျော်မှုကာလာမှာ ဇာတ်အိမ်တည်ထားတာပါ၊ဇာတ်ကားလေးကတော့ နာဇီအကြီး
+3
Murder Company Movie ဒီဇာတ်ကားလေးက ဒုတိယကမ္ဘာစစ်အတွင်း D-Day ကျုးကျော်မှုကာလာမှာ ဇာတ်အိမ်တည်ထားတာပါ၊ဇာတ်ကားလေးကတော့ နာဇီအကြီးတန်းအရာရှိကို လုပ်ကြံသတ်ဖြတ်တဲ့ကားလေးပါ၊ ကျုးကျော်မှုရဲ့ရှေ့ပြေးအ‌ဖြစ်နဲ့ အမေရိကန်လေထီးတပ်သားတွေဝင်ရောက်လာကြပါတယ်၊ စီစဉ်ထားတဲ့အတိုင်းမဖြစ်လာခဲ့ဘဲ အဖွဲ့တွေကကွဲပြီး အင်းအားမစုစည်းမိပဲဖြစ်ခဲ့ကြပါတယ်၊

My Spy 2020 ‧ Comedy/Action ‧ 1h 40m ဖခင်ဖြစ်သူဟာ လူဆိုးတွေနဲ့ပတ်သက်မိပြီး သေဆုံးခဲ့လို့ ၉နှစ်အရွယ်သမီးလေးဟာ အမေနဲ့ပဲကျန်ခဲ့လ
+3
My Spy 2020 ‧ Comedy/Action ‧ 1h 40m ဖခင်ဖြစ်သူဟာ လူဆိုးတွေနဲ့ပတ်သက်မိပြီး သေဆုံးခဲ့လို့ ၉နှစ်အရွယ်သမီးလေးဟာ အမေနဲ့ပဲကျန်ခဲ့လေရဲ့… ဒီမိသားစုဟာ လူသတ်တရားခံနဲ့ ပတ်သက်နိုင်လို့ဆိုပြီး စုံထောက်အဖွဲ့ဟာ ဒီကလေးမလေးရဲ့အိမ်ကို ၂၄နာရီစောင့်ကြည့်ပါတယ်… စောင့်ကြည့်အဖွဲ့ခေါင်းဆောင်က စီအိုင်အေက လူကြမ်းအေးဂျင့်ကြီး တစ်ယောက်ဖြစ်ပါတယ်….

My Spy: The Eternal City 2024 ‧ Comedy/Action IMDb 5.7/10 ရရှိထားတဲ့ အသစ်ထွက် Comedy/Action ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀
+3
My Spy: The Eternal City 2024 ‧ Comedy/Action IMDb 5.7/10 ရရှိထားတဲ့ အသစ်ထွက် Comedy/Action ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ My Spy ကားရဲ့ sequel ဖြစ်ပြီး ပထမကားထဲမှာလိုပဲ Dave Bautista၊ Ken Jeong နဲ့ Chloe Coleman တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။

The Awakening 2011 ‧ Horror/Mystery ‧ 1h 42m Horror ပရိသတ်များအတွက် slow burn‌ လေးနဲ့ ဖြည်းဖြည်းချင်းကျောချမ်းစေမဲ့ ဇာတ်ကားလေ
+3
The Awakening 2011 ‧ Horror/Mystery ‧ 1h 42m Horror ပရိသတ်များအတွက် slow burn‌ လေးနဲ့ ဖြည်းဖြည်းချင်းကျောချမ်းစေမဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကလည်း Godzilla vs Kong နဲ့The prestige တို့မှာပါဝင်ခဲ့တဲ့ မင်းသမီး Rebecca Hall, နာမည်ကျော် ရုပ်ရှင်ပေါင်းများစွာမှာပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားDominicWest နဲ့ Harry Potter ရုပ်ရှင်များထဲမှာ Voldemort ထက် ပိုလူမုန်းများခဲ့တဲ့ Dolores Umbridge သရုပ်ဆောင် မင်းသမီးကြီး ImeldaStaunton တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။

