en
Feedback
တောင်ပေါ်သား ရှမ်းကိုးမီး

တောင်ပေါ်သား ရှမ်းကိုးမီး

Open in Telegram

တောင်ပေါ်သား ရှမ်းကိုးမီး ၊ Shan Koe Mee ၊ ဘူကြီး ၊ m9 asia

Show more

📈 Analytical overview of Telegram channel တောင်ပေါ်သား ရှမ်းကိုးမီး

Channel တောင်ပေါ်သား ရှမ်းကိုးမီး (@skm_code4) in the Burmese language segment is an active participant. Currently, the community unites 25 227 subscribers, ranking 12 759 in the Movies category and 5 743 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 25 227 subscribers.

According to the latest data from 01 March, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -1 144 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
တောင်ပေါ်သား ရှမ်းကိုးမီး ၊ Shan Koe Mee ၊ ဘူကြီး ၊ m9 asia

Thanks to the high frequency of updates (latest data received on 02 March, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Movies category.

25 227
Subscribers
No data24 hours
-3887 days
-1 14430 days
Posts Archive
Maidaan (2024) "ပြိုင်ပွဲ" IMDb - 8.4/10 တို့တစ်ရွာလုံးကတော့ အဂျေးဆိုတဲ့ ကျွန်တော့်လိုလူတွေအတွက် သိပ်မကြာသေးခင်ကမှ Shaitaan (
Maidaan (2024) "ပြိုင်ပွဲ" IMDb - 8.4/10 တို့တစ်ရွာလုံးကတော့ အဂျေးဆိုတဲ့ ကျွန်တော့်လိုလူတွေအတွက် သိပ်မကြာသေးခင်ကမှ Shaitaan (2024)ရုံတင်ကားကြီးကို တင်ဆက်ပေးပြီးတဲ့နောက် အဂျေးရဲ့ ရှားရှားပါးပါး အားကစားရုပ်ရှင်ကားကြီး ရုတ်တရက်ထွက်ရှိလာတဲ့အတွက် အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ်။ အားကစားရုပ်ရှင်ဖြစ်တဲ့အလျောက် ရုပ်ရှင်ကားကြီးတိုင်း ရုံတင်ငွေအများကြီးမရခဲ့ပေမဲ့ အားကစားရုပ်ရှင်တို့ထုံးစံအတိုင်း ရသတမျိုးမျိုးကတော့ ခံစားစေရမှာ အမှန်ဖြစ်ပြီး ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးထောပနာပြုမှုကို ရရှိခဲ့ပါတယ်။ ၁၉၅၀ခုနှစ်ကနေ သေဆုံးချိန်အထိ အိန္ဒိယနိုင်ငံ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ နည်းပြနဲ့မန်နေဂျာဖြစ်တဲ့ Rahim Saabအကြောင်းကို အခြေခံရိုက်ကူးထားပါတယ်။ ခေတ်ကာလအလျောက် နိုင်ငံတော်ကနေ နိုင်ငံ့လက်ရွေးစင်ဘောလုံးအသင်းအပေါ် ထောက်ပံ့မှုအားနည်းပုံတွေ၊ နိုင်ငံ့လက်ရွေးစင်အသင်းတစ်သင်းရှုံးနိမ့်ပြီဆို ဘောလုံးအသင်းချုပ်ဘုတ်အဖွဲ့ဝင်တွေရဲ့ နည်းပြအပေါ် လွှဲချမှုတွေ၊ လူမျိုးရေးပဋိပက္ခတွေ၊နောက်ပြီး အဓိကဇာတ်လိုက်ဖြစ်တဲ့ နည်းပြတစ်ယောက်ရဲ့ အသင်းပေါ်ထားတဲ့စိတ်ဓာတ်နဲ့ ရင်ဆိုင်ရတဲ့ အမျိုးမျိုးသောဖြစ်ရပ်တွေအပြင် ကွင်းတွင်းကွင်းပြင်ဖြစ်ရပ်တွေကို သေချာရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။ 720p https://t.me/zwtindia720p/2299 1080p https://t.me/zwtindia1080p/452

Crew (2024) "မဒီသုံးဖော်" IMDb - 6.4/10 တဘူး၊ ကရီးနား၊ ကရီတီးဆိုတဲ့ အသီးသီးတောက်ပခဲ့ကြပြီး တောက်ပနေတုန်းဖြစ်တဲ့ အိန္ဒိယရဲ့စတာ
Crew (2024) "မဒီသုံးဖော်" IMDb - 6.4/10 တဘူး၊ ကရီးနား၊ ကရီတီးဆိုတဲ့ အသီးသီးတောက်ပခဲ့ကြပြီး တောက်ပနေတုန်းဖြစ်တဲ့ အိန္ဒိယရဲ့စတားမင်းသမီး သုံးယောက်တွဲထားတဲ့ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ The Great Indian Kapil Showရဲ့ အစီအစဉ်မှူး ကာပီလ်နဲ့ နာမည်ကျော်ပန်ချာပီအဆိုတော်သရုပ်ဆောင် ဒေလ်ဂျိဒိုဆန်တို့လည်း ပါဝင်အားဖြည့်ထားပါသေးတယ်။ ရုံတင်ငွေ ၁၅၆ ကုဋေရထားပြီး ပေါ့ပေါးပါးပါး ကြည့်ရမယ့် ရွှေခိုးသယ်တဲ့ ဟာသရုပ်ရှင်လေးပါ။ အိပ်မက်ကိုယ်စီနဲ့ လေယာဥ်မယ်သုံးယောက်၊ ဝါသနာအလုပ်ကို လုပ်နေရပေမယ့် လေကြောင်းလိုင်းက လစာမပေးတော့တာ ခြောက်လကြာသွားတယ်။ လေကြောင်းလိုင်း ဒေဝါလီခံလိုက်ရတာ သိလိုက်ရတော့ စည်းမျဥ်းတွေကို စွန့်ပယ်ပြီး ဖြတ်လမ်းလိုက်ဖို့ လေဒီသုံးယောက်သား ရွေးချယ်လိုက်ရတဲ့အခါမှာ ရွှေခိုးသယ်နေကျ သူတို့ HR ဆရာကြီးရဲ့ လျှို့ဝှက်ချက်ကို အသုံးချပြီး သူတို့သုံးယောက်ကို တာဝန်ပေးဖို့ အပေးအယူလုပ်ကာ ဘယ်သို့ဘယ်ပုံ ဆက်ပြီး စွန့်စားခန်းထွက်ကြပုံကို ... ဒီရုပ်ရှင်ထဲမှာ ကြည့်ရှုခံစားကြရမှာပါ။ 720p https://t.me/zwtindia720p/2297 1080p https://t.me/zwtindia1080p/450

