Click For BPLA
Open in Telegram
Bamar People's Liberation Army - BPLA အတွက် Click ချန်နယ် ဖြစ်ပါတယ် ခင်ဗျား
Show more1 063
Subscribers
No data24 hours
-27 days
-2330 days
Posts Archive
1 063
နှင်းသက်ရည်၏ အမေးကို ဗင်ဂိုပါဟု ဖြေလိုက်သည့် မိမိ၏အဖြေအတွက်လည်း ဗင်ဂို့ရင်ထဲ နင့်ရသည်။ ထိုအဖြေသည် မိမိနှင့် နှင်းသက်ရည် အဝေးကွာကြီး ဝေးကွာသွားပြီ ဆိုသည့် အဓိပ္ပါယ်ပင်။ သည့်အတွက်ကြောင့်လည်း ဗင်ဂို မျက်ရည်လည်လာသည်။ နှင်းသက်ရည် ထံမှ ဘာစကားသံမှ ထွက်မလာတော့သဖြင့်လည်း မျက်ရည်လည်သည်။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/gmQNdiw
1 063
"ဘာဖြစ်လို့လဲဟင်မိန်းကလေး၊ မိန်းကလေးကို ကျွန်တော်အခုမှ မြင်ဖူးတာပါ''
ဗင်ဂို့အဖြေကို ကြားရတော့ နှင်းသက်ရည်၏ မျက်နှာတွင် အံ့သြခြင်းများစွာတို့ ဖြတ်သန်းသွားကြတော့သည်။ အဘယ်ကြောင့်မူ ဗင်ဂို၏ အသံသည် နှင်းသက်ရည်၏ ခင်ပွန်းဟောင်း မောင်မောင်လွင်၏ အသံနှင့် တူနေသောကြောင့်နှင့် နှင်းသက်ရည်ကို မသိပါဘူးဟု ဖြေလိုက်သောကြောင့်ပင်။
''ဒါ ဒါဖြင့် ရှင့်နာမည်က''
''ဟုတ် ကျွန်တော့်နာမည်က ဗင်ဂိုပါ''
ထိုအဖြေကြားရတော့ နှင်းသက်ရည်မှာ ထွက်လာစရာ စကားလုံး လုံးဝ မရှိတော့ပေ။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/z8cr30
1 063
"ဟိုလေ ကျွန်မကိုများ သိသလားဟင်''
ဒါဖြင့် မိမိများလားဟု နှင်းသက်ရည် တကယ်ထင်မှတ်နေသည်ပေါ့။ သို့အတွက် ဗင်ဂို ဝမ်းသာရသည်။ သို့သော်လည်း နှင်းသက်ရည်မှာ ကာမပိုင် လင်ယောကျ်ားရှိနေသဖြင့် ဗင်ဂိုသည် ကိုယ့်ကိုယ်ကိုယ် ဝန်ခံဖို့ သတ္တိမရှိပေ။ သည့်ကြောင့် အားတင်းပြီး နှင်းသက်ရည်ဘက် လှည့်လိုက်သည်။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/hXVCmr
1 063
မိမိနှင့် မျက်ဝန်းချင်း ဆုံသွားသည်ကို ဗင်ဂိုသိလိုက်သော်လည်း ရဲဘော်ရဲဘက်များက အားလုံးပြီးစီးသွားသဖြင့် လှည့်ပြန်သွားကြရာ ဗင်ဂိုလည်း လှည့်ပြန်ဖို့ လုပ်သည်။ သည်တော့ နှင်းသက်ရည်က ''တဆိတ်လောက်'' ဟု နောက်ကနေ ခေါ်သဖြင့် ဗင်ဂို့ခြေလှမ်းကလေး တုံ့ကနဲ့ ရပ်တန့်သွားရသည်။ လှည့်ကြည့်ဖို့တော့ သတ္တိမရှိသေး။ သည်အတိုင်းသာ ရပ်တန့်နေမိသည်။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/b3QKdc
1 063