Nobel Son 2007 ‧ Thriller/Comedy ‧ 1h 51m ဒိဇာတ်လမ်းကတော့ Harry Potter ဇာတ်လမ်းမှာ Severerus Snape ဖြစ်တဲ့ မင်းသားကြီး Alan R
+3
Nobel Son 2007 ‧ Thriller/Comedy ‧ 1h 51m ဒိဇာတ်လမ်းကတော့ Harry Potter ဇာတ်လမ်းမှာ Severerus Snape ဖြစ်တဲ့ မင်းသားကြီး Alan Rickman ပါဝင်တဲ့ အသေခွီနေရမဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Jungle Bunch: Operation Meltdown (2023) ဒီတစ်ခါမှာတော့ “Jungle Bunch” ဆိုတဲ့ တောအုပ်ထဲက တိရစ္ဆာန်လေးတွေရဲ့ သူတို့နေထိုင်ရာတော
+3
Jungle Bunch: Operation Meltdown (2023) ဒီတစ်ခါမှာတော့ “Jungle Bunch” ဆိုတဲ့ တောအုပ်ထဲက တိရစ္ဆာန်လေးတွေရဲ့ သူတို့နေထိုင်ရာတောအုပ်ကြီးကို အန္တရာယ်ထဲကနေကယ်တင်ပေးဖို့ စွန့်စားခန်းတွေနဲ့ရင်ဆိုင်တိုက်ခိုက်ပုံတွေကိုရိုက်ကူးထားတဲ့ ကာတွန်းကားလေးကိုတင်ဆက်ပေးချင်ပါတယ်ကြောင့် အန္တရာယ်မျိုးစုံနဲ့ရင်ဆိုင်ရပါတော့တယ်

သူတော်ကောင်းမလေးရဲ့ လူသတ်လမ်းညွှန် 2024 ‧ Drama ‧ 1 season ongoing ပါ ထွက်တာနဲ့ တင်ပေးသွားပါမယ် ✌️
+3
သူတော်ကောင်းမလေးရဲ့ လူသတ်လမ်းညွှန် 2024 ‧ Drama ‧ 1 season ongoing ပါ ထွက်တာနဲ့ တင်ပေးသွားပါမယ် ✌️

Paris When It Sizzles 1964 ‧ Comedy/Romance ‧ 1h 50m သမ္ဘာရင့်ဇာတ်ညွှန်းရေးဆရာကြီး ရစ်ချက်ဘန်ဆင်ဟာ ထုတ်လုပ်သူ အက်လဇန္ဒားမေယာအ
+3
Paris When It Sizzles 1964 ‧ Comedy/Romance ‧ 1h 50m သမ္ဘာရင့်ဇာတ်ညွှန်းရေးဆရာကြီး ရစ်ချက်ဘန်ဆင်ဟာ ထုတ်လုပ်သူ အက်လဇန္ဒားမေယာအင်းဆီ ရုပ်ရှင်ဇာတ်လမ်းသစ်တစ်ခု ရောင်းချထားပါတယ်။ ပြဿနာက ဇာတ်ညွှန်းအပ်ဖို့ ရက်နီးလာတဲ့အထိ ဘာတစ်ခုမှ မရေးရသေးဘဲ ပဲရစ်မြို့မှာပဲ လတ်လျားလတ်လျားအချိန်ဖြုန်းနေခဲ့ပါတယ်။ကံကောင်းစွာနဲ့ ဘန်ဆင့်ဆီ ဂဘရီအယ်လ်ဆင့်ပ်စင်ဆိုတဲ့ စာရိုက်အကူရောက်လာတဲ့အချိန်မှာတော့ ဘန်ဆင့်ရဲ့အချစ်ဇာတ်လမ်းလေးက တဖြည်းဖြည်းချင်း ရုပ်လုံးကြွလာပါတော့တယ်။ ပဲရစ်မြို့ရဲ့ အလှ၊ ပြင်သစ်အမျိုးသားနေ့ ခမ်းနားပုံကို တစ်စွန်းတစမြင်တွေ့ရမယ့်အပြင် မင်းသားချောလေး William Holden နဲ့ အလှလေး Audrey Hepburn တို့ရဲ့ ထိထိမိမိသရုပ်ဆောင်ပုံတွေကြောင့် ဟာသရိုမန့်တစ်ပရိသတ်တွေ အကြိုက်တွေ့မယ့် ဇာတ်ကားကောင်းလေးပါ။