အပိုင်စား ရုပ်ရှင်ဇာတ်ကားကြီး Official trailer https://www.facebook.com/share/v/5PqG4EWTbm1vdXiG/?mibextid=oFDknk
အပိုင်စား ရုပ်ရှင်ဇာတ်ကားကြီး Official trailer https://www.facebook.com/share/v/5PqG4EWTbm1vdXiG/?mibextid=oFDknk

The Fall Guy(2024) ============ Action , Comedy , Drama IMDB 7.3/10 ကနေဒါ အောင်ရဲလင်း Ryan Gosling ရဲ့ အက်ရှင် ဇာတ်မြူး ရုပ်ရ
+1
The Fall Guy(2024) ============ Action , Comedy , Drama IMDB 7.3/10 ကနေဒါ အောင်ရဲလင်း Ryan Gosling ရဲ့ အက်ရှင် ဇာတ်မြူး ရုပ်ရှင်ကားသစ်ပါ Ryan Gosling ရဲ့ ဘာဘီ Kenn လို Aactive ဖြစ်တဲ့ ဇာတ်ရုပ်ကို ပြန်မြင်ရမှာဖြစ်ပြီး Ryan Gosling , Emily Blunt , Aaron Taylor တို့လို ဟောလီးဝုဒ်ရဲ့ နာမည်ကြီး A list သရုပ်ဆောင်တွေကြည့် ပါဝင်ထားတဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက် ဘာမှမစဉ်းစားဘဲ ပြေးကြည့်လိုက်ပါတော့.. ဇာတ်လမ်းအညွန်းက ဟော်လီးဝုဒ်ရဲ့ အက်ရှင်စတား တွမ်ခရုစ်ကို မှီညှမ်းထားတဲ့ တွမ်ရိုက်ဒါဟာ နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ကို့ထ်ဆီဗာ တစ်ဖြစ်လဲ Ryan Gosling ကသူ့ရဲ့ အားအကိုးရဆုံး စတန့်သမားပေါ့.. ကင်မရာကိုင်တဲ့ ဂျိုဒီနဲ့ ကို့ထ်ဆီဗာတို့က ချစ်သူတွေဖြစ်ပြီး တစ်နေ့ ကို့ထ်ရဲ့ရိုက်ကွင်းမတော်တဆ ပြုတ်ကျမှုကြောင့် ခါးရိုးကျိုးသွားပြီး တစ်နှစ်လောက်နားလိုက်ရပါတယ်... သူ့ရဲ့စတန့်မင်းသားဘဝကနေပါ ဇာတ်မြှုပ်သွားပြီး တစ်နှစ်အကြာမှာ.. ရည်းစားဟောင်း ဂျိုဒီဟာ ဟော်လီးဝုဒ်ရဲ့ နာမည်ကြီး ရုပ်ရှင်ကားကြီးကို ဖန်တီးနေချိန် သူပြန်ပါဝင်ဖို့ အကြောင်း ဖန်လာပါတော့တယ်... ဒါပေမယ့် မင်းသား တွမ်ရိုက်ဒါက ရိုက်ကွင်းကနေ ပျောက်ဆုံးသွားတဲ့အတွက် တွမ်နဲ့သူငယ်ချင်းလို ရင်းနှီးတဲ့ ကို့ထ်ကို မင်းသားရှာပုံတော်လွှတ်လိုက်ရင်းနဲ့ နောက်ကွယ်က အရှုပ်တော်ပုံတွေ အက်ရှင်ခန်းကြမ်းကြမ်းတွေနဲ့ ဖန်တီးထားတဲ့ ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် လက်မလွှတ်တမ်းစောင့်ကြည့်သင့်ပါတယ်... 720p https://t.me/zwthollywood720p/2102 1080p https://t.me/zwthollywood1080p/468

