en
Feedback
SSM - blog

SSM - blog

Open in Telegram

ရွှေ၊ ရေနံ၊ ငွေကြေး နှင့် စတော့ရှယ်ယာ စသည့်တို့၏ စျေးအတက်အကျနှင့် Knowledge များကို sharing လုပ်ပေးနေခြင်းဖြစ်၍ သိရှိလိုပါက join ထားနိုင်ပါတယ်။

Show more
1 922
Subscribers
-124 hours
-67 days
-3330 days
Posts Archive
ကမ္ဘာရွှေက 2530 Zone ဖောက်ကာ စျေးအတက်ကြမ်းနေပါတယ်။ လက်ရှိစျေး - 2548 ⬆⬆ စျေးအတက်အားသာနေသေးတာမို့ အရောင်းမကြိုက်သေးပါ။

ဘေးဒုက္ခမျိုးစုံ ခံနေရပါလား မြန်မာပြည်​​ကြီးရယ် များပြားလိုက်တဲ့ ဒုက္ခတွေ မြင်ရ တွေ့ရတာ စိတ်မချမ်းသာစရာတွေကြီးပဲ... ဘေးအန္တရယ်ကင်းရှင်းပြီး ကြုံတွေရင်ဆိုင်နေရတဲ့ ကပ်ကြီးကို ကျော်လွှားနိုင်ပါစေလို့ ဆုတောင်းပေးရုံမှတပါး....

အမေရိကန်ရွေးကောက်ပွဲက ကမ္ဘာစျေးကွက်အပေါ် များစွာ သက်ရောက်မှု ရှိပြီး အပြောင်းအလဲများစွာ မြင်တွေရနိုင်ပါတယ်။ လက်ရှိမှာ ရီပတ်ဘလစ်ကန်သမ္မတလောင်း Donald Trump နှင့် ဒီမိုကရက်တစ် သမ္မတလောင်း Kamala Harris ဦးဆောင်နေပါတယ်။ ကမ္ဘာရွှေ ယနေ့ 2528 ထိ စျေးအတက်ရှိထားပါတယ်။ 2530 Zone ကို ဖောက်တက်ရင် နောက်ထပ် စံချိန်တင် စျေးတန်းတွေကို မြင်ရနိုင်ပါတယ်။ မနက်ဖြန် CPI data ထွက်ဖို့ရှိပါတယ်။ ရွှေကို စျေးကျတိုင်း အဝယ်ပဲ ကြိုက်ပါတယ်။

2.9.2024 ကမ္ဘာရွှေ အဖွင့်စျေး - 2501 တနင်္လာနေ့ စျေးကွက်ဖွင့်ရက် မနက်အစောပိုင်းမှာ 2489 ထိ စျေးအကျရှိထားပါတယ်။ လက်ရှိစျေး - 2497 ယနေ့က အမေရိကန်နိုင်ငံ အလုပ်သမားနေ့ အစိုးရရုံးပိတ်ရက်ဖြစ်ပါတယ်။

မင်္ဂလာနံနက်ခင်းပါ။ 31.8.2024 တစ်ပတ်တာ ကမ္ဘာရွှေ အပိတ်စျေး - 2503 တစ်ပတ်တာတွင်း 35 pips စျေးအလှုပ်အခက် ရှိထားပါတယ်။

မင်္ဂလာနံနက်ခင်းပါ။ 29.8.2024 ကမ္ဘာရွှေ အဖွင့်စျေး - 2505 လက်ရှိစျေး - 2511 ယနေ့ည ၇ နာရီမှာ စျေးအလှုပ်အခက်များတဲ့ GDP သတင်း ထွက်ဖို့ရှိပါတယ်။

ကမ္ဘာရွှေ အကျအားသာနေပေမယ့် 2500 စျေးတန်းအောက်ကို ဖောက်မဆင်းသေးပါ။ လက်ရှိစျေး - 2508 ကျန်စျေးကွက်လည်း အကျကြမ်းနေ ၇၀ ဝန်းကျင်