It Boy 2013 ‧ Comedy/Romance ‧ 1h 32m It Boy ဟာ ပြင်သစ်နောက်ခံစကားပြော ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ တော်တော်လေးလည်းသဘောကျဖို့ကောင်
+3
It Boy 2013 ‧ Comedy/Romance ‧ 1h 32m It Boy ဟာ ပြင်သစ်နောက်ခံစကားပြော ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ တော်တော်လေးလည်းသဘောကျဖို့ကောင်းတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ရိုမန်တစ်အဆန်ဆုံး ဘာသာစကားတစ်ခုဖြစ်တဲ့ ပြင်သစ်နောက်ခံစကားပြောဖြစ်တာကြောင့် တော်တော်လေးကို ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ပြုံးပြုံးကြီးဘာသာပြန်ရတဲ့ ကားဆိုရင်လည်းမမှားပါဘူး။

RV 2006 ‧ Family/Comedy ‧ 1h 39m 2006 ခုနှစ်ကထွက်ရှိခဲ့တဲ့ မင်းသားကြီး Robin Williams ရဲ့ RV ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက
+3
RV 2006 ‧ Family/Comedy ‧ 1h 39m 2006 ခုနှစ်ကထွက်ရှိခဲ့တဲ့ မင်းသားကြီး Robin Williams ရဲ့ RV ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်းကတော့ မိသားစုအတွက်အလုပ်တွေပဲအားစိုက်လုပ်နေတဲ့ ဘော့ဘ်ဟာ သားသမီးတွေနဲ့ငယ်တုန်းကလို လက်ပွန်းတတီးမနေရတော့ဘဲ တဖြည်းဖြည်းဝေးကွာလာပါတယ်။ မိနိးမနဲ့လည်းအရင်လိုကြည်နူးမှုလေးတွေပြန်ယူရင်း ကျောင်းသွားတက်တော့မယ့် သားသမီးတွေနဲ့မခွဲရခင် ဟာဝိုင်အီကို အလည်အပတ်ခရီးသွားဖို့စီစဉ်ပါတယ်။ စီစဉ်ပြီးနောက်ရက်မှာပဲ အလုပ်ကအရေးကြီးအစည်းအဝေးတစ်ခုတက်ခိုင်းလို့ မိသားစုနဲ့ ခရီးထွက်ရင်း အလုပ်လည်းမပြုတ်အောင် ဘော့ဘ်တစ်ယောက်ကြံဖန်ရပါတော့တယ်။ အပန်းဖြေထွက်ဖို့ RV ကားကြီးတစ်စီးငှါးလာပြီး လမ်းခရီးတစ်လျှောက် ဘယ်လိုအလွဲတွေကြုံရမလဲဆိုတာ မင်းသားကြီး Robin Williams ရဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ ရယ်မော ပျော်ရွှင်လိုက်ကြပါဦး။ မိသားစုနဲ့ အလုပ်ကြား ဟန်ချက်ညီအောင် ကြိုးစားနေတဲ့ဖခင်တစ်ယောက်နေရာကိုမြင်နိုင်မှာဖြစ်သလို မိသားစုဝင်တွေကြားမေတ္တာကိုလည်းဖော်ကြူးထားတဲ့ဇာတ်ကားကောင်းလေးဖြစ်တာမို့ လက်မလွှတ်ဘဲကြည့်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်။