Ghostbusters: Afterlife (2021) ၂၀၁၆ က Ghostbusters ရဲ့ Remake မဟုတ်ပါဘူး။ နောက်ဆက်တွဲ အနေနဲ့ ထွက်တာပါ။ သရဲဖမ်းသမားတွေရဲ့ မြေး
Ghostbusters: Afterlife (2021) ၂၀၁၆ က Ghostbusters ရဲ့ Remake မဟုတ်ပါဘူး။ နောက်ဆက်တွဲ အနေနဲ့ ထွက်တာပါ။ သရဲဖမ်းသမားတွေရဲ့ မြေးတွေ မျိုးဆက်သစ်တွေကို တွေ့ရမှာဖြစ်သလို သရဲဖမ်းသမားဟောင်းကြီးတွေကိုလည်း ဧည့်သည်အဖြစ် တွေ့ရဦးမှာပါ။ သရဲဖမ်းသမားတွေကို လူတိုင်းရင်းနှီးကြမှာပါ။ သိပ္ပံနည်းလမ်းတွေနဲ့ ပရိုတွန် သေနတ်တွေ ထောင်ချောက်တွေနဲ့ သရဲတွေကို နှိမ်နင်းကြတဲ့သူတွေပေါ့။ ဒီဇာတ်လမ်းမှတော့ မူရင်း သရဲဖမ်းသမားတွေလည်း အငြိမ်းစားယူ၊ သရဲတွေလည်း ပေါ်မလာတော့တာ နှစ် ၃၀ လောက်ရှိပါပြီ။ သူတို့မြေးတွေ လက်ထက်ကျမှ သရဲအကြမ်းကြီးတွေ ပေါ်လာလို့ သူတို့အဘိုးတွေရဲ့ လက်နက်တွေနဲ့ ပြန်တိုက်ခိုက်ရတဲ့ ဇာတ်လမ်းပါ။ ဂန္ဓဝင်ကားတွေကို ဆက်ရိုက်ရင် fail တာများနေတဲ့ ခေတ်ထဲမှာ Rating 7.6 အထိရောက်လာတဲ့ ကျေနပ်လောက်စရာ နောက်ဆက်တွဲရုပ်ရှင်လေးပါပဲ။ ခံစားကြည့်လိုက်ပါဦး။ 720p https://t.me/zwthollywood720p/2099 1080p https://t.me/zwthollywood1080p/465

Ghostbusters (2016) Extended Cut Version IMDb (6.8) / Rotten Tomatoes (74%) 2016 ထွက်မယ့် ရုပ်ရှင်တွေထဲမှာ ကြည့်ချင်နေပေမယ့်
Ghostbusters (2016) Extended Cut Version IMDb (6.8) / Rotten Tomatoes (74%) 2016 ထွက်မယ့် ရုပ်ရှင်တွေထဲမှာ ကြည့်ချင်နေပေမယ့် သိပ်တော့မျှော်လင့်မထားတဲ့ ရုပ်ရှင်တစ်ခုရှိပါတယ်။ အဲဒါကတော့ Ghostbusters ပါပဲ။ တစ္ဆေဖမ်းသူများပေါ့။ မနေ့က ထွက်လာတော့ ကြည့်လိုက်မိတဲ့အချိန်မှာ နည်းနည်းတော့ အံ့အားသင့်သွားမိတယ်။ ဇာတ်လမ်း အဖွင့် အလည် အဆုံးက ကျေနပ်စရာလေး ဖြစ်နေလို့ပါပဲ။ အဖွင့်မှာ နိဒါန်းပျိုးသွားပုံလှတယ် သူတို့ အဖွဲ့ကို အလည်မှာ တည်ဆောက်သွားတာ အသက်ဝင်တယ် အဆုံးမှာ ကျေနပ်စရာ တိုက်ခိုက်မှုတွေနဲ့ ဇာတ်သိမ်းရလိုက်တယ်လို့ ပြောရမယ်ထင်ပါတယ်။ ဒါ့အပြင် Thor  သရုပ်ဆောင်ကြီး Chris Hemsworth ကလဲ ဒီကားမှာ သူ့ကိုတွေ့တိုင်းရယ်နေရအောင် ကောင်းကောင်းအစွမ်းပြသွားတယ်။ ငယ်ငယ်က တစ္ဆေသရဲနဲ့ ပတ်သတ်တာတွေကို ယုံကြည်ပြီး စာအုပ်တစ်အုပ်တောင် အတူရေးခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်း ၂ ယောက် အယ်ရင် နဲ့ အက်ဘီ။ အယ်ရင်ဟာ စာအုပ်ကို ဖျက်စီးခဲ့ပြီး တက္ကသိုလ်တစ်ခုမှာ သိပ္ပံပညာရှင်ဘဝကို ခံယူသွားခဲ့တယ်။ ဒါပေမယ့် အဲဒီစာအုပ် အွန်လိုင်းမှာ ပျံ့နှံ့လာပြီး သူ့တက်လမ်းကို ထိခိုက်တော့မယ့် အချိန်မှာ စာအုပ်ကို ရောင်းချနေတဲ့ သူ့သူငယ်ချင်းဟောင်းကြီးကို ပြန်လာတားပါတော့တယ်။ တားရင်းနဲ့ပဲ သူတို့ရဲ့ စိတ်ကူးထဲကအရာတွေ တကယ် အပြင်မှာ ကြုံတွေ့လာရပြီး တခြား အဖွဲ့ဝင် ၂ ယောက်နဲ့ အတူ Ghostbusters အဖွဲ့ကို ဖွဲ့လိုက်ပြီး ကြောင်တောင်တောင် ဧည့်ကြို ကယ်ဗင်ကိုခန့်ထားရင်း တစ္ဆေပြဿနာတွေနောက်ကို လိုက်ပါတော့တယ်။ ဒါပေမယ့် သူတို့တွေ သာမာန်ခြောက်လှန့်မှုမဟုတ်ပဲ လူသားအားလုံးကို ထိခိုက်စေမယ့် ပြဿနာ အကြီးကြီးရဲ့ အစကို ဖော်မိလိုက်ချိန်မှာတော့…….။ Extended Cut Version နဲ့တင်ဆက်ထားတာမလို့ ရုံတင်တုန်းက မပါခဲ့တဲ့ Scene တွေအများကြီးကို တခွီခွီကြည့်ရှုရမှာပါ။ 720p https://t.me/zwthollywood720p/2096 1080p https://t.me/zwthollywood1080p/463