28.8.2024 ကမ္ဘာရွှေ အဖွင့်စျေး - 2524 ⬆ (စျေးအမြင့်နဲ့ စျေးဖွင့်လာ) ကမ္ဘာရွှေ ယခုတစ်ပတ်တာမှာ 2500 အောက်မဆင်းပဲ စျေးအတက်အားသာလျက်ရှိ စောင့်ကြည့်စျေးတန်း - 2531 2531 စျေးတန်းဖောက်တက်ရင် စျေးအတက်အားသာနိုင်ပါတယ်။ Resistance - 2531/2542/2550 Support - 2514/2504/2494

အဝယ်ကျွံ နှင့် အရောင်းကျွံ အလွန်အကျွံ ဝယ်ယူသူများလာတဲ့အခါ နဂိုမူရင်းတန်ဖိုးထက် ဈေးပိုကြီးလာတယ်... ဒီလိုဖြစ်လာခြင်းဟာ ကြောက်စိတ် အရင်းခံပြီး ဖြစ်လာလေ့ရှိတယ်... ဒီလို ကြောက်စိတ်တွေကို ကောလဟလ သတင်းတွေနှင့် ဖန်တီးလေ့ရှိတယ် (ဥပမာ - panic buying လို အလု အယက် ပြေးဝယ်တာမျိုး) မကြာခင် ဈေးပြန်ကျတော့မှာမို့ အဲ့လိုအခြေအနေမှာဆို မဝယ်သင့်ဘူး ဝယ်ထားပြီးသားဆိုရင်တောင် ထုတ်ရောင်းထားသင့်တယ်... (စျေးကွက်ပေါ်လိုက်ပြီး အကျိုးအမြတ်ခံစားသူတွေဆိုရင်..) ပစ္စည်းတစ်ခုမှာ သူ့ရဲ့အသုံးချမှုပေါ် မူတည်ပြီး နဂိုမူရင်းတန်ဖိုးဆိုတာ ရှိပါတယ်။ အသုံးပြုသူ များလာရင် တန်ဖိုး တက်လာလေ ဖြစ်ပြီး အသုံးပြုသူ နည်းလာလေ တန်ဖိုးကျလာလေပါ.. (ဥပမာ ကိုဗစ်ကာလတုန်းက စက်သုံးဆီဈေးလိုမျိုး ဈေးထိုးကျခဲ့စဉ် အလွန်အကျွံ ဈေးထိုးကျလာတဲ့အခါ သူ့ရဲ့တန်ဖိုးထက် အများကြီး သက်သာနေတာမို့ အဲ့လိုချိန်မှ ထုတ်မရောင်းသင့်ပါဘူး... ဈေးသက်သာနေတုန်း ဝယ်ထားရပါမယ်.. ဒီလိုသဘောတရားတွေက ဈေးကွက်တိုင်းမှာ ဖြစ်ပေါ်လေ့ရှိတယ်။ ဒီလိုဖြစ်ရခြင်းကလည်း လူတွေရဲ့ ကြောက်စိတ်၊ လောဘ တွေ အရင်းခံခြင်းကြောင့်ပါ။ ဒါကြောင့် စျေးအလှုပ်အခက်များနေ ကြမ်းနေချိန်မှာ ဘာမှ ဝင်မလုပ်ပဲ ငြိမ်နေလိုက်တာ အကောင်းဆုံးပါ။ ကြောက်စိတ် လောဘစိတ်တွေနှင့် အရောင်းအဝယ်မလုပ်မိပါစေနဲ့။ တခုက လက်ရှိ ပထဝီ အနေအထားတွေအရ ဘာမှ အတိအကျ ပြောဆို ခန့်မှန်းလို့မရပါ။ Market သဘောတရားကို နားမလည်ပဲ ဝင်ရောက် လှိုင်းစီရင်တော့ အထိနာပါမယ်။ အမြဲပြောခဲ့သလိုပဲ ရေရှည်အတွက်ဆိုရင် buy ပါပဲ.. ဘာတွေပြောပြော လူတစုကတော့... ကျရင်​ ရောင်းမယ်.. တက်ရင် ဝယ်မယ်.. ဆိုတာကတော့ ရှိနေဆဲပါပဲ...

