en
Feedback
Click For BPLA

Click For BPLA

Open in Telegram

Bamar People's Liberation Army - BPLA အတွက် Click ချန်နယ် ဖြစ်ပါတယ် ခင်ဗျား

Show more
1 063
Subscribers
No data24 hours
-27 days
-2330 days
Posts Archive
ရှေ့ရက်တခုက ‌နယ်စပ်မျဉ်းပေါ်မှာ ဘတ်စ်ကားစီးတုန်း ဒုက္ခသည်စခန်းတခုရှေ့မှာတက်လာတဲ့ ‌ကလေးတွေကို ကြည့်နေရင်းရှေ့က ကလေးတယောက်ကို သတိထားမိတယ်။ အဲ့ကောင်မလေးက ၁၀ နှစ်လောက်ပဲရှိမယ်။ သူ့အဖေလို့ထင်ရတဲ့လူက ကားနားအထိလိုက်ပို့ပြီး တခြားမိသားစုတစုဆီအပ်လိုက်တယ်ဆိုတာတွေ့လိုက်တယ်။ 👉 စက်ဝိုင်းပေါ်က ငါတို့ရဲ့ ရှင်ဆေးအလံ တလူလူ by ခွန်ဟိဏ်း 👇 https://ouo.io/K0UEkA

ဒီအကြောင်းတွေကို ကျနော့်ရည်းစားက သူဖတ်ဖြစ်တဲ့ထဲက "လူတွေက သူတို့နေ့ဓဒူဝဘဝထဲ အပြန်အလှန်ဘယ်လိုစောင့်ရှောက်ကြလဲဆိုတာတွေ"ကို ပြောပြတာနားထောင်ပြီး တလလောက်အတွင်းမှာတွေးမိတာပဲ။ သူပြောတဲ့ထဲက အဓိက‌ဇာတ်ကောင်က သူ့သမီးနဲ့သမက်ကို အိမ်ပေါ်ခေါ်တင်ထားတာ။ 👉 စက်ဝိုင်းပေါ်က ငါတို့ရဲ့ ရှင်ဆေးအလံ တလူလူ by ခွန်ဟိဏ်း 👇 https://ouo.io/4S0kXW

မက်(က)သဗ်ကျောင်းမသွားခင် အမေ မရောက်သေးတဲ့အချိန်တော့ ကျနော်တို့က အရှေ့အိမ်မှာပဲနေရတယ်။ ဒီအိမ်မှာ စောင့်ရတဲ့အချိန်ထဲ အပျော်ဆုံးက သူတို့ ပုဇွန်ခြောက်ငရုတ်သီးကြော်တဲ့နေ့ပဲ။ အိမ်ရှင်အန်တီ ညနေစာတွေကျက်တာက ကျနော်ရောက်နေတဲ့အချိန်ပဲများတော့ ငရုတ်သီးကြော်က အမြဲနွေးနေတတ်တုန်းပဲ။ ငရုတ်သီးနဲ့ပုဇွန်ခြောက်ကို ကျနော် နှိုက်နှိုက်စားနေလည်း သူတို့ စိတ်မဆိုးဘူး။ သူ့အိမ်က ငရုတ်သီးကိုကြိုက်တယ်ဆိုပြီးတောင် သဘောကျနေတတ်သေးတယ်။ 👉 စက်ဝိုင်းပေါ်က ငါတို့ရဲ့ ရှင်ဆေးအလံ တလူလူ by ခွန်ဟိဏ်း 👇 https://ouo.io/vthcyD

ကျောင်းချိန်လည်း ရွေးလို့မရတော့ ကလေးတွေက ဒီကျောင်းကို ညနေစောင်းမှလာပြီး ညနောက်ကျမှပြန်ကြရတယ်။ ပြန်ရောက်ချိန်ဆိုရင်တော့ အမေကအိမ်မှာပဲရှိနေတတ်ပြီ။ အမေ့ဆိုင်ရှိတဲ့ဈေးက အခြေခံလူတန်းစားတွေလာတာများတဲ့ဈေးဆိုတော့ ညနေနောက်ကျတဲ့အထိ စည်တော့ ဆိုင်ကိုမှောင်ခါနီးမှ ပိတ်ရတယ်။ 👉 စက်ဝိုင်းပေါ်က ငါတို့ရဲ့ ရှင်ဆေးအလံ တလူလူ by ခွန်ဟိဏ်း 👇 https://ouo.io/xvFNc2