Romeo Akbar Walter (2019) Web-dl 1080p ဒီကားကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘယ်လိုမျိုး ဖြစ်တည်လာလဲဆိုတာ အဖြစ်မှန်ကိုအခြေခံရိုက်ကူ
Romeo Akbar Walter (2019) Web-dl 1080p ဒီကားကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘယ်လိုမျိုး ဖြစ်တည်လာလဲဆိုတာ အဖြစ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အရင်တုန်းက ပါကစ္စတန်နိုင်ငံမှာ အရှေ့ပိုင်းပါကစ္စတန်နဲ့ အနောက်ပိုင်းပါကစ္စတ်ဆိုပြီး နိုင်ငံကြား ကွဲလွဲမှုတွေဖြစ်နေစဉ်မှာ အရှေ့ပိုင်းပါကစ္စတန်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အစိုးရကနေပြီး မတရားဖိနှိပ်အုပ်ချူပ်ခဲ့ပါတယ် ဒါကိုမကျေနပ်တဲ့ပြည်သူတွေဟာ လွတ်လပ်ခွင့်ကိုတောင်းဆိုလာကြပါတယ် အိန္ဒိယနိုင်ငံအစိုးရကနေလည်း ဘင်္ဂလားဒေ့ရှ်အတွက် လွတ်လပ်ရေးဘက်မှာ ရပ်တည်ခဲ့ပါတယ် ဒီအခြေအနေအတွက် စစ်ဆင်ရေးတစ်ခုလုပ်ဖို့ ရိုမီယိုအာလီလို့ခေါ်တဲ့ သာမန်အရပ်သားတစ်ဦး စပိုင်လုပ်ဖို့ဖြစ်လာချိန်မှာ ဘယ်လိုမျိုးလုပ်ဆောင်သွားမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ် https://t.me/zwtindia1080p/447

Real (2017) Blu-ray 1080p အခုတခေါက်ကတော့ မူးယစ်ဆေးသုံးစွဲသူတွေအကြောင်း စိတ္တဇဆန်ဆန်ရိုက်ထားထားတဲ့ကိုရီးယားဇာတ်ကားကောင်းလေးပါ.
Real (2017) Blu-ray 1080p အခုတခေါက်ကတော့ မူးယစ်ဆေးသုံးစွဲသူတွေအကြောင်း စိတ္တဇဆန်ဆန်ရိုက်ထားထားတဲ့ကိုရီးယားဇာတ်ကားကောင်းလေးပါ.... ဇာတ်လမ်းအညွှန်း ဂန်ထယ်ယောင်းလို့ခေါ်တဲ့ကောင်လေးဟာ အိပ်မပျော်တဲ့ရောဂါကိုခံစားနေရတဲ့ ခပ်မိုက်မိုက်လူငယ်ကောင်လေးတစ်ယောက်...လူတစ်ကိုယ် စိတ်နှစ်ခုပေါင်းစပ်နေတဲ့ ထူးခြားဖြစ်စဥ်ခံစားနေရတဲ့သူတစ်ယောက်ပေါ့ .... လွန်ခဲ့တဲ့သုံးနှစ်က မူးယစ်ဆေးအမှုကိုစုံးစမ်းရင်း  အလွတ်တန်းဂျာနယ်လစ်သတင်းထောက်တစ်ယောက်ဟာ မူးယစ်ဆေးစွဲသူဖြစ်သွားပြီး သေဆုံးသွားခဲ့တာလား မသေဆုံးပဲဂန်ထယ်ယောင်အဖြစ်ဟန်ဆောင်ပြီး အမှုမှန်ပေါ်အောင်လုပ်ဆောင်နေတာလား ဘယ်သူကအစစ်မှန်လဲဆိုတာကို ပဟေဠိရှာရင်း ကြည့်ရှုကြရအောင်နော်...18+ အခန်းတွေပါတာမလို့ မိသားစုနဲ့အတူမကြည့်သင့်ပါ https://t.me/channelmyanmarkorea/574

Blink (2024) Web-dl 1080p ဘောလီးဝုဒ် အချိန်ခရီးသွားကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ အာပူရ်ဗာဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ပြဇာတ်မှာအချိန်
Blink (2024) Web-dl 1080p ဘောလီးဝုဒ် အချိန်ခရီးသွားကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ အာပူရ်ဗာဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ပြဇာတ်မှာအချိန်ပိုင်းလုပ်ရင်း ချစ်ရသူနဲ့လည်း စိုပြေမှာအိုကေနေခဲ့ပါတယ်၊ တစ်ရက် အာပူရ်ဗာတစ်ယောက် နားနေခန်းထဲနားနေရင်း အဘိုးကြီးတစ်ယောက်ဟာ အာပူရ်ဗာဆီရောက်လာပြီး သေသွားတဲ့သူ့အဖေဟာ ရှင်နေသေးမှန်းလာပြောတယ်။ အာပူရ်ဗာ မယုံကြည်နိုင်ဖြစ်ပြီး ကိစ္စတွေကို မေ့ထားဖို့လုပ်နေခဲ့ပေမဲ့ အဲ့ပဘိုးကြီးဟာ အာပူရ်ဗာနောက်ကိုအမြဲလိုက်​နေတာကြေင့် အာပူရ်ဗာကိုခေါင်းစားစေခဲ့ပါတယ်၊ ဘာလို့ အဘိုးကြီးက အာပူရ်ဗာနောက်ကိုလိုက်နေတာလဲ၊ အာပူရ်ဗာနဲ့ဘယ်လိုပတ်သက်နေလဲ၊ အာပူရ်ဗာနောက်ပိုင်းဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ဒီဇာတ်ကားလေးမှာကြည့်ရှုလိုက်ပါ။ https://t.me/zwtindia1080p/445