မင်္ဂလာနံနက်ခင်းပါ။ ကောင်းမွန်သော နေ့တနေ့ဖြစ်ပါစေ။ 2500 စျေးတန်းအထက်မှာ စျေးအီနေတဲ့ ကမ္ဘာရွှေ ယနေ့ အဖွင့်စျေး 1Oz - 2517$ 2531 စျေးတန်းဖောက်တက်ခဲ့ရင် စျေးအတက် ဆက်လျက်အားသာနိုင်ပါတယ်။ စောင့်ကြည့်စျေးတန်းများ Resistance - 2531/2546/2560 Support - 2506/2495/2487

မင်္ဂလာနံနက်ခင်းပါ။ 26.8.2024 (Monday) ကမ္ဘာရွှေ အဖွင့်စျေး - 2511 လက်ရှိစျေး - 2515 စျေးအတက်အားသာလျက်ရှိပါတယ်။ Next strong Resistance Zone - 2530

ရွှေလုပ်တဲ့အယောက် ၁၀၀ မှာ ၉၀ ရာခိုင်နှုန်းခန့်က ရွှေရောင်း ရွှေ၀ယ်တာနဲ့ ပတ်သတ်ပြီး နားမလည်ကြပါဘူး။ နားမလည်သည့်အတွက် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်စေနိုင်ပါတယ် ။ ထို့ကြောင့် ရွှေနဲ့ ပတ်သတ်ပြီးအခြေခံဗဟုသုတလေး မျှဝေပေးလိုက်ပါတယ် . . . ရွှေဆိုသည်မှာ.......... - အခေါက်ရွှေ (သို့မဟုတ်) မီးလင်း - ၁၅ ပဲရည် (ဆယ့်ငါးပဲရည်) - ဒင်္ဂါးရည် (သို့) ၁၂ ရွေးစပ် - ၁၄ ပဲရည် (ဆယ့်လေးပဲရည်) - ရွေးသုံးဆယ်စပ် - မိုးကြိုး " ရွှေ " ကို ချိန်တွယ်ရာတွင် " ကျပ်သား " ပေါ် မူတည် စံပြု၍ ချိန်တွယ်သောကြောင့် ရွှေအချိန်အတွယ်တွင် " ကျပ်သား " ၊ " ပဲသား." ၊ " ရွေးသား " ဟူ၍ အဆင့်ဆင့် ပါရှိသည်။ အောက်ပါတို့မှာ ရန်ကုန် အလေးချိန်ဖြစ်ပါသည် ။ တစ်ကျပ်သား = ၁၆ ပဲ = ရွေး ၁၂၈ ငါးမူးသား = ၈ပဲ = ရွေး ၆၄ တစ်မတ်သား = ၄ပဲ = ရွေး ၃၂ တမူးသား = ၂ပဲ = ရွေး ၁၆ တစ်ပဲသား = ရွေး ၈ အောက်ပါတို့မှာ မန္တလေး အလေးချိန် ဖြစ်ပါသည် ။ တစ်ကျပ်သား = ၁၆ ပဲ =ရွေး ၁၂၀ ငါးမူးသား = ၈ပဲ(ရှစ်ပဲ) = ရွေး ၆၀ တစ်မတ်သား = ၄ပဲ = ရွေး ၃၀ တစ်မူးသား = ၂ပဲ = ၁၅ ရွေး တစ်ပဲသား = ၇.၅ ရွေး ။ ရွှေ၏ အရည်အသွေးနှင့် အခေါ်ဝေါ်ဖြစ်ပေါ်ပုံ ...... မီးလင်း နှင့် အခေါက်သည် အတူတူ ခေါ်ဝေါ်ပုံသာကွဲသည် ရွှေစျေး အသုံးအနှုန်းကို အခေါက်ရွှေနှင့်သာ အရောင်းအ၀ယ်လုပ်သူများ အသုံးပြုပြောကြားကြသည်။ အခေါက်ရွှေဆိုသည်မှာ ၉၉.၉၉ ရာခိုင်နှုန်းဒြပ်စင်ဖြစ်သည်။ ၁၅ ပဲရည်ဆိုသည်မှာ အခေါက်ရွှေ ၁၅ပဲသားနှင့် ကြေးနီ+ဘော် အချိုးကျ ၁ဲ(တစ်ပဲ) သားနှင့်ရောစပ်ပြီး တစ်ကျပ်သားပြုလုပ်ထားတာဖြစ်သည်။ ဒင်္ဂါးရည် (သို့) ၁၂ ရွေးစပ်ဆိုသည်မှာလည်း အခေါက်ရွှေ ၁၀၈ ရွေးကို ကြေးနီ+ဘော် ၁၂ရွေး အချိုးကျ ရောစပ်ထားတာဖြစ်သည်။ ၁၄ ပဲရည် ဆိုသည်မှာလည်း ထိုနည်း၎င်း အခေါက်ရွှေ ၁၄ပဲ သားကို ကြေးနီနှင့် ဘော်အချိုးကျ ၂ပဲသား ရောစပ်ထားခြင်းပဲဖြစ်ပါသည်။ ရွေးသုံးဆယ်စပ် ဆိုတာကတော့ အခေါက်ရွှေ သုံးမတ်သား ရွေး (သို့) ၁၂ပဲသားကို ကြေးနီ+ဘော်အချိုးကျ ၁ မတ်သားရောစပ်၍ တစ်ကျပ်သားဖြစ်အောင် ပြုလုပ်ထားတာဖြစ်သည်။ မိုးကြိုး- ဆိုသည်မှာတော့ အခေါက်ရွှေ တစ်မတ်သား (၄ပဲ)ကို ကြေးနီ+ဘော် အချိုးကျ သုံးမတ်သား(၁၂ပဲ)သား ရောစပ်၍ တစ်ကျပ်သားဖြစ်အောင်ပြုလုပ် ထားတာဖြစ်တယ်။ အခေါက်ရွှေ ပျော့တယ် ကြေးနီနှင့်ဘော် ပါ၀င်နှုန်းများလာလေ ရွှေဟာ အရည်ညံ့လေ မာလာလေဖြစ်ပါတယ်။ အခေါက်ရွှေကို မီးနဲ့ နီရဲးလာအောင် အပူပေး ရေထဲသို့ ချလျှင်သော်၎င်း ဒီအတိုင်းပဲ အအေးခံလျှင်သော်၎င်း အဝါရောင်အတိုင်း မပြောင်းလဲပဲမြင်တွေ့ရပါလိမ့်မယ်။ ရွှေထည်များ၀ယ်ယူ ၀တ်ဆင်ပြီးပါက ပြန်လည်ရောင်းချသောအခါ ဘောက်ချာ ပျောက်လျှင်သော်၎င်း မိမိ၀ယ်ယူသည့် ဆိုင်မဟုတ်ပဲ တစ်ခြားဆိုင်သို့ ရောင်လျှင်သော်၎င်း စျေးအနှိမ်ခံရပါတယ်။ အဲ့ဒါက ဘာဖြစ်လို့လဲဆိုတော့ ရွှေထည်တစ်ခု လုပ်တော့မယ်ဆိုရင် ဂဟေဆော်ရတယ်။ အဲ့ဒီဂဟေဆော်ဖို့က အထည်လုပ်မည့်ရွှေ အမျိုးအစား ၂ ဆကို ကြေးနီနှင့်ဘော် ဆတူ၀န်းကျင် ရောစပ်ထားတဲ့ စပ်ခဲ ၁ဆနဲ့ ရောရတယ်။ ရွှေထည် တစ်ကျပ်သားဆိုပါက စပ်ခဲ ၁ ရွေးမှစ၍ ၅ ရွေး ၆ ရွေးအထိ၀င်ပါတယ်။ တစ်ခါတစ်ရံ တစ်ပဲ၀န်းကျင်သာ အတင်ချိန်ရှိတဲ့ နားကပ် လက်စွပ် တစ်ခုခုပြုလုပ်ပါကလဲ စပ်ခဲ ၁ရွေး ၂ ရွေးအထိ ၀င်ပါတယ်။ နားကပ်တစ်ရံဆိုပါစို့ ရွှေချိန်က ၁ဲ သားပဲရှိတယ် စပ်ခဲက ၂ရွေးလောက်၀င်နေတယ်။ ရွှေက ၅ ရွေးခွဲပဲကျန်တော့တယ်။ ဆိုင်က.ကိုယ်၀ယ်ခဲ့တော့ ၁ပဲဖိုးပေးခဲ့ရတယ်။ တစ်ကယ်တမ်း ရွှေပါတာက ၁ပဲ မပြည့်ဘူး။ အလျှော့တွက်လက်ခက ၁ ကျပ်သားကို ၃ ရွေးလောက်ပေးရတယ် ။ ကိုယ်၀ယ်မယ်ဆိုရင် အတင်ချိန်+အလျှော့တွက်လက်ခ ၁၀.၅ ရွေးဖိုးပေးခဲ့ရတယ်။ တစ်ကယ်တမ်း အဲ့ဒီအထည်မှာပါတဲ့ ရွှေက ၅ ရွေးခွဲလောက်ပါတယ်။ ဒါကို မိမိ၀ယ်ယူတဲ့ဆိုင်မှာ ပြန်ရောင်းမယ်ဆိုရင် ပြဿနာမရှိဘူး ရွှေချိန် ၁ပဲကိုလဲ ၁ပဲ ဖိုးပြန်ပေးတယ်။ အလျှော့တွက်လက်ခ ၃ ရွေးယူထားတာကိုလဲ အထည်မပျက်စီးသေးဘူးဆိုရင် တစ်၀က်ဖိုးပြန်ပေးတယ်။ အဲ့ဒါကြောင့် မိမိ၀ယ်ယူတဲ့ဆိုင်ကို ပြန်ရောင်းမယ်ဆိုရင် အလျှော့တွက် တစ်၀က်လောက်ပဲရှုံးတယ် ။ အခြားဆိုင်မှာ သွားရောင်းမယ်ဆိုပါက သူတို့လုပ်ထားတဲ့ အထည်မဟုတ်တဲ့အတွက် လက်ရှိအထည်မှာပါတဲ့ ရွှေတန်ဖိုးကိုပဲ တွက်၀ယ်မှာဖြစ်ပါတယ်။ ရွှေပါ၀င်တာက ၅ ရွေးခွဲလောက်ပဲရှိမယ်ဆိုရင် သူတို့အတွက် အမြတ်က တစ်ခြမ်းလောက်ချန်လိုက်မယ်(တစ်ရွေး၏တစ်၀က်) ရောင်းတဲ့လူမှာ ၅ ရွေးဖိုးပဲပြန်ရတော့မယ်။ ၀ယ်တုန်းက ဆယ်ရွေးနဲ့ တစ်ခြမ်းရှိတယ် ငါးရွေးခွဲလောက် ရှုံးသွားမယ်။ ရွှေထည်များ၀ယ်ယူမည် ဆိုပါက ထိုကဲ့သို့ ရှိပါသည်။ တစ်ကယ်လို့ ပိုက်ဆံပျောက်ပျက်သွားမှာစိုးလို့ ရွှေ၀ယ်ထားချင်တယ်ဆိုရင် အကယ်ဒမီ မီးလင်း အခေါက် အခဲလိုက်၀ယ်ထားတာက အဆင်အပြေဆုံးပါ။ မူရင်း ရေးသားသူကို လေးစားစွာ​ဖြင့် ကူးယူဖော်ပြအပ်ပါသည်။

ကမ္ဘာ့ရွှေ ဒီအပတ်မှာလည်း 2500 ဈေးတန်းအထက်မှာ ဈေးပိတ်ခဲ့ပါတယ်။ တစ်ပတ်တာ အပိတ်စျေး - 2511 ⬆ ကမ္ဘာရွှေ စျေးကွက်ကို သင်တန်းတက်၍ လေ့လာနိုင်ပါတယ်။(Online Zoom) ဖြင့် တဦးချင်း သင်ကြားပေးပါတယ်။ 09-794954303

မင်္ဂလာနံနက်ခင်းပါ။ 23.8.2024 (Friday) ကမ္ဘာရွှေ အဖွင့်စျေး - 2484 လက်ရှိစျေး - 2490 စောင့်ကြည့်စျေးတန်းများ Resistance - 2500/2509/2520 Support - 2470/2460/2450 သောကြာနေ့မို့ စျေးအလှုပ်အခက်ကြမ်းနိုင်ပါတယ်။ ည ၈ နာရီခွဲအချိန်မှာ New home sales သတင်းနှင့် Fed Powell Speaks ရှိပါတယ်။

မင်္ဂလာနံနက်ခင်းပါ။ 22.8.2024 (Thursday) 2500 အထက်မှာ ရှိနေတဲ့ ကမ္ဘာရွှေ ယနေ့ အဖွင့်စျေး - 2512 စောင့်ကြည့်စျေးတန်း - 2531 2531 စျေးတန်းဖောက်တက်ပါက စျေးအတက် ဆက်လျက်အားသာမည်။ Resistance - 2531/2542/2550 Support - 2503/2494/2486

မင်္ဂလာနံနက်ခင်းပါ။ 21.8.2024 အတက်အားသာနေတဲ့ ကမ္ဘာရွှေ အဖွင့်စျေး ၁ အောင်စ - 2513 ဗဟိုဘဏ်တွေ ရွှေအဝယ်တိုးမှု စံချိန်တင်ခဲ့သလို၊ ကမ္ဘာ့ရွှေစျေးလည်း စံချိန်သစ်ဖြင့် အမြင့်ဆုံးစျေးတန်းသစ်တွေ ထပ်မံရောက်ရှိ ကမ္ဘာနိုင်ငံအရပ်ရပ်က ဗဟိုဘဏ်တွေက ရွှေအရန်ထားမှုကို အရှိန်တိုးမြင့်လာကြပါတယ်။ ကမ္ဘာပထဝီနိုင်ငံရေး အခြေအနေ တင်းမာမှုတွေနှင့် ရီဆက်ရှင်း အလားအလာ စိုးရိမ်ပူပန်မှုတွေကြောင့်လည်း ကမ္ဘာရွှေ အဝယ်တိုးဖို့ တွန်းအား အဖြစ် ရှိနေတာ ဖြစ်ပါတယ်။ မနေ့က စံချိန်တင် စျေးတန်း 2531 ထိ စျေးအတက်ရှိထားခဲ့ပါတယ်။ လာမည့် ၁၂ လတာ ကာလမှာလည်း ကမ္ဘာ ဗဟိုဘဏ်တွေ အားလုံးရဲ့ 29% က ရွှေအဝယ်တိုးမှု ထပ်မံ မြင့်တက်မယ်လို့ စစ်တမ်းတွေက ဆိုထားပါတယ်။ ကမ္ဘာရွှေ ကို အဝယ်ဦးစားပေးပါ။ စျေးကျတိုင်း အဝယ်ဖြင့် အကျိုးအမြတ် ရှာပါ။ ကမ္ဘာရွှေ အရောင်းအဝယ်က ကိုယ်နိုင်သလောက် ရင်းနှီးငွေ ပမာဏနှင့် ကိုယ်ရှာချင်တဲ့ အမြတ်ငွေကို တွက်ဆပြီး အရောင်းအဝယ် လုပ်နိုင်တာပဲ ဖြစ်ပါတယ်။ ကမ္ဘာရွှေ စျေးကွက်ကို ဝင်ရောက် လေ့လာလိုပါက 09-794954303 ဆက်သွယ်မေးမြန်း နိုင်ပါတယ်။

2510 ဖောက်တက်ကာ အတက် အတက်အားကြမ်းကြမ်းနဲ့ စျေးထိုးတက်နေပါတယ်။ လက်ရှိစျေး - 2523 အရောင်းမဝင်ပါသေးနဲ့။

မင်္ဂလာနံနက်ခင်းပါ။ 20.8.2024 ကမ္ဘာရွှေ အဖွင့်စျေး - 2503 ⬆ 2510 စျေးတန်းဖောက်တက်ရင် စျေး အတက် ဆက်လျက်အားသာနိုင်ပါတယ်။ မဖောက်နိုင်သေးရင် စျေးအကျလာနိုင်ပါတယ်။ ကမ္ဘာ ရေနံစိမ်း ၁စည် - 74.9 ⬇

မင်္ဂလာနံနက်ခင်းပါ။ 19.8.2024 (Monday) ကမ္ဘာရွှေ အဖွင့်စျေး ၁ အောင်စ - 2507 လက်ရှိစျေး - 2502 စျေးကွက်က Uptrend မို့ တစ်ပတ်တာအရ စျေးအတက်အားရှိနေပါတယ်။ သောကြာနေ့က ထိုးတက်ထားတဲ့အရှိန်ကြောင့် စျေးအကျလာနိုင်ပါသေးတယ်။ အရောင်းအဝယ်များကို Money Management ပြုလုပ်ပါ။

မင်္ဂလာနံနက်ခင်းပါ။ 17.8.2024 ကမ္ဘာရွှေစျေး စံချိန်တင် စျေးတက်ကာ အမြင့်ဆုံးစျေး 2507 စျေးတန်းဖြင့် တစ်ပတ်တာ စျေးပိတ်ထားပါတယ်...