ကျောင်းမှာ‌ရှိနေချိန်တော့ ဆရာကလည်း ကျနော့်ကို ဂရုစိုက်ရှာပါတယ်။ အမေနဲ့ အဖေကလည်း ကျနော်တို့နဲ့ပတ်သက်ပြီး သူနဲ့များများ စကားပြောထားပြီး အပ်ထားတယ်။ ကျနော်တို့က ဆရာနဲ့ ညနေခင်းတခုလုံး ရှိပြီးအိမ်ပြန်တဲ့အခါ နောက်လမ်းမှာနေတဲ့ကျောင်းကသူငယ်ချင်းနဲ့တူတူပြန်ဖြစ်တာကိုမှတ်မိနေတယ်။ သူ့မှာ သူစိတ်ကူးယဉ်ပြီးပြောစရာဇာတ်လမ်းတွေအများကြီးရှိလို့ သူ့ကိုမှတ်မိနေတာရယ်၊ အဲ့စိတ်ကူးယဉ်ပုံပြင်တွေကို အိမ်ပြန်လမ်းမှာကြားရတာပိုများတယ်။ 👉 စက်ဝိုင်းပေါ်က ငါတို့ရဲ့ ရှင်ဆေးအလံ တလူလူ by ခွန်ဟိဏ်း 👇 https://ouo.io/z9Jf8i

မက်(က)သဗ်ကျောင်းကတော့ ရပ်ကွက်ထဲပဲ။ အဲ့အိမ်ကကလေးတွေနဲ့ပဲ တူတူသွားတယ်။ တခါတလေ ကျောင်းကဆရာရဲ့ ညီဝမ်းကွဲတယောက်နဲ့တူတူသွားတယ်။ အနီးအနားမှာ ‌ဗလီပေးမဆောက်တော့ ကျနော်တို့ ဘာသာရေးစာတွေဆိုတာ အမြဲတိုးတိုးတိတ်တိတ်သင်ယူရတယ်။ လူစုခွဲလာ၊ လူစုခွဲပြန်ရတယ်။ 👉 စက်ဝိုင်းပေါ်က ငါတို့ရဲ့ ရှင်ဆေးအလံ တလူလူ by ခွန်ဟိဏ်း 👇 https://ouo.io/z1jgb9

အဲ့အချိန်အိမ်မှာအမေရှိတတ်ပေမယ့် တချို့ရက်တွေဆို ပြန်မရောက်သေးဘူး။ အဖေကတော့ မြို့ထဲကနေပြန်လာရတော့အမြဲနောက်ကျတယ်။ အမေကအဲ့လောက်နောက်မကျပေမယ့် ကျနော်တို့ မက်(က)သဗ်(အစ္စလာမ်ဘာဘာသာရေးပညာသင်ကျောင်း)မသွားခင်အထိတော့ ပြန်မရောက်ဘူး။ 👉 စက်ဝိုင်းပေါ်က ငါတို့ရဲ့ ရှင်ဆေးအလံ တလူလူ by ခွန်ဟိဏ်း 👇 https://ouo.io/Hs7zpN

ကျနော်တို့ကို လိုက်စတဲ့ ကျောင်းလမ်းအဆုံးက လူကြီးတယောက်လည်းရှိတယ်။ ဒီဘဲက စွပ်ကျယ်ဝတ်ပြီးပုဆိုးနဲ့(ဘောင်းဘီတိုနဲ့လည်းဖြစ်နိုင်တယ်) ၊ သူနဲ့တိုးတိုင်း ကျနော်တို့တွေကိုနောက်တတ်တယ်။ ကျနော်တို့လည်း ပျော်တာ‌ကတော့ ပျော်တယ်။ ဒါပေမယ့် သူစတာ‌ကြီးတွေက ရေပက်တာတို့၊ ဝူးဝါး‌ဗြဲဘာညာတွေဆိုတော့ ပျော်ပေမယ့် ‌ဖီးလ်လည်းကျဲတယ်။ တခါတလေကိုယ်က ဘူနေတဲ့အချိန်ဆိုရင်တော့ ဒီဘဲ စတဲ့ပုံတွေက အာရုံနောက်စရာတွေ။ သူရှိတဲ့ အဲ့လမ်းကိုကျော်ရင်ငါတို့ရပ်ကွက်ရောက်ပြီ။ 👉 စက်ဝိုင်းပေါ်က ငါတို့ရဲ့ ရှင်ဆေးအလံ တလူလူ by ခွန်ဟိဏ်း 👇 https://ouo.io/P8w4Vb