Hello Ghost (2010) Web-dl 1080p ဆန်းမန်လို့ခေါ်တဲ့သူဟာ ငယ်ငယ်လေးကတည်းက မိဘမဲ့ တစ်ယောက်တည်းသမားဖြစ်ပြီး ဘဝမှာ အထီးကျန်နေတဲ့သူပ
Hello Ghost (2010) Web-dl 1080p ဆန်းမန်လို့ခေါ်တဲ့သူဟာ ငယ်ငယ်လေးကတည်းက မိဘမဲ့ တစ်ယောက်တည်းသမားဖြစ်ပြီး ဘဝမှာ အထီးကျန်နေတဲ့သူပါ။ ဒီလိုနဲ့ အဆင်မပြေတာတွေများလာတဲ့‌တစ်နေ့ကျ ကိုယ့်ဘဝကိုအဆုံးသတ်လိုက်ဖို့ ကြိုးစားပါတော့‌တယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ မအောင်မြင်ဘဲနဲ့ သူက ဘေးနားမှာရှိတဲ့ နာနာဘာဝတွေကို မြင်နိုင်တဲ့အစွမ်းလိုမျိုး ရသွားပါတော့တယ်။ ဆေးရုံမှာ ပြန်သတိလည်လာပြီးကတည်းက သူ့ဘေးမှာ သရဲလေးယောက်ကပ်လိုက်နေခဲ့ပါတယ်။ သေချင်နေတဲ့သူတစ်ယောက် သေခွင့်မရဘဲ သရဲလိုက်ကပ်နေတာ ခံနေရတော့ ဗေဒင်ဆရာဆီပြေးပါတော့တယ်။ အဲ့ဒီမှာ ဗေဒင်ဆရာက သရဲတွေ ကိုယ့်ဆီကနေထွက်သွားအောင် သူတို့လိုချင်တာကို ဖြည့်ဆည်းပေးဖို့အကြံပေးလိုက်ပါတယ်။ အဲ့ဒီလိုနဲ့ ဆန်းမန်တစ်ယောက် ဗေဒင်ဆရာ့အကြံအတိုင်း သရဲလေးယောက်လုံးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ကြိုးစားပါတော့တယ်။ ပေါ့ပေါ့ပါးပါး ဟာသဆန်ဆန်သရဲကားလေးဖြစ်ပြီး Heartwarmingလည်းဖြစ်တာမလို့ တော်တော်လေးကြည့်လို့ကောင်းပါတယ်။ https://t.me/channelmyanmarkorea/572

Godzilla X Kong : The New Empire (2024) မြန်မာစာတန်းထိုး စပါရှယ်ကြည်တောက်ရှင်း Web-Dl 4K SDR Version! https://t.me/vipmovieli
Godzilla X Kong : The New Empire (2024) မြန်မာစာတန်းထိုး စပါရှယ်ကြည်တောက်ရှင်း Web-Dl 4K SDR Version! https://t.me/vipmovielist/41

မြန်မာစာတန်းထိုး 4K ရုပ်ရှင် ဇာတ်ကားကောင်းများကို အရင်က Onedrive Link နဲ့ပို့ပေးတာ အဆင်မပြေဘူးဆိုလို့ Googledrive Link နဲ့ ပြ
မြန်မာစာတန်းထိုး  4K ရုပ်ရှင် ဇာတ်ကားကောင်းများကို အရင်က Onedrive Link နဲ့ပို့ပေးတာ အဆင်မပြေဘူးဆိုလို့ Googledrive Link နဲ့ ပြောင်းပြီးပို့ပေးပါမယ် ဒါကြောင့် လွယ်ကူရိုးရှင်းစွာ Download ပြုလုပ်နိုင်ပါပြီ 😘😘 https://t.me/vipmovielist

Godzilla x Kong: The New Empire (2024) ============================== (ရုပ်ထွက်အကြည်ရပါပြီ။) IMDb Rating - 6.5/10 Monstervers
Godzilla x Kong: The New Empire (2024) ============================== (ရုပ်ထွက်အကြည်ရပါပြီ။) IMDb Rating - 6.5/10 Monsterverse ရဲ့ ၅ ကားမြောက်ရုပ်ရှင်သစ်လာပါပြီ။ ဒီပွဲကတော့ ဂေါ်ကြီးနဲ့ ကောင်ကြီး ပူးပေါင်းတဲ့ပွဲပါ။ ဇာတ်လမ်းအစမှာတော့ ဂေါ်ကြီးက မြေပေါ်ကမ္ဘာ မှာကြီးစိုးနေပြီး လူတွေကို တိုက်တန်တွေရဲ့ ရန်ကနေ ကာကွယ်ပေးနေပါတယ်။ ကောင်ကြီးကတော့ အတွင်းခေါင်းကမ္ဘာထဲမှာပဲ နေရင်း မိသားစုလိုက်ရှာနေပါ တယ်။ ဒါပေမဲ့ ဂေါ်ကြီးက ရန်သူအကြီးကြီးတစ်ကောင်ကို အာရုံရပြီး သူ့ကိုယ် သူ အနုမြူစွမ်းအင်တွေရှာပြီး အင်အားအစွမ်းကုန်ဖြည့်လာတဲ့အတွက် မိုနာ့ခ် အဖွဲ့သားတွေကလည်း ဘယ်က‌နေ အန္တရာယ်ရောက်လာမလဲဆိုတာ စုံစမ်းရပါ တော့တယ်။ အဲဒီမှာပါ ကောင်ကလည်း သူ့မိသားစုဖြစ်လာနိုင်တဲ့ ကောင်မျိုးနွယ်တွေကို တွေ့ ပေမဲ့ သူတို့ရဲ့ ခေါင်းဆောင်က ကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်ချင်တဲ့ စခါးကင်းဆို တဲ့ ကောင်ကြီးတစ်ကောင်ဖြစ်နေတော့ အတွင်းခေါင်းကမ္ဘာထဲမှာ စခါးကင်းနဲ့ ရင် ဆိုင်ရပါတော့တယ်။ ဒါပေမဲ့ မနိုင်တော့ မြေပြင်ပေါ်တက် ဂေါ်ကြီးကို စစ်ကူတောင်း ပြီး နှစ်ကောင်ပေါင်းပြီး တွယ်ကြတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ 720p https://t.me/zwthollywood720p/2086 1080p https://t.me/zwthollywood1080p/449

