en
Feedback
SSM - blog

SSM - blog

Open in Telegram

ရွှေ၊ ရေနံ၊ ငွေကြေး နှင့် စတော့ရှယ်ယာ စသည့်တို့၏ စျေးအတက်အကျနှင့် Knowledge များကို sharing လုပ်ပေးနေခြင်းဖြစ်၍ သိရှိလိုပါက join ထားနိုင်ပါတယ်။

Show more
1 922
Subscribers
-124 hours
-67 days
-3330 days
Posts Archive
2500 စျေးတန်းထိ စံချိန်တင် စျေးအတက်ရှိထား လက်ရှိစျေး - 2487

ကမ္ဘာရွှေက ရှယ်တက်နေပါတယ်... တခါမှ မရောက်ဖူးသေးသော စျေးတန်း 2490 ကို ရောက်ရှိနေပါတယ်။ သောကြာနေ့ စျေးအလှုပ်အခက်ကြမ်းတဲ့နေဆိုသလို စံချိန်တင်ကို တက်နေပါတယ်။

အခုရက်ပိုင်း စျေးတွေက အတက်အရှိန်ကောင်းသလို အကျလည်း မြန်တယ်။ လူအများစုကလည်း စျေးတန်းငြိမ်နေပြီဆို ဘယ်သူမှ စိတ်မဝင်စားကြဘူး။ စျေးလှုပ်ခတ်လာပြီဆိုမှ ကပျာကယာ နဲ့ အရောင်း အဝယ်လုပ်ကြတယ်။ စျေးအလှုပ်အခက်များနေချိန်မှာ panic အထိတ်တလန့်နဲ့ ​ကြောက်ရောင်း ကြောက်ဝယ်တွေလုပ်လို့ အထိနာ မှားကြတာတွေ ရှိပါတယ်။ ဝယ်တဲ့သူကလည်း ဘာရည်ရွယ်ချက်နဲ့ ဝယ်တာလဲ ဘာအတွက်ဝယ်တာလဲ... ငွေကိုင်မထားချင်လို့ ခေါင်းပြောင်းတဲ့ အနေနှင့်ဝယ်တာလား ဒါဆိုရင်တော့ အခုကာလမှာ အရှုံးအမြတ်ကို လိုက်ခံစားပြီး ထည့်တွက်စရာ မလိုပါ။ စျေးကစားပြီး အကျိုးအမြတ်ရှာသူတွေကတော့ အခုလိုကာလက risk များပါတယ်။ စျေးကွက် အတက်အကျကြမ်းနေချိန်ဆို မိနစ်ပိုင်း စက္ကန့်ပိုင်း​တင်ကို စျေးပြောင်းလဲနေတာပါ။ ကြောက်စိတ် လောဘစိတ်တွေနဲ့ အရောင်းအဝယ်မလုပ်မိပါစေနဲ့။

မင်္ဂလာနံနက်ခင်းပါ။ 16.8.2024 ကမ္ဘာရွှေ အဖွင့်စျေး - 2455 စျေးအတက်လာဖို့ဆိုရင် 2470 စျေးတန်းဖောက်ဖို့ လိုပါတယ်။ စောင့်ကြည့်စျေးတန်းများ Resistance - 2470/2477/2484 Support - 2442/2437/2430 ညပိုင်း သတင်းမရှိပါ။ သောကြာနေ့မို့ အထူးဂရုစိုက်ပါ။

မင်္ဂလာနံနက်ခင်းပါ။ 15.8.2024 ကမ္ဘာရွှေ အဖွင့်စျေး - 2447 လက်ရှိစျေး - 2453 2458 စျေးတန်းဖောက်တက်ရင် စျေးအတက်လာနိုင်ပါတယ်။ စောင့်ကြည့်စျေးတန်းများ Resistance - 2458/2465/2477 Support - 2437/2424/2408

14.8.2024 ကမ္ဘာရွှေ အဖွင့်စျေး - 2466 လက်ရှိစျေး - 2467 2458 စျေးတန်းကို H4 tf ဖောက်ဆင်းမှသာ စျေးအကျလာပါမယ်။ မဖောက်ဆင်းသ၍ စျေးအတက်ပဲ အားသာနိုင်ပါတယ်။ Support - 2458/2445/2434 Resistance - 2477/2485/2500 ယနေ့ည ၇ နာရီအချိန်မှာ CPI သတင်းကြီး ထွက်ဖို့ရှိပါတယ်။

https://t.me/ssmforex222/2422 2024 နှစ်အစမှာကတည်းက ပြောထားခဲ့ပါတယ် မှတ်မိသူတွေလည်း ရှိကြမှာပါ။ ခုအခြေအနေတွေ မတည်မငြိမ်ဖြစ်နေတာတွေကြောင့် အရာရာ အတက်ဘက်မှာပဲ ရှိနေပါတယ်။ ကိုယ့်တစ်ယောက်ထဲ ဒုက္ခရောက်နေတာ မဟုတ်လို့ ငြီးနေလည်း အားပိုလျော့မှာပဲ.... ဒုက္ခတွေကြားမှာ ပျော်အောင်ပဲ နေပြီး အားလုံး အားတင်းထားရမှာပါပဲ... ဖြစ်လာသမျှ အခြေအနေ အကြောင်းအရပ်ရပ်ကို ရွေးချယ်လို့မရမှတော့ ဘယ်လို ဆက်လျက်ရှင်သန်ရမလဲ ဘယ်လို ကာကွယ်ရမလဲသာ တွေးဖြစ်တော့တယ်။ အားလုံးပဲ ဖိုက်တင်းပါ 💪💪