နောက်နှစ်ရောက်တော့ ကျနော့်ကျောင်းချိန်ပြောင်းသွားတယ်။ ညနေကျောင်းဆင်းရင် အိမ်ရှေ့တည့်တည့်က မောင်နှမ‌နှစ်ယောက်နဲ့အတူတူပြန်တယ်။ တခါတလေဆို မောင်နှမထဲက ကောင်လေးနဲ့ပဲတူတူပြန်ဖြစ်တယ်။ သူနဲ့က အသက်လည်းအရမ်းမကွာတော့တူတူဆော့ပြီးပြန်ဖြစ်တယ်။ ကျနော်တို့ဘက်က ကလေးတွေလည်းကျနော်တို့နဲ့တူတူပြန်တယ်။ အထူးသဖြင့် ယောက်ျားလေးတွေပေါ့။ 👉 စက်ဝိုင်းပေါ်က ငါတို့ရဲ့ ရှင်ဆေးအလံ တလူလူ by ခွန်ဟိဏ်း 👇 https://ouo.io/LzTrSa

နှစ်ယောက်လုံးက ကျနော့်ကိုချစ်ချစ်ခင်ခင်ပါပဲ။ သူတို့နဲ့တူတူသွားတာကျနော်သက်တောင့်သက်သာဖြစ်တယ်။ သူတို့အိမ်မှာနေ့လည်ခင်းဆို သူတို့နှစ်ယောက်ပဲနေကြတာလို့ မှတ်မိနေတယ်။ သူတို့လမ်းမှာဝင်ဝယ်ကြတဲ့ ထမင်းဆိုင်က ငရုတ်သီးကြော်နဲ့ ချဉ်ပေါင်နံ့က ခုထိဆွဲနေတုန်းပဲ။ 👉 စက်ဝိုင်းပေါ်က ငါတို့ရဲ့ ရှင်ဆေးအလံ တလူလူ by ခွန်ဟိဏ်း 👇 https://ouo.io/VsMPfXW

သူငယ်တန်းတုန်းက အိမ်နဲ့ကျောင်းနဲ့က အဝေးကြီး။ အမေက ကျောင်းထက်ဝေးတဲ့နေရာမှာ ဆိုင်ဖွင့်ထားရတယ်။ နေ့လည်ကျောင်းဆင်းချိန်တွေမှာ ကျနော့်ကိုလာကြိုတဲ့လူမရှိဘူး။ များသောအားဖြင့် လမ်းထိပ်က ကျနော့်ထက်အတန်းကြီးတဲ့ကျောင်းသားတယောက်ရယ် သူ့အမေရယ်နဲ့အတူအိမ်ပြန်ရတယ်။ 👉 စက်ဝိုင်းပေါ်က ငါတို့ရဲ့ ရှင်ဆေးအလံ တလူလူ by ခွန်ဟိဏ်း 👇 https://ouo.io/OpNflxv

ထိုစာရင်းထဲတွင် မောင်မောင်လွင် (ခ) ဗင်ဂိုဟုလည်း ပါသည်။ ထိုသတင်းကို နှင်းသက်ရည်လည်း မြင်ကောင်းမြင်ပေလိမ့်မည်။ ထိုသတင်းကို နှင်းသက်ရည် ြမင်သည့်အခါ ထိုစဥ်က သို့လောသို့လော ဖြစ်ခဲ့သော မျက်ဝန်းပိုင်ရှင်သည် မိမိ၏ ခင်ပွန်းဟောင်း ဖြစ်ခဲ့သော မောင်မောင်လွင်၏ မျက်ဝန်းမှန်း တပ်အပ်သေချာသိသွားမှာဖြစ်ပြီး မိမိ၏ လုပ်ရပ်များအတွက်ရော ခင်ပွန်းဟောင်း မောင်မောင်လွင်၏ ခွင့်လွှတ်နိုင်မှုများအတွက်ပါ ရင်ကွဲပက်လက်ငိုကြွေးလိမ့်မည်ထင်ပါသည်။ * (ထွင်) 👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင် 👇 https://ouo.io/qAy9E2