မိမိ၏ မိဘနှစ်ပါးအား မြေမြှုပ်သင်္ဂြိုလ်ပေးကြသော ယူနီဖောင်းကိုယ်စီနှင့် ပီဒီအက်ဖ်များထဲတွင် ထိုမျက်ဝန်းပိုင်ရှင်တစ်ယောက်သည်သာ မက်စ်တပ်ထားသောကြောင့်လည်း သတိထားမိဟန်တူသလို ထူးဆန်းနေဟန်လည်း တူသည်။ ဗင်ဂိုသည်လည်း တကယ်ပဲ နှင်းသက်ရည်နှင့် မျက်နှာချင်းဆိုင်ဖို့ သတ္တိမရှိသဖြင့် မက်စ်တပ်ထားခဲ့ပါသည်။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/stbhYpt
1 063
ဗင်ဂို၏ ထိုအကြည့်ကို နှင်းသက်ရည် သတိထားမိသွားဟန်တူသည်။ ဗင်ဂိုနှင့် မျက်ဝန်းချင်း ဆုံသွားခဲ့သည်။ ထိုမျက်ဝန်းကို နှင်းသက်ရည်သည် ရင်းနှီးသလို ရှိသည်။ ရင်းနှီးသလိုသာ ခံစားရပါသည်။ မိမိအား စိုက်ကြည့်နေသော ထိုမျက်ဝန်းပိုင်ရှင်သည် တစ်ချိန်က မိမိ၏ ခင်ပွန်းသည်ဖြစ်ခဲ့သော မောင်မောင်လွင်၏ မျက်ဝန်းမှန်း နှင်းသက်ရည် အတပ်မသိနိုင်သေး။ အဘယ်ကြောင့်မူ ထိုမျက်ဝန်းပိုင်ရှင်သည် ပြောက်ကျားမက်စ်ကို တပ်ဆင်ထားသဖြင့် မျက်နှာကို မမြင်ရသောကြောင့် ဖြစ်သည်။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/2OhAJb
1 063
ခေတ်ပျက်ကြီးမှာ မင်းဘယ်လို အသက်ဆက် ရှင်သန်မှာလဲနှင်းသက်ရည်။ အဖေ အမေလည်း ဆုံး၊ လင်ဖြစ်သူကလည်း စစ်မှုထမ်းဖို့ ဆွဲခေါ်သွားခံရတော့ အားကိုးရာ မရှိတော့တဲ့ မင်းတစ်ယောက် သိပ်ကို စိတ်အားငယ်နေရှာမှာပဲနော်။ မင်းအတွက် ငါ ဘယ်လိုလုပ်ပေးရမလဲကွယ်။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/Mo0XgR
1 063
နှင်းသက်ရည်၏ အမေသည် ထိုနေ့မှာပဲ ဆုံးသွားခဲ့သည်။ ထို့ကြောင့် မိဘနှစ်ပါးစလုံးအား ဗင်ဂိုတို့အဖွဲ့က သင်္ဂြိုလ်ပေးခဲ့ကြရသည်။ မြေမြှုပ်စဥ်က နှင်းသက်ရည်သည် ဘေးမှာ အသံတိတ်လျက် ရှိနေသည်။ ငိုရလွန်းသဖြင့် ဆက်လက်ငိုဖို့ရာ အင်အားများ မရှိတော့ဘူးထင်ပါသည်။ နှင်းသက်ရည်၏ မျက်နှာလေးသည် ဖြူဖျော့နေသည်။ သွေးဆုတ်နေသည်။ ဆက်လက်ရှင်သန်ဖို့ အင်အားမရှိတော့သူလိုလို။ ထိုအဖြစ်ကို မြင်တော့လည်း ဗင်ဂို့အသည်းစိုင်တွေ နာရပြန်သည်။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/2Htvw7
1 063
ဗင်ဂိုက နှင်းသက်ရည်အား သနားကရုဏာသက်သည့်ပုံစံနှင့် ကြည့်နေသောကြောင့် အဒေါ်ကြီးကလည်း သနားကရုဏာသက်သဖြင့် ပြောပြဟန်တူပါသည်။ အို နှင်းသက်ရည်ရေ မင်းအဖြစ်ကို မြင်ရတော့ ငါလည်း မင်းနဲ့ထပ်တူ ခံစားရပါတယ်ကွယ်။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/LLt3nO
1 063
ဗင်ဂို နှင်းသက်ရည်ကို ငေးနေသည်ကို ဘေးက လူနာစောင့်နေသော အဒေါ်ကြီးတစ်ယောက်က သတိထားမိပြီး ဗင်ဂို့အား လှမ်းပြောသည်။