The Cursed: Dead Man’s Prey (2021) ဒီကားက 2020 တုန်းကထွက်ခဲ့တဲ့ The Curse Series ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ဖြစ်ပါတယ်။ အရင် Seri
The Cursed: Dead Man’s Prey (2021) ဒီကားက 2020 တုန်းကထွက်ခဲ့တဲ့ The Curse Series ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ဖြစ်ပါတယ်။ အရင် Series လိုပဲ ကျိန်စာတွေတိုက်တာပါမယ် အရင် Series တွေက သရုပ်ဆောင်တွေအကုန်နီးပါးလဲပါဝင်လာပါတယ်. ဒီတစ်ခါတော့ ဆေးဝါးစမ်းသပ်ရင်း အပြစ်မဲ့ပြည်သူတွေသေတဲ့ Company ပိုင်ရှင်ကို ဘယ်လိုတွေကျိန်စာတိုက်မယ်ဆိုတာကြည့်ရမဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ် https://t.me/channelmyanmarkorea/570

Romeo (2024)"ရိုမီယို" ================== IMDb - 7/10 ကြည်နူးချမ်းမြေ့စရာ တမီလ်စကားပြော အချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်
Romeo (2024)"ရိုမီယို" ================== IMDb - 7/10 ကြည်နူးချမ်းမြေ့စရာ တမီလ်စကားပြော အချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ Pichaikkaran 1,2ဆိုပြီး သူတောင်းစားကားတွေနဲ့ နာမည်ကြီးတဲ့ တမီလ်နာမည်ကျော်မင်းသားကြီး ဗီဂျေးအန်တိုနီနဲ့ ဟာသမင်းသားကြီး ယိုဂီဘာဘူတို့ရဲ့ အသစ်ထွက်ရုပ်ရှင်လည်းဖြစ်ပါတယ်။ အသက် ၃၅နှစ်ရောက်တဲ့ထိ ဘယ်သူ့ကိုမှ မချစ်ဖူးသေးတဲ့ ချစ်ကံခေလူပျိုကြီးကတော့ အာရီဗူ။ လူကြီးတွေပေးစားဖို့လုပ်တဲ့ ကောင်မလေးတွေကိုတောင် လက်မထပ်ဘဲ အချစ်စစ်ရှာတွေ့မယ်လို့ မျှော်လင့်နေခဲ့တဲ့သူကြီး။ သူမျှော်လင့်ထားတဲ့အတိုင်း ချစ်ရတဲ့မိန်းကလေးကို ရှာတွေ့ခဲ့ပြီး လူကြီးချင်းပေးစားလို့ လက်ထပ်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ထက် ဆယ်နှစ်ငယ်တဲ့ အဲဒီမိန်းကလေးကတော့ အာရီဗူကို ခင်ပွန်းသည်တစ်ယောက်အနေနဲ့ ချစ်ခင်စုံမက်ခြင်းမရှိခဲ့ပါဘူး။ အာရီဗူတစ်ယောက် ချစ်ရသူလည်းဖြစ် ဇနီးသည်လည်းဖြစ်ပြီးတော့ ချစ်ရတဲ့ဇနီးသည်ဆီက အချစ်ကိုရဖို့ကြိုးစားရတာတွေကို မြင်တွေ့ခံစားရမှာပါ။ 720p https://t.me/zwtindia720p/2293 1080p https://t.me/zwtindia1080p/442

Abigail (2024) =========== IMDb Rating - 7.0/10 အက်ရှင် ဟော်ရာ ကားသစ်တစ်ကားလာပါပြီ။ ဒါရိုက်တာကတော့ လိုက်တမ်းပြေးတမ်း နဲ့ အသတ်
Abigail (2024) =========== IMDb Rating - 7.0/10 အက်ရှင် ဟော်ရာ ကားသစ်တစ်ကားလာပါပြီ။ ဒါရိုက်တာကတော့ လိုက်တမ်းပြေးတမ်း နဲ့ အသတ်အဖြတ်တွေ ပိုင်တဲ့ Matt Bettinelli- Olpin ပါပဲ။ Ready or Not နဲ့ Scream VI ရဲ့ ဖန်တီးရှင်ပါ။ မင်းသမီး ကတော့ Melissa Barrera၊ Ant Man ထဲက အချောလေး Kathryn Newton၊ Beauty and the Beast ထဲကမင်းသား Dan Stevens တို့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း - ဟက်ကာတစ်ယောက်၊ မရိန်းတပ်ထွက်တစ်ယောက်၊ ဆေးတပ်သား ဟောင်းတစ်ယောက်၊ စုံထောက်ဟောင်းတစ်ယောက်၊ ကားသမားတစ် ယောက်ဟာ အိမ်ကြီးတစ်လုံးထဲက ၁၂ သမီးလေးတစ်ယောက်ကို ပြန် ပေးဆွဲလာဖို့ အလုပ်အပ်ခံရလို့ စုပေါင်းပြီး ပြန်ပေးဆွဲလာကြပါတယ်။ ဆွဲပြီးတော့ ကလေးအဖေဆီက သန်း ၅၀ တောင်းဖို့ အိမ်ကြီးတစ်လုံး ထဲမှာ ကလေးကို တစ်ရက်ပိတ်ထားပြီး စောင့်ကြည့်နေကြရတယ်။ ဒါပေမဲ့ အိမ်ကြီးထဲမှာပဲ ကြောက်စရာတွေဖြစ်လာတဲ့အချိန်၊ ကလေး အဖေ ဘယ်သူလဲဆိုတာ သိလာရသလို ကလေးက ဘယ်သူလဲဆိုတာ လည်း သိလာပြီး မုဆိုးဘဝကနေ သားကောင်ဘဝရောက်ကုန်ပါတော့ တယ်။ ဒီအဖွဲ့ထဲက ဘယ်နှယောက်မာလကီးယားပြီး ဘယ်နှယောက် နောက်တစ်ကားရိုက်ဖို့လွတ်လာမလဲ ကြည့်ရမှာပါပဲ။ https://t.me/zwthollywood1080p/444