နောက်ရက်များတွင် လေကြောင်းရန် ကင်းဝေးသွားပြီး မြို့ကြီးလည်း ပြန်လည်စည်ကားလာသည်။ မြို့သူမြို့သားများသည် ပီဒီအက်ဖ်သူရဲကောင်းများအား ပန်းပေါင်းစုံဖြင့် ကြိုဆိုကြသည်။ ထိုသတင်းဓာတ်ပုံများသည် ဖေ့ဘုတ်တခွင် ပြဲပြဲစင်အောင် ပျံ့နှံ့လာသည်။ ထိုသတင်းကောင်းနှင့်အတူ ထိုမြို့ကြီး မြို့သိမ်းတိုက်ပွဲတွင် မြင့်မြတ်စွာ ကျဆုံးသွားခဲ့သော ပီဒီအက်ဖ်သူရဲကောင်းများ၏ ဓာတ်ပုံများနှင့် စာရင်းများလည်း ပျံ့နှံ့လာသည်။ 👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင် 👇 https://ouo.io/eY0eGI

နှင်းသက်ရည် ထွက်သွားပြီး တစ်လခန့် အကြာတွင် ဗင်ဂိုကျဆုံးသွားခဲ့သည်။ လေကြောင်းကနေ ပစ်သဖြင့် မပြေးနိုင်ဖြစ်နေသော ထုံပေ့ကို သွားရောက်ကယ်ရာကနေ ဦးခေါင်းကျည် ထိမှန်ပြီး မြင့်မြတ်စွာ ကျဆုံးခဲ့ခြင်းဖြစ်သည်။ ထုံပေကတော့ အသက်ရှင်ပြီး ခြေမသန်စွမ်းတော့ပေ။ 👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင် 👇 https://ouo.io/OwYrfgA

သည့်ထက်ပိုပြီး ဘာလောဘမှ တက်ချင်မနေသင့်တော့ပေ။ ခေတ်ဆိုးကြီးမှာ နေကောင်းကျန်းမာ ဘေးကင်းစွာနှင့် အသက်ရှင်နိုင်ပါစေ နှင်းသက်ရည်ရေ...။ ငါလည်း နင့်ကို မေ့ပြီး ကျရာတာဝန်ကို အတတ်နိုင်ဆုံး ထမ်းရွက်နေတော့မယ်...။ 👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင် 👇 https://ouo.io/Geppkf

ဟုတ်သည်။ မိမိနှင့် နှင်းသက်ရည်သည် အစတုန်းကတည်းက ပြီးဆုံးသွားခဲ့ကြပြီမဟုတ်လား။ မိမိနှင့် နှင်းသက်ရည် ဆက်လက် ပတ်သက်ဖို့ရာ ဘာအကြောင်းမှလည်း မရှိတော့။ မိမိမသေခင် နှင်းသက်ရည်ကို ခပ်ဝေးဝေးကနေလေးပဲဖြစ်ဖြစ် တွေ့ခွင့်ရရင် သေပျော်ပါပြီဟု တွေးခဲ့သည် မဟုတ်လား။ တွေ့ခွင့်ရခဲ့ရုံမက မျက်နှာကလေးကိုပင် အနီးကပ် မြင်တွေ့ခဲ့ရသေးပဲ။ 👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင် 👇 https://ouo.io/B8qXLVy