Repost from N/a
My Life with the Walter Boys 2023 ‧ Drama ‧ 1 season ဒီတစ်ခါမှာတော့ My Life with Walter Boys ဆိုတဲ့စီးရီးအသစ်ကလေးကိုတင်ဆက်ပေး
+3
My Life with the Walter Boys 2023 ‧ Drama ‧ 1 season ဒီတစ်ခါမှာတော့ My Life with Walter Boys ဆိုတဲ့စီးရီးအသစ်ကလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးကတော့ ဂျက်ကီဟောင်းဝက်ဒ်ဆိုတဲ့စာတော်ပြီး ထက်မြက်တဲ့ဆယ်ကျော်သက် ကောင်မလေးဟာ တစ်ရက်မှာ ကြေကွဲဖွယ်ရာဖြစ်ရပ်ဆိုးကြီးတစ်ခုကြုံတွေ့လိုက်ရပါတယ် အဲ့ဒါကတော့ သူမမိဘတွေနဲ့အစ်မဖြစ်သူတို့ တစ်မိသားစုလုံးကားဆက်ဆီးဒင့်ဖြစ်ပြီးဆုံးသွားပါတယ် အဲ့နောက်မှာတော့သူမဟာ သူမအမေရဲ့သူငယ်ချင်းဖြစ်သူ ကတ်သရင်းဝေါ်လ်တာနဲ့ဂျော့ဂျ်ဝေါ်လ်တာတို့မိသားစုနဲ့အတူ ပြောင်းနေရပါတယ်။ ကတ်သရင်းနဲ့ဂျော့ဂျ်မှာ သားသမီးရှစ်ယောက်ရှိပြီး ဂျော့ဂျ်ရဲ့တူနှစ်ယောက်ကိုပါ အိမ်မှာခေါ်ထားတဲ့အတွက်အဲ့အိမ်မှာ ကလေးဆယ်ယောက်တောင်ရှိပါတယ် နယူးယော့ခ်သူလေး ဂျက်ကီတစ်ယောက် နယ်မြို့လေးတစ်မြို့မှာ မိသားစုအသစ်နဲ့ပြောင်းပြီးနေရတဲ့အခါ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ ခဏတာအတွင်းနေသားကျသွားပါ့မလား ဝေါ်လ်တာမိသားစုက ကောင်လေးတွေနဲ့ရော အချစ်ရေးပက်သက်မှုတွေရှိလာမလားဆိုတာ ခံစားကြည့်ရှုရမှာပါ။ ဒီဇာတ်ကားလေးက အထက်တန်းကျောင်းသားကားလေးလိုမျိုး ဆယ်ကျော်သက်ဇာတ်ကားလေးတွေလိုမျိုး လူငယ်တွေရဲ့ဘဝအကြောင်းကို ပေါ့ပေါ့ပါးပါး ခံစားကြည့်ရမယ့်စီးရီးကောင်းလေးတစ်ခုပါ။

Metal Lords 2022 ‧ Comedy/Musical ‧ 1h 38m IT , Defending Jacob တို့နဲ့နာမည်ရခဲ့တဲ့ လူငယ်သရုပ်ဆောင် Jaden Martel ရဲ့ ဆယ်ကျော်
+3
Metal Lords 2022 ‧ Comedy/Musical ‧ 1h 38m IT , Defending Jacob တို့နဲ့နာမည်ရခဲ့တဲ့ လူငယ်သရုပ်ဆောင် Jaden Martel ရဲ့ ဆယ်ကျော်သက် Musical ရုပ်ရှင်လေးပါ။ ဒီရုပ်ရှင်မှာရိုက်ပြထားတာက Metal Music အကြောင်းပါ ။ လူငယ်‌ေတွရဲ့ဂီတ Genres တွေထဲမှာ ပျောက်ကွယ်လုဖြစ်နေတဲ့ Rock musicရဲ့ Metal Music ကို အသက်ပြန်သွင်းပြီး တီးဝိုင်း ပြိုင်ပွဲကြီးမှာ အနိုင်ရဖို့ ကြိုးစားနေတဲ့ လူငယ်လေး 2 ယောက်ပေါ့။ ပတ်၀န်းကျင်ရဲ့ရှုံ့ချမှု အထင်မကြီးမှုတွေကို ချိုးဖျက်ပြီး သမိုင်းမှာ ဂန္တ၀င် Metalတီးဝိုင်းတစ်ခုဖြစ်အောင် ကြိုးစားကြမယ်ဆိုတဲ့ လူငယ် 2 ယောက်ရဲ့ တီးဝိုင်းထဲကို Cello တီးတဲ့ ကောင်မလေး တစ်ယောက်ရောက်လာခဲ့တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်သွားမလဲ ကြည့်ရမှာပါ။