''အဲ့ ကလေးမ သနားစရာပါ၊ မိဘနှစ်ပါးလုံးနဲ့ နယ်ဆင်းမလို့ လုပ်နေတုန်း ခုနက လေကြောင်းနဲ့ ပစ်ချလိုက်လို့ ဖအေက ပွဲချင်းပြီး သေတယ်၊ မအေကတော့ အသက်မီသေးလို့ ဒီရောက်လာပေမယ့် မျှော်လင့်ချက်ရှိမယ်မထင်ပါဘူး၊ မကြာသေးခင်က လက်ထပ်ထားတဲ့ ယောကျ်ားကလည်း စစ်မှုထမ်းရဖို့ အဓမ္မ ဆွဲခေါ်သွားခံရတယ်။ အခုတော့ တစ်ကောင်ကြွက် ဖြစ်နေပြီ၊ သနားစရာပါ''
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/aGS2iL
1 063
နှင်းသက်ရည် ငိုနေတာ မြင်ရတော့ ဗင်ဂိုသည် နှင်းသက်ရည်အား အလွန် ကရုဏာ သက်မိသွားသည်။ ဗင်ဂို့ရင်ထဲ နာကျင်သည်။ နှင်းသက်ရည်၏ မျက်ရည်တွေကို သုတ်ပေးချင်လှသည်။ နှင်းသက်ရည်၏ ကိုယ်လေးကို ပွေ့ဖက်ပြီး နှစ်သိမ့်ပေးချင်လှသည်။ သို့သော်လည်း ဗင်ဂို့မှာ အခွင့်မရှိတော့ပေ။ မိမိနှင့် နှင်းသက်ရည်သည် လုံးဝ မသက်ဆိုင်ကြတော့ဘူး မဟုတ်လား။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/1MZDpH
1 063
ဘေးတစ်စောင်း မြင်ရခိုက်မှာပဲ ခြေကို ရပ်လိုက်သည်။ ဟုတ်ပါသည်။ နှင်းသက်ရည်ပါ။ နှင်းသက်ရည် ငိုနေပါသည်။ နှင်းသက်ရည်သည် လူနာတစ်ယောက်၏ ဘေးမှာ ကျုံ့ကျုံ့ကလေးထိုင်ကာ ငိုနေခြင်း ဖြစ်သည်။
လူနာကို ကြည့်လိုက်တော့ အမျိုးသမီးကြီးတစ်ယောက်ဖြစ်သည်။ နှင်းသက်ရည်၏ မိခင်များလား။ သည့်ကြောင့် နှင်းသက်ရည် ငိုနေတာဖြစ်ရမည်။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/bqrnvCc
1 063
နှင်းသက်ရည်မှ နှင်းသက်ရည် အစစ်ပင်။ ကျောပြင်ကိုသာ မြင်ရသော်လည်း နှင်းသက်ရည်မှန်း ဗင်ဂိုအတပ်သိသည်။ နှင်းသက်ရည် သည်သို့ ကျောပေးနေသည့်အခိုက်တိုင်း ဗင်ဂိုက နောက်ကနေ သိုင်းသိုင်းဖက်ပြီး လည်တိုင်လေးကို ဖွဖွ နမ်းရှိုက်နေကျ မဟုတ်လား။ သည်တစ်ခါတော့ ထိုသို့ သိုင်းဖက်ပြီး နမ်းရှိုက်ခွင့် မရှိတော့ပေ။ သည့်ကြောင့် ခပ်ဝေးဝေးကနေ နှင်းသက်ရည်၏ မျက်နှာကို မြင်ရစေရန် လျှောက်ကာ လှည့်ကြည့်သည်။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/Vadz2l7
1 063
တိုက်ပွဲတိုင်းနှင့် ပြည်သူ့အပေါ်တွင် စေတနာအပြည့်ပါသော ဗင်ဂို့အား ဒီတစ်ခါတော့ မိုးကောင်းကင်က မျက်နှာသာ ပေးလိုက်ပြီထင်သည်။ လေကြောင်းဒဏ်ထိပြီး ဒဏ်ရာရထားသော ပြည်သူတစ်ဦးအား ထမ်းစင်ဖြင့် ဆေးပေးခန်းသို့ သယ်လာခိုက်မှာ ဗင်ဂို နေ့စဥ် တမ်းတ သတိရနေခဲ့ရသော နှင်းသက်ရည်ကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/TxXRvI
1 063
ထွက်ပြေးစရာ မရှိကြသူတွေနှင့် ထိခိုက်ဒဏ်ရာရသူများကို ဗင်ဂိုတို့ တပ်ဖွဲ့ပေါင်းစုံက စစ်ရှောင်စခန်း ဆောက်လုပ်ပေးထားပြီး ပြုစုစောင့်ရှောက် ဆေးကုသပေးထားကြရသည်။ ထိုပြည်သူများကြားထဲတွင် နှင်းသက်ရည်များ ပါလေမလားဆိုပြီး ဝေ့ဝဲရှာဖွေနေမိသည်။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/loOYT2W