"နှင်းသက်ရည်... ဟုတ်ပါတယ်၊ ငါပါ၊ နင်ထင်သလို ငါဟုတ်ပါတယ်ဟ၊ ငါ နင့်ယောကျ်ား မောင်မောင်လွင်ပါ၊ ဒါကို နင် သိမသွားတော့ဘူးလား၊ နင်နဲ့ငါ တကယ်ဝေးသွားခဲ့ပြီလားဟာ၊ နင်နဲ့ငါ တကယ်ပြီးဆုံးသွားခဲ့လား'' ဗင်ဂိုသည် အားရအောင် ငိုလိုက်သည်။ ဝအောင် ငိုလိုက်သည်။ နှင်းသက်ရည်၏ အမည်ကို နောက်ဆုံးအနေနှင့် အကျယ်လောင်ဆုံး အော်ခေါ်လိုက်သည်။ 👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင် 👇 https://ouo.io/g27Oaan

ရက်များမကြာမီတွင် နှင်းသက်ရည်သည် ဆွေမျိုးများရှိရာ နယ်သို့ ဆင်းသွားသည်ဟု အဒေါ်ကြီးထံမှတစ်ဆင့် ဗင်ဂိုသိရသည်။ ထိုသတင်း ကြားကြားချင်း ဗင်ဂိုသည် နေရာမှ ဆတ်ကနဲ့ ထကာ ပြေးသည်။ နှင်းသက်ရည် ဘယ်လမ်းကနေ ဘယ်ဘက်သို့ သွားသည်မှန်း မသိသော်လည်း အပြေးလိုက်သည်။ မမီနိုင်တော့မှန်း သိသော်လည်း အားကုန် အပြေးလိုက်သည်။ မောပန်းသွားသည့်အခါမှ ဒူးထောက်ထိုင်ချလိုက်ပြီး ဆို့နင့်စွာ ငိုမြည်တမ်းလေသည်။ 👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင် 👇 https://ouo.io/FEQGnNE

နှင်းသက်ရည်သည်လည်း ကျောက်ရုပ်ပမာ ဖြစ်ကျန်ရစ်ခဲ့သည်။ ခေါင်းထဲတွင်လည်း အတွေးပေါင်းစုံနှင့် ရှိသည်။ ခင်ပွန်းဟောင်းဖြစ်သူ မောင်မောင်လွင်မှာ ဘာအကြောင်းကြောင့်မှ သူတို့ရွာနှင့် ဝေးလံခေါင်ဖျားသော သည်နေရာသို့ ရောက်လာစရာအကြောင်းမရှိဟု တွေးနေလိမ့်မည်။ နိုင်ငံရေးကို လုံးဝ စိတ်မဝင်စားခဲ့သည့် ခင်ပွန်းဟောင်းက ဒီလို ဝတ်စုံပြည့် ဝတ်ထားသည့် ပီဒီအက်ဖ်တစ်ယောက် ဘယ်လိုလုပ် ဖြစ်လာနိုင်မည်လဲဟု စဥ်းစားနေပေလိမ့်မည်။ တကယ်လို့များ မောင်မောင်လွင် ဖြစ်နေခဲ့သည်ရှိသော် မိမိ၏ လုပ်ရပ်များအတွက် ခွင့်မလွှတ်နိုင်ဖြစ်ကာ သတ်ပစ်ချင်မှာဖြစ်ပြီး အခုလိုအတိုင်းတော့ ရပ်ကြည့်နေမှာမဟုတ်ပေ။ 👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင် 👇 https://ouo.io/pGfnysM

ဗင်ဂို့မျက်ရည်တွေ နှင်းသက်ရည် ရှေ့မှာ လုံးဝထွက်ကျသွားလို့ မဖြစ်။ သို့မဟုတ်လျှင် အလိမ်အညာတွေ ပေါ်သွားမည်ပင်။ သည့်ကြောင့် မျက်ရည်တွေ ထွက်မကျခင် ''ဒါဖြင့် ကျွန်တော့်ကို ခွင့်ပြုပါဦးမိန်းကလေး'' ဟု ပြောပြီး လှည့်ထွက်လာခဲ့ပါသည်။ လှည့်ထွက်လိုက်ခါမှ မျက်ရည်က ပေါက်ကနဲ့ ကျသွားသည်။ ထိုမျက်ရည်ကို နှင်းသက်ရည် မြင်နိုင်မည်မဟုတ်တော့ပေ။ 👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင် 👇 https://ouo.io/oeqOp0