Nede Vidudala (2023) အွန်လိုင်းမီဒီယာလောက စာရွက်တွေခေတ်ကုန်စပြုလာတဲ့ နည်းပညာခေတ်မှာ သတင်းစာ ဂျာနယ်မဂ္ဂဇင်းတွေထက် အွန်လိုင်းမီ
Nede Vidudala (2023) အွန်လိုင်းမီဒီယာလောက စာရွက်တွေခေတ်ကုန်စပြုလာတဲ့ နည်းပညာခေတ်မှာ သတင်းစာ ဂျာနယ်မဂ္ဂဇင်းတွေထက် အွန်လိုင်းမီဒီယာက လူတွေအပေါ် ပိုပြီးတော့ လွှမ်းမိုးလာတော့တာပါ။ အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ ဒီအွန်လိုင်းမီဒီယာလုပ်ငန်းအကြောင်း တစေ့တစောင်းလေး‌ ဖော်ညွှန်းထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဆစ်ဒူဟာ သူ့ရဲ့သူငယ်ချင်းအဖွဲ့ထဲမှာ အမြဲထူးနေတဲ့သူ‌၊ ကျောင်းပြီးတော့မယ်ဆိုတော့ သူငယ်ချင်းတွေထဲမှာ အလုပ်တွက်စိတ်ပူတဲ့သူ၊ သူငယ်ချင်းတွေနဲ့ကွဲမှာစိတ်ပူတဲ့သူ၊ အရင်လိုမကဲ‌ရတော့မှာ ပူတဲ့သူနဲ့ ကိုယ်စီဗျာများနေပေမဲ့ စာကြမ်းပိုးကောင်ဆစ်ဒူကတော့ စာကြည့်တိုက်ကစာအုပ်တွေ ဖတ်လို့မပြီးမှာကိုစိုးရိမ်နေတဲ့ ဘုရားစူးလူသားလေးပေါ့။ ဒီလိုနဲ့ကျောင်းပြီးတော့လည်း သူများနဲ့မတူတဲ့အလုပ်ကိုမှ လုပ်ချင်တဲ့ဆစ်ဒူကို အဖေဖြစ်သူက သူ့အသိမီဒီယာလုပ်ငန်းတစ်ခုမှာလုပ်ဖို့ ဖျောင်းဖျပြီး အလုပ်သွင်း‌ပေးလိုက်ပါတယ်။ အဖေနဲ့ ဒီအလုပ်မှာ ရက်ပိုင်းလုပ်ကြည့်မယ်ဆိုတဲ့ကတိနဲ့ မီဒီယာလောကထဲ‌‌ ရောက်လာတဲ့ဆစ်ဒူ၊ အမြဲဆန်းသစ်နေတာကိုမှကြိုက်တဲ့ဆစ်ဒူတစ်ယောက် တစ်နေ့တစ်မျိုးမရိုးရတဲ့ မီဒီယာလောကရဲ့နောက်ကွယ်ကဖြစ်ရပ်စုံကိုကြုံတွေ့ရဖို့ ဖြစ်လာတဲ့အခါမှာတော့.... ဆစ်ဒူတစ်ယောက် သူလိုချင်တဲ့ အသစ်အဆန်းခံစားချက်ကို မီဒီယာလောကမှာ ရှာဖွေရင်း ဘယ်လိုတွေစွန့်စားခန်းဖွင့်မလဲဆိုတာ ရှုစားကြပါဦး။ 720p https://t.me/zwtindia720p/2291 1080p https://t.me/zwtindia1080p/440