Streamline 2021 ‧ Sport/Drama ‧ 1h 26m ငယ်ငယ်တုန်းက ပီတာပန်မင်းသားလေး Levi Miller တစ်ယောက် အရွယ်ရောက်လာပါပြီ…ဟွင်းဟွင်း
+3
Streamline 2021 ‧ Sport/Drama ‧ 1h 26m ငယ်ငယ်တုန်းက ပီတာပန်မင်းသားလေး Levi Miller တစ်ယောက် အရွယ်ရောက်လာပါပြီ…ဟွင်းဟွင်း

Pan 2015 ‧ Family/Adventure ‧ 1h 51m ငယ်ငယ်တုန်းက ကြည့်ခဲ့ကြဖူးတဲ့ Peter Pan ကာတွန်းကားလေးကို မှတ်မိကြသေးလားမသိဘူး? အခုတင်ပေး
+3
Pan 2015 ‧ Family/Adventure ‧ 1h 51m ငယ်ငယ်တုန်းက ကြည့်ခဲ့ကြဖူးတဲ့ Peter Pan ကာတွန်းကားလေးကို မှတ်မိကြသေးလားမသိဘူး? အခုတင်ပေးမယ့်ကားကတော့ အဲဒီကာတွန်းကားကို ရုပ်ရှင်အနေနဲ့ပြန်ရိုက်ကူးထားတာလေးပါ။ စူးစမ်းချင်စိတ်ရှိပြီး ဖြတ်ထိုးဉာဏ်ကောင်းတဲ့ အသက်၁၂နှစ်အရွယ် မိဘမဲ့လေး ပီတာဟာ တစ်နေ့မှာတော့ မိုးပေါ်ပျံနိုင်တဲ့ ပင်လယ်ဓားပြလှေကြီးတစ်စီးရဲ့ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံရပြီး Neverland ဆိုတဲ့ပဉ္စလက်ဆန်တဲ့ကျွန်းကို ခေါ်ဆောင်သွားခံခဲ့ရပါတယ်။ အဲဒီကျွန်းမှာ ပင်လယ်ဓားပြခေါင်းဆောင် ကြီးအတွက် Pixumလို့ခေါ်တဲ့ကျောက်မျက်တွေရှာဖွေပေးရတဲ့ ကျောက်တူးသမားအဖြစ်ခိုင်းစေခံနေရရာက သူကိုယ်တိုင်မသိခဲ့တဲ့ သူ့ရဲ့စွမ်းအားတွေကို ရှာဖွေတွေ့ရှိလာပြီးသူ့ဘဝအစစ်အမှန်ကို ရှာတွေ့ဖို့လမ်းစတွေပေါ်လာခဲ့ပါတော့တယ်။

Better Watch Out 2016 ‧ Horror/Comedy ‧ 1h 29m Better Watch Out movie ဟာ ၂၀၁၆ ခုနှစ်ထွက် စိတ္တဇ horror ကား အမျိုးအစားဖြစ်ပါတယ
+3
Better Watch Out 2016 ‧ Horror/Comedy ‧ 1h 29m Better Watch Out movie ဟာ ၂၀၁၆ ခုနှစ်ထွက် စိတ္တဇ horror ကား အမျိုးအစားဖြစ်ပါတယ်Rotten Tomatoes 87% IMDb 6.6 ထိရရှိထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ပါဝင်သရုပ်ဆောငိထားသူတွေကတော့ Levi Miller,Olivia Dejonge , Ed Oxenbould တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ခရစ္စမတ် horror ကားလေးပါ ဇာတ်လမ်းအကျဉ်းကတော့ Ashley တစ်ယောက် ခရစ္စမတ်အားလပ်ရက်မှာ ၁၂သား Luke Lerner ကိုကလေးထိန်းပေးရပါတယ်Luke ဟာ သူမကိုမြူဆွယ်တဲ့အမူအရာတွေလုပ်တက်တာလည်း သတိပြုမိနေခဲ့ပါတယ်ထို့နောက် Luke သူငယ်ချင်း Garret အိမ်အလည်လာချိန် သူတို့တစ်တွေ အိမ်အပေါ်ထပ်ကအုတ်ချပ်မှာ ထွက်သွားရင်သေရမယ် ဆိုတဲ့စာတန်းတွေ့တဲ့အခါ……ထူးဆန်းတာတွေဖြစ်လာတဲ့အခါ……Garrett တစ်ယောက်အမည်မသိ သေနတ်သမားပစ်သတ်ချင်းခံရတဲ့အခါ…….လူသတ်သမားအစစ်ကဘယ်သူလဲ……နောက်ကွယ်ကကြံစည်နေသူက ဘယ်သူလဲ……ဆိုတာ ကြည့်ရှုသူကိုယ်တိုင်ပဲ ခံစားကြည့်လိုက်နော်