မင်္ဂလာနံနက်ခင်းပါ။ 13.8.2024 အမြင့်ဆုံးစျေးတန်းဖြင့် ဖွင့်လာတဲ့ ကမ္ဘာရွှေ အဖွင့်စျေး - 2470 လက်ရှိစျေး - 2475 Next Resistance Zone - 2485 / 2500 ကမ္ဘာ နိုင်ငံရေး စစ်ရေး မတည်ငြိမ်မှု အခြေအနေအရပ်ရပ်ကြောင့် ရွှေ ထိုးတက်နေ စံချိန်တင် အမြင့်ဆုံး စျေးတန်းဖြင့်တဲ့ 2485 ထပ်ဖောက်နိုင်ရင် နောက်ထပ် စျေးတန်း အသစ်တွေထပ်ရောက်နိုင် 2024 မှာ ဘာရွှေ နေနေ စျေးအကျ အနိမ့်စျေးတန်းတွေမှာ အဝယ်ဝင်ထားခိုင်းခဲ့ပါတယ်...

ရွှေ အတက်ကြမ်းနေ လက်ရှိ - 2455

မင်္ဂလာနံနက်ခင်းပါ။ 12.8.2024 ကမ္ဘာရွှေ အဖွင့်စျေး - 2428 ကမ္ဘာ ရေနံစိမ်း - 77$ ကမ္ဘာရွှေ စောင့်ကြည့်စျေးတန်းများ Resistance - 2437/2445/2455 Support - 2417/2408/2402

တစ်ပတ်တာ ကမ္ဘာရွှေ အပိတ်စျေး - 2430 စျေးအတက်အား ရှိပါသေးတယ်။ တစ်ပတ်တာအတွင်း 94 pips စျေးလှုပ်ခက်ရှိထားပါတယ်။

⬆⬆ ကိန်းဂဏန်းအရမြတ်တယ်ထင်ပေမဲ့ တန်ဘိုးအရ ရှုံးကြသည် မလိုအပ်ပဲ မထုတ်ပါနဲ့။

9.8.2024 (Friday) ကမ္ဘာ့ရွှေ အဖွင့်စျေး - 2427 တရက်တာအရ စျေးအတက်လာနိုင်ပါတယ်။ အနိမ့်စျေးကို စောင့်ဝယ်ပါ။ Resistance - 2435/2445/2456 Support - 2412/2402/2393 ယနေ့ည US Eco data ထွက်ဖို့မရှိပါ။ Friday Market မို့ဂရုစိုက်ပါ။

မင်္ဂလာနံနက်ခင်းပါ။ ကမ္ဘာရွှေ အဖွင့်စျေး - 2381 လက်ရှိစျေး - 2386 အရောင်းကြိုက်ပါတယ်။ Support Zone - 2378/2365/2352

မင်္ဂလာနံနက်ခင်းပါ။ 7.8.2024 ကမ္ဘာရွှေ အဖွင့်စျေး - 2388 ⬇ လက်ရှိစျေး - 2382 စျေးအကျအားသာနေပါတယ်။ Resistance - 2402/2416/2427 Support - 2378/2365/2352 ကမ္ဘာ ရေနံစိမ်း - 73.$ ⬇

6.8.2024 ကမ္ဘာ့ရွှေ အဖွင့်စျေး - 2411 (မနေ့က အမြင့်ဆုံး 2458 နဲ့ အနိမ့်ဆုံး 2364 ကြား 94 pips အထိ စျေးအလှုပ်အခတ်များခဲ့ပါတယ်)

ယနေ့ ကမ္ဘာစျေးကွက်​ဖွင့်ရက်တနင်္လာနေ့မှာ ကမ္ဘာရွှေ၊ ငွေ၊နိုင်ငံတကာ ငွေကြေး စျေးကွက် နှင့် စတော့စျေးကွက်တွေ အပါအဝင် ခရစ်တိုငွေကြေးတွေပါ အကျဘက်ကို ထိုးဆင်းနေပါတယ်။ ကမ္ဘာစျေးကွက်အားလုံး အကျကြမ်းကြမ်းနဲ့ စျေးအကျဖြစ်ထားပါတယ်။ ကမ္ဘာ စီးပွားရေး ပျက်ကပ်ထဲ စနေပြီလို့ Global Recession အစပြိုးနေပြီလို့ အသံတွေ ကျယ်လာပါတယ်။ အမေရိကန် စတော့ရှယ်ယာတွေ စျေးထိုးကျနေပါတယ်။

ကမ္ဘာရွှေ အကျကြမ်းနေပါတယ်။ လက်ရှိစျေး - 2385 လက်ရှိချိန်ထိ တနေ့တာ 75 pips စျေးအလှုပ်အခက် ရှိထားပါတယ်။ ည 8:15 /8:30 တို့မှာ သတင်းထွက်ဖို့ ရှိပါတယ်။

🌇မင်္ဂလာရှိသော မနက်ခင်းလေးပါ။🌇 5.8.2024 (Monday) ကမ္ဘာရွှေ အဖွင့်စျေး ၁အောင်စ - 2445 မနက်စော စျေးကွက်ဖွင့်ချိန်မှာတင် စျေးအကျအားသာနေပါတယ်။ လက်ရှိစျေး - 2333 Next Support Zone - 2423/2310 ​

မင်္ဂလာနံနက်ခင်းပါ။ တစ်ပတ်တာအပိတ်စျေး - 2441 တစ်ပတ်တာအတွင်း အမြင့်ဆုံး 2477 အနိမ့်စျေး 2369 ထိ အလှုပ်အခက်ဖြစ်ထားပြီး 108 pips စျေးလှုပ်ခက်ထားပါတယ်။