1 063
ထိုမြို့ကြီးမှ အဖြစ်အပျက်များကို မြင်ရကြုံရသည့်အခါ ဗင်ဂို့အတွက် နှင်းသက်ရည်နှင့် ပတ်သက်ပြီး မျှော်လင့်ချက်တွေ ကင်းမဲ့ရပြန်သည်။ ထွက်ပြေးတိမ်းရှောင်ကြသူထဲတွင် နှင်းသက်ရည်လည်း ပါကောင်းပါနိုင်သည်။ ဗုံးမှန်ပြီး သေဆုံးသွားကြသူထဲလည်း ပါနိုင်ပေမည်။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/gbVPft
1 063
တိုက်အိမ် အများအပြား ပျက်စီးမီးလောင်ဆုံးရှုံးခဲ့ကြသည်။ ပြည်သူများစွာ သေကြေပျက်စီးပြီး အများအပြား ထိခိုက်ဒဏ်ရာရကြသည်။ ထို့ကြောင့် မြို့သူမြို့သားများသည် ထို့မြို့မှာ မနေဝံ့တော့ဘဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသည်။ ကားများဖြင့် ထွက်ပြေးတိမ်းရှောင်ကြရာ ကားတန်းကြီးမှာ အလွန်ရှည်လျားပြီး မီးရထားတွဲကြီးတမျှ ဖြစ်တော့သည်။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/SR0b6e
1 063
များ မကြာမီ ထိုမြို့ကြီးတွင် တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားခဲ့သည်။ အထိနာသော စစ်တပ်သည် တပ်စွန့် ဆုတ်ခွာသွားခဲ့သည်။ ထို့အတွက်ကြောင့် မြို့သိမ်းနိုင်ခဲ့ပြီဆိုပြီး မြို့သူမြို့သားများ ပျော်ရွှင်ခဲ့ကြသည်။ သို့သော်လည်း မြို့သူမြို့သားများ အားရပါးရ ပျော်လို့မှ မဝသေး ကြိတ်မနိုင် ခဲမရဖြစ်နေသော စစ်တပ်က ထို မြို့ကြီးအား လေကြောင်းဖြင့် ၂၄ နာရီပတ်လုံး နေ့စဥ် ဗုံးကျဲတိုက်ခိုက် ပစ် ခတ်ခဲ့ကြသည်။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/IKGXGo
1 063
ထိုဆန္ဒလေးကြောင့် ဗင်ဂိုသည် တိုက်ပွဲတိုင်းမှာ ရွံရွံချွံချွံ ပါဝင်တိုက်ခိုက်ခဲ့သည်။ သို့မှသာ နှင်းသက်ရည်တို့ မြို့ကြီးကို သိမ်းပိုက်နိုင်မည်ဖြစ်ပြီး နှင်းသက်ရည်ကိုလည်း ဖြစ်နိုင်ချေမရှိပေမယ့် တွေ့ခွင့်ရကောင်း ရနိုင်ပေလိမ့်မည်ဖြစ်သည်။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/seyks1
1 063
ဒါဖြင့် ငါ့မှာ နင်နှင့် ပတ်သက်ပြီး မျှော်လင့်ချက် ရေးရေးကလေးတောင် မရှိတော့ဘူးပေါ့နော် နှင်းသက်ရည်။ ထိုသို့ သိလိုက်ရသောအခါ ဗင်ဂို့ရင်ထဲတွင် ဆန္ဒလေးတစ်ခု ဖြစ်တည်လာခဲ့သည်။ ထိုအရာကား နှင်းသက်ရည်အား ဒီတစ်သက် မသေခင် တစ်ခါလောက်တော့ ခပ်ဝေးဝေးတစ်နေရာလေးကနေပဲဖြစ်ဖြစ် မြင်တွေ့ခွင့် ရလျှင် သေပျော်ပြီဆိုသော ဆန္ဒကလေးပင်။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/9f4MikB