Leave Her to Heaven 1945 ‧ Noir/Thriller ‧ 1h 50m သဝန်တိုတယ်ဆိုတာ လုံးဝကိုမကောင်းပါဘူး။ ကိုယ်ကချစ်ဖို့သဝန်တိုပေမယ့် တဖက်လူကို
+3
Leave Her to Heaven 1945 ‧ Noir/Thriller ‧ 1h 50m သဝန်တိုတယ်ဆိုတာ လုံးဝကိုမကောင်းပါဘူး။ ကိုယ်ကချစ်ဖို့သဝန်တိုပေမယ့် တဖက်လူကိုချုပ်ချယ်သလိုဖြစ်တတ်ပါတယ်။ ဒါတင်မကသေးပဲ သဝန်တိုတဲ့အချိန်မှာ ချလိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာလည်း အတ္တဝါဒီအပေါ်ကိုပဲအခြေခံနေပါတယ်။

The Garfield Movie 2024 ‧ Family/Comedy ‧ 1h 41m

The Garfield Movie 2024 ‧ Family/Comedy ‧ 1h 41m လူတိုင်းကြိုက်တဲ့ ကြောင်လေး ဂါဖီးရဲ့ စွန့်စားခန်း ရုပ်ရှင်အသစ်ဖြစ်ပါတယ် Star
+3
The Garfield Movie 2024 ‧ Family/Comedy ‧ 1h 41m လူတိုင်းကြိုက်တဲ့ ကြောင်လေး ဂါဖီးရဲ့ စွန့်စားခန်း ရုပ်ရှင်အသစ်ဖြစ်ပါတယ် Starlord မင်းသား Chris prattt နဲ့ Samuel L Jackson တို့က Voice actor အဖြစ် အားဖြည့်ထားပါတယ်ဂါဖီးရဲ့ ငယ်ဘဝနဲ့ သူ့သခင် ဂျွန်တို့နဲ့ ဘယ်လိုတွေ့ခဲ့လဲဆိုတဲ့ နောက်ကြောင်းကို ပြန်ရိုက်ပြထားတာဖြစ်ပါတယ်.. ဂါဖီးရဲ့ အဖေဖြစ်သူ ကြောင်ကြီး ဗစ်လည်းပါဝင်လာပြီး…ဖခင်က ဘာလို့စွန့်ပစ်ခဲ့လဲဆိုတဲ့ အဖေနဲ့သားကြားက ပြဿနာတွေကို ဖြေရှင်းပြီး ဘုံရန်သူကြီး ဂျင့်စ်ဖြစ်တဲ့ ကြောင်ဖြူမရဲ့ အကြပ်ကိုင်မှုကြောင့် လက်တို့စ် နွားနို့ခြံကနေ နို့တွေ ခိုးယူပြီး စွန့်စားကြမယ့် ဂါဖီးကြောင်သားအဖ နှစ်ယောက်ရဲ့ စွန့်စားခန်းတွေကိုကြည့်ရမှာဖြစ်ပါတယ် (အညွန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)