Abbabba (2024) အဆောင်မှအပြန်ခရီး ဒီနေ့မှာတော့ ၂၀၁၅ ခုနှစ်က ဟစ်ဖြစ်ခဲ့တဲ့ မလေးယာလမ်ကား Adi Kappiyare Kootamani ကို မှီငြမ်းထား
Abbabba (2024) အဆောင်မှအပြန်ခရီး ဒီနေ့မှာတော့ ၂၀၁၅ ခုနှစ်က ဟစ်ဖြစ်ခဲ့တဲ့ မလေးယာလမ်ကား Adi Kappiyare Kootamani ကို မှီငြမ်းထားတဲ့Abbabbaကားကို တင်ဆက်ပေးလိုက်ပါတယ်။ အားလုံးရဲ့ဘဝမှာ အပျော်ရွှင်ဆုံးအချိန်ကို မေးရင် တက္ကသိုလ်ကျောင်းသားဘဝလို့ ဖြေကြမှာပါ။ လူ့ဘဝထဲ မဝင်ခင် တက္ကသိုလ် ကျောင်းသားဘဝမှာ ပူပန်စရာဆိုလို့ ကျောင်းခေါ်ချိန် မပြည့်တာရယ်၊ လမကုန်ခင် ပိုက်ဆံကုန်သွားလို့ ခေါက်ဆွဲပြုတ်နဲ့ညားတာရယ်၊ ချစ်သူရည်းစားအရေးကိစ္စတွေလောက်ပဲ ရှိကြမှာပါ။ တက္ကသိုလ်မှာ အဆောင်နေကြတဲ့အခါ ဘယ်လောက်ပဲကြမ်းပါတယ် ကျပ်ပါတယ်ဆိုတဲ့ အဆောင်ပဲပြောပြော ရှာကြံပျော်ရပါးရကြသေးတာပါ။ ဇာတ်ဆောင်ဒီလိကတော့ အရမ်းစည်းကမ်းတင်းကြပ်ပါတယ် ဆိုတဲ့ ဖာသာကြီးလက်အောက်က အဆောင်မှာ နေနေတဲ့သူပါ။ တက္ကသိုလ်မှာရတဲ့ ရည်းစားလေးနဲ့ ဘဝကိုပျော်မွေ့နေတဲ့ ဒီလိဟာ တစ်နေ့မှာ ချစ်ရသူရဲ့ အခက်အခဲကို ကူညီပေးရဖို့ ဖြစ်လာပါတော့တယ်။ ပိုက်ဆံမရှိ အစွမ်းအစမရှိတဲ့ တက္ကသိုလ်ကျောင်းသားလူမွဲလေးဟာ ကြံရာမရဖြစ်နေတုန်းမှာ သူတို့သမီးရည်းစား စကားဝိုင်းကို ကြားသွားတဲ့ အာကီလာက ကူညီပေးမယ်ဆိုလာခဲ့တယ်။ အပြန်အလှန်အနေနဲ့ သူတို့ယောက်ျားလေးအဆောင်ကို ငါးမိနစ်လောက် ခိုးဝင်ခွင့်ပေးရမယ် ဆိုလာတဲ့အခါ……. ဘာတွေဆက်ဖြစ်သွားမလဲ။ ဒီလီတစ်ယောက် ချစ်ရသူနဲ့ရော ပေါင်းစည်းနိုင်ပါ့မလား။ အာကီလာကရော ဘာလို့အဆောင်ထဲဝင်ချင်ရတာလဲ၊ အ​ဆောင်ကရော ပြန်ထွက်လို့ရပါ့မလား ဆိုတာတွေကို တက္ကသိုလ်အငွေ့အသက်တွေ၊ ယောက်ျားလေးအဆောင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဟာသတွေနဲ့အတူ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။ 720p https://t.me/zwtindia720p/2289 1080p https://t.me/zwtindia1080p/438

Repost from ZWT Main Channel
Troll (2022) Web-dl 1080p လူပုလေးတွေ မှင်စာတွေ ဘီလူးတွေပါတဲ့နတ်သမီးပုံပြင်တွေကိုဖတ်ဖူးပါသလား။အဲ့ဒီနတ်သမီးပုံပြင်တွေကိုရော အစစ
Troll (2022) Web-dl 1080p လူပုလေးတွေ မှင်စာတွေ ဘီလူးတွေပါတဲ့နတ်သမီးပုံပြင်တွေကိုဖတ်ဖူးပါသလား။အဲ့ဒီနတ်သမီးပုံပြင်တွေကိုရော အစစ်အမှန်လို့ထင်ပါသလား။နိုရာနဲ့သူမရဲ့အဖေတို့ကငယ်ငယ်လေးကတည်းကစွန့်စားခန်းတွေထွက်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။သူမရဲ့အဖေကနိုရာကိုနတ်သမီးပုံပြင်တွေအများကြီးပြောပြခဲ့ပြီး သူမအကြိုက်ဆုံးကတော့ဘီလူးပုံပြင်ပဲဖြစ်ပါတယ်။သူမကြီးပြင်းလာတဲ့အခါမှာကျောက်ဖြစ်ရုပ်ကြွင်းသုတေသနပညာရှင်အဖြစ်အလုပ်လုပ်ခဲ့ပြီးတစ်နေ့မှာတော့သူမကိုနိုင်ငံတော်လုံခြုံရေးအတွက်ဆိုပြီးစစ်တပ်ကလာခေါ်ဆောင်သွားပါတယ်။ပြီးတော့မှသိလိုက်ရတာကသူမကိုထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုကိုစုံစမ်းဖို့ခေါ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ဒီလိုနဲ့နိုရာတစ်ယောက်သူမအဖေကိုပြန်သွားခေါ်ပြီးသားအဖနှစ်ယောက်စွန့်စားခန်းအတူပြန်ထွက်ခဲ့တဲ့အခါမှာတော့သူတို့ရဲ့နတ်သမီးပုံပြင်တွေထဲကတောင်အမြင့်လောက်ရှိတဲ့ဘီလူးကြီးကိုတွေ့ခဲ့ရပါတော့တယ်။အဲ့ဒီဘီလူးကြီးကဘယ်ကပေါ်ထွက်လာတယ် နိုင်ငံတော်ကရောအဲ့ဒီဘီလူးကြီးကိုဘယ်လိုဖြေရှင်းကြမယ် နိုရာတို့သားအဖနှစ်ယောက်ရောဘယ်လိုစွန့်စားခန်းတွေနဲ့ထပ်ကြုံတွေ့ကြရဦးမလဲဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ https://t.me/zwthollywood1